Showing posts with label Health. Show all posts
Showing posts with label Health. Show all posts

Oct 4, 2012

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

[Image: adup8rD2.jpg]


ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါ

အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။

(1) အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်။

ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝမပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ ကိုက်လန်တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။

(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေတာ၊ ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(3) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ်။

ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။
အရိုးကျန်းမာရေးကို ကောင်းစေတဲ့အပြင် သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။

(4) ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးပါတယ်။

ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက်တို့လို အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။
ဒီအင်တီအောက်ဆီးဒင့်တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(5) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

ကိုက်လန်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ်။

ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေတဲ့ အစွမ်းရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေနိုင်ပါတယ်။

(7) အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

ကိုက်လန်မှာ ဗီတာမင်အေ များစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်။

ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်၊ ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ ရေဓာတ်ပြည့်ဝမှုတို့ကို အားပေးထောက်ပံ့နိုင်စွမ်း ရှိပါတယ်။


(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ်။

ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာကယ်လ်စီယမ် ပိုမို ပါဝင်တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်းပျော့ပျောင်းအောင်ကူညီနိုင်ပါတယ်။


(10) ကိုယ်တွင်းအဆိပ်တွေကို ကင်းစင်စေပါတယ်။

ကိုက်လန်ကို အဆိပ်ဖယ်ရှားပေးနိုင်တဲ့ အစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့
ဆာလဖာတို့ အပြည့်အဝ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်းရှိ အဆိပ်တွေကို ကင်းစင်စေပြီး
အသည်းကို ကျန်းမာစေပါတယ်။

Jul 6, 2012

အမြဲလိုလို ပင်ပန်းနေပါသလား

ပင်ပန်းလွန်းလို့ အလုပ်ထဲ အာရုံနှစ်မရ ဖြစ်နေပါလား။ မနက်အိပ်ရာနိုးတဲ့အခါမှာတောင် မလန်းဆန်းဘဲ ပင်ပန်းနေပါသလား။ သင့်ခန္ဓာကိုယ် အားအင်ကုန်ခန်းနေလို့ပင်ပန်းနေခြင်းပါ။ Coenzyme Q 10 ဓာတ်ချို့တဲ့နေခြင်းက အဓိက အကြောင်းရင်းတစ်ခုဘဲ ဖြစ်ပါတယ်။
Coenzyme Q 10 ဆိုတာ ဗီတာမင်လိုအရာဖြစ်ကာ လူ့ခန္ဓာကိုယ်ရဲ့ ဆဲလ်တိုင်းမှာပါရှိနေပါတယ်။ ဓာတုစွမ်းအင်ဖြစ်တဲ့ Adenosine Triphosphate(ATP) ထုတ်လုပ်ရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ CoQ 10 မရှိပါက ထိုစွမ်းအင်ဖြစ်ပေါ်ဖို့ မလွယ်ပါ။ ထိုစွမ်းအင်မရှိပါက အားလည်းရှိမှာ မဟုတ်ပါဘူး။

ငယ်ရွယ်စဉ်မှာ ကျွန်တော်တို့ ဆဲလ်တွေထဲမှာ များစွာပါရှိနေခြင်းကြောင့် ခန္ဓာကိုယ်ထဲ အားအင်လုံလောက်စွာ ရှိနေပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ ခန္ဓာကိုယ်ထဲ ထိုဓာတ်လျှော့ နည်းလာပြီး စွမ်းအင်ထုတ်လုပ်မှု ကျဆင်းလာပါတယ်။ စွမ်းအင်လျော့နည်းခြင်းက ကျန်းမာရေးထိခိုက်ကာ အိုမင်းရင့်ရော်စေပါတယ်။
အောက်ပါတို့ က စွမ်းအင်လျော့နည်းခြင်း လက္ခဏာရပ်တွေဘဲ ဖြစ်ပါတယ်။ သင့်မှာ ဖြစ်ပေါ်နေတဲ့ လက္ခဏာရပ်တွေနဲ့ တူနေသလား ဆန်းစစ်ကြည့်လိုက်ပါ။


၁။ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေခြင်း
အသက် ၃၀ ကျော်တဲ့ လူတိုင်းလိုလို ဒီလိုမျိုးတစ်ချိန်မဟုတ် တစ်ချိန်ကြုံခဲ့ဖူးကြမှာပါ။ စိတ်ကဆောင်ပေမဲ့ လူက ပင်ပန်းလွန်းလို့ လိုက်မလုပ်နိုင်တာ မျိုးပေါ့။ ညစာချက်ခြင်း၊ လမ်းလျှောက်ခြင်းတို့လို ပုံမှန်လုပ်ဆောင်ချက်တွေအပြင် အားကစားခန်းမ Gym ကိုသွားပြီး လေ့ကျင့်ခန်းလုပ်တာမျိုးလို အပိုလုပ်ဆောင်ချက်တွေကိုပါ မလုပ်နိုင်တော့ပါဘူး။ ဘာကိုဘဲဖြစ်ဖြစ်လုပ်ဖို့ အင်အားမရှိတော့ပါဘူး။ နေ့တာတွေကလည်းပိုတိုလာသလို ခံစားနေရ ပါတယ်။ ဒီလိုဖြစ်ခြင်းက အင်အားလျော့နည်းခြင်းရဲ့ လက္ခဏာတစ်ရပ်ပါ။


၂။ အိပ်ရာဝင်ချိန်ထက် အိပ်ရာထချိန်မှာ ပိုပင်ပန်းနေခြင်း
မနက်တိုင်း အိပ်ရာထဖို့ ခက်ခဲနေတတ်ပါသလား။ မနက်အိပ်ရာထချိန်မှာ ပင်ပန်းနွမ်းနယ်နေခြင်းရဲ့ အကြောင်းရင်းနှစ်ရပ်ရပ်ရှိပါတယ်။ အိပ်ရေးမဝခြင်း ဒါမှမဟုတ် ကောင်းကောင်းအိပ်မပျော်ခြင်း ကြောင့်ပါ။ ကျွန်တော်တို့တစ်တွေဟာ နေ့စဉ်အိပ်ချိန် ခြောက်နာရီမှ ရှစ်နာရီကြားရှိပါမှ အိပ်ရာထတဲ့အခါ ကြည်ကြည်လင်လင်လန်းလန်းဆန်းဆန်းဖြစ်နေမှာပါ။ အိပ်ချိန်ပြည့်ပေမဲ့ အိပ်ရာဝင်တဲ့အခါ ပင်ပန်းနေသေးပါက စွမ်းအင်ကုန်ခန်းနေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အိပ်ခြင်းကိုအနှောင့် အယှက်ဖြစ်စေနိုင်တဲ့ စိတ်ဖိစီးမှုကိုလည်း စွမ်းအင်လျော့နည်းနေတဲ့အခါ ကိုင်တွယ်ရခက်ခဲစေပါတယ်။ စိတ်ဖိစီးမှုက စွမ်းအင်ကိုထပ်လျော့ နည်းစေခြင်းကြောင့် အရင်ကထက်နှစ်ဆ ပိုပြီး   နွမ်းလျှမောပန်းနေတတ်ပါတယ်။


၃။ နေ့လယ်နေ့ခင်းငိုက်မျဉ်းနေခြင်း
နေမြင့်လာတာနဲ့အမျှ ပိုပြီးပင်ပန်းလာပါသလား။ ထမင်းစားချိန်အပြီးမှာပြုလုပ်တဲ့ အစည်းအဝေးတွေမှာ မျက်လုံးမဖွင့်နိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက် ငိုက်မျဉ်းနေမှာစိုးလို့ အစည်းအဝေးကို   ရှောင်နေတတ်ပါသလား။ ဒီလိုနေ့လယ်ခင်းမှာ အလွန်ငိုက်မျဉ်းနေခြင်းကလည်း စွမ်းအင်လျော့နည်းခြင်း လက္ခဏာတစ်ရပ်ပါပဲ။


၎။ အာရုံစူးစိုက်၍မရခြင်း
ထုံထိုင်းတွေဝေနေတာမျိုး၊ ဝေ့တိဝေ့ဝါး ဖြစ်နေတာမျိုး၊ အာရုံစူးစိုက်ဖို့ ခက်ခဲနေတာမျိုး ဖြစ်နေတတ်တာကို သင့်ကိုယ်သင် သတိထားမိနေပါသလား။ တစ်ခါတစ်လေမှတ်ဉာဏ်မကောင်းတာမျိုးရော ဖြစ်ဖူးပါသလား။ ဒီလိုဦးနှောက်စွမ်းရည် မသိမသာလျော့နည်းလာတာကလည်း သင့်ခန္ဓာကိုယ်မှာ အားအင်လျော့နည်းခြင်းရဲ့ တခြားလက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။


၅။ အားမရှိတဲ့အခါ အစာပိုစားမိခြင်း
တချို့လူတွေလိုပဲ သင်လည်း အဆာပြေမုန့်တွေကို ရေခဲသေတ္တာ၊ ကြောင်အိမ်ထဲမှာ အများကြီးလှောင်ထားတတ်သလား။ နည်းနည်းလေးပင်ပန်းတာနဲ့ အဆာပြေမုန့်တွေကို ထုတ်စားနေတတ်ပါသလား။ အဲဒီတော့ ဘာတွေဖြစ်လာနိုင်သလဲ၊ အစာစားလိုက်လို့ သင့်အင်အားတွေ ခဏတစ်ဖြုတ်တော့ တက်လာပါရဲ့။ ဒါပေမဲ့ ခဏအကြာမှာ တစ်ခါပြန်ကျသွားပြန်တာကြောင့် မုန့်ထပ်စားမိပြန်ရော။ အဲဒီတော့သေချာတာတစ်ခုက ဝိတ်တက်လာခြင်းပဲဖြစ်ပါတယ်။ စွမ်းအားပြန်တက်လာခြင်းတော့ မဟုတ်ပါ။


ခန္ဓာကိုယ်ကနေ ဗိုက်ဆာခြင်းနဲ့ မောပန်းခြင်း တို့ကို တုံ့ပြန်မှုက အလွန်တူနေတတ်ပါတယ်။ ဒါကြောင့်လည်းအများစုက မောပန်းခြင်းကိုဗိုက်ဆာခြင်းနဲ့ မှားကာ မလိုအပ်ချိန်မှာ အဝစားမိတာကြောင့် အလေးချိန်တက်ပြီး ဝလာခြင်းဖြစ်ပါတယ်။


စွမ်းအင်တိုးအောင် ဘယ်လိုလုပ်မလဲ
ဒီလိုစွမ်းအင်တွေ လျော့နည်းရခြင်းရဲ့ အဓိကအကြောင်းရင်းက Coenzyme Q10 (Co Q10) လျော့နည်းခြင်းကြောင့်ဖြစ်လို့ ဒီဓာတ်ခန္ဓာကိုယ်ထဲ ပြန်များအောင် ဖြည့်ပေးရပါမယ်။ အမဲသား၊ ဝက်သားနဲ့ ဟင်းသီးဟင်းရွက်တွေမှာ သဘာဝအတိုင်းပါရှိတတ်ပေမဲ့ ဒီအစာတွေထဲပါဝင်တဲ့ပမာဏက နည်းလွန်းလို့ မလုံလောက်ပါဘူး။ ဒါကြောင့် CoQ10 ပါရှိတဲ့ အားဆေးကို သုံးဆောင်မှီဝဲပေးဖို့လိုပါတယ်။
(ဒေါက်တာ နုမြတ်   ဆောင်းပါးမှ ထုတ်နုတ်ဖော်ပြပေးလိုက်ပါသည်)

Jun 30, 2012

လက်မထပ်ခင် သွေးအုပ်စု တည့်-မတည့် သိဖို့အရေးကြီး




• Blood group match for marriage is unnecessary အဲလိုစစ်နေဘို့ မလိုအပ်လှပါ။ ကျန်းမာရေး အယူအဆ နှစ်မျိုးလုံး တွေ့နိုင်ပါတယ်။

အရေးကြီးတယ်ဆိုတာ Rh incompatibility မတူဖြစ်မှာကို တားဘို့အတွက် ဖြစ်တယ်။
မသိဘဲ အိမ်ထောင်ကျလို့ ကိုယ်ဝန်ရတဲ့အခါ ကလေးမှာ Hemolytic disease of the
newborn-HDN ဆိုတာ ဖြစ်နိုင်တယ်။ Erythroblastosis fetalis လို့လဲခေါ်တယ်။
Antigen-antibodies reaction ခေါ်တဲ့ ဓါတ်ပြုမှုကြောင့် ဖြစ်ရတယ်။ Maternal
antibodies မိခင်ရဲ့ (အင်တီဘော်ဒီ) တွေက Placenta အချင်း ကတဆင့် ကလေးဆီ
ကူးလာတယ်။

မိခင်ဟာ Rh negative မဖြစ်ရင် ဘာမှ စိုးရိမ်စရာ မရှိပါ။
Rh -ve ဆိုတဲ့သဘောက သူ့ရဲ့ cells သွေးနီဥတွေ မျက်နှာပြင်မှာ D antigen
ဒါမှမဟုတ် Rh factor မရှိတာ ဖြစ်တယ်။ မိန်းမက RH-ve နဲ့ ယောက်ျားက RH+ve
ဖြစ်နေရင် သူတို့ကနေမွေးမဲ့ကလေးဟာ RH+ve ဖြစ်ဘို့ အခွင့်အလမ်း ၅ဝ%
ရှိနိုင်တယ်။ အဲလို ဖြစ်နေမှ ပြဿနာတက်မယ်။ ကလေးရဲ့သွေးနဲ့ မိခင်သွေးတွေ
အမျိုးမတူကြဘူး။

မွေးလာတဲ့ကလေးမှာ Erythroblastosis fetalis
ရောဂါရမယ်ဆိုရင် Exchange transfusion သွေးလဲတာ လုပ်ရတယ်။ Hemolytic
disease of the newborn မွေးစကလေးမှာ ဒီရောဂါဖြစ်မှာကို Intrauterine
transfusion ဗိုက်ထဲကတည်းက သွေးလဲတာနဲ့ ကုနိုင်သေးတယ်။ Direct antiglobulin
test (DAT, Direct Coomb's test ) စမ်းသပ်နည်းနဲ့ HDN ရှိ-မရှိစစ်ဆေးတယ်။
ဒါ့ကြောင့် လက်မထပ်ခင် သွေးအုပ်စု တည့်-မတည့် သိဘို့ အရေးမကြီးဘူး
ပြောတာဖြစ်တယ်။

Maternal Risks မိခင်မှာ ဘာဖြစ်နိုင်သလဲ


• Rh
negative မိခင်ကနေ Rh positive ကိုယ်ဝန်ကို ဆောင်နိုင်တယ်။ အဲဒီအခြေအနေမှာ
မိခင်ရဲ့ Immune system ရောဂါပြီး စနစ်ကနေ ကလေးရဲ့ Rh positive red blood
cells သွေးနီဥတွေကို ရန်သူလိုသဘောထားလိမ့်မယ်။ ဒါကြောင့် မိခင်ရဲ့သွေးထဲမှာ
ဒါကိုဆန့်ကျင်တဲ့ Antibodies တွေထွက်လာပြီး တိုက်ခိုက်လိမ့်မယ်။
Sensitization ယဉ်ပါးအောင်လုပ်တာလို့ ဆေးစာနဲ့ခေါ်တယ်။
• ပထမကိုယ်ဝန်မှာ
မဆိုးတာများတယ်။ ဒုတိယကလေးဆိုရင် RH+ve ဖြစ်ဘို့ ၂၅-၅ဝ% ရှိတယ်။ ပထမ
ကိုယ်ဝန်ဆောင်တုံးက သွေးထဲမှာ ဖြစ်နေခဲ့ပြီးသား Antibodies တွေဟာ
များနေပြီမို့ ဒုတိကိုယ်ဝန်ဖြစ်နေတဲ့ အထဲက ကလေးကို ဆိုးဆိုးဝါးဝါး
တိုက်ခိုက်တော့မယ်။
• Rh negative မိခင်မှာ Miscarriage
ကိုယ်ဝန်ပျက်တာ၊ Ectopic pregnancy သားအိမ်ပြင်ပသန္ဓေတည်တာ၊ Induced
abortion ကိုယ်ဝန်ဖျက်တာတွေကနေ ကလေးရဲ့သွေးကလဲ အချင်းကတဆင့်
မအေဆီရောက်နိုင်လို့ မအေမှာ Sensitization ဖြစ်မယ်။
• ကိုယ်ဝန်ရင့်ချိန်မှာ Amniocentesis ရေမြွာရည် ဖေါက်ယူ စစ်ဆေးလို့လဲ နဲနဲဖြစ်နိုင်သေးတယ်။

