Showing posts with label For Teen age. Show all posts
Showing posts with label For Teen age. Show all posts

Sep 17, 2012

တိုက်တန်းနစ် ရုပ်ရှင်ရိုက်ကူးမှု မြင်ကွင်း (Behind the scenes)




တိုက်တန်းနစ်ရုပ်ရှင်ရိုက်ကူးမှုကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှ စတူဒီယိုမှာပဲ ပြုလုပ်တာ ဖြစ်ပါတယ်။ ရုပ်ရှင်အတွက် ပုံစံငယ် သင်္ဘောကို ပြန်လည်ပြုလုပ်ထားပါတယ်။


3D အနေနဲ့ ရုံတင်နိုင်ဖို့အတွက် ရက်သတ္တပတ် ၆၀ အချိန်ယူခဲ့ရပါတယ်။ 3D version အနေနဲ့ ပြောင်းလဲဖန်တီးမှုအတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၈ သန်းရှိပါတယ်။

Box office မှာ အမေရိကန်ဒေါ်လာ သန်း ၃၄၀ ကျော်ပြန်လည် ရရှိခဲ့အတွက် အောင်မြင်တဲ့ 3D ရုပ်ရှင်တစ်ခုဖြစ်ခဲ့ပါသေးတယ်။

၁၉၉၇ခုနှစ် ရိုက်ကူးစဉ်ကလည်း သင်္ဘောနှစ်မြှုပ်သော ဇာတ်ဝင်ခန်းများကို Computer Generated Imagery (CGI) နည်းပညာကိုအသုံးပြုထားခြင်း ဖြစ်ပါတယ်။ ကွန်ပျူတာ effect လို့အလွယ်တကူ ခေါ်တဲ့ နည်းပညာဟာ ၁၉၉၀ ကျော်နောင်းပိုင်းကာလများ များစွာ ထွန်းကားလာပြီး တိုက်တန်းနစ်ဟာ နည်းပညာအဆင့်မြင့်ဆုံး ရုပ်ရှင်များထဲမှာ တစ်ကားဖြစ်လာခဲ့ပါတယ်။

Ref:moviclip.
Photo courtesy of movieclip.com. All Rights Reserved.

Jul 8, 2012

အင်တာနက် မင်းသမီး မဖြစ်စေဖို့



တယ်လီဖုန်းမှာ ကင်မရာ ပါတတ်တယ် ဆိုတာလည်း သိထားဖို့ လိုတယ်

အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေး ဆိုတဲ့ Mg Mandalay’s facebook ရဲ့ ရေးသားတင်ပြချက်ကို  ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင် နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာကို တွေ့ရပါတယ်။ အင်တာနက် နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာကိုလဲ မြင်နေရ ပြန်ပါတယ်။

ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ spyware, mailware, virus စတာတွေကို မပြောလိုပါဘူး။ ကျွန်တော့ မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ်မှာ စေတနာ ကြီးမားစွာနဲ့ ဝေငှ (share) အလုပ်ခံနေရတဲ့ ကိစ္စပါ။ ဒါကို ဒီအတိုင်း ထိုင်ကြည့် နေ လို့တော့ မဖြစ်တော့ ဘူးထင်ပါတယ်။

နာမည်ကြီးချင်လို့၊ လူသိများချင်လို့ (ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာဆိုရင်တော့ လုပ်ပါ။ ကျွန်တော်တို့လဲ ကြည့်ရှု အားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာကို   ချောင်းရိုက်ခံ ရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ် လပ်လပ် နေတာကို မှတ်တမ်းတင် ခံရတာတို့ကတော့ မဖြစ်သင့်ပါ။

အဆိုးဝါးဆုံး ကတော့ ကိုယ့်ချစ်သူကို ယုံမှတ်လို့ ပုံ အပ်မိကာမှပဲ ကျောချမှ ဓါးပြမှန်း သိရတဲ့ကိစ္စပါ။ ကိုယ့်ချစ်သူကကို ဖော်ကောင်လုပ်ပြီး အင်တာနက်ပေါ် တင်ပေးတာပါ။ ဒီကိစ္စကို အမျိုးသမီးများ ကျပ်ကျပ် သတိထား စေချင်တယ်။ တချို့ ဆို ဒီကိစ္စကြောင့် အလုပ် အကိုင်ထိခိုက်၊ ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲအောင် ဖြစ်ရပါတယ်။

ဒါတွေရဲ့ အရင်းခံကတော့ မသိနားမလည်မှု၊ နည်းပညာ မကျွမ်းကျင်မှု ကြောင့်ဆိုတာ တွေ့နေရပါတယ်။ အမျိုးကောင်း သမီးများ အနေနဲ့ ဒီလို အဖြစ်မျိုးတွေက ရှောင်လွဲနှိုင်အောင် နည်းလမ်းကောင်းလေးတွေ  ပေးချင်တယ်။ ကျွန်တော်က ကွန်ပျူတာ သင်တန်းဆရာ တစ်ယောက်ပါ။

ပြီးတော့ ပညာရှင်အဆင့် ဓါတ်ပုံ၊ ဗီဒီယို ၇ိုက်ကူးသူ တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်ပေးတဲ့ နည်းလမ်းတွေက အမတို့ ညီမတို့ အရှက်နဲ့ သိက္ခာကို တတ်နိုင်သလောက် ကာကွယ်ပေး နှိုင်မယ်လို့လဲ ထင်ပါတယ်။

* ၁။ ဘယ်သူ့ကိုမျှ မယုံပါနဲ့ ဘယ်လောက်ပဲ ချစ်ချစ် ၊ ဘယ်လောက်ပဲ ရင်းနှီးနှီး လွပ်လွပ် လပ်လပ် နေတာ ကို မှတ် တမ်းတင် မခံပါနဲ့ ။ သူကိုယ်တိုင်က စိတ်ချရသော်လဲ သူ့ကိုယ်တိုင် မသိလိုက်ပဲ သူဆီကကိုယ့် ဓါတ်ပုံကို သူများခိုး သွားတာမျိုး ခံရတတ်ပါတယ်။

* ၂။ ကိုယ်ကိုယ်တိုင်လဲ မှတ်တမ်း မတင်ပါနဲ့ကိုယ့် ကိုယ်လုံး ဘယ်လောက် လှသလဲ သိချင်ရင် မှန်ထဲမှာပဲ စိတ်တိုင်းကျ ကြည့်ပါခင်ဗျာ။ ဓါတ်ပုံရိုက် မကြည့်ပါနဲ့။ အဲဒါလဲ အွန်လိုင်း မင်းသမီးဖြစ်ဖို့ လမ်းစပါ။

* ၃။ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်ပစ်လိုက်ပြီ (delete) ဆိုတိုင်းလဲ စိတ်မချပါနဲ့ ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်လိုက်ပြီ ဆိုတိုင်းလဲ စိတ်ချရတာ မဟုတ်ပါ။ အစွမ်းထက်သော recovery software  မြောက်များစွာ ရှိနေပါတယ်။

အဲဒီ့ဆော့ဝဲ တွေဟာ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ် လောက်က ဖျက်ထားတဲ့ ဓါတ်ပုံ ဗီဒီယို တွေကို အလွယ်တကူ ပြန်လည် ရှာပေး နိုင်ပါတယ်။

ကွန်ပျူတာပြင် ဆရာတိုင်း လိုလို လုပ်တတ်ပါတယ်။ ကိုယ့်ကင်မရာနဲ့ စိတ်ကြိုက် ရိုက်ကြည့်တယ်။ ပြီးတော့ ဖျက်ပစ် လိုက် တယ် ဆိုပေမယ့် သာမန် ကျွမ်းကျင်သူ တစ်ယောက်ဟာ ဒါတွေကို အလွယ်တကူ ပြန်လည် ရယူ နိုင်တာကို လုံးဝ မမေ့ ပါနဲ့။

* ၄။ အင်တာနက်ဆိုင်မှာ ကိုယ့်ကွန်ပျူတာနဲ့ သုံးရင်လဲ သတိထားပါ။ အင်တာနက်ဆိုင်မှာ ကိုယ့် လက်ပ်တော့ပ် နဲ့သုံးရင် ကိုယ့်လက်ပ်တော့ပ်ထဲက အချက်အလက်ကို အင်တာနက်ဆိုင်က အလွယ်တကူ ၀င်ရောက်ကြည့်ရှု ကော်ပီကူးထားနိုင်တယ်ဆိုတာ သိထားပါ။

အင်တာနက် ဆိုင်တွေမှာ ဆိုင်မှာ ရှိတဲ့ ကွန်ပျူတာတွေကို ကောင်တာက အလွယ်တကူ ထိမ်းချုပ်   နိုင်အောင် network စနစ် တစ်မျိုး ချိတ်ဆက် ထားတတ်ပါတယ်။ ကိုယ်က အဲဒီဆိုင်မှာ အင်တာနက် သုံးတယ်ဆိုရင် ကိုယ်ကလဲ အဲဒီစနစ်ထဲ ကို အလိုလို ရောက်သွားပါတယ်။ ဒါဆိုရင် အင်တာနက် ဆိုင်ကောင်တာကနေ ကိုယ့်ကွန်ပျူတာကို နက်ဝါ့ခ် ကနေ ၀င် ရောက် ကြည့်ရှု နိုင်ပါတယ်။ ဒါကြောင့် အင်တာနက် ဆိုင်မှာသုံးမယ့် ကိုယ့်လက်ပ်တော့ပ်မှာ အရေးကြီးတဲ့ ကိုယ့်ပုံတွေ ထည့် မထားပါနဲ့။

* ၅။ နည်းပညာကို အထင်မသေးပါနဲ့ ကိုယ့်လက်ပ်တော့ပ်ထဲမှာ ပုံတွေထည့် မထားပါနဲ့၊ မလုံခြုံပါဘူး ဆိုတော့ နည်းနည်း နားလည်တဲ့ ကိုကို၊ မမတွေက share ပေးမထားရင် ရပါတယ်လို့ ဆိုကြတယ်၊ ဟုတ်ကဲ့ နည်းပညာ ကို အထင်မသေး ပါနဲ့ ခင်ဗျား ၊ ကိုယ့်ထက် ပိုတော်တဲ့ ဆရာကြီးတွေ ရှိနေသေးတယ် ဆိုတာလဲ မေ့မထားပါနဲ့။

cracker တို့ hacker တို့ဆိုတာ အလကား ပေးထားတဲ့ နာမည်တွေ မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည် ကပြောမယုံ ကြုံဖူးမှ သိလောက်အောင် မြင့်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က စိတ်ချရအောင် သတိရှိတာ အကောင်းဆုံးပါ။

* ၆။ အင်တာနက်မှာ တွေ့တဲ့သူကို မယုံပါနဲ့ အင်တာနက်က တော်ကီ ကိုကိုတို့ကပဲ အပြောကောင်း သလား၊ အွန်လိုင်း မမ တွေကပဲ အညှာလွယ်သလားမသိပါ။

vzo chat လို ဟာမျိုးနဲ့ ချွတ်ပြ၊ လှန်ပြတဲ့ မမတွေ ၊ ညီမတွေ ရဲ့ပုံများ အင်တာနက် ပေါ်မှာ   တွေ့နေရပါတယ်။ (ကျွန်တော် အသုံး ရိုင်းသွားရင် ခွင့်လွှတ်ပါ) ၀မ်းနည်း စရာကောင်း တာက ပါးကွက်ကျားနဲ့ ထမီနဲ့ ဗမာမလို့ ထင်းခနဲ သိသာတဲ့ ပုံ တွေပါ အများကြီး ပါလာတာပါ။

ကြေးစား တွေပါလို့ ပြောရအောင်လဲ အိမ်မှာ ကိုယ်ပိုင် အင်တာနက် လိုင်းနဲ့ ကိုယ်ပိုင် ကွန်ပျူတာနဲ့ သုံးနိုင်တဲ့ အဆင့်က ကြေးစား မဟုတ်နိုင်ပါ။ ဖြစ်နိုင်ခြေ ရှိတာက အွန်လိုင်း ကိုကိုကလဲ အပြောကောင်း၊ ညီမလေး တို့ကလဲ သဒ္ဒါလွန် တယ် ထင် ပါတယ်။

မယုံကြပါနဲ့ ညီမလေးတို့ရယ်။ ကိုယ့်ကို တကယ်ချစ်တဲ့ သူဆိုတာ နှစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာ မှားချင် မှားမယ်၊ အဲဒီလို ဗြောင်ကြီးတော့ မတောင်းဆိုပါဘူး။ အဲ ….. ကိုယ့်သိက္ခာကို ရင်းရဲတယ် ဆိုရင်တော့ လုပ်ပေါ့။ (VZO က အရုပ် တွေ အသံတွေ မှတ်ထားလို့ ရတယ် ဆိုတာလဲ သတိရပါ။)

၇။ခိုးအရိုက် ခံရခြင်းမှ ကာကွယ်ဖို့ဆိုရင် ကိုယ်မရင်းနှီး မကျွမ်းဝင်တဲ့ နေရာမှာ (ဟော်တယ်၊ တည်းခိုခန်း၊ ပန်းခြံ) စတဲ့ နေရာတွေမှာ လွပ်လွပ် လပ်လပ် မနေပါနဲ့။ သတိရှိပါ။ ကင်မရာတွေ အကြောက်ဆုံး၊ အားနည်း ချက် တစ်ခုကတော့ အမှောင်ပါ။ ဘယ်လောက် ကောင်းတဲ့ ကင်မရာမဆို အလင်းရောင် အားနည်းသော နေ ရာမှာ အဆင် မပြေနိုင်ပါ။

ဒါကြောင့် စိတ်မချရသော နေရာများတွင် လွပ်လွပ် လပ်လပ် ( ဥပမာ အ၀တ်အစား လဲတာ) နေရတော့ မယ် ဆိုရင် လုံးဝ မှောင်သွား အောင်လုပ်ပါ။ ဒါဆို ကင်မရာတွေ မတတ်နိုင်တော့ပါ။ အမှောင်ထဲမှာ ရိုက်နိုင် တယ် ဆိုတဲ့ (Night Shot) ဆို တဲ့ ကင်မရာ တွေတောင် အနဲဆုံး အနီရောင် ရောင်စဉ်လေး လင်းမှ အလုပ် ဖြစ် တာပါ။

* ၈။ spy camera တွေကို တတ်နိုင်သမျှ ရှာပါ အခုခေတ်မှာ သုံးသောင်း လောက်ဆို spy camera တစ်လုံး ရနိုင်ပါတယ်။ ဒါကြောင့် စိတ်မချရတဲ့ နေရာတွေမှာဆို spy camera တတ်ထားမထား တတ်နိုင် သလောက် ရှာပါ။ ဒါ ကိုကိုတွေ၊ ဦးဦး တွေ အတွက်လဲ အရေးကြီးပါတယ်။

တော်ကြာ ကိုယ်တောင် မသိပဲ နာမည်ကြီး အွန်လိုင်း မင်းသား ဖြစ်သွား နိုင်ပါတယ်။ များသော အားဖြင့် ကင်မရာတွေကို မြင်ကွင်း ကျယ်ကျယ် ရအောင် ဒေါင့်တွေမှာ တတ်ထား တတ်ပါတယ်။ သေသေ ချာချာ ရှာပါ။ အခန်း အပြင်မှာ တတ် ထားပြီး မတ်စေ့ လောက်အခန်းကို ဖောက်ထား တာမျိုးလဲ လုပ်တတ် ကြပါတယ်။ မသင်္ကာဖွယ်ရာ အပေါက်တွေကို ဒေါင့် တွေ မျက်နှာ ကျက်တွေမှာ သေချာရှာပါ။

ဘာမှမတွေ့ဘူးဆိုပြီးလဲ စိတ်ချမနေပါနဲ့၊ လိုအပ်ရင် အမှောင်ကို အကာ အကွယ် ယူပါ။ အဲ super market တွေက အ၀တ် လဲခန်းတွေမှာလဲ ရှိတတ်တယ်နော်၊ လုံခြုံရေး အတွက် တတ်ရတာပါ ဆိုပဲ။

* ၉။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အွန်လိုင်း မင်းသား မင်းသမီး ဖြစ်သွားပြီ ဆိုရင် ရောရှက်ပြီး ငြိမ်မနေပါနဲ့၊ သိပ်မပျံ့သေးမှီ တားဆီးပါ။ Sex ၀က်ဆိုက် တော်တော် များများ ဟာ User က တောင်းဆိုလို့ ရှိရင် အချက် အလက်တွေ ဖျက်ပေး ပါ တယ်။ ကိုယ့် ပုံ ပါနေတာ သေချာရင် အဲဒီ ၀က်ဆိုက်ကို အကြောင်း ကြားပြီး ဖျက်ခိုင်းပါ။ အဲဒီလို အကြောင်း ကြားလို့ ဖျက်ပေးတာ သုံးခါ လေးခါတွေ့ ဖူးပါတယ်။

* ၁၀။ ကိုယ်ချင်းစာပါ။ တွေ့ဖူးပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး တွဲရိုက်ထားတဲ့ ပုံတွေမှာ အမျိုးသား ကိုယ်တိုင်က တင် တာ ဆိုတော့ သူုမျက်နှာတော့ သူဖျက်ထား တာတွေ့ဖူးတယ်။ ဒါ ကိုယ်ချင်း မစာတာပါ။

မလုပ်ပါနဲ့ဗျာ သူတို့က ကျွန်တော်တို့ ထက်ပိုရှက် တတ်တာပေါ့။ ကိုတောင် ရှက်တတ် သေးရင် သူများ အရှက်ကွဲ အကျိုး နည်း ဖြစ်အောင် မလုပ်သင့်ပါဘူး။

ဒါ စေတနာ ဗလဗွနဲ့ မျှဝေတတ်တဲ့ ကိုယ်ချင်း မစာတဲ့ အမျိုးသားတွေ အတွက်ပါ။ ခိုးလဲ မရိုက် ကြပါနဲ့။ ကိုယ့်ကို ချစ်လို့ အလိုလိုက်ထားတဲ့ သူကိုလဲ မျက်နှာလွဲ ခဲပစ် မလုပ်သင့်ပါ။ ဇာတ်လမ်း အသစ်တင်ချင် တယ်ဆိုရင် လဲ ကြေးစား အဆင့် ထဲ မှာ အရိုက်ခံတဲ့ သူတွေ ရှိပါတယ်။ သူတို့နဲ့ လှုပ်ရှားပေါ့။ နောက်ဆုံးအဆင့် မျက်နှာလေး ဖျက်ပေးတာပဲ ဖြစ်ဖြစ်တော့ မဖြစ်မနေ လုပ်ပေးကြပါ။

အင်တာနက်ဆိုတာဟာ လူ့ အကျိုးသယ်ပိုးဖို့ ပေါ်ပေါက်လာတာပါ။ ဒါကို အကျိုးမရှိတဲ့ နေရာမှာ သူများ အကျိုး ထိခိုက် အောင် မလုပ်ကြပါနဲ့။ အမျိုးကောင်း သမီးများကို ညှာတာဖို့ ပြောတာပါ။

Jun 30, 2012

"မိဘကိုဂရုစိုက်၊ ပြုစုဖို့ အချိန်ကိုမစောင့်ပါနဲ့"

လူတွေကပြောတယ်။ ငါချမ်းသာတဲ့တစ်နေ့ ငါ့မိဘတွေကို ပိုက်ဆံတွေပုံပေးပစ်မယ်။ ပိုက်ဆံပုံပေါ်ထိုင်ပြီး သူတို့ဝယ်ချင်တာဝယ်၊ စားချင်တာ စားပါစေ။ ငါအချိန်ရှိတဲ့တစ်နေ့ ငါ့မိဘကိုခေါ်ပြီး ကမ္ဘာပတ်ပစ်မယ်။ သူတို့အသက်ရှင်တုန်း တဝကြီးပေးပျော်လိုက်မယ်။

ပိုက်ဆံချမ်းသာမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘရဲ့သွားတွေက အစားဝါးနိုင်တော့မှာ မဟုတ်ပါဘူး။ အချိန်ရှိမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘတွေ လမ်းလျှောက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဟိုဟာဖြစ်၊ ဒီဟာဖြစ်ဖို့ အချိန်ကိုစောင့်နေတဲ့ သားသမီးတွေကြောင့် ဒိတ်လွန်သွားတဲ့ မိဘတွေလည်းရှိကြပါတယ်။ တကယ်တော့ အဖေအမေကို ဂရုစိုက်ဖို့ဆိုတာ မခက်ခဲပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်အချိန်လေးမှာ ဖုန်းလေးတစ်ချက်၊ နွေးထွေးတဲ့စကားလေးတစ်ခွန်း၊ အပြုစုလေးတစ်ခုက သူတို့ရင်ကို ကြည်နူးမှုတွေနဲ့ ဆွတ်စိုစေနိုင်ပါတယ်။

သင့်မှာ ဂရုစိုက်၊ ပြုစုရမယ့်မိဘတွေရှိသေးလို့ သင်ကံကောင်းနေပါသေးတယ်။ ဒါကို သင်တန်ဖိုးထားတတ်ခဲ့ပြီလား? မိဘတွေက တဖြည်းဖြည်း အိုမင်းလာခဲ့ပြီ... နွေ၊ မိုး၊ ဆောင်း ဥတုဘယ်နှခုကို သူတို့ဖြတ်ကျော်နိုင်ဦးမလဲ? ကိုယ့်ရဲ့ရှေ့ဆက်ရက်တွေကို ဝမ်းနည်းပူဆွေးနောင်တတွေ မကျန်ခဲ့ပါစေနဲ့။

"တိုင်းပြည်အတွက် သစ္စာရှိနိုင်သမျှရှိပါ။ အိမ်အတွက် ဂရုစိုက်နိုင်သမျှ ဂရုစိုက်ပါ"
"မိဘကိုဂရုစိုက်၊ ပြုစုဖို့ အချိန်ကိုမစောင့်ပါနဲ့" တဲ့။
ဂရုစိုက်ပြုစုတယ်ဆိုတာ ပိုက်ဆံပုံပေးတိုင်း ရနိုင်တာမဟုတ်ပါဘူး။ မိဘအိုမင်းသွားပြီ... ပိုက်ဆံတွေပေးတော့ သူတို့ဘာလုပ်နိုင်မှာမို့လဲ? သူတို့ သိပ်မစားနိုင်တော့ဘူး၊ သူတို့ မဝတ်နိုင်တော့ဘူး။ ဒီလိုအချိန်မျိုးမှာ မိဘကို ဆပ်စရာအကြွေးတွေ ဆပ်နေတယ်လို့ ပိုမထင်မြင်စေချင်ပါဘူး။

တကယ်တော့...

