၁၉ ရာစုနှောင်းပိုင်းတွင် ရိုက်ကူးထားသော မော်လမြိုင်မြို့အနီးမှ ရေတံခွန်တခု —
၁၉ ရာစုနှောင်းပိုင်းမှ ရန်ကုန်မြို့ (ဆူးလေဘုရားလမ်းအောက်လမ်း ရှိ ဘဏ်လမ်း ရှိ အဆောက်အဦးတခုပေါ်မှရိုက်ထားခြင်းဖြစ်နိုင်ပါသည်)
၁၉ရာစု နှောင်းပိုင်း ရန်ကုန်မြို့တော်ခန်းမ၊မဟာဗန္ဓုလပန်းခြံနှင့် ဧမာနွေလ ဘုရားကျောင်း(ဆူးလေဘုရားဝင်းပေါ်မှရိုက်ထားတာဖြစ်နိုင်ပြီး ဒီပုံအရဆိုရင်ဖြင့် လက်ရှိ ဧမာနွေလ ဘုရားကျောင်းဟာ ဗုံးဒဏ်ခံပြီးမှ ပြန်ဆောက်ထားသည့်လက်ရာဖြစ်နိုင်သည်။
၁၉ရာစု နှောင်းပိုင်း ရန်ကုန်မြို့မှ ပန်းခြံတခု
၁၉ရာစု နှောင်းပိုင်း ရန်ကုန်မြို့မှ မဟာဗန္ဓုလ ပန်းခြံလမ်းထောင့်ရှိ ဧမာနွေလ ခရစ်ယာန် ချာ့ခ်ျကျောင်း
၁၉ရာစု နှောင်းပိုင်း ရန်ကုန်မြို့မှ အသုဘ အခမ်းအနားတခု(ဘုန်းကြီးပျံ ဖြစ်နိုင်ပါသည်)
၁၉ရာစု နှောင်းပိုင်းမှ ကျိုက်ထီးရိုးဘုရား
၁၉၀၀ ပြည့်နှစ်မှ ရန်ကုန်မြို့ကမ်းနားလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ စာရင်းစစ်ချုပ်ရုံးကြီး(ယခု အနောက်ပိုင်းခရိုင်တရားရုံး) ဘေးမှာ အကောက်ခွန်ရုံးကြီးတောင်မပါသေးဘူးပဲ။
ကုန်းဘောင်ခေတ် နန်းစဉ်ရတနာများ တွင်ပါဝင်သော သီပေါမင်း အသုံးပြုခဲ့သည့် ရွှေသား အတိ ကရဝိတ် ရုပ် ကွမ်းအစ်။ ဗစ်တိုးရီးယားနဲ့ အယ်လ်ဘတ် ပြတိုက်မှာ ပြသထားလျှက်ရှိသည်။
လန်ဒန်မြို့ ဗစ်တိုးရီးယားနဲ့ အယ်လ်ဘတ် ပြတိုက်မှာ ပြသထားသော ကုန်းဘောင်ခေတ် နန်းစဉ်ရတနာများထဲမှ ပတ္တမြားဘီး (ပါတော်မူပြီးနောက် ဘုရင်မကြီးကို ဆက်သလိုက်သည့်နန်းစဉ်ရတနာများထဲတွင် တခုအပါအဝင်ဖြစ်သည်။။မြင်နေကျ မြန်မာဟန်ပန်အတိုင်းဖြစ်သည်။ ထို ၂ ဘက်လှ သစ်သားဘီးလေးသည် ရွှေကို အပေါ်က ကပ်ထားသည်။ ပတ္တမြား နှင့် မြ ကို စီမြုပ်ပြီးအလှဆင်ထားသည်။ ဘီး၊ ဆီ( ခေါင်းလိမ်းဆီ/အလှဆီ)၊ ရေမွှေး၊ သနပ်ခါး နှင့် ဆံစု စတာတွေ ပါတတ်တဲ့ နန်းတွင်း အမျိုးသမီး တစ်ဦးရဲ့ အလှပြင်သေတ္တာ ထဲမှ တစ်ခု အပါဝင်ပါသည်။ အဖိုးတန် ရတနာ ပစ္စည်းများ နှင့် အလှဆင်ထားသော ထိုခေါင်းဘီးသည် ကုန်းဘောင် မင်းဆက် ( ၁၇၂၅-၁၈၈၅ ) မိဘုရား နှင့် မင်းမျိုးမင်းနွယ် တွေသာ သုံးနိုင်တဲ့ တော်ဝင် ပစ္စည်း တစ်ခုဖြစ်သည်။)
၁၉၆၀ခုနှစ် ဂျူလိုင်လ၂၀ ရက်နေ့ အိန္ဒိယ နိုင်ငံဝန်ကြီးချုပ် ဂျဝါဟာလာ နေရူးနှင့်အတူတွေ့ရသော အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ခင်ကြည်
၁၉၆၀ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့။ အိန္ဒိယ နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဝန်ကြီးချုပ်ဦးနုနှင့်ဇနီးအားအိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ခင်ကြည်တို့နှင့်အတူတွေ့ရစဉ်။