Risks to the baby ကလေးအတွက် အန္ကရာယ်တွေ


• မိခင်ရဲ့ ဆန့်ကျင်တဲ့ Antibodies တွေကတိုက်ခိုက်ခံရတော့ သွေးနီဥတွေ
နည်းပါးလို့ (Anemia) သွေးအားနည်းမယ်၊(Jaundice) အသားဝါရောဂါရမယ်၊ (Mental
retardation ) ဦးနှောက်ညံ့မယ်၊ ကြာရင်( Heart failure) နှလုံးရောဂါရမယ်။

သွေးအား အလွန်နည်းတာနဲ့ အသားဝါ အလွန်ဆိုးတာ ခံစားရမယ်။ ဒီ Jaundice
အသားဝါဖြစ်တာက Physiological jaundice ကလေးတိုင်း ဖြစ်တဲ့ အသားဝါထက်
ဆိုးတယ်။
• ဗိုက်ထဲမှာတင် သေနိုင်တယ်။ မွေးပြီး မကြာခင်လဲ သေနိုင်တယ်။ Hemolytic Disease of the Newborn ရောဂါလို့ ခေါ်တယ်။

Rhogam ဆေး နဲ့ ကိုယ်ဝန်


Rh negative pregnancy ကိုယ်ဝန်ဆောင်ကို Rhogam ဆေး IM ထိုးပေးရတယ်။
Anti-D globulin (RhoGAM) ဆေးပေးရင် Rh negative မိခင်လောင်း ၉၉% မှာ
Anti-Rh antibodies တွေ ဖြစ်မလာစေနိုင်ဘူး။ ကိုယ်ဝန် ၂၈ ပါတ်မှာ နဲ့
မွေးပြီး ၇၂ နာရီအတွင်း ပေးတယ်။ ဒီလိုနည်းတွေ ပေါ်လာလို့ ကနေ့ခေတ်မှာ
Erythroblastosis fetalis ရောဂါ နည်းလာနေပြီဖြစ်တယ်။

Rh-ve
ဖြစ်သူအရေအတွက် နည်းပါတယ်။ Rh-ve factor ရှိသူအချင်ချင်း အိမ်ထောင်ပြုတာ
ဘာမှ စိုးရိမ်စရာမရှိပါ။ ABO blood types (A, B, AB, O) အေ-ဘီ-အို
သွေးအုပ်စု မတူသူတွေ လက်ထပ်လို့ ဘာမှမဖြစ်ပါ။ လက်မထပ်ခင်၊ ကလေးမယူခင် HIV
နဲ့ Hepatitis B တွေ စစ်ဆေးတာက ပိုလိုသေးတယ်လို့ ဆိုနိုင်တယ်။

စာရေးသူကိုမသိသောကြောင့် အမည်မဖော်ပြလိုက်ပါ........ 

ကျန်းမာရေးဗဟုသုတအနေနဲ့ တင်ပြလိုက်တာပါ။  နောက်တစ်ခုက ပုံလေးတင်ပေးလိုက်ပါတယ်။ မည့်သို့သောသွေးအုပ်စုတွေက တခြားသွေးအုပ်စုတွေကို အစားသွင်းလို့ရတယ်ဆိုတာရယ်၊ မိခင်သွေးနဲ့ ဖခင်သွေးပေါင်းရင် ကလေးသွေးက ဘာဖြစ်တယ်ဆိုတာကို ပြထားတဲ့ ဇယားလေးပါ။


အားလုံးကိုလေးစားလျက်.....

Jun 19, 2012

ကျန်းမာရေး ၀န်ကြီးဌာနမှ ကျန်းမာရေးပညာပေး ဆောင်ရန် ရှောင်ရန်

ကျန်းမာရေး ၀န်ကြီးဌာနမှ ကျန်းမာရေးပညာပေး ဆောင်ရန် ရှောင်ရန်

၁. အသည်းနဲ့ ကလီစာများသည် လုပ်ဆောင်မှုတူသည့်အပြင်ဆက်စပ်နေကြသည်။  ထို့ကြောင့် အသည်းတွင် တစ်ခုခုဖြစ်ပါက ကလီစာများတွင်လည်း တစ်ခုခုဖြစ်နိုင်သည် ။ ကလီစာတွင် တစ်ခုခုဖြစ်လျှင် အသည်းတွင်လည်း ထိခိုက်နိုင်သည် ။

၂. အသည်းမှာ ဒါဏ်ရာအနာတရဖြစ်ပါက သာမန်အားဖြင့် မခံစားရပါ ။ မည်သည့်နည်းနှင့်မှ မသိနိုင်ပါ။ ကင်ဆာအတော်များများ မဖြစ်ခင်တွင် အသည်းသည် အရင်ဆုံး ပျက်စီးရသည် ။ ထို့ကြောင့် အသည်းကို သေသေချာချာ ဂရုစိုက်ပါက ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပေသည် ။

၃. အသည်းသည် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အဆိပ်အတောက်များကို ဖယ်ရှားပေးရသည် ။ ထို့ပြင်
ကိုယ်ခန္ဓာအတွင်းရှိဗိုင်းရပ်(စ်)ပိုးများကိုလည်း တိုက်ခိုက်ရသည် ။

၎. တရုတ် လူမျိုး ၉၀ ရာခိုင်နှုန်းသည် အသည်းမကောင်းကြပါ ။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့တွင် အသားနှင့် အဆီ စားသုံးမှုများခြင်းကြောင့် ဖြစ်သည် ။

၅. အသည်းသည် ၂၄ နာရီပတ်လုံး အလုပ်လုပ်သည်ဟု ဆိုသော်လည်း ၄င်းကိုယ်တိုင်လည်း ဆားဗစ်စင် ပြန်လုပ်ရသည် ။ ထိုအချိန်သည် ၊ ည (၁၁) နာရီမှ မနက်စောစော (၃) နာရီ ကြားတွင် ဖြစ်သည် ။ ထို့ကြောင့် ည (၁၁) နာရီ နောက်ပိုင်းမှ အိပ်ခြင်း ၊ ညစာကို နောက်ကျမှ စားခြင်းသည် အသည်းကို အားနည်းစေသည် ။ ထို့ပြင် မအိပ်ခင် (၂) နာရီ အတွင်း အသားနှင့် အဆီများ
စားခြင်းသည် အသည်းကို အားနည်းစေသည် ။ အဘယ်ကြောင့်ဆိုသော် စားသုံးထားသော
အဆီများကို ချေဖျက်နေရသောကြောင့် အသည်းသည် နားချိန်မရဘဲ အလုပ်လုပ်နေရသည်
။ ညအိပ်ယာဝင်နောက်ကျသဖြင့် မနက်တွင် နေမြင့်သည်အထိ အိပ်စက်ခြင်း ၊ နေ့လည်စာ မစားခင် တရေးအိပ်ခြင်းတို့သည် အိပ်ရေးဝရုံသာရှိသော်လည်း ၊ အသည်းအတွက် မည်သို့ အကျိုးမျှ မရရှိစေပါ ။

၆. အကယ်၍ ည အိပ်ယာဝင်ခါနီးတွင် ဗိုက်ဆာပါက ၊ အသီးအနှံ စားသုံးနိုင်ပါသည် ။ ထိုအစာများသည် အစာကျေလွယ်သည် ။ အသားသည် စားသုံးပြီး (၄)နာရီကြာမှ အူမကြီးသို့ ရောက်သည် ။ ထိုအသားကို ပင် အဆီများများနှင့် ချက်ထားပါက (၁၂)နာရီကြာမှ အူမကြီးထဲသို့ ရောက်သည် ။ ထို့ကြောင့် ည
အိပ်ယာဝင်ခါနီးတွင် ထိုအရာများ မစားသုံးသင့်ပေ ။အကယ်၍ စားသုံးမိပါက အသည်းသည် ထို အဆိပ် အတောက်များ ကို ဖယ်ရှားနေရသောကြောင့် မနားရပေ ။ မနက်စောစော အိပ်ယာထစာတွင် ပင်ပန်းသည်ဟု ခံစားရခြင်းမှာ အထက်ပါ အကြောင်းများ၏ရလာဒ်ဖြစ်သည် ။ ထို့ကြောင့် ညအိပ်ယာဝင် ခါနီးတွင် အသီးအနှံစားပါက မနက် အိပ်ယာထတွင် အားအင်ပြည့်ဖြိုး လန်းဆန်းနေပါမည် ။

၇. အဆီသည် အသည်း၏ အဓိက ရန်သူဖြစ်သည် ။ အဆီသည် အသည်း၏ လုပ်ငန်းများကို ပျက်စီးစေပြီး အသည်းကိုလည်း အားနည်းစေသည် ။ ဆေးစားခြင်းဖြင့်လည်း အသည်းကို ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ပေ ။ ဆေးတွင်ပါဝင်သော အခြားဓာတု ဒြပ်ပေါင်းများကို အသည်းက ထပ်မံ ချေဖျက်နေရသည်။

၈. သံလွင်ဆီ ၊ မုန်လာဥ ၊ သခွားသီး ၊ ငရုပ်သီးစိမ်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဆား ၊ ရွှေဖရုံသီးနှင့် အရိုးပါ စားနိုင်သော ငါးကလေးများသည် ၊ ခန္ဓာကိုယ်အတွက်ကောင်းမွန်သော အစာများဖြစ်သည် ။ နှမ်းဆီ သည်လည်း ခန္ဓာကိုယ်အတွက် ကောင်းမွန်သည် ။

၉. အစာကို ကြာရှည်ခံစေသော ဓါတုဆေး ၊ အရောင်တင်ဆေးနှင့် ကြာဆံသည် အလျူမီနီယံ ဓါတ်ပါခြင်းကြောင့် မကောင်းပါ ။ ပိုးသတ်ဆေးနှင့် အရောင်ချွတ်ဆေးသည် အသည်းအတွက် မကောင်းပါ ။ ဆေးစားမှားခြင်းကြောင့် အသည်းကို ပျက်စီးစေသည် ။ ကျူံ့သွားစေသည် ။ မိုက်ခရိုဝေ့ မီးဖိုက ရောင်ခြည်သည် ၊ အစားအစာတွင် ပါဝင်သော အာဟာရဓါတ်အားလုံးကို ပျက်စီးစေသည် ။

၁၀. အင်္ဂလိပ်ဆေးဝါးများသည် ဓါတုနည်းနှင့် ဖော်စပ်ထားသောကြောင့် အသည်းအတွက် မကောင်းပါ ။ တရုတ်ဆေးများသည် ကျောက်ကပ်အတွက် မကောင်းပါ ။ မုန်လာဥဖြူက တရုတ်ဆေးတွင် ပါဝင်သော ဆေးစွမ်းကို ဖျက်ဆီးသည် ။

၁၁. ကလေးများ အိပ်ယာဝင်နောက်ကျခြင်းသည် မှတ်ဥာဏ်နှင့် စဉ်းစားဥာဏ် ကို အားနည်းစေသည် ။

၁၂. အကောင်းဆုံး အိပ်ချိန်သည် ည (၉) နာရီနှင့် (၁၁) နာရီကြားတွင် ဖြစ်သည် ။ များများအိပ်ခြင်းဖြင့် အသည်းကို ကောင်းမွန်စေသည် ။ နလံထစ လူနာများသည် အိပ်ရေးဝအောင် အိပ်ရသည် ။

၁၃. သဘာဝ အစားအစာများသည် အသည်းအတွက်ကောင်းမွန်သည် ။ စည်သွပ်ဗူး စားသုံးခြင်း ၊ စည်သွပ် အချိုရည်သောက်သုံးခြင်း များသည် အာဟာရ မဖြစ်ပါ ။

၁၄. စိတ်ဓါတ်နှင့် ခံစားမှု ညီမျှနေရန် အရေးကြီးသည် ။ စိတ်ဖိစီးမှုများခြင်း ၊ အသံ ဆူညံခြင်း ၊ ဒေါသ ထွက်ခြင်း ၊ ကြာရှည်စွာ အောင့်အည်းသည်းခံခြင်း ၊ အဆိုးမြင်ဝါဒ ၊ စိတ်ကျရောဂါ ၊ ရည်ရွယ် ချက်မဲ့ ဘ၀ ၊ တန်ဖိုးမရှိသော ဘ၀နှင့် လူတကာကို အပြစ်တင်တတ်သော စိတ်များသည် ၊ခန္ဓာကိုယ်ကို အားနည်းစေ သည် ။ လူတစ်ယောက်၏အသည်းသည် မကျန်းမာပါက ထိုလူသည် ၊ ဒေါသထွက်လွယ်ခြင်း ၊ စိတ်တိုခြင်း ၊ စိတ်ကောက်လွယ်ခြင်းများကို ဖြစ်ပေါ်ခံစားရသည် ။

၁၅. လေလည်ခြင်း ၊ ချွေးထွက်ခြင်း ၊ ဆီးသွားခြင်းတို့သည် ခန္ဓာကိုယ်အတွင်းရှိအညစ်အကြေးများကို စွန့်ပစ်ခြင်းပင် ဖြစ်သည် ။ လေအေးခန်းထဲတွင် ကြာရှည် နေပြီး ချွေးထွက်နည်းပါက ကျန်းမာရေး
မကောင်းနိုင်ပါ ။ သဘာဝအရ လေလည်ခြင်း ၊ ချွေးထွက်ခြင်းနှင့် ဆီးသွားခြင်းများသည် အသည်းအတွက်ကောင်းစေသည် ။ ပြူတင်းပေါက်များကို ဖွင့်၍ သဘာဝလေကောင်းလေသန့်များကို ရှုသင့်သည် ။

၁၆. ခန္ဓာကိုယ် တစ်နေရာ ရာတွင် အနာတရဖြစ်ပါက နွေးအောင် ပြုလုပ်ပေးခြင်းဖြင့် နာကျင်ခြင်း ကို  လျော့ပါးသွားစေပါသည် ။ ရေနွေးကန်တွင် စိမ်ခြင်းသည်လည်း ကျန်းမာရေး အတွက်ကောင်းပါသည် ။ သို့သော် နှလုံးရောဂါရှိသူများ သတိထားရန်မှာ ၊ ရေနွေးကန်ထဲစိမ်ခြင်းလျှင် ရင်ဘတ်ကို မစိမ်မိပါစေနှင့် ။ အဘယ်ကြောင့်ဆိုသော် အပူဓါတ်သည် နှလုံးပို၍ အလုပ်လုပ်စေသဖြင့် နှလုံးအတွက် မကောင်းပါ ။

၁၇. ဆန်လုံးတီး ၊ ဂျူံကြမ်း ၊ ကွေကာအုတ် ၊ ကန်စွန်းဥ ၊ ပိန်းဥ နှင့် ပြောင်းဖူး စသည်တို့ စားသုံးခြင်းသည် ၊ ကျန်းမာရေးအတွက် ကောင်းပါသည် ။

၁၈. သွေးအုပ်စု အေ အမျိုးအစားရှိသူများသည် ၊ ကင်ဆာရောဂါ ဖြစ်ရန် အလားအလာများသည် ။ ထို့ပြင် သွေးအုပ်စု အို အမျိုးအစားရှိသူများသည် အသည်းရောဂါဖြစ်နိုင်ရန် အခွင့်အရေးများသည် ။

၁၉. မိန်းမများသည် ပို၍ အသက်ရှည်ကြသည် ။ အဘယ်ကြောင့် ဆိုသော် မိန်းမတို့ သဘာဝ ရာသီသွေးလာခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးနှင့် ဒေါသကို မှန်မှန် စွန့်ထုတ်၍ စိတ်ဓါတ်ကို ပို၍ တည်ငြိမ်စေသည် ။

၂၀. ၀သော သူများသည် ပုံမှန်အားဖြင့် အစားအစာ တရားလွန်စားကြသည့်အတွက် အသည်း ၊ နှလုံးနှင့် အူလမ်းကြောင်းတွင် မကျန်းမမာ ဖြစ်တတ်သည် ။ နှလုံးကို ထိခိုက်လျှင် ပုံမှန်အားဖြင့် သွေးဖိအားလည်း
ထိခိုက်ပြီး သွေးတိုးရောဂါ ဖြစ်တတ်သည် ။

၂၁. အစာအိမ် ရောဂါ ရှိသူများသည်လည်း အစာများများနှင့် အဆီများများ စားခြင်းနှင့် ပတ်သက်သည် ။

၂၂. နှလုံးနှင့် သားအိမ်သည် ဆက်နေသည် ။ တစ်နေ့လျှင် ရေ (၂) ပုလင်းမှ (၃) ပုလင်း မှန်မှန် သောက်ပေးခြင်းဖြင့် ကျန်းမာစေသည် ။

၂၃. မလိုအပ်ဘဲ အိပ်စရေး (X-ray) ရိုက်ခြင်း (C.T. Scan ) လုပ်ခြင်းတို့ကို မလုပ်ပါနှင့် ။ ကိုယ်ခန္ဓာကို ထိခိုက်စေပါသည် ။ နှစ်စဉ် ပုံမှန် ဆေးစစ်ခြင်းဖြင့် ကင်ဆာရောဂါနှင့် တခြားရောဂါများကို မသိနိုင်ပါ
။ ပုံမှန် ဆေးစစ်၍ သိရသော အချိန်တွင် ၊ ရောဂါအများစုသည် ရောဂါရင့်နေကြပေပြီ ။ မည်သည့် ရောဂါဖြစ်စေ ခွဲစိတ်မည်ဆိုလျှင် ၊ ဆရာဝန်(၂)ဦး ၊ သို့မဟုတ် ၊ (၃) ဦးနှင့် တိုင်ပင်ဆွေးနွေးပြီး
အကြံဥာဏ်တောင်းပါ ။ အသည်းရောဂါဖြစ်လျှင် ၊ အင်္ဂလိပ်ဆေးမစားဘဲ သေချာစွာ အနားယူပါ ။

၂၄. အသီးအရွက်မှ ဗီတာမင်စီ ( Vitamin-C ) သည် ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များကို ထုတ်ပစ်ရာ၌ အလွန် အသုံးဝင်သည် ။

၂၅. နံနက်စောစော (၅) နာရီနှင့် (၇) နာရီ ကြားအချိန်သည် မစင် စွန့်ခြင်းအတွက် အကောင်းဆုံး အချိန် ဖြစ်သည်။ သို့မဟုတ်လျှင် အူသိမ်သည် မစင်မှ အဆိပ်အတောက်ကို စုပ်ယူပေလိမ့်မည် ။ ထိုအကြောင်းများကြောင့် ၀မ်းချူပ်သူများ နေထိုင်မကောင်းကြခြင်းဖြစ်သည် ။

၂၆. သည်းခြေတွင် ကျောက်တည်ခြင်း ၊ အသည်းနှင့် ဦးနှောက်တွင် ကျောက်တည်ခြင်းများသည် အသားနှင့် အဆီမှ အဆိပ်အတောက်များကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည် ။

၂၇. ကယ်လ်စီယမ် ( ထုံး၊ ဂေါ်ဖီပန်း ၊ သဘောင်္သီး ) နှင့် သံဓါတ် ၊ (ထန်းလျက် ၊ ဟင်းနုနွယ် ) စသည်တို့သည် ၊ သည်းခြေနှင့် ကျောက်ကပ်ကို သန်မာစေသည် ။

၂၈. မျက်စိဝါနေလျှင် အသည်းနှင့် သည်းခြေတွင် ပြဿနာရှိသည် ။

၂၉. အနီရောင်ရှိသော အသီးအရွက်များသည် ဦးနှောက်နှင့် နှလုံးအတွက်ကောင်း၏ ။ အ၀ါရောင် ရှိသော အသီးအရွက်များသည် အစာချေခြင်းအတွက်ကောင်း၏ ။

၃၀. သွေးပေါင်နည်းနေသော်လည်း နေထိုင်ကောင်းနေလျှင် မစိုးရိမ်ရပါ ။

၃၁. မျက်နှာတွင် ၀က်ခြံ ထွက်ပေါ်လာခြင်းသည် သွေးထဲမှ အဆိပ်အတောက်များကို မဖယ်ရှားနိုင်ခြင်း လက္ခဏာ တစ်ရပ်ပင် ဖြစ်သည် ။

၃၂. နံနက်စောစော အချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းသည် အကောင်းဆုံးဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် သစ်ပင်ပန်းမာလ်များမှ အောက်ဆီဂျင်ကို နံနက်ပိုင်းတွင် အများဆုံးရခြင်းကြောင့် ဖြစ်သည် ။ ညနေခင်းအချိန်တွင် သစ်ပင်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်သည့်အတွက် လေ့ကျင့်ခန်းလုပ်ရန် မသင့်လျှော်ပါ ။

၃၃. ခေါင်းကိုက်ခြင်းသည် နှလုံးမှ သွေးများတွင် အောက်ဆီဂျင် ပမာဏ နည်းပါးနေခြင်း ကို  ပြသသော ရောဂါ လက္ခဏာ တစ်ရပ် ဖြစ်သည် ။

၃၄. မျက်ကွင်းညိုခြင်းသည် အသည်းနှင့် ကျောက်ကပ် အားနည်းနေခြင်းကို ပြသည် ။ ထိုအတွက်ကြောင့် ညဉ့်နက်သန်းခေါင် အလုပ်လုပ်သူများ အသည်းအနားမရ၍ မျက်ကွင်းညိုကြခြင်းဖြစ်သည် ။

၃၅. ရင်သားနှင့် ဆီးကျိတ်ကင်ဆာ ရှိသူများ ငန်သောအစားအစာနှင့် ပင်လယ်မျှော့ စားသုံးခြင်းကို ရှောင်ကြဉ်ရပါမည် ။

မျက်ကပ်မှန်များနှင့် ဆောင်ရန် ရှောင်ရန်များ..


Contact lens အိုင်ဒီယာကို (၁၅၀၈)ခုနှစ်မှာ အီတလီလူမျိုး Leonardo da Vinci ကစတင်ဖော်ပြခဲ့တာပါ။ ပထမဆုံး မျက်ကပ်မှန်ကို ဖန်သား(glass)နဲ့ (၁၈၈၇)ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက မျက်ကပ်မှန်ဟာ မျက်လုံးတပြင်လုံးကို ဖုံးအောင် တပ်ရတဲ့ပုံစံပါ။ မျက်ကပ်မှန်ကို (၁၉၃၉)ခုနှစ်မှာ ပလပ်စတစ်(plastic)နဲ့ စတင်ပြုလုပ်ခဲ့ပြီး (၁၉၄၈)ခုနှစ်မှာတော့ မျက်ကပ်မှန်ကို မျက်ဆံနေရာမှာပဲတပ်ဆင်နိုင်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။
ရှေးတုန်းက မျက်ကပ်မှန်ပါ

မျက်ကပ်မှန်ကို အဓိကအားဖြင့် Hard နဲ့ soft ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ Hard contact lens ဆိုလို့ လန့်မသွားနဲ့ဦးနော်။ Hard ကိုအရင်က glass နဲ့လုပ်ပေမယ့် ခုချိန်မှာ plastic နဲ့ပဲ လုပ်ပြီး ကျုံ့နိုင်ဆန့်နိုင်ပါတယ်။ အားသာချက်က အကြမ်းခံတယ်။ ပြုလုပ်တဲ့ပစ္စည်းတွေမှာ ရေမပါလို့ သူကပိုပြီး ကြာကြာခံတယ်။ အားနည်းချက်ကတော့ သိပ်ပြီး သက်တောင့်သက်သာ မရှိတာပါ။ Soft contact lens တွေက ရေပမာဏများများနဲ့ ပြုလုပ်ထားတယ်။ ပိုပါးတယ်။ ပိုပြီးသက်တောင့်သက်သာရှိတယ်။ အကြမ်းတော့ သိပ်မခံဘူး။

ခုနောက်ပိုင်းလူငယ်တွေကြားမှာ ရေပန်းစားနေတာကတော့ Circle lens တွေပါ။ Circle lens တွေက မျက်ဆံကိုပိုကြီးသွားစေတော့ ကလေးလေးလို ချစ်စရာအသွင်ဖြစ်သွားစေတယ်လေ။ Circle lens တွေကို America မှာ FDA က ရောင်းချခွင့်နဲ့ တင်သွင်းခွင့်မပြုသေးပေမယ့် Korea တို့ Japan တို့မှာတော့ Regulate လုပ်ပြီး ရောင်းနေတာပါပဲ။ သူတို့ Regulation က ခွင့်ပြုတယ်ဆိုမှတော့ safe ဖြစ်လို့နေမှာပေါ့နော်။ ရိုးရိုးမျက်ကပ်မှန်တွေနဲ့ ဘာကွာလဲဆိုတော့ Circle lens တွေက ရိုးရိုးမျက်ကပ်မှန်တွေလောက် အောက်ဆီဂျင်မဖြတ်နိုင်ဘူး။ ဒီတော့ ရိုးရိုးမျက်ကပ်မှန်ကို (၈)နာရီလောက်ဝတ်လို့ ဘာမှမဖြစ်ပေမယ့် Circle lens နဲ့ဆို (၈)နာရီလောက်နေရင် မျက်လုံးခြောက်ခြောက်ကြီး ခံစားရတာတွေ ဖြစ်တတ်ပါတယ်။
လေ့လာသူတွေရဲ့ တွေ့ရှိချက်အရ မျက်ကပ်မှန်သုံးသူအများစုဟာ သတ်မှတ်ထားတဲ့ လိုက်နာသင့်တဲ့စည်းမျဉ်းတွေကို မလိုက်နာကြပါဘူးတဲ့။ တကယ်ဆို လူ့ခန္ဓာကိုယ်မှာ မျက်လုံးက အရမ်းအရေးပါတဲ့ အစိတ်အပိုင်းပဲနော်။ ဒီတော့ ပိုဂရုစိုက်သင့်တာပေါ့။ မျက်ကပ်မှန်တပ်နေကြတဲ့သူတွေကတော့ ကန်ဒီပြောမှာတွေ သိပြီးသားဖြစ်မှာပါ။ တပ်ဖို့ရည်ရွယ်တဲ့သူတွေ နောက်ပြီး Circle lens တွေ Onlineက မှာဝယ်တပ်တဲ့သူတွေ မသိမှာစိုးလို့ ရေးပြတာပါ။

(၁) သန့်ရှင်းရေး

မျက်ကပ်မှန်မတပ်ခင် လက်ကိုအရင်ဆေးပါ။ ဖြစ်နိုင်ရင် မျက်နှာကိုဘာမှမလိမ်းခင်တပ်တာအကောင်းဆုံးပါ။ မျက်ကပ်မှန်ကို အလှတပ်တဲ့သူတွေအတွက်ပြောတာပါ။ မိတ်ကပ်တွေဘာတွေလိမ်းပြီးမှတပ်ရင် Eye makeup တွေ အခန့်မသင့်ရင် မျက်လုံးထဲ ၀င်နိုင်တယ်လေ။ တကယ်မျက်စိမကောင်းတဲ့သူတွေကတော့ ဘာမှမလုပ်ခင်ပဲ တပ်ကြတာပါ။ မတပ်ရင် မြင်မှမမြင်ကြတာ။ မျက်ကပ်မှန်ချွတ်တဲ့ အခါကျရင် မျက်နှာမသစ်ခင် အရင်ချွတ်ပါနော်။ ချွတ်ပြီးသား မျက်ကပ်မှန်ကို မျက်ကပ်မှန်ဆေးတဲ့ solution လေးနည်းနည်းထည့်ပြီး လက်ပေါ်မှာ အရင်ပွတ်ပြီးမှ ဗူးထဲပြန်ထည့်ပါ။ ဗူးထဲကိုလည်း solution အသစ်ပြန်ထည့်ပါ။ မျက်ကပ်မှန်ကို အလှတပ်တဲ့သူတွေအများစုဖြစ်တတ်တာက မျက်ကပ်မှန်ထည့်သိမ်းထားတဲ့ဗူးထဲက solution ကို ပုံမှန်မလဲတာပါ။ တပတ်တခါတော့ solution ပုံမှန်လဲပေးပါနော်။
 
(၂) မှန်ကန်တဲ့အနေအထားနဲ့ တပ်ပါ

မျက်ကပ်မှန် ပြောင်းပြန်ကြီး တပ်ထားရင် ကြည့်ရတာ မကောင်းသလို မျက်လုံးထဲမှာ ခိုးလိုးခုလုကြီးဖြစ်တတ်ပါတယ်။ “ပ” စောက်ပုံ ခုံးနေတဲ့အနေအထားက မှန်ကန်တဲ့အနေအထားပါ။ ဘယ်လိုတပ်လဲဆိုတာတော့ ပြောပြလို့လည်း မရတော့ မပြောပြတော့ပါဘူး။ မျက်လုံးကို ညင်ညင်သာသာလေးတော့ လုပ်ပါနော်။ စစတပ်ချင်းပဲ အခက်တွေ့တာပါ။ အလေ့အကျင့်ရသွားရင် ဘာမှမခက်ပါဘူး။
 
(၃) မျက်ကပ်မှန်ကို ပုံမှန်လဲပါ
မျက်ကပ်မှန်တချို့က တစ်နှစ်ခံတယ်။ တချို့က တစ်လခံတယ်။ ကိုယ့်မျက်ကပ်မှန် သက်တမ်းကုန်တဲ့အချိန်ရောက်ရင် အသစ်လဲပေးပါ။ Expire ဖြစ်နေတာကြီး ဆက်မတပ်ပါနဲ့နော်။ ဈေးနှုန်းကတော့ ပါဝါ၊ Cylinder ကိုလိုက်ပြီးကွာတယ်။ Cylinder ကဈေးပိုကြီးတယ်။ မျက်ကပ်မှန်အသစ်ကို သူ့ဗူးထဲကထုတ်ပြီးရင် မျက်ကပ်မှန်စိမ်တဲ့ solution နဲ့ အနည်းဆုံး (၈)နာရီ အရင်စိမ်ပြီးမှ စတပ်ပါ။ ဗူးအသစ်ထဲက solution မှာ preservative တွေပါလို့ ချက်ချင်းမတပ်သင့်ပါဘူး။ မျက်ကပ်မှန်ကို ဘယ်တော့မှ ရေနဲ့မဆေးနဲ့နော်။ ရေထဲမှာ bacteria တွေပါလာနိုင်တယ်။ သူ့ solution နဲ့သူဆေးပါ။

(၄) Contact lens solution ကို ပုံမှန်ဝယ်ပါ
Solution တစ်ဗူးဟာ ဖွင့်တဲ့အချိန်ကစပြီး (၃)လ ပဲခံပါတယ်။ (၃)လပြည့်ရင် အသစ်လဲပေးပါ။ မျက်ကပ်မှန်ပုံမှန်တပ်တဲ့သူတွေအတွက်တော့ အဲ့ဒီတစ်ဗူးက (၃)လနေရင် ကုန်ပါတယ်။ ပုံမှန်မတပ်တဲ့သူဆိုရင်တော့ ဂရုစိုက်ပြီးလဲပေးပါနော်။ မျက်လုံးခြောက်တတ်လို့ မျက်စဉ်းသုံးလေ့ရှိရင်လည်း ဂရုစိုက်လဲပေးပါ။ များသောအားဖြင့် မျက်စဉ်းတွေက ဖွင့်တဲ့ရက်ကစပြီး (၁)လ ပဲခံပါတယ်။ တချို့ (၂)လခံတာတွေလည်း ရှိပါတယ်။ ဗူးပေါ်ကစာကို သေချာဖတ်ပါနော်။ မျက်စဉ်းဗူးပေါ်မှာရေးထားတဲ့ Expiry date ကိုမယူရဘူးနော်။ အဲ့ဒါက ဗူးမဖွင့်ရင် ခံမယ့် date ကိုပြောတာ။
 
(၅) ကိုယ့် Limit ကိုယ်သိပါ
လူတယောက်နဲ့ တယောက် မျက်ကပ်မှန်နဲ့ နေနိုင်တဲ့ အချိန်ချင်းမတူပါဘူး။ တချို့လူတွေက တနေကုန်တပ်ထားလည်း ဘာမှမဖြစ်ပေမယ့် တချို့ကျတော့ ၆ နာရီလောက်ဆို မျက်လုံးခြောက်ပြီး နေရခက်လာတာတွေရှိပါတယ်။ ဒါတွေက ကိုယ့်မျက်လုံးရဲ့ ခံနိုင်ရည်နဲ့ဆိုင်သလို ပါဝါ၊ Cylinder ကွာတာနဲ့လည်း ဆိုင်ပါတယ်။ Cylinder များတဲ့သူတွေက Power တပ်တဲ့သူတွေလောက် မျက်ကပ်မှန်ကြာကြာ မတပ်နိုင်ကြဘူး။ ကန်ဒီဆို Cylinder က 350 လောက်ရှိတယ်။ မျက်ကပ်မှန်ကို အလွန်ဆုံး (၅)နာရီပဲ တပ်နိုင်တယ်။ မျက်ကပ်မှန်ကိုချည်း အားကိုးလို့မရဘူး။ ကြုံတုန်းလေး ပြောပြလိုက်ဦးမယ်။ ကန်ဒီမျက်ကပ်မှန် စလုပ်တုန်းက မျက်စိလည်း စစ်တော့ ပါဝါ အပြောင်းအလဲရှိတယ်တဲ့။ ကန်ဒီကမျက်ကပ်မှန်လည်း လုပ်မယ်.. မျက်မှန်ကိုလည်း မှန်ပြန်လဲမယ်ပေါ့။ အဲ့ဆိုင်မှာ မှန်လဲဖို့ အခက်အခဲရှိနေတယ်။ ဘာလို့လဲတော့ မမှတ်မိတော့ဘူး။ ဒါနဲ့ အရောင်းကောင်တာကအစ်မက မျက်ကပ်မှန်ရှိနေပြီပဲတဲ့ မျက်မှန်က မလိုတော့ပါဘူးတဲ့။ သူတို့ပြောတာယုံပြီးတော့ မျက်မှန်ကိုတော့ မပစ်လိုက်ကြပါနဲ့နော်။ တကယ်တမ်း မျက်ကပ်မှန်က အကြာကြီးတပ်နိုင်တာမဟုတ်ဘူး။

(၆) သတိထားသင့်သောအရာများ
ဘယ်လောက်အိပ်ငိုက်ငိုက် မျက်ကပ်မှန်လေးတော့ ချွတ်ပြီးမှ အိပ်ပါနော်။ ခရီးသွားရင် မျက်မှန်လေးပဲ တပ်သွားပေါ့။ မီးဖိုနား အပူနားသွားရင်လည်း ဂရုစိုက်ပါ။ ဟိုတလောကပဲ ဖေ့ဘွတ်မှာ တွေ့လိုက်သေးတယ် မျက်ကပ်မှန်တပ်ပြီး မီးဖိုနားသွားလို့ ဆေးရုံရောက်သွားတာလေ။ Plastic က မီးဖိုကအပူနဲ့ဆိုတော့ အရည်ပျော်တာ ထင်တာပဲ။ ကြောက်တော့ ကြောက်စရာပဲ။ ဒါပေမယ့် ဂရုစိုက်ရင်တော့ မဖြစ်ပါဘူးနော်။

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်

ဒီပိုစ့်လေးက သူငယ်ချင်းတစ်ယောက်ဆီက ရတာပါ။ ရွှေဗြူးတီး မှ အန်တီ မမ ညီမလေးများအတွက် အသုံးဝင်မယ်ထင်လို့ ထပ်မံ မျှဝေလိုက်ပါတယ်…


မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်… အလှအပကို မြတ်နိုးတတ်ကြတာ… သဘာဝပါ… ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်… လက်တွေ့… ၇ ရက်အတွင်း… သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်…

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်… အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

ပါဝင်တဲ့ ပစ္စည်းတွေကတော့… သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ… ရောစပ်ပြီး လိမ်းပေးရမှာပါ…

ဖေါ်စပ်နည်း
သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး… အကြမ်းပန်းကန်လုံးထဲကို အရည်ညှစ်ပါ…

အကြမ်းပန်းကန်လုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ… ထို့နောက် …. ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ်မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး… မွှေပေးပါ…


အသုံးပြုနည်း
ညအိပ်ယာဝင်ခါနီးတိုင်း……

ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ… ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်…

တစ်ပါတ်အတွင်း သိသာစွာ… ဗိုက်ချပ်လာသည်ကို… လက်တွေ့…  တွေ့မြင် ခံစားရမှာပါ…

မှတ်ချက်- ညစာကို ပုံမှန် ထက်… လျှော့စားပေးရင်… ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်…တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်…..
မူလမျှဝေသူ – အေးနန္ဒာအောင်

Apr 29, 2012

( ၇ ) ရက်အမြန်အဆီချနည်း....

စား၇မယ့်အစီအစဉ်တွေက..
အဆီကျဟင်းရည် ကြက်သွန်နီဥကြီး ခြောက်လုံး ငရုတ်ပွ အစိမ်းနှစ်တောင့် ခ၇မ်းချဉ်သီး ခြောက်လုံး တရုတ်နံနံ တစ်စည်း ဂေါ်ဖီတစ်ထုတ် အသီးအရွက်တွေကို အနေတော်တုံးပြီး အိုးထဲရေမြုတ်အောင်ထည့် အဖုံးဖုံးပြီး ပွက်ပွက်ဆူအနေအထားမှာ ၁၀မိနစ်ထား နောက်မှမီးကို လျော့ပြီးအသီးအရွက်နူးတဲ့အထိ ချက်၇ပါမယ်... အဲဒီအရည်တွေကို ၀ိတ်ချတဲ့ တစ်ပတ်လုံးသောက်၇ပါမယ်... တတ်နိုင်၇င် အ၇ွက်တွေပါစား၇င်ပိုကောင်းတယ်။ ကျွန်တော် ကတော့ အရည်ဘဲစစ်သောက်ဖြစ်တယ်... ပုံမှန်ဆို တစ်ပတ်ကို ၁၀ ပေါင်ကျပေမယ့်... အရွက်တွေမစားတာေ၇ာ လေ့ကျင့်ခန်းမလုပ်တာရောကြောင့် ၅ ပေါင်ဘဲကျပါတယ်... အနံ့အရသာ၇ှိစေဖို့ ဆား င၇ုပ်ကောင်း ဟင်းခတ်အမွှေးအကြိုင်တွေထည့်နိုင်ပါတယ်

ပထမနေ့ အဆီကျဟင်းရည်ကို ဗိုက်ဆာတိုင်းသောက်ပါ တွဲဖက်စားလို့၇တဲ့အစာတွေက လိမော်သီး ပန်းသီး သစ်တော်သီး မာလကာသီး ကျွဲကောသီး ကျန်တာ ဘာမှစားခွင့်မ၇ှိပါဘူး....အသီးတွေဘဲစားလို့၇ပါမယ်...ငှက်ပျောသီးမပါ

ဒုတိယနေ့ ပင်တိုင်အဆီကျဟင်းရည်အပြင် ဟင်းသီးဟင်းရွက်အားလုံး အစိမ်းဖြစ်ဖြစ် ကျက်ပြီးသားဖြစ်ဖြစ် စားခွင့်၇ှိပါတယ် သစ်သီးကို စားခွင့်မရှိပါဘူး ကင်ထားတဲ့ အာလူးကြီး တစ်လုံး စားခွင့်ပြုပါတယ်

တတိယနေ့ ပထမနေ့နဲ့ ဒုတိယနေ့က ခွင့်ပြုထားတဲ့ အစာတွေအားလုံးစားလို့ရပါတယ်....အာလူးကင်မပါ...

စတုတ္ထနေ့ အဆီကျဟင်းရည်အပြင် တစ်နေ့လုံးအတွက် ငှက်ပျောသီးရှစ်လုံး အဆီထုတ်ထားတဲ့ နွားနို့ ကြိုက်သလောက်သောက်ခွင့်ရှိပါတယ်... ငှက်ပျောသီးနဲ့နွားနို့ မဖြစ်မနေသောက်၇ပါမယ် ကိုယ်ထဲက ပိုတက်ဆီယမ် ပရိုတင်းနဲ့ ကယ်လ်စီယမ်တို့လိုအပ်နေပြီမို့ပါ

ပဉ္စမနေ့ ပင်တိုင်အဆီကျဟင်းရည်အပြင် ၁၀ ၂၀ အောင်စရှိ ငါး သို့မဟုတ် အမဲသား ဆိတ်သားဆို အဆီမပါ ကြက်သားဆို၇င် အရေပြားဆုတ်ပြီးသား ကို ဆီမပါတဲ့နည်းနဲ့ ကင်ပြီး စားလို့ရပါတယ် ငံပြာရည် ဆနွင်း ဆား သုံးလို့၇ပါတယ် ခရမ်းချဉ်သီးခြောက်လုံး အထိတွဲဖက်ပြီး ကြက်သွန်နဲ့သုပ်ပြီးဖြစ်ဖြစ် သူ့ကြီးဖြစ်ဖြစ်စားလို့၇ပါတယ်...ကိုယ်ထဲက Uric Acid တွေကို ဆေးချဖို့ ဒီနေ့မှာ ရေ အနည်းဆုံး ရှစ်ဖန်ခွက် သောက်ပေးဖို့လိုပါတယ်

ဆဋ္ဌမနေ့ ပင်တိုင်အဆီကျဟင်းရည်အပြင် အဆီလွတ်အသားများကင်ပြီးဖြစ်ဖြစ် ဟင်းသီးဟင်းရွက်တွေနဲ့ေ၇ာပြုတ်ပြီးဖြစ်ဖြစ် စားခွင့်ရှိပါတယ်

သတ္တမနေ့ နောက်ဆုံးနေ့မှာ ဆန်လုံးညိုစားခွင့်ပြုပါတယ် ၀ယ်၇ခက်ရင် ပေါင်မုန့်ကြမ်းကို အာသာပြေ၇ုံ စားခွင့်၇ှိပါတယ် အချိုဓါတ်မပါတဲ့ သစ်သီး ဟင်းသီးဟင်းရွက်တွေ ကြိုက်သလောက်စားခွင့်ပြုပါတယ် ဟင်းရည်ကိုတော့ သောက်ပေး၇ပါမယ်...

အထူးသတိပြုရန် ဒီခုနစ်ရက်အတွင်း အရက်လုံးဝသောက်ခွင့်မပြုပါ...ကော်ဖီဆိုရင် သကြားတုနဲ့ ကြိုက်သလောက်သောက်ခွင့်ပြုပါတယ် လက်ဖက်ရည်ကြမ်း ဆီမပါတဲ့ လက်ဖက်အသား ချည်းစားနိုင်ပါတယ်...Slim Aid တို့လို အမျှင်ဓါတ်ပါတဲ့ဆေးတွေသောက်ခွင့်ရှိပါတယ်.... တခြားပိန်ဆေးတွေ သောက်ခွင့်မ၇ှိပါ...ဆေးလိပ်သောက်ခွင့်၇ှိပါတယ်...ဗီတာမင်ဆေးတွေလည်းဖြတ်ဖို့မလိုပါဘူး ခုနစ်ရက်ပြည့်လို့ သိသိသာသာ ကိုယ်အလေးချိန်ကျလို့ အားတက်ပြီးဆက်မလုပ်ပါနဲ့ တစ်ပတ်လောက်ပုံမှန် ပြန်စားပြီးမှပြန်စပါ ရည်၇ှည် ဒီနည်းကိုကျင့်သုံး၇င် အဟာရဓါတ်ချို့တဲ့မှုဖြစ်ပွားနိုင်ပါတယ်။
 ဒေါက်တာရဲနိုင်၏ ဟောပြောချက်ကိုဆီလျော်အောင် ခံစားတင်ပြတဲ့.... Min Min (Blue Sky)

သိထားသင့်သော ကယ်လိုရီတန်ဖိုးများ

မိမိစားသုံးသည့် အစားအစာများတွင် အင်အားဓါတ်မည်မျှပါသည်ကို သိထားခြင်းအားဖြင့် အစားအစာကို ချင့်ချိန်စားသုံးနိုင်ရန်အတွက် အသုံးများသော အစားအစာများဧ။် ကယ်လိုရီတန်ဖိုးများကို ဖော်ပြပါသည်။ ထမင်း (၁ပန်ကန်) ၂၆၀ ကယ်လိုရီ ကြက်ဥ (အစိမ်း) ၇၈ ကယ်လိုရီ ကြက်ဥကြော် (၁လုံး) ၁၀၇ ကယ်လိုရီ coke cola (သံဘူး)၁ဘူး ၁၁၇ ကယ်လိုရီ သကြား (ဇွန်းသေး၁ဇွန်း) ၆၀ ကယ်လိုရီ ပန်းသီး ( ၁လုံး) ၅၂ ကယ်လိုရီ ငှက်ပျောသီး (၁လုံး) ၃၈ ကယ်လိုရီ သရက်သီး (၁လုံး) ၁၀၂ ကယ်လိုရီ သဘောင်္သီး (၁စိတ်) ၅၃ ကယ်လိုရီ black forest cake (၁တုံး) ၂၇၄ကယ်လိုရီ plain cake (၁တုံး) ၁၄၁ကယ်လိုရီ ကြာဇံကြော် (၁ပန်းကန်) ၂၉၄ကယ်လိုရီ ဒန်ပေါက်ထမင်း (၁ပန်းကန်) ၄၄၈ကယ်လိုရီ ထမင်းကြော် (၁ပန်းကန်) ၆၃၇ကယ်လိုရီ အသားညှပ်ဘာဂါ (၁ခု) ၅၇၀ကယ်လိုရီ မိမိတို့စားသုံးတဲ့ အစားအစာတွေမှာ ကယ်လိုရီတွေ ဘယ်လောက်ပါတယ်ဆိုတာ သိထားခြင်းအားဖြင့် အစားအစာတွေကို ဆင်ခြင်ပြီးစားသုံးနိုင်ပြီးအ၀လွန်ခြင်းကို ထိန်းသိမ်နိုင်ပါတယ်။ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများ ရရှိနိုင်ပါတယ်။ Credit to :သက်တန့်ချို

Aug 29, 2010

ခေါက်ဆွဲခြောက်၏ သမိုင်းနှင့် ခေါက်ဆွဲခြောက်များနှင့် ကျန်းမာရေး

Instant noodle ခေါ် အလွယ်တကူပြုတ်၍ စားသုံးနိုင်သော ခေါက်ဆွဲခြောက်များကို ယခုအခါ တကမ္ဘာလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် စားသုံးလျက်ရှိပါသည်။ ဈေးနှုန်းသင့်လျော်ခြင်း၊ ပင်ပင်ပင်ပန်းပန်း ချက်ပြုတ်ရန်မလိုခြင်း၊
အချိန်ကုန်သက်သာခြင်းနှင့် လူမျိုးတိုင်းလိုလို လက်ခံစားသုံးနိုင်ခြင်းတို့ကြောင့် ၎င်းခေါက်ဆွဲခြောက်ထုပ်များမှာ
ဈေးကွက်အတွင်း အတော်အသင့် နေရာယူလျက်ရှိနေသည်။ နာမည်အခေါ်အဝေါ်၊ အရည်အသွေး၊ အရသာ ကွဲလွဲမှု ရှိသော်လည်း နိုင်ငံတော်တော်များများတွင် ခေါက်ဆွဲခြောက်ထုပ်များကို လိုလိုလားလား လက်ခံစားသုံးလျက်ရှိပြီး
အာရှ နိုင်ငံများတွင်သာမက အနောက်ဥရောပ နိုင်ငံများတွင်လည်း ခေါက်ဆွဲခြောက်ထုပ်များ စားသုံးသည့်လူဦးရေမှာ မြင့်မားလျက်ရှိပါသည်။ တရုတ်နိုင်ငံသည် တကမ္ဘာလုံးခေါက်ဆွဲခြောက်စားသုံးမှု၏ ၄၈ ရာခိုင်နှုန်းရှိပြီး တစ်နှစ်စားသုံးမှုမှာ ခေါက်ဆွဲခြောက် ပါကင်ထုပ် ၄၅ ဘီလျီယံခန့်ရှိပါသည်။ တောင်ကိုရီးယားလူမျိုးများသည် ခေါက်ဆွဲခြောက်အများဆုံး စားသုံးသူများဖြစ်ပြီး တစ်နှစ်လျှင် လူတစ်ဦးချင်စီ စားသုံးမှုမှာ ပျမ်းမျှ ခေါက်ဆွဲထုပ် ပါကင်ထုတ်ကြီး ၆၉ ထုတ်ခန့်ရှိပါသည်။

*ခေါက်ဆွဲခြောက်၏ သမိုင်းအစ*

ကမ္ဘာနှင့်အ၀ှမ်း စားသုံးလျက်ရှိသော instant noodle ခေါက်ဆွဲခြောက်ထုပ်များကို စတင်ထုတ်လုပ်ခဲ့သူမှာ ထိုင်ဝမ်နိုင်ငံသား Momofuku Ando ပင်ဖြစ်သည်။

Momofuku Ando

Ando အား ၁၉၁၀ ခုနှစ်၊ မတ်လ (၅)ရက်နေ့တွင် ထိုင်ဝမ်ကျွန်းစု အနောက်တောင်ပိုင်း Chiayi မြို့တွင် မွေးဖွားခဲ့သည်။ သူသည် ချမ်းသာသော မျိုးနွယ်စုမှ ပေါက်ဖွားဆင်းသက်လာသူလည်းဖြစ်ပါသည်။ Ando အား မွေးဖွားစဉ်က ထိုင်ဝမ်ကျွန်းစုသည်
ဂျပန်အင်ပါယာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သော ကာလပင်ဖြစ်သည်။ Ando ၏ မိဘများသည် သူ ငယ်စဉ်ကတည်းကပင် ကွယ်လွန်သွားခဲ့သဖြင့် Ando သည် အဘိုးအဘွားများ၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာခဲ့ရသူဖြစ်သည်။
Ando ၏ အဘိုးအဘွားများသည် ချည်မျှင်နှင့်အထည်စက်ရုံပိုင်ဆိုင်ပြီး Ando အသက် ၂၂ ရောက်သောအခါ ယင်းလုပ်ငန်းများအား Ando ကိုပင် ကြီးကြပ်လုပ်ကိုင်စေခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် Ando သည် ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး Ritsumeikan တက္ကသိုလ်တွင် ပညာတက်ရောက်ဆည်းပူးခဲ့သည်။ဒုတိယ ကမ္ဘာ စစ်ပြီးသောအခါ Ando သည် ဂျပန်နိုင်ငံသား အဖြစ်ခံယူခဲ့ပြီး ထိုအချိန်က ဂျပန်နိုင်ငံသည် စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို ခံစားနေရချိန်ဖြစ်သည်။ စားနပ်ရိက္ခာအခက်အခဲကြောင့် ဂျပန် ကျန်းမာရေးအဖွဲ့အစည်းက ဂျပန်နိုင်ငံသူ နိုင်ငံသားများအား ဂျုံဖြူမှ ပြုလုပ်သော ပေါင်မုန့်များကိုပိုမိုဖြည့်စွက်စားသုံးရန် အကြံပြုခဲ့သည်။ ထိုအခါ Ando သည် ဂျုံမှပြုလုပ်တာချင်းအတူတူ ပေါင်မုန့်ထက် ခေါက်ဆွဲက ဂျပန်လူမျိုးများအတွက် စားသုံးဖို့ ပိုမိုသင့်လျော်မည်ဟု စူးစမ်းမိသည်။သို့သော်လည်း ထိုအချိန်က
ခေါက်ဆွဲထုတ်လုပ်နိုင်သည့် ကုမ္ပဏီ အရေအတွက်မှာ အင်မတန်နည်းပါးနေသဖြင့် တိုင်းပြည်၏လိုအပ်ချက်ကို မဖြည့်ဆည်း နိုင်ခဲ့ပေ။ ထို့ကြောင့်Andoသည် မိမိကိုယ်ပိုင် စက်ရုံတည်ထောင်၍ ခေါက်ဆွဲထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။

“လူတွေမှာ စားစရာသာ အလုံအလောက်ရှိမယ်ဆိုရင် ဒီကမ္ဘာကြီးဟာ ငြိမ်းချမ်းမှုတွေနဲ့ ပြည့်စုံနေပါလိမ့်မယ်” ဟု Ando သည် သိမြင်လာခဲ့သည်။ သူ့အသက် ၄၈ နှစ်သို့ရောက်သောအခါ chikin ramen ခေါ် ကမ္ဘာ့ပထမဆုံးခေါက်ဆွဲခြောက်ကို
ဈေးကွက်အတွင်းဖြန့်ချိနိုင်ခဲ့သည်။ Ramen ခေါက်ဆွဲအား ဂျပန်နိုင်ငံတွင် ယနေ့တိုင်စားသုံးလျက်ရှိပြီး ၎င်းခေါက်ဆွဲ ထုတ်လုပ်သည့် Nissin Food Products ကုမ္ပဏီမှာလည်း နာမည်ကျော်ကြားလျက်ရှိပါသည်။ ထိုအချိန်က Ramen ခေါက်ဆွဲခြောက်တထုပ်၏ တန်ဖိုးမှာ ဂျပန်ယမ် ၃၅ ခန့်ရှိပြီး ထိုအချိန်က ပေါ်ပေါက်ခဲ့သော ဂျပန်ရိုးရာ ခေါက်ဆွဲများထက် ၆ဆခန့်ဈေးကြီးမားခဲ့ပါသည်။ သို့သော် Andoသည် အသင့်စား ခေါက်ဆွဲဘူး(Cup noodle ) များကို ၁၉၇၁ ခုနှစ်တွင် ထုတ်လုပ်နိုင်ခဲ့ပြီးနောက် ထိုခေါက်ဆွဲဘူးများမှာ ဈေးကွက်တွင် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး ခေါက်ဆွဲထုပ် ဈေးနှုန်းများလည်း သက်သာလာခဲ့သည်။

၂၀၀၈ ခုနှစ်တွင် ဈေးကွက်ရောင်းလိုအားမှာ ခေါက်ဆွဲထုပ်ပေါင်း အထုပ်ရေ ၉၈ ဘီလျီယံထိ မြင့်တက်လာခဲ့သည်။ Chikin Ramen ခေါက်ဆွဲတထုပ်၏ တန်ဖိုးမှာ ယမ် ၆၀ ၀န်းကျင်ခန့်ရှိပြီး ဂျပန်စားသောက်ဆိုင်များရှိ ခေါက်ဆွဲတစ်ပန်းကန်၏ တန်ဖိုးထက် ၃ဆခန့် သက်သာလာခဲ့ပါသည်။

Ando သည် သူ၏ အထိမ်းအမှတ် ပြတိုက်( Momofuku Ando Instant Ramen Museum)၏ ဥက္ကဌလည်း ဖြစ်ပြီး ထိုပြတိုက်အား ဂျပန်နိုင်ငံ အိုဆာကာပြည်နယ် အိုင်ကီဒါတွင် ဖွင့်လှစ်ပြသလျက်ရှိပါသည်။

ပြတိုက်အတွင်းတွင် Ramen ခေါက်ဆွဲထုတ်လုပ်သည့် လုပ်ငန်းခွင်အသေးစားလေးအား ပြသလျက်ရှိပြီး အလည်အပတ်လာရောက်သူများအနေဖြင့် မိမိတို့ကိုယ်တိုင် ပြုလုပ်စမ်းသပ် စားသုံးနိုင်ပါသည်။

ဤကဲ့သို့သော Ando၏ အောင်မြင်မှုများအတွက် ဂျပန်အစိုးရမှ Andoအား ဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်။ ခေါက်ဆွဲခြောက်တို့၏ တီထွင်မှု ဖခင်ကြီးAndoသည် အသက် ၉၆ နှစ်အရွယ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီ ၅ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဇနီးတစ်ယောက်၊ သားနှစ်ယောက်နှင့် သမီးတစ်ယောက် ကျန်ရစ်ခဲ့ပြီး ၎င်း၏ သားဖြစ်သူ Koki Ando မှာ ယခုအခါ ဂျပန် Nissin Food Products Co. Ltd ၏ ဥက္ကဌအဖြစ် ဖခင်၏ လုပ်ငန်းကို ဆက်လက်ဦးဆောင် လုပ်ကိုင်လျက်ရှိပါသည်။

*ခေါက်ဆွဲခြောက်နှင့်ကျန်းမာရေး*

ခေါက်ဆွဲခြောက်သည် ကာဘိုဟိုက်ဒရိတ် ကြွယ်ဝသော အစားအစာဖြစ်ပြီး ပရိုတင်း၊ အဆီဓါတ်နှင့် တခြား ဗီတာမင်နှင့် သတ္တုဓါတ်များပါဝင်ပါသည်။သို့သော် ခေါက်ဆွဲခြောက်များတွင်ပါဝင်သော ဆားပမာဏမှာ အနည်းငယ်များနေနိုင်ပါသည်။ အသက် ၄နှစ်အထက် လူတစ်ယောက်အတွက် တစ်နေ့တာ ဆားလိုအပ်ချက်ပမာဏမှာ ၂၄၀၀ မီလီဂရမ်ဖြစ်ပြီး အချို့သော ခေါက်ဆွဲခြောက်များတွင်ပါဝင်သော ဆားပမာဏမှာ ၁၀၀၀ မီလီဂရမ် ကျော်နေပါသည်။ တခါတရံတွင်မူ ခေါက်ဆွဲခြောက်ထုတ် တစ်ထုပ်အတွင်း ဆားပါဝင်မှု ပမာဏမှာ ၂၀၀၀မီလီဂရမ်အထိ ရှိနေတာကိုတွေ့ရပါသည်။ ထို့ကြောင့် သွေးတိုးရောဂါရှိသူများ၊ နှလုံးကောင်းကောင်း အလုပ်မလုပ်သူများအနေဖြင့် ခေါက်ဆွဲခြောက်များကို အလွန်အကျွံမစားမိဖို သတိပြုရန် လိုအပ်ပါသည်။

ထို့ပြင် ခေါက်ဆွဲခြောက်များတွင် monosodium glutamate ခေါ် ဟင်းချိုမှုန့်များ ပါဝင်နေနိုင်ပါသည်။ ၎င်း monosodium glutamate(MSG) သည် အမိုင်နို အက်ဆစ် အမျိုးအစား တစ်မျိုးဖြစ်ပြီး ၄င်းသည် အစားအစာများကို အနံ့အရသာ ရှိစေနိုင်ပါသည်။ ထို့ကြောင့် MSG အား ခေါက်ဆွဲခြောက် အရောအနှောမှုန့်များတွင် ထည့်သွင်း အသုံးပြုလာကြပါသည်။ MSGကို မကြာခဏစားသုံးပါက လူကို စွဲစေတတ်သော သတ္တိရှိပါသည်။ ခေါက်ဆွဲခြောက်များတွင် MSG ပါဝင်သဖြင့် စားသုံးသူများအား ဥပဒ်ဖြစ်စေသည်၊ မဖြစ်စေသည်ကတော့ ယနေ့တိုင် အငြင်းပွါးဖွယ်ဖြစ်ပါသည်။ အမေရိကန် အစားအစာနှင့် ဆေးဝါး အဖွဲ့အစည်း(Food and Drug Administration)၏ အဆိုပြုချက်အရ MSG ကိုအလွန်အကျွံစားသုံးမိပါက ခေါင်းကိုက်ခြင်း၊ မျက်နှာသွေးရောင်ဖြန်းခြင်း၊ မျက်နှာ ၊လည်ပင်းနှင့် နောက်ကျော နေရာများတွင် ထုံကျင်ခြင်း၊ရင်ဘတ်အောင့်ခြင်း၊နှလုံးတုန်ခြင်း၊ ပျို့ခြင်း အန်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ အထက်ပါလက္ခဏာများ ဖြစ်ပေါ်ခံစားရခြင်းကို တရုတ်စားသောက်ဆိုင်များကြောင့် ဖြစ်ပေါ်လာသော ရောဂါဒြပ်ပေါင်းစု (Chinese Restaurant Syndrome) ဟူ၍ ခေါ်ဆိုပါသည်။ အဘယ့်ကြောင့်ဆိုသော် တရုတ်နိုင်ငံရှိ စားသောက်ဆိုင်များတွင် MSG အများအပြားအသုံးပြုပြီး တရုတ်အစားအစာများတွင်လည်း MSG လိုအပ်သည်ထက် ပိုမိုပါဝင်နေသောကြောင့်ပင် ဖြစ်ပါသည်။ ပန်းနာရင်ကြပ်ရောဂါ ရှိသူများအနေဖြင့် MSG အများအပြားစားသုံးမိပါက ရင်ကြပ်ရောဂါကို ပိုမိုဆိုးဝါးစေနိုင်ပါသည်။

သို့သော် MSG သည် လူသားကို ကောင်းကျိုးပြုသော အချက်များလည်း ရှိပါသည်။ ၎င်းသည် အစားအစာများကို အနံ့အရာသာနှင့် ပြည့်စုံစေနိုင်သောကြောင့် သက်ကြီးရွယ်အိုများ နှင့် အစားအသောက် ခံတွင်းပျက်နေသူများအတွက်
အစာစားချင်စိတ်ဖြစ်ပေါ်စေနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ခေါက်ဆွဲခြောက်စားသုံးခြင်းကြောင့် MSG က လူသားအပေါ်
ဘေးဥပဒ်ဖြစ်စေနိုင်မှုကိုမူ မည်သူမျှ တိတိကျကျမပြောနိုင်သေးပေ။

ခေါက်ဆွဲခြောက်နှင့်ပတ်သတ်၍ နောက်ထပ် ရေပန်းစားနေသော အရာမှာ ကင်ဆာ ပင်ဖြစ်သည်။ခေါက်ဆွဲခြောက်များတွင် ခေါက်ဆွဲအမျှင်များပုံသဏ္ဍန်များ မပျက်ယွင်းစေရန်နှင့် ခေါက်ဆွဲခြောက်အား ပြုတ်လိုက်သောအခါ အမျှင်များ တစ်ခုနှင့် တစ်ခုမကပ်စေရန် ဖယောင်း (wax) များကို အသုံးပြုသည်ဟုဆိုပါသည်။ ထိုဖယောင်းများကိုအစာအိမ်က ချေဖျက်ရန် ၇၂ နာရီကြာမြင့်ပါသည်။ ထို့ကြောင့် ခေါက်ဆွဲခြောက် ရေရှည်စားသုံးသူများအနေဖြင့် ကင်ဆာဖြစ်ဖို့  အလားအလာများသည်ဟု ဆိုကြပါသည်။ သို့သော် တိကျသော သုတေသနပြုချက်များ ယနေ့တိုင်မရှိသေးပါ။ အကယ်၍ ခေါက်ဆွဲခြောက်များတွင် ဖယောင်းများပါဝင်ခဲ့ပါက ထိုဖယောင်းများအား ဖယ်ရှားပြီး လူ့ခန္ဓာကို ဘေးဥပဒ် မဖြစ်စေရန် ခေါက်ဆွဲပြုတ်ရမည့် နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပထမဦးစွာ ရေနွးကို ဆူအောင်တည်ပါ။ ရေနွေးဆူလာသောအခါ ခေါက်ဆွဲခြောက်ကို ရေနွေးအိုးထဲထည့်ပြီး ခေါက်ဆွဲကျက်သည်အထိ ပြုတ်ပါ။ ထို့နောက် ခေါက်ဆွဲဖတ်များကို ဖယ်ထားပြီး ထိုခေါက်ဆွဲပြုတ်ထားသော အရည်များကို
သွန်ပစ်ရပါမည်။ အဘယ့်ကြောင့်ဆိုသော် ထိုရေများထဲတွင် ဖယောင်းများ ပျော်ဝင်သွားသောကြောင့် ဖြစ်ပါသည်။
ဖယောင်းပျော်ဝင်ထားသော ခေါက်ဆွဲပြုတ်ရည်များမှာ အ၀ါဖျော့ဖျော့ရောင် သမ်းနေနိုင်သည်ဟု ဆိုပါသည်။ ထိုအ၇ည်များအား သွန်ပစ်ပြီးနောက် ရေနွေးအသစ်ထပ်တည်ပါ။ ထိုရေနွေးအသစ် ဆူလာသောအခါ စောစောပိုင်းကဖယ်ထားသော ခေါက်ဆွဲဖတ်များအား အိုးထဲထည့်ရပါမည်။ ထို့နောက် ခေါက်ဆွဲထုပ်တွင်ပါဝင်သော အရောအနှောအမှုန့်များကို အိုးထဲထည့်ရပါမည်။ တခြားမိမိစားချင်သော အသီးအရွက် ကြက်ဥများကိုလည်း ဤဒုတိယအကြိမ်ပြုတ်သော ခေါက်ဆွဲအရည်ထဲတွင်သာထည့်၍ မိမိတို့နှစ်သက်သလိုထည့်၍ စားသုံးနိုင်ပါသည်။ အထက်ပါနည်းလမ်းများမှာ အကယ်၍ ခေါက်ဆွဲခြောက်များအတွင်း ဖယောင်းများ ပါလာပါက ခန္ဓာကိုယ်အတွင်း မရောက်စေရန် ကြိုတင်ကာကွယ်၍ စားသုံးသော နည်းလမ်းဖြစ်ပါသည်။ ယနေ့ထိတိုင်တော့ ခေါက်ဆွဲခြောက်စားပြီး ကင်ဆာ ဖြစ်ပွါးသူရယ်လို့  တိတိကျကျ စာရင်းသုတေသန မပြုလုပ်နိုင်၊ မတွေ့ရှိနိုင်သေးပါ။

ခေါက်ဆွဲခြောက်တီထွင်ခဲ့သူ Ando သည်လည်း ခေါက်ဆွဲခြောက်စားပြီး အသက် ရှည်ရှည်နေထိုင်သွားခဲ့ပါသည်။ “Ando အခုလို အသက် ၉၆ နှစ်ထိ နေထိုင်သွားနိုင်တာကတော့ ထွေထွေထူးထူးမဟုတ်ပါဘူး၊ သူဟာ အားကစားအနေနဲ့ ဂေါက်ကစားခြင်း တမျိုးတည်းကိုသာ ကစားပြီး ramen ခေါက်ဆွဲကို နေ့စဉ်စားသုံးလို့သာ ခုလို အသက်ရှည် နေထိုင်သွားနိုင်တာပါ၊ သူမကွယ်လွန်ခင် တစ်ရက်အထိ သူဟာ ramen ခေါက်ဆွဲခြောက်ကို တစိုက်တမတ်စားသုံးသွားခဲ့ပါတယ်” ဟု ကျန်ရစ်သူ Ando၏ဇနီးက ပြောကြားခဲ့ပါသည်။

မည်သို့ပင်ဆိုကြစေကာမူ “အစာလည်းဆေး ဆေးလည်း အစာ” ဆိုသည့်အတိုင်း အရာရာကို ချင့်ချိန်စားသုံးမှသာ မိမိတို့၏ ကျန်းမာရေးကို အထောက်အကူပြုမည်ဖြစ်ပါသည်။ ရောဂါကိုကုသသည့် ဆေးဝါးများကိုတောင် သူ့အတိုင်းအဆနှင့်သူ
သောက်သုံးပါမှ ဆေးစွမ်းထက်ပါလိမ့်မည်၊ ရောဂါပျောက်စေနိုင်သည်ဆိုပြီး လိုအပ်သည်ထက်ပို၍ အလွန်အကျွံသောက်သုံးပါက ဘေးဒုက္ခ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ခေါက်ဆွဲခြောက်ကိုသာမက မည်သည့်အစားအစာကိုမဆို မိမိတို့၏ ကျန်းမာရေးအတွက် သင့်တင့်အောင် စားသုံးမှသာ ကောင်းကျိုးပြုမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

Aug 5, 2010

ကိုယ့်ခန္ဓာကိုယ်နဲ့ သင့်တင့်သောအလေးချိန်…

လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်တည်ဆောက်ပုံခြင်း မတူညီကြသဖြင့် အချို့သော ခန္ဓာကိုယ်အမျိုးအစားများမှာ ဒီတိုင်းကြည့်လျှင်ဝသည်ဟုထင်ရသော်လည်း အမှန်တကယ်တွင် သူ့အရပ်အမောင်းနှင့် ခန္ဓာကိုယ်မှာ အနေတော်ပင်။

မိမိတို့သည် မိမိတို့ကိုယ်တိုင် ကိုယ့်အရပ်အမောင်းနှင့် ကိုယ့်အလေးချိန်သည် ရှိသင့်သည့်အလေးချိန်လား၊ ၀နေသလား၊ ပိန်နေသလားဟု ကိုယ်တိုင်သိနိုင်ရန် လိုအပ်ပါသည်။

အရပ်အမောင်း ရှိသင့်သည့်အလေးချိန် မှ ကြား

4ပေ8လက်မ 89 ပေါင် 101 ပေါင် ကြား

4ပေ9လက်မ 92 ပေါင် 115 ပေါင် ကြား

4ပေ10လက်မ 95 ပေါင် 119 ပေါင် ကြား

4ပေ11 လက်မ 99 ပေါင် 124 ပေါင် ကြား

5ပေ 102 ပေါင် 128 ပေါင် ကြား

5ပေ1လက်မ 106 ပေါင် 132 ပေါင် ကြား

5ပေ2လက်မ 109 ပေါင် 136 ပေါင် ကြား

5ပေ3လက်မ 113 ပေါင် 141 ပေါင် ကြား

5ပေ4လက်မ 116 ပေါင် 145 ပေါင် ကြား

5ပေ5လက်မ 120 ပေါင် 150 ပေါင် ကြား

5ပေ6လက်မ 124 ပေါင် 155 ပေါင် ကြား

5ပေ7လက်မ 127 ပေါင် 159 ပေါင် ကြား

5ပေ8လက်မ 131 ပေါင် 164 ပေါင် ကြား

5ပေ9လက်မ 135 ပေါင် 169 ပေါင် ကြား

5ပေ10လက်မ 139 ပေါင် 174 ပေါင် ကြား

5ပေ11လက်မ 143 ပေါင် 179 ပေါင် ကြား

6ပေ 147 ပေါင် 184 ပေါင် ကြား

6ပေ1လက်မ 151 ပေါင် 189 ပေါင် ကြား

6ပေ2လက်မ 155 ပေါင် 194 ပေါင် ကြား ရှိလျှင် ပုံမှန်အလေးချိန်ဟု သိရှိနိုင်ပါသည်။

ကဲ… ဒီစာလေးဖတ်ပြီး မိမိကိုယ်အလေးချိန်ဟာ ဘယ်ထဲမှာ ပါနေသလဲဆိုတာ လေ့လာတွေ့ရှိလို့ရပါပြီနော်။

မှတ်ချက်။ ။fwd:email မှဖော်ပြသည်။

Aug 4, 2010

ဝမ်းချုပ်ခြင်းကို ကာကွယ်သော ယောဂကျင့်စဉ်

တစ်ချို့လူတွေဟာ မကြာခဏ ၀မ်းချုပ်တတ်ကြပါတယ်။ ၀မ်းချုပ်ရင် နေရထိုင်ရတာ မအီမသာ ဖြစ်စေသလို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကလည်း ဖြစ်နိုင်ပါတယ်။ မြန်မာစကားပုံတစ်ခုဖြစ်တဲ့ ” ၀မ်းတစ်လုံးကောင်း ခေါင်းမခဲဘူး ” ဆိုတဲ့ စကားပုံအတိုင်းပဲ လူတစ်ယောက်အတွက် ၀မ်းမှန်နေဖို့လိုပါတယ်။ ဒါကြောင့် ၀မ်းချုပ်ခြင်းကို ကာကွယ်နိုင်မည့် နည်းလမ်းတွေရှိတဲ့ အထဲက ယောဂကျင့်စဉ်ဖြင့် ကာကွယ်နည်းကို ဖော်ပြလိုက်ပါတယ်။

အဆင့်(၁) ကြမ်းပြင်ပေါ်သို့ ၀မ်းလျားမှောက်လိုက်ပါ။
အဆင့်(၂) ခြေထောက် နှစ်ဖက်ကို အပေါ်ဘက်သို့ ကွေးနိုင်သမျှ ကွေးပြီး လက်နှစ်ဖက်ဖြင့် ကွေးထားသော ခြေကျင်းဝတ်များကို ဆုပ်ကိုင်ပါ။ နဖူးကို ကြမ်းပြင်နှင့် ထိထားပါ။
အဆင့်(၃) အသက်ကို ပြင်းပြင်းရှူသွင်းပြီး ခေါင်းကိုမော့၍ ခြေဖျားများကို အပေါ်သို့ လက်ဖြင့် ဆွဲမလိုက်ပါ။ ပခုံးနှစ်ဖက်ကို အပေါ်သို့ ကြွလိုက်ပါ။ လက်နှစ်ဖက်က ခြေကျင်းဝတ်များ ကိုင်ထားသည်ကို မလွှတ်ရပါ။ ပေါင်များနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြမ်းပြင်မှ အထက်သို့ ကြွတက်လာသည်အထိ ဆွဲပေးရမယ်။
အဆင့်(၄) ဤပုံစံအတိုင်း ထိန်းထားပြီး ပုံမှန်အသက်ရှူပါ။ ၀င်သက်၊ ထွက်သက်ကို တစ်ကြိမ်မှတ်ယူပြီး ၁ မှ ၁၀ ထိမှတ်ပါ။ အဆင့်(၅) ပြီးလျှင် အသက်ရှူ ပြီး ခန္ဓာကိုယ်ကို ကြမ်းပြင်သို့ ပြန်ချပါ၊ အသက်ရှူထုပ်ပါ။
ဤကျင့်စဉ်ကို ပြုလုပ်ပါက အစပိုင်းတွင် တချို့သည် ခြေဖျားများကို မြှောက်နိုင်ပြီး ပခုံးကို မ မနိုင် ဖြစ်တတ်သည်။ တချို့သည် ပခုံးကို မြှောက်နိုင်ပြီး ခြေဖျားများကို မမြှောက်နိုင်ဖြစ်တတ်သည်။ ထို့ကြောင့် တဖြေးဖြေး ကြိုးစား ၍ ပြုလုပ်ရပါမည်။ ဤကျင့်စဉ်ကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ၀မ်းချုပ်ခြင်းကို ကာကွယ်နိုင်သလို၊ ၀မ်းဗိုက်ရှိ ကြွက်သားများကို အားကောင်းစေပါသည်။

မှတ်ချက်။ ။fwd: emailမှဖော်ပြသည်။

ရုတ်တရက် လေဖြတ်ခံရသော လူနာအတွက် အမြန်ကယ်ဆယ်ကုသနည်း

ပထမ အရေးကြီးဆုံးအချက်မှာ လေဖြတ်သော လူနာကို ဧည့်ခန်း၊ ရေချိုးခန်း၊ အိမ်သာခန်း စသည် ဖြင့် မည်သည့်နေရာတွင်မဆို လေဖြတ်ပါက ဖြစ်သောနေရာမှ ရွှေ့ပြောင်းသယ်ယူခြင်း လုံးဝ မပြုလုပ်ရပါ။ ထိုသို့ ချက်ခြင်းရွှေ့ပြောင်း သယ်ဆောင်ပါက ကားဆောင့်ခြင်း၊ လှုပ်ရှားမူဒဏ်များကြောင့် ဦးနှောက်သွေးကြောလေးများကို ပိုပြီးလျှင်မြန်စွာ ပေါက်ကွဲစေပြီး၊ လူနာရဲ့ အခြေအနေကို ပိုပြီးဆိုးဝါးစေပါသည်။

ထို့ကြောင့် လူနာကို မည်သည့်နေရာတွင်မျှ ရွှေ့ပြောင်းခြင်း မပြုလုပ်ပါနှင့်၊ လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာထူပေးပြီး ပြန်လဲမကျသွားစေရန် အသာမှေးပြီး ထိုင်စေရပါမည်၊ လူနာကို ကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှ လူတစ်ဦးက အသာမှေးပြီး“မ´´ပေးထားပါ၊ ထိုသို့ ထူ“မ´´ပေးပြီး ချက်ချင်း ပိုးသတ်ထားသော ဆေးထိုးအပ်ဖြင့်သော်လည်းကောင်း၊ မီးရို့ပြီးသောလက်ချုပ်အပ်ဖျားဖြင့်သော်လည်ကောင်း၊ လူနာရဲ့ လက်ချောင်း(10)ချောင်းထိပ်ဖျား ပိုးသတ်ထားသော အပ်ဖြင့် (ပဲစေ့ခန့်) သွေးစက်တစ်ဝက်စီ ထွက်လာအောင် ဖောက်ပေးပါ။ သွေးပဲစေ့ခန့် ထွက်မထွက် ခေတ္တစောင့်ကြည့်ပါ။

အကယ်လို့သွေးမထွက်ပါက သွေးထွက်လာအောင်လက်ဖြင့် ညှစ်ထုပ်ပေးပါ။ လက်ချောင်းတိုင်း သွေးတစ်ဝက်စီ ထွက်လာပြီး၊၊ မိနစ်ပိုင်းအတွင်း လူနာပြန်လယ် သတိရပါလိမ့်မယ်။ အကယ်လို့ လူနာပါးစပ်ရွှဲသွားပါက နားဖောက်သည့် နေရာနားလောက်တွင် ပိုးသတ်ထားသော အပ်ဖြင့် တစ်ဖက် နှစ်ချက်စီဖောက်ပေးရပါမည်။ နားရွက်နှစ်ဖက်စလုံး သွေးစက်နှစ်စက်စီ ပဲစေ့ခန့်ထွက်လာပြီး၊ မိနစ်ပိုင်းအတွင်း ပါးစပ်ရွှဲရာမှာ ပြန်လယ်တည့်သွားပါလိမ့်မည်။ ထိုလူနာ ပုံမှန်အခြေ အနေသို့ ရောက်အောင် စောင့်ပြီးမှ ဆေးရုံသို့ ပို့ပြီး လိုအပ်သော ဆေးကုသမူကိုခံယူပါစေ။ ယခုကဲ့သို့ ရှေ့ဦးစွာ ပြုစုပြီးမှ ဆေးကုသခံစေပါက အကြောသေခြင်း ကိုယ်တစ်ခြမ်းသေခြင်း ခြေလက်လှုပ်မရခြင်း စကားမပီဖြစ်ခြင်းတို့မှ လုံးဝ ကင်းလွတ်စေပါမည်။

မှတ်ချက်။ ။fwd: emailမှ ဖော်ပြသည်။

Jul 15, 2010

သွေးအမျိုးအစား

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို ခန့်မှန်းလို့လည်း ရပါတယ်..

အေသွေးပိုင်ရှင်များအကြောင်း

ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့။ သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့… ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝ များက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင် အေးဆေး တည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့… အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့… တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့… အသစ်အဆန်းတွေကို စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်… အလုပ်တစ်ခုကို လုပ်ပြီဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ… သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ် သူများပါ… နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်… ဒါ့အပြင် ဘယ်လို အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာ ကြောင့် မာဆတ်ဆတ်နိုင်တယ်… ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ် အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်းပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ်မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့လူမျိုးတွေပါတဲ့… ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါးကို ပျော်ရွှင် မှုပေးချင်ကြသူများ ဖြစ်ပါတယ်… တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့… ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့… ဒီသဘာဝလေးကတော့ သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့… ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့… အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့… တစ်ယောက်တည်း သီးသန့် ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်… အထက်လူကြီးရဲ့အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင်မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်… ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှုပိုများတာ ဖြစ်ပါတယ်… စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့… ဒါကြောင့်မို့စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..

အေသွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ .

အေ-အေ (၇၀%)

အေသွေးယောင်္ကျားနဲ့ အေသွေးမိန်းမရဲ့ လိုက်ဖက်ညီ သဘောတွေ့နိုင်တဲ့ ရာခိုင်နှုန်းကတော့ ၇၀% ဖြစ်ပါတယ်။ ပထမဆုံး စတွေ့တဲ့ အခါမှာတော့ တစ်ယောက်နဲ့ တစ်ယောက် သဘော မတွေ့မှုလေးတွေရှိနေတတ်ပါတယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် နားလည်မှု ရသွားပြီဆိုရင်တော့ ခွဲထားလို့ကိုမရလောက်အောင် ရင်းနှီးသွားတတ်ပါတယ်။ အကြိုက်ကလည်း တူသလို သူများတွေအမြင်မှာလည်း အဆင်ပြေတဲ့ အတွဲလို့ မြင်စေပါတယ်။ အကယ်၍ ချစ်ခင်စုံမက်လို့ လက်ထပ်ချင်တာကို မိဘတွေက သဘောမတူတာမျိုး ရှိခဲ့မယ်ဆိုရင် တောထဲ တောင်ထဲက သွားပြီး နှစ်ယောက်ထဲလက်ထပ်ရဲတဲ့ စိတ်ဓါတ်လည်း ရှိကြပါတယ်။ အေသွေးအချင်းချင်းရဲ့ တွေ့ဆုံခြင်းကတော့ စိတ်အချရဆုံးနဲ့နှစ်ဦးခြားမှာ ရှိတဲ့ ချစ်ခြင်းမေတ္တာကိုလည်းကြာရှည် ထိမ်းထားနိုင်ပါတယ်။တစ်ခုပဲ သတိထားစရာ လိုပါတယ်။ တစ်ယောက်ရဲ့ အကြောင်းကို တစ်ယောက်က စပ်စုလွန်းလို့ မကြေနပ်ခမှုလေးတွေ ဖြစ်နိုင်လို့ပါပဲ။ အေးသွေးပိုင်ရှင် မိန်းကလေးတွေကတော့ တစ်ခါ ချစ်ပြီဆိုရင် ဘယ်တော့မှ မပြောင်း လဲတတ်တဲ့ စတိုင်လ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို အေသွေးပိုင်ရှင် အချင်းချင်း ချစ်မိပြီဆိုရင်တော့ သန့်ရှင်းဖြူစင်တဲ့ အချစ်ကို ရမှာ အသေချာပါဘဲ။

အေ-ဘီ (၂၅%)

အေးသွေးနဲ့ ဘီသွေးတွေ့ပြီဆိုရင်တော့ တစ်ဘက်သတ် အချစ်က ပိုများပါတယ်။ အကယ်၍ အေသွေးယောင်္ကျားက ဘီသွေး မိန်းမကို ဇနီးအနေရဲ့ ရထားတယ်ဆိုရင်တော့ အဲဒီ့ ယောင်္ကျားဟာ အမြဲတမ်း စိတ်အပူအပင်မရှိဘဲ နေထိုင်သွားလို့ ရပါတယ်။ အကယ်၍ ယောင်္ကျားက ဘီသွေးဆိုရင်တော့ ဇနီးသည်ကိုချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ဆက်ဆံတတ်ပြီး အားလုံးကို နား လည်ပေးနိုင်ပါတယ်။ အေသွေး ယောင်္ကျားများကို ကြည့်ရင် အမြဲတမ်းလိုလို တွေ့နိုင်တဲ့ အေးစက်တည်ငြိမ်မှု အတွေး နက်နဲတဲ့ ပုံစံတွေက အမြဲတမ်း ပျာယာခတ်နေတတ်တဲ့ ဘီသွေး မိန်းကလေးများရဲ့ စိတ်ကို ညှို့ယူနိုင်ပါတယ်။ ဒါပေမယ့် လိုက်ဖက်ညီမှုကတော့ ၂၅%ပဲ ရှိပါတယ်။

အေ-အို (၉၀%)

အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ ပွင့်လင်းတဲ့ အကျင့်နဲ့အေသွေးပိုင်ရှင်အမျိုးသားများရဲ့ စေ့စပ်သေချာတဲ့ အကျင့်ကို ပေါင်းစပ် လိုက်ရင်တော့ တော်တော်ကို လိုက်ဖက်ညီတဲ့ အတွဲလေးဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် တခါတလေမှာတော့ အိုသွေးများရင့် ပွင့်လင်းမှု၊ တက်ကြွမှုတွေက အေသွေးများရဲ့ အရောင်ကိုဖုံးသွားတတ်တဲ့ အခါလည်း ရှိပါတယ်။ အေသွေးများ ပိုပြီး သဘော ထားကြီးဘို့တော့ လိုပါတယ်။ တခါတလေမှာ အေသွေးပိုင်ရှင်များက အိုသွေးပိုင်ရှင် လက်တွဲဖော်ကို အရမ်းသွက်လက်လွန်း တယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံး အေးစက်နေတာထက်စာရင် ဒီလို အတွဲလေးက ပိုပြီး သင့်တော် ပါတယ်တဲ့။

အေ-အေဘီ (၅၀%)

အမြဲတမ်း အံ့သြစရာတွေနဲ့ ထူးဆန်းစရာတွေနဲ့ ပြည့်နေတတ်တဲ့ အေဘီသွေးပိုင်ရှင်မိန်းကလေးတွေက အေသွေးပိုင်ရှင် ယောင်္ကျားလေးများရဲ့ စိတ်ကို ပိုပြီးလွယ်လွယ်နဲ့ချဉ်းကပ်နိုင်သူများ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ အေဘီသွေးပိုင်ရှင် မိန်းကလေးများရဲ့ အမြင်မှာ အေသွေး ယောင်္ကျားလေးများဟာ ယုံကြည်စရာကောင်းပြီး သဘောကောင်းတယ်လို့ မြင်နေ လို့ပါပဲ။ အေဘီသွေးရဲ့ထူးခြား ဆန်းကြယ်မှုကို အေသွေးပိုင်ရှင်များက နားလည် လက်ခံနိုင်တာကြောင့် အချင်းချင်း ရင်းနှီးမှု ပိုများတတ်ပါတယ်။ တခါတလေမှာတော့ မီးနဲ့ တူတဲ့ အချစ်နဲ့ တွေ့ရတတ်ပါတယ်။ အေဘီသွေးပိုင်ရှင် မိန်းကလေးများက အေးဆေးပြီး ပုံမှန်နေတတ်တဲ့ ယောင်္ကျားများထက် ခေတ်ဆန်ပြီး သတ်သတ်ရပ်ရပ် ထက်ထက်မျက်မျက်ရှိတဲ့ ယောင်္ကျားမျိုးကို ပိုပြီး နှစ်သက်ကြပါတယ်။ ဒါကြောင့်မို့လည်း ဒီလို အချက်တွေကို ပိုင်ဆိုင်ထားတဲ့ အေသွေးပိုင်ရှင်များနဲ့ ပိုပြီး ရင်းနှီးနိုင်တဲ့ အခြေအနေကများတာပါတဲ့။ဒါပေမယ့်လည်း လိုက်ဖက်မှု ရာခိုင်နှုန်းကတော့ ၅၀%ပါ။

ဘီသွေးပိုင်ရှင်များအကြောင်း

ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက်ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့ လှုပ်ရှုားတတ်ပေမယ့် ကျောင်း စတက်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့လိုက်လျောညီထွေအောင် မနေတတ်ဘဲ လေလွင့်နေတတ် ပြန်ပါ သတဲ့… ဒါပေမယ့် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီ ဆိုရင်တော့ အားလုံးထက် ပိုပြီးကြိုးကြိုးစားစားနေတတ်ကြတဲ့ သူများဖြစ်လို့ ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီးကြိုးစားပါ… ကိုယ်သဘောကျတဲ့ အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ် ဖြစ်ပါတယ်… ဒါပေမယ့် ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ့…ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘီသွေးပိုင်ရှင်များဟာ သတ်မှတ် ထားတဲ့ ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး… ကိုယ်နဲ့ သိပ် မခင်လှတဲ့ မိတ်ဆွေတွေနဲ့ အတူရှိတဲ့ အချိန်မှာ တော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်း ဖြစ်ပါတယ်…မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း မနှစ်သက်တတ်ကြပါဘူး… ဘီသွေးပိုင်ရှင်များဟာ ပုံစံခွက်ထဲမှာ ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီး လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့… ဒါပေမယ့် သတိပြုစရာတစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ် တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်က လူတွေကိုဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ…

ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင် သူတပါးကို မှီခိုအားကိုး နေရတာမျိုးကို မနှစ်သက်ကြပါဘူး… ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို ဆောင်ရွက်ချင်ကြပါတယ်… အလုပ်တစ်ခုကိုလုပ်နေ စဉ်မှာတောင် တခြားအလုပ်တစ်ခုကို တပြိုင်တည်းဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်… စည်းမျဉ်းစည်းကမ်းတွေကို သိပ် ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို ခံရ တတ်ပါတယ်… တခါ ဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့…ဒေါသပြေတဲ့ အခါမှ အခြေ အနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့… အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်းကိုယ်လုပ် တဲ့ အမှားအတွက်တောင်းပန်ဘို့ ၀န်မလေးသူများလည်း ဖြစ်ပါတယ်… တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်း သူများ ဖြစ်ကြလို့အထင်အလွဲခံရတာတို့ ရန်ညှိးတို့ မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။

ဘီသွေးပိုင်ရှင်နဲ့ လိုက်ဖက်မယ့်သူ

ဘီ-အေ (၂၀%)
ရှက်တတ်တဲ့ မိန်းကလေးမျိုးတွေကို ဘီသွေးယောင်္ကျားလေးများက နှစ်သက်ကြပါတယ်တဲ့။ ဘီသွေး ယောင်္ကျားလေးများရဲ့ သွက်လက်ဖျတ်လတ်မှုနဲ့ အေသွေးမိန်းကလေးများရဲ့ နူးညံ့မှုကို ပေါင်းစပ်လိုက်ရင်တော့ အရောင်လင်းလက်တဲ့ ချစ်သူတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် နှစ်ယောက်တည်းရှိနေမယ်ဆိုရင်တော့ ပိုပြီး ရင်းနှီးနိုင်ပါတယ်။ ဒါပေမယ့် လိုက်ဖက်မှုကတော့ ၂၀%ပါ။

ဘီ-ဘီ (၆၅%)
ဘီသွေးယောင်္ကျားလေးနဲ့ ဘီသွေးမိန်းကလေး တွေ့ကြပြီ ဆိုရင်တော့ အချင်းချင်းနားလည်မှုရှိပြီး လိုက်ဖက်ပါတယ်တဲ့။ ဒီစုံတွဲ ကတော့ အချင်းချင်း ပျော်ရွှင်တဲ့သူငယ်ချင်းအနေနဲ့ သော်လည်းကောင်း၊ လိုက်ဖက်ညီတဲ့ စုံတွဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချစ်သူအချင်းချင်း မပြောလောက်ဘူးလို့ ထင်နိုင်တဲ့စကားကြမ်းကြမ်းတွေကို ပြောနေတတ်တဲ့ စုံတွဲတွေကို တွေ့ရင် ဘီသွေး စုံတွဲဖြစ်တာက များပါတယ်တဲ့။ ဘေးမှာရှိနေတဲ့ လူတွေက ဒီစုံတွဲကို ကြည့်ပြီး ရန်ဖြစ်တော့မယ်လို့စိုးရိမ်ရလောက်တဲ့ အထိ ပါပဲ။ ဘီသွေးပိုင်ရှင်များက လွတ်လပ်မှုကို နှစ်သက်ပြီး ကိုယ်လုပ်ချင်တာကို လုပ်နေတတ်တဲ့အတွက် ဒီအတွဲအဆင်ပြေဖို့ ကတော့ တော်တော်ခက်ပါတယ်။ ရန်ဖြစ်ရင်းနဲ့ သံယောစဉ်ဖြစ်သွားနိုင်သလို အချင်းချင်း စိတ်ဆင်းရဲမှုတွေပေးပြီးပြီးသွားတတ် တဲ့အခါတွေလည်း ရှိပါတယ်တဲ့။

ဘီ-အို (၈၀%)

တခါတလေတော့ ပြဿနာ အကြီးကြီး ဖြစ်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ ပြဿနာ ဖြေရှင်းမှုလည်း သိပ်မရှိပါဘူး။ ဒါပေမယ့် ဘီသွေးယောင်္ကျားလေးများရဲ့ တက်ကြွမှုနဲ့အိုသွေးမိန်းကလေးများရဲ့ လှုပ်ရှားမှုကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ပါတယ်။ ဒါပေမယ့် အမြဲတမ်း တစ်ခုခုကို စိတ်ပူနေရတတ်ပါတယ်။ ဒီစုံတွဲရဲ့တူညီချက်ကတော့ အမြဲတမ်း ပွဲလမ်းသဘင်ကို သွားဘို့ စိတ်လှုပ်ရှားနေသလိုမျိုး အမြဲတမ်းစိတ်လှုပ်ရှားနေတယ် ဆိုတာပါပဲ။ ဒါကြောင့် ဒီစုံတွဲ တွေ့ကြပြီဆိုရင်တော့ ကမ္ဘာမြေကြီး ပေါ်မှာ ရှိတဲ့ ပူပင်သောကမှန်သမျှကို မေ့ပြီး ပျော်ရွှင်ဖွယ် ကောင်းတဲ့ အခြေအနေကို ဖန်တီးတတ်ကြပါတယ်။ တစ်ယောက်ကများ အကြံတစ်ခုလောက်ပေးလိုက်ပြီဆိုရင် နောက်တစ် ယောက်က လက်ဝါးရိုက် လက်ခံတတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။

ဘီ-အေဘီ (၉၀%)

ဆန့်ကျင်ဘက် အဆုံးစွန် နှစ်ခု တွေ့ကြတာပါပဲ။ အချင်းချင်း လုံးဝကို မတူတဲ့ အတွက် ပတ်ဝန်းကျင်ကလူတွေက အဆင် မပြေလောက်ဘူးလို့ ထင်ကြပေမယ့် တကယ်တော့ အရမ်းကိုအဆင်ပြေပြီး အချင်းချင်း နားလည်တတ်တဲ့ အတွဲလည်း ဖြစ်ပါ တယ်။ အချင်းချင်း ပေါင်းစပ်လုပ်ကိုင်နိုင်တဲ့ စွမ်းရည်လည်း မြင့်မားပြီး သူများတွေအမြင်မှာ ကြက်သီးထလောက်အောင် ကဲကြ သဲကြတဲ့ အတွဲလည်း ဖြစ်ပါတယ်။ မြေအောက်ရထားစီတဲ့အခါမှာပဲ ဖြစ်ဖြစ် ဘတ်စ် စီးတဲ့အခါမှာပဲ ဖြစ်ဖြစ် တပူးကပ်ကပ်နဲ့ နေတဲ့ အတွဲတွေက ဒီလို ဘီ-အေဘီသွေးပိုင်ရှင်များ ဖြစ်တတ်ကြပါတယ်။ ဘီသွေး ယောင်္ကျားလေးများကတော့အေဘီသွေး ပိုင်ရှင် မိန်းကလေးများနဲ့ အတူတူ ရှိတဲ့အခါမှာ အမြဲတမ်းပျော်ရွှင်နေတတ်ပါတယ်။ ကိုယ်ကိုယ်တိုင်က ကြင်ကြင်နာနာနဲ့ မဆက်ဆံတတ်ပေမယ့် ချစ်သူလုပ်တဲ့ မိန်းကလေးကချွဲနွဲ့လိုက်ရင်တော့ ကြင်ကြင်နာနာပြန် ဆက်ဆံတတ်ကြတယ်။အေဘီသွေး ပိုင်ရှင် မိန်းကလေးတွေကတော့ အရမ်း ကြင်နာဖွဲ့နွဲ့ လွန်းတဲ့ ယောင်္ကျားများ၊ မနားမနေ စကားပြောတတ်တဲ့ယောင်္ကျားများကို သိပ်မကြိုက်လှပါဘူး။ ကိုယ်တိုင်ကသာ ယောင်္ကျားလုပ်သူကို စကားအဆက်မပြတ်ပြောချင်တတ်ပေမယ့် တဘက်သားက ပူညံပူညံ လုပ်တာကိုတော့ မကြိုက်ကြပါဘူးတဲ့။ ဒါပေမယ့် ဒီအတွဲက ဖြစ်နိုင်စွမ်း အများဆုံးပါပဲ။

အိုသွေးပိုင်ရှင်များအကြောင်း

စရိုက်သဘာဝက ထူးခြားပါတယ်… အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင်နေတတ်သူများဖြစ်ကြပါ တယ်… အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများဖြစ်ကြပါတယ်… အလုပ်အားလုံးကိုလည်းကိုယ့်အလုပ် လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်… လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထားတတ်ကြပါသတဲ့… အနာဂတ်အတွက် ရည်မှန်းချက်တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါ တယ်တဲ့… အလုပ်တစ်ခုကိုလုပ်ကိုင်နိုင်စွမ်း မြင့်မားသလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့… ရလဒ် ကိုဘဲ ဦးစားပေးသူများလို့လည်းဆိုနိုင်ပါသတဲ့… အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့… ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ဖိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်… ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါ တယ်တဲ့…. ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ယုံကြည် မှုကို လစ်လျှူရှုသလိုဖြစ်နေတတ်ပါတယ်… အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက် လှပါဘူး…
အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်းဖြစ်ပါတယ်… တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့…အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့… လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘော ထားကြီးကြီးနဲ့ ဆက်ဆံတတ်ကြပါသတဲ့… ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုး လည်း ရှိပါတယ်… အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရ တာကို ကြိုက်နှစ်သက်ကြပါသတဲ့…တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲတဘက် သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့… ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါဘယ်တုန်းက လုပ်ခဲ့ လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ…

အိုသွေးပိုင်ရှင်များနဲ့ လိုက်ဖက်မယ့်သူ

အို-အေ (၁၀၀%)

အိုသွေး ယောင်္ကျားလေးများရဲ့ လွတ်လွတ်လပ်လပ် နေတတ်တဲ့ သဘောနဲ့ အေသွေးပိုင်ရှင် မိန်းကလေးများရဲ့ အလေးနက် ထားတတ်တဲ့ အကျင့်တွေကို ပေါင်းစပ်လိုက်ရင်တော့ သဘာဝကျတဲ့ အတွဲကို ဖြစ်စေပါတယ်။ အေသွေးပိုင်ရှင်မိန်းကလေးများ ကတော့ အိုသွေးပိုင်ရှင် ယောင်္ကျားလေးများကို အိုအေစစ်လိုအေးမြစေချင်ကြပါတယ်တဲ့။ အမြဲတမ်း ကံကောင်းမှုကို ဖြစ်စေပါ တယ်တဲ့။မိတ်ဆွေအဆင့်ဆိုရင်တော့ အကျိုးရှိစေမယ့် စကားများကို ဖလှယ်ရင်းနဲ့ ခင်မင်မှုကို ပိုမိုဖြစ်စေပါတယ်။ အချင်းချင်း နောက်ပြောင်ပြောဆိုတဲ့ အခါမှာလည်း အပြန်အလှန် ဖလှယ်နိုင်တာကြောင့် လိုက်ဖက်ညီတဲ့ အတွဲလေးလည်း ဖြစ်နိုင်ပါတယ်တဲ့။

အို-ဘီ (၇၅%)
မိန်းကလေးဘက်က လိုက်ကပ်နေတတ်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်တဲ့။ အမြဲတမ်းဘီသွေးမိန်းကလေးများရဲ့ စိတ်အသွား အလာကိုလည်း မခန့်မှန်းနိုင်လောက်အောင်ပါတဲ့။ စိတ်ကတော့ကြင်ကြင်နာနာ ဆက်ဆံချင်ပေမယ့် လုပ်လိုက်တဲ့ အလုပ်တိုင်း ကတော့ အဆင်မပြေတာချည်းပါပဲ။ ဒါပေမယ့်မိန်းကလေးဘက်ကတော့ သင့်ကို ကောင်းကောင်း ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ယောင်္ကျား တစ်ယောက်လို့ ယုံကြည်နေတတ်ပါတယ်။ ဒီအချက်ကို သတိထားပြီး သူမကို ဆွဲဆောင်ပါတဲ့။ ဒီလိုသာ လုပ်မယ်ဆိုရင်တော့ ပိုပြီးချစ်လာနိုင်ပါတယ်တဲ့။ အချင်းချင်း အလေးထားတာရော ကတိကိုတည်ချင်တဲ့စိတ်ဓါတ်တွေအားလုံးကြောင့် အချင်းချင်း သစ္စာဖောက်တာမျိုး လုံးဝမရှိပါဘူး။ တကယ်တော့ အိုသွေးပိုင်ရှင်ယောင်္ကျားလေးများက ကလေးဆန်ပြီး ချွဲတတ်တဲ့မိန်းကလေး မျိုးကို လိုလားသလိုအိုသွေးမိန်းကလေးများကလည်း ကြင်နာပြီး နွေးထွေးတဲ့ ယောင်္ကျားမျိုးကို လိုလားပါတယ်တဲ့။ ဒီအချက်မှာတော့ နည်းနည်း အဆင်မသင့်တာမျိုးတော့ ရှိတတ်ပါတယ်။

အို-အို (၄၀%)

အချင်းချင်း အရမ်းကို လိုက်ဖက်ညီတယ်လို့ ထင်ရပါတယ်။ သာမန် ယောင်္ကျားလေးနဲ့မိန်းကလေးကြားမှာ မပြောနိုင်လောက် တဲ့ အကြောင်းတွေကိုတောင် ပြောနိုင်လောက်အောင် ရင်းနှီးနိုင်ပါတယ်တဲ့။ အချင်းချင်း ယောင်္ကျားမိန်းမရယ်လို့ မတွေးပဲ သူငယ်ချင်းအနေနဲ့ ဆက်ဆံတတ်ကြပါတယ်။ လမ်းမှာ သူတောင်းစားများ တွေ့ရင် ဒီတိုင်းမသွားနိုင်ပါဘူး။ စိတ်ထားကောင်း တယ်လို့ ဆိုလိုလို့ရပါတယ်။ အိုသွေးအချင်းချင်း အားလုံး အိုကေမှာပဲလို့ ထင်နိုင်ကြပေမယ့် တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။လိုက်ဖက်မှု ရာခိုင်နှုန်းက ၄၀%ပါ။

အို-အေဘီ (၉၅%)

အချင်းချင်း သိပ်အဆင်မပြေဘူးလို့ ထင်ရတဲ့ အတွဲပါ။ တစ်ကိုယ်ကောင်းဆန်တတ်တဲ့ အကျင့်လေးတွေကြောင့် စိတ်အခန့် မသင့်တာလေးတွေ ရှိတတ်ပါတယ်။ ရန်ဖြစ်ရာကနေသံယောစဉ်တွယ်တတ်တဲ့ အတွဲတွေလည်း ရှိနိုင်ပါတယ်။ အချင်းချင်း လက်တွေ့ကျကျ စဉ်းစား ကပ်သပ်နေတတ်တဲ့ အတွက် သူများတွေ အမြင်မှာတော့ နည်းနည်း စိတ်ပင်ပန်းနေရတတ်ပါတယ်။ ဒါပေမယ့် လိုက်ဖက်ညီမယ့် ရာခိုင်နှုန်းကတော့ ၉၅% ပါ။

အေဘီသွေးပိုင်ရှင်များအကြောင်း

အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်… အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး မထူးခြားလှတဲ့ စရိုက် သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့… မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော် မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့… ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို လျင်လျင် မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်… ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေက အေဘီသွေးပိုင်ရှင်များကို စကား နည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်… ဒါပေမယ့် ကြီးပြင်းလာတာနဲ့အမျှ ပတ်ဝန်း ကျင်နဲ့ လိုက်လျောညီထွေအောင် နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့…

အစပိုင်းမှာတော့ အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန် ပင်ပန်း အားလျော့ လွယ်ပါတယ်တဲ့… ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကို နှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့… လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံး သတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်… လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့ ကိုယ့်ရဲ့ ကြားမှာ အတားအဆီး တစ်ခုကို ထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်… ဒါကတော့ သူတပါးအပေါ်မှာ အမှားလုပ်မိ မှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့ အသေးစိတ်လှတဲ့ အတွေများကြောင့်ဘဲ ဖြစ်ပါတယ်… ဒါ့ပြင် အေဘီသွေးပိုင်ရှင် များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့ အကျင့်လည်းမရှိပါဘူးတဲ့… အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း လုပ်ကိုင် နိုင်စွမ်းရှိသူများ ဖြစ်သလို အရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်… အလုပ်တစ်ခု ကို လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့… မိဘဆွေမျိုး သူငယ်ချင်းရယ် ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ လူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်း ဖြစ်ပါတယ်… ဒါပေမယ့် တဘက် မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့် ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေ တတ်ပါတယ်တဲ့… အေဘီသွေးပိုင်ရှင်များက ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံတန်ရုံနဲ့ ဒေါသလည်း မထွက်တတ်ပါဘူးတဲ့… ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်… တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကို အေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့ ခက်ထန်မှုတွေကိုသာ မြင်ရတတ်ပါတယ်…. ဒါတွေအားလုံးကတော့ အေဘီသွေးပိုင်ရှင်များ အကြောင်းသာ ဖြစ်ပါတယ်…

အေဘီ သွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ

အေဘီ-အေ (၆၅%)

ဒီနှစ်ယောက်သာ တွေ့ကြပြီဆိုရင်တော့ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးဟာ ခြောက်ကပ်သွားတော့တာပါပဲ။ စကားတွေအများကြီး လိုအပ်တယ်လို့ ထင်ရပြီး အချင်းချင်း အပြိုင် ခေါင်းမာနေတတ်လို့ စိတ်အခန့်မသင့်မှုလေးတွေလည်း များတတ်ပါတယ်။ အေဘီသွေးပိုင်ရှင် ယောင်္ကျားများရဲ့ ထူးခြားချက်ကို နားမလည် နိုင်တာကြောင့် စိတ်ပင်ပန်းရတဲ့ အတွဲလည်း ဖြစ်ပါတယ်။ မေးတာကတခြား ဖြေတာက တခြား ဖြစ်တဲ့ အခါတွေလည်း များပါတယ်။ ဒီစုံတွဲလေးက ပြီးပြည့်စုံတဲ့ အတွဲလေးလို့ ပြောလို့ မရနိုင်သလို လုံးဝ ပေါင်းစပ်လို့မရဘူးလို့လည်း ပြောလို့ မရပါဘူး။ အေသွေး မိန်းကလေးနဲ့ အေဘီသွေး ယောင်္ကျားလေး တွေကတော့ နှစ်ဦးနှစ်ဘက်လုံးက သေချာပိရိတဲ့အပြင် အချင်းချင်းရဲ့ အားသာချက်လေးတွေကိုလည်း လက်ခံအသိအမှတ်ပြု တတ်ကြတာမို့ အဆင်ပြေတဲ့ အခြေအနေလေးကို ဖန်တီးနိုင်ပါတယ်။ အေသွေးမိန်းကလေးတွေက စိတ်ဝင်စားစရာကောင်းတဲ့ စကား၊ ဟာသလေးတွေ ပြောတတ်တဲ့ ယောင်္ကျားမျိုးကို သဘောကျတတ်ကြပါတယ်။

အေဘီ-ဘီ (၉၀%)

အေဘီသွေးယောင်္ကျားလေးများရဲ့ ပညာရှိရှိပြုမူတတ်တဲ့ အကျင့်လေးတွေက ဘီသွေးမိန်းကလေးများကို ဆွဲဆောင်နိုင်စွမ်း ရှိပါ တယ်။ အေဘီသွေး ယောင်္ကျားလေးများကလည်း ဘီသွေးမိန်းကလေးများရဲ့ စမ်းသပ်လုပ်ကိုင်ချင်စိတ်၊ တက်ကြွဖျတ်လတ်မှုကို နှစ်သက်ကြပါတယ်တဲ့။ ဘီသွေးမိန်းကလေးများကအေဘီသွေးယောင်္ကျားလေးများ ပွင့်ပွင့်လင်းလင်းနဲ့ ချစ်ခွင့်ပန်တဲ့ ပုံစံမျိုးကို သဘောကြသလို ညင်းလည်း မညင်းနိုင်ပါဘူး။ ပွင်းလင်းတဲ့ စတိုင်လ်ကို လိုလားတာဟာ ဘီသွေးတွေရဲ့ စတိုင်လ်မို့ပါ။ ယောင်္ကျားလေးဘက်ကတော့ နည်းနည်း တစ်ကိုယ်ကောင်းဆန်တဲ့ အခါလေးတွေလည်း ရှိတတ်ကြပြီး ရင်ထဲမှာ ခံစားရတဲ့ အတိုင်း ဖော်ပြတတ်ပေမယ့် ဘီသွေးမိန်းကလေးများရဲ့ ခံစားချက်ကို သိုဝှက်တတ်တဲ့ အကျင့်လေးတွေကို နှစ်သက်ကြပါ တယ်တဲ့။

အေဘီ-အို (၃၀%)

အချင်းချင်း လုံးဝ စရိုက်သဘာဝကို ပိုင်ဆိုင်ထားတာတောင်မှ တော်တော် လိုက်ဖက်ညီတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။ ချစ်သူအဖြစ်အနေထက် အစ်ကိုတစ်ယောက်လို ခင်မင်တွယ်တာတာမျိုးက ပိုများပါတယ်။ အေဘီသွေး ယောင်္ကျားလေးများရဲ့ ပွင့်လင်းတဲ့ စရိုက်ဟာ အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ မျက်စိမှာတော့ တော်တော် ဆွဲဆောင်မှုရှိနေတတ်ပါတယ်တဲ့။ အေးစက် ပြီး တရားကျကျ စဉ်းစားတတ်တဲ့ အေဘီသွေးပိုင်ရှင် ယောင်္ကျားလေးများကို အိုသွေးမိန်းကလေးများက တောင့်တင်းခိုင်မာတဲ့ မှီခိုအားထားရာတစ်ခုလို့လည်း ထင်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်ညီမှုကတော့ ၃၀%ပါ။

အေဘီ-အေဘီ (၉၀%)

အချင်းချင်း ကောင်းကောင်းနားလည်နိုင်တဲ့အပြင် တဘက်သားကိုလည်း အလေးအနက်ထားတတ်ကြပါတယ်။ အဆင်ပြေတဲ့ အတွဲလေးတစ်တွဲဖြစ်ပေမယ့် သူများတွေအမြင်မှာတော့ သိပ်ပြီး မထူးခြားလှတဲ့ အတွဲလေး တစ်တွဲပါ။ တပူးကပ်ကပ်နေတတ်တဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။ နှစ်ယောက်စလုံးက စဉ်းစားဥာဏ်ရှိတဲ့အတွက် တဘက်သားရဲ့ စရိုက် သဘာဝတွေအားလုံးကို နားလည်ပေးနိုင်သလို မကြိုက်တဲ့ အပြုအမူကို ရှောင်ကျဉ်ကြပါတယ်။ တခါတလေမှာတော့ အတွေး အခေါ်တွေ မတိုက်ဆိုင်တဲ့အခါလေးတွေလည်းရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှတဲ့ အတွဲဖြစ်တာကြောင့် ပျော်စရာကောင်းတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။

ကဲ… ဒီလောက်ဆိုရင် သွေးပိုင်ရှင်တွေရဲ့ စရိုက်လေးတွေကို သိကြပြီပေါ့နော်။ သူငယ်ချင်းတို့လည်း ကိုယ်ရဲ့သွေးအမျိုးအစားနဲ့ လိုက်ဖက်တဲ့ ဖူးစာရှင်ကို ရွေးချယ်နိုင်ပါစေ။ ဟုတ်သော်ရှိ, မဟုတ်သော်ရှိ အများသူငါ ဖတ်ရှုဖို့ သူငယ်ချင်းတို့ရဲ့ အပေါင်းအသင်းများကို မျှဝေပေးစေချင်ပါတယ်။

fwd:email မှ ကူးယူဖော်ပြပါသည်။

Jul 5, 2010

မျက်စိ အားကောင်းချင်သူများအတွက်

၁) ငါးများများ စားပေးပါ။ ငါးများမှာ မျက်ခုံးထဲက မျက်ရည်ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့ omega-3 fatty acid များစွာ ပါဝင်ပါတယ်။ ငါးမကြိုက်သူများ ငါကြီးဆီဆေးလုံးများကို အသုံးပြုနိုင်ပါတယ်။
၂) ရေကူးမယ်ဆိုရင် ရေငုပ်မျက်မှန်တပ်ပြီး ကူးရင် ပိုကောင်းပါတယ်။ ရေထဲက ကလိုရင်းဓါတ်တွေကို အကာအကွယ်ပေးတယ်။ ဆောက်လုပ်ရေး၊စက်ပြင်ဆရာတို့ဆိုရင်လည်း အကာအကွယ်မျက်မှန် တပ်ဆင် သင့်ပါတယ်။ မတော်တဆထိခိုက်မှုတွေဖြစ်တပ်ပြီး cornea လို့ခေါ်တဲ့ မျက်ကြည်လွှာကို ထိခိုက်စေနိုင် ပါတယ်။
၃) ကားမောင်းစဉ် လေအေးပေးစက် ဒလက်ပြားတွေကို မျက်နှာ တည့်တည့်မချိန်ထားဘဲ ခြေထောက် လောက်အထိကိုပဲ ချိန်ထားပါ။ မျက်နှာတည့်တည့်ထားရင် လေအေးပေးစက်က ထွက်လာတဲ့လေဟာ မျက်လုံးထဲက မျက်ရည်တွေကို ရေမြုပ်လို စုပ်ယူတတ်ပါတယ်။ မျက်ရည်ခမ်းခြောက်တာများသွားရင် မျက်ကြည်လွှာပျက်စီးရုံမက ကြာရင် မျက်စိပါ ကွယ်သွားနိုင်ပါတယ်။
၎) ဟင်းချက်ရင် အခြားကြက်သွန်တွေထက် ကြက်သွန်နီကို ပိုသုံးပေးပါ။ ကြက်သွန်နီမှာ မျက်စိတိမ်ကွယ် ခြင်းမှ ကာကွယ်ပေးတဲ့ဓါတ်တစ်မျိုး ပါဝင်နေပါတယ်။
၅) အိမ်အပြင် နေပူထဲသွားရင် နေကာမျက်မှန် တပ်ပေးပါ။ စူးရှတဲ့နေရောင်ခြည်ကို ကာကွယ်ပေးရုံမက လေတိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာတတ်တဲ့ မျက်ရည်ခမ်းခြောက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
၆) ညစာစားတဲ့အခါ စိမ်းစာဥ စားပေးသင့်တယ်။ ညမြင်ကွင်းပိုကောင်းစေတဲ့ vitamin A ပါဝင်တယ်။
၇) အမျိုးသမီးများ ညမအိပ်ခင် မျက်စိတစ်ဝိုက်နားက မိတ်ကပ်တွေ ဖယ်ရှားပေးပါ။မိတ်ကပ် အပိုင်းအစ ကလေးတွေဟာ မျက်ကြည်လွှာကို ခြစ်သွားနိုင်တယ်။
၈) သန့်ရှင်းတဲ့ မျက်နှာသုတ်ပုဝါကို သုံးပါ။ အခြားသူတွေသုံးတဲ့ မျက်နှာသုတ်ပုဝါကို မသုံးပါနဲ့။ ကူးစက်မြန် မျက်စိရောဂါကို ဖြစ်စေပါတယ်။
၉) စာဖတ်စာကျက်တဲ့ ကျောင်းသူကျောင်းသားတွေဆိုရင် မိနစ် ၏သုံးဆယ်ပြည့်တိုင်း စာအုပ်ကိုခဏချပြီး ခပ်လှမ်းလှမ်းကို စက္ကန့်သုံးဆယ်လောက် ကြည့်ပေးပါ။(မေ့တတ်ရင် နာရီသံပတ်ပေးပြီး နှိုးဆော်ပါ)
၁၀) တစ်လတစ်ခါ သွေးပေါင်ချိန်တိုင်းသင့်တယ်။ သွေးပေါင်ချိန်မြင့်ရင် မျက်စိထဲက သွေးကြောတွေကို ဒုက္ခပေးနိုင်တယ်။
၁၁) စပယ်ရနံ့ပါတဲ့ ရေမွှေးကို သုံးပေးရင်မျက်စိအားကောင်းတယ်။ စပယ်ပန်းရနံ့ဟာ ဦးနှောက်ရှေ့ပိုင်းက beta လှိုင်းတွေကို ဖြစ်ပေါ်စေပြီး နှိုးကြားထက်မြက်မှုနဲ့မျက်စိအားကောင်းခြင်းတို့ကို ဖြစ်စေတယ်။
၁၂) ဇီးရောင်နေကာမျက်မှန်ထက် မီးခိုးရောင်နေကာမျက်မှန်ကို သုံးပါ။ အရောင်သွေဖယ်မှု နည်းတယ်။ ယာဉ်မောင်းတဲ့အခါ ပိုအရေးကြီးတယ်။
၁၃) အငန်လျှော့စားသင့်တယ်။ အငန်ဓါတ်များရင် မျက်စိမှာ တိမ်ဖြစ်ဖို့အခြေအနေ ပိုပေးတတ်တယ်။ ဆားလျှော့စားပါ။
 
fwdး အီးမေးလ်မှ ပြန်လည်ကူးဖော်ပြပါသည်။