သူတို့လိုအပ်နေတာက သားသမီးတွေနဲ့ နွေးနွေးထွေးထွေး နေရဖို့ပါ။

သူတို့လိုအပ်နေတာက နှေးကွေးတဲ့ခန္ဓာကိုယ်အတွက် ဖေးမတဲ့လက်တစ်စုံကိုပါ။

သူတို့လိုအပ်နေတာက ဆာလောင်တုန်း ခွံကျွေးတဲ့ထမင်းတစ်လုပ်နဲ့ ရေတစ်ပေါက်ကိုပါ။

သူတို့လိုအပ်နေတာက အဖော်မဲ့အထီးကျန်ချိန် အဖော်ပြုမယ့်သူတစ်ယောက်ကိုပါ။

အဝေးကို ရောက်နေတဲ့ သားသမီးတွေ တစ်လတစ်ခါ၊ တစ်နှစ်တစ်ခါ.... သူတို့နဲ့ ပေါင်းစည်းတွေ့ဆုံဖို့၊ ဖျားနာတဲ့အခါ ဂရုစိုက်နွေးထွေးတဲ့စကားကို အထပ်ထပ်အခါခါ ပြောဖို့... ဒါတွေဟာ သူတို့ရင်ထဲက လိုအင်တောင့်တမှုတွေဖြစ်တယ်။

by:ဟွဏ်းဘီးလ် (နေလင်း) 

Jun 19, 2012

တင် အချိုးကျကျ လှစေဖို့ လေ့ကျင့်ခန်း

အမျိုးသားတွေဟာ ပိန်ပိန်ဝဝ ခါး တင် အချိုး ၈၀ အောက် ရှိတဲ့ မိန်းကလေးတွေကို ပိုပြီး စိတ်ဝင်စား ကြပါသတဲ့။ တင်ပါးဆုံရိုးကွင်း (pelvis) ကား တဲ့ အမျိုးသမီးတွေက သူတို့ ကလေးလေးတွေကို ရှောရှောရှူရှူ အခက်အခဲ မရှိ မီးဖွား ပေးနိုင်လို့ သင်မထားပေမယ့် အမျိုးသားတွေ ရဲ့ဦးနောက်မှာ  ဒီလိုအချိုးဆို ဒီလိုကြိုက် တဲ့ အသိရှိနေတာဖြစ်ပါတယ်။။
တင်ကို ငွါးငွါးစွင့်စွင့်လေးဖြစ် စေဖို့လုပ်နိုင်တဲ့ လေ့ကျင့်ခန်းလေးတွေရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တာက pelvis အရိုးကွင်းကျယ်လာစေမှာ မဟုတ်ပေမယ့် အဲဒီ အပေါ်ကို ကြွက်သား ထပ်အုပ်ပေး တဲ့ သဘောပါ။ ကြည့်ကြရအောင်လားရှင်။

Side Lunge

A)ခြေထောက်ကို တင်ပါးနဲ့ တစ်တန်းထဲမှာထားပါ။ အလေး တစ်ခုစီကို လက်တစ်ဘက် စီ မှာ ကိုင်ပြီး ကိုယ်ကိုမတ်မတ်နေပါ။
B) ညာဘက်ခြေကို ဘေးသို့ ဆန့်နိုင်သမျှ ဆန့်ထုတ်ပြီး ဘယ်ဒူးကို ကွေးချပါ။ အလေးနှစ်နှစ်ခု ဟာ ဘယ်ခြေရဲ့ တဖက်တချက်မှာ ရှိပါစေ။ :: လုပ်နေစဉ် အတွင်းမှာ တင်ပါးသားကို အနောက်သို့ ပစ်ထားဖို့လိုပါမယ်။
C) မူလ အနေအထားတိုင်း ပြန်သွားပြီး တစ်ဖက် သို့ပြောင်းပါ။
:: ဘယ်၊ညာ တစ်ဘက်စီကို ၁၀ ကြိမ် မှ ၁၂ကြိမ်ထိ လုပ်ပေးပေးရပါမယ်။

Side Step Ups

A) လှေကားဖြစ်ဖြစ်၊ ခွေးခြေဖြစ်ဖြစ် မြင့်တဲ့နေရာ တစ်ခုပေါ်ကို ဘယ်ခြေထောက်ကို တင်ထားပြီး ကိုင်ထားတဲ့ အလေးကို ဘယ် ပခုံးနဲ့ကပ်ထားပါ။
B) ဘယ်ခြေကိုအားပြုရင်း ညာခြေကို အရှေ့ သို့လှမ်းကန်ပါ။ ဟန်ချက် မပျက်အောင် ညာလက် ကို ပုံမှာပြထားတဲ့အတိုင်း ဘေးသို့ ဆန့်တန်းထားရပါမယ်။
:: ၁၀ကြိမ်ပြည့်အောင်လုပ်ပြီး နောက်တစ်ဖက် ဘက်ပြောင်းပါ။

Hip Abductor
A) မတ်တပ်ရပ် အနေအထားမှာဘယ်ခြေကို ညာခြေအရှေ့မှာ ထားပါ။ :: ခါးမကိုင်းမိစေဖို့ ဂရုပြုပါ။
B) ဘယ်ဘက်ခြေထောက်ကို မူလနေရာမှ ဘေးတိုက် အဝေးသို့ လွှဲပါ။ လွှဲနေစဉ်မှာ ဒူးမကွေးစေဖို့ သတိပြုရပါမယ်။
::လေ့ကျင့်ခန်း တစ်ခေါက်လုပ်တိုင်း ၁၂ကြိမ်လွှဲပေးရပါမယ်။
::::
အချိန်တိုအတွင်းမှာ သိသိသာသာလေး ဖြစ်စေချင်ရင် တော့ အထက်မှာ   ဖော်ပြထားတဲ့  လေ့ကျင့်ခန်းလေးတွေကို တစ်နေ့ကို သုံးကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။
ဒီဆောင်းပါးလေးကို ဒီမျှနဲ့ ကျေနပ်နှစ်သက်နိုင်မယ်လို့မျှော်လင့်ပါတယ်ရှင်။ နောက်နောင်အလျင်းသင့်ရင် ပျိုမေတို့အတွက် ကောင်းနိုးရာရာလေးတွေကို ကြိုးစားဖော်ပြပေးသွားဦး မှာပါ။ စာဖတ်သူပျိုမေတွေ အားလုံး ကျန်းမာပျော်ရွှင်ဖွယ် နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

မြတ်ကြည် (သနပ်ခါးမေ)

Bra size နံပါတ် မမှားရအောင်

သုတေသနပြုချက် အရ အမျိုးသမီး ၁၀ ယောက်မှာ ၇ ယောက်ဟာ၊  Bra size အမှား တွေကို ဝတ်နေကြပါတယ်တဲ့။ ဒီလို ကိုယ်နဲ့မကိုက်တဲ့ နံပါတ်တွေကို ဝတ်နေတာဟာ၊ ရင်သားကို အရွယ်မတိုင်ခင် လျော့တွဲတာတို့၊ အချိုးမကျတော့တာတို့ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ကိုယ့် bra size ဘယ်လောက်လဲဆိုတာ အတိအကျတော့ သိဖို့လိုတာပေါ့နော်။ကိုယ့်အကြိုက်ဆုံး  (ဝတ်ရတာ fitting အကျဆုံးလို့ထင်တဲ့) အခုအခံ မပါတဲ့ bra တစ်ထည်၊ ပေကြိုးတစ်ချောင်းနဲ့၊ (ကိုယ်တိုင်တိုင်းရင် အဆင်မပြေတာတွေရှိတာမို့) တိုင်းပေးမယ့် အဖော်တစ်ယောက်လိုပါမယ်။

ပုံမှန်နှင့် ရင်အုံဖွံ့ဖြိုးသူတွေ အတွက်

ပထမဆုံးအနေနဲ့ ရင်အုံ ဆုံးသွားတဲ့ နေရာမှာ ပေကြိုးကို ကိုယ်တစ်ပတ် တိုင်းပါ။ (ပေကြိုးသည် မြေပြင်နှင့်အပြိုင်ရှိပါစေ)  ရလာတဲ့ ဂဏန်းကို ၅ ပေါင်းလိုက်ရင် band size ရပါပြီ။
အကယ်၍ ရလာတဲ့ နံပါတ်က မ ဂဏန်းဆိုရင်၊ တစ် ပေါင်းပေးရပါမယ်။ Band size  တွေက စုံဂဏန်း ပဲ လာတာကြောင့် ပါ။


ဒုတိယအဆင့် အနေနဲ့ ရင်သားအပြည့်ဆုံး ဖြစ်တဲ့နေရာကို တစ်ပတ် တိုင်းရပါမယ်။ ရလာတဲ့ နံပါတ်က Cup size ဖြစ်ပါတယ်။
Cup size ထဲ က Band size ကို နှုတ်လိုက်မယ်ဆိုရင် ရလာတဲ့ ကွာခြားချက် ဂဏန်းဟာ A, B, C, D သက်မှတ်ပေးတဲ့ ဂဏန်းဖြစ်ပါတယ်။
 ကွာခြားချက်

<1/2″=AA
1″= A
2″=B
3″=C
4″=D
5″=DD/E
6″=DDD/F ဖြစ်ပါတယ်။
 ဥပမာ။ ။
 Band Size= 36″ Cup size 32″ —> (36 – 32 = 4) (4 = D)
ပျိုမေ့ Bra size က 36D ဖြစ်ပါတယ်။

ရင်အုံသေးတဲ့ သူတွေအတွက်ဆိုရင်

Cup size ကိုရဖို့အတွက် ညာဘက်ရင်သား အစက နေ ဘယ်ဘက်ရင်သား ဆုံးသွားတဲ့နေရာအထိ ပေကြိုးနှင့်တိုင်းပါ။ ရလာတဲ့ ဂဏန်းကို Band size ထဲမှ ပြန်နှုတ်ပေးပါ။
 ကွာခြားချက်
7″  = A
8″  = B
9″  = C
10″= D
11″= DD
Band size = 34″, Cup size = 26″—> (34 -26 =8″) (8=B)
ပျို့မေ့ bra size က 34B ဖြစ်ပါတယ်။

ပျိုမေတို့ သက်တောင့်သက်သာရှိရှိ ဝတ်နိုင်ပြီး ရင်သားအလှ မပျက်စေဖို့၊ ကိုယ်နဲ့ကိုက်မယ့် bra size ကို ရွေးဝယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Dining Etiquette Guide


ကိုယ့်ချစ်သူနဲ့ ပဲဖြစ်ဖြစ်၊ ဖိတ်ကြားခံရတဲ့ ညစာ စားပွဲများမှာပဲ ဖြစ်ဖြစ် လှလှပပ စမတ်ကျကျစားနိုင်ဖို့  သိပြီးသားနည်းလမ်းတွေကို ပဲ ပေါင်းစီးတင်ပြလိုက်ပါတယ်။

Making Restaurant Reservations:
Restaurant reservations သည်လည်း တခြား appointment များနည်းတူပါတယ်။ ၁၅ မိနစ်ထက် ပိုနောက်ကျခဲ့ရင် (သို့ ) cancel လုပ်ချင်ခဲ့မယ်ဆို ရင် ဖုံး ကြိုခေါ်သင့်ပါတယ်။


How to use napkins:
စားပွဲမှာထိုင်ပြီးပြီဆိုတာနဲ့  စားပွဲတင် လက်သုပ်ပဝါ (napkin) ကို သင့်ပေါင်ပေါ်မှာ ဖြန့်ခင်းလိုက်ပါ။ လက်သုပ်ပဝါကိုဖြန့် ရာမှာ လှုပ်ရမ်းပြီးဖြန့် တာမျိုးမလုပ်ပဲ အသာအယာသာ ဖြန့် သင့်ပါတယ်။ formal restaurant တွေမှာတော့ waiter က သင့်ကို ကူညီပါလိမ့်မယ်။ ကိုယ်ပိုင် napkin ကို ယူသွားပြီး အသုံးပြုချင်းကိုတော့ ရှောင်ကျင်သင့်ပါတယ်။
တစုံယောက်က ညစာကို ဖိတ်ကြားခဲ့တာဆိုရင်တော့ ဖိတ်ကြားသူ ပဝါကို ဖြန့် ခင်းပြီး မှ မိမိက ပဝါကို လိုက်ခင်းချင်းဖြင့် လေးစားမှုကို ပြသနိုင်ပါတယ်။ ပဝါဖြင့် ပါးစပ်သုပ်ခြင်း၊ မျက်နှာသုပ်ခြင်းများရှောင်ပါ =)
ခဏသွားစရာရှိခဲ့ရင် အသာခေါက်ပြီး ပန်းကန်ရဲ့ဘေးမှာ တင်ခဲ့ပါ။ ဖြန့် ခဲ့တာမျိုး၊ ထိုင်ခုံပေါ်တင်ခဲ့တာ မျိုးရှောင်ပါ။
စားနေစဉ် napkin (လက်သုပ်ပဝါ) ကို ပေါင်ပေါ် မှာ ဖြန့် ခင်းထားပြီး စားပြီးတဲ့အခါ အသာခေါက်ပြီး စားပွဲပေါ်တင်ခဲ့ပါ။ ပန်းကန်ပြားပေါ်၊ ထိုင်ခုံပေါ် တင် ခဲ့ခြင်းကို ရှောင်ပါ။

When to start eating:
စားပွဲမှာ စားစရာ အကုန်ခင်းကျင်းပြီးမှသာ စ, စားသင့်ပါတယ်
ဖိတ်ကြားခံရတဲ့ စားပွဲတွေမှာတော့ ဖိတ်ကြားသူ က စတင်စားမှ စ သင့်ပါတယ်။

How to use dinnerware & Silverware:



Eat to your left, drink to your right ဆိုတဲ့အတိုင်း စားစရာများက သင့်ရဲ့ ဘယ်ဘက်၊ ဖန်ခွက်များက သင့်ရဲ့ ညာဘက်မှာ ရှိသင့်ပါတယ်။
ပုံမှန်စားပွဲတွေမှာ ပုံပါအတိုင်း သင့်ရဲ့ စားပွဲထိုး က စီစဉ်ချ ပေးပါလိမ့်မယ်။ မဟုတ်ခဲ့ရင်တောင် လွယ်လွယ်ကူကူသုံးနိုင်အောင်  ပုံပါအတိုင်း သင့်ကိုယ်တိုင် အစီစဉ်တကျ ပြင်နိုင်ပါတယ်။

American Style: ဓားကို ညာဘက်၊ ခရင်းကို ဘယ်လက်က ကိုင်ပြီး အသုံးပြုတဲ့ နည်းပါ။ စားရလွယ်ရုံ အနေအထားထိ စားစရာများကို လှီးပြီးတဲ့အခါ ဓားကို ပန်းကန်ပြားရဲ့ အစွန်းမှာ အသွားကို အတွင်းဘက်ထားပြီး တင်ပါ။ ပြီးရင် သင် အားသန်ရာလက်နဲ့ ခရင်းကို အသုံးပြုပြီး စားနိုင်ပါတယ်။ စားပွဲပေါ်လက်တင် စားချင်းကိုတော့ bad manner အနေနဲ့ ရှောင်သင့်ပါတယ်။

Continental/European Style: ဓားကို ညာဘက်၊ ခရင်းကို ဘယ်လက်က ကိုင်ပြီး အသုံးပြုတဲ့ နည်းပါပဲ။ ကွာခြားချက်က လက်ပြောင်းချင်းမပြုပဲ ခရင်းကိုဘယ်လက်နဲ့ သာ ပြီးဆုံးတဲ့ အထိဆက်စားပါတယ်။ေ၇သောက်ချင်ခဲ့မယ်ဆို၇င်၊ ဓားနဲ့  ခရင်း နှစ်ခုလုံးကို ချ (ခရင်းကို ဓားပေါ် cross အနေထားတင်ပြီး) ပြီး သောက်ပါတယ်။
အသုံးပြုပြီးသား ဓား၊ ခရင်း၊ ဇွန်းများကို စားပွဲပေါ်မတင်ပဲ ပန်းကန်ပြား အစွန်းမှာသာ တင်ထားလိုက်ပါ။
formal dinner များမှာတော့ အစားအသစ်ချတိုင်း သင့်တော်ရာ ခရင်၊ ဇွန်းများကို အသစ်လဲပေးသွားပါလိမ်မယ်။
ဓားနဲ့ ခရင်းကို ပုံပါအတိုင်း ကန့် လန့် ထားရင်တော့ ဆက်စားဦးမယ်လို့  ဆိုလို ပြီး
မိမိ စားပြီးကြောင်း သိစေလိုပါက 
ပုံပါအတိုင်း တဝက် ကန့် လန့် အနေအထား ထား နိုင်ပါတယ်။
အသုံးမပြုတဲ့ ဓား၊ဇွန်း၊ ခရင်းများကိုတော့ စားပွဲပေါ်မှာပဲ ဆက်ထားနိုင်ပါတယ်။


General social and dining etiquette rules:
၁) သင့်တင့်တဲ့ အဝတ်အစား (သို့ ) သက်မှတ်ပေးထားတဲ့ အဝတ်အစားကို ဝတ်ဆင်ပါ။
၂) အနဲဆုံး ၁၀ မိနစ်စောသွားပါ။
၃) ဖိတ်ကြားသူအတွက် လက်ဆောင်တခုခု ယူသွားနိုင်ပါတယ်။
၎) ဖိတ်ကြားသူ ထိုင်ပြီးမှ (သို့ ) ဖိတ်ကြားသူ က ထိုင်ခိုင်းမှသာ ထိုင်ပါ။
၅) formal dinner များမှာ အမည်ကို စားပွဲမှာ ဖော်ပြမထားရင် စီစဉ်သူ ထိုင်ခိုင်းချိန်အထိ စောင့်သင့်ပါတယ်။ ပုံမှန်စားပွဲများ မှာ ကျား-မ-ကျား-မ ပုံစံဖြင့် စီစဉ်တတ်ကျပြီး အမျိုးသမီးများကို အမျိုးသားများရဲ့ ညာဘက်မှာ နေရာ ချထားတတ်ပါတယ်။
၆) ခရစ်ယန် စားပွဲများမှာ blessing ပြုချိန်မှာ တိတ်ဆိတ်စွာနေခြင်းဖြင့် လေးစားမှုပြုပါ။
ရ) formal dinner ပြီးတိုင်း ဖိတ်ကြားသူထံ ကျေးဇူးတင်ကြောင်းပို့ ပါ။

Serving food:
-         ပုံမှန် အားဖြင့် စားသောက်ဖွယ်ရာများကို ဘယ်ဘက်မှ ပြင်ဆင်ပေးပြီး ပန်းကန်များကို ညာမှပြန်သိမ်းပါတယ်။
-         Please & Thanks ကို စားစရာ ချပေးတိုင်း၊သိမ်းတိုင်း ပြောပါ။

Eating:

-         အစား ပလုပ်ပလောင်းဖြင့် စကားမပြောပါ နှင့်။ ကြည့်လို့ မကောင်းသလို၊ ရိုင်းရာလည်း ရောက်ပါတယ်။ အစားကို ကောင်းစွာ မျိုချပြီးမှ စကားပြောပါ။
-         အစားများကို မှုပ် မစားပါနှင့်။ ပူလွန်းသေးပါ က အေးအောင် စောင့်စားပါ။
-         တအားပလုပ်ပလောင်းစားတာမျိုး၊ အသံထွက်စားတာမျိုးေ၇ှာင်ပါ။
-         စကားပြောနေစဉ် ဇွန်း၊ ခရင်း၊ ဓားများကို ကိုင်မပြောပါ နှင့်။ ချထားပါ။
-         နှေးလွန်းခြင်း၊ မြန်လွန်းခြင်း မရှိစေပဲ အခြားသူများဖြင့် ညှိစားပါ။

စကားလုံးဝမပြောပဲနေခြင်း၊ ကျယ်ကျယ်လောင်လောင် လွန်စွာပြောခြင်းများရှောင်ပါ။
အစားသောက် မှောက်ကျခဲ့ ရင် ကိုယ့်ဖာသာ မသုပ် ပဲ၊ စားပွဲထိုးကိုသာ အကူညီတောင်းပါ။
စားပွဲဝိုင်းမှာ မိပ်ကပ်လူးခြင်း၊ ဖုန်းပြောခြင်းရှောင်ပါ။



Proper tipping etiquette in a restaurant:
At a restaurant, always leave a tip. Tips can vary from 15% to 25%.
Waiter: 15% to 20% of the bill; 25% for extraordinary service
Wine steward: 15% of wine bill
Bartender: 10% to 15% of bar bill
Coat check: $1.00 per coat
Car attendant: $2.00 to $5.00
If the owner of the restaurant serves you himself, you should still tip him. He will divide the tip among those who work in the kitchen and dining room.

Ref: BBC Eating Manners & Google Articles

ညာတယ်၊ မညာဘူး (Truth or Lie)

အလိမ်အအညာတွေပေါတဲ့ ဒီခေတ်ကြီးမှာ ကိုယ့်ကို ညာနေတာလား ကြည့်တတ်ဖို့ လိုပါတယ်။ ဒီဆောင်းပါးလေးက ပျိုပျို တို့အတွက် သာမက ကိုကို တွေအတွက်ပါ အသုံးဝင်မှာပါ။ နားပါးဖို့၊ မျက်စိလျင်ဖို့တော့ လိုမယ်နော်။


1) လက် (ဘယ်ဆီ ဘယ်ဝယ်)
ဟိုးကလေးဘဝတုန်းက မပြောသင့်တာပြောမိပြီဆို ပါးစပ်ကို လက်နဲ့ အလန့်တကြား လှမ်းအုပ်မိကြတယ်။ အသက်ကြီးလာတဲ့ အခါကျတော့၊ ပါးစပ်ကို လက်နဲ့မအုပ်မိပေမယ့်၊ မသိစိတ်က မျက်နှာကိုလက်နဲ့ကိုင်တာတို့၊ နှာခေါင်းပွတ်တာတို့ လုပ်တတ်ကြတယ်။

2) ပေကလပ် ပေကလပ် မျက်လုံး
မဟုတ်တာပြောနေတဲ့သူဟာ သာမန်အချိန်ထက် မျက်တောင်ပိုခတ် သလို  အကြည့်ကို လည်း လွှဲတတ်ကြတယ်။

3)ဘယ်လိုပြုံး
သာမန်လူ  ပြုံးရင်ရယ်ရင် မျက်နှာတစ်ခုလုံး (အထူးသဖြင့် မျက်လုံး) ပါလိုက်ပြုံး တယ်။ ညာနေတဲ့ သူ ကို ကြည့်ရင်၊ နှုတ်ခမ်းတစ်ခုတည်း ပြုံးတာ တွေ့ရမှာပါ။

4)လုံအောင်ပုန်း
လိမ်နေတဲ့ အချိန်မှာ သူ့မသိစိတ်ထဲမှာ ကြောက် နေတာ လေ။ ငယ်ငယ် က ဆို အရိုက်မခံရအအောင် စားပွဲအောက်တွေ ဘာတွေ ဝင်ပုန်းဖူးမှာပေါ့။ အသက်လည်းရင့်လာရော၊ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ မသိစိတ်က  လက်ပိုက်ထား တာတို့ ပစ္စည်းတစ်ခုခု ကိုယ့်ရှေ့မှာယူ ထားတာ (ဥပမာ – ကော်ဖီခွက်ကိုင်တာ) တို့ကို လုပ်မိကြတယ်။

5) အသံတိတ်ရင် ကြောက်
စကားပြောနေရင်းနဲ့ ရုတ်ခြည်း ခဏလောက်နားပြီး အကဲခက်ကြည့်။ သူ့စိတ်က မသိုးမသန့်ဖြစ်ပြီး၊ စကားတွေ လျှောက်ပြောလာလိမ့်မယ်။

6) ထွင်လုံး
သူ အကြောင်းပြချက်တွေကို သာမန် လိုအပ်တာထက် ဋ္ဌီကာချဲ့ပြီး အသေးစိတ်လျှောက်ပြောနေရင်၊ အဲဒါက လုပ်ကြံဇာတ်ကြီး ဆိုတာ သိပါ။

7) ခေါင်းစဉ်ပြောင်းရင် ပျော်တယ်
ကိုယ်က အဲဒီအကြောင်း ထပ်မမေးတော့ပဲ တခြားအကြောင်းပြောင်းလိုက်ရင်၊ သူ့အမူအရာတွေ တမဟုတ်ချင်း ရွှန်းရွှန်းဝေ ဖြစ်သွားရင်တော့၊ သေချာပါပြီ။

မျက်ကပ်မှန်များနှင့် ဆောင်ရန် ရှောင်ရန်များ..


