Sunday, May 13, 2012

အောင်မြင်ကျော်ကြား လုပ်ငန်းရှင်တို့၏ အရည်အသွေးများ

လူတစ်ယောက်အောင်မြင်မှုကို ဘာနဲ့တိုင်းတာမှာလဲ။ တက္ကသိုလ်ဝင်တန်းမှာ ဘာသာစုံ ဂုဏ်ထူးတွေနဲ့ အောင်တာလား။ ဆေးကျောင်းတက်နိုင်တာလား။ ရရှိထားတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေနဲ့လား။ ပညာအခြေခံဟာ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ဆိုတာနဲ့ ဆက်စပ်နေတာတော့ မှန်ပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ဆိုတာ အပြောလွယ် သလောက် အလုပ်ခက်တယ်ဆိုတာတော့ သဘောပေါက်မယ် ထင်ပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ဘယ်သူ့ဆီကမှ ခွင့်ပြုချက်တောင်းခံနေစရာမလိုဘူး။ စာမေးပွဲလည်း ဖြေစရာ မလိုဘူး။ စာတမ်းလည်းတင်စရာမလိုဘူး။ အင်တာဗျူးလည်း ဖြေစရာ မလိုဘူး။ ဟိုဟာ လုပ်ပါလား၊ သည်ဟာလုပ်ပါလားလို့ ဘယ်သူကမှ ဩဇာပေးတာကိုလည်း နာခံစရာ မလိုဘူး။ ဘယ်သူ့ချီးမွမ်းတာမှ လည်း ခံစရာ မလိုသလို၊ အပြစ်တင်တာကို မှုစရာမလိုဘူး။ အင်္ဂလိပ်စာလုံးမှာ “entrepreneur” ဆိုတဲ့စကားလုံးဟာ ‘‘စီးပွားရေးစွမ်းဆောင်ရှင်’’ ‘‘စွန့်ဦးတီထွင် လုပ်ငန်းရှင်’’ ကိုခေါ်ပါတယ်။ အင်္ဂလိပ်လို “Risk-taking business person” လို့ ဖွင့်ဆိုကြတယ်။ ရိုးရိုးအလုပ် လုပ်ပြီး အောင်မြင်လာတာကို ပြောတာမဟုတ်ဘူး။ စွန့်စွန့်စားစား ဆုံးဖြတ်ချက်တွေနဲ့ သူများမလုပ်နိုင်တာ၊ မဖြစ်နိုင်ဘူးဆိုတာကို ဖြစ်အောင်လုပ်ပြီး အောင်မြင်လာ သူတွေကို ခေါ်ပါတယ်။ စွန့်ဦးတီထွင် လုပ်ငန်းရှင်ဆိုတာ သူများလစာပေးတာယူပြီး အလုပ်လုပ်နေသူတွေကို ပြောတာမဟုတ်ဘူး။ ကိုယ်ပိုင်အလုပ်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်ငွေ (မရှိလည်းချေးငှား) နဲ့ လုပ်ကိုင်နိုင် သူတွေကိုသာ လုပ်ငန်းရှင်တွေလို့ပြောနိုင်ပါတယ်။ ဒါကြောင့် ကျောင်းသွားတက်ပြီး ဘွဲ့ရလာတာနဲ့ လုပ်ငန်းရှင်ဖြစ်ဖို့ မလွယ်ပါဘူး။ ကျောင်းမပြီးသေးဘဲ လုပ်ငန်းရှင်ဖြစ်နေတာတွေ၊ ဘွဲ့မရဘဲ လုပ်ငန်းရှင်ဖြစ်နေတာတွေလည်း အများကြီးရှိပါတယ်။ အောင်မြင်ချင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်ရင် အချက်တွေအများကြီး လိုက်နာနေစရာမလိုပါဘူး။ ၆ ချက်ထဲ လိုက်နာရမှာပါ။ ကြိုးစား ကြည့်စေချင်ပါတယ်။ ၁။ တိုးတက်အောင်မြင် ကြီးပွားလိုစိတ် ရှိရမယ် လူတိုင်းက အောင်မြင်ကြီးပွားလိုစိတ် ရှိတယ်လို့ထင်ရင် မှားမယ်။ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရတာ လေးနဲ့ ဝအောင်စား၊ ဆိုတဲ့ စိတ်ဓာတ်ရှိသူတွေ တိုးတက်အောင်မြင်မှာမဟုတ်ဘူးဆိုတာကိုတော့ မှတ်ထားစေချင်တယ်။ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ် ကြည့်စမ်းပါ။ တစ်ပတ်မှာ နာရီ ၇ဝ လောက် အလုပ်လုပ်ခဲ့သလား။ အလုပ်ကို မလုပ်ရမနေနိုင် ဖြစ်ခဲ့ဖူးသလား။ အလုပ်မရှိရင် နေမကောင်း ချင်သလို ဖြစ်ဖူးသလား။ အဲဒီလိုလူမှ တိုးတက်ကြီးပွား အောင်မြင်လိုစိတ် ရှိသူတွေလို့ သတ်မှတ်နိုင်ပါတယ်။ အချို့က အချိန်ကိုစောင့်တယ်။ အချိန်မကျ သေးလို့စောင့်နေပေမယ့် သူတို့စိတ်ထဲ၊ အသွေးအသားထဲမှာက အောင်မြင်ကြီးပွားလိုစိတ်တွေရှိနေတယ်။ အခြေအနေပေးရင် ချက်ချင်း အောင်မြင် အောင်လုပ်ဖို့ သူတို့ အသင့်ပြင်ထားကြတယ်။ ၂။ ဖန်တီးနိုင်စွမ်းရှိရမယ် ရိုးရိုးစွမ်းအားမဟုတ်ဘူး။ တီထွင်ဖန်တီးနိုင်စွမ်းရှိဖို့ပြောတာ။ တီထွင်ဖန်တီးနိုင်တဲ့စွမ်းအားဆိုတာ ပန်းချီကားတစ်ချပ်ကို ဆွဲတာမျိုး၊ အချစ်သီချင်းတစ်ပုဒ်ကို ဖန်တီးတာမျိုးနဲ့ မတူဘူး။ ဈေးကွက်ကို ဘယ်လို ဖောက်ရမလဲ၊ ဘယ်လိုစီမံခန့်ခွဲမှုတွေ လုပ်ရမလဲ၊ ငွေကို ဘယ်လိုရင်းနှီးမြှုပ်နှံရမလဲ ဆိုတာတွေအတွက် စွမ်းအားတွေကိုပြောတာ။ ဘယ်စီးပွားရေးကျောင်းကမှ ဒီလို ဖန်တီးနိုင်တဲ့ စွမ်းအားမျိုးကို သင်ပေးလိုက် နိုင်မှာမဟုတ်ဘူး။ အစွမ်းအစဆိုတာ ‘‘ကိုယ်စွမ်းကိုယ်စ’’ ကို ပြောတာ။ ကိုယ်လုပ် မှကိုယ်ရမယ့်အစွမ်း၊ လုပ်ငန်းခွင်အတွက် ဆောင်ရွက်နိုင်စွမ်းရှိဖို့ပြောတာ။ ၃။ ဇွဲရှိရမယ် ဇွဲ ရှိတယ်၊ မရှိဘူးဆိုတာ အလုပ်နဲ့ သက်သေပြရတာမျိုးပါ။ မလုပ်ဘဲ မသိနိုင်တာလို့လည်း ပြောနိုင် တယ်။ လုပ်ငန်းကို ခုမှ စလုပ်တယ်။ အမှားတွေနဲ့ ရင်ဆိုင်ရနိုင်တယ်။ အမှားတွေကို ပြင်သွားတယ်။ စီးပွားရေး မကောင်းဘူးလို့ပြောတယ်။ သူ့နည်း သူ့ဟန်နဲ့ ဖောက်ထွက်တယ်။ တစ်ခုခုကို မဖြစ် ဖြစ်အောင်လုပ်တတ်တယ်ဆိုတာက ပင်ကိုယ်အရည်အသွေးလို့လည်း ပြောနိုင်တယ်။ စိတ်ရှည်၊ သည်းခံ၊ ဇွဲသန်ရင် အောင်မြင်မှာကျိန်းသေတယ်။ ၄။ စွန့်စားလိုစိတ်ရှိရမယ် စီးပွားရေးလုပ်တယ်ဆိုတာ စွန့်စားရတာပဲ။ အရှုံးနဲ့အမြတ် တစ်ခုခုအတွက် စွန့်စားရတယ်။ မြတ်မယ် လို့ ကျိန်းသေတွက်ပြီး လုပ်လို့မရဘူး။ ရင်းနှီးမြှုပ်နှံမှုနဲ့ စတင်စွန့်စားရတယ်။ အဆောက်အအုံ ငှားရတယ်။ ဝန်ထမ်းတွေခေါ်ရတယ်။ ကွန်ပျူတာတွေ ပရိဘောဂတွေ တပ်ဆင်ရတယ်။ အလုပ် လုပ်မယ်ဆိုကတည်းက ရင်းနှီးမှုတွေနဲ့ စတင်စွန့်စားရတယ်။ ငွေမရှိရင် ငွေချေးသင့် ချေးရတယ်။ အိမ်ပေါင်၊ တိုက်ပေါင်၊ ကားအပေါင်တွေ ထားကောင်းထားရတယ်။ ဖြစ်ချင်ရာဖြစ်ဆိုပြီး လုပ်တတ်သူ တွေရှိသလို၊ ဖြစ်ချင်သလိုဖြစ်အောင် တွက်ဆလုပ်တတ်သူတွေလည်း ရှိတယ်။ ဒါပေမယ့် ဘယ်သူမှ ကျိန်းသေ အကျိုးအမြတ်တစ်ခုတည်း တွက်ထားလို့ မရဘူး။ အောင်မြင်မယ် မအောင်မြင်ဘူး မသိနိုင် ဘူး။ စိတ်ရှည်ရမယ်၊ သည်းခံရမယ်။ ဒါတွေကို ကျောင်းတွေက မသင်ပေးနိုင်ဘူး။ ၅။ ထိုးထွင်းသိမြင်နိုင်ရမယ် လူတိုင်းသိနိုင်တဲ့ အသိတရားတော့ မဟုတ်ဘူး။ ဘာလုပ်ရင် ဘာဖြစ်မယ်၊ ဘယ်လိုပြောရင် ဘယ်လို ရမယ်၊ ဘယ်သူနဲ့ ပေါင်းရင် ဘယ်လိုကောင်းမယ်ဆိုတဲ့ အသိတရားမျိုးကိုပြောတာ။ နာမည်ကျော် Apple ကုမ္ပဏီရဲ့ လုပ်ငန်းရှင်ကြီး စတိ ဂျော့ရဲ့ အမြင်မျိုးကိုပြောတာ။ လူတွေ ဘာတွေ လိုအပ်နေသလဲ။ ဘာတွေ ထုတ်ပေးရမလဲ။ ဘာတွေ ကြိုက်နိုင်သလဲ။ သူက အမြဲ လူတွေရဲ့ လိုအပ်ချက်တွေကို ထိုးထွင်းသိမြင်နေတာကြောင့် သူတီထွင် ထုတ်လိုက်သမျှ အောင်မြင်မှုတွေ ရသွားတာများတယ်။ ၆။ ကိုယ်ရည်ကိုယ်သွေးရှိရမယ် ကမ္ဘာကျော် အတော်များများဟာ ဘွဲ့မရထားသူတွေဆိုတာ လေ့လာကြည့်ရင် သိနိုင်တယ်။ ဥပမာ ဘေ ဂိတ်စ်တို့၊ စတိ ဂျော့ တို့လို ပုဂ္ဂိုလ်မျိုးတွေပေါ့။ တကယ့်ကို စိတ်ရှည်၊ ဇွဲသန်၊ သည်းခံပြီး ရုန်းကန်တက် လာရသူတွေပါ။ ကိုယ်ရည်ကိုယ်သွေး ဆိုတာ ကြိုးစားချင်တဲ့စိတ်၊ ရိုးသားတဲ့စိတ်၊ အကောင်းမြင်စိတ်၊ သည်းညည်းခံစိတ်၊ ဘေးအန္တရာယ်ကို အောင်မြင်အောင် ကျော်လွှားလိုစိတ်ရှိသူ တွေကိုလည်း ဆိုလိုပါတယ်။ ပြောခဲ့တဲ့အချက်တွေဟာ သိပ္ပံနည်းကျ လေ့လာစူးစမ်း သုံးသပ်ချက်တွေလည်း မဟုတ်ပါဘူး။ ခိုင်မာတဲ့ သက်သေပြချက်တွေနဲ့ သီအိုရီတွေလည်း ထုတ်မပြနိုင်ပါဘူး။ ဒါပေမယ့် ဘဝမှာ တကယ့်ကို အောင်မြင်နေတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကိုကြည့်လိုက်ရင် အဲဒီအချက်တွေနဲ့ ကိုက်ညီနေတာ ကို တွေ့ရပါလိမ့်မယ်။ အခြားအချက်တွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ အခြေခံကနေစပြီး ကိုယ့်ကိုယ်ကို စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက် ဖြစ်နိုင် မဖြစ်နိုင် စမ်းစစ်ကြည့်စေချင်ပါတယ်။ တင်ညွန့် Ref : Six Attributes of Successful Entrepreneurs, by Jay Goltz

Saturday, May 12, 2012

ဆရာကြီးယုဒဿန်ဘ၀ဖြစ်စဉ်/ Judson Bio: (By year)

ဆရာယုဒသန် ၃၅နှစ်ကြာ မြန်မာပြည်ခရီးစဉ်တွင် မြန်မာ၊ကရင် ၇၀၀၀ ကျော် နှစ်ခြင်းခံပြီး ခရစ်တော်ယုံကြည်ခြင်းနှင့် ထာဝရအသက်ကို ရရှိခဲ့ကြသည်။ သိက္ခာတင်ပွဲတော် ၆၃ကြိမ်ကို မစ်ရှင်အဖွဲ့ပေါင်း ၁၆၃ခုဖြင့် လုပ်ဆောင်နိုင်ခဲ့သည်ခြင်းဖြင့် ဒေသခံ ဓမ္မဆရာ၊လက်ထောက်ဓမ္မဆရာ များစွာ မွေးထုတ်နိုင်ခဲ့သည်။ အခြားအသင်းတော်များဖြစ်သော မက်သဒစ်၊ ပရက်ဘာတာရီယန်၊ စသည့် အသင်းတော်များနှင့် ပူးပေါင်းဆောင်းရွက်ခြင်းများ .. စသည့် ဆရာကြီးယုဒသန်၏ ဘ၀ခရီးစဉ်၊ သူ၏ ဘ၀ဒဏ်ခံနိုင်ခြင်း၊ အတူးသဖြင့် အင်းဝနေပြည်တော်တွင် အကျဉ်းခံရခြင်း နှင့် ဧ၀ံဂေလိခရီးစဉ် အားလုံးတို့သည် ခရစ်တော်အားဖြင့်သာ ဖြစ်ပါသည်။ နှစ်အလိုက် ဆရာယုဒသန်၏ ဘ၀ဖြစ်စဉ် ၁၇၈၈ သြဂုတ် ၉ ရက်နေ့၊ အမေရိကန် မက်ဆာချူးဆက်ပြည်နယ်၊ မောဒန် မြို့တွင် မွေးဖွားခဲ့သည်။ ဖခင်သည် မြို့ငယ်လေးမှ ခရစ်ယန်သင်းအုပ်ဆရာတဦးဖြစ်သည်။ ၁၈၀၄ ၁၆နှစ် ဘရောင်း တက္ကသိုလ်မှ ပညာသင်ကြားခဲ့သည်။ ၁၈၀၇ ၁၉နှစ် ဘီအေဘွဲ့ စက်တင်ဘာ ၂ရက်နေ့တွင် ရရှိခဲ့သည်။ ၁၈၀၇ ၁၉နှစ် အင်္ဂလိပ် သဒ္ဒါစာအုပ်တအုပ် နှင့် သင်္ချာစာအုပ်တအုပ် ပြုစုပြီးစီးခဲ့သည်။ တက္ကသိုလ် လောကီပညာသင်ကြားအောင်မြင်ခဲ့ပြီး ဘုရားသခင်ကို သံသယဖြစ်ခဲ့သည်။ မိသားစုနှင့် ဆန့်ကျင်ပြီး နယူးယောက်မြို့ကြီးသို့ ဘ၀အောင်မြင်ရေးခရီးထွက်ခဲ့သည်။ ၁၈၀၈ ၂၀နှစ် ခရီးသွားရင်း မြို့ငယ်လေးတည်းခိုခန်းတခန်းမှ ညည်းညူသေဆုံးသွားသူ လူငယ်တဦးသည် တက္ကသိုလ်တက်စဉ်က ပညာတော်သူ မိမိသူငယ်ချင်း ဘာသာမဲ့တဦးဖြစ်သည်ကို အံ့သြဘွယ် ကြုံခဲ့ရပြီး မိမိ မိသားစုထံ ပြန်လာခဲ့သည်။ ကျမ်းစာသင်တန်း Andover Seminary တွင်ဆက်လက်တက်ခဲ့သည်။ ၁၈၀၉ ၂၁နှစ် Plymouth အသင်းတော်တွင် ပါဝင်ပြီး ဧ၀ံဂေလိခရီးစဉ်အတွက် အသင်းတော်များနှင့် ညှိနှိုင်း လုပ်ဆောင်နိုင်ခဲ့သည်။ အသင်းတော်များမှာ လူငယ်များမစ်ရှင်လုပ်ငန်းအတွက် နှစ်နှင်ချီပြီးဆွေးနွေး တိုင်ပင်၊ ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။ ၁၈၁၁ ၂၃နှစ် လန်ဒန်မြို့သို့ သင်္ဘောစီးပြီး လန်ဒန်မစ်ရှင်အဖွဲ့နှင့် ထောက်ပံမှုရရေးအတွက် ညှိနှိုင်းသည်။ ၁၈၁၂ ၂၄နှစ် အန်းနှင့် လက်ထပ်သည်။ သိက္ခာရဘုန်းတော်ကြီးအဖြစ် ဘိသိတ်ပေးခံရသည်။ ဘော့စတွန်မြိုမှာ သင်္ဘောဖြင့် အိန္နိယပြည်၊ ကာလကတ္တားမြို့ အမေရိကန်နှစ်ခြင်းအသင်းတော်သို့ ရောက်ရှိသည်။ ၁၉၁၃ ၂၅နှစ် ရန်ကုန်မြိုသို့ ဇူလိုင် ၁၃ရက်နေ့တွင် ရောက်ရှိသည်။ ၁၈၁၆ ၂၈နှစ် မြန်မာစကား၊စာပေ ကို ၆လခန့်အပြင်းအထန် ဟိန္နူလူမျိုးတဦးထံမှသင်ယူသည်။ ၃နှစ်ခန့်အကြာ မြန်မာစကား၊ စာပေကို မြန်မာပညာရှင် တဦးကဲ့သို့ တတ်မြောက်ခဲ့သည်။ မြန်မာ - အင်္ဂလိပ် အဘိဓာန်၊ ပါဠိ - မြန်မာ အဘိဓာန်ကို စတင်ပြုစုရင်း မြန်မာကျမ်းစာအုပ် ရှင်မဿဲခရစ်ဝင် ကို ဟေလသ (ဂရိ) ဘာသာမှ ဘာသာပြန်ဆို ပြီးစီးခဲ့သည်။ ၁၈၁၉ ၃၁နှစ် လူထုတရားပွဲများ ရွေဓိဂုံဘုရားအနီး ဇရပ်တွင် စတင်လုပ်ဆောင်ခဲ့သည်။ မောင်နောသည် ပထမဆုံးသော နှစ်ခြင်းခံယူသည့် မြန်မာလူမျိုးဖြစ်သည်။ (၁၉၁၉ ဇွန် ၂၇)။ ထို့နောက် မောင်သာလှ၊ မောင်ဗြေ တို့နှစ်ခြင်းခံခဲ့သည်။ မြန်မာဘုရင် ဘကြီးတော် မင်းတရားထံသွားရောက်ပြီး ရွှေမြန်မာ ကျမ်းစာအုပ်လက်ဆောင်ပေးအပ်ရင်းသာသနာပြုခွင်တောင်းဆိုခဲ့ရာ ညင်းပယ်ခံရသည်။ ၁၈၂၀ ၃၂နှစ် ထို့နောက် သာသနာပြုခြင်းမျာ နှေးကွေးသွားခဲ့သည်။ နှစ်ခြင်းခံသူ ၁၀ဦးခန့်ဖြင့် အသင်းတော်ငယ် စတင်ခဲ့သည်။ ကာလကတ္တားမြို့သို့ ဇနီးသည် ဆေးကုရင်း မြန်မာပြည်မှထွက်ခွာခဲ့သည်။ နှစ်လအကြာ ပြန်လာခဲသည်။ မြန်မာပညာတတ် မောင်ရွှေဂုံး နှင့် ကြွယ်ဝချမ်းသာသော မိတ်ဆွေ၂ဦးတို့ နှစ်ခြင်း ခံခဲ့သည်။ မောင်ရွှေဂုံးသည် မြန်မာကျမ်းစာဘာသာပြန်လုပ်ငန်းကို အထူးကူညီသူဖြစ်သည်။ ၁၈၂၃ ၃၅နှစ် ဓမ္မသစ် မြန်မာကျမ်းစာအုပ်ဘာသာပြန်ခြင်း ပြီးစီးခဲ့သည်။ ၁၈၂၄ ၃၆နှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲဖြစ်ခဲ့ပြီး အင်္ဂလိပ်များ အအောက်မြန်မာပြည်ကို သိမ်းယူခဲ့သည်။ ဆရာယုဒသန်မောင်နှံကို မြန်မာဘုရင် ဘကြီးတော်မင်းတရားက အင်းဝနေပြည်တော်သို့ သူလျှိုအဖြစ် စွတ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။ ၁၈၂၆ ၃၈နှစ် သမီး မေရီအဲလစ်စဘက် မွေးဖွားပြီး၊ ရန်ကုန်သို့ပြန်လည်ရောက်ရှိသည်။ ရန်ကုန်အသင်းတော်မှာ ပျက်စီးသွားခဲ့ပြီး၊ မော်လမြိုင်မြို့သို့ ပြောင်းရွှေ့နေထိုင်ရင်း အသင်းတော်ထူထောင်သည်။ ကျမ်းစာ ဘာသာပြန် ဆက်လုပ်သည်။ ပထမဇနီးသည် ကွယ်လွန်သည် (၁၈၂၆) ။ ဖခင်ဖြစ်သူ ကွယ်လွန်သည် (၁၈၂၇)။ ၁၈၃၄ ၄၆နှစ် ဒုတိယဇနီးသည် မစ္စစ် ဗော့ဒမန် နှင့် အိမ်ထောင်ပြုသည်။ ၁၈၃၅ ၄၇နှစ် ဓမ္မဟောင်းကျမ်းစာ မြန်မာဘာသာပြန်မှု ပြီးဆုံးသည်။ (ဒီဇင်ဘာ ၂၉)။ ၁၈၃၅ ၄၇နှစ် အမေရိကားသို့ သင်္ဘောဖြင့်ပြန်ရာလမ်းတွင် ဇနီးသည် ကွယ်လွန်သည်။ (၁၈၃၅) ဘော့စတွန်မြို့သို့ အောက်တိုဘာ ၁၅ - ၁၈၃၅ တွင် ရောက်ရှိသည်။ အမေရိကန် အသင်းတော် များတွင် အမေရိကန် စကားဖြင့် မြန်မာသာသနာပြု ခရီးစဉ်ကို တင်ပြ၊ ပြောကြားခဲ့သည်။ ၁၉၄၅ ၅၇နှစ် မစ္စအမ္မလီချူးဗက် နှင့် အိမ်ထောင်ပြုသည်။ ၁၉၄၆ ဇူလိုင်၁၁တွင် မြန်မာပြည်သို့ ပြန်လာကြသည်။ ၁၈၄၆ ၅၈နှစ် အင်္ဂလိပ်-မြန်မာ အဘိဓါန် ပြီးစီးခဲ့သည်။ ၁၈၅၀ ၆၂နှစ် ဆေးကုသရန် အမေရိကားသို့ ပြန်ရာ သင်္ဘောပေါ်တွင် ကွယ်လွန်သည်။ (၁၂ ဧပြီ ၁၈၅၀) မှတ်ချက်။ Christian Heroism in Heathen Lands by Galen B. Royer မှတဆင့် မြန်မာမှုပြုသည်။ To the Golden Shore စာအုပ်သည် ဆရာကြီးယုဒဿန်ဘ၀ဖြစ်စဉ်ကို Latest Book အဖြစ် ၂၀၀၂ တွင် ထုတ်ဝေခဲ့ပါသည်။ မြန်မာပြန်ထားသော စာအုပ်ရှိ ရန်ကုန်တွင် စုံစမ်းရနိုင်ပါသည်။ စင်ကာပူတွင် http://www.sksbooks.com/ 315 Outram Road, Tan Boon Liat Building, #09-03 Tel: 62279700 တွင်ရနိုင်ပါသည်။ အမေရိကန်တွင် Online Purchase ဖြင့် US$10.00 ခန့်ဖြင့် ၀ယ်ယူနိုင်ပါသည်။ အမေရိကန်တွင် ဂျပ်ဆင်အမည်ဖြင့် လူမှုရေးအဖွဲ့http://judsoncenter.org/ နှင့် Judson Memory Church စသဖြင့်များစွာရှိပါသည်။ ယုဒဿန်မြန်မာ သမ္မာကျမ်းစာကို ယခုအချိန်ထိ မြန်မာများ လက်မလွတ်နိုင် - ကျေးဇူးတော်ကြီးလှပေသည်။

လိင်၏တွန်းအားကို နားလည်ခြင်း/ Understanding The Sex Drive

လူငယ်တစ်ဦးသည် လူကြီးဘ၀သို့ရောက်လာသောအခါ သူ၏ကိုယ်ခန္ဓာအတွင်း၌ အားပြင်းသည့် တွန်းအား တစ်ခု ဖြစ်ပေါ်လာသည်ကို သိရှိခံစားရမည်ဖြစ်သည်။ ဤအားပြင်းသည့် တွန်းအားအသစ်မှာ လိင်၏တွန်းအားပင် ဖြစ်သည်။ လိင်နှင့်ပတ်သက်၍ အာသီသစိတ်ကို ဘုရားသခင်က ကျွန်ုပ်တို့အတွင်း၌ ထည့်သွင်းထားသည်။ ဤအရာက မညစ်ညူးသလို၊ မကောင်းသောအရာမဟုတ်ပါ။ လိင်၏လှုံ့ဆောင်မှုသည် ဘုရားသခင်၏ အကြံအစည်ဖြစ်သည်။ သူသည် ဆန်ကျင့်ဘက်လိင်ကို စိတ်ဝင်စားစေသော ဟိုမုန်းများကို ကျွန်ုပ်တို့အတွင်း၌ ထည့်သွင်းဖန်ဆင်းထားသည်။ ဘုရားသခင် ရည်ရွယ်ထားသည့် လိင်ဆက်ဆံမှုပုံစံမှာ လှပသည်။ ဘုရားသခင်ဖန်ဆင်းထားသော အရာအားလုံးသည် ကောင်းသည်။ လူတဦးက ကားတစ်စီးအား မောင်းနေသည်ဟု ဆိုပါစို့။ တစ်နေရာသို့ရောက်သောအခါ ကားမောင်းသူသည် ဘယ်ကွေ့ရင်ကွေ့၊ မကွေ့ရင်ညာဘက်သို့ ကွေ့ရန် ရွေးချယ်ရမည့်အနေအထားသို့ ရောက်လာသည်။ သူ၏ဘယ်ဘက်၌ ““တစ်လမ်းသွားဖြစ်၏။ မ၀င်ရ””ဟူသော ဆိုင်းဘုတ်ကြီးကြီးကို မြင်ရသည်။ ကားမောင်းသူသည် ဆုံးဖြတ်ချက်ချကာ ဆိုင်းဘုတ်သတိပေးထားချက်ကို လျစ်လျူရှုပြီး ဘယ်ဘက်သို့ ကွေ့ဝင်ခဲ့သည်။ ယခုတွင် သူသည် လမ်းမှားအတိုင်း မောင်းနေပြီး ဥပဒေကိုလည်း ချိုးဖောက်၍ မိမိကိုယ်တိုင်နှင့် အခြားသူများအားလည်း အန္တရာယ်ဖြစ်စေမည်ဖြစ်သည်။ ကျွန်ုပ်တို့လိင်၏လှုံ့ဆော်မှုနှင့် ပတ်သက်လာလျှင်လည်း ထိုကဲ့သို့ပင် ရွေးချယ်ရမည့်အရာများရှိသည်။ လိင်၏ တွန်းအားသည် အပြစ်မရှိသော်လည်း ဤဆန္ဒကိုထိန်းချုပ်ရမည်ဟု ဘုရားသခင်က ပြောထားသည်။ ကျမ်းစာတွင် သူက ကျွန်ုပ်တို့အား မိမိကိုယ်ကိုသန့်ရှင်းအောင်ထားရန်နှင့် တနေ့တွင် မိမိ နှင့် လက်ထပ်မည့်သူအတွက် ခန္ဓာကို စောင့်ထိန်း ထားရန် ကြိမ်ဖန်များစွာ ပြောထားသည်။ ဘုရားသခင်က ကျွန်ုပ်တို့အား ပြောထားသည့်အရာများကို မနာခံခြင်းသည် လမ်းမှားအတိုင်း မောင်းနှင်နေသော ဒရိုင်ဘာကဲ့သို့ပင် ကျွန်ုပ်တို့နှင့် အခြားသူတို့အတွက် အန္တရာယ်ရှိပြီး အပြစ်လည်းဖြစ်သည်။ လိင်၏လှုံ့ဆော်မှု တွန်းအားကို မှားယွင်းသောနည်းလမ်းဖြင့် ကျေနပ်စေပါက၊ အပြစ်ဖြစ်လာသည်။ ဘုရားသခင်ကြံစည်ထားသည့် လိင်၏တွန်းအား ဘုရားသခင်သည် သတ္တ၀ါတိုင်းအား မိမိဘာသာမျိုးပွားနိုင်သည့် စွမ်းရည်ကိုပေးထားသည်။ တိရစ္ဆာန်များတွင် ပြင်းပြသည့် လိင်ဆန္ဒရှိပြီး ထိုအရာက သူတို့အား မိတ်လိုက်စေသည်။ သို့သော် တိရစ္ဆာန်များ၌ လိင်၏တွန်းအားမှာ ရာသီ အလိုက်သာဖြစ်သည်။ တိရစ္ဆာန်အမသည် သူဆန္ဒပြင်းပြနေသည့် အချိန်မှသာ၊ အထီးဖြစ်သူကို လက်ခံမည်ဖြစ်သည်။ ကျန်သည့်အချိန်များ၌ အမသည် လိင်ကိစ္စကို စိတ်မ၀င်စားပါ။ ထင်ရှားစွာပင်၊ တိရစ္ဆာန်များ၌ လိင်၏တွန်းအားကို ဖြစ်ပေး စေခြင်းမှာ မျိုးပွားရန်အတွက် သာဖြစ်သည်ဟု ဘုရားသခင်က ရည်ရွယ်ထားသည်။ လူသားများတွင်မူ ထိုကဲ့သို့မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်တို့အား လိင်၏တွန်းအားကို ပေးထားခြင်းမှာ မျိုးပွားရန်အတွက်သာမဟုတ်ဘဲ။ ယောက်ျားနှင့်ဇနီးမယားသည် တဦးအပေါ်တွင်ထားသောတဦး၏မေတ္တာကို အပြည့် အ၀ ဖော်ပြနိုင်ရန်အတွက်လည်းဖြစ်သည်။ အမှန်မှာ နည်းလမ်းမျိုးစုံဖြင့် ဘုရားသခင်က ကျွန်ုပ်တို့အား ဖန်ဆင်းနိုင်ပါသည်။ သူက တိရစ္ဆာန်တွေကို ဖန်ဆင်းသလိုမျိုး၊ ကျွန်ုပ်တို့ လိင်၏တွန်းအားကို ရာသီအလိုက်သာ ဖြစ်ပေါ်စေလျက်၊ ကျွန်ုပ်တို့ အား ဖန်ဆင်းခဲ့နိုင်ပါသည်။ သို့သော် ဤသို့ဖန်ဆင်းခြင်းသည် လိင်နှင့်ပတ်သက်၍ အကန့်အသတ်ရှိသော ပျော်ရွှင်မှု ကို သာ ကျွန်ုပ်တို့ရရှိမည် ဖြစ်သည်။ လိင်၏တွန်းအားပေးခြင်းကို အဆက်မပြတ်ခံနေရသောသူများအဖြစ်လည်း ကျွန်ုပ်တို့အား ဖန်ဆင်းခဲ့နိုင်ပါသည်။ သို့သော် ဤသို့ဖန်ဆင်းခြင်းက ကျွန်ုပ်တို့၏ဘ၀ကို မခံမရပ်နိုင် ဖြစ်စေနိုင်ပါသည်။ အထက်ပါနည်းလမ်းများထက် များစွာကောင်းသော နည်းလမ်းအားဖြင့် ဘုရားသခင်က ကျွန်ုပ်တို့အား ဖန်ဆင်း ခဲ့ သည်။ လှုံ့ဆော်မှုအားဖြင့် အသက်ဝင်လာသော လိင်ဆန္ဒအားဖြင့် ကျွန်ုပ်တို့အား ဖန်ဆင်းခဲ့သည်။ ဆိုလိုသည်မှာ ယောက်ျားနှင့်မိန်းမသည် လိင်ပိုင်းဆိုင်ရာ အာသီသစိတ်၏ ထိန်းချုပ် ထားခြင်းကို မခံရဘဲ အတူတကွ နေနိုင်ကြသည်။ သို့သော် သူတို့နှစ်ဦးသည် တော်လျော်သောအချိန်၌ သူတို့၏လိင်ဆန္ဒကို အပြန်အလှန်လှုံ့ဆော်ပေးနိုင်သည်။ အိမ်ထောင် ရေးဘ၀အတွင်း၌၊ ယောက်ျားနှင့် မိန်းမဖြစ်သူသည် အပြန်အလှန်လှုံ့ဆော်ခြင်းအားဖြင့် ဖြစ်ပေါ်လာသော လိင်ဆန္ဒကို လိင်ဆက်ဆံခြင်းအား