Showing posts with label General Knowledge. Show all posts
Showing posts with label General Knowledge. Show all posts

Feb 10, 2013

ဟက်ကာ ဘာလဲ၊ ဘယ်လဲ

တစ်ခါက ကျွန်တော့် အခြား ဘလောက်တစ်ခုမှာ ရေးခဲ့ဘူးပြီး အဲဒီပို့စ်ကြောင့် ပထမဆုံး ဘလောက် မှာ အဆဲ ခံရဘူးတဲ့ ပို့စ်လေး တစ်ခုပါ။ ကျွန်တော်ဟာ ငယ်ငယ်တည်းက စိတ်ဝင်စားတဲ့ အကြောင်းအရာ တွေ အရမ်းကို များလွန်းခဲ့ပါတယ်။ လူ့ဘ၀ တိုတိုလေးအတွင်းမှာ အဲဒီလို ဟိုယောင်ယောင် ဒီယောင်ယောင်တွေ များခဲ့လို့ ထူးချွန်သင့် သလောက် မထူးချွန်ခဲ့ပါဘူး။ ပိုဆိုးတာက အလုပ်တစ်ခုကို မဖြစ်မနေ လုပ်ရမယ့် အချိန်မျိုးမှာ အခြားတစ်ခုကို အသဲအသန် စိတ်ဝင်စားနေတတ်တာပဲ ဖြစ်ပါတယ်။ အင်ဂျင်နီယာ ပညာရပ်တွေ သင်နေရင်း ကွန်ပြူတာဘက်ကို စိတ်အရမ်းပါသွားခဲ့ပြီး တစ်နေ့ကို နာရီအများကြီး ပေးခဲ့မိပါတယ်။ လေ့လာပြီး တစ်နှစ်မပြည့်မီ ကွန်ပြူတာဂျာနယ်မှာ ဆောင်းပါးတစ်စောင် ရေးနိုင်ခဲ့ပေမယ့် အင်ဂျင်နီယာ ပညာရပ်ဘက်မှာ လစ်ဟင်းခဲ့ရပါတယ်။ နောက်ဆုံး Ciphercad2000 ဆိုတဲ့ cryptography software တစ်ခုရေးပြီး စာတမ်းတင်ကာ ဘီအီးဘွဲ့ကို ရယူဖြစ်ခဲ့ တဲ့ အထိ ရူးသွပ်ခဲ့ ပါတယ်။ ME ဆက်တက်တဲ့ ကာလ တစ်လျောက်လုံးမှာလဲ technical impact အရ အင်မတန်မှ စိတ်ဝင်စားဖို့ ကောင်းတဲ့ အိုင်တီ ပညာရပ်တွေနဲ့ ဆက်လက် လုံးပမ်းနေဖြစ်ခဲ့ပါတယ်။ အဲဒီ အချိန်အထိ ကျောင်းစာမှာ သာမာန်လောက် လုပ်ရုံနဲ့ လိုက်နိုင်နေတယ်လို့ ကိုယ့်ကိုယ်ကို အထင်ကြီးခဲ့ မိတာကြောင့် နောက်ပိုင်းမှာ အခက်အခဲနဲ့ ကြုံခဲ့ရပါတယ်။ PhD ဆက်တက်ဖြစ်တဲ့ အချိန်တွေမှာ မာစတာ တုန်းကနဲ့ အင်မတန် ကွဲပြားတဲ့ အခြေအနေမျိုးကို ကြုံတွေ့ရပါတော့တယ်။ အရင် က အပေါ်ယံလေး သိရုံနဲ့ ဆရာတွေကို ရွှီးလို့ ရခဲ့ပေမယ့် အခုတော့ သေသေချာချာသိဖို့ လိုနေတဲ့ အပြင် သီအိုရီ တိုင်းအတွက် solution များ approach များကို ပေါင်းစပ်ထားတဲ့ program များ ရေးသားထားဖို့ လိုအပ်နေကြောင်း အလန့်တကြား သိလာခဲ့ ရပါတယ်။ (မှတ်ချက်။ တစ်ပိုင်းချင်းစီက တော့ မာစတာတုန်းက ရေးခဲ့ ပြီးပါပြီ)။ အဲလို solution များကို ခုမှ ပြန်လည် ရေးသားနေရတဲ့ အတွက် PhD ကျောင်းသားတစ်ဦး ရဲ့ အဓိက ဖြစ်တဲ့ original idea ကို စဉ်းစားဖို့ အချိန်များစွာကို ဖဲ့ပြီး ပေးရပါတော့တယ်။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ မသိနားမလည်မှုတစ်ခုဟာ calculation တစ်ခု၊ စာတမ်းတစ်စောင်ကို သုံးလေး လ အထိ မပြီးနိုင်အောင် ဖြစ်စေခဲ့ပါတယ်။ လုပ်သင့်တာကို အဓိက မလုပ်ပဲ ဦးစားပေး မှားခဲ့တဲ့ ရလာဒ် ဖြစ်ပါတယ်။ ရည်မှန်းချက်ကြီးတဲ့ လူငယ်များကို ကျွန်တော့်လို ရေလိုက်မလွဲ ကြရလေအောင် အဆဲခံပြီး ဒီဆောင်းပါးကို ရေးလိုက်ရပါတယ် ခင်ဗျား။