Contact lens အိုင်ဒီယာကို (၁၅၀၈)ခုနှစ်မှာ အီတလီလူမျိုး Leonardo da Vinci ကစတင်ဖော်ပြခဲ့တာပါ။ ပထမဆုံး မျက်ကပ်မှန်ကို ဖန်သား(glass)နဲ့ (၁၈၈၇)ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက မျက်ကပ်မှန်ဟာ မျက်လုံးတပြင်လုံးကို ဖုံးအောင် တပ်ရတဲ့ပုံစံပါ။ မျက်ကပ်မှန်ကို (၁၉၃၉)ခုနှစ်မှာ ပလပ်စတစ်(plastic)နဲ့ စတင်ပြုလုပ်ခဲ့ပြီး (၁၉၄၈)ခုနှစ်မှာတော့ မျက်ကပ်မှန်ကို မျက်ဆံနေရာမှာပဲတပ်ဆင်နိုင်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။
ရှေးတုန်းက မျက်ကပ်မှန်ပါ

မျက်ကပ်မှန်ကို အဓိကအားဖြင့် Hard နဲ့ soft ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ Hard contact lens ဆိုလို့ လန့်မသွားနဲ့ဦးနော်။ Hard ကိုအရင်က glass နဲ့လုပ်ပေမယ့် ခုချိန်မှာ plastic နဲ့ပဲ လုပ်ပြီး ကျုံ့နိုင်ဆန့်နိုင်ပါတယ်။ အားသာချက်က အကြမ်းခံတယ်။ ပြုလုပ်တဲ့ပစ္စည်းတွေမှာ ရေမပါလို့ သူကပိုပြီး ကြာကြာခံတယ်။ အားနည်းချက်ကတော့ သိပ်ပြီး သက်တောင့်သက်သာ မရှိတာပါ။ Soft contact lens တွေက ရေပမာဏများများနဲ့ ပြုလုပ်ထားတယ်။ ပိုပါးတယ်။ ပိုပြီးသက်တောင့်သက်သာရှိတယ်။ အကြမ်းတော့ သိပ်မခံဘူး။

ခုနောက်ပိုင်းလူငယ်တွေကြားမှာ ရေပန်းစားနေတာကတော့ Circle lens တွေပါ။ Circle lens တွေက မျက်ဆံကိုပိုကြီးသွားစေတော့ ကလေးလေးလို ချစ်စရာအသွင်ဖြစ်သွားစေတယ်လေ။ Circle lens တွေကို America မှာ FDA က ရောင်းချခွင့်နဲ့ တင်သွင်းခွင့်မပြုသေးပေမယ့် Korea တို့ Japan တို့မှာတော့ Regulate လုပ်ပြီး ရောင်းနေတာပါပဲ။ သူတို့ Regulation က ခွင့်ပြုတယ်ဆိုမှတော့ safe ဖြစ်လို့နေမှာပေါ့နော်။ ရိုးရိုးမျက်ကပ်မှန်တွေနဲ့ ဘာကွာလဲဆိုတော့ Circle lens တွေက ရိုးရိုးမျက်ကပ်မှန်တွေလောက် အောက်ဆီဂျင်မဖြတ်နိုင်ဘူး။ ဒီတော့ ရိုးရိုးမျက်ကပ်မှန်ကို (၈)နာရီလောက်ဝတ်လို့ ဘာမှမဖြစ်ပေမယ့် Circle lens နဲ့ဆို (၈)နာရီလောက်နေရင် မျက်လုံးခြောက်ခြောက်ကြီး ခံစားရတာတွေ ဖြစ်တတ်ပါတယ်။
လေ့လာသူတွေရဲ့ တွေ့ရှိချက်အရ မျက်ကပ်မှန်သုံးသူအများစုဟာ သတ်မှတ်ထားတဲ့ လိုက်နာသင့်တဲ့စည်းမျဉ်းတွေကို မလိုက်နာကြပါဘူးတဲ့။ တကယ်ဆို လူ့ခန္ဓာကိုယ်မှာ မျက်လုံးက အရမ်းအရေးပါတဲ့ အစိတ်အပိုင်းပဲနော်။ ဒီတော့ ပိုဂရုစိုက်သင့်တာပေါ့။ မျက်ကပ်မှန်တပ်နေကြတဲ့သူတွေကတော့ ကန်ဒီပြောမှာတွေ သိပြီးသားဖြစ်မှာပါ။ တပ်ဖို့ရည်ရွယ်တဲ့သူတွေ နောက်ပြီး Circle lens တွေ Onlineက မှာဝယ်တပ်တဲ့သူတွေ မသိမှာစိုးလို့ ရေးပြတာပါ။

(၁) သန့်ရှင်းရေး

မျက်ကပ်မှန်မတပ်ခင် လက်ကိုအရင်ဆေးပါ။ ဖြစ်နိုင်ရင် မျက်နှာကိုဘာမှမလိမ်းခင်တပ်တာအကောင်းဆုံးပါ။ မျက်ကပ်မှန်ကို အလှတပ်တဲ့သူတွေအတွက်ပြောတာပါ။ မိတ်ကပ်တွေဘာတွေလိမ်းပြီးမှတပ်ရင် Eye makeup တွေ အခန့်မသင့်ရင် မျက်လုံးထဲ ၀င်နိုင်တယ်လေ။ တကယ်မျက်စိမကောင်းတဲ့သူတွေကတော့ ဘာမှမလုပ်ခင်ပဲ တပ်ကြတာပါ။ မတပ်ရင် မြင်မှမမြင်ကြတာ။ မျက်ကပ်မှန်ချွတ်တဲ့ အခါကျရင် မျက်နှာမသစ်ခင် အရင်ချွတ်ပါနော်။ ချွတ်ပြီးသား မျက်ကပ်မှန်ကို မျက်ကပ်မှန်ဆေးတဲ့ solution လေးနည်းနည်းထည့်ပြီး လက်ပေါ်မှာ အရင်ပွတ်ပြီးမှ ဗူးထဲပြန်ထည့်ပါ။ ဗူးထဲကိုလည်း solution အသစ်ပြန်ထည့်ပါ။ မျက်ကပ်မှန်ကို အလှတပ်တဲ့သူတွေအများစုဖြစ်တတ်တာက မျက်ကပ်မှန်ထည့်သိမ်းထားတဲ့ဗူးထဲက solution ကို ပုံမှန်မလဲတာပါ။ တပတ်တခါတော့ solution ပုံမှန်လဲပေးပါနော်။
 
(၂) မှန်ကန်တဲ့အနေအထားနဲ့ တပ်ပါ

မျက်ကပ်မှန် ပြောင်းပြန်ကြီး တပ်ထားရင် ကြည့်ရတာ မကောင်းသလို မျက်လုံးထဲမှာ ခိုးလိုးခုလုကြီးဖြစ်တတ်ပါတယ်။ “ပ” စောက်ပုံ ခုံးနေတဲ့အနေအထားက မှန်ကန်တဲ့အနေအထားပါ။ ဘယ်လိုတပ်လဲဆိုတာတော့ ပြောပြလို့လည်း မရတော့ မပြောပြတော့ပါဘူး။ မျက်လုံးကို ညင်ညင်သာသာလေးတော့ လုပ်ပါနော်။ စစတပ်ချင်းပဲ အခက်တွေ့တာပါ။ အလေ့အကျင့်ရသွားရင် ဘာမှမခက်ပါဘူး။
 
(၃) မျက်ကပ်မှန်ကို ပုံမှန်လဲပါ
မျက်ကပ်မှန်တချို့က တစ်နှစ်ခံတယ်။ တချို့က တစ်လခံတယ်။ ကိုယ့်မျက်ကပ်မှန် သက်တမ်းကုန်တဲ့အချိန်ရောက်ရင် အသစ်လဲပေးပါ။ Expire ဖြစ်နေတာကြီး ဆက်မတပ်ပါနဲ့နော်။ ဈေးနှုန်းကတော့ ပါဝါ၊ Cylinder ကိုလိုက်ပြီးကွာတယ်။ Cylinder ကဈေးပိုကြီးတယ်။ မျက်ကပ်မှန်အသစ်ကို သူ့ဗူးထဲကထုတ်ပြီးရင် မျက်ကပ်မှန်စိမ်တဲ့ solution နဲ့ အနည်းဆုံး (၈)နာရီ အရင်စိမ်ပြီးမှ စတပ်ပါ။ ဗူးအသစ်ထဲက solution မှာ preservative တွေပါလို့ ချက်ချင်းမတပ်သင့်ပါဘူး။ မျက်ကပ်မှန်ကို ဘယ်တော့မှ ရေနဲ့မဆေးနဲ့နော်။ ရေထဲမှာ bacteria တွေပါလာနိုင်တယ်။ သူ့ solution နဲ့သူဆေးပါ။

(၄) Contact lens solution ကို ပုံမှန်ဝယ်ပါ
Solution တစ်ဗူးဟာ ဖွင့်တဲ့အချိန်ကစပြီး (၃)လ ပဲခံပါတယ်။ (၃)လပြည့်ရင် အသစ်လဲပေးပါ။ မျက်ကပ်မှန်ပုံမှန်တပ်တဲ့သူတွေအတွက်တော့ အဲ့ဒီတစ်ဗူးက (၃)လနေရင် ကုန်ပါတယ်။ ပုံမှန်မတပ်တဲ့သူဆိုရင်တော့ ဂရုစိုက်ပြီးလဲပေးပါနော်။ မျက်လုံးခြောက်တတ်လို့ မျက်စဉ်းသုံးလေ့ရှိရင်လည်း ဂရုစိုက်လဲပေးပါ။ များသောအားဖြင့် မျက်စဉ်းတွေက ဖွင့်တဲ့ရက်ကစပြီး (၁)လ ပဲခံပါတယ်။ တချို့ (၂)လခံတာတွေလည်း ရှိပါတယ်။ ဗူးပေါ်ကစာကို သေချာဖတ်ပါနော်။ မျက်စဉ်းဗူးပေါ်မှာရေးထားတဲ့ Expiry date ကိုမယူရဘူးနော်။ အဲ့ဒါက ဗူးမဖွင့်ရင် ခံမယ့် date ကိုပြောတာ။
 
(၅) ကိုယ့် Limit ကိုယ်သိပါ
လူတယောက်နဲ့ တယောက် မျက်ကပ်မှန်နဲ့ နေနိုင်တဲ့ အချိန်ချင်းမတူပါဘူး။ တချို့လူတွေက တနေကုန်တပ်ထားလည်း ဘာမှမဖြစ်ပေမယ့် တချို့ကျတော့ ၆ နာရီလောက်ဆို မျက်လုံးခြောက်ပြီး နေရခက်လာတာတွေရှိပါတယ်။ ဒါတွေက ကိုယ့်မျက်လုံးရဲ့ ခံနိုင်ရည်နဲ့ဆိုင်သလို ပါဝါ၊ Cylinder ကွာတာနဲ့လည်း ဆိုင်ပါတယ်။ Cylinder များတဲ့သူတွေက Power တပ်တဲ့သူတွေလောက် မျက်ကပ်မှန်ကြာကြာ မတပ်နိုင်ကြဘူး။ ကန်ဒီဆို Cylinder က 350 လောက်ရှိတယ်။ မျက်ကပ်မှန်ကို အလွန်ဆုံး (၅)နာရီပဲ တပ်နိုင်တယ်။ မျက်ကပ်မှန်ကိုချည်း အားကိုးလို့မရဘူး။ ကြုံတုန်းလေး ပြောပြလိုက်ဦးမယ်။ ကန်ဒီမျက်ကပ်မှန် စလုပ်တုန်းက မျက်စိလည်း စစ်တော့ ပါဝါ အပြောင်းအလဲရှိတယ်တဲ့။ ကန်ဒီကမျက်ကပ်မှန်လည်း လုပ်မယ်.. မျက်မှန်ကိုလည်း မှန်ပြန်လဲမယ်ပေါ့။ အဲ့ဆိုင်မှာ မှန်လဲဖို့ အခက်အခဲရှိနေတယ်။ ဘာလို့လဲတော့ မမှတ်မိတော့ဘူး။ ဒါနဲ့ အရောင်းကောင်တာကအစ်မက မျက်ကပ်မှန်ရှိနေပြီပဲတဲ့ မျက်မှန်က မလိုတော့ပါဘူးတဲ့။ သူတို့ပြောတာယုံပြီးတော့ မျက်မှန်ကိုတော့ မပစ်လိုက်ကြပါနဲ့နော်။ တကယ်တမ်း မျက်ကပ်မှန်က အကြာကြီးတပ်နိုင်တာမဟုတ်ဘူး။

(၆) သတိထားသင့်သောအရာများ
ဘယ်လောက်အိပ်ငိုက်ငိုက် မျက်ကပ်မှန်လေးတော့ ချွတ်ပြီးမှ အိပ်ပါနော်။ ခရီးသွားရင် မျက်မှန်လေးပဲ တပ်သွားပေါ့။ မီးဖိုနား အပူနားသွားရင်လည်း ဂရုစိုက်ပါ။ ဟိုတလောကပဲ ဖေ့ဘွတ်မှာ တွေ့လိုက်သေးတယ် မျက်ကပ်မှန်တပ်ပြီး မီးဖိုနားသွားလို့ ဆေးရုံရောက်သွားတာလေ။ Plastic က မီးဖိုကအပူနဲ့ဆိုတော့ အရည်ပျော်တာ ထင်တာပဲ။ ကြောက်တော့ ကြောက်စရာပဲ။ ဒါပေမယ့် ဂရုစိုက်ရင်တော့ မဖြစ်ပါဘူးနော်။

ဓာတ်ပုံထဲမှာ လှလှလေးဖြစ်စေချင်



ဓာတ်ပုံတိုင်းမှာ လှစေဖို့ မှတ်သားစရာနည်းအတိုအထွာလေးတွေပါ။

၁)ပြင်ဆင်စရာ


  • ရိုက်တော့မယ်ဆိုမှ မျက်လုံးတွေမို့၊ မျက်ကွင်းတွေညို ဆို သိပ်အဆင်မပြေပါဘူး။ မျက်လုံးတွေမို့နေရင် ပါးပါးလှီးထားတဲ့သခွါးသီး ကိုမိနစ်အနည်းငယ်ကပ်ပေးပါ။ သခွါးသီးမှာပါတဲ့ပိုတက်စီယမ်ဓာတ်က တော့ မျက်ကွင်းမည်းတွေကိုစုပ်ယူပေးပါလိမ့်မယ်။

  • သင်ရိုက်မယ့်ကင်မရာက Flash ပါနေပါသလား? ဒါဆိုရင်တော့နှုတ်ခမ်းနီ၊ ပါးနီ ကို နည်းနည်း ပိုပြီးမြင်သာအောင်ပြင်ရမှာပါ။ အကယ်၍ ပါးရိုးကိုမြင့်မြင့်နဲ့ ထင်ထင်လေးဖြစ် ချင်ရင် ပါးရိုးအောက်နေရာကို ပိုပြီးထင်းထင်းလေးဖြစ်အောင် ခြယ်ပေးရပါမယ်။

၂) အဝတ်အစား

  •  အဝတ်အစားတွေကို သိပ်ဦးစားပေးမတွေးပါနဲ့။ အရမ်းတောက်လွန်း ထင်ရှားလွန်းတဲ့ အဝတ်တွေဟာ၊ ကြည့်တဲ့သူကို သင့်ထက် သင့်အဝတ်အစားတွေဆီ အာရုံရောက်သွား စေနိုင်ပါတယ်။
  • အရောင်တူ၊ ဒါမှမဟုတ် အရောင် ခပ်ဆင်ဆင်လေးတွေကို အထက်အောက်ဝတ်ရင် သင့်ကို ကြည့်ရတာပို သွယ်စေပါတယ်။
  • ကန့်လန့်စင်း နဲ့ အတွန့်၊ ရှုံ့ကြိုး ပါတဲ့ အဝတ်တွေက သင့်ကို ပြည့်စေ ပြီး၊ ဒေါင်လိုက်စင်းနဲ့ အောက်ရှူး ဘောင်းဘီတွေက သင့်ကိုပိန်တယ် ထင်စေရပါတယ်။
  • ခါးအပေါ် တက် ဝတ်ရတဲ့ဘောင်ဘီတွေက သင့်ရဲ့ပေါင်တံတွေကိုပိုပြီး ရှည်လျားသွယ်လျစေပါတယ်။
  • အခုပေါ်ပင်ဖြစ်ဖြစ်ပြီး ခေတ်ဆန်နေတဲ့ အဝတ်တွေကို၊ တစ်ချိန်ပြန်ကြည့်ရင် ဒိတ်အောက် နေကြောင်းတွေ့ရမှာအမှန်ပါပဲ။ဒါကြောင့်၊ ရိုးရှင်းပြီးဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတဲ့အဝတ်ကိုဝတ်ပါ။

၃) ဘယ်လိုနေမယ်

  • ပိန်တဲ့အမြင်ဖြစ်စေချင်ရင်တော့ သင့်လက်မောင်းကို ကိုယ့်နဲ့ကပ်မထားပါနဲ့။
  • သင့်  ကိုယ် ကို တစ်တောင့်တည်း မဖြစ်စေဖို့ ခြေတစ်ဖက် ကိုနောက်ဆုတ်၊ ပခုံး နဲ့ခေါင်း angle မတူအောင်ထား၊ ပြီးရင်သင့် ကိုယ် ဝိတ် ကို အနောက်ခြေထောက်ပေါ်မှာထားလိုက်ပါ။
  • မေးစေ့နှစ်ထပ် ဖြစ်နေရင် မေးကိုအနည်း ငယ် မော့ထာပေးပါ။
  • သင့်တင်ပါးကို သေးစေချင်ရင် ကင်မရာဘက်ကို ပခုံးတည့်တည့်ထား၊ တင်ပါးကို သုံး ပုံလေးပုံ လှည့်ပြီး ရိုက်ပါ။

၎) ကင်မရာအနေအထား

  • ပိန်စေချင်ရင် ရိုက်တဲ့သူကို မိမိရဲ့ ခေါင်းအပေါ်ကနေ ဆီးပြီး ရိုက်ခိုင်းပါ။ အဲဒါကသင့်ရဲ့ ကိုယ်လုံးကိုမဟုတ်ပဲ မျက်နှာ၊မျက်လုံးတွေကို အသားပေးပါလိမ့်မယ်။
  • သင့်ရဲ့ နှာခေါင်းပုံစံကလည်း ကင်မရာ Angle ပေါ်လိုက်ပြီးပြောင်းနေတာပါပဲ။ သင့်နှာတံတိုနေရင် အထက်စီးကနေရိုက်ရ ပြီး သင့်နှာတံရှည်နေလို့တိုချင်ရင် Angle နည်းနည်း နှိမ့်ပြီးရိုက်ရပါတယ်။

၅) မီး/အလင်းရောင်

  • သင် အပြင်မှာရိုက်တယ်ဆိုရင် နေတိုက်ရိုက်ထိုးတဲ့ဘက်မှာမနေတာ ကောင်းပါတယ်။အထူးသဖြင့် နေ့လည်တွေပေါ့။
  • တိမ်ရှိနေတာ စူးရှရှ နေရောင်ထက် ဓာတ်ပုံကို အလင်းအမှောင်ညီညီညာညာ ရှိစေပါတယ်။ မနက်ပိုင်း ဒါမှမဟုတ် နေဝင်ခါနီး အချိန်ရိုက်တာက အလင်းအမှောင်ကောင်း ကောင်း နဲ့ အကောင်းဆုံး ဓာတ်ပုံကို ပေးပါလိမ့်မယ်။

၆)ပြုံးနည်း

  • တမင်တကာ ဟန်ဆောင်အပြုံးကြီး မဖြစ်စေဖို့သင်ကို ရယ်စေတဲ့ အဖြစ်တစ်ခုခု ကောက် စဉ်းစားလိုက်ပါ။
  •  အဲဒါနဲ့ အလုပ်မဖြစ်ရင် အသက်ကို ရှူသွင်း၊ ရှူထုတ်တဲ့အချိန်မှ ပြုံးပါ ။Professionalတွေက အဲဒီ နည်း နဲ့ပြုံးကြပါသတဲ့။အဲဒီလိုလုပ်တာက သင့်မျက်နှာမှာရှိတဲ့ တင်းနေတဲ့ကြွက်သားတွေကိုလျှော့ပေးပြီး သင့်အပြုံးကိုပိုပြီး သဘာဝကျစေမှာပါ။

အခုတော့ ဓာတ်ပုံထဲမှာ ဘယ်လိုနေရင် လှလှလေး ဖြစ်မယ် ဆိုတဲ့ လျှို့ဝှက်ချက်ကိုသိပြီပေါ့။

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်

ဒီပိုစ့်လေးက သူငယ်ချင်းတစ်ယောက်ဆီက ရတာပါ။ ရွှေဗြူးတီး မှ အန်တီ မမ ညီမလေးများအတွက် အသုံးဝင်မယ်ထင်လို့ ထပ်မံ မျှဝေလိုက်ပါတယ်…


မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်… အလှအပကို မြတ်နိုးတတ်ကြတာ… သဘာဝပါ… ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်… လက်တွေ့… ၇ ရက်အတွင်း… သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်…

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်… အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

ပါဝင်တဲ့ ပစ္စည်းတွေကတော့… သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ… ရောစပ်ပြီး လိမ်းပေးရမှာပါ…

ဖေါ်စပ်နည်း
သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး… အကြမ်းပန်းကန်လုံးထဲကို အရည်ညှစ်ပါ…

အကြမ်းပန်းကန်လုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ… ထို့နောက် …. ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ်မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး… မွှေပေးပါ…


အသုံးပြုနည်း
ညအိပ်ယာဝင်ခါနီးတိုင်း……

ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ… ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်…

တစ်ပါတ်အတွင်း သိသာစွာ… ဗိုက်ချပ်လာသည်ကို… လက်တွေ့…  တွေ့မြင် ခံစားရမှာပါ…

မှတ်ချက်- ညစာကို ပုံမှန် ထက်… လျှော့စားပေးရင်… ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်…တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်…..
မူလမျှဝေသူ – အေးနန္ဒာအောင်

Jun 12, 2012

Top 10 Ways to Know You Are Dating God’s Choice for You

The Bible should be the center of your relationship. Spending time in the Word together is crucial to growing in your faith and your relationship.