ဖြင့် တရားဝင် ကျေနပ်ဖြေသိမ့်စေနိုင်သည်။ ဘုရားသခင် ရည်ရွယ်ထားသော လိင်ဆက်ဆံမှု ပုံစံမှာ ဤပုံစံဖြစ်သည်။ သို့သော် ဤသို့သော ပြင်းပြသည့် ဆန္ဒများနှင့် စိတ်များသည် အိမ်ထောင်ရေးဘ၀အပြင်ဘက်၌လည်း ဖြစ်ပေါ် လာနိုင်သည်။ သို့သော် ဤသို့ပြင်းပြသည့်ဆန္ဒများကို အိမ်ထောင်ရေးဘ၀အပြင်ဘက်၌ တရားဝင်မဖြေနိုင်ပါ။ အိမ်ထောင် ရေး အပြင်ဘက်၌ ဆက်ဆံခြင်းသည် မတရားသောမေထုန်၌ မှီဝဲခြင်းဖြစ်ပြီး ဤအပြစ်က လူငယ်များ၌ အပျက်အစီးများစွာ ဖြစ်စေနိုင်သည့် အပြစ်များအနက် တစ်ခုဖြစ်သည်။ ထိုကြောင့် ကျမ်းစာက အိမ်ထောင်ရေးအပြင်ဘက်၌ ပြင်းပြသည့် လိင်ဆန္ဒများအား လှုံ့ဆော်ခြင်းနှင့် ပတ်သက်၍ များစွာ သတိပေးထားသည်။ လိင်၏လှုံ့ဆော်မှု တွန်းအားကို ရေနွေးငွေ့အိုးနှင့် နှိုင်းယှဉ်နိုင်သည်။ ရေနွေးငွေ့အိုး၏အောက်၌ မီးမွှေးသောအခါ၊ အိုးအတွင်းဘက်ရှိရေသည် ရေနွေးငွေ့အဖြစ်သို့ ပြောင်းလဲသွားသည်။ ဤရေနွေးငွေ့သည် ကြီးမားသည့်ဖိအားအောက်၌ ရှိသော်လည်း သင့်တော်သည့်ထွက်ပေါက်တစ်ခုကို စီမံပေးထားသည်။ လျှပ်စစ်စွမ်းအားကို ထုတ်ပေးသည့် ရေလှည့် စကြာ (Turbine) ကို လှည့်ရန်အတွက် ဤအငွေ့အား အသုံးပြုသည်။ သို့သော် ရေနွေးငွေ့အိုး၏အောက်၌ မီးမွှေးပြီး အငွေ့ထွက်ဖို့ရန် အတွက် ထွက်ပေါက်မရှိပါက အိုးသည် ပေါက်ကွဲသွားလိမ့်မည်။ လိင်သည် ဘုရားသခင်ပေးထားသော ကောင်းမွန်သည့် လက်ဆောင်ဖြစ်သော်လည်း ဖြစ်တည်လာသော ကြီးမား သည့် သင်၏ခန္ဓာပိုင်းနှင့် စိတ်ပိုင်းဖိအားများကို လျော့နိုင်မည့် သင့်တော်သော ထွက်ပေါက် မရှိဘဲ၊ လိင်ပိုင်းအရ စိတ်ဆန္ဒ ပြင်းပြမှုဟူသော မီးကို မမွှေးပါနှင့်။ ကျမ်းစာက အသိအမှတ်ပြုသည့် လုံခြုံ၍ သင့်တော်သော ထွက်ပေါက်မှာ အိမ်ထောင် ရေးပင်ဖြစ်သည်။ အိမ်ထောင်ရေးဘ၀၏ အပြင်ဘက်၌ လိင်ဆန္ဒများကို လှုံ့ဆော်တွန်းအားပေးခြင်းသည် မှားသည်။ ယောက်ျားများသည် အမြင်အားဖြင့်လည်း လှုံ့ဆော်ခြင်းခံရသည်။ ကျွန်ုပ်တို့၏ စိတ်အာရုံအားလုံးသည် လိင်ပိုင်းအရ လှုံ့ဆော်မှု၌ တစိတ်တဒေသအဖြစ် ပါဝင်သော်လည်း၊ ယောက်ျားများမှာ ထိတွေ့ခြင်းအားဖြင့်သာမက၊ သူတို့မြင်သောအရာများအားဖြင့်လည်း လှုံ့ဆော် ခြင်းကို ခံရသည်။ အင်္ကျီ ခပ်ကျပ်ကျပ် (သို့)လျှပ်ပေါ်သောအ၀တ်အစားကို ၀တ်ထားသောမိန်းကလေးသည် ယောက်ျားတစ်ဦးအား လိင်ပိုင်းအရ လှုံ့ဆော်နိုင်သည်။ အချို့မိန်းကလေးများက ဒါကိုသိကြသည်။ ယောက်ျားများအား လှုံ့ဆော်ဖို့ရန်အတွက် သူတို့ ဘယ်လို ၀တ်ရမည်၊ ဘယ်လိုလျှောက်ရမည်၊ ဘယ်လိုထိုင်ရမည်၊ ဘယ်လိုလှုပ်ရှားရမည် စသည်တို့ကို သူတို့သိကြသည်။ ဤသို့လုပ်ခြင်းသည် မှားယွင်းသည်။ အကြောင်းမှာ ယောက်ျားများအား အပြစ်ရှိသောအတွေးများကို တွေးစေနိုင်သော ကြောင့် ဖြစ်သည်။ မိန်းကလေးတဦးက ဤသို့ပြောခြင်းအားဖြင့် မိမိကိုယ်ကိုကာကွယ်လိမ့်မည်။ ““အကယ်၍သူတို့မှာသာ ဆိုးညစ် တဲ့ စိတ်မရှိဘူးဆိုရင် ဒီလိုမျိုးတွေးမှာမဟုတ်ဘူး”” ကျမ်းစာက အခြားသူတဦးအား အပြစ်ဖြစ် စေခြင်းသည် အပြစ် ဖြစ်သည်ဟု ပြောထားသည်။ ရမ္မက်အားဖြစ်ပေါ်စေသော ရုပ်ပုံများ၊ အပြာမဂ္ဂဇင်းများ၊ အပြာရုပ်ရှင်အား ကြည့်ခြင်းသည် လိင်ပိုင်းရမ္မက်များနှင့် ပြင်းပြသော စိတ်ဆန်္ဒများကို ဖြစ်စေနိုင်သည်။ ကျမ်းစာက ထိုအရာများကိုမလုပ်ရန် သတိ ပေးထား သည်။ နှုတ်ကပတ်တော်က ““....ကိုယ်ကာယ၏ တပ်မက်ခြင်းအလိုငှာ၊ မကြံစည်ကြနှင့်။ ”” ဟုဆိုသည်။ ရောမ ၁၃း ၁၄ လိင်ကိစ္စသည် အရေးတကြီးပြုလုပ်ရမည့်ကိစ္စ မဟုတ်ပါ။ မည်သည့်အန္တရာယ်မှ မဖြစ်စေဘဲ၊ လိင်၏လှုံ့ဆော်မှုတွန်းအားကို ငြင်းပယ်နိုင်ကြောင်းကို လူငယ်များ သိသင့် သည်။ အစာမစားပါက ကြာရှည်စွာ အသက်မရှင်နိုင်သည့် ဆာလောင်မွတ်သိပ်မှုနှင့် ဤလိင်၏ဆာလောင်မှုသည် မတူညီပါ။ သင်သည် သင့်အပေါ်တွင် ဆိုးရွားသည့် သက်ရောက်မှုများမရှိဘဲ လိင်၏တွန်းအား၊ တနည်းအားဖြင့် ဆာလောင်မှုကို ငြင်းပယ်နိုင်သည်။ လိင်သည် အရေးကြီးသည်မှာ သံသယဖြစ်စရာမလိုသော်လည်း၊ အရေးတကြီး လုပ်ရမည့် ကိစ္စမဟုတ်ပါ။ လူများစွာတို့သည် လိင်ဆက်ဆံမှု မရှိဘဲ သူတို့ဘ၀တစ်လျှောက်လုံးကို ပျော်ရွှင်စွာပြည့်ဝစွာ ဖြတ်သန်းနိုင်ကြသည်။ တစ်ခါတစ်ရံ၊ ယောက်ျားတဦးသည် ပွတ်သတ်ယုယခံရခြင်းနှင့် အခြားသောလှုံ့ဆော်မှုတစ်ခုခုကြောင့် လိင်စိတ် နိုးထလာပြီး၊ သူ့ကောင်းမလေးအား ““ငါတို့ဒီအထိတောင်လုပ်ခဲ့ပြီးပြီးပဲ၊ မင်းငါကိုခွင့်ပြု ပေးရတော့မယ်”” ဟု ပြောလိမ့် မည်။ ဤသို့ပြောခြင်းက အကယ်၍ သူမသာ သူ၏ဆန္ဒကိုမလိုက်လျောပါက ဆိုးဝါးသောအရာတစ်ခုခုသည် သူ၌ ဖြစ်လာ တော့မည်ဟု ထင်ရသည်။ ဤသို့မဟုတ်ပါ။ သူသည် သူမနှင့် လိင်မဆက်ဆံပါက သူ့အပေါ်၌ မည်သည့်ဆိုးဝါးသည့် သက်ရောက်မှုများရှိမည်မဟုတ်ပါ။ သို့သော် ဤအဆင့်အထိ ရောက်ခဲ့ခြင်းသည် ဥာဏ်ပညာရှိသော လုပ်ရပ်မဟုတ်ပါ။ ယောက်ျားများအတွက် အထူးစကား ။ ။ လူငယ်ယောက်ျားတဦးသည် လူကြီးအဖြစ်သို့ ကြီးထွားလာသောအခါ၊ သူ၌ပြင်းပြသည့်လိင်ဆန္ဒများရှိလာသည်။ သူ၏ကိုယ်ခန္ဓာသည် သုတ်ကောင်ထောင်ပေါင်းများစွာကို ထုတ်လျှက်ရှိသည်။ ဤသုတ်ပိုးများအား သူ၏ကိုယ်ခန္ဓာထဲတွင် သိုလှောင်ထားသည်။ အကယ်၍ သူသည် လက်မထပ်သေးဘဲ၊ စင်ကြယ်သော ဘ၀ကို နေထိုင်ပါက၊ သူ၏သိုလှောင်ရုံသည် ပြည့်လျှံသွား သောအချိန်သည် ရောက်လာလိမ့်မည်။ ဤသို့ပြည့်လျှံလာပါက၊ အိပ်ပျော်နေစဉ်အတွင်း ပိုလျှံနေသော အရာများကို ထုတ်ပစ်နိုင်ရန်အတွက် စီမံထားပေးသည်။ ဤအခြင်းအရာကို ညဘက် ထုတ်လွှတ်ခြင်း (သို့) စိုစွတ်သောအိပ်မက်ဟုလည်း ခေါ်သည်။ ဤကိစ္စသည် လူငယ်တစ်ဦး အတွက် သာမာန်သာဖြစ်ပြီး ရှက်စရာအကြောင်းမရှိပါ။ ရမ္မက်နှင့်စပ်လျဉ်း၍ သင်ခန်းစာ။ ။ ဒါဝိတ်မင်းကြီး၏ဘ၀မှ ပေးသည့်ကြေးကွဲဝမ်း နည်းဖွယ် ကောင်းသော သင်ခန်းစာ ရမ္မက်ကိစ္စနှင့်စပ်လျဉ်း၍ သခင်ယေရှုတွင် ပြင်းထန်းသည့် စကားအချို့ရှိသည်။ ယေရှုက ““ငါပညတ်သည်ကား၊ ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ””ဟုဆိုသည်။ မဿဲ ၅း ၂၈။ ဒါဝိတ်သည် ဘုရားသခင်၏ကြီးမြတ်သူတစ်ဦးဖြစ်သည်။ သူသည် ဆာလံသီချင်းများစွာကို ရေးစပ်ခဲ့သည်။ အစ္စရေး၏ ဘုရင်များအနက် အကြီးမြတ်ဆုံး ဘုရင်တပါး ဖြစ်သည်။ သို့သော် ဒါဝိတ်သည် ရမ္မက်ကို သူ့အားနင်းချေခွင့်ပြုခဲ့ပြီး အဆိုးဆုံးအပြစ်များထဲမှ နှစ်ခုကို ကျူးလွန်ခဲ့သည်။ ထိုနှစ်ခုမှာ သူ့မယားနှင့်ဖောက်ပြားခြင်းနှင့် လူသတ်မှုပင်ဖြစ်သည်။ ကျမ်းစာက မည်သို့ဤကိစ္စဖြစ်ပျက်ခဲ့သည်ကို ပြောပြထားသည်။ တစ်ညတွင် ဒါဝိတ်သည် နန်းတော်၏ အမိုး၌ လမ်းလျှောက်ထွက်နေစဉ်အတွင်း၊ လှပသောမိန်းမတစ်ဦး ရေချိုးနေတာကို တွေ့ခဲ့သည်။ တခါတရံ သင်သည် ပထမဆုံး အကြည့်ကို မရှောင်လွဲနိုင်သော်လည်း၊ ဒါဝိတ်သည် ထပ်ခါတလဲလဲ ကြည့်ခြင်းအားဖြင့် ပြင်းပြသည့် ရမ္မက်စိတ်ကို သူ့နှလုံး အတွင်း၌ ဆူပွတ်စေခဲ့သည်။ သူသည် ဗာသရှေဘ ကို ခေါ်ခိုင်းလိုက်ပြီး သူမနှင့်ဖောက်ပြားခဲ့သည်။ အတန်ကြာပြီးနောက် ဗာသရှေဘက သူမတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကို ဒါဝိတ်အား အကြောင်းကြား ခဲ့ သည်။ ဗာသရှေဘ၏ခင်ပွန်းမှာ အဝေးအရပ်၌ စစ်တိုက်ထွက်နေသောကြောင့် သူ၏ ဖောက်ပြားမှုအပြစ်သည် မကြာမီ အချိန်တွင် လူသိရှင်ကြားဖြစ်လာတော့မည်ကို ဒါဝိတ်နားလည်ခဲ့သည်။ သူ၏အပြစ်ကို ဖုံးကာရန်နှင့် ဗာသရှေဘနှင့် လက်ထပ်နိုင်ရန်အတွက် ဒါဝိတ်သည် ဗာသရှေဘ၏ ခင်ပွန်းကို သေစေရန် စီမံခဲ့သည်။ ထို့နောက်သူသည် ဗာသရှေဘနှင့် လက်ထပ်ရန် ဆက်လက်လုပ်ဆောင်သည်။ ဒါဝိတ်သည် သူ၏ဖောက်ပြားမှုနှင့် လူသတ်မှုအပြစ်များကို အောင်မြင်စွာ ဖုံးကာ နိုင်ခဲ့သည်ဟု ထင်ရသော်လည်း ကျမ်းစာက သူသည် ဘုရားသခင်အား စိတ်ပျက်စေခဲ့သည်ဟု ဆိုထားသည်။ ဘုရားသခင်သည် ပရောဖတ်နာသန်ကို ဒါဝိတ်အားရင်ဆိုင်ရန် စေလွှတ်ခဲ့သည်။ ဒါဝိတ်သည် သူ၏အပြစ်များ အတွက် အမှန်တကယ် နောင်တရခဲ့ပြီး ဘုရားသခင်ထံ ၀န်ချတောင်းပန်ခဲ့သည်။ ဒါဝိတ်က ““အိုဘုရားသခင်၊ ကျေးဇူးပြု ချင်သော စေတနာစိတ်တော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကို သနားတော်မူပါ။ စုံမက်တော်မူခြင်း ဂရုဏာ များပြားသည်နှင့် အညီ အကျွန်ုပ်ကျူးလွန်ခြင်းအပြစ်ကို ဖြေတော်မူပါ။ ဒုစရိုက် အညစ်အကြေးကို အကုန်အစင်ဆေးကြော၍၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ””ဟုဆိုခဲ့သည်။ ဒါဝိတ်သည် သူ၏အပြစ်များအတွက် အမှန်ပင်စိတ်နှလုံးကျိုးပဲ့ကြေမွခဲ့သည်။ ဘုရားသခင်က ဒါဝိတ်ကို ခွင့်လွှတ်ပြီး သူနှင့်ပြန်လည် မိတ်သဟာယဖွဲ့စေခဲ့သည်။ သို့သော် ဒါဝိတ်သည် သူ့အပြစ်၏ အကျိုးဆက်များကို ရိတ်သိမ်း ခဲ့ရသည်။ ကျမ်းစာက ““အလွဲမယူကြနှင့်၊ ဘုရားသခင်သည် မထီမဲ့မြင် ပြုခြင်းကိုခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည် အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်”” ဟုဆိုသည်။ဂလာ ၆း၇ ဒါဝိတ်၏အပြစ်များကြောင့် ““ဓားလက်နက်””သည် သူ၏အိမ်မှ မထွက်ခွာရဟူ၍ ဘုရားသခင်က ပရောဖက် နာသန်မှတဆင့် ဒါဝိတ်အားကြားပြောခဲ့သည်။ ဤအချက်က ဆိုလိုသည်မှာ ဒါဝိတ်သည် သူ၏မိသားစုအတွင်း၌ ၀မ်းနည်း စရာများနှင့် ကြေကွဲစရာများစွာကို ခံစားရမည်ဟု ဆိုလိုသည်။ ဘုရားသခင်ပြောထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ ဗာသရှေဘနှင့်ရသောသားသည် သေဆုံးခဲ့သည်။ ဒါဝိတ်၏ သားတဦးဖြစ်သူ အာမနုန်သည် ညီမ၀မ်းကွဲ တာမာကို မုဒိမ်း ကျင့်ခဲ့သည်။ အခြားသားတဦးက အာမနုန်ကို သတ်ခဲ့သည်။ ဒါဝိတ်၏အခြားသားတဦးဖြစ်သူ အဗရှလုံသည် ဖခင်ကို ဦးဆောင်ပုန်ကန်ခဲ့ပြီး တိုက်ပွဲ၌ ကျဆုံးခဲ့သည်။ ဤအရာတို့မှာ ဒါဝိတ်အပြစ်များ၏ ဆိုးရွာသော အကျိုးဆက်များထဲမှ အချို့ ဖြစ်သည်။ ဒါဝိတ်၏ကြီးမားသောအပြစ်များကို လေ့လာခြင်းအားဖြင့် အရေးကြီးသင်ခန်းစာ ၂-ခုကိုရရှိသည်။ ကျွန်ုပ်တို့၏အပြစ်များသည် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့လုပ်ဆောင်မှု၏အကျိုးဆက်ကိုမူ ရိတ်သိမ်း ရမည်။ အချို့သောအပြစ်များသည် ဆိုးဝါးသည့် တစ်ဘ၀စာအကျိုးဆက်များရှိသည်။ ““ဒါမျိုး ကျွန်တော့်မှာမဖြစ်ပါဘူး”” ဟုသင်ကပြောလိမ့်မည်။ ဖြစ်နိုင်ပါသည်။ ဒါဝိတ်သည် ၀ိညာဉ် ရေးအရ ရင့်ကျက်သန်မာသူဖြစ်သော်လည်း၊ သူ၏လိင်ဆန္ဒ လှုံ့ဆော်ခြင်းခံရခြင်းကို အခွင့်ပေးခဲ့ပြီး ရမ္မက်အား ကျော်လွှား နိုင် လောက်အောင် မရင့်ကျက်ခဲ့ပါ။ သင်သည်လည်း သင်၏လိင်ဆန္ဒလှုံ့ဆော်ခံရ ခြင်းကို အခွင့်ပေးပါက၊ သင်၏ရမ္မက်စိတ်ကို နင်းချေနိုင်လိမ့်မည်မဟုတ်ပါ။ လိင်ဆန္ဒကို အဆက်မပြတ် လှုံ့ဆော်ပေးနေပါက၊ အပြစ်လုပ်မိမည်မှာ သေချာသည်။ ကျမ်းစာက ““မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည်၊ ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရ လိမ့်မည်။””ဟုဆိုသည်။ ဂလာ ၆း ၈ လိင်နှင့်စပ်လျဉ်း၍ ဘုရားသခင်စည်းမျဉ်းများ ဤကောင်းမွန်သော လိင်ဆိုသည့် လက်ဆောင်ကို ကာကွယ်ရန်အတွက်၊ ဘုရားသခင်က စည်းမျဉ်းအချို့နှင့် ပညတ်အချို့ကို ကျွန်ုပ်တို့အား ပေးထားသည်။ ၄င်းတို့ထဲမှ အချို့ကို ကြည့်ကြပါစို့။ (စည်းမျဉ်း၁) မတရားသောမေထုန်၌မှီဝဲခြင်းကိုရှောင်ကြဉ်ပါ။ မတရားသောမထုန်၌ မှီဝဲခြင်းဆိုသည်မှာ လက်မထပ်ရသေးသော ယောက်ျားနှင့်မိန်းမတို့ ဆက်ဆံ ကြခြင်းကို ဆိုလိုသည်။ ဤအပြစ်သည် အလွန်ဆိုးသည့် အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ ကျမ်းစာက ““ ....ကိုယ်ခန္ဓာသည် မတရားသောမေထုန်အဖို့ ဖြစ်သည်မဟုတ်။ ....မတရားသောမေထုန်ကိုကြဉ်ရှောင် လော့။ ...မတရားသောမေထုန်ကို ပြုသောသူသည် မိမိကိုယ်ကိုပင် ပြစ်မှား၏””ဟုဆိုသည်။ (စည်းမျဉ်း ၂) အခြားသူများအား အပြစ်လုပ်မိစေရန် မသွေးဆောင်ပါနှင့်။ ကျမ်းစာက ယောက်ျားတဦးသည် သူ၏စိတ်နှလုံးအတွင်း၌ မိန်းမတဦးကို တပ်မက်ခြင်းသည် အပြစ်ဖြစ်သည်ဟု ပြောသည်။ ဤကဲ့သို့ပင် မိန်းမတဦးဘက်မှလည်း ယောက်ျားများ ရမ္မက်စိတ်နိုးထလာအောင် တမင်သက်သက် ၀တ်ဆင် ပြုမူခြင်းသည် အပြစ်ဖြစ်သည်။ အချို့သောမိန်းကလေးများသည် ယေက်ျားလေးများ သူတို့ကို တပ်မက်လာအောင် ၀တ်စား ဆင်ယင်၍ ပြုမူလုပ်ဆောင်ကြသည်။ သူတို့က ““အဲဒါ ယောက်ျားတွေ့ရဲ့ပြဿနာ” ပဲ ဟူ၍ ပြောနိုင်သော်လည်း၊ တနေ့တွင်မူ အခြားသူများအား အပြစ်ဖြစ် စေခြင်းအတွက် ဘုရားသခင်ရှေ့တွင် ဖြေရှင်းချက်ပေးရမည်ဖြစ်သည်။ (စည်းမျဉ်း ၃) သင့်အား အပြစ်လုပ်မိစေရန် အခြားသူများ၏သွေးဆောင်ခြင်းကို ငြင်းပယ်ပါ။ ယေရှုက ““ဒုစရိုက်ကိုပြုသမျှသောသူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်ကြ၏။””ဟုဆိုသည်။ အချို့သော သူတို့သည် သူတို့၏လိင်ပိုင်းအရ ကိုယ်ကျင့်တရားမကောင်းမှု၌ ၀မ်းမြောက်နေကြပြီး၊ အခြားသူတို့အားလည်းသူတို့၏ အဆင့်သို့ နိမ့်ဆင်း စေလိုကြသည်။ သူတို့က လုပ်ချင်တာမှန်သမျှလုပ်ရသည်မှာ ““လွတ်လပ်””ကြောင်း ပြောကြသော်လည်း၊ အမှန်မှာ သူတို့သည် တချိန်လုံး၌ သူတို့၏အပြစ်များ၏ ချည်နှောင်ထားခြင်းခံထားရသည်။ ကျမ်းစာက ““လွှတ်ခြင်း အခွင့် ရှိသည်ဟု ၀န်ခံလျက်ပင်၊ ကိုယ်တိုင်ပုပ်ပျက် ခြင်း၏ ကျွန်ဖြစ်ကြ၏။”” ဟုဆိုသည်။ ၂ပေ ၂း၁၉ (စည်းမျဉ်း ၄) ပုံမှန်မဟုတ်သော လိင်ဆန္ဒများကိုရှောင်ကြဉ်ပါ။ ပုံမှန်ယောက်ျား-မိန်းမ လိင်ဆက်ဆံမှုမှ သွေဖယ်ခြင်းမှန်သမျှသည် ဘုရားသခင်ကျွန်ုပ်တို့အတွင်း ၌ထည့်သွင်းထား သော လိင်သဘာဝကိုအလွဲသုံးစားလုပ်ပြီး မှားယွင်းစွာအသုံးပြုခြင်းပင်ဖြစ်သည်။ ဘုရားသခင်က ““မိန်းမနှင့် ပေါင်းဘော် သကဲ့သို့၊ ယောက်ျားချင်းပေါင်းဘော်လျှင် ထိုသူနှစ်ယောက်တို့သည် ရွံ့ရှာ ဖွယ်သောအမှု(အပြစ်)တို့ကို ပြုသောကြောင့်၊ ...””ဟုဆိုသည်။ ၀တ်ပြု ၂၀း၁၃ ကျမ်းစာက ဘုရားသခင်သည် သောဒုံမြို့နှင့်ဂေါမောရမြို့ကို ဖျက်ဆီးခဲ့ခြင်းမှာ သူတို့သည် လိင်တူဆက်ဆံမှုကို ကျယ်ကျယ် ပြန့်ပြန့် လုပ်နေသောကြောင့်ဖြစ်သည်ဟု ပြောထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ဤသို့ ဖျက်ဆီးခဲ့ခြင်းမှာ ဘုရားသခင်၏အလိုတော်နှင့်မညီသော အရာများကို သတိပေးခြင်း ဖြစ်သည်ဟု ဆိုသည်။ (စည်းမျဉ်း၅) မကျီစယ်ပါနှင့်။ ကျီစယ်ခြင်းဆိုသည်မှာ အခြားသူတဦး၏ လိင်ဆန္ဒကို တမင်တကာလှုံ့ဆော်ပေးခြင်းကို ဆိုလိုသည်။ အခြား သူတဦး၏ ရမ္မက်မီးကို မမွှေးပေးပါနှင့်။ ဘုရားသခင်၏အမြင်၌ ဤသို့လုပ်ခြင်းသည် အပြစ် ဖြစ်သည်။ (စည်းမျဉ်း ၆) သင့်ကိုသင်သန့်ရှင်းစေပါ။ ဤစည်းမျဉ်းက ဆိုလိုသည်မှာ လိင်ပိုင်းအရ ဖောက်ပြားမှုအားလုံးကို ရှောင်ကြဉ်ရမည်ဟု ဆိုလို ခြင်းဖြစ်သည်။ သင်၏အနာဂတ်အိမ်ထောင်ဖက်အား သင်ပေးနိုင်သော အကောင်းဆုံးလက်ဆောင်မှာ သင်၏သန့်ရှင်းစင်ကြယ်ခြင်း ပင် ဖြစ်သည်။ ဤအချက်သည် မိန်းကလေးများနှင့်သာမက ယောက်ျားများ နှင့်လည်း သက်ဆိုင်သည်။ (စည်းမျဉ်း ၇) တနေ့တွင်အခြားသူတဦးက တရားဝင်ပိုင်ဆိုင်မည့်အရာကို ယူလည်းမယူပါနှင့်။ ပေးလည်းမပေးပါနှင့် မတရားသောမေထုန်၌ မှီဝဲခြင်းသည် အလွန်မှားယွင်သည်။ မိမိ၏အပျိုစင် ဘ၀ကို စွန့်လွှတ်သော မိန်းကလေး သည် သူမ၏အနာဂတ်ခင်ပွန်းပိုင်ဆိုင်သောအရာကို အခြားသူတဦးအား ပေးလိုက်ခြင်း ပင်ဖြစ်သည်။ သူမ၏လိင်ဆက်ဆံ ဖက် မှာလည်း သူမကဲ့သို့ပင် အပြစ်ရှိသည်။ (စည်းမျဉ်း ၈) ရမ္မက်စိတ်ကို နိုးထလာစေသောအရာများကို ရှောင်ပါ။ အိမ်ထောင်ရေးဘ၀၏ အပြင်ဘက်၌ လိင်ဆန္ဒကိုနှိုးဆော်ခြင်းနှင့် စပ်လျဉ်း၍ ကျမ်းစာက သတိ ပေးထားသည်။ ကျမ်းစာက ““လူပျိုတို့၏ တပ်မက်ခြင်းကိလေသာစိတ်ကို ကြဉ်ရှောင်လော့””ဟုဆိုသည်။ ၂တိ ၂း ၂၂ တပ်မက်ခြင်း စိတ် ကို ကြဉ်ရှောင်လော့ဟု ဆိုရာ၌ ရမ္မက်စိတ်ကို ဖြစ်ပေါ်စေသော အရာအားလုံးကို လုံးဝငြင်းပယ်ရမည်ဟု ဆိုလိုသည်။ ရမ္မက်စိတ်သည် အန္တရာယ်ကင်းမဲ့သည်ဟု ထင်ရသော်လည်း သေစေနိုင်သောအရာပင်ဖြစ်သည်။ ယောက်ျားတဦးသည် ယနေ့ညတွင် ဒိတ်လုပ်ထားသည်ဆိုပါစို့။ သူသည် အိမ်မှမထွက်မီ ရမ္မက် စိတ်ကို နိုးထ စေသော မဂ္ဂဇင်းတစ်အုပ်ကိုဖတ်သည်။ သူ၏လိင်ဆန္ဒကို လှုံ့ဆော်သောရုပ်ပုံများအားကြည့်ပြီး စားသားများနှင့် သံစဉ်များ က ရမ္မက်စိတ်ကို နိုးကြွစေသောသီချင်းအား နားထောင်သည်။ ထို့နောက် သူသည် သူ့ကောင်မလေးကို သွားကြိုပြီး ရုပ်ရှင်ရုံသို့သွားခဲ့သည်။ သူတို့သွားကြည့်သည့်ရုပ်ရှင်မှာလည်း ရမ္မက်နှင့်ပြည့်နှက်နေပြီး လိင်ဆန္ဒကို ပြင်းပြစေသော ရုပ်ရှင်မျိုးဖြစ်သည်။ သူသည် တပ်မက်ခြင်းကိလေသာစိတ်ကို ရှောင်ကြဉ်နေသလော။ မရှောင်ကြည်သည့်အပြင် ပို၍ ပြင်းပြလာအောင်လုပ်နေခြင်းပင် ဖြစ်သည်။ ရုပ်ရှင်ပြီးနောက် သူတို့သည် ချိန်ချက်ထားသောနေရာ၌ကားကို ပါကင် ထိုးလိုက်သည်။ နှစ်ဦး စလုံးမှာ သူတို့မြင်သောအရာ၊ ကြားသောအရာများအားဖြင့် လှုံ့ဆော်ခြင်းကို ခံထားရပြီး ဖြစ်သောကြောင့် တဦးကိုတဦး ပွတ်သတ်ပြီးနောက် မကြာမီ လိင်ဆက်ဆံကြတော့မည်ဖြစ်သည်။ ထိုသို့ဖြစ်လာသည်ကို အံ့သြစရာလိုပါသလား။ မလိုပါ။ အမှန်မှာ အစပိုင်းတွင် သူတို့လုပ်ခဲ့သောအရာများ၏ ဖြစ်လေ့ဖြစ်ထရှိသော အကျိုးဆက် ပင်ဖြစ်သည်။ ကျမ်းစာက ““လူသည် အ၀တ်မပါဘဲ၊ လောင်သောမီးကို ပိုက်နိုင်သေလာ။ ခြေမလောင်ဘဲ မီးခဲပေါ်မှာ နင်းနိုင်သလော”” ဟုဆိုသည်။ သု ၆း ၂၇ သင်သည် မီးလောင်နေသောမီးခဲပေါ် ၌ သင့်ခြေထောက်မီးမလောင်အောင် မလျောက်နိုင်သကဲ့သို့၊ လိင်ပိုင်းအရလှုံ့ဆော်မှုကို စဉ်ဆက်မပြတ် ရှာဖွေနေပါက အပြစ်လုပ်မိမည်သာဖြစ်သည်။ လိင်သည် ဘုရားသခင်ပေးထားသည့် ကောင်းမွန်သောလက်ဆောင်ဖြစ်သည်။ လိင်သည် နှစ်လိုဖွယ်ဘုရားသခင်က ပေးထားသောလက်ဆောင်ဖြစ်သည်။ ဤအရာက အိမ်ထောင် ရေးတစ်ခုကို ပိုမိုသန်မာစေပြီး၊ ဘ၀အသက်တာကို နိုးကြားထကြွစေသည်။ ဤအတွေ့အကြုံသည် ပျော်ရွှင်ကြည်နူးဖွယ် ကောင်းလှ သော အတွေ့အကြုံဖြစ်သောကြောင့်၊ ယောက်ျားနှင့်ဇနီးမယားကို တလုံး တ၀တည်းပင်ဖြစ်စေသည်။ ကျမ်းစာက ““....ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်။””ဟုဆိုသည်။ ဧဖက် ၅း ၃၁ တလုံးတ၀တည်း ဖြစ်သည် ဆိုရာ၌ ခန္ဓာပိုင်းအရ တလုံးတ၀တည်း ဖြစ်ခြင်းသာမဟုတ်ဘဲ လူနှစ်ဦး၏ ခန္ဓာဝိညာဉ်အားလုံးသည် ပေါင်းစပ် သွားခြင်းပင်ဖြစ်သည်။ လိင်ဆက်ဆံမှု၏ အမြင့်မားဆုံးသောပျော်ရွှင်မှုအား ယောက်ျားနှင့်ဇနီးနှစ်ဦးလုံးသည် ခရစ်ယာန် များ ဖြစ်ကြပြီး သခင်၌ တလုံးတ၀တည်းဖြစ်ချိန်တွင်ရရှိသည်။ ဤသို့ဖြစ်ပါက သူတို့သည် ကမ္ဘာပေါ်တွင် မခံစားရနိုင်သော တလုံးတ၀တည်းဖြစ်မှုကို တွေ့ကြုံခံစားရမည်ဖြစ်သည်။ ဘုရားသခင်က အိမ်ထောင်ရေးအတွင်းရှိ လိင်ဆက်ဆံမှုကိုသာ ကောင်းချီးပေးသည်။ နှုတ်ကပတ်တော်၌ ဘုရားသခင်က ““သင်၏စမ်းရေးတွင်း၌ မင်္ဂလာရှိစေ၍ အသက်ပျိုရွယ်စဉ်ကာလ၊ ပေါင်းဘော်သောမယားနှင့်အတူ၊ ပျော်မွေ့လော့””ဟုဆိုသည်။ ဘုရားသခင်သည် အိမ်ထောင်ရေးဘ၀ရှိ ချစ်ရေးချစ်ရာကို ထောက်ခံကြောင်းကို အထက်ပါကျမ်း ပုဒ်အား ကြည့်ခြင်းဖြင့် သိနိုင်သည်။ ဘုရားသခင်သည် ၀မ်းမြောက်ဖွယ် အိမ်ထောင်ရေးနှင့် သာယာသော အိမ်လေးကို မြင်လို သည်။ သင်သည် နှစ် ၄၀ ကြာ အိမ်ထောင်ရေးဘ၀၌ ကျင်လည်နေပါက၊ ဘုရားသခင် က သင်နှင့်သင့်ဘ၀အဖေါ်အား အချစ်များဖြင့် ပြည့်လျက်ရှိသော နှစ်၄၀ ကို ရရှိစေလိုသည်။ အောက်ပါ ဇယားကိုကြည့်ခြင်းအားဖြင့် သင်၏ဒိတ်လုပ်သည့် အချိန်မှာ တိုတောင်းပြီး လက်ထပ်ထားသည်နှစ်များမှာ များစွာကြာရှည်ကြောင်းကို သိနိုင်သည်။ သင်နှင့်သင့်တော်သောသူ၊ မှန်သောအချိန်နှင့် မှန်ကန်သောအခြေအနေမျိုးကို စောင့်ဆိုင်းခြင်းသည် သင့်ဘ၀ အတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ ဤအချက်သည် ကောင်းမွန်သော လက်ဆောင်ဖြစ်သည့် လိင်နှင့်လည်း သက်ဆိုင် သည်။ သင်သည် ခဏတာမျှပျော်ရွှင်ကျေနပ်မှုကို ရွေးချယ်နိုင်သော်လည်း၊ နောက်ပိုင်းတွင် သင်ပြုသောအမှု၏ ခါးသီး သော အသီးများကို ရိတ်သိမ်းရလိမ့်မည်။ ထိုသို့မဟုတ်ဘဲ သင်သည် မှန်သောလူ၊ မှန်ကန်သောအချိန်ကို စောင့်ဆိုင်း နိုင်ပြီး နှစ်ပေါင်းကြာရှည်စွာ လိင်ကိစ္စကို သင့်လက်တွဲဖော်နှင့်အတူ အပြည့်အ၀ ခံစားနိုင်သည်။ လိင်သည် ကစားပွဲမဟုတ်သလို ကစားစရာအရုပ်လည်းမဟုတ်ပါ။ အိမ်ထောင်ရေးဘ၀၏ တဦးကို တဦး ဆက်ကပ် အပ်နှံထားမှုနှင့် လုံခြုံမှုအောက်၌ ၀မ်းမြောက်စွာခံစားရမည့်အရာဖြစ်သည်။ အနှစ်ချုပ်ပါက၊ ခဏတာစိတ်လှုပ်ရှားသာယာမှုအတွက် လိင်ဆက်ဆံမှု၏ ရေရှည် အကျိုးအမြတ် အခွင့် ထူးများ ကို မစွန့်လွှတ်ပါနှင့်။ သင်၏ချစ်ခင်စုံမက်ခြင်းစိတ်ကို စောင့်ထိန်းပါ။ ကျွန်ုပ်တို့သည် စိတ်လှုပ်ရှားမှုကို ယခုပင်ရလိုကြသည်။ စိတ်ရှည်သည်းခံမှုရှိရန် ကျွန်ုပ်တို့အတွက် မလွယ်ကူပါ။ သင်၏ချစ်ခင်စုံမက်သောစိတ်ကို စောင့်ထိန်းရန်မှာ မလွယ်ကူပါ။ သင်၏လိင်ဆန္ဒအာသီသ ကို ငြင်းပယ်ရန်မှာလည်း မလွယ်ကူပါ။ အိမ်ထောင်ရေးဘ၀၏ အပြင်ဘက်မှာ လိင်ပိုင်းဆိုင်ရာကိစ္စများ၌ ပျော်မွေ့နေကြသောသူများကို အားမကျ မိအောင် စိတ်ကိုထိန်းဖို့ရန်လည်း မလွယ်ကူပါ။ သို့သော် ဘုရား သခင်၏ နည်းလမ်းသည်သာ အကောင်းဆုံးဖြစ်သည်။ လူငယ်များပြောကြသည့် ““ဂိတ်ဆုံးသွားပြီ””ဆိုသည့်စကားမှာ ဈေးပေါသောလိင်သာဖြစ်သည်။ အဖိုးထိုက်သော အချစ် မှာ အခြားအရာတစ်ခုဖြစ်သည်။ လူနှစ်ဦးသည် တဦးကိုတဦးပေးအပ်ထားပြီး အိမ်ထောင်ရေးဘ၀၌ လုံခြုံစိတ်ချမှု ရှိစွာ အသက်ရှင်နေထိုင်ကြချိန်တွင် ဤသို့သောအဖိုးထိုက်သည့် အချစ် ကိုခံစားရသည်။ ဤသင်ခန်းစာကို ရေးသောသူအနေဖြင့် ကျွန်တော်အကြောင်းကိုလည်း နည်းနည်းပြောပြပါရစေ။ ကျွန်တော့် မိန်းမနှင့် ကျွန်တော်သည် အချစ်ဖြင့်ပြည့်နှက်လျက်ရှိသော ၆၅ နှစ်တာကို အတူဖြတ်သန်းလာကြပြီး နောက်ထပ် နှစ်တွေ ကို လည်း အတူဖြတ်သန်းနိုင်ဖို မျှော်လင့်ထားပါတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ကလေး ၆-ယောက်ပေးထားပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ရက်တွေကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ၀မ်းနည်းကြေကွဲစရာ ကိစ္စနဲ့လည်း တွေ့ကြုံ ဖူးပါ တယ်။ ကျွန်တော်တို့ရဲ့ အကြီးဆုံးသားဟာ အသက် (၇)နှစ်မှာ ကားမတော်တဆဖြစ်မှုနဲ သေဆုံးခဲ့ပါတယ်။ ကျွန်တော်တို့ လက်ထပ်ခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ဟာ ချစ်ရည်လူးနေပါတယ်။ သို့သော် နှစ်ပေါင်းကြာလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ အချစ် ဟာ ပိုပြီးနက်ရှိုင်းသန်မာလာပါတယ်။ ယောက်ျားတစ်ဦးနဲ့ ချစ်ကျွမ်းဝင်နေတဲ့အချိန်မှာ ရှိသင့်တဲ့ထူးခြား တဲ့လှပမှုမျိုး ကျွန်တော့်မိန်းမမှာရှိပြီး သူမချစ်တဲ့သူ ချစ်မြတ်နိုးခြင်းကို ခံရတာကိုလည်း သူမသိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ လက်မထပ်မီ မိမိကိုယ်ကို စောင့်ရှောက်နိုင်ခဲ့ပြီး လိင်ကိစ္စတွေနဲ့ မပါဝင်မပတ် သက် မိခဲ့တဲ့ အတွက် ဘုရားသခင်အား ကြိမ်ဖန်များစွာ ကျေးဇူတင်ခဲ့တယ်။ ကျွန်တော်တို့ဟာ ချစ်သူတွေ ဖြစ်ဆဲဖြစ်ပြီး လက်ချင်း ချိတ်လျက်ရှိတုံးပါပဲ။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ တစုံတဦးနဲ့ချစ်ကျွမ်းဝင်နေ ရတာ ဟာ အလွန်ကောင်းမွန်ခဲ့ပါတယ်။ သင်က ““သိပ်လှပတဲ့ချစ်ပုံပြင်ပဲ””ဟု ပြောလိမ့်မည်။ ဟုတ်ပါတယ်။ ဘုရားသခင်ရည်ရွယ်ထားသော အိမ်ထောင်ရေးဘ၀မှာ ထိုကဲ့သို့ဖြစ်သည်။ သင်၏အိမ်ထောင်ရေးကိုလည်း ထိုကဲ့သို့ပင်ဖြစ်စေလိုသည်။ သင်းအုပ်ဆရာ George Gardner ၏သက်သေခံချက် ဆယ်ကျော်သက်လေးတဦးသည် ကျွန်တော်၏စာကြည့်ခန်းထဲသို့ဝင်လာပြီး ဤသို့ရင်ဖွင့်ခဲ့သည်။ ““ဆရာ၊ ဆရာနဲ့စကားပြောလို့ရမလား၊ ကျွန်မမှာ ပြသနာတစ်ခုရှိနေတယ်”” ““ဘာကိစ္စလဲ””ဟု ကျွန်တော် မေးလိုက်သည်။ ““ကျွန်မနဲ့ ချိန်းတွေ့တဲ့သူတွေနဲ့ပတ်သက်ပါတယ်”” ““သမီးချိန်းတွေ့တဲ့သူတွေက ဘာမှား နေလို့လဲ”” ““ကျွန်မ မသိဘူးရှင့်။ သူတို့က အမြဲတမ်းအမှားအယွင်းတွေနဲ့ပဲ အဆုံးသတ်သွားတယ်။ ကျွန်မ သိလာတာတစ်ခုက ကျွန်မ ခရစ်ယာန်မဖြစ်မီ ဒိတ်လုပ်ခဲ့တဲ့သူတွေထက် ဘုရားကျောင်းက ကောင်းလေး တွေကအများကြီး ပိုသွက်နေတယ်လို့ ကျွန်မ ထင်တယ်။ ကံမကောင်းစွာနဲ့ပဲ အဲဒီအချက်က မှန်နေတယ်ရှင့်။ သူမကဤသို့ဆက်ပြောသည် ““ကျွန်မ ဘာဆက် လုပ်ရမလဲ? ကျွန်မသခင်ကို အစေခံလိုတယ်။ ခရစ်ယာန်တဦးဖြစ်လိုတယ်။ ကျွန်မဟာ သက်သေခံကောင်းတဦးဖြစ်လိုပြီး သန့်ရှင်းစေင်ကြယ်လိုတယ်။ ကျွန်မဘာလုပ်ရမလဲ၊ ကျွန်မအပျိုကြီးမဖြစ်လိုဘူး”” ထိုအခါ ကျွန်တော်က ““ကလေး၊ မင်းအပျိုကြီးဖြစ်စရာ အကြောင်းမရှိပါဘူး။ ငါ့ကိုယုံပါ။ ဒါပေမယ့် သမီးလုပ်ရမယ့်အရာရှိတယ်။ “ကောင်းပြီး ကျွန်မ ဘာလုပ် ရ မလဲ”ဟုသူမက မေးသည်။ “သမီးကိုတစ်ခုမေးပါရစေ။ သမီးနဲ့ဒိတ်လုပ်နေတဲ့ ကောင်လေးက ခရစ်ယာန် လား? ဆရာ၊ သူ့ကိုသိပါတယ်။ “မိမိကိုယ်ကိုခရစ်ယာန်ပါလို့ ၀န်ခံတဲ့ကောင်လေးတဦးပါ” “သမီးကလည်း ခရစ်ယာန်ပဲ၊ ဟုတ်တယ်မဟုတ်လား။” “ဟုတ်ကဲ့ရှင်” “သမီးရဲ့ ဒိတ်နှင့်ပတ်သက်ပြီး ဆုတောင်း ပေးမယ် ဆိုတဲ့ အတွေးမျိုး သမီးမှာ ရှိခဲ့ဖူးလား?” “ဒိတ်လုပ်ထားတဲ့သူနဲ့ပတ်သက်ပြီး ဆုတောင်းပေးရမယ်၊ ဟုတ်လား?” “ဟုတ်တာပေါ့ သမီး၊ ဘာများ ထူးဆန်း နေလို့လဲ” “သမီးနဲ့ဒိတ်လုပ်ထားတဲ့သူအတွက် ဆုတောင်းပေးရင်၊ သမီးဟာပျော့ညံ့တယ်လို လူတွေက ထင်မှာ ပေါ့ရှင့်” လူငယ်စည်းဝေးပွဲ၊ ကွာယာမတိုင်မီ၊ Sundayschool တို့အတွက်ဆိုရင်တော့ ဆုတောင်း ပေးရမှာပေါ့။ ဒါပေမယ့် ဘယ်သူက ဒိတ်လုပ်ထားတဲ့ သူနဲ့ပတ်သက်ပြီး ဆုတောင်းပေးမှာလဲ” “သမီးပြောတာကို နားထောင်ပြီး ဆရာ စဉ်းစား မိတာက သမီးကစပြီး ဘာကြောင့်မလုပ်ရမှာလဲ သမီးဒိတ်လုပ်ထားတဲ့သူအပေါ်မှာ ကောင်းချီး ပေးဖို့ ယခုပင် ဆုတောင်း လိုက်ပါ။” “ဟုတ်ကဲ့ရှင့်၊ ဒီလိုလုပ်ခြင်းက အခြေအနေကို ပြောင်းလဲသွားစေမှာပဲ ဆရာ လုပ်စေလိုတာက အဲဒီလိုလား၊ ကြိုးစားကြည့်ပါမယ်ရှင်” “သခင်က ဆုတောင်းပဌာနာပြု”ဟု ပြောထားတာပဲ။ ထိုသို့ဆုတောင်းခြင်းက ဘာများ မှားနေ လို့ လဲ၊ သမီ”။ ထိုသို့ ဆုတောင်းပေးရန်အတွက် သူမ တစ်ခါမှ မစဉ်းစားဖူးပေ။ သို့သော် သူမသည် ကျွန်တော်၏ အကြံဥာဏ် ကို လက်ခံလိုက်ပြီး ကြိုးစားကြည့်ခဲ့သည်။ နှစ်ပတ်ခန့်ကြာပြီးနောက် သူမပြန်ရောက်လာသည် သူမ၏မျက်နှာမှာ ပြုံးဖြီးဖြီး ဖြစ်နေသည်။ “အခြေအနေဘယ်လိုလဲ၊ သမီး”ဟု ကျွန်တော်ကစူးစမ်းလိုက်သည် ““အရမ်းကောင်းတာပဲရှင်”” ““ဘာတွေ ဖြစ်ခဲ့လဲသမီး”” ““သမီးကောင်းလေးက၊ သမီးကိုအိမ်မှာလာကြိုပြီး ကားထဲကိုအတူ ၀င်ပြီးနောက်၊ ကားစက်မနှိုးခင်မှာ သမီးက “ခဏစောင့်ပါဦး” “ဘာကြောင့်လဲ”ဟု သူကပြောသည်။ “ကျွန်မတို့ ဒီညဘာလုပ်ကြမလဲ” “ငါမသိဘူးလေ” “ဒါဆို ကျွန်မ အခုဘာလုပ်ချင်လဲဆိုတာကို ရှင့်ကိုပြောပြမယ်” “ဘာလုပ်ချင်လို့လဲကွာ” “ကျွန်မတို့ ယခု ဒိတ်လုပ်တာအတွက် ဆုတောင်းချင်တယ်”။ သူ၏မျက်နှာကို သံပရာသီးနှင့်ပေါက်တာတောင်မှ သူ အဲ့ဒီလောက် အံ့သြ သွားလိမ့်မယ်လို့ မထင် ဘူးရှင်။ သူကတအံ့တသြဖြင့် ““မင်း၊ ဘာပြောလိုက်တယ်” မင်းလုပ်ချင်တာကဘာ?” “ကျွန်မတို့က ခရစ်ယာန်တွေ မဟုတ်လား” “ဟုတ်တယ်” ဒါဆို ဘာကြောင့် ကျွန်မတို့ချိန်းတွေ့တာနဲ့ပတ်သက်ပြီး ဆုမတောင်းရမှာလဲ၊ ရှင်က ကျွန်မတို့ ဒိတ်လုပ်တာအတွက် ဆုတောင်းပေးပါလား။ “ငါဆုမတောင်းဘူး၊ ဒါကမင်းအိုင်ဒီယာပဲ၊ မင်းပဲ ဒါနဲ့ ပတ်သက်ပြီး ဆုတောင်းပါ။” ထိုအခါ ကျွန်မက သခင်၏လက်တော်ကို ကျွန်မတို့နှစ်ဦးအပေါ်ထားရှိရန် သက်သေခံ ကောင်းများ ဖြစ်ရန် နှင့် ပျော်ရွှင်ဖွယ်ကောင်းသော အချိန်လေးကို အတူတကွဖြတ်သန်းနိုင်ရန်အတွက် ဆုတောင်းခဲ့သည်။ ““ဆရာ၊ သမီး လုပ်ခဲ့တဲ့ ဒိတ်တွေထဲမှာ အဲ့ဒီဒိတ်ဟာ အကောင်းဆုံးပါပဲ”။ အခြေအနေတွေဟာ အလွန်ကောင်းနေပါတယ်။ အရင်က မသိရှိ၊ မခံစားဖူးတဲ့ ရိုသေလေးစားမှုကိုလည်း ခံစားရပါတယ်။ မေးခွန်းများ (မှန်/မှား) ၁။ လိင်၏လှုံ့ဆော်မှု့၊ တွန်းအားသည် အပြစ်မရှိသော်လည်း ဘုရားသခင်က ဤလှုံ့ဆော်မှုဆန္ဒကို ထိန်းချုပ်ထားရန် ပြောထားသည်။ ၂။ မတရားသောမေထုန်၌မှီဝဲခြင်းသည် အဓိကအပြစ်ကြီးတစ်ခုမဟုတ်ပါ။ ၃။ မိန်းခလေးများသည် ထိတွေ့ခြင်းအားဖြင့် ကနဦးအဆင့်လှုံ့ဆော်ခြင်းကိုခံရသော်လည်း၊ ယောက်ျားများမှာမူ ထိတွေ့ခြင်းအားဖြင့်သာမက၊ သူတို့မြင်သောအရာများအားဖြင့်လည်း လှုံ့ဆော် ခြင်းကိုခံရသည်။ ၄။ လိင်ဆက်ဆံမှုသည် အရေးတကြီးလုပ်ရမည့်ကိစ္စမဟုတ်ပါ။ လိင်၏တွန်းအား၊ လှုံ့ဆော်မှုကို ငြင်းပယ်ခြင်းအားဖြင့် သင်၌မည်သည့်အန္တရာယ်မျှ ကျရောက်လာမည်မဟုတ်ပါ။ ၅။ ကျွန်ုပ်၏အပြစ်များသည် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့လုပ်ဆောင်ခဲ့မှု၏ အကျိုးဆက်ကိုမူ ရိတ်သိမ်း ရမည်။ ၆။ ဘုရားသခင်က သောဒုံနှင့်ဂေါမောရမြို့ကိုဖျက်ဆီးခဲ့ခြင်းမှာ လိင်တူဆက်ဆံမှုသည် ထိုမြို့တို့၌ အလွန်များပြားသော ကြောင့် ဖြစ်သည်ဟု ပြောထားသည်။ ၇။ ကျီစယ်ခြင်းအားဖြင့် လိင်ကိစ္စတို့ကို မလုပ်မိပါက၊ ကျီစယ်ခြင်းသည် “အိုကေ” ပါသည်။ ၈။ တနေ့တွင် တစုံတဦးက တရားဝင်ပိုင်ဆိုင်မည့်အရာကို ယူလည်းမယူသင့်သလို၊ ပေးလည်း မပေး သင့်ပါ။ ၉။ လိင်ပိုင်းအရ လှုံ့ဆော်မှုကို စဉ်ဆက်မပြတ် ရှာဖွေနေပါက သင်သည် လုပ်မိမည်သာဖြစ်သည်။ ၁၀။ လိင်ဆိုသည်မှာ အိမ်ထောင်ရေးဘ၀၏ လုံခြုံစိတ်ချမှုနှင့် ဆက်ကပ်အပ်နှံမှုအတွင်း၌ ၀မ်းမြောက် စွာ အသုံးပြုရမည့် ဘုရားသခင်၏ လက်ဆောင်ဖြစ်သည်။

လက်ထပ်ပြီးသည့်အထိ စောင့်ပါ (or) ဒုတိယမြောက် အပျိုစင်ဘဝ

လက်ထပ်ပြီးသည့်အထိ စောင့်ပါ။ Lesson 3; Wait Until Marriage လူများသည် သူတို့အတွက်အရေးပါသူတစ်စုံတစ်ဦး၏ ချစ်မြတ်နိုးခြင်းကိုခံရရန် အလွန်အမင်း လိုအပ်ကြသည်။ ဤအချက်မှာ လူငယ်လူရွယ်များအတွက် ပို၍မှန်ကန်သည်။ ဆန့်ကျင်ဘက် လိင်ရှိသော သူတစ်ဦးနှင့် သိကျွမ်းရခြင်း က ပင်လျင် သင့်အားနွေးထွေးကောင်းမွန်သည့် ခံစားချက်မျိုးကိုပေးသည်။ ကောင်လေးနှင့်ကောင်မလေးတို့သည် တဦးကိုတဦးငြိသွားကြပြီးနောက်၊ အတူသွားလာကြသော အခါ၊ စိတ်လှုပ် ရှားမှုသည် ပို၍ကြီးထွားလာသည်။ တဦးကိုတဦးထိတွေ့၊ ယုယရခြင်းသည် မည်မျှပျော်ရွှင် ဖွယ်ကောင်းသည်ကို သိလာ ကြသည်။ ဤအရာက စိတ်ဆန္ဒကိုဖြစ်ပေါ်စေသည်။ များမကြာမီအချိန်တွင် နှစ်ဦးစလုံးသည် လိင်ဆက်ဆံမှု ပြုလုပ်ရန် ဆွဲခေါ်ခြင်းကိုခံရပြီး သူတို့က ဤသို့တွေးလာကြသည်။ ““ငါတို့သည်တဦးကိုတဦး အမှန်တကယ်ချစ်တာပဲ။ လိင် ဆက်ဆံ တာက ဘာများမှားနေလို့လဲ။ လက်မထပ်မီ သင်သည်လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုမပြုသင့်သည့်အကြောင်းအရင်းများစွာရှိသည်။ ဤအချက်ကို စဉ်းစားကြည့်ပါ။ လက်မထပ်မီ လိင်ကြောင့် သင်ရရှိခဲ့သောအရာထက် လိင်ကြောင့် သင်ဆုံး ခဲ့သောအရာက ပိုမိုကြီးမား သည်။ လိင်ကြောင့် သင်ဘာကိုရသနည်း။ တိုတောင်းသောစိတ်လှုပ်ရှားမှုနှင့် တခဏတာပျော်ရွှင်မှု။ သို့သော် လက်မထပ် မီ လိင်ကြောင့် သင်ဆုံးရှုံးခံရသောအရာသည် သင့်တဘ၀လုံး အပေါ်သို့ အကျိုးသက်ရောက်မှုရှိနိုင်သည်။ လက်ထပ်ပြီးသည်အထိ လိင်ဆက်ဆံခြင်းကို စောင့်ဆိုင်းသင့်သည့် အကြောင်းအရင်းအချို့ကို လေ့လာကြပါစို့။ အကြောင်းအရင်းနံပါတ် (၁) လက်မထပ်မီ ဆက်ဆံခြင်းက စစ်မှန်သောအချစ်ကိုသိနိုင်မည့် သင်၏အခွင့်အရေးများကို ဆုံးရှုံး စေနိုင်သည်။ မိန်းကလေးတစ်ဦးသည် သူ၏လိင်ကိုပေးဆပ်ခြင်းအားဖြင့် အချစ်ကိုရရှိရန်ကြိုးစာခြင်း (သို့) ထိန်းသိမ်းထားရန် ကြိုးစား ခြင်းသည် ၀မ်းနည်းကြေကွဲဖွယ် အမှားတစ်ခုကို ပြုလုပ်ခြင်းပင်ဖြစ်သည်။ စစ်မှန်သောအချစ်သည် စေ့စပ်ခြင်း၊ လက်ထပ် ခြင်း နှင့် လိင်ဆက်ဆံခြင်းတို့ကို ဖြစ်စေနိုင်သော်လည်း လိင်က စစ်မှန်သောအချစ်ကို မဖြစ်စေနိုင်ပါ။ စစ်မှန်သောအချစ်ကို သိနိုင်မည့် သင်၏အခွင့်အရေးများကိုပင်လျှင် ဖျက်ဆီးပစ်နိုင်သည်။ ၁၉ နှစ် အရွယ်ကောင်မလေးသည် အထက်တန်းနှင့်ပထမနှစ် ကောလိပ်ကျောင်းသူ ဘ၀တလျှောက်လုံးတွင် မိမိကိုယ်ကို သန့်စင်အောင် နေနိုင်ခဲ့သည်။ သူမသည် သူမအလွန်နှစ်သက်သောကောင်လေးနှင့် ပုံမှန် ဘ၀ကို ဖြတ်သန်း နေခဲ့သည်။ သူသည် နွေရာသီအားလပ်ရက်ခရီးကို မထွက်ခွာမီ၊ သူမသည် သူ့ကို လိုက်လျောခဲ့သည်။ သူမက ဤသို့ တွေးခဲ့သည်။ ““ဘာကြောင့်မလုပ်ရမှာလဲ။ ငါက သူ့ကိုချစ်တယ်။ သူက လည်း ငါ့ကိုချစ်တယ်။”” ဘာဆက်ဖြစ်သနည်း။ နွေရာသီကျောင်းပိတ်ရက်ကာလတွင် သူမသည်သူမ၏ “ချစ်သူ” ထံမှ ဘာသတင်းမှ မကြားရတော့ပါ။ နွေဦးကာလ၌ သူပြန်လာသောအခါ သူမသည် သူမအား စစ်မှန်သောအချစ်ဖြင့် မချစ်သောသူကို သူမ၏ အဖိုးထိုက်သည့်အရာကို သွေးဆောင်ခံရသောကြောင့် ပေးလိုက်ရပြီး ဆိုတာကို သိရှိခဲ့သည်။ သူက ““ငါတို့ရဲ့ နောက်ဆုံး ညဟာ တကယ့်ကိုအိပ်မက်ဆိုးကြီးပါပဲ။ အဲဒါပြီးနောက် ငါမင်းကို ဘယ်တော့မှလက်မထပ်တော့ဘူး။”” ဟူ၍ပြောခဲ့သည်။ အကြောင်းအရင်းနံပါတ် (၂) လက်မထပ် မီဆက်ဆံခြင်းက ဘုရားသခင်က သင့်အတွက်ပြင်ဆင်ထားသော အကောင်းဆုံးအရာ ကို ဘယ် တော့ မှ မသိနိုင်အောင် သင့်ကိုတားဆီးလိမ့်မည်။ လိင်နှင့်ပတ်သက်၍ မှားယွင်းသောယူဆချက်တစ်ခုမှာ ဤသို့လုပ်ခြင်းသည် ခန္ဓာပိုင်းပျော်ရွှင်မှုသာ ဖြစ်ပြီး သင့် စိတ်ကြိုက် မည်သူနှင့်မဆို လုပ်နိုင်သည်ဟူသော ယူဆချက်ပင်ဖြစ်သည်။ ဤသို့ယူဆခြင်းက လိင်ကိုဈေးပေါစေပြီး အဓိပ္ပါယ်မဲ့စေပြီး ကျွန်ုပ်တို့အား ဖန်ဆင်းထားသည့်ပုံစံကိုပင် ပမာမခန့်ပြုသည်။ လိင်သည် ခန္ဓာပိုင်းလုပ်ဆောင်မှုတစ်ခုသာမဟုတ်ပါ။ လိင်ဆက်ဆံခြင်းအားဖြင့် သင်နှင့်အခြားသူသည် တသား တကိုယ်တည်းဖြစ်သွားသည်။ ဤသို့လုပ်ခြင်းသည် အလွန်ရင်းနှီးကပ်ငြိသည့်အတွေ့အကြုံ ဖြစ်သောကြောင့် သင်၏ တစိတ်တပိုင်းသည် ထိုသူနှင့်အတူ ထာဝရကာလ ရှိနေမည်ဖြစ်သည်။ သင်သည် လက်ထပ်သောအခါ သင်၏ဘ၀ အဖော် ကို ၁၀၀% အပြည့်မပေးနိုင်တော့သည်ကို သိလာလိမ့်မည်။ ဘာကြောင့်နည်း။ အကြောင်းမှာ သင်၏တစိတ် တပိုင်း ကို အခြားသူတို့အား ဝေမျှပေးခဲ့သောကြောင့် ဖြစ်သည်။ ဤအရာကို အရေးမပါသလို ပြုမူခြင်းသည် မိုက်မဲရုံသာမက၊ ကျွန်ုပ်တို့အား ဘုရားသခင် ဖန်ဆင်းထားသည့် ရည်ရွယ်ချက်ကိုလည်း လျစ်လျူရှုခြင်းပင်ဖြစ်သည်။ အကြောင်းအရင်းနံပါတ် (၃) လက်မထပ်မီ ဆက်ဆံခြင်းက သင်၏မိမိကိုယ်ကိုအထင်ကြီးလေးစားသောစိတ်ကို ထိခိုက်စေသည်။ ကျမ်းစာက လူငယ်တစ်ဦးသည် သူ၏ကိုယ်ခန္ဓာကို ဂုဏ်အသေရေရှိစွာဖြင့် စောင့်ထိန်းသင့်ကြောင်းနှင့် ကိုယ်ကျင့်တရားမကောင်းသော သူတို့၏လမ်းစဉ်ကို မလိုက်ကြရန်ပြောထားသည်။ လူငယ် တဦး၏သန့်ရှင်းစင်ကြယ်မှု သည် သူ (သို့) သူမ၏ အဖိုးမဖြတ်နိုင်သောပိုင်ဆိုင်မှုပင်ဖြစ်သည်။ ၀မ်းနည်း စွာပင်၊ အများစုသည် အရမ်းနောက်ကျမှသာ ဤအချက်ကိုနားလည်လာကြသည်။ တခါတရံ မိန်းကလေး တဦးသည် အချစ်ကိုအလွန်ဆာလောင်သဖြင့် ယောက်ျား တဦး၏လိင်စိတ်ဆန္ဒကို သူမရှာဖွေနေသောအချစ် ဟု ထင်ကာ ထိုယောက်ျား၏ဆန္ဒကို လိုက်လျောပေးတတ်ကြသည်။ မကြာခဏ၊ ထိုယောက်ျားသည်သူမကို အမှန်တကယ်မချစ် မလေးစားသည်ကိုတွေ့ရတတ်သည်။ သူလိုချင်သောအရာမှာ လိင်သာဖြစ်ပြီး သူမကလည်း အဆင်သင့်ရှိနေသဖြင့် သူမကိုအသုံးချကာ သူလိုချင်သောအရာကို ရယူလိုက်ခြင်းသာ ဖြစ်သည်။ ခဏကြာသောအခါ သူသည် သူမကိုငြီးငွေ့လာပြီး၊ သူမသည် ဈေးအဆမတန်လျော့ထားသောကုန်ပစ္စည်း ကဲ့သို့ဖြစ်လာတော့သည်။ အချစ်ကိုရှာဖွေရန်အတွက် သွားစရာနေရာ သူမတွင်မရှိတော့ပဲ လိင်ကိုရှာဖွေ နေသောသူ ထံသို့သာ သွားရမည်ဖြစ်သည်။ သူမသည် သူမ၏မျက်စိ၌ပင် ဈေးပေါနေပြီး အခြားသူများက လည်း သူမအား ဈေးပေါ သည် ဟု မြင်မည်ဖြစ်သည်။ အကြောင်းအရင်းနံပါတ် (၄) လက်မထပ်မီ ဆက်ဆံခြင်းသည် တစ်ဘ၀စာအကျိုးဆက်များရှိနိုင်သည်။ ဘုရားသခင်သည် သင့်အားသြတ္တပ္ပစိတ်ကိုပေးထားပြီး ထိုစိတ်ဖြင့်အသက်ရှင်ရမည်ဖြစ်သည်။ အသက် ၄၂ နှစ်အရွယ်မိန်းမတစ်ဦးက “လက်မထပ်မီဆက်ဆံခြင်းက စိတ်လှုပ်ရှားဖွယ်တခဏတာ ပျော်ရွှင် မှုကိုပေးလိမ့်မည်။ သို့သော် ဤသို့လုပ်ခြင်းက တန်ပါရဲ့လား” ဟုရေးခဲ့သည်။ အကြောင်းအရင်းနံပါတ် (၅) လက်မထပ်မီ ဆက်ဆံခြင်းသည် စိတ်ပျက်ဖွယ်ကောင်းသောအရာတစ်ခု ဖြစ်လာနိုင်သည်။ လူငယ်အများစုက လိင်ဆက်ဆံခြင်းသည် စိတ်လှုပ်ရှားဖွယ်ကောင်း၍ရင်သပ်ရှုမောဖွယ်ကောင်းသည်ဟု မြင်ပါ သလား။ အဖြေမှာ “NO” ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာဆက်နွယ်မှု လေ့လာဆန်းစစ်ချက်တစ်ရပ်ကို လက်မထပ် ရသေး သည့် မိခင်များအတွက် ဆေးခန်းကြီးတစ်ခုတွင်ပြုလုပ်ခဲ့သည်။ ဤမေးခွန်းအား လက်မထပ်ရသေးသည့်အမေများကို မေးခဲ့သည်။ “လိင်ဆက်ဆံမှုအတွေ့အကြုံကို သင်ကပျော်ရွှင်ဖွယ် ကောင်းသည်ဟုမြင်ပါသလား (သို့) စိတ်ပျက်ဖွယ် ကောင်းသည်ဟုမြင်ပါသလား (သို့) မနှစ်မြို့ဖွယ် ကောင်းသည်ဟုမြင်ပါသလား။ ၄င်တို့ထဲမှ ၅၀% က ဤအတွေ့ အကြုံသည် စိတ်ပျက်ဖွယ်ကောင်းသည်ဟု ဖြေခဲ့ပြီး ၃၀% ကမနှစ်မြို့ဖွယ်၊ ရွံရှာဖွယ်ကောင်းသည်ဟုဖြေခဲ့သည်။ ၂၀% ကသာပျော်ရွှင်ဖွယ်ကောင်း သည်ဟုဖြေခဲ့သည်။ မှန်ကန်သော အခြေအနေတစ်ရပ်၌ လိင်ဆက်ဆံခြင်းသည် ဘုရားသခင် ရည်ရွယ် ထားသလိုမျိုး စိတ်လှုပ်ရှားဖွယ်ကောင်းသောအရာတစ်ခု ဖြစ်နိုင်ပါသည်။ သို့သော် အိမ်ထောင်ရေးအပြင် ဘက်၌ လုပ်လျှင်မူ စိတ်ပျက်ဖွယ်ကောင်းမည်ဖြစ်သည်။ ၁၆ နှစ်အရွယ်ကိုယ်ဝန်ဆောင်မိခင်လောင်းလေးက ဤသို့ ရှင်းလင်း ဖော်ပြခဲ့သည်။ အချစ်နှင့်ပတ်သက်ပြီး ရုပ်ရှင်တွေ၊ တီဗီ တွေထဲမှာ သင်တွေ့မြင်တာ မှန်သမျှဟာ အလိမ်အညာ တွေသာ ဖြစ်ပါတယ်။ ရုပ်ရှင်တွေ၊ တီဗီ တွေထဲကအချစ်ဟာ မနူးညံ့၊ မချိုသာ သလို ကြာရှည်မခံပါဘူး။ ရက်စက်ကြမ်းကြုတ်ပြီး နာကျင်စေပါတယ်။ ရုပ်ရှင်တွေထဲက လူတွေဟာ အိပ်ယာပေါ်ခုန်တက်ကြပြီး အရာအားလုံးဟာ အားကျဖွယ် ကောင်း တယ်လို့ ထင်ရပါတယ်။ နောက်တနေ့ မနက်မှာလည်း လူတိုင်းဟာပျော်ရွှင်စွာနဲ့ နိုးထလာပါတယ်။ တကယ်တမ်း ကျတော့ အဲဒီလိုမဟုတ်ပါဘူး။ သင်သာ ကျင့်သားမရသေးရင်၊ အဲဒီအရာဟာ ဆိုးဝါးစွာနာကျင်စေပါတယ်။ ပိုဆိုးတာက၊ နောက်တနေ့ မနက်မှာ သင့်ချစ်သူဟာ သင့်ကိုကြည့်တောင်မကြည့်တော့ပါဘူး။ အကြောင်းအရင်းနံပါတ် (၆) လက်မထပ်မီ ဆက်ဆံခြင်းသည် သင့်အတွက် အန္တရာယ်ရှိသည်။ လက်မထပ်မီ လိင်ပိုင်းကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းအားဖြင့် လိင်မှကူးစက်တတ်သောရောဂါများကို သင်၌ ဖြစ်စေနိုင်သည်။ လွယ်သောမိန်းကလေးများ၊ တနည်းအားဖြင့် ပြည့်တန်ဆာများသည် ပြင်း ထန်သော ထိုရောဂါ တစ်ခုခု၏ အရင်းအမြစ်ဖြစ်နိုင်ပါသည်။ ထိုကဲ့သို့ပင် ယောက်ျားများသည်လည်း “ရောဂါသယ်ဆောင်သူ” များဖြစ်နိုင် ပါသည်။ လိင်မှ တဆင့် ကူးစက်သောရောဂါများသည် ပြင်းထန်သော ပိုးဝင်မှုများ၊ မျက်စိကန်းခြင်းများနှင့် သေခြင်းကိုပင် ဖြစ်စေနိုင်သည်။ ဤပြင်းထန်သောရောဂါများသည် သင့်ကလေးများကိုပင်လျှင် ကူးစက်နိုင်သည်။ ဤရောဂါများထဲမှ အချို့ကို ကုသ၍ မရနိုင် သေးပါ။ ယောက်ျားတစ်ဦးတည်းနှင့်သာ ဆက်ဆံမှုပြုသောကောင်မလေးတစ်ဦးက သူ့ကိုသူ လုံခြုံသည်ဟု ထင်ခဲ့သည်။ ဆရာဝန်က သူမသည်လည်း ဗိုင်းရပ်ကူးစက်ခံနေရပြီးဆိုတာကို ပြောသောအခါ၊ သူမသည် အလွန်ထိတ်လန့်သွားခဲ့သည်။ ထိုဗိုင်းရပ်၏အရင်းအမြစ်ကိုရှာဖွေကြသောအခါ၊ သူမ၏ဆက်ဆံဖက် ယောက်ျားမှာ အခြားမိန်းကလေးတဦးတည်းနှင့်သာ ဆက်ဆံသည်ကို တွေ့ရသည်။ သို့သော် ထိုမိန်းကလေးသည် အခြားယောက်ျားငါးဦးနှင့်ဆက်ဆံပြီး ဤယောက်ျားငါးဦးက ပြည့်တန်ဆာများအပါအ၀င် အခြား မိန်းမ ၁၉ ယောက်နှင့်ဆက်ဆံသည်ကို တွေ့ရသည်။ ဤသို့ဖြင့် ယောက်ျားတစ်ဦး တည်း နှင့်သာ လိင်ဆက်ဆံမှုပြုနေသည်ဟု ထင်ခဲ့သောကောင်မလေးသည် နောက်ဆုံး၌လူပေါင်း ၉၂ ဦးနှင့် သူမဆက် နွယ်နေကြောင်းကို သိသွားခဲ့သည်။ အကြောင်းအရင်းနံပါတ် (၇) လက်မထပ်မီ ဆက်ဆံခြင်းသည် မိန်းကလေးတစ်ဦး၏ဘ၀ကို တစ်စစီ ကြေကွဲသွားစေနိုင်သည်။ အိမ်ထောင်ရေးအပြင်ဘက်၌ လိင်ပိုင်းဆိုင်ရာစမ်းသပ်မှုကို ပြုကြသောလူငယ်များသည် ဤမေးခွန်းအား မိမိ ကိုယ်ကို မေးသင့်သည်။ ဤသို့လုပ်ခြင်းအားဖြင့် အကယ်၍ကိုယ်ဝန်ရှိလာမယ်ဆိုရင် ငါတို့ ဘာလုပ်ကြမလဲ။ ဤသို့လည်း မေးသင့်သည်။ ဤသို့လုပ်ခြင်းအားဖြင့် ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ ငါတို့ ဘာလုပ်ကြမလဲ။ လက်မထပ်ရသေးသည့်မိခင်များအတွက် ဆောက်လုပ်ပေးထားသောအိမ်သို့ အလည်အပတ်သွားခဲ့ သူတဦးက ““သူတို့ရဲ့ အနာဂတ်ဟာ ဘယ်လိုဘယ်ပုံဖြစ်လာမလဲဆိုတာကို မသိကြတဲ့ကောင်မလေးတွေရဲ့ မျက်နှာပေါ်ထင်ဟပ်နေ တဲ့ စိတ်ပျက်၊ မျှော်လင့်ချက်မဲ့မှုတွေကို သင်ဘယ်တော့မှမေ့နိုင်မှာမဟုတ်ပါဘူး။ စစ်မှန်တဲ့အချစ်ကို သူတို့သိကျွမ်းခွင့်ရမှ ရပါ့ မလား၊ သာယာပျော်ရွှင်တဲ့အိမ်ကို အနာဂတ်မှာရမှရပါ့မလား ဆိုတာကို မသိတော့တဲ့ကောင်မလေးတွေဖြစ်ပါတယ်။ လွယ်သောမိန်းကလေးမျာသာမက ကောင်းသောမိန်းကလေးများသည်လည်း ကိုယ်ဝန်ရလာနိုင်ပါသည်။ ဖျက် ချခြင်းအားဖြင့် အလိုမရှိသောကိုယ်ဝန်ကိစ္စကို ဖြေရှင်းခြင်းသည် မှန်ကန်သောနည်းလမ်း မဟုတ်ပါ။ သင်မမွေး ရသေး သော ကလေးငယ်ကို သတ်ဖြတ်ခြင်းသည် မိမိ၌အပြစ်ရှိသည် ဟုဆိုးဝါးသည့် ခံစားချက်မျိုးကို ဖြစ်စေနိုင်သည်။ ဤဆိုး ၀ါးသည့်ခံစားချက်က သင့်ဘ၀တလျှောက်လုံး၌ သင့်အား ခြောက် လှန့်နေမည်ဖြစ်သည်။ အောက်ပါစာက ကျွန်တော်တို့ နှင့် ရင်းနှီးပြီးသား အကြောင်းအရာတစ်ခုကိုပြောပြ သည်။ ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီလို့သိလိုက်ရတဲ့အချိန်မှာ ကျွန်မဟာ ၁၈ နှစ်သာရှိပြီး ကောလိပ်တက် ဖို့ နှစ်လပဲ လို ပါ တော့တယ်။ ကျွန်မရဲ့ကောင်လေးဟာ ကျွန်မကဲ့သို့ အမည်ခံ ခရစ်ယာန်ဖြစ်ပြီး ကိုယ်ဝန်ဖျက် ချဖို့နှစ်ဦးလုံးက ဆုံးဖြတ် ခဲ့ပါတယ်။ ကျွန်မတို့ရဲ့မိဘတွေနဲ့ မိတ်ဆွေတွေကိုမရင်ဆိုင်ရဲတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ အလွယ်နည်း ကို လုပ်ခဲ့ပါတယ်။ ကိုယ်ဝန်ဖျက်ချပြီးနောက် ကျွန်မဟာစိတ်ပိုင်းနာကျင်မှုကို အလူးအလဲခံရပြီး၊ မျက်ရည်များစွာ စီးကျခဲ့ပြီး ကျွန်မ တို့ရဲ့ဆုံးဖြတ်ချက်တစ်ခုလုံးကို နောင်တရခဲ့ပါတယ်။ ယနေ့တိုင်အောင် ကျွန်မဟာ ဒူးထောက်ပြီး ငိုယိုကာ၊ ကျွန်မအား ကြင်နာသနားစွာဖြင့် ခွင့်လွှတ်ပေးဖို့ ဘုရားသခင်ထံတောင်းဆိုဆဲပါ။ ကျွန်မဟာ အရမ်းကိုမှားခဲ့တယ်လေ။ ဘုရားသခင်က ကျွန်မကိုနောက်ထပ် ဒုတိယအကြိမ်အခွင့်အရေး ပေးဦးမလားဆိုတာကို တွေးတောဆဲပါ။ သူဟာ ချစ်ခြင်းမေတ္တာ ဘုရား ဖြစ်တာကိုသိပြီး သူဟာ ဘုရားသခင် ဖြစ်တယ်ဆိုတာကိုလည်း ကျွန်မစိတ်နှလုံးအကြွင်းမဲ့ယုံပါတယ်။ ပြီးတော့ ကျွန်မဟာ ကျွန်မမှာအပြစ်ရှိ တယ်လို့ခံစားရတဲ့ ခံစားချက်ကိုပွေ့ဖက်ရင်း ဆက်လက်အသက်ရှင်ဆဲပါ။ အကြောင်းအရင်းနံပါတ် (၈) လက်မထပ်မီ ဆက်ဆံခြင်းသည် ကြီးမားသောပြဿနာအချို့ကိုဖြစ်စေနိုင်သည်။ တစ်ခါတစ်ရံ ယောက်ျားတစ်ဦးက ““မင်းကိုယ်ဝန်ရှိလာရင် မင်းနဲ့ငါလက်ထပ်မယ်။”” ဟုပြောလေ့ ရှိသည်။ အိမ်ထောင်ရေးသည် အလေးအနက်ထားရမည့်ကိစ္စဖြစ်သည်။ သင်လုပ်ဖို့မပြင်ဆင်ရသေးသည့် အလုပ်ကိုဝင်လုပ်ဖို့ မကြိုးစားသင့်ပါ။ အိမ်ထောင်ရေး၌ လရောင်၊ ချစ်ရည်လူးမှုများနှင့် နှင်းဆီပန်းများ အားဖြင့်သာ ပြည့်နှက်နေမည်မဟုတ်ပါ။ အိမ်ထောင်ရေး၌ နေ့အလင်းရောင်၊ လသားအရွယ်ဝတ်ဘောင်းဘီ များနှင့် ဟင်းခွက်ပန်းကန်များလည်း ပါဝင်သည်။ ဤစာကို စဉ်းစားဆင်ခြင်ကြည့်ပါ။ ကျွန်မအသက် ၁၇ နှစ်ရောက်တော့၊ ကျွန်မရဲ့ဘ၀ဟာရှုပ်ထွေးနေခဲ့ပါပြီ။ Ted နဲ့ကျွန်မ ၆လကြာ ပုံမှန် တွဲခဲ့ ကြပြီး နောက်ပိုင်းမှာ ကျွန်မတို့လုပ်ခွင့်မရှိတဲ့အရာတွေကို စလုပ်လာကြပြီး ကျွန်မမှာကိုယ်ဝန် ရှိလာပါတယ်။ ကျွန်မတို့ နှစ်ဦးလုံး ဟာ ကျောင်းထွက်ခဲ့ပြီး လက်ထပ်ခဲ့ကြတယ်။ ကျွန်မဟာ ကျွန်မရဲ့ဘ၀ ကိုမုန်းတီးပြီး Ted အပေါ်မှာ ကျွန်မ လုပ်ခဲ့ တာတွေ အတွက်လည်း မိမိကိုယ်ကိုမုန်းတီးခဲ့တယ်။ ကလေးက တချိန်လုံးငိုပြီး Ted ကိုစိတ်ဆိုးစေခဲ့တယ်။ သူဟာ အရက်ကို အလွန် အကျွံသောက်ပေမယ့် ကျွန်မသူ့ကို အပြစ်မတင်နိုင်ပါဘူး။ ကျွန်မတို့ဟာ အမှိုက်ပုံနဲ့နီးတဲ့နေရာမှာနေပြီး ကလေးထိန်းခေါ်ဖို့၊ ရုပ်ရှင်ကြည့်ဖို့နဲ့ သင့်တော်တဲ့ အ၀တ်အစား ၀ယ်ဖို့တောင် ကျွန်မတို့မှာပိုက်ဆံမရှိပါဘူး။ Ted က ဘာမှမပြောပေမယ့်၊ သူကျွန်မကို မုန်းတယ်ဆိုတာကို ကျွန်မ သိပါတယ်။ ကလေးကိုလည်း သူမုန်းပါတယ်။ ဒါတွေအားလုံးဟာ အိပ်မက်ဆိုး တစ်ခုသာဖြစ်ပြီး မနက်မိုးလင်းချိန်မှာ ကျွန်မအိမ်ရဲ့ အိပ်ယာထဲမှာ ကျွန်မဟာနိုးထပြီး ကျွန်မနဲ့အလွန်ခင်တဲ့ သူငယ်ချင်းတွေနဲ့ ကျောင်းကိုအတူသွားရမယ်လို့ မျှော်လင့်ခဲ့တဲ့ အချိန်တွေကလည်း မနည်းပါဘူး။ ဒါပေမယ့် အဲဒီလိုမျိုးနေ့တွေဟာ ကုန်ဆုံးသွားခဲ့ပြီဆိုတာကို ကျွန်မ သေချာ သိပါတယ်။ ကျွန်မ ဒီစာကိုရေးခြင်းမှာ အကြံဥာဏ်ရယူလိုတာကြောင့် မဟုတ်ပါ။ ကျွန်မလိုမျိုး မိမိဟာအားလုံး ကိုသိပါတယ် လို့ ကြွေးကြော်နေတဲ့ ဆယ်ကျော်သက်လေးတွေ သင်ခန်းစာ၊ အကျိုးအမြတ်ရပါစေ ဆိုတဲ့ မျှော်လင့်ချက်နဲ့ဒီစာကို ရေးရခြင်း ဖြစ်ပါတယ်။ အကြောင်းအရင်းနံပါတ် (၉) လက်မထပ်မီ ဆက်ဆံခြင်းသည် သင်နှင့်မသင့်တော်သောသူကို လက်ထပ်မိစေရန် သင့်အားလှည့် စားမည် ဖြစ်သည်။ အကယ်၍ သင်သည်လိင်ပိုင်းဆိုင်ရာ ယှက်နွယ်မှုရှိနေပါက၊ သင့်ကိုသင် အချစ်စစ်ကို တွေ့သွားပြီး ဟု ထင် လိမ့် မည်။ အမှန်မှာ သင်သည် လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုကြောင့်ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားဖွယ် ခံစားချက်များကိုသာ ရရှိ နေခြင်းဖြစ်သည်။ သင်သည် ရှေ့တဆင့်တက်ပြီး ထိုသူနှင့်လက်ထပ်ပြီးမှ သင့်အတွက်မှားယွင်းသောလူကို လက်ထပ်မိ မှန်း သိလာလိမ့်မည်။ သင်နှင့်သူကြားတွင် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုသာရှိပြီး အချစ်စစ်မရှိကြောင်းကို အလွန် နောက် ကျပြီးမှ သင် သိနိုင်သည်။ အကြောင်းအရင်းနံပါတ် (၁၀) လက်မထပ်မီ ဆက်ဆံခြင်းသည် သင်၏အိမ်ထောင်ရေးဘ၀ကို ဖျက်ဆီးပစ်နိုင်သည်။ လူအချို့က သူတို့သာ လက်ထပ်လိုက်ပါက၊ အရာအားလုံးဟာအဆင်ပြေသွားလိမ့်မည် ဟုထင်ကြသည်။ အမှန် မှာ ထိုကဲ့သို့ မဖြစ်နိုင်ပါ။ အခြေအနေအရပ်ရပ်တို့သည် သင်တို့နှစ်ဦးအတွက် အကောင်းဆုံး အနေအထားတွင် ရှိနေ တာ တောင်မှ သာယာပျော်ရွှင်သောအိမ်ထောင်ရေးကို လွယ်ကူစွာမရနိုင်ပါ။ အကယ်၍ သင်တို့သာ အစမှားခဲ့ပါက၊ ထိုသို့သော အိမ်ထောင်ရေးကို ရရှိရန်ကြိုးစားရာတွင်အလွန်ခက်ခဲလိမ့်မည်။ လက်မထပ်မီဆက်ဆံခြင်းသည် အောင်မြင်သောအိမ်ထောင်ရေးကို ရနိုင်မည့်သင်၏အခွင့်အရေးများကို အလွန် အမင်း လျော့နည်းစေသည်။ အကြောင်းပြချက်တစ်ခုမှာ လိင်ပိုင်းဆိုင်ရာ စည်းကမ်းမရှိ သူသည် လက်ထပ်ပြီးသော အခါ တွင်လည်း ဆက်လက်၍ စည်းကမ်းမဲ့စွာ ပြုမူနေထိုင်တတ်သောကြောင့် ဖြစ်သည်။ သူတို့သည် ဘယ်တော့မှ ကျေနပ် ရောင့်ရဲမှုမရှိတတ်ဘဲ အသစ်သော စိတ်လှုပ်ရှားဖွယ်အရာများ ကို ဆက်လက်ရှာဖွေတတ်သောကြောင့်ဖြစ်သည်။ တခါတရံ လက်မထပ်မီ လိင်ပိုင်းအရ စည်းမစောင့်သူနှစ်ဦးသည် လက်ထပ်ပြီးသောအခါ အဆင်ပြေစွာ ပေါင်း သင်း နေထိုင်ကြသည်ဟု ထင်ရသည်။ သို့သော် သူတို့နှစ်ဦးသည် သံသယနှင့်မယုံကြည်မှု ဟူသောမျိုးစေ့ကို စိုက်ပျိုး ထား ကြပြီး နောက်ပိုင်းတွင် ထိုမျိုးစေ့တို့က ခါးသီးသောအသီးကို သီးစေလိမ့် မည်ဖြစ်သည်။ နှစ် ၂၀ ကြာအိမ်ထောင်သက်တမ်းရှိသူနှစ်ဦးသည် သူတို့၏အိမ်ထောင်ရေးအား မပြိုကွဲစေရန်အတွက် ဒေါက်တာ ဟင်နရီနှင့် လာရောက်ဆွေးနွေးခဲ့သည်။ ယောက်ျားဖြစ်သူက ““ကျွန်တော့်မိန်းမက ကျွန်တော့်ကို မယုံဘူးဗျ”” ဟုပြောပြီး မိန်းမဖြစ်သူက ““ရှင်ကလည်း ကျွန်မကိုမယုံပါဘူး”” ဟူ၍ပြန်လည် ချေပသည်။ သူတို့နှစ်ဦးသည် တဦးနှင့်တဦး ဘာကြောင့် မယုံကြသနည်း။ အကြောင်းမှာ သူတို့သည် လက်မထပ်မီ ဆက်ဆံခဲ့ကြသောကြောင့်ဖြစ်သည်။ ဤသို့ ဆက်ဆံခဲ့ခြင်းကြောင့် သံသယစိတ်နှင့် မယုံကြည်မှုသည် နှစ်ဦးစလုံးအပေါ်၌ နှစ်၂၀ ကြာ လွှမ်းမိုးထားခဲ့ပြီး နောက်ဆုံး၌ သူတို့၏အိမ်ထောင်ရေးကို ပင် ပျက်စီးစေခဲ့သည်။ လက်မထပ်မီ ဘာကြောင့်လိင်မဆက်ဆံသင့်ကြောင်း အကြောင်းပြချက် (၁၀)ချက်ကို လေ့လာ ဆန်းစစ်ခဲ့ပြီး ဖြစ်သည်။ သို့သော် ဤ ၁၀ ချက်စလုံးထက် အရေးကြီးသောအကြောင်းပြချက် တစ်ချက် ကျန်ပါသေးသည်။ ၄င်းမှာ ဤသို့လက်မထပ်မီဆက်ဆံခြင်းသည် မှားယွင်းသည်ဆိုသောအချက်ပင် ဖြစ်သည်။ Christian Religious Teaching တစ်ကြိမ်တွင် ဘာသာရေးခေါင်းဆောင်အချို့သည် အိမ်ထောင်ရေးဖောက်ပြားမှု ကျူးလွန်သော မိန်းမတဦးကို ယေရှု Jesus ဆီသို့ ခေါ်လာခဲ့သည်။ သူတို့သည် ထိုမိန်းမကို ယေရှု၏ ခြေထောက်နား သို့ တွန်းလိုက်ပြီး ““ဆရာ၊ ဒီမိန်းမဟာ ဖောက်ပြားမှုကျူးလွန်နေစဉ်၌ပင်၊သူ့အားလက်ရဖမ်းမိခဲ့ပါတယ်။ ပညတ်တော်ထဲ၌ မောရှေက ဒီလိုမိန်းမကို ကျောက်ခဲနဲ့အသေပစ်သတ်ရမယ်လို့ မိန့်မှာထားပါတယ်။ သခင်ကရော ဘာပြောစရာရှိပါသလဲ?ဟု ပြောကြသည်။ ဤလူများသည် ထိုမိန်းမကို ဂရုမစိုက်ကြပါ။ သူတို့သည် ထိုမိန်းမကိုအသုံးပြု၍ ယေရှုအား ချောက်တွန်း လိုကြခြင်းဖြစ်သည်။ ယေရှုက ““သူမကိုမပစ်သတ်ရ။””ဟု ပြောပါက၊ မောရှေ၏ပညတ်တော် များကို ဆန့်ကျင်နေသလို ဖြစ်ပေမည်။ အကယ်၍သူက ““အသေသတ်လိုက်””ဟု ပြောပါက၊ ရောမအစိုးရနှင့် ပြသနာတက်နိုင်သည်။ ယေရှုသည်သူတို့၏မေးခွန်းကိုချက်ချင်းမဖြေပါ။ သူသည်ဒူးထောက်လိုက်ပြီး သဲပေါ်တွင် စာရေးနေ ခဲ့သည်။ ဤ လူများက ယေရှုအား ဖြေကြားရန်အတင်းအကြပ်တောင်းဆိုသောအခါ သူသည် ထပြီး ““သင်တို့ထဲမှာ အပြစ်မရှိတဲ့ သူ က ပထမဆုံ့းကျောက်ခဲဖြင့် စပြီး ပစ်စေ””ဟု ဆိုခဲ့သည်။ သူပြောတာကိုကြားသောသူများသည် မိမိတို့၏သြတ္တပ္ပစိတ်က မိမိတို့ကို အပြစ်ရှိသည်ဟု စီရင်သောကြောင့် သူတို့သည် တဦးပြီးတဦး ထွက်သွားကြသည်။ ယေရှုသည် ထိုမိန်းမကို အပြစ်လွှတ်ပေးပြီးနောက် ““သွားလော့၊ နောက် ထပ် အပြစ်မလုပ်နဲ့ တော့ဟု”ဆိုခဲ့သည်။ ဒုတိယမြောက် အပျိုစင်ဘ၀ ကျွန်မဆုံးရှုံးခဲ့ရပြီ၊ ကျွန်မနဲ့လက်ထပ်မဲ့သူအတွက် ကျွန်မရဲ့အပျိုစင်ဘ၀ကို ထိန်းသိမ်းဖို့ရန် ဘယ်လောက် အရေးကြီးတာကို ကျွန်မ နားမလည်ခဲ့ဘူး။ ကျွန်မရဲ့အပျိုစင်ဘ၀ကို ပြန်ရနိုင်မလား? မရနိုင်ပါ။ သင်၏အပျိုစင်မှုကို တစုံ တဦးအား တကြိမ်တခါသာပေးနိုင်ပြီး တကြိမ်ပေးပြီးပါက အပျိုစင်ဘ၀ကို ပြန်မရနိုင်တော့ပါ။ သင်သည် သင်၏ အပြင်ပိုင်း ခန္ဓာပိုင်းအရ အပျိုစင်မှု ပြန်မရနိုင်သော်လည်း အတွင်းပိုင်း အပျိုးစစ်မှု တနည်းအားဖြင့် အတွင်းပိုင်း စင်ကြယ်မှု ကို ပြန်ရနိုင်သည်။ ဤအရာကို ဒုတိယမြောက် အပျိုစင်ဘ၀ဟုခေါ်သည်။ ဒုတိယမြောက်အပျိုစင်ဘ၀ဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ လက်မထပ်ခင် အထိ နောက်ထပ် လိင်ဆက်ဆံ ခြင်း ကို ရှောင်ကြဉ်မည်ဟု စိတ်ပိုင်းဖြတ်ပြီး ဆုံးဖြတ်ထားသည့်အတိုင်း ပြုမှုနေထိုင် ခြင်းဖြစ်သည်။ သင်ရွေးချယ်သည့် ပုံစံအတိုင်း သင်ဖြစ်လာသည်။ သင်သည် ဤသို့သောရွေးချယ်မှုကို ပြုလုပ်ပြီး ရွေးချယ်မှုအတိုင်း ပြုမူနေထိုင်ပါက သင်သည် အရင်ကနှင့်ကွဲပြားသောသူတစ်ဦးဖြစ်လာမည်။ သင်သည် တကြိမ်တခါပင် လိင်ကိစ္စ၌ပါဝင်ပတ်သက်ဖူးပါက၊ ဆက်လက်၍ ဤကိစ္စအား လုပ်ဆောင် နေ လိမ့် မည်ဟု လူအချို့က ပြောကြသည်။ ထို့ကြောင့် သင်လုပ်ရမည့်အကောင်းဆုံးအရာမှာ ကွန်ဒုံးကို သင်နှင့် မကွာ ဆောင် ထားရန်ဖြစ်သည်။ အကြောင်းမှာ သင်သည် လိင်ကိစ္စကို မငြင်းပယ်နိုင်သော ကြောင့်ဖြစ်သည်ဟု သူတို့ကဆိုကြသည်။ မမှန်ပါ။ သင်သည် ပြောင်းလဲနိုင်သည်၊ အမှားတစ်ခုကို ပြုလုပ် မိခြင်းသည် ထိုအမှားကိုဆက်ပြုလုပ်နေရမည်ဟု မဆိုလိုပါ။ သင်သည် ပါတီပွဲတစ်ခု၌ အလွန်အကျူး အရက်သောက်မိခြင်းက ဤကဲ့သို့ ပါတီပွဲတိုင်း၌ ဆက်လက်သောက်ရမည်ဟု ဆိုလိုခြင်းလော့? မဟုတ်ပါ။ လိင်နှင့်ပတ်သက်၍ အမှားတစ်ခုအား ပြုလုပ်မိခြင်းက ဤသို့သောအမှားအား ဆက်လက်လုပ်နေ မည်ဟု ဆိုလိုခြင်း လုံးဝမဟုတ်ပါ။ သင်သည် ဒုတိယမြောက်အပျိုစင်ဘ၀ကို ရွေးချယ်နိုင်သည်။ ဆယ်ကျော်သက်များစွာသည် ဤသို့သောရွေးချယ်မှုကို နေ့စဉ်နေ့တိုင်း ပြုလုပ်နေကြသည်။ ဆယ်ကျော်သက်များသည် ဘာကြောင့် ဒုတိယမြောက် အပျိုစင်ဘ၀ကို ရွေးချယ်ကြသနည်း? အကြောင်းပြချက်များစွာရှိသည်။ ၄င်းတို့ထဲမှ တစ်ခုမှာ ကျွန်မလုပ်သောအရာဟာ မှားယွင်းကြောင်းကို နောက်ဆုံးမှာ နားလည်ပါပြီ။ အသုံးပြုခြင်းခံနေရတာကို စိတ်ကုန်နေပါပြီ။ ပွင့်ပွင့်လင်းလင်း ပြောရရင်၊ ကျွန်မဟာ အေအိုင်ဒီအက်(စ်) အပါအ၀င် အခြားလိင်မှတဆင့် ကူးစက်တဲ့ရောဂါတွေကိုလည်း ကြောက်ပါတယ်။ ကျွန်မဟာ ခါးသီးတဲ့ သင်ခန်းစာကို သင်ယူခဲ့ရတယ်။ ကျွန်မဟာ မျိုးပွားအင်္ဂါတွေကို လည်း အထိခိုက်မခံချင်ပါဘူး။ ကျွန်မဟာ ဤကိစ္စကို မရပ်တန့်ဘူးဆိုရင် ကျွန်မပေးရမည့်အဖိုးအခဟာ ကြီးမားပါတယ်။ ဘာသာမဲ့များသည် လိင်ကိစ္စကို ၂ဦးသဘောတူလျှင် အိုကေဟု လွယ်လွယ်ပြောကြသည်။ ဗုဒ္ဓဘာသာ (သို့မဟုတ်) ဘာသာရေးယုံကြည်ချက်တခု မြဲမြံစွာရှိခြင်းသော အမျိုးသမီးတဦးတွင် လက်မထပ်မှီ လိင်ဆက်ဆံမှု ဆိုးကျိုးများကို ဆင်ချင်နိုင်ပါသည်။ ထိုအမျိုးသမီးသည် မှားယွင်းသည်ဟု သိသောကြောင့် မိမိချစ်သူက ဆွဲဆောင်မှုများကို လိမ္မာပါးနပ်စွာဖြင့် ရှောင်ရှားနိုင်ပေမည်။ မလွဲရှောင်နိုင်သော အခြေအနေသို့ ရောက်သွားကောင်းရောက်နိုင်မည်။ သို့သော် အဆက်မပြတ် လွန်ကျူးခြင်းများမှ ဘာသာရေးသွန်သင်ချက်ဖြင့် ရုံးထွက်နိုင်ပြီး နောက်ဆုံး သန့်ရှင်းစွာဖြင့် လက်ထပ်ပွဲကို ကျင်းပနိုင်ပေမည်။ အမျိုးသမီးများ သီလနှင့်ပြည့်စုံသော အပြုအမူ၊ သာယာချိုသာပြောဆိုမှုများအားဖြင့် အမျိုးသားများ ၏ ကြမ်းတမ်းသော၊ နွားသိုးရိုင်းစိတ်များ နည်းပါးသွားရသည်။ အမျိုးသားများ၏ အင်အားသုံး၊ ချိမ်းခြောက်မှုများကို ကြောက်ရန်မလိုသော်လည်း လေးစားရပါမည်။ သို့ဖြင့် လိင်ကိစ္စကို (တဏှာပါဝါ) သန့်ရှင်းစေခြင်းဖြင့် အိမ်ထောင်သည်ဘ၀အတွက် အစကောင်းမည်ဖြစ်သည်။ ခရစ်ယာန်ဘာသာယုံကြည်သူ အမျိုးသမီးအတွက် ဘုရားရှင်သည် သင်၏ကယ်တင်ရှင်အဖြစ် လက်ခံလိုက်ခြင်းအားဖြင့် သူကသင့်အား လူသစ်အဖြစ် ပြုလုပ်ပေးခြင်းဖြစ်သည်။ သူသည် သင့်အတိတ်ကို ဖျက်ရန်အတွက် Delete ခလုတ်ကို နှိပ်သည်နှင့်တူသည်။ သင်သည် ဘုရားရှင်ရှေ့ တွင် လူသစ်တဦးဖြစ်လာသည်။ သင်သည် ဘုရားရှင်၏ မျက်စိတော်ရှေ့၌ သန့်ရှင်းစင်ကြယ်သူဖြစ်သည် ““လူမည်သည်ကား၊ ဘုရားရှင် ရှိလျှင် အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့ သည် အသစ် ဖြစ်ကြ၏”” ၂ကော ၅း ၁၇ မေးခွန်းများ (မှန်/မှား) ၁။ လက်မထပ်မီ ဆက်ဆံခြင်းအားဖြင့် စစ်မှန်သောအချစ်ကို သေချာပေါက် သိရှိခံစားနိုင်မည်။ ၂။ သင်သည် အခြားသူများနှင့်လိင်ဆက်ဆံပါက သင်၏အိမ်ထောက်ဖက်အား သင်၏၁၀၀% အပြည့်ပေးနိုင်မည်မဟုတ်ပါ။ ၃။ လက်မထပ်မီဆက်ဆံခြင်းသည် သင်၏မိမိကိုယ်ကို အထင်ကြီးလေးစားသောစိတ်ကို ထိခိုက်လိမ့် မည်မဟုတ်ပါ။ ၄။ လက်မထပ်မီဆက်ဆံခြင်းသည် တစ်ဘ၀စာအကျိုးဆက်များရှိနိုင်သည်။ ၅။ လက်မထပ်မီဆက်ဆံခြင်းသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောအရာတစ်ခုဖြစ်လာနိုင်သည်။ ၆။ လက်မထပ်မီဆက်ဆံခြင်းသည် အန္တရာယ်ကြီးမားသည်။ ၇။ မလိုချင်သော ကိုယ်ဝန်ကိုဖျက်ချခြင်းသည် ဘုရားမကြိုက်နှစ်သက်ပါ။ ၈။ လက်မထပ်မီဆက်ဆံခြင်းသည် သင်နှင့်လက်ထပ်ရန်အတွက် သင့်တော်သောသူကို ရွေးချယ်နိုင်မည့် နည်းလမ်း ကောင်း တစ်ခု ဖြစ်သည်။ ၉။ လက်မထပ်မီ ဆက်ဆံခြင်းသည် သင်၏အိမ်ထောင်ရေးကို ပြိုလဲစေနိုင်သည်။ ၁၀။ လက်မထပ်မီ ဆက်ဆံခြင်းသည် မှားယွင်းသည်။ အကြောင်းမှာ ဘုရားက ဤအရာသည် အပြစ်ဖြစ်သည်ဟု ပြောထားသောကြောင့်ဖြစ်သည် ရဲလင်းထွန်း (အင်းစိန်)