ဖိုရမ်တစ်ခုကို ဖတ်ရင်း ဘာမှန်း၊ ညာမှန်း မသိဘဲ ဟက်ကာဖြစ်ချင်နေကြတဲ့ မြန်မာလူငယ်များကို သွားတွေ့ပါတယ်။ ဟက်ကာ တကယ်ဖြစ်ချင်ပါသလား။ ဒါဆိုရင် ကိုယ့်ကိုယ်ကို အရင်ဆုံးမေးကြစေချင်ပါတယ်။ ဟက်ကာကို ဘယ်လို အဓိပါယ်ဖွင့်ဆိုကြမှာလဲ။ သူများတွေပြောတဲ့ ဟက်ကာမျိုးမဟုတ်ပဲ ကိုယ့်ဘာသာကိုယ် ဘယ်လို ဟက်ကာ အမျိုးအစား ဖြစ်ချင်တယ် ဆိုတာကို သတ်မှတ်ကြစေ ချင်ပါတယ်။ ဒီလိုပြောလို့ ကျွန်တော့်ကို ဆရာကြီးလုပ်တယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် စေတနာက ရိုးစင်းပါတယ်။ အမှားတေ၊ွ လမ်းပိတ်တွေ နဲ့ ပြည့်နေတဲ့ လမ်းကို အကြိမ်ကြိမ်လျောက်ခဲ့ ပြီးတဲ့ လူတစ်ယောက်အနေနဲ့ နောက်လူတွေကို ကျွန်တော့်လို မဖြစ်စေချင်လို့ပါပဲ။ ဘယ်အရာပဲ လုပ်လုပ် ရည်မှန်းချက် ရှိရှိ၊ စံနစ်တကျနဲ့ နည်းမှန်၊ လမ်းမှန် လုပ်စေ ချင်ပါတယ်။ ဘယ်ပညာရပ်မဆို အချိန်ပေးရပါတယ်။ အနည်းဆုံး ဆယ်နှစ်လောက်ပေးတာတောင် ပညာရပ်တစ်ခုကို ပိုင်သွားပြီလို့ မပြောနိုင်ပါဘူး။ ဖြတ်လမ်းနည်းနဲ့ ရတဲ့ ပညာဆိုတာ ဘယ်တော့မှ မခိုင်မြဲပါဘူး။