1.You are comfortable with silence

Many couples try to fill the time with discussions and activities, but the real strength of a relationship lies in how comfortable you are just being with the other person.

2.You pray together

It’s simple – the couple who prays together – stays together.

3.Both of you think of each other before yourselves

ChristianMingle
One thing we can learn from Jesus is how to be selfless. It is important to practice this as often as possible in our relationships – and to be sure that that selflessness goes both ways.


4.You are comfortable with disagreement

Couples who are perfect for each other still don’t always agree – it is important to know that it that is okay! God’s wants us to learn from each other, and disagreements are one way for that to happen.

5.You value going to church together

Church organ
It is essential to be able to go to church together for the teaching, the community, and to have a common understanding of each other’s beliefs.


6.You enjoy, or at least appreciate, each other’s hobbies

Man and woman cheering
The person God has in mind for you will be perfect for you, but sometimes you won’t always agree on what to do for fun. It is important for your boyfriend/girlfriend to know that you care about the things they enjoy even if you don’t enjoy them yourself.

7.They don’t force you to do things you don’t want to do

Getting out of your comfort zone can be a good thing! However, if the person you are dating continually insists that you do things that you aren’t comfortable with, no matter how big or how small, they are not the person God has planned for you.

8.You agree on the big things – children, money, sex, marriage.

All relationships are different, but these “big topics” can make or break them. While not “first date” material, it is important to discuss these four topics in order to know if this relationship is a part of God’s plan.

9.You both understand that God’s plan is the most important plan

Man and woman laughing against graffiti wall
No one knows where God plans for them to go or what God plans for them to be – both of you must be willing to submit to God’s will!

10.You read the Bible together

The Bible should be the center of your relationship. Spending time in the Word together is crucial to growing in your faith and your relationship.



May 12, 2012

လိင်၏တွန်းအားကို နားလည်ခြင်း/ Understanding The Sex Drive

လူငယ်တစ်ဦးသည် လူကြီးဘ၀သို့ရောက်လာသောအခါ သူ၏ကိုယ်ခန္ဓာအတွင်း၌ အားပြင်းသည့် တွန်းအား တစ်ခု ဖြစ်ပေါ်လာသည်ကို သိရှိခံစားရမည်ဖြစ်သည်။ ဤအားပြင်းသည့် တွန်းအားအသစ်မှာ လိင်၏တွန်းအားပင် ဖြစ်သည်။ လိင်နှင့်ပတ်သက်၍ အာသီသစိတ်ကို ဘုရားသခင်က ကျွန်ုပ်တို့အတွင်း၌ ထည့်သွင်းထားသည်။ ဤအရာက မညစ်ညူးသလို၊ မကောင်းသောအရာမဟုတ်ပါ။ လိင်၏လှုံ့ဆောင်မှုသည် ဘုရားသခင်၏ အကြံအစည်ဖြစ်သည်။ သူသည် ဆန်ကျင့်ဘက်လိင်ကို စိတ်ဝင်စားစေသော ဟိုမုန်းများကို ကျွန်ုပ်တို့အတွင်း၌ ထည့်သွင်းဖန်ဆင်းထားသည်။ ဘုရားသခင် ရည်ရွယ်ထားသည့် လိင်ဆက်ဆံမှုပုံစံမှာ လှပသည်။ 


ဘုရားသခင်ဖန်ဆင်းထားသော အရာအားလုံးသည် ကောင်းသည်။ လူတဦးက ကားတစ်စီးအား မောင်းနေသည်ဟု ဆိုပါစို့။ တစ်နေရာသို့ရောက်သောအခါ ကားမောင်းသူသည် ဘယ်ကွေ့ရင်ကွေ့၊ မကွေ့ရင်ညာဘက်သို့ ကွေ့ရန် ရွေးချယ်ရမည့်အနေအထားသို့ ရောက်လာသည်။ သူ၏ဘယ်ဘက်၌ ““တစ်လမ်းသွားဖြစ်၏။ မ၀င်ရ””ဟူသော ဆိုင်းဘုတ်ကြီးကြီးကို မြင်ရသည်။ ကားမောင်းသူသည် ဆုံးဖြတ်ချက်ချကာ ဆိုင်းဘုတ်သတိပေးထားချက်ကို လျစ်လျူရှုပြီး ဘယ်ဘက်သို့ ကွေ့ဝင်ခဲ့သည်။ ယခုတွင် သူသည် လမ်းမှားအတိုင်း မောင်းနေပြီး ဥပဒေကိုလည်း ချိုးဖောက်၍ မိမိကိုယ်တိုင်နှင့် အခြားသူများအားလည်း အန္တရာယ်ဖြစ်စေမည်ဖြစ်သည်။ 


ကျွန်ုပ်တို့လိင်၏လှုံ့ဆော်မှုနှင့် ပတ်သက်လာလျှင်လည်း ထိုကဲ့သို့ပင် ရွေးချယ်ရမည့်အရာများရှိသည်။ လိင်၏ တွန်းအားသည် အပြစ်မရှိသော်လည်း ဤဆန္ဒကိုထိန်းချုပ်ရမည်ဟု ဘုရားသခင်က ပြောထားသည်။ ကျမ်းစာတွင် သူက ကျွန်ုပ်တို့အား မိမိကိုယ်ကိုသန့်ရှင်းအောင်ထားရန်နှင့် တနေ့တွင် မိမိ နှင့် လက်ထပ်မည့်သူအတွက် ခန္ဓာကို စောင့်ထိန်း ထားရန် ကြိမ်ဖန်များစွာ ပြောထားသည်။ ဘုရားသခင်က ကျွန်ုပ်တို့အား ပြောထားသည့်အရာများကို မနာခံခြင်းသည် လမ်းမှားအတိုင်း မောင်းနှင်နေသော ဒရိုင်ဘာကဲ့သို့ပင် ကျွန်ုပ်တို့နှင့် အခြားသူတို့အတွက် အန္တရာယ်ရှိပြီး အပြစ်လည်းဖြစ်သည်။ လိင်၏လှုံ့ဆော်မှု တွန်းအားကို မှားယွင်းသောနည်းလမ်းဖြင့် ကျေနပ်စေပါက၊ အပြစ်ဖြစ်လာသည်။ ဘုရားသခင်ကြံစည်ထားသည့် လိင်၏တွန်းအား ဘုရားသခင်သည် သတ္တ၀ါတိုင်းအား မိမိဘာသာမျိုးပွားနိုင်သည့် စွမ်းရည်ကိုပေးထားသည်။ တိရစ္ဆာန်များတွင် ပြင်းပြသည့် လိင်ဆန္ဒရှိပြီး ထိုအရာက သူတို့အား မိတ်လိုက်စေသည်။ သို့သော် တိရစ္ဆာန်များ၌ လိင်၏တွန်းအားမှာ ရာသီ အလိုက်သာဖြစ်သည်။ တိရစ္ဆာန်အမသည် သူဆန္ဒပြင်းပြနေသည့် အချိန်မှသာ၊ အထီးဖြစ်သူကို လက်ခံမည်ဖြစ်သည်။ ကျန်သည့်အချိန်များ၌ အမသည် လိင်ကိစ္စကို စိတ်မ၀င်စားပါ။ ထင်ရှားစွာပင်၊ တိရစ္ဆာန်များ၌ လိင်၏တွန်းအားကို ဖြစ်ပေး စေခြင်းမှာ မျိုးပွားရန်အတွက် သာဖြစ်သည်ဟု ဘုရားသခင်က ရည်ရွယ်ထားသည်။ လူသားများတွင်မူ ထိုကဲ့သို့မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်တို့အား လိင်၏တွန်းအားကို ပေးထားခြင်းမှာ မျိုးပွားရန်အတွက်သာမဟုတ်ဘဲ။ ယောက်ျားနှင့်ဇနီးမယားသည် တဦးအပေါ်တွင်ထားသောတဦး၏မေတ္တာကို အပြည့် အ၀ ဖော်ပြနိုင်ရန်အတွက်လည်းဖြစ်သည်။ အမှန်မှာ နည်းလမ်းမျိုးစုံဖြင့် ဘုရားသခင်က ကျွန်ုပ်တို့အား ဖန်ဆင်းနိုင်ပါသည်။ သူက တိရစ္ဆာန်တွေကို ဖန်ဆင်းသလိုမျိုး၊ ကျွန်ုပ်တို့ လိင်၏တွန်းအားကို ရာသီအလိုက်သာ ဖြစ်ပေါ်စေလျက်၊ ကျွန်ုပ်တို့ အား ဖန်ဆင်းခဲ့နိုင်ပါသည်။ သို့သော် ဤသို့ဖန်ဆင်းခြင်းသည် လိင်နှင့်ပတ်သက်၍ အကန့်အသတ်ရှိသော ပျော်ရွှင်မှု ကို သာ ကျွန်ုပ်တို့ရရှိမည် ဖြစ်သည်။ လိင်၏တွန်းအားပေးခြင်းကို အဆက်မပြတ်ခံနေရသောသူများအဖြစ်လည်း ကျွန်ုပ်တို့အား ဖန်ဆင်းခဲ့နိုင်ပါသည်။ သို့သော် ဤသို့ဖန်ဆင်းခြင်းက ကျွန်ုပ်တို့၏ဘ၀ကို မခံမရပ်နိုင် ဖြစ်စေနိုင်ပါသည်။ အထက်ပါနည်းလမ်းများထက် များစွာကောင်းသော နည်းလမ်းအားဖြင့် ဘုရားသခင်က ကျွန်ုပ်တို့အား ဖန်ဆင်း ခဲ့ သည်။ လှုံ့ဆော်မှုအားဖြင့် အသက်ဝင်လာသော လိင်ဆန္ဒအားဖြင့် ကျွန်ုပ်တို့အား ဖန်ဆင်းခဲ့သည်။ 


ဆိုလိုသည်မှာ ယောက်ျားနှင့်မိန်းမသည် လိင်ပိုင်းဆိုင်ရာ အာသီသစိတ်၏ ထိန်းချုပ် ထားခြင်းကို မခံရဘဲ အတူတကွ နေနိုင်ကြသည်။ သို့သော် သူတို့နှစ်ဦးသည် တော်လျော်သောအချိန်၌ သူတို့၏လိင်ဆန္ဒကို အပြန်အလှန်လှုံ့ဆော်ပေးနိုင်သည်။ အိမ်ထောင် ရေးဘ၀အတွင်း၌၊ ယောက်ျားနှင့် မိန်းမဖြစ်သူသည် အပြန်အလှန်လှုံ့ဆော်ခြင်းအားဖြင့် ဖြစ်ပေါ်လာသော လိင်ဆန္ဒကို လိင်ဆက်ဆံခြင်းအား ဖြင့် တရားဝင် ကျေနပ်ဖြေသိမ့်စေနိုင်သည်။ ဘုရားသခင် ရည်ရွယ်ထားသော လိင်ဆက်ဆံမှု ပုံစံမှာ ဤပုံစံဖြစ်သည်။ သို့သော် ဤသို့သော ပြင်းပြသည့် ဆန္ဒများနှင့် စိတ်များသည် အိမ်ထောင်ရေးဘ၀အပြင်ဘက်၌လည်း ဖြစ်ပေါ် လာနိုင်သည်။ သို့သော် ဤသို့ပြင်းပြသည့်ဆန္ဒများကို အိမ်ထောင်ရေးဘ၀အပြင်ဘက်၌ တရားဝင်မဖြေနိုင်ပါ။ အိမ်ထောင် ရေး အပြင်ဘက်၌ ဆက်ဆံခြင်းသည် မတရားသောမေထုန်၌ မှီဝဲခြင်းဖြစ်ပြီး ဤအပြစ်က လူငယ်များ၌ အပျက်အစီးများစွာ ဖြစ်စေနိုင်သည့် အပြစ်များအနက် တစ်ခုဖြစ်သည်။ ထိုကြောင့် ကျမ်းစာက အိမ်ထောင်ရေးအပြင်ဘက်၌ ပြင်းပြသည့် လိင်ဆန္ဒများအား လှုံ့ဆော်ခြင်းနှင့် ပတ်သက်၍ များစွာ သတိပေးထားသည်။ လိင်၏လှုံ့ဆော်မှု တွန်းအားကို ရေနွေးငွေ့အိုးနှင့် နှိုင်းယှဉ်နိုင်သည်။ ရေနွေးငွေ့အိုး၏အောက်၌ မီးမွှေးသောအခါ၊ အိုးအတွင်းဘက်ရှိရေသည် ရေနွေးငွေ့အဖြစ်သို့ ပြောင်းလဲသွားသည်။ ဤရေနွေးငွေ့သည် ကြီးမားသည့်ဖိအားအောက်၌ ရှိသော်လည်း သင့်တော်သည့်ထွက်ပေါက်တစ်ခုကို စီမံပေးထားသည်။ လျှပ်စစ်စွမ်းအားကို ထုတ်ပေးသည့် ရေလှည့် စကြာ (Turbine) ကို လှည့်ရန်အတွက် ဤအငွေ့အား အသုံးပြုသည်။ သို့သော် ရေနွေးငွေ့အိုး၏အောက်၌ မီးမွှေးပြီး အငွေ့ထွက်ဖို့ရန် အတွက် ထွက်ပေါက်မရှိပါက အိုးသည် ပေါက်ကွဲသွားလိမ့်မည်။ လိင်သည် ဘုရားသခင်ပေးထားသော ကောင်းမွန်သည့် လက်ဆောင်ဖြစ်သော်လည်း ဖြစ်တည်လာသော ကြီးမား သည့် သင်၏ခန္ဓာပိုင်းနှင့် စိတ်ပိုင်းဖိအားများကို လျော့နိုင်မည့် သင့်တော်သော ထွက်ပေါက် မရှိဘဲ၊ လိင်ပိုင်းအရ စိတ်ဆန္ဒ ပြင်းပြမှုဟူသော မီးကို မမွှေးပါနှင့်။ ကျမ်းစာက အသိအမှတ်ပြုသည့် လုံခြုံ၍ သင့်တော်သော ထွက်ပေါက်မှာ အိမ်ထောင် ရေးပင်ဖြစ်သည်။ အိမ်ထောင်ရေးဘ၀၏ အပြင်ဘက်၌ လိင်ဆန္ဒများကို လှုံ့ဆော်တွန်းအားပေးခြင်းသည် မှားသည်။ ယောက်ျားများသည် အမြင်အားဖြင့်လည်း လှုံ့ဆော်ခြင်းခံရသည်။ ကျွန်ုပ်တို့၏ စိတ်အာရုံအားလုံးသည် လိင်ပိုင်းအရ လှုံ့ဆော်မှု၌ တစိတ်တဒေသအဖြစ် ပါဝင်သော်လည်း၊ ယောက်ျားများမှာ ထိတွေ့ခြင်းအားဖြင့်သာမက၊ သူတို့မြင်သောအရာများအားဖြင့်လည်း လှုံ့ဆော် ခြင်းကို ခံရသည်။ အင်္ကျီ ခပ်ကျပ်ကျပ် (သို့)လျှပ်ပေါ်သောအ၀တ်အစားကို ၀တ်ထားသောမိန်းကလေးသည် ယောက်ျားတစ်ဦးအား လိင်ပိုင်းအရ လှုံ့ဆော်နိုင်သည်။ အချို့မိန်းကလေးများက ဒါကိုသိကြသည်။ ယောက်ျားများအား လှုံ့ဆော်ဖို့ရန်အတွက် သူတို့ ဘယ်လို ၀တ်ရမည်၊ ဘယ်လိုလျှောက်ရမည်၊ ဘယ်လိုထိုင်ရမည်၊ ဘယ်လိုလှုပ်ရှားရမည် စသည်တို့ကို သူတို့သိကြသည်။ ဤသို့လုပ်ခြင်းသည် မှားယွင်းသည်။ အကြောင်းမှာ ယောက်ျားများအား အပြစ်ရှိသောအတွေးများကို တွေးစေနိုင်သော ကြောင့် ဖြစ်သည်။ မိန်းကလေးတဦးက ဤသို့ပြောခြင်းအားဖြင့် မိမိကိုယ်ကိုကာကွယ်လိမ့်မည်။ ““အကယ်၍သူတို့မှာသာ ဆိုးညစ် တဲ့ စိတ်မရှိဘူးဆိုရင် ဒီလိုမျိုးတွေးမှာမဟုတ်ဘူး”” ကျမ်းစာက အခြားသူတဦးအား အပြစ်ဖြစ် စေခြင်းသည် အပြစ် ဖြစ်သည်ဟု ပြောထားသည်။ ရမ္မက်အားဖြစ်ပေါ်စေသော ရုပ်ပုံများ၊ အပြာမဂ္ဂဇင်းများ၊ အပြာရုပ်ရှင်အား ကြည့်ခြင်းသည် လိင်ပိုင်းရမ္မက်များနှင့် ပြင်းပြသော စိတ်ဆန်္ဒများကို ဖြစ်စေနိုင်သည်။ 
ကျမ်းစာက ထိုအရာများကိုမလုပ်ရန် သတိ ပေးထား သည်။ နှုတ်ကပတ်တော်က ““....ကိုယ်ကာယ၏ တပ်မက်ခြင်းအလိုငှာ၊ မကြံစည်ကြနှင့်။ ”” ဟုဆိုသည်။ ရောမ ၁၃း ၁၄ လိင်ကိစ္စသည် အရေးတကြီးပြုလုပ်ရမည့်ကိစ္စ မဟုတ်ပါ။ မည်သည့်အန္တရာယ်မှ မဖြစ်စေဘဲ၊ လိင်၏လှုံ့ဆော်မှုတွန်းအားကို ငြင်းပယ်နိုင်ကြောင်းကို လူငယ်များ သိသင့် သည်။ အစာမစားပါက ကြာရှည်စွာ အသက်မရှင်နိုင်သည့် ဆာလောင်မွတ်သိပ်မှုနှင့် ဤလိင်၏ဆာလောင်မှုသည် မတူညီပါ။ သင်သည် သင့်အပေါ်တွင် ဆိုးရွားသည့် သက်ရောက်မှုများမရှိဘဲ လိင်၏တွန်းအား၊ တနည်းအားဖြင့် ဆာလောင်မှုကို ငြင်းပယ်နိုင်သည်။ လိင်သည် အရေးကြီးသည်မှာ သံသယဖြစ်စရာမလိုသော်လည်း၊ အရေးတကြီး လုပ်ရမည့် ကိစ္စမဟုတ်ပါ။ လူများစွာတို့သည် လိင်ဆက်ဆံမှု မရှိဘဲ သူတို့ဘ၀တစ်လျှောက်လုံးကို ပျော်ရွှင်စွာပြည့်ဝစွာ ဖြတ်သန်းနိုင်ကြသည်။ တစ်ခါတစ်ရံ၊ ယောက်ျားတဦးသည် ပွတ်သတ်ယုယခံရခြင်းနှင့် အခြားသောလှုံ့ဆော်မှုတစ်ခုခုကြောင့် လိင်စိတ် နိုးထလာပြီး၊ သူ့ကောင်းမလေးအား ““ငါတို့ဒီအထိတောင်လုပ်ခဲ့ပြီးပြီးပဲ၊ မင်းငါကိုခွင့်ပြု ပေးရတော့မယ်”” ဟု ပြောလိမ့် မည်။ ဤသို့ပြောခြင်းက အကယ်၍ သူမသာ သူ၏ဆန္ဒကိုမလိုက်လျောပါက ဆိုးဝါးသောအရာတစ်ခုခုသည် သူ၌ ဖြစ်လာ တော့မည်ဟု ထင်ရသည်။ ဤသို့မဟုတ်ပါ။ သူသည် သူမနှင့် လိင်မဆက်ဆံပါက သူ့အပေါ်၌ မည်သည့်ဆိုးဝါးသည့် သက်ရောက်မှုများရှိမည်မဟုတ်ပါ။ သို့သော် ဤအဆင့်အထိ ရောက်ခဲ့ခြင်းသည် ဥာဏ်ပညာရှိသော လုပ်ရပ်မဟုတ်ပါ။ ယောက်ျားများအတွက် အထူးစကား ။ ။ လူငယ်ယောက်ျားတဦးသည် လူကြီးအဖြစ်သို့ ကြီးထွားလာသောအခါ၊ သူ၌ပြင်းပြသည့်လိင်ဆန္ဒများရှိလာသည်။ သူ၏ကိုယ်ခန္ဓာသည် သုတ်ကောင်ထောင်ပေါင်းများစွာကို ထုတ်လျှက်ရှိသည်။ ဤသုတ်ပိုးများအား သူ၏ကိုယ်ခန္ဓာထဲတွင် သိုလှောင်ထားသည်။ အကယ်၍ သူသည် လက်မထပ်သေးဘဲ၊ စင်ကြယ်သော ဘ၀ကို နေထိုင်ပါက၊ သူ၏သိုလှောင်ရုံသည် ပြည့်လျှံသွား သောအချိန်သည် ရောက်လာလိမ့်မည်။ ဤသို့ပြည့်လျှံလာပါက၊ အိပ်ပျော်နေစဉ်အတွင်း ပိုလျှံနေသော အရာများကို ထုတ်ပစ်နိုင်ရန်အတွက် စီမံထားပေးသည်။ ဤအခြင်းအရာကို ညဘက် ထုတ်လွှတ်ခြင်း (သို့) စိုစွတ်သောအိပ်မက်ဟုလည်း ခေါ်သည်။ ဤကိစ္စသည် လူငယ်တစ်ဦး အတွက် သာမာန်သာဖြစ်ပြီး ရှက်စရာအကြောင်းမရှိပါ။ ရမ္မက်နှင့်စပ်လျဉ်း၍ သင်ခန်းစာ။ ။ ဒါဝိတ်မင်းကြီး၏ဘ၀မှ ပေးသည့်ကြေးကွဲဝမ်း နည်းဖွယ် ကောင်းသော သင်ခန်းစာ ရမ္မက်ကိစ္စနှင့်စပ်လျဉ်း၍ သခင်ယေရှုတွင် ပြင်းထန်းသည့် စကားအချို့ရှိသည်။ ယေရှုက ““ငါပညတ်သည်ကား၊ ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ””ဟုဆိုသည်။ မဿဲ ၅း ၂၈။ ဒါဝိတ်သည် ဘုရားသခင်၏ကြီးမြတ်သူတစ်ဦးဖြစ်သည်။ သူသည် ဆာလံသီချင်းများစွာကို ရေးစပ်ခဲ့သည်။ အစ္စရေး၏ ဘုရင်များအနက် အကြီးမြတ်ဆုံး ဘုရင်တပါး ဖြစ်သည်။ သို့သော် ဒါဝိတ်သည် ရမ္မက်ကို သူ့အားနင်းချေခွင့်ပြုခဲ့ပြီး အဆိုးဆုံးအပြစ်များထဲမှ နှစ်ခုကို ကျူးလွန်ခဲ့သည်။ ထိုနှစ်ခုမှာ သူ့မယားနှင့်ဖောက်ပြားခြင်းနှင့် လူသတ်မှုပင်ဖြစ်သည်။ ကျမ်းစာက မည်သို့ဤကိစ္စဖြစ်ပျက်ခဲ့သည်ကို ပြောပြထားသည်။ တစ်ညတွင် ဒါဝိတ်သည် နန်းတော်၏ အမိုး၌ လမ်းလျှောက်ထွက်နေစဉ်အတွင်း၊ လှပသောမိန်းမတစ်ဦး ရေချိုးနေတာကို တွေ့ခဲ့သည်။ တခါတရံ သင်သည် ပထမဆုံး အကြည့်ကို မရှောင်လွဲနိုင်သော်လည်း၊ ဒါဝိတ်သည် ထပ်ခါတလဲလဲ ကြည့်ခြင်းအားဖြင့် ပြင်းပြသည့် ရမ္မက်စိတ်ကို သူ့နှလုံး အတွင်း၌ ဆူပွတ်စေခဲ့သည်။ သူသည် ဗာသရှေဘ ကို ခေါ်ခိုင်းလိုက်ပြီး သူမနှင့်ဖောက်ပြားခဲ့သည်။ အတန်ကြာပြီးနောက် ဗာသရှေဘက သူမတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကို ဒါဝိတ်အား အကြောင်းကြား ခဲ့ သည်။ ဗာသရှေဘ၏ခင်ပွန်းမှာ အဝေးအရပ်၌ စစ်တိုက်ထွက်နေသောကြောင့် သူ၏ ဖောက်ပြားမှုအပြစ်သည် မကြာမီ အချိန်တွင် လူသိရှင်ကြားဖြစ်လာတော့မည်ကို ဒါဝိတ်နားလည်ခဲ့သည်။ သူ၏အပြစ်ကို ဖုံးကာရန်နှင့် ဗာသရှေဘနှင့် လက်ထပ်နိုင်ရန်အတွက် ဒါဝိတ်သည် ဗာသရှေဘ၏ ခင်ပွန်းကို သေစေရန် စီမံခဲ့သည်။ ထို့နောက်သူသည် ဗာသရှေဘနှင့် လက်ထပ်ရန် ဆက်လက်လုပ်ဆောင်သည်။ ဒါဝိတ်သည် သူ၏ဖောက်ပြားမှုနှင့် လူသတ်မှုအပြစ်များကို အောင်မြင်စွာ ဖုံးကာ နိုင်ခဲ့သည်ဟု ထင်ရသော်လည်း ကျမ်းစာက သူသည် ဘုရားသခင်အား စိတ်ပျက်စေခဲ့သည်ဟု ဆိုထားသည်။ ဘုရားသခင်သည် ပရောဖတ်နာသန်ကို ဒါဝိတ်အားရင်ဆိုင်ရန် စေလွှတ်ခဲ့သည်။ ဒါဝိတ်သည် သူ၏အပြစ်များ အတွက် အမှန်တကယ် နောင်တရခဲ့ပြီး ဘုရားသခင်ထံ ၀န်ချတောင်းပန်ခဲ့သည်။ ဒါဝိတ်က ““အိုဘုရားသခင်၊ ကျေးဇူးပြု ချင်သော စေတနာစိတ်တော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကို သနားတော်မူပါ။ စုံမက်တော်မူခြင်း ဂရုဏာ များပြားသည်နှင့် အညီ အကျွန်ုပ်ကျူးလွန်ခြင်းအပြစ်ကို ဖြေတော်မူပါ။ ဒုစရိုက် အညစ်အကြေးကို အကုန်အစင်ဆေးကြော၍၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ””ဟုဆိုခဲ့သည်။ ဒါဝိတ်သည် သူ၏အပြစ်များအတွက် အမှန်ပင်စိတ်နှလုံးကျိုးပဲ့ကြေမွခဲ့သည်။ ဘုရားသခင်က ဒါဝိတ်ကို ခွင့်လွှတ်ပြီး သူနှင့်ပြန်လည် မိတ်သဟာယဖွဲ့စေခဲ့သည်။ သို့သော် ဒါဝိတ်သည် သူ့အပြစ်၏ အကျိုးဆက်များကို ရိတ်သိမ်း ခဲ့ရသည်။ ကျမ်းစာက ““အလွဲမယူကြနှင့်၊ ဘုရားသခင်သည် မထီမဲ့မြင် ပြုခြင်းကိုခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည် အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်”” ဟုဆိုသည်။ဂလာ ၆း၇ ဒါဝိတ်၏အပြစ်များကြောင့် ““ဓားလက်နက်””သည် သူ၏အိမ်မှ မထွက်ခွာရဟူ၍ ဘုရားသခင်က ပရောဖက် နာသန်မှတဆင့် ဒါဝိတ်အားကြားပြောခဲ့သည်။ ဤအချက်က ဆိုလိုသည်မှာ ဒါဝိတ်သည် သူ၏မိသားစုအတွင်း၌ ၀မ်းနည်း စရာများနှင့် ကြေကွဲစရာများစွာကို ခံစားရမည်ဟု ဆိုလိုသည်။ ဘုရားသခင်ပြောထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ ဗာသရှေဘနှင့်ရသောသားသည် သေဆုံးခဲ့သည်။ ဒါဝိတ်၏ သားတဦးဖြစ်သူ အာမနုန်သည် ညီမ၀မ်းကွဲ တာမာကို မုဒိမ်း ကျင့်ခဲ့သည်။ အခြားသားတဦးက အာမနုန်ကို သတ်ခဲ့သည်။ ဒါဝိတ်၏အခြားသားတဦးဖြစ်သူ အဗရှလုံသည် ဖခင်ကို ဦးဆောင်ပုန်ကန်ခဲ့ပြီး တိုက်ပွဲ၌ ကျဆုံးခဲ့သည်။ ဤအရာတို့မှာ ဒါဝိတ်အပြစ်များ၏ ဆိုးရွာသော အကျိုးဆက်များထဲမှ အချို့ ဖြစ်သည်။ ဒါဝိတ်၏ကြီးမားသောအပြစ်များကို လေ့လာခြင်းအားဖြင့် အရေးကြီးသင်ခန်းစာ ၂-ခုကိုရရှိသည်။ ကျွန်ုပ်တို့၏အပြစ်များသည် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့လုပ်ဆောင်မှု၏အကျိုးဆက်ကိုမူ ရိတ်သိမ်း ရမည်။ အချို့သောအပြစ်များသည် ဆိုးဝါးသည့် တစ်ဘ၀စာအကျိုးဆက်များရှိသည်။ ““ဒါမျိုး ကျွန်တော့်မှာမဖြစ်ပါဘူး”” ဟုသင်ကပြောလိမ့်မည်။ ဖြစ်နိုင်ပါသည်။ ဒါဝိတ်သည် ၀ိညာဉ် ရေးအရ ရင့်ကျက်သန်မာသူဖြစ်သော်လည်း၊ သူ၏လိင်ဆန္ဒ လှုံ့ဆော်ခြင်းခံရခြင်းကို အခွင့်ပေးခဲ့ပြီး ရမ္မက်အား ကျော်လွှား နိုင် လောက်အောင် မရင့်ကျက်ခဲ့ပါ။ သင်သည်လည်း သင်၏လိင်ဆန္ဒလှုံ့ဆော်ခံရ ခြင်းကို အခွင့်ပေးပါက၊ သင်၏ရမ္မက်စိတ်ကို နင်းချေနိုင်လိမ့်မည်မဟုတ်ပါ။ လိင်ဆန္ဒကို အဆက်မပြတ် လှုံ့ဆော်ပေးနေပါက၊ အပြစ်လုပ်မိမည်မှာ သေချာသည်။ ကျမ်းစာက ““မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည်၊ ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရ လိမ့်မည်။””ဟုဆိုသည်။ 


ဂလာ ၆း ၈ လိင်နှင့်စပ်လျဉ်း၍ ဘုရားသခင်စည်းမျဉ်းများ ဤကောင်းမွန်သော လိင်ဆိုသည့် လက်ဆောင်ကို ကာကွယ်ရန်အတွက်၊ ဘုရားသခင်က စည်းမျဉ်းအချို့နှင့် ပညတ်အချို့ကို ကျွန်ုပ်တို့အား ပေးထားသည်။ ၄င်းတို့ထဲမှ အချို့ကို ကြည့်ကြပါစို့။ 


(စည်းမျဉ်း၁) မတရားသောမေထုန်၌မှီဝဲခြင်းကိုရှောင်ကြဉ်ပါ။ မတရားသောမထုန်၌ မှီဝဲခြင်းဆိုသည်မှာ လက်မထပ်ရသေးသော ယောက်ျားနှင့်မိန်းမတို့ ဆက်ဆံ ကြခြင်းကို ဆိုလိုသည်။ ဤအပြစ်သည် အလွန်ဆိုးသည့် အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ ကျမ်းစာက ““ ....ကိုယ်ခန္ဓာသည် မတရားသောမေထုန်အဖို့ ဖြစ်သည်မဟုတ်။ ....မတရားသောမေထုန်ကိုကြဉ်ရှောင် လော့။ ...မတရားသောမေထုန်ကို ပြုသောသူသည် မိမိကိုယ်ကိုပင် ပြစ်မှား၏””ဟုဆိုသည်။ 


(စည်းမျဉ်း ၂) အခြားသူများအား အပြစ်လုပ်မိစေရန် မသွေးဆောင်ပါနှင့်။ ကျမ်းစာက ယောက်ျားတဦးသည် သူ၏စိတ်နှလုံးအတွင်း၌ မိန်းမတဦးကို တပ်မက်ခြင်းသည် အပြစ်ဖြစ်သည်ဟု ပြောသည်။ ဤကဲ့သို့ပင် မိန်းမတဦးဘက်မှလည်း ယောက်ျားများ ရမ္မက်စိတ်နိုးထလာအောင် တမင်သက်သက် ၀တ်ဆင် ပြုမူခြင်းသည် အပြစ်ဖြစ်သည်။ အချို့သောမိန်းကလေးများသည် ယေက်ျားလေးများ သူတို့ကို တပ်မက်လာအောင် ၀တ်စား ဆင်ယင်၍ ပြုမူလုပ်ဆောင်ကြသည်။ သူတို့က ““အဲဒါ ယောက်ျားတွေ့ရဲ့ပြဿနာ” ပဲ ဟူ၍ ပြောနိုင်သော်လည်း၊ တနေ့တွင်မူ အခြားသူများအား အပြစ်ဖြစ် စေခြင်းအတွက် ဘုရားသခင်ရှေ့တွင် ဖြေရှင်းချက်ပေးရမည်ဖြစ်သည်။ 


(စည်းမျဉ်း ၃) သင့်အား အပြစ်လုပ်မိစေရန် အခြားသူများ၏သွေးဆောင်ခြင်းကို ငြင်းပယ်ပါ။ ယေရှုက ““ဒုစရိုက်ကိုပြုသမျှသောသူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်ကြ၏။””ဟုဆိုသည်။ အချို့သော သူတို့သည် သူတို့၏လိင်ပိုင်းအရ ကိုယ်ကျင့်တရားမကောင်းမှု၌ ၀မ်းမြောက်နေကြပြီး၊ အခြားသူတို့အားလည်းသူတို့၏ အဆင့်သို့ နိမ့်ဆင်း စေလိုကြသည်။ သူတို့က လုပ်ချင်တာမှန်သမျှလုပ်ရသည်မှာ ““လွတ်လပ်””ကြောင်း ပြောကြသော်လည်း၊ အမှန်မှာ သူတို့သည် တချိန်လုံး၌ သူတို့၏အပြစ်များ၏ ချည်နှောင်ထားခြင်းခံထားရသည်။ ကျမ်းစာက ““လွှတ်ခြင်း အခွင့် ရှိသည်ဟု ၀န်ခံလျက်ပင်၊ ကိုယ်တိုင်ပုပ်ပျက် ခြင်း၏ ကျွန်ဖြစ်ကြ၏။”” ဟုဆိုသည်။ ၂ပေ ၂း၁၉ 


(စည်းမျဉ်း ၄) ပုံမှန်မဟုတ်သော လိင်ဆန္ဒများကိုရှောင်ကြဉ်ပါ။ ပုံမှန်ယောက်ျား-မိန်းမ လိင်ဆက်ဆံမှုမှ သွေဖယ်ခြင်းမှန်သမျှသည် ဘုရားသခင်ကျွန်ုပ်တို့အတွင်း ၌ထည့်သွင်းထား သော လိင်သဘာဝကိုအလွဲသုံးစားလုပ်ပြီး မှားယွင်းစွာအသုံးပြုခြင်းပင်ဖြစ်သည်။ ဘုရားသခင်က ““မိန်းမနှင့် ပေါင်းဘော် သကဲ့သို့၊ ယောက်ျားချင်းပေါင်းဘော်လျှင် ထိုသူနှစ်ယောက်တို့သည် ရွံ့ရှာ ဖွယ်သောအမှု(အပြစ်)တို့ကို ပြုသောကြောင့်၊ ...””ဟုဆိုသည်။ ၀တ်ပြု ၂၀း၁၃ ကျမ်းစာက ဘုရားသခင်သည် သောဒုံမြို့နှင့်ဂေါမောရမြို့ကို ဖျက်ဆီးခဲ့ခြင်းမှာ သူတို့သည် လိင်တူဆက်ဆံမှုကို ကျယ်ကျယ် ပြန့်ပြန့် လုပ်နေသောကြောင့်ဖြစ်သည်ဟု ပြောထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ဤသို့ ဖျက်ဆီးခဲ့ခြင်းမှာ ဘုရားသခင်၏အလိုတော်နှင့်မညီသော အရာများကို သတိပေးခြင်း ဖြစ်သည်ဟု ဆိုသည်။ 


(စည်းမျဉ်း၅) မကျီစယ်ပါနှင့်။ ကျီစယ်ခြင်းဆိုသည်မှာ အခြားသူတဦး၏ လိင်ဆန္ဒကို တမင်တကာလှုံ့ဆော်ပေးခြင်းကို ဆိုလိုသည်။ အခြား သူတဦး၏ ရမ္မက်မီးကို မမွှေးပေးပါနှင့်။ ဘုရားသခင်၏အမြင်၌ ဤသို့လုပ်ခြင်းသည် အပြစ် ဖြစ်သည်။ 


(စည်းမျဉ်း ၆) သင့်ကိုသင်သန့်ရှင်းစေပါ။ ဤစည်းမျဉ်းက ဆိုလိုသည်မှာ လိင်ပိုင်းအရ ဖောက်ပြားမှုအားလုံးကို ရှောင်ကြဉ်ရမည်ဟု ဆိုလို ခြင်းဖြစ်သည်။ သင်၏အနာဂတ်အိမ်ထောင်ဖက်အား သင်ပေးနိုင်သော အကောင်းဆုံးလက်ဆောင်မှာ သင်၏သန့်ရှင်းစင်ကြယ်ခြင်း ပင် ဖြစ်သည်။ ဤအချက်သည် မိန်းကလေးများနှင့်သာမက ယောက်ျားများ နှင့်လည်း သက်ဆိုင်သည်။


(စည်းမျဉ်း ၇) တနေ့တွင်အခြားသူတဦးက တရားဝင်ပိုင်ဆိုင်မည့်အရာကို ယူလည်းမယူပါနှင့်။ ပေးလည်းမပေးပါနှင့် မတရားသောမေထုန်၌ မှီဝဲခြင်းသည် အလွန်မှားယွင်သည်။ မိမိ၏အပျိုစင် ဘ၀ကို စွန့်လွှတ်သော မိန်းကလေး သည် သူမ၏အနာဂတ်ခင်ပွန်းပိုင်ဆိုင်သောအရာကို အခြားသူတဦးအား ပေးလိုက်ခြင်း ပင်ဖြစ်သည်။ သူမ၏လိင်ဆက်ဆံ ဖက် မှာလည်း သူမကဲ့သို့ပင် အပြစ်ရှိသည်။ 


(စည်းမျဉ်း ၈) ရမ္မက်စိတ်ကို နိုးထလာစေသောအရာများကို ရှောင်ပါ။ အိမ်ထောင်ရေးဘ၀၏ အပြင်ဘက်၌ လိင်ဆန္ဒကိုနှိုးဆော်ခြင်းနှင့် စပ်လျဉ်း၍ ကျမ်းစာက သတိ ပေးထားသည်။ ကျမ်းစာက ““လူပျိုတို့၏ တပ်မက်ခြင်းကိလေသာစိတ်ကို ကြဉ်ရှောင်လော့””ဟုဆိုသည်။ ၂တိ ၂း ၂၂ တပ်မက်ခြင်း စိတ် ကို ကြဉ်ရှောင်လော့ဟု ဆိုရာ၌ ရမ္မက်စိတ်ကို ဖြစ်ပေါ်စေသော အရာအားလုံးကို လုံးဝငြင်းပယ်ရမည်ဟု ဆိုလိုသည်။ ရမ္မက်စိတ်သည် အန္တရာယ်ကင်းမဲ့သည်ဟု ထင်ရသော်လည်း သေစေနိုင်သောအရာပင်ဖြစ်သည်။ ယောက်ျားတဦးသည် ယနေ့ညတွင် ဒိတ်လုပ်ထားသည်ဆိုပါစို့။ သူသည် အိမ်မှမထွက်မီ ရမ္မက် စိတ်ကို နိုးထ စေသော မဂ္ဂဇင်းတစ်အုပ်ကိုဖတ်သည်။ သူ၏လိင်ဆန္ဒကို လှုံ့ဆော်သောရုပ်ပုံများအားကြည့်ပြီး စားသားများနှင့် သံစဉ်များ က ရမ္မက်စိတ်ကို နိုးကြွစေသောသီချင်းအား နားထောင်သည်။ ထို့နောက် သူသည် သူ့ကောင်မလေးကို သွားကြိုပြီး ရုပ်ရှင်ရုံသို့သွားခဲ့သည်။ သူတို့သွားကြည့်သည့်ရုပ်ရှင်မှာလည်း ရမ္မက်နှင့်ပြည့်နှက်နေပြီး လိင်ဆန္ဒကို ပြင်းပြစေသော ရုပ်ရှင်မျိုးဖြစ်သည်။ သူသည် တပ်မက်ခြင်းကိလေသာစိတ်ကို ရှောင်ကြဉ်နေသလော။ မရှောင်ကြည်သည့်အပြင် ပို၍ ပြင်းပြလာအောင်လုပ်နေခြင်းပင် ဖြစ်သည်။ ရုပ်ရှင်ပြီးနောက် သူတို့သည် ချိန်ချက်ထားသောနေရာ၌ကားကို ပါကင် ထိုးလိုက်သည်။ နှစ်ဦး စလုံးမှာ သူတို့မြင်သောအရာ၊ ကြားသောအရာများအားဖြင့် လှုံ့ဆော်ခြင်းကို ခံထားရပြီး ဖြစ်သောကြောင့် တဦးကိုတဦး ပွတ်သတ်ပြီးနောက် မကြာမီ လိင်ဆက်ဆံကြတော့မည်ဖြစ်သည်။ ထိုသို့ဖြစ်လာသည်ကို အံ့သြစရာလိုပါသလား။ မလိုပါ။ အမှန်မှာ အစပိုင်းတွင် သူတို့လုပ်ခဲ့သောအရာများ၏ ဖြစ်လေ့ဖြစ်ထရှိသော အကျိုးဆက် ပင်ဖြစ်သည်။ ကျမ်းစာက ““လူသည် အ၀တ်မပါဘဲ၊ လောင်သောမီးကို ပိုက်နိုင်သေလာ။ ခြေမလောင်ဘဲ မီးခဲပေါ်မှာ နင်းနိုင်သလော”” ဟုဆိုသည်။ သု ၆း ၂၇ သင်သည် မီးလောင်နေသောမီးခဲပေါ် ၌ သင့်ခြေထောက်မီးမလောင်အောင် မလျောက်နိုင်သကဲ့သို့၊ လိင်ပိုင်းအရလှုံ့ဆော်မှုကို စဉ်ဆက်မပြတ် ရှာဖွေနေပါက အပြစ်လုပ်မိမည်သာဖြစ်သည်။ လိင်သည် ဘုရားသခင်ပေးထားသည့် ကောင်းမွန်သောလက်ဆောင်ဖြစ်သည်။ 


လိင်သည် နှစ်လိုဖွယ်ဘုရားသခင်က ပေးထားသောလက်ဆောင်ဖြစ်သည်။ ဤအရာက အိမ်ထောင် ရေးတစ်ခုကို ပိုမိုသန်မာစေပြီး၊ ဘ၀အသက်တာကို နိုးကြားထကြွစေသည်။ ဤအတွေ့အကြုံသည် ပျော်ရွှင်ကြည်နူးဖွယ် ကောင်းလှ သော အတွေ့အကြုံဖြစ်သောကြောင့်၊ ယောက်ျားနှင့်ဇနီးမယားကို တလုံး တ၀တည်းပင်ဖြစ်စေသည်။ ကျမ်းစာက ““....ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်။””ဟုဆိုသည်။ ဧဖက် ၅း ၃၁ တလုံးတ၀တည်း ဖြစ်သည် ဆိုရာ၌ ခန္ဓာပိုင်းအရ တလုံးတ၀တည်း ဖြစ်ခြင်းသာမဟုတ်ဘဲ လူနှစ်ဦး၏ ခန္ဓာဝိညာဉ်အားလုံးသည် ပေါင်းစပ် သွားခြင်းပင်ဖြစ်သည်။ လိင်ဆက်ဆံမှု၏ အမြင့်မားဆုံးသောပျော်ရွှင်မှုအား ယောက်ျားနှင့်ဇနီးနှစ်ဦးလုံးသည် ခရစ်ယာန် များ ဖြစ်ကြပြီး သခင်၌ တလုံးတ၀တည်းဖြစ်ချိန်တွင်ရရှိသည်။ ဤသို့ဖြစ်ပါက သူတို့သည် ကမ္ဘာပေါ်တွင် မခံစားရနိုင်သော တလုံးတ၀တည်းဖြစ်မှုကို တွေ့ကြုံခံစားရမည်ဖြစ်သည်။ ဘုရားသခင်က အိမ်ထောင်ရေးအတွင်းရှိ လိင်ဆက်ဆံမှုကိုသာ ကောင်းချီးပေးသည်။ နှုတ်ကပတ်တော်၌ ဘုရားသခင်က ““သင်၏စမ်းရေးတွင်း၌ မင်္ဂလာရှိစေ၍ အသက်ပျိုရွယ်စဉ်ကာလ၊ ပေါင်းဘော်သောမယားနှင့်အတူ၊ ပျော်မွေ့လော့””ဟုဆိုသည်။ ဘုရားသခင်သည် အိမ်ထောင်ရေးဘ၀ရှိ ချစ်ရေးချစ်ရာကို ထောက်ခံကြောင်းကို အထက်ပါကျမ်း ပုဒ်အား ကြည့်ခြင်းဖြင့် သိနိုင်သည်။ ဘုရားသခင်သည် ၀မ်းမြောက်ဖွယ် အိမ်ထောင်ရေးနှင့် သာယာသော အိမ်လေးကို မြင်လို သည်။ သင်သည် နှစ် ၄၀ ကြာ အိမ်ထောင်ရေးဘ၀၌ ကျင်လည်နေပါက၊ ဘုရားသခင် က သင်နှင့်သင့်ဘ၀အဖေါ်အား အချစ်များဖြင့် ပြည့်လျက်ရှိသော နှစ်၄၀ ကို ရရှိစေလိုသည်။


 အောက်ပါ ဇယားကိုကြည့်ခြင်းအားဖြင့် သင်၏ဒိတ်လုပ်သည့် အချိန်မှာ တိုတောင်းပြီး လက်ထပ်ထားသည်နှစ်များမှာ များစွာကြာရှည်ကြောင်းကို သိနိုင်သည်။  


သင်နှင့်သင့်တော်သောသူ၊ မှန်သောအချိန်နှင့် မှန်ကန်သောအခြေအနေမျိုးကို စောင့်ဆိုင်းခြင်းသည် သင့်ဘ၀ အတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ ဤအချက်သည် ကောင်းမွန်သော လက်ဆောင်ဖြစ်သည့် လိင်နှင့်လည်း သက်ဆိုင် သည်။ သင်သည် ခဏတာမျှပျော်ရွှင်ကျေနပ်မှုကို ရွေးချယ်နိုင်သော်လည်း၊ နောက်ပိုင်းတွင် သင်ပြုသောအမှု၏ ခါးသီး သော အသီးများကို ရိတ်သိမ်းရလိမ့်မည်။ ထိုသို့မဟုတ်ဘဲ သင်သည် မှန်သောလူ၊ မှန်ကန်သောအချိန်ကို စောင့်ဆိုင်း နိုင်ပြီး နှစ်ပေါင်းကြာရှည်စွာ လိင်ကိစ္စကို သင့်လက်တွဲဖော်နှင့်အတူ အပြည့်အ၀ ခံစားနိုင်သည်။ လိင်သည် ကစားပွဲမဟုတ်သလို ကစားစရာအရုပ်လည်းမဟုတ်ပါ။ အိမ်ထောင်ရေးဘ၀၏ တဦးကို တဦး ဆက်ကပ် အပ်နှံထားမှုနှင့် လုံခြုံမှုအောက်၌ ၀မ်းမြောက်စွာခံစားရမည့်အရာဖြစ်သည်။ 


အနှစ်ချုပ်ပါက၊ ခဏတာစိတ်လှုပ်ရှားသာယာမှုအတွက် လိင်ဆက်ဆံမှု၏ ရေရှည် အကျိုးအမြတ် အခွင့် ထူးများ ကို မစွန့်လွှတ်ပါနှင့်။ သင်၏ချစ်ခင်စုံမက်ခြင်းစိတ်ကို စောင့်ထိန်းပါ။ ကျွန်ုပ်တို့သည် စိတ်လှုပ်ရှားမှုကို ယခုပင်ရလိုကြသည်။ စိတ်ရှည်သည်းခံမှုရှိရန် ကျွန်ုပ်တို့အတွက် မလွယ်ကူပါ။ သင်၏ချစ်ခင်စုံမက်သောစိတ်ကို စောင့်ထိန်းရန်မှာ မလွယ်ကူပါ။ သင်၏လိင်ဆန္ဒအာသီသ ကို ငြင်းပယ်ရန်မှာလည်း မလွယ်ကူပါ။ အိမ်ထောင်ရေးဘ၀၏ အပြင်ဘက်မှာ လိင်ပိုင်းဆိုင်ရာကိစ္စများ၌ ပျော်မွေ့နေကြသောသူများကို အားမကျ မိအောင် စိတ်ကိုထိန်းဖို့ရန်လည်း မလွယ်ကူပါ။ သို့သော် ဘုရား သခင်၏ နည်းလမ်းသည်သာ အကောင်းဆုံးဖြစ်သည်။ လူငယ်များပြောကြသည့် ““ဂိတ်ဆုံးသွားပြီ””ဆိုသည့်စကားမှာ ဈေးပေါသောလိင်သာဖြစ်သည်။ အဖိုးထိုက်သော အချစ် မှာ အခြားအရာတစ်ခုဖြစ်သည်။ လူနှစ်ဦးသည် တဦးကိုတဦးပေးအပ်ထားပြီး အိမ်ထောင်ရေးဘ၀၌ လုံခြုံစိတ်ချမှု ရှိစွာ အသက်ရှင်နေထိုင်ကြချိန်တွင် ဤသို့သောအဖိုးထိုက်သည့် အချစ် ကိုခံစားရသည်။ 


ဤသင်ခန်းစာကို ရေးသောသူအနေဖြင့် ကျွန်တော်အကြောင်းကိုလည်း နည်းနည်းပြောပြပါရစေ။ ကျွန်တော့် မိန်းမနှင့် ကျွန်တော်သည် အချစ်ဖြင့်ပြည့်နှက်လျက်ရှိသော ၆၅ နှစ်တာကို အတူဖြတ်သန်းလာကြပြီး နောက်ထပ် နှစ်တွေ ကို လည်း အတူဖြတ်သန်းနိုင်ဖို မျှော်လင့်ထားပါတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ကလေး ၆-ယောက်ပေးထားပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ရက်တွေကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ၀မ်းနည်းကြေကွဲစရာ ကိစ္စနဲ့လည်း တွေ့ကြုံ ဖူးပါ တယ်။ ကျွန်တော်တို့ရဲ့ အကြီးဆုံးသားဟာ အသက် (၇)နှစ်မှာ ကားမတော်တဆဖြစ်မှုနဲ သေဆုံးခဲ့ပါတယ်။ ကျွန်တော်တို့ လက်ထပ်ခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ဟာ ချစ်ရည်လူးနေပါတယ်။ သို့သော် နှစ်ပေါင်းကြာလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ အချစ် ဟာ ပိုပြီးနက်ရှိုင်းသန်မာလာပါတယ်။ ယောက်ျားတစ်ဦးနဲ့ ချစ်ကျွမ်းဝင်နေတဲ့အချိန်မှာ ရှိသင့်တဲ့ထူးခြား တဲ့လှပမှုမျိုး ကျွန်တော့်မိန်းမမှာရှိပြီး သူမချစ်တဲ့သူ ချစ်မြတ်နိုးခြင်းကို ခံရတာကိုလည်း သူမသိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ လက်မထပ်မီ မိမိကိုယ်ကို စောင့်ရှောက်နိုင်ခဲ့ပြီး လိင်ကိစ္စတွေနဲ့ မပါဝင်မပတ် သက် မိခဲ့တဲ့ အတွက် ဘုရားသခင်အား ကြိမ်ဖန်များစွာ ကျေးဇူတင်ခဲ့တယ်။ ကျွန်တော်တို့ဟာ ချစ်သူတွေ ဖြစ်ဆဲဖြစ်ပြီး လက်ချင်း ချိတ်လျက်ရှိတုံးပါပဲ။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ တစုံတဦးနဲ့ချစ်ကျွမ်းဝင်နေ ရတာ ဟာ အလွန်ကောင်းမွန်ခဲ့ပါတယ်။ သင်က ““သိပ်လှပတဲ့ချစ်ပုံပြင်ပဲ””ဟု ပြောလိမ့်မည်။ ဟုတ်ပါတယ်။ ဘုရားသခင်ရည်ရွယ်ထားသော အိမ်ထောင်ရေးဘ၀မှာ ထိုကဲ့သို့ဖြစ်သည်။ သင်၏အိမ်ထောင်ရေးကိုလည်း ထိုကဲ့သို့ပင်ဖြစ်စေလိုသည်။ 


သင်းအုပ်ဆရာ George Gardner ၏သက်သေခံချက် ဆယ်ကျော်သက်လေးတဦးသည် ကျွန်တော်၏စာကြည့်ခန်းထဲသို့ဝင်လာပြီး ဤသို့ရင်ဖွင့်ခဲ့သည်။ ““ဆရာ၊ ဆရာနဲ့စကားပြောလို့ရမလား၊ ကျွန်မမှာ ပြသနာတစ်ခုရှိနေတယ်”” ““ဘာကိစ္စလဲ””ဟု ကျွန်တော် မေးလိုက်သည်။ ““ကျွန်မနဲ့ ချိန်းတွေ့တဲ့သူတွေနဲ့ပတ်သက်ပါတယ်”” ““သမီးချိန်းတွေ့တဲ့သူတွေက ဘာမှား နေလို့လဲ”” ““ကျွန်မ မသိဘူးရှင့်။ သူတို့က အမြဲတမ်းအမှားအယွင်းတွေနဲ့ပဲ အဆုံးသတ်သွားတယ်။ ကျွန်မ သိလာတာတစ်ခုက ကျွန်မ ခရစ်ယာန်မဖြစ်မီ ဒိတ်လုပ်ခဲ့တဲ့သူတွေထက် ဘုရားကျောင်းက ကောင်းလေး တွေကအများကြီး ပိုသွက်နေတယ်လို့ ကျွန်မ ထင်တယ်။ ကံမကောင်းစွာနဲ့ပဲ အဲဒီအချက်က မှန်နေတယ်ရှင့်။ သူမကဤသို့ဆက်ပြောသည် ““ကျွန်မ ဘာဆက် လုပ်ရမလဲ? ကျွန်မသခင်ကို အစေခံလိုတယ်။ ခရစ်ယာန်တဦးဖြစ်လိုတယ်။ ကျွန်မဟာ သက်သေခံကောင်းတဦးဖြစ်လိုပြီး သန့်ရှင်းစေင်ကြယ်လိုတယ်။ ကျွန်မဘာလုပ်ရမလဲ၊ ကျွန်မအပျိုကြီးမဖြစ်လိုဘူး”” ထိုအခါ ကျွန်တော်က ““ကလေး၊ မင်းအပျိုကြီးဖြစ်စရာ အကြောင်းမရှိပါဘူး။ ငါ့ကိုယုံပါ။ ဒါပေမယ့် သမီးလုပ်ရမယ့်အရာရှိတယ်။ “ကောင်းပြီး ကျွန်မ ဘာလုပ် ရ မလဲ”ဟုသူမက မေးသည်။ “သမီးကိုတစ်ခုမေးပါရစေ။ သမီးနဲ့ဒိတ်လုပ်နေတဲ့ ကောင်လေးက ခရစ်ယာန် လား? ဆရာ၊ သူ့ကိုသိပါတယ်။ “မိမိကိုယ်ကိုခရစ်ယာန်ပါလို့ ၀န်ခံတဲ့ကောင်လေးတဦးပါ” “သမီးကလည်း ခရစ်ယာန်ပဲ၊ ဟုတ်တယ်မဟုတ်လား။” “ဟုတ်ကဲ့ရှင်” “သမီးရဲ့ ဒိတ်နှင့်ပတ်သက်ပြီး ဆုတောင်း ပေးမယ် ဆိုတဲ့ အတွေးမျိုး သမီးမှာ ရှိခဲ့ဖူးလား?” “ဒိတ်လုပ်ထားတဲ့သူနဲ့ပတ်သက်ပြီး ဆုတောင်းပေးရမယ်၊ ဟုတ်လား?” “ဟုတ်တာပေါ့ သမီး၊ ဘာများ ထူးဆန်း နေလို့လဲ” “သမီးနဲ့ဒိတ်လုပ်ထားတဲ့သူအတွက် ဆုတောင်းပေးရင်၊ သမီးဟာပျော့ညံ့တယ်လို လူတွေက ထင်မှာ ပေါ့ရှင့်” လူငယ်စည်းဝေးပွဲ၊ ကွာယာမတိုင်မီ၊ Sundayschool တို့အတွက်ဆိုရင်တော့ ဆုတောင်း ပေးရမှာပေါ့။ 


ဒါပေမယ့် ဘယ်သူက ဒိတ်လုပ်ထားတဲ့ သူနဲ့ပတ်သက်ပြီး ဆုတောင်းပေးမှာလဲ” “သမီးပြောတာကို နားထောင်ပြီး ဆရာ စဉ်းစား မိတာက သမီးကစပြီး ဘာကြောင့်မလုပ်ရမှာလဲ သမီးဒိတ်လုပ်ထားတဲ့သူအပေါ်မှာ ကောင်းချီး ပေးဖို့ ယခုပင် ဆုတောင်း လိုက်ပါ။” “ဟုတ်ကဲ့ရှင့်၊ ဒီလိုလုပ်ခြင်းက အခြေအနေကို ပြောင်းလဲသွားစေမှာပဲ ဆရာ လုပ်စေလိုတာက အဲဒီလိုလား၊ ကြိုးစားကြည့်ပါမယ်ရှင်” “သခင်က ဆုတောင်းပဌာနာပြု”ဟု ပြောထားတာပဲ။ ထိုသို့ဆုတောင်းခြင်းက ဘာများ မှားနေ လို့ လဲ၊ သမီ”။ ထိုသို့ ဆုတောင်းပေးရန်အတွက် သူမ တစ်ခါမှ မစဉ်းစားဖူးပေ။ သို့သော် သူမသည် ကျွန်တော်၏ အကြံဥာဏ် ကို လက်ခံလိုက်ပြီး ကြိုးစားကြည့်ခဲ့သည်။


စ်ပတ်ခန့်ကြာပြီးနောက် သူမပြန်ရောက်လာသည် သူမ၏မျက်နှာမှာ ပြုံးဖြီးဖြီး ဖြစ်နေသည်။ “အခြေအနေဘယ်လိုလဲ၊ သမီး”ဟု ကျွန်တော်ကစူးစမ်းလိုက်သည် ““အရမ်းကောင်းတာပဲရှင်”” ““ဘာတွေ ဖြစ်ခဲ့လဲသမီး”” ““သမီးကောင်းလေးက၊ သမီးကိုအိမ်မှာလာကြိုပြီး ကားထဲကိုအတူ ၀င်ပြီးနောက်၊ ကားစက်မနှိုးခင်မှာ သမီးက “ခဏစောင့်ပါဦး” “ဘာကြောင့်လဲ”ဟု သူကပြောသည်။ “ကျွန်မတို့ ဒီညဘာလုပ်ကြမလဲ” “ငါမသိဘူးလေ” “ဒါဆို ကျွန်မ အခုဘာလုပ်ချင်လဲဆိုတာကို ရှင့်ကိုပြောပြမယ်” “ဘာလုပ်ချင်လို့လဲကွာ” “ကျွန်မတို့ ယခု ဒိတ်လုပ်တာအတွက် ဆုတောင်းချင်တယ်”။ သူ၏မျက်နှာကို သံပရာသီးနှင့်ပေါက်တာတောင်မှ သူ အဲ့ဒီလောက် အံ့သြ သွားလိမ့်မယ်လို့ မထင် ဘူးရှင်။ သူကတအံ့တသြဖြင့် ““မင်း၊ ဘာပြောလိုက်တယ်” မင်းလုပ်ချင်တာကဘာ?” “ကျွန်မတို့က ခရစ်ယာန်တွေ မဟုတ်လား” “ဟုတ်တယ်” ဒါဆို ဘာကြောင့် ကျွန်မတို့ချိန်းတွေ့တာနဲ့ပတ်သက်ပြီး ဆုမတောင်းရမှာလဲ၊ ရှင်က ကျွန်မတို့ ဒိတ်လုပ်တာအတွက် ဆုတောင်းပေးပါလား။ “ငါဆုမတောင်းဘူး၊ ဒါကမင်းအိုင်ဒီယာပဲ၊ မင်းပဲ ဒါနဲ့ ပတ်သက်ပြီး ဆုတောင်းပါ။” 
ထိုအခါ ကျွန်မက သခင်၏လက်တော်ကို ကျွန်မတို့နှစ်ဦးအပေါ်ထားရှိရန် သက်သေခံ ကောင်းများ ဖြစ်ရန် နှင့် ပျော်ရွှင်ဖွယ်ကောင်းသော အချိန်လေးကို အတူတကွဖြတ်သန်းနိုင်ရန်အတွက် ဆုတောင်းခဲ့သည်။ ““ဆရာ၊ သမီး လုပ်ခဲ့တဲ့ ဒိတ်တွေထဲမှာ အဲ့ဒီဒိတ်ဟာ အကောင်းဆုံးပါပဲ”။ အခြေအနေတွေဟာ အလွန်ကောင်းနေပါတယ်။ အရင်က မသိရှိ၊ မခံစားဖူးတဲ့ ရိုသေလေးစားမှုကိုလည်း ခံစားရပါတယ်။ 


မေးခွန်းများ (မှန်/မှား) 


၁။ လိင်၏လှုံ့ဆော်မှု့၊ တွန်းအားသည် အပြစ်မရှိသော်လည်း ဘုရားသခင်က ဤလှုံ့ဆော်မှုဆန္ဒကို ထိန်းချုပ်ထားရန် ပြောထားသည်။ 

၂။ မတရားသောမေထုန်၌မှီဝဲခြင်းသည် အဓိကအပြစ်ကြီးတစ်ခုမဟုတ်ပါ။ 

၃။ မိန်းခလေးများသည် ထိတွေ့ခြင်းအားဖြင့် ကနဦးအဆင့်လှုံ့ဆော်ခြင်းကိုခံရသော်လည်း၊ ယောက်ျားများမှာမူ ထိတွေ့ခြင်းအားဖြင့်သာမက၊ သူတို့မြင်သောအရာများအားဖြင့်လည်း လှုံ့ဆော် ခြင်းကိုခံရသည်။ 

၎။ လိင်ဆက်ဆံမှုသည် အရေးတကြီးလုပ်ရမည့်ကိစ္စမဟုတ်ပါ။ လိင်၏တွန်းအား၊ လှုံ့ဆော်မှုကို ငြင်းပယ်ခြင်းအားဖြင့် သင်၌မည်သည့်အန္တရာယ်မျှ ကျရောက်လာမည်မဟုတ်ပါ။ 

၅။ ကျွန်ုပ်၏အပြစ်များသည် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့လုပ်ဆောင်ခဲ့မှု၏ အကျိုးဆက်ကိုမူ ရိတ်သိမ်း ရမည်။ 

၆။ ဘုရားသခင်က သောဒုံနှင့်ဂေါမောရမြို့ကိုဖျက်ဆီးခဲ့ခြင်းမှာ လိင်တူဆက်ဆံမှုသည် ထိုမြို့တို့၌ အလွန်များပြားသော ကြောင့် ဖြစ်သည်ဟု ပြောထားသည်။ 

၇။ ကျီစယ်ခြင်းအားဖြင့် လိင်ကိစ္စတို့ကို မလုပ်မိပါက၊ ကျီစယ်ခြင်းသည် “အိုကေ” ပါသည်။ 

၈။ တနေ့တွင် တစုံတဦးက တရားဝင်ပိုင်ဆိုင်မည့်အရာကို ယူလည်းမယူသင့်သလို၊ ပေးလည်း မပေး သင့်ပါ။ 

၉။ လိင်ပိုင်းအရ လှုံ့ဆော်မှုကို စဉ်ဆက်မပြတ် ရှာဖွေနေပါက သင်သည် လုပ်မိမည်သာဖြစ်သည်။ 

၁၀။ လိင်ဆိုသည်မှာ အိမ်ထောင်ရေးဘ၀၏ လုံခြုံစိတ်ချမှုနှင့် ဆက်ကပ်အပ်နှံမှုအတွင်း၌ ၀မ်းမြောက် စွာ အသုံးပြုရမည့် ဘုရားသခင်၏ လက်ဆောင်ဖြစ်သည်။

လက်ထပ်ပြီးသည့်အထိ စောင့်ပါ (or) ဒုတိယမြောက် အပျိုစင်ဘဝ

Lesson 3; Wait Until Marriage 
လူများသည် သူတို့အတွက်အရေးပါသူတစ်စုံတစ်ဦး၏ ချစ်မြတ်နိုးခြင်းကိုခံရရန် အလွန်အမင်း လိုအပ်ကြသည်။ ဤအချက်မှာ လူငယ်လူရွယ်များအတွက် ပို၍မှန်ကန်သည်။ ဆန့်ကျင်ဘက် လိင်ရှိသော သူတစ်ဦးနှင့် သိကျွမ်းရခြင်း က ပင်လျင် သင့်အားနွေးထွေးကောင်းမွန်သည့် ခံစားချက်မျိုးကိုပေးသည်။ ကောင်လေးနှင့်ကောင်မလေးတို့သည် တဦးကိုတဦးငြိသွားကြပြီးနောက်၊ အတူသွားလာကြသော အခါ၊ စိတ်လှုပ် ရှားမှုသည် ပို၍ကြီးထွားလာသည်။ တဦးကိုတဦးထိတွေ့၊ ယုယရခြင်းသည် မည်မျှပျော်ရွှင် ဖွယ်ကောင်းသည်ကို သိလာ ကြသည်။ ဤအရာက စိတ်ဆန္ဒကိုဖြစ်ပေါ်စေသည်။ များမကြာမီအချိန်တွင် နှစ်ဦးစလုံးသည် လိင်ဆက်ဆံမှု ပြုလုပ်ရန် ဆွဲခေါ်ခြင်းကိုခံရပြီး သူတို့က ဤသို့တွေးလာကြသည်။ ““ငါတို့သည်တဦးကိုတဦး အမှန်တကယ်ချစ်တာပဲ။ လိင် ဆက်ဆံ တာက ဘာများမှားနေလို့လဲ။ 
လက်မထပ်မီ သင်သည်လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုမပြုသင့်သည့်အကြောင်းအရင်းများစွာရှိသည်။ ဤအချက်ကို စဉ်းစားကြည့်ပါ။ လက်မထပ်မီ လိင်ကြောင့် သင်ရရှိခဲ့သောအရာထက် လိင်ကြောင့် သင်ဆုံး ခဲ့သောအရာက ပိုမိုကြီးမား သည်။ လိင်ကြောင့် သင်ဘာကိုရသနည်း။ တိုတောင်းသောစိတ်လှုပ်ရှားမှုနှင့် တခဏတာပျော်ရွှင်မှု။ သို့သော် လက်မထပ် မီ လိင်ကြောင့် သင်ဆုံးရှုံးခံရသောအရာသည် သင့်တဘ၀လုံး အပေါ်သို့ အကျိုးသက်ရောက်မှုရှိနိုင်သည်။ လက်ထပ်ပြီးသည်အထိ လိင်ဆက်ဆံခြင်းကို စောင့်ဆိုင်းသင့်သည့် အကြောင်းအရင်းအချို့ကို လေ့လာကြပါစို့။ 

အကြောင်းအရင်းနံပါတ် (၁) 
လက်မထပ်မီ ဆက်ဆံခြင်းက စစ်မှန်သောအချစ်ကိုသိနိုင်မည့် သင်၏အခွင့်အရေးများကို ဆုံးရှုံး စေနိုင်သည်။ မိန်းကလေးတစ်ဦးသည် သူ၏လိင်ကိုပေးဆပ်ခြင်းအားဖြင့် အချစ်ကိုရရှိရန်ကြိုးစာခြင်း (သို့) ထိန်းသိမ်းထားရန် ကြိုးစား ခြင်းသည် ၀မ်းနည်းကြေကွဲဖွယ် အမှားတစ်ခုကို ပြုလုပ်ခြင်းပင်ဖြစ်သည်။ စစ်မှန်သောအချစ်သည် စေ့စပ်ခြင်း၊ လက်ထပ် ခြင်း နှင့် လိင်ဆက်ဆံခြင်းတို့ကို ဖြစ်စေနိုင်သော်လည်း လိင်က စစ်မှန်သောအချစ်ကို မဖြစ်စေနိုင်ပါ။ စစ်မှန်သောအချစ်ကို သိနိုင်မည့် သင်၏အခွင့်အရေးများကိုပင်လျှင် ဖျက်ဆီးပစ်နိုင်သည်။ 
၁၉ နှစ် အရွယ်ကောင်မလေးသည် အထက်တန်းနှင့်ပထမနှစ် ကောလိပ်ကျောင်းသူ ဘ၀တလျှောက်လုံးတွင် မိမိကိုယ်ကို သန့်စင်အောင် နေနိုင်ခဲ့သည်။ သူမသည် သူမအလွန်နှစ်သက်သောကောင်လေးနှင့် ပုံမှန် ဘ၀ကို ဖြတ်သန်း နေခဲ့သည်။ သူသည် နွေရာသီအားလပ်ရက်ခရီးကို မထွက်ခွာမီ၊ သူမသည် သူ့ကို လိုက်လျောခဲ့သည်။ သူမက ဤသို့ တွေးခဲ့သည်။ ““ဘာကြောင့်မလုပ်ရမှာလဲ။ ငါက သူ့ကိုချစ်တယ်။ သူက လည်း ငါ့ကိုချစ်တယ်။”” ဘာဆက်ဖြစ်သနည်း။ နွေရာသီကျောင်းပိတ်ရက်ကာလတွင် သူမသည်သူမ၏ “ချစ်သူ” ထံမှ ဘာသတင်းမှ မကြားရတော့ပါ။ နွေဦးကာလ၌ သူပြန်လာသောအခါ သူမသည် သူမအား စစ်မှန်သောအချစ်ဖြင့် မချစ်သောသူကို သူမ၏ အဖိုးထိုက်သည့်အရာကို သွေးဆောင်ခံရသောကြောင့် ပေးလိုက်ရပြီး ဆိုတာကို သိရှိခဲ့သည်။ သူက ““ငါတို့ရဲ့ နောက်ဆုံး ညဟာ တကယ့်ကိုအိပ်မက်ဆိုးကြီးပါပဲ။ အဲဒါပြီးနောက် ငါမင်းကို ဘယ်တော့မှလက်မထပ်တော့ဘူး။”” ဟူ၍ပြောခဲ့သည်။ 

အကြောင်းအရင်းနံပါတ် (၂) 
လက်မထပ် မီဆက်ဆံခြင်းက ဘုရားသခင်က သင့်အတွက်ပြင်ဆင်ထားသော အကောင်းဆုံးအရာ ကို ဘယ် တော့ မှ မသိနိုင်အောင် သင့်ကိုတားဆီးလိမ့်မည်။ လိင်နှင့်ပတ်သက်၍ မှားယွင်းသောယူဆချက်တစ်ခုမှာ ဤသို့လုပ်ခြင်းသည် ခန္ဓာပိုင်းပျော်ရွှင်မှုသာ ဖြစ်ပြီး သင့် စိတ်ကြိုက် မည်သူနှင့်မဆို လုပ်နိုင်သည်ဟူသော ယူဆချက်ပင်ဖြစ်သည်။ ဤသို့ယူဆခြင်းက လိင်ကိုဈေးပေါစေပြီး အဓိပ္ပါယ်မဲ့စေပြီး ကျွန်ုပ်တို့အား ဖန်ဆင်းထားသည့်ပုံစံကိုပင် ပမာမခန့်ပြုသည်။ လိင်သည် ခန္ဓာပိုင်းလုပ်ဆောင်မှုတစ်ခုသာမဟုတ်ပါ။ လိင်ဆက်ဆံခြင်းအားဖြင့် သင်နှင့်အခြားသူသည် တသား တကိုယ်တည်းဖြစ်သွားသည်။ ဤသို့လုပ်ခြင်းသည် အလွန်ရင်းနှီးကပ်ငြိသည့်အတွေ့အကြုံ ဖြစ်သောကြောင့် သင်၏ တစိတ်တပိုင်းသည် ထိုသူနှင့်အတူ ထာဝရကာလ ရှိနေမည်ဖြစ်သည်။ သင်သည် လက်ထပ်သောအခါ သင်၏ဘ၀ အဖော် ကို ၁၀၀% အပြည့်မပေးနိုင်တော့သည်ကို သိလာလိမ့်မည်။ ဘာကြောင့်နည်း။ အကြောင်းမှာ သင်၏တစိတ် တပိုင်း ကို အခြားသူတို့အား ဝေမျှပေးခဲ့သောကြောင့် ဖြစ်သည်။ ဤအရာကို အရေးမပါသလို ပြုမူခြင်းသည် မိုက်မဲရုံသာမက၊ ကျွန်ုပ်တို့အား ဘုရားသခင် ဖန်ဆင်းထားသည့် ရည်ရွယ်ချက်ကိုလည်း လျစ်လျူရှုခြင်းပင်ဖြစ်သည်။ 

အကြောင်းအရင်းနံပါတ် (၃) 
လက်မထပ်မီ ဆက်ဆံခြင်းက သင်၏မိမိကိုယ်ကိုအထင်ကြီးလေးစားသောစိတ်ကို ထိခိုက်စေသည်။ ကျမ်းစာက လူငယ်တစ်ဦးသည် သူ၏ကိုယ်ခန္ဓာကို ဂုဏ်အသေရေရှိစွာဖြင့် စောင့်ထိန်းသင့်ကြောင်းနှင့် ကိုယ်ကျင့်တရားမကောင်းသော သူတို့၏လမ်းစဉ်ကို မလိုက်ကြရန်ပြောထားသည်။ လူငယ် တဦး၏သန့်ရှင်းစင်ကြယ်မှု သည် သူ (သို့) သူမ၏ အဖိုးမဖြတ်နိုင်သောပိုင်ဆိုင်မှုပင်ဖြစ်သည်။ ၀မ်းနည်း စွာပင်၊ အများစုသည် အရမ်းနောက်ကျမှသာ ဤအချက်ကိုနားလည်လာကြသည်။ တခါတရံ မိန်းကလေး တဦးသည် အချစ်ကိုအလွန်ဆာလောင်သဖြင့် ယောက်ျား တဦး၏လိင်စိတ်ဆန္ဒကို သူမရှာဖွေနေသောအချစ် ဟု ထင်ကာ ထိုယောက်ျား၏ဆန္ဒကို လိုက်လျောပေးတတ်ကြသည်။ မကြာခဏ၊ ထိုယောက်ျားသည်သူမကို အမှန်တကယ်မချစ် မလေးစားသည်ကိုတွေ့ရတတ်သည်။ သူလိုချင်သောအရာမှာ လိင်သာဖြစ်ပြီး သူမကလည်း အဆင်သင့်ရှိနေသဖြင့် သူမကိုအသုံးချကာ သူလိုချင်သောအရာကို ရယူလိုက်ခြင်းသာ ဖြစ်သည်။ ခဏကြာသောအခါ သူသည် သူမကိုငြီးငွေ့လာပြီး၊ သူမသည် ဈေးအဆမတန်လျော့ထားသောကုန်ပစ္စည်း ကဲ့သို့ဖြစ်လာတော့သည်။ အချစ်ကိုရှာဖွေရန်အတွက် သွားစရာနေရာ သူမတွင်မရှိတော့ပဲ လိင်ကိုရှာဖွေ နေသောသူ ထံသို့သာ သွားရမည်ဖြစ်သည်။ သူမသည် သူမ၏မျက်စိ၌ပင် ဈေးပေါနေပြီး အခြားသူများက လည်း သူမအား ဈေးပေါ သည် ဟု မြင်မည်ဖြစ်သည်။ 

အကြောင်းအရင်းနံပါတ် (၄) 
လက်မထပ်မီ ဆက်ဆံခြင်းသည် တစ်ဘ၀စာအကျိုးဆက်များရှိနိုင်သည်။ ဘုရားသခင်သည် သင့်အားသြတ္တပ္ပစိတ်ကိုပေးထားပြီး ထိုစိတ်ဖြင့်အသက်ရှင်ရမည်ဖြစ်သည်။ အသက် ၄၂ နှစ်အရွယ်မိန်းမတစ်ဦးက “လက်မထပ်မီဆက်ဆံခြင်းက စိတ်လှုပ်ရှားဖွယ်တခဏတာ ပျော်ရွှင် မှုကိုပေးလိမ့်မည်။ သို့သော် ဤသို့လုပ်ခြင်းက တန်ပါရဲ့လား” ဟုရေးခဲ့သည်။ 

 အကြောင်းအရင်းနံပါတ် (၅) 
လက်မထပ်မီ ဆက်ဆံခြင်းသည် စိတ်ပျက်ဖွယ်ကောင်းသောအရာတစ်ခု ဖြစ်လာနိုင်သည်။ လူငယ်အများစုက လိင်ဆက်ဆံခြင်းသည် စိတ်လှုပ်ရှားဖွယ်ကောင်း၍ရင်သပ်ရှုမောဖွယ်ကောင်းသည်ဟု မြင်ပါ သလား။ အဖြေမှာ “NO” ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာဆက်နွယ်မှု လေ့လာဆန်းစစ်ချက်တစ်ရပ်ကို လက်မထပ် ရသေး သည့် မိခင်များအတွက် ဆေးခန်းကြီးတစ်ခုတွင်ပြုလုပ်ခဲ့သည်။ ဤမေးခွန်းအား လက်မထပ်ရသေးသည့်အမေများကို မေးခဲ့သည်။ “လိင်ဆက်ဆံမှုအတွေ့အကြုံကို သင်ကပျော်ရွှင်ဖွယ် ကောင်းသည်ဟုမြင်ပါသလား (သို့) စိတ်ပျက်ဖွယ် ကောင်းသည်ဟုမြင်ပါသလား (သို့) မနှစ်မြို့ဖွယ် ကောင်းသည်ဟုမြင်ပါသလား။ ၄င်တို့ထဲမှ ၅၀% က ဤအတွေ့ အကြုံသည် စိတ်ပျက်ဖွယ်ကောင်းသည်ဟု ဖြေခဲ့ပြီး ၃၀% ကမနှစ်မြို့ဖွယ်၊ ရွံရှာဖွယ်ကောင်းသည်ဟုဖြေခဲ့သည်။ ၂၀% ကသာပျော်ရွှင်ဖွယ်ကောင်း သည်ဟုဖြေခဲ့သည်။ မှန်ကန်သော အခြေအနေတစ်ရပ်၌ လိင်ဆက်ဆံခြင်းသည် ဘုရားသခင် ရည်ရွယ် ထားသလိုမျိုး စိတ်လှုပ်ရှားဖွယ်ကောင်းသောအရာတစ်ခု ဖြစ်နိုင်ပါသည်။ သို့သော် အိမ်ထောင်ရေးအပြင် ဘက်၌ လုပ်လျှင်မူ စိတ်ပျက်ဖွယ်ကောင်းမည်ဖြစ်သည်။ ၁၆ နှစ်အရွယ်ကိုယ်ဝန်ဆောင်မိခင်လောင်းလေးက ဤသို့ ရှင်းလင်း ဖော်ပြခဲ့သည်။ အချစ်နှင့်ပတ်သက်ပြီး ရုပ်ရှင်တွေ၊ တီဗီ တွေထဲမှာ သင်တွေ့မြင်တာ မှန်သမျှဟာ အလိမ်အညာ တွေသာ ဖြစ်ပါတယ်။ ရုပ်ရှင်တွေ၊ တီဗီ တွေထဲကအချစ်ဟာ မနူးညံ့၊ မချိုသာ သလို ကြာရှည်မခံပါဘူး။ ရက်စက်ကြမ်းကြုတ်ပြီး နာကျင်စေပါတယ်။ ရုပ်ရှင်တွေထဲက လူတွေဟာ အိပ်ယာပေါ်ခုန်တက်ကြပြီး အရာအားလုံးဟာ အားကျဖွယ် ကောင်း တယ်လို့ ထင်ရပါတယ်။ နောက်တနေ့ မနက်မှာလည်း လူတိုင်းဟာပျော်ရွှင်စွာနဲ့ နိုးထလာပါတယ်။ တကယ်တမ်း ကျတော့ အဲဒီလိုမဟုတ်ပါဘူး။ သင်သာ ကျင့်သားမရသေးရင်၊ အဲဒီအရာဟာ ဆိုးဝါးစွာနာကျင်စေပါတယ်။ ပိုဆိုးတာက၊ နောက်တနေ့ မနက်မှာ သင့်ချစ်သူဟာ သင့်ကိုကြည့်တောင်မကြည့်တော့ပါဘူး။ 

အကြောင်းအရင်းနံပါတ် (၆) 
လက်မထပ်မီ ဆက်ဆံခြင်းသည် သင့်အတွက် အန္တရာယ်ရှိသည်။ လက်မထပ်မီ လိင်ပိုင်းကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းအားဖြင့် လိင်မှကူးစက်တတ်သောရောဂါများကို သင်၌ ဖြစ်စေနိုင်သည်။ လွယ်သောမိန်းကလေးများ၊ တနည်းအားဖြင့် ပြည့်တန်ဆာများသည် ပြင်း ထန်သော ထိုရောဂါ တစ်ခုခု၏ အရင်းအမြစ်ဖြစ်နိုင်ပါသည်။ ထိုကဲ့သို့ပင် ယောက်ျားများသည်လည်း “ရောဂါသယ်ဆောင်သူ” များဖြစ်နိုင် ပါသည်။ လိင်မှ တဆင့် ကူးစက်သောရောဂါများသည် ပြင်းထန်သော ပိုးဝင်မှုများ၊ မျက်စိကန်းခြင်းများနှင့် သေခြင်းကိုပင် ဖြစ်စေနိုင်သည်။ ဤပြင်းထန်သောရောဂါများသည် သင့်ကလေးများကိုပင်လျှင် ကူးစက်နိုင်သည်။ ဤရောဂါများထဲမှ အချို့ကို ကုသ၍ မရနိုင် သေးပါ။ ယောက်ျားတစ်ဦးတည်းနှင့်သာ ဆက်ဆံမှုပြုသောကောင်မလေးတစ်ဦးက သူ့ကိုသူ လုံခြုံသည်ဟု ထင်ခဲ့သည်။ ဆရာဝန်က သူမသည်လည်း ဗိုင်းရပ်ကူးစက်ခံနေရပြီးဆိုတာကို ပြောသောအခါ၊ သူမသည် အလွန်ထိတ်လန့်သွားခဲ့သည်။ ထိုဗိုင်းရပ်၏အရင်းအမြစ်ကိုရှာဖွေကြသောအခါ၊ သူမ၏ဆက်ဆံဖက် ယောက်ျားမှာ အခြားမိန်းကလေးတဦးတည်းနှင့်သာ ဆက်ဆံသည်ကို တွေ့ရသည်။ သို့သော် ထိုမိန်းကလေးသည် အခြားယောက်ျားငါးဦးနှင့်ဆက်ဆံပြီး ဤယောက်ျားငါးဦးက ပြည့်တန်ဆာများအပါအ၀င် အခြား မိန်းမ ၁၉ ယောက်နှင့်ဆက်ဆံသည်ကို တွေ့ရသည်။ ဤသို့ဖြင့် ယောက်ျားတစ်ဦး တည်း နှင့်သာ လိင်ဆက်ဆံမှုပြုနေသည်ဟု ထင်ခဲ့သောကောင်မလေးသည် နောက်ဆုံး၌လူပေါင်း ၉၂ ဦးနှင့် သူမဆက် နွယ်နေကြောင်းကို သိသွားခဲ့သည်။ 

အကြောင်းအရင်းနံပါတ် (၇) 
လက်မထပ်မီ ဆက်ဆံခြင်းသည် မိန်းကလေးတစ်ဦး၏ဘ၀ကို တစ်စစီ ကြေကွဲသွားစေနိုင်သည်။ အိမ်ထောင်ရေးအပြင်ဘက်၌ လိင်ပိုင်းဆိုင်ရာစမ်းသပ်မှုကို ပြုကြသောလူငယ်များသည် ဤမေးခွန်းအား မိမိ ကိုယ်ကို မေးသင့်သည်။ ဤသို့လုပ်ခြင်းအားဖြင့် အကယ်၍ကိုယ်ဝန်ရှိလာမယ်ဆိုရင် ငါတို့ ဘာလုပ်ကြမလဲ။ ဤသို့လည်း မေးသင့်သည်။ ဤသို့လုပ်ခြင်းအားဖြင့် ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ ငါတို့ ဘာလုပ်ကြမလဲ။ လက်မထပ်ရသေးသည့်မိခင်များအတွက် ဆောက်လုပ်ပေးထားသောအိမ်သို့ အလည်အပတ်သွားခဲ့ သူတဦးက ““သူတို့ရဲ့ အနာဂတ်ဟာ ဘယ်လိုဘယ်ပုံဖြစ်လာမလဲဆိုတာကို မသိကြတဲ့ကောင်မလေးတွေရဲ့ မျက်နှာပေါ်ထင်ဟပ်နေ တဲ့ စိတ်ပျက်၊ မျှော်လင့်ချက်မဲ့မှုတွေကို သင်ဘယ်တော့မှမေ့နိုင်မှာမဟုတ်ပါဘူး။ စစ်မှန်တဲ့အချစ်ကို သူတို့သိကျွမ်းခွင့်ရမှ ရပါ့ မလား၊ သာယာပျော်ရွှင်တဲ့အိမ်ကို အနာဂတ်မှာရမှရပါ့မလား ဆိုတာကို မသိတော့တဲ့ကောင်မလေးတွေဖြစ်ပါတယ်။ လွယ်သောမိန်းကလေးမျာသာမက ကောင်းသောမိန်းကလေးများသည်လည်း ကိုယ်ဝန်ရလာနိုင်ပါသည်။ ဖျက် ချခြင်းအားဖြင့် အလိုမရှိသောကိုယ်ဝန်ကိစ္စကို ဖြေရှင်းခြင်းသည် မှန်ကန်သောနည်းလမ်း မဟုတ်ပါ။ သင်မမွေး ရသေး သော ကလေးငယ်ကို သတ်ဖြတ်ခြင်းသည် မိမိ၌အပြစ်ရှိသည် ဟုဆိုးဝါးသည့် ခံစားချက်မျိုးကို ဖြစ်စေနိုင်သည်။ ဤဆိုး ၀ါးသည့်ခံစားချက်က သင့်ဘ၀တလျှောက်လုံး၌ သင့်အား ခြောက် လှန့်နေမည်ဖြစ်သည်။ အောက်ပါစာက ကျွန်တော်တို့ နှင့် ရင်းနှီးပြီးသား အကြောင်းအရာတစ်ခုကိုပြောပြ သည်။ ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီလို့သိလိုက်ရတဲ့အချိန်မှာ ကျွန်မဟာ ၁၈ နှစ်သာရှိပြီး ကောလိပ်တက် ဖို့ နှစ်လပဲ လို ပါ တော့တယ်။ ကျွန်မရဲ့ကောင်လေးဟာ ကျွန်မကဲ့သို့ အမည်ခံ ခရစ်ယာန်ဖြစ်ပြီး ကိုယ်ဝန်ဖျက် ချဖို့နှစ်ဦးလုံးက ဆုံးဖြတ် ခဲ့ပါတယ်။ ကျွန်မတို့ရဲ့မိဘတွေနဲ့ မိတ်ဆွေတွေကိုမရင်ဆိုင်ရဲတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ အလွယ်နည်း ကို လုပ်ခဲ့ပါတယ်။ ကိုယ်ဝန်ဖျက်ချပြီးနောက် ကျွန်မဟာစိတ်ပိုင်းနာကျင်မှုကို အလူးအလဲခံရပြီး၊ မျက်ရည်များစွာ စီးကျခဲ့ပြီး ကျွန်မ တို့ရဲ့ဆုံးဖြတ်ချက်တစ်ခုလုံးကို နောင်တရခဲ့ပါတယ်။ ယနေ့တိုင်အောင် ကျွန်မဟာ ဒူးထောက်ပြီး ငိုယိုကာ၊ ကျွန်မအား ကြင်နာသနားစွာဖြင့် ခွင့်လွှတ်ပေးဖို့ ဘုရားသခင်ထံတောင်းဆိုဆဲပါ။ ကျွန်မဟာ အရမ်းကိုမှားခဲ့တယ်လေ။ ဘုရားသခင်က ကျွန်မကိုနောက်ထပ် ဒုတိယအကြိမ်အခွင့်အရေး ပေးဦးမလားဆိုတာကို တွေးတောဆဲပါ။ သူဟာ ချစ်ခြင်းမေတ္တာ ဘုရား ဖြစ်တာကိုသိပြီး သူဟာ ဘုရားသခင် ဖြစ်တယ်ဆိုတာကိုလည်း ကျွန်မစိတ်နှလုံးအကြွင်းမဲ့ယုံပါတယ်။ ပြီးတော့ ကျွန်မဟာ ကျွန်မမှာအပြစ်ရှိ တယ်လို့ခံစားရတဲ့ ခံစားချက်ကိုပွေ့ဖက်ရင်း ဆက်လက်အသက်ရှင်ဆဲပါ။ 

အကြောင်းအရင်းနံပါတ် (၈) 
လက်မထပ်မီ ဆက်ဆံခြင်းသည် ကြီးမားသောပြဿနာအချို့ကိုဖြစ်စေနိုင်သည်။ တစ်ခါတစ်ရံ ယောက်ျားတစ်ဦးက ““မင်းကိုယ်ဝန်ရှိလာရင် မင်းနဲ့ငါလက်ထပ်မယ်။”” ဟုပြောလေ့ ရှိသည်။ အိမ်ထောင်ရေးသည် အလေးအနက်ထားရမည့်ကိစ္စဖြစ်သည်။ သင်လုပ်ဖို့မပြင်ဆင်ရသေးသည့် အလုပ်ကိုဝင်လုပ်ဖို့ မကြိုးစားသင့်ပါ။ အိမ်ထောင်ရေး၌ လရောင်၊ ချစ်ရည်လူးမှုများနှင့် နှင်းဆီပန်းများ အားဖြင့်သာ ပြည့်နှက်နေမည်မဟုတ်ပါ။ အိမ်ထောင်ရေး၌ နေ့အလင်းရောင်၊ လသားအရွယ်ဝတ်ဘောင်းဘီ များနှင့် ဟင်းခွက်ပန်းကန်များလည်း ပါဝင်သည်။ ဤစာကို စဉ်းစားဆင်ခြင်ကြည့်ပါ။ ကျွန်မအသက် ၁၇ နှစ်ရောက်တော့၊ ကျွန်မရဲ့ဘ၀ဟာရှုပ်ထွေးနေခဲ့ပါပြီ။ Ted နဲ့ကျွန်မ ၆လကြာ ပုံမှန် တွဲခဲ့ ကြပြီး နောက်ပိုင်းမှာ ကျွန်မတို့လုပ်ခွင့်မရှိတဲ့အရာတွေကို စလုပ်လာကြပြီး ကျွန်မမှာကိုယ်ဝန် ရှိလာပါတယ်။ ကျွန်မတို့ နှစ်ဦးလုံး ဟာ ကျောင်းထွက်ခဲ့ပြီး လက်ထပ်ခဲ့ကြတယ်။ ကျွန်မဟာ ကျွန်မရဲ့ဘ၀ ကိုမုန်းတီးပြီး Ted အပေါ်မှာ ကျွန်မ လုပ်ခဲ့ တာတွေ အတွက်လည်း မိမိကိုယ်ကိုမုန်းတီးခဲ့တယ်။ ကလေးက တချိန်လုံးငိုပြီး Ted ကိုစိတ်ဆိုးစေခဲ့တယ်။ သူဟာ အရက်ကို အလွန် အကျွံသောက်ပေမယ့် ကျွန်မသူ့ကို အပြစ်မတင်နိုင်ပါဘူး။ ကျွန်မတို့ဟာ အမှိုက်ပုံနဲ့နီးတဲ့နေရာမှာနေပြီး ကလေးထိန်းခေါ်ဖို့၊ ရုပ်ရှင်ကြည့်ဖို့နဲ့ သင့်တော်တဲ့ အ၀တ်အစား ၀ယ်ဖို့တောင် ကျွန်မတို့မှာပိုက်ဆံမရှိပါဘူး။ Ted က ဘာမှမပြောပေမယ့်၊ သူကျွန်မကို မုန်းတယ်ဆိုတာကို ကျွန်မ သိပါတယ်။ ကလေးကိုလည်း သူမုန်းပါတယ်။ ဒါတွေအားလုံးဟာ အိပ်မက်ဆိုး တစ်ခုသာဖြစ်ပြီး မနက်မိုးလင်းချိန်မှာ ကျွန်မအိမ်ရဲ့ အိပ်ယာထဲမှာ ကျွန်မဟာနိုးထပြီး ကျွန်မနဲ့အလွန်ခင်တဲ့ သူငယ်ချင်းတွေနဲ့ ကျောင်းကိုအတူသွားရမယ်လို့ မျှော်လင့်ခဲ့တဲ့ အချိန်တွေကလည်း မနည်းပါဘူး။ ဒါပေမယ့် အဲဒီလိုမျိုးနေ့တွေဟာ ကုန်ဆုံးသွားခဲ့ပြီဆိုတာကို ကျွန်မ သေချာ သိပါတယ်။ ကျွန်မ ဒီစာကိုရေးခြင်းမှာ အကြံဥာဏ်ရယူလိုတာကြောင့် မဟုတ်ပါ။ ကျွန်မလိုမျိုး မိမိဟာအားလုံး ကိုသိပါတယ် လို့ ကြွေးကြော်နေတဲ့ ဆယ်ကျော်သက်လေးတွေ သင်ခန်းစာ၊ အကျိုးအမြတ်ရပါစေ ဆိုတဲ့ မျှော်လင့်ချက်နဲ့ဒီစာကို ရေးရခြင်း ဖြစ်ပါတယ်။ 

အကြောင်းအရင်းနံပါတ် (၉) 
လက်မထပ်မီ ဆက်ဆံခြင်းသည် သင်နှင့်မသင့်တော်သောသူကို လက်ထပ်မိစေရန် သင့်အားလှည့် စားမည် ဖြစ်သည်။ အကယ်၍ သင်သည်လိင်ပိုင်းဆိုင်ရာ ယှက်နွယ်မှုရှိနေပါက၊ သင့်ကိုသင် အချစ်စစ်ကို တွေ့သွားပြီး ဟု ထင် လိမ့် မည်။ အမှန်မှာ သင်သည် လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုကြောင့်ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားဖွယ် ခံစားချက်များကိုသာ ရရှိ နေခြင်းဖြစ်သည်။ သင်သည် ရှေ့တဆင့်တက်ပြီး ထိုသူနှင့်လက်ထပ်ပြီးမှ သင့်အတွက်မှားယွင်းသောလူကို လက်ထပ်မိ မှန်း သိလာလိမ့်မည်။ သင်နှင့်သူကြားတွင် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုသာရှိပြီး အချစ်စစ်မရှိကြောင်းကို အလွန် နောက် ကျပြီးမှ သင် သိနိုင်သည်။ 

အကြောင်းအရင်းနံပါတ် (၁၀) 

လက်မထပ်မီ ဆက်ဆံခြင်းသည် သင်၏အိမ်ထောင်ရေးဘ၀ကို ဖျက်ဆီးပစ်နိုင်သည်။ လူအချို့က သူတို့သာ လက်ထပ်လိုက်ပါက၊ အရာအားလုံးဟာအဆင်ပြေသွားလိမ့်မည် ဟုထင်ကြသည်။ အမှန် မှာ ထိုကဲ့သို့ မဖြစ်နိုင်ပါ။ အခြေအနေအရပ်ရပ်တို့သည် သင်တို့နှစ်ဦးအတွက် အကောင်းဆုံး အနေအထားတွင် ရှိနေ တာ တောင်မှ သာယာပျော်ရွှင်သောအိမ်ထောင်ရေးကို လွယ်ကူစွာမရနိုင်ပါ။ အကယ်၍ သင်တို့သာ အစမှားခဲ့ပါက၊ ထိုသို့သော အိမ်ထောင်ရေးကို ရရှိရန်ကြိုးစားရာတွင်အလွန်ခက်ခဲလိမ့်မည်။ လက်မထပ်မီဆက်ဆံခြင်းသည် အောင်မြင်သောအိမ်ထောင်ရေးကို ရနိုင်မည့်သင်၏အခွင့်အရေးများကို အလွန် အမင်း လျော့နည်းစေသည်။ အကြောင်းပြချက်တစ်ခုမှာ လိင်ပိုင်းဆိုင်ရာ စည်းကမ်းမရှိ သူသည် လက်ထပ်ပြီးသော အခါ တွင်လည်း ဆက်လက်၍ စည်းကမ်းမဲ့စွာ ပြုမူနေထိုင်တတ်သောကြောင့် ဖြစ်သည်။ သူတို့သည် ဘယ်တော့မှ ကျေနပ် ရောင့်ရဲမှုမရှိတတ်ဘဲ အသစ်သော စိတ်လှုပ်ရှားဖွယ်အရာများ ကို ဆက်လက်ရှာဖွေတတ်သောကြောင့်ဖြစ်သည်။ တခါတရံ လက်မထပ်မီ လိင်ပိုင်းအရ စည်းမစောင့်သူနှစ်ဦးသည် လက်ထပ်ပြီးသောအခါ အဆင်ပြေစွာ ပေါင်း သင်း နေထိုင်ကြသည်ဟု ထင်ရသည်။ သို့သော် သူတို့နှစ်ဦးသည် သံသယနှင့်မယုံကြည်မှု ဟူသောမျိုးစေ့ကို စိုက်ပျိုး ထား ကြပြီး နောက်ပိုင်းတွင် ထိုမျိုးစေ့တို့က ခါးသီးသောအသီးကို သီးစေလိမ့် မည်ဖြစ်သည်။ နှစ် ၂၀ ကြာအိမ်ထောင်သက်တမ်းရှိသူနှစ်ဦးသည် သူတို့၏အိမ်ထောင်ရေးအား မပြိုကွဲစေရန်အတွက် ဒေါက်တာ ဟင်နရီနှင့် လာရောက်ဆွေးနွေးခဲ့သည်။ ယောက်ျားဖြစ်သူက ““ကျွန်တော့်မိန်းမက ကျွန်တော့်ကို မယုံဘူးဗျ”” ဟုပြောပြီး မိန်းမဖြစ်သူက ““ရှင်ကလည်း ကျွန်မကိုမယုံပါဘူး”” ဟူ၍ပြန်လည် ချေပသည်။ သူတို့နှစ်ဦးသည် တဦးနှင့်တဦး ဘာကြောင့် မယုံကြသနည်း။ အကြောင်းမှာ သူတို့သည် လက်မထပ်မီ ဆက်ဆံခဲ့ကြသောကြောင့်ဖြစ်သည်။ ဤသို့ ဆက်ဆံခဲ့ခြင်းကြောင့် သံသယစိတ်နှင့် မယုံကြည်မှုသည် နှစ်ဦးစလုံးအပေါ်၌ နှစ်၂၀ ကြာ လွှမ်းမိုးထားခဲ့ပြီး နောက်ဆုံး၌ သူတို့၏အိမ်ထောင်ရေးကို ပင် ပျက်စီးစေခဲ့သည်။ လက်မထပ်မီ ဘာကြောင့်လိင်မဆက်ဆံသင့်ကြောင်း အကြောင်းပြချက် (၁၀)ချက်ကို လေ့လာ ဆန်းစစ်ခဲ့ပြီး ဖြစ်သည်။ 

သို့သော် ဤ ၁၀ ချက်စလုံးထက် အရေးကြီးသောအကြောင်းပြချက် တစ်ချက် ကျန်ပါသေးသည်။ ၄င်းမှာ ဤသို့လက်မထပ်မီဆက်ဆံခြင်းသည် မှားယွင်းသည်ဆိုသောအချက်ပင် ဖြစ်သည်။ Christian Religious Teaching တစ်ကြိမ်တွင် ဘာသာရေးခေါင်းဆောင်အချို့သည် အိမ်ထောင်ရေးဖောက်ပြားမှု ကျူးလွန်သော မိန်းမတဦးကို ယေရှု Jesus ဆီသို့ ခေါ်လာခဲ့သည်။ သူတို့သည် ထိုမိန်းမကို ယေရှု၏ ခြေထောက်နား သို့ တွန်းလိုက်ပြီး ““ဆရာ၊ ဒီမိန်းမဟာ ဖောက်ပြားမှုကျူးလွန်နေစဉ်၌ပင်၊သူ့အားလက်ရဖမ်းမိခဲ့ပါတယ်။ ပညတ်တော်ထဲ၌ မောရှေက ဒီလိုမိန်းမကို ကျောက်ခဲနဲ့အသေပစ်သတ်ရမယ်လို့ မိန့်မှာထားပါတယ်။ သခင်ကရော ဘာပြောစရာရှိပါသလဲ?ဟု ပြောကြသည်။ ဤလူများသည် ထိုမိန်းမကို ဂရုမစိုက်ကြပါ။ သူတို့သည် ထိုမိန်းမကိုအသုံးပြု၍ ယေရှုအား ချောက်တွန်း လိုကြခြင်းဖြစ်သည်။ ယေရှုက ““သူမကိုမပစ်သတ်ရ။””ဟု ပြောပါက၊ မောရှေ၏ပညတ်တော် များကို ဆန့်ကျင်နေသလို ဖြစ်ပေမည်။ အကယ်၍သူက ““အသေသတ်လိုက်””ဟု ပြောပါက၊ ရောမအစိုးရနှင့် ပြသနာတက်နိုင်သည်။ ယေရှုသည်သူတို့၏မေးခွန်းကိုချက်ချင်းမဖြေပါ။ သူသည်ဒူးထောက်လိုက်ပြီး သဲပေါ်တွင် စာရေးနေ ခဲ့သည်။ ဤ လူများက ယေရှုအား ဖြေကြားရန်အတင်းအကြပ်တောင်းဆိုသောအခါ သူသည် ထပြီး ““သင်တို့ထဲမှာ အပြစ်မရှိတဲ့ သူ က ပထမဆုံ့းကျောက်ခဲဖြင့် စပြီး ပစ်စေ””ဟု ဆိုခဲ့သည်။ သူပြောတာကိုကြားသောသူများသည် မိမိတို့၏သြတ္တပ္ပစိတ်က မိမိတို့ကို အပြစ်ရှိသည်ဟု စီရင်သောကြောင့် သူတို့သည် တဦးပြီးတဦး ထွက်သွားကြသည်။ ယေရှုသည် ထိုမိန်းမကို အပြစ်လွှတ်ပေးပြီးနောက် ““သွားလော့၊ နောက် ထပ် အပြစ်မလုပ်နဲ့ တော့ဟု”ဆိုခဲ့သည်။ ဒုတိယမြောက် အပျိုစင်ဘ၀ ကျွန်မဆုံးရှုံးခဲ့ရပြီ၊ ကျွန်မနဲ့လက်ထပ်မဲ့သူအတွက် ကျွန်မရဲ့အပျိုစင်ဘ၀ကို ထိန်းသိမ်းဖို့ရန် ဘယ်လောက် အရေးကြီးတာကို ကျွန်မ နားမလည်ခဲ့ဘူး။ ကျွန်မရဲ့အပျိုစင်ဘ၀ကို ပြန်ရနိုင်မလား? မရနိုင်ပါ။ သင်၏အပျိုစင်မှုကို တစုံ တဦးအား တကြိမ်တခါသာပေးနိုင်ပြီး တကြိမ်ပေးပြီးပါက အပျိုစင်ဘ၀ကို ပြန်မရနိုင်တော့ပါ။ သင်သည် သင်၏ အပြင်ပိုင်း ခန္ဓာပိုင်းအရ အပျိုစင်မှု ပြန်မရနိုင်သော်လည်း အတွင်းပိုင်း အပျိုးစစ်မှု တနည်းအားဖြင့် အတွင်းပိုင်း စင်ကြယ်မှု ကို ပြန်ရနိုင်သည်။ ဤအရာကို ဒုတိယမြောက် အပျိုစင်ဘ၀ဟုခေါ်သည်။ 

ဒုတိယမြောက်အပျိုစင်ဘ၀ဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ လက်မထပ်ခင် အထိ နောက်ထပ် လိင်ဆက်ဆံ ခြင်း ကို ရှောင်ကြဉ်မည်ဟု စိတ်ပိုင်းဖြတ်ပြီး ဆုံးဖြတ်ထားသည့်အတိုင်း ပြုမှုနေထိုင် ခြင်းဖြစ်သည်။ သင်ရွေးချယ်သည့် ပုံစံအတိုင်း သင်ဖြစ်လာသည်။ သင်သည် ဤသို့သောရွေးချယ်မှုကို ပြုလုပ်ပြီး ရွေးချယ်မှုအတိုင်း ပြုမူနေထိုင်ပါက သင်သည် အရင်ကနှင့်ကွဲပြားသောသူတစ်ဦးဖြစ်လာမည်။ သင်သည် တကြိမ်တခါပင် လိင်ကိစ္စ၌ပါဝင်ပတ်သက်ဖူးပါက၊ ဆက်လက်၍ ဤကိစ္စအား လုပ်ဆောင် နေ လိမ့် မည်ဟု လူအချို့က ပြောကြသည်။ ထို့ကြောင့် သင်လုပ်ရမည့်အကောင်းဆုံးအရာမှာ ကွန်ဒုံးကို သင်နှင့် မကွာ ဆောင် ထားရန်ဖြစ်သည်။ အကြောင်းမှာ သင်သည် လိင်ကိစ္စကို မငြင်းပယ်နိုင်သော ကြောင့်ဖြစ်သည်ဟု သူတို့ကဆိုကြသည်။ မမှန်ပါ။ သင်သည် ပြောင်းလဲနိုင်သည်၊ အမှားတစ်ခုကို ပြုလုပ် မိခြင်းသည် ထိုအမှားကိုဆက်ပြုလုပ်နေရမည်ဟု မဆိုလိုပါ။ သင်သည် ပါတီပွဲတစ်ခု၌ အလွန်အကျူး အရက်သောက်မိခြင်းက ဤကဲ့သို့ ပါတီပွဲတိုင်း၌ ဆက်လက်သောက်ရမည်ဟု ဆိုလိုခြင်းလော့? မဟုတ်ပါ။ လိင်နှင့်ပတ်သက်၍ အမှားတစ်ခုအား ပြုလုပ်မိခြင်းက ဤသို့သောအမှားအား ဆက်လက်လုပ်နေ မည်ဟု ဆိုလိုခြင်း လုံးဝမဟုတ်ပါ။ သင်သည် ဒုတိယမြောက်အပျိုစင်ဘ၀ကို ရွေးချယ်နိုင်သည်။ ဆယ်ကျော်သက်များစွာသည် ဤသို့သောရွေးချယ်မှုကို နေ့စဉ်နေ့တိုင်း ပြုလုပ်နေကြသည်။ ဆယ်ကျော်သက်များသည် ဘာကြောင့် ဒုတိယမြောက် အပျိုစင်ဘ၀ကို ရွေးချယ်ကြသနည်း? အကြောင်းပြချက်များစွာရှိသည်။ ၄င်းတို့ထဲမှ တစ်ခုမှာ ကျွန်မလုပ်သောအရာဟာ မှားယွင်းကြောင်းကို နောက်ဆုံးမှာ နားလည်ပါပြီ။ အသုံးပြုခြင်းခံနေရတာကို စိတ်ကုန်နေပါပြီ။ ပွင့်ပွင့်လင်းလင်း ပြောရရင်၊ ကျွန်မဟာ အေအိုင်ဒီအက်(စ်) အပါအ၀င် အခြားလိင်မှတဆင့် ကူးစက်တဲ့ရောဂါတွေကိုလည်း ကြောက်ပါတယ်။ ကျွန်မဟာ ခါးသီးတဲ့ သင်ခန်းစာကို သင်ယူခဲ့ရတယ်။ ကျွန်မဟာ မျိုးပွားအင်္ဂါတွေကို လည်း အထိခိုက်မခံချင်ပါဘူး။ ကျွန်မဟာ ဤကိစ္စကို မရပ်တန့်ဘူးဆိုရင် ကျွန်မပေးရမည့်အဖိုးအခဟာ ကြီးမားပါတယ်။ ဘာသာမဲ့များသည် လိင်ကိစ္စကို ၂ဦးသဘောတူလျှင် အိုကေဟု လွယ်လွယ်ပြောကြသည်။  ဘာသာရေးယုံကြည်ချက်တခု မြဲမြံစွာရှိခြင်းသော အမျိုးသမီးတဦးတွင် လက်မထပ်မှီ လိင်ဆက်ဆံမှု ဆိုးကျိုးများကို ဆင်ချင်နိုင်ပါသည်။ ထိုအမျိုးသမီးသည် မှားယွင်းသည်ဟု သိသောကြောင့် မိမိချစ်သူက ဆွဲဆောင်မှုများကို လိမ္မာပါးနပ်စွာဖြင့် ရှောင်ရှားနိုင်ပေမည်။ မလွဲရှောင်နိုင်သော အခြေအနေသို့ ရောက်သွားကောင်းရောက်နိုင်မည်။ သို့သော် အဆက်မပြတ် လွန်ကျူးခြင်းများမှ ဘာသာရေးသွန်သင်ချက်ဖြင့် ရုံးထွက်နိုင်ပြီး နောက်ဆုံး သန့်ရှင်းစွာဖြင့် လက်ထပ်ပွဲကို ကျင်းပနိုင်ပေမည်။ အမျိုးသမီးများ သီလနှင့်ပြည့်စုံသော အပြုအမူ၊ သာယာချိုသာပြောဆိုမှုများအားဖြင့် အမျိုးသားများ ၏ ကြမ်းတမ်းသော၊ နွားသိုးရိုင်းစိတ်များ နည်းပါးသွားရသည်။ အမျိုးသားများ၏ အင်အားသုံး၊ ချိမ်းခြောက်မှုများကို ကြောက်ရန်မလိုသော်လည်း လေးစားရပါမည်။ သို့ဖြင့် လိင်ကိစ္စကို (တဏှာပါဝါ) သန့်ရှင်းစေခြင်းဖြင့် အိမ်ထောင်သည်ဘ၀အတွက် အစကောင်းမည်ဖြစ်သည်။ ခရစ်ယာန်ဘာသာယုံကြည်သူ အမျိုးသမီးအတွက် ဘုရားရှင်သည် သင်၏ကယ်တင်ရှင်အဖြစ် လက်ခံလိုက်ခြင်းအားဖြင့် သူကသင့်အား လူသစ်အဖြစ် ပြုလုပ်ပေးခြင်းဖြစ်သည်။ သူသည် သင့်အတိတ်ကို ဖျက်ရန်အတွက် Delete ခလုတ်ကို နှိပ်သည်နှင့်တူသည်။ သင်သည် ဘုရားရှင်ရှေ့ တွင် လူသစ်တဦးဖြစ်လာသည်။ သင်သည် ဘုရားရှင်၏ မျက်စိတော်ရှေ့၌ သန့်ရှင်းစင်ကြယ်သူဖြစ်သည် 

““လူမည်သည်ကား၊ ဘုရားရှင်ရှိလျှင် အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့ သည် အသစ် ဖြစ်ကြ၏”” ၂ကော ၅း ၁၇ 

မေးခွန်းများ (မှန်/မှား) 
၁။ လက်မထပ်မီ ဆက်ဆံခြင်းအားဖြင့် စစ်မှန်သောအချစ်ကို သေချာပေါက် သိရှိခံစားနိုင်မည်။ 
၂။ သင်သည် အခြားသူများနှင့်လိင်ဆက်ဆံပါက သင်၏အိမ်ထောက်ဖက်အား သင်၏၁၀၀% အပြည့်ပေးနိုင်မည်မဟုတ်ပါ။ 
၃။ လက်မထပ်မီဆက်ဆံခြင်းသည် သင်၏မိမိကိုယ်ကို အထင်ကြီးလေးစားသောစိတ်ကို ထိခိုက်လိမ့် မည်မဟုတ်ပါ။ 
၎။ လက်မထပ်မီဆက်ဆံခြင်းသည် တစ်ဘ၀စာအကျိုးဆက်များရှိနိုင်သည်။ 
 ၅။ လက်မထပ်မီဆက်ဆံခြင်းသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောအရာတစ်ခုဖြစ်လာနိုင်သည်။ 
၆။ လက်မထပ်မီဆက်ဆံခြင်းသည် အန္တရာယ်ကြီးမားသည်။ 
၇။ မလိုချင်သော ကိုယ်ဝန်ကိုဖျက်ချခြင်းသည် ဘုရားမကြိုက်နှစ်သက်ပါ။ 
၈။ လက်မထပ်မီဆက်ဆံခြင်းသည် သင်နှင့်လက်ထပ်ရန်အတွက် သင့်တော်သောသူကို ရွေးချယ်နိုင်မည့် နည်းလမ်း ကောင်း တစ်ခု ဖြစ်သည်။ 
၉။ လက်မထပ်မီ ဆက်ဆံခြင်းသည် သင်၏အိမ်ထောင်ရေးကို ပြိုလဲစေနိုင်သည်။ 
၁၀။ လက်မထပ်မီ ဆက်ဆံခြင်းသည် မှားယွင်းသည်။ အကြောင်းမှာ ဘုရားက ဤအရာသည် အပြစ်ဖြစ်သည်ဟု ပြောထားသောကြောင့်ဖြစ်သည်။
 ရဲလင်းထွန်း (အင်းစိန်)