ဟက်ကာ တစ်ယောက်တစ်ယောက် တစ်ကယ် ပီပီပြင်ပြင် ဖြစ်ချင်တယ်ဆိုရင် ကွန်ပြူတာ ပညာရပ်တွေကို အခြေခံကနေ အကုန်စလေ့လာရပါမယ်။ ဟက်ကာ ဆိုတာ သာမာန် ယူဇာတစ်ယောက်မဟုတ်ဘဲ သူဖြစ်ချင်တာကို သူကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ သူ့မှာရှိတဲ့ ကန့်သတ်ချက်တွေကြားကနေ ရအောင် လုပ်နိုင်တဲ့ သူတွေပါ။ ဒီလိုမျိုး ဘယ်လို အခြေအနေမျိုးလာလာ ဖြေရှင်းပေးနိုင်တဲ့ အရည်အချင်းရဖို့ တစ်ပွဲတိုး နည်းလမ်းတွေကနေပြီး လုပ်မပေးနိုင်တာ အသေအချာပါ။ ပရိုဂရမ်းမင်း နဲ့ စစ်စတမ်ရဲ့ အခြေခံ အလုပ်လုပ်ပုံလေးကိုတောင်မှ သေချာ မသိသေးတဲ့ လူတစ်ယောက်အဖို့ဆိုရင် ပိုပြီး မဖြစ်နိုင်ပါဘူး။ ဥပမာပြောရရင် သာမာန်ယူဇာတစ်ယောက်က စက်တစ်လုံးကို သုံးနိုင်တဲ့ အော်ပရေတာဆိုရင် ဟက်ကာ တစ်ယောက်က အဲဒီလိုစက်မျိုးအကြောင်းကို ကောင်းကောင်းကြီး သိပြီး modify လုပ်နိုင် design အသစ် လုပ်နိုင်တဲ့ အင်ဂျင်နီယာ တစ်ယောက်နဲ့ တူပါတယ်။ တစ်ချို့ က ဆင်ခြေ ပေးကောင်းပေးပါလိမ့်မယ်။ ဒါတွေကို အပျော်လေ့လာတာပါဆိုပြီး။ အချိန်ကုန်တာခြင်း အတူတူ၊ ၀ါသနာ ပါတာခြင်း အတူတူဆိုရင် တကယ်တတ်ပြီး အသက်မွေးဝမ်းကျောင်း ပညာဖြစ်အောင် သင်သင့်ပါတယ်။ သူများအထင်ကြီးရုံလေး လုပ်ပြီး အချိန်တွေ ကုန်သွားရင် လက်တွေ့မှာ အသုံးမကျ ဖြစ်တတ်ပါတယ်။ ကျွန်တော့် ကိုယ်တွေ့ပါ။ တစ်ခုပြောပြချင်ပါတယ်။ ပြည်ပက ငယ်ငယ်နဲ့ ဟက်ကာလုပ်နေတဲ့ ကလေးတွေဟာ ကျန်တဲ့ အခြေခံတွေကို သေသေချာချာ သိပြီး၊ လေ့လာထားပြီသားဆိုတာပါပဲ။ hackers ဆိုတဲ့ ကားကို ကြည့်ဖူးကြမယ်ဆိုရင် ဇာတ်ဝင်ခန်းတစ်ခုကို ပြောပြချင်ပါတယ်။ အဲဒီမှာ မင်းသားကို ကျန်တဲ့ ဟက်ကာတွေက ပညာစမ်းသလိုမျိုး ကွန်ပြူတာ စာအုပ်တွေထုတ်ပြပါတယ်။ သူက အဲဒါတွေကို အရည်ကျို သောက်ထားတဲ့ သူပါ။
 
ဒီလောက်ဆို သဘောပေါက်လောက်မယ်လို့ထင်ပါတယ်။ နောက်တစ်ခုက အဲဒီကားထဲမှာ သူတို့ ဟက်လို့ ရလာတဲ့ ဖိုင်အပိုင်းအစလေးကို ဘာလဲဆိုတာ လေ့လာတာ ပါပါတယ်။ တကယ်တော့ အဲဒါ reverse engineering လုပ်တာပါ။ ဒီလို ခက်ခဲ နက်နဲတဲ့ ပညာရပ်တွေကို ဘာမှ စံနစ်တကျ မသင်ထားပဲ မရဘူးဆိုတာ ပေါ်လွင်စေချင်ပါတယ်ခင်ဗျာ။

သူများလုပ်ထားတဲ့ tools လေးတွေသုံးပြီး သူများ အင်တာနက်မှာ ကျူတိုရီယယ်လုပ်တာလေးတွေကို နဲနဲ သိရုံနဲ့ ဟက်ကာထင်ပြီး လမ်းဆုံးသွားမှာ စိုးလို့ ပြောပြမိတာပါ။ အဲဒီ trick လေးတွေကို လေ့လာပါ။ ကောင်းပါတယ်။ လက်တွေ့မှာလဲ အသုံးကျပါတယ်။ ဒါပေမယ့် trick ကို trick လို့ မြင်ပါ။ ပညာကို ပညာလို့ ကွဲကွဲပြားပြား မြင်စေချင်ပါတယ်။ trick တွေက system တွေပြောင်းသွားရင် သုံးလို့ မရတော့ပါဘူး။ ပညာကတော့ system ပြောင်းလဲ သူက လိုက်ပြီး adapt ဖြစ်လာတဲ့ သဘောရှိပါတယ်ခင်ဗျာ။

နောက်တစ်ခုက မိမိလေ့လာတဲ့ ပညာရပ်ကို မိမိနေတဲ့ အသိုင်းအ၀ိုင်း၊ အဖွဲ့ အစည်းမှာ အကျိုးပြုဖို့ ဆိုတဲ့ စိတ်ထားနဲ့ လေ့လာစေချင်ပါတယ်။ မလေ့လာသင့်တဲ့ ပညာ မရှိပါဘူး။ အသုံးမချသင့်တဲ့ ပညာတော့ ရှိတယ်ဆိုတာ မမေ့စေချင်ပါဘူး။ အတွေးအခေါ်မှားမှာ ကိုလည်း စိုးရိမ်မိပါတယ်။ လက်နက်တစ်ခု၊ စွမ်းအင်တစ်ခုဟာ အင်အားကြီးမားလာတာနဲ့ အမျှ သူ့ကို ထိန်းချုပ်ဖို့ကလဲ ပိုမို အရေးကြီးလာပါတယ်။ အတတ်ပညာလေ့လာတဲ့ နေရာမှာ ဘာကြောင့် ဒီပညာကို လေ့လာတာလဲ၊ ဘယ်လို လေ့လာမလဲ၊ ဘယ်လို အသုံးချမလဲ ဆိုတဲ့ အမြော်အမြင်နဲ့ ယှဉ်တဲ့ သုံးသပ်မှုမျိုး လုပ်သင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ။

စာရေးသူ ဘလူးဖီးနစ်

newbies hacker tutorial (လျို့ဝှက်ချက်လေးများ)

newbies hacker tutorial (လျို့ဝှက်ချက်လေးများ)

လူငယ်တော်တော်များများ က အီးမေးလ် ဘယ်လို ဟက်လို့ ရမလဲ ဆိုတာကို အမြဲတမ်း စူးစမ်းနေတာ ကို ကျနော်သိပါတယ်။ အခု စာဖတ်သူတွေ အနေနဲ့ လဲ ဒီ ပို့ စ်လေး ကို ဖတ် ကြတာ ကလည်း သူများ မေးလ်ကို ဟက်ဖို့ စိတ်ဝင်စား တယ်ဆိုတာ ပစ်မလွဲပါဘဲ ဗျာ။ ကောင်းပြီးဗျာ .. အီးမေးလ် တစ်ခု ကို ဟက်တော့ မယ်ဆိုရင်တော့ တကယ့်ကို အလုပ်များတဲ့ အလုပ်ပါ. တစ်ချို့ သူတွေ မေးကြပါတယ် မေးလ် password ကိုဘယ်လို ဟက်မလဲ တဲ့.. ဟက်လို့ရလား တဲ့ .. ဟက်လို့ တော့ ရပါတယ် ဒါပေမယ့် မိမိ ဟက်ချင်တဲ့ သူကို သူက သူ့ password ကို သူ့ ဖာသာ သူ ပေးမှန်းမသိ ပေးမိအောင် လိမ်ညာပြီး ဟက်တဲ့ နည်း က တော့ ပျော်စရာအကောင်းဆုံးပါဘဲ ဗျာ .အများစု က တော့ phishing ကိုသုံးကြတာပေါ့.

အီးမေးလ် ကို ဟက်လို့ ရပါသလား ။

ဘယ်အရာမဆို ကွန်ပြူတာ နဲ့ ပတ်တာ တွေမှန်သမျှအားလုံး က ဟက်လို့ရပါတယ်။ သို့ ပေမယ့်လဲ ဘယ်လိုဟက်မလဲ ဆိုတဲ့ တကယ့်နည်းလမ်းတွေ ကိုမသိခင်လေး မှာ အောက် ပါ အချက်လေး တွေကို တော့ သိသင့်တယ်လို့ မျှော်လင့်ပါတယ်.


၁။ ခလုတ်လေး တစ်ချက်နိုပ်ရုံ နဲ့ မိမိ ဟက်ချင်တဲ့ password ကို ဘွားခနဲ့ ပေးတဲ့ ဆော့ဝဲမရှိဘူး ဆိုတာပါဘဲ။ အကယ်၍စာဖတ်သူ က ဆိုဒ်တွေမှာ လိုက်ကြည့်ပြီးတော့ တချို့ ဆိုဒ်က ဆော့ဝဲလ်ဟက်တဲ့ ပရိုဂမ် လို့ ကြော်ငြာထားခဲ့ ရင်တော့ မယုံပါနဲ့ လို့ အကြံပေးချင်ပါတယ်။

၂။ တချို့ ဆားဗစ်တွေ ရှိပါတယ် ဒေါ်လာတစ်ရာ နှစ်ရာ ပေးရင် ဟက်ပေးပါတယ်။ လုံးဝမယုံပါနဲ့ လို့ အကြံပေးပါတယ်။ အများစု က scam ထက်မပိုပါဘူး။

အဲ့ဒါကြောင့် စာဖတ်သူ တို့ မှတ်ထားရမှာ တော့ အဲ့လိုကြော်ငြာထားတဲ့ အရာအားလုံးက တော့ အမှိုက်အရှုပ်တွေပါဘဲ။ အီးမေးလ် ဟက်ကင်း ဆားဗစ် သို့ မဟုတ် အီးမေးလ် ဟက်ကင်း အတွက် အထူး ပရိုဂမ် ဆိုတာလဲ မရှိပါဘူး.


အီးမေးလ် password တွေကို ဘယ်လိုဟက်မလဲ။

အီးမေးလ် တစ်ခု ကို ဟက်ဖို့ က တော့ လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး။ ပရိုဂမ်တစ်ခုမှာ မိမိဟက်ချင်တဲ့ သူရဲ့ အီးမေးလ် အကောင့်လေး ကို ရိုက်ထည့်ပြီးတော့ ကွန်ပြူတာ မျက်နှာပြင်လေး ကို ပြူးတူးတူးလေး နဲ့ ကြည့်နေရုံ နဲ့ ဒီဒါ က ပါတ်စဝေါ့ ပါလို့ လုပ်လို့ မရပါဘူး။ တကယ်တော့ မိမိ ဟက်ချင်တဲ့ သူ ရဲ့ အားနည်းချက်ကို သာ အသုံးချပြီးတော့ လိမ်လည် လှည့်ယူတဲ့ နည်းက တော့ အသက်သာဆုံးပါဘဲ.. ။ ကျနော် သိတဲ့ အဓိက အီးမေးလ် ဟက်နည်း တွေက တော့

၁။ Remote Spy systme
၂။ Phishing
၃။ Bruteforcing
၎။ Social engineering
၅။ USB Thief . .. တစ်ကယ်တမ်းတော့ ဟက်နည်းတွေ က တော့ ငါးမျိုးထက်မနည်းရှိပါတယ်.. အများကြီးပါ...ဒါပေမယ့် ဒီငါးမျိုး ကတော့ newbies တွေအတွက်အသုံးလွယ်မယ့်နည်း တွေပေါ့ ဗျာ.. တခြား subseven တို့ netbus တို့ orkut တို့လည်း ရှိပါတယ် အဲ့ဒါတွေက တော့ advance တွေပေါ့ .. ဖိုရမ်က ဟက်ကင်းနည်း ရေးခွင်ပေးမပေး တော့ ကျနော် မသိသေးပါဘူး ကျနော် အမှန်အတိုင်းဝန်ခံရမယ်ဆိုရင်တော့ ကျနော် စည်းကမ်းချက်တွေ တစ်ခါမှ ဖတ်ဖို့အချိန်မရခဲ့ပါဘူး .. :P နောက်တစ်ခါတော့ ကြိုးစားအချိန်ပေးပြီးဖတ်ပါ့မယ်..

၁။ Remote Spy system
ဒီနည်းက တော့ ကျနော်ပြောတဲ့ နည်းငါးမျိုးထဲ က အလွယ်ကူဆုံး နဲ့ အားစိုက်စရာ မလိုတဲ့ နည်းတစ်မျိုးပါဘဲ။ အများစု က တော့ keylogger လို့ လဲ သိကြပါတယ်။ keylogger ကတော့ ကွန်ပြူတာ လုပ်သမျှ အရာတွေ ကိုမော်နီတာ လုပ်ပေးတဲ့ ပရိုဂမ်အသေးစား ဖြစ်ပါတယ်။ keylogger ကို စသွင်းလိုက်ပြီးဆိုက တည်းက ပရိုဂမ် မှာ auto start up နဲ့invisible mode နဲ့ စတင် run ပြီးတော့ ကွန်ပြူတာ မှာ အသုံးပြုသူရိုက်ထည့်သမျှ keystroke အားလုံးကို မှတ်သားထားပါတယ်။ တချို့  အဆင့်မြင့် keylogger က တော့ screenshots & monitor every activity on the computer အားလုံးကို မှတ်ထားပါတယ်။ keylogger ကို အင်စတော လုပ်ပြီး တော့ အသုံးပြုဖို့က တော့ မည်သည့် ကွန်ပြူတာ ဗဟုတုတ အသိပညာမလိုအပ်ပါဘူး။ အဲ့ဒါကြောင့်မို့ တော်ရုံတန်ရုံ ကွန်ပြူတာ အသုံးပြုတက်သူ တွေ အတွက်လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။
ကွန်ပြူတာ စစ အသုံးပြုတဲ့ သူတွေ အတွက် တော့ အသုံးပြုရန် အလွယ်ကူဆုံး ပရိုဂမ်ဖြစ်ပါတယ်။

၂။ Phishing

Phishing ဆိုတာ က ကွန်ပြူတာ ရပ်ဝန်းနယ်ပယ်မှာ web page အတုတစ်ခုပြုလုပ်ပြီးတော့ မိမိ ဟက်ချင်တဲ့ သားကောင်း ကို သူရဲ့ အကောင့် ကို အသုံးပြုပြီးတော့ လော့အင် လုပ်ခိုင်းပြီး ခိုးယူချင်းဖြစ်ပါတယ်.. phishing ကတော့ ယုံကြည့်မှုကို အလွဲသုံးစား ပြုပြီးတော့ ခိုးယူခြင်းတစ်မျိုးပါဘဲ။ တစ်ချို့ သူတွေ ရှိပါတယ် gmail. Facebook. Twister . တို့ အတွက် web page အတုပြုလုပ်ကြပြီး တော့ အကောင့်ကို ခိုးယူ ကြပါတယ်။ phishing ကိုအသုံးပြုပြီးတော့ မည်သည့် အရာမဆိုနည်းပါလောက်ကို ခိုးယူလို့ရပါတယ်။ စာဖတ်သူတို့တောကီ ကောင်းရင်တော့ မိမိ phishing လုပ်ထားတဲ့ web page ကို မိမိ သားကောင်ဆီ ပို့ ကာ သူ့ဆီက အကောင့် နဲ့ ပတ်စ်ဝေါ့ကို အသာလေး မေးလ်ထဲ က နေထိုင်ယူယုံပါဘဲ။ ဘဏ်အကောင့်၊ ခရက်တစ်အကောင့်၊ မေးလ်အကောင့်၊ electronic communication နဲ့ ပတ်သက်တာ မှန်သမျှ အားလုံး အပါအဝင်ဖြစ်ပါတယ်။ phishging ကို စိတ်ဝင်စားတယ်ဆိုရင် တော့ ကျနော့်ကို ဆက်သွယ်ပြီးတော့ မေးမြန်းနိုင်ပါတယ်။ ကျနော် ကျောင်းနဲ အလုပ်မသွားတဲ့ နေ့ ကျရင် ပြန်လည်ဆက်သွယ်ပါ့မယ်။ နောက်မဟုတ်ရင် လဲ ကျနော့် gmail ကိုမေးလ် ပို့ ပြီးတော့ မေးထားလို့ရပါတယ်။ မေးလိပ်စာက တော့ ကျနော့်စာမျက်နှာမှာရှိပါတယ်.. ဒီမှာ မကြော်ငြာ တော့ပါဘူး.။

၃။ Bruteforcing

Bruteforcing ဆိုတဲ့နည်းလမ်းက တော့ လူသိနည်းတဲ့ နည်းလမ်းတစ်မျိုးပါဘဲ ။ အသုံးပြုတာလဲ နည်းပါတယ်. ကျနော် အမှန်တိုင်းပြောရမယ်ဆိုရင် ကျနော် ဒိနည်းကို တစ်ခါမှ မစမ်းဘူးသေးပါဘူး .စာဖတ်ထားသလောက်တော့သိပါတယ်။ hotmail acc ကိုတော့ bruteforce လုပ်လို့ရတယ်လို့ ဖတ်ရပါတယ်။ လုပ်တဲ့ အခါကျရင်လဲ မိမိ က စာလုံးတွေအများကြီးပါတဲ့ wordlist ကနေပြီးတော့ multiple choice လုပ်သမျိုး ရွေးရပါလိမ့်မယ်။ သာမန်အားဖြင့်တော့ gmail တို့ yahoo တို့ ကျတော့ login chance ကို လစ်မစ်လုပ်ထားကြတာများတယ်။ သူပေးထားတဲ့ wordlist ကိုတစ်ခေါက်သုံးပြီးရင် နောက်တစ်ခါ ထပ်သုံးလို့မရတာများပါတယ်။ gmail နဲ့ yahoo တို့ မှာ ကျတော့ အရမ်းကောင်းတဲ့ စစ်စတမ်တွေကာထားတဲ့ အတွက်ကြောင့်မို့လို့ဟက်ဖို့မလွယ်ပါဘူး ဒီနည်းလမ်းနဲ့ ။ အခု ကျနော်တို့ ဟက်ကာအသိုင်းအဝိုင်းမှာ ရေပန်းအစားဆုံး ငြင်းခုံစရာ တော့ပစ်တစ်ခုလည်း ဖြစ်နေတာပေါ့ ဗျာ ။ ဒီနည်းလမ်းနဲ့ ဟော့မေးလ် ကို ပတ်စဝေါ့ကို ဟက်လို့ရပြီးလို့တော့ ပြောနေကြပါပြီး။ ကျနော်က တော့ multiple choice လို မျိုး လုပ်ရတာ ကျနော် က တော့ စိတ်သိပ်မဝင်စားပါဘူး။ သူငယ်ချင်း တို့ အဲ့အကြောင်း ပိုသိချင်ရင်တော့ ကျနော် နောက်ပို့စ်တစ်ခုမှာ ထပ်ရေးပေးပါ့မယ်။
bruteforcing မှာ မှ BRUTUS ဆိုတဲ့ ဆော့ဝဲလ် ကတော့ နာမည်အကြီးဆုံးနဲ့ နီးစပ်တဲ့ wordlist ကိုပေးပါတယ်။ ဒါပေမယ့် တစ်ခုတော့ အကြံကြိုပေးထားပါ့မယ်.. ဒီနည်းလမ်းကို စမ်းမယ်ဆိုရင် တော့ အနည်းဆုံးတော့ စာဖတ်သူမှာ wordlist ကို multiple choice ရွေးတဲ့ အရည်ချင်းကောင်းကောင်းမွန်မွန် ရှိဖို့လိုပါလိမ့်မယ်။


၎။ Social engineering

Social engineering ဆိုလို့ သိပ်နည်းလမ်းမဝင်ဘူး.. အသုံးမဝင်ဘူးလို့မမှတ်လိုက်ပါနဲ့  စာဖတ်သူတို့ က ဟက်ချင်တဲ့ သူ ကို တောကီကောင်းကောင်း ပစ်နိုင်ရင် ရပါတယ်။ ကျနော်လည်း အရင်တုန်းက ဒီနည်းလမ်းကို အသုံးမဝင်လောက်ဘူး လို့ထင်နေတာ.. ဒီနည်းလမ်းကတော့ ဘာပညာသားမှ တော့မပါဘူး။ ကျနော် အရင်တုန်းက စမ်းဖူးပါတယ် ကျနော့် ဆရာမ အကောင့်ကို ပါ. ပထမတော့ orkut သုံးမလို့စဉ်းစားထားလိုက်တယ်.. နောက်ဆုံးတော့ ဆရာမလည်း ကျနော် နဲ့ တောကီပွားလို့တည့်သွားတာ နဲ့ ကျနော် သူ့ရဲ့ အကောင့်ကို အသာလေး ဟက်လို့ရသွားပါတယ်။ အော်ဒါနဲ့ social engineering ဆိုတာဘာလဲ ဆိုတာတောင်မပြောရသေးဘူး .. ဟက်ကင်းကို လေ့လာဖူးတဲ့ သူတွေက တော့ သိပါတယ် ဒါပေမယ့် newbies တွေ အတွက်ကတော့ မသိဖို့များပါတယ်.. ကျနော်လမ်းကြုံတုန်းလေး ပြောလိုက်ပါ့မယ်.. ဆိုရှယ် အင်ဂျင်နီယားရင်း ဆိုတာ က မိမိ ရဲ့သားကောင်ကို စကားဝင်ရောက် အရောဝင်ပြောပြီး သူ့ ရဲ့ ယုံကြည်မှုကို ရယူပြီးတော့ သူ့ ရဲ့ personal သတင်းအချက်လေး တွေကို မေးရမှာဖြစ်ပါတယ်။ အဲ့လိုမေးပြီးတော့ အလွယ်တကူဘဲ forget password ကိုသွားပြိး recovery လုပ်တဲ့ နေရာမှာ မိမိ သိထားတဲ့ သူ့ personal အချက်လေး တွေကို ဖြည့်ပြီးတော့ recovery လုပ်ယူရတဲ့ နည်းပါဘဲ.။ . မြန်မာပြည်မှာ အသုံးဝင်မဝင်တော့ မသိပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာပြည်က သူ တွေအများစု က မိမိ ရဲ့ personal အချက်အလက်တွေကို အမှန်တိုင်းမဖြည့်ကြတာများလို့ပါ.. ဒါပေမယ့် ကျနော်တို့ဆီမှာတော့ .. အသုံးဝင်ပါတယ်။ .. စာဖတ်သူတို့ ဗဟုတုတ ရစေလိုတဲ့ စိတ်ကူးနဲ့ ထည့်ရေးပေးလိုက်ဖြစ်ပါတယ်။

၅။ USB Thief

အားလုံးသိထားကြ သလိုမျိုး ကွန်ပြူတာ အများစု က နေ့တိုင်းသုံးတဲ့ ပေါ်မှာ မူတည်ပြီးတော့ instant messenger passwords တွေကို မှတ်ထားကြပါတယ်.. MSN, Yahoo, AOL , Windows messenger တို့လိုမျိုးပေါ့ဗျာ။. တချို့တွေဆိုရင် outlook express, SMTP, POP, FTP accounts တွေဆို ရင် တစ်ခါတစ်လေကျရင် IE တို့ Firefox တို့မှာ အော်တိုမှတ်ထားတဲ့ အခါလည်း ရှိပါတယ်။ အဲ့လိုကျန်တဲ့ အခါမျိုးတွေကျရင် စာဖတ်သူတို့ က အလွယ်တကူလေးဘဲ tools လေးတွေ သုံးပြိးတော့ stored လုပ်ထားတဲ့ နေရာက နေပြီးတော့ ယူလိုက်ရုံပါဘဲ။ အသုံးပြုဖို့လိုအပ်တဲ့ tools တွေက တော့ MessenPass, Mail PassView, IE Passview, Protected Storage PassView, PasswordFox ဆိုတဲ့ tools ငါးမျိုးကို ကျနော် ပြောတဲ့နည်းတဲ့နည်း အတိုင်း သုံးမယ်ဆိုရင် အလွယ်တစ်ကူအသုံးပြုလို့ရပါတယ်။ ကျနော် နောက်ပို့စ်လေး မှာ USB Thief နည်းလေးကို ဘယ်လိုသုံးမလဲ ဆိုတာကို ဆက်လက်ဖော်ပြပေးပါ့မယ်။ အခုတော့ အိပ်ငိုက်ပြီးဗျို့..... အခုပို့စ်မှာတော့ စာတွေချည်းပါဘဲ . ဆော့ဝဲလ်တွေကို ကျနော် နောက်ပို့စ်တစ်ခုမှာ ထပ်တင်ပေးဖို့ မျှော်မှန်းပါတယ်.. ကျနော် အချိန်ပေးပြီးရေးထားတာကို အချိန်ပေးပြီး ဖတ်သွားတဲ့ .. ဟက်ကင်းစိတ်ဝင်စားတဲ့ စာဖတ်ပရိတ်သတ်ကြီး ကိုလည်းအများကြီး ကျေးဇူးတင်ပါတယ်

credit :http://www.myanmarchatonline.org/forum/index.php?topic=39017.0

Hacking, DDoS နှင့် လူနှစ်ဦး

တခါတုန်းက ကျွန်တော် ခင်မင်လေးစားရတဲ့ ဟက်ကာတစ်ဦးနဲ့ ပြောဖြစ်ခဲ့တဲ့ စကားလေးတွေကို အင်တာဗျူး ပို့စ်လေးအဖြစ် ပြန်လည်တင်ဖြစ် သွားပါတယ်။ ဟက်ကာသမာရင့်တွေ အတွက် ဒီစကားတွေဟာ ဘာမှမဟုတ်လောက်ဘူးလို့ ထင်ရပေမယ့် လေ့လာသူတွေ၊ ဗဟုသုတ ဆည်းပူးသူတွေ အတွက်တော့ ဒီစကားလေးတွေဟာ တဖက်တလမ်းက အသိပညာ တိုးပွားစရာလေးတွေ ဖြစ်ပါတယ်။ သုံးတတ်ရင်တော့ ဘာမဆို ဆေးဖြစ်ပါတယ် ခင်ဗျာ။

(အစ်ကိုရေ… ဆက်ပြောပါဦးဗျ။ ဟက်ကင်း တစ်ပ်စ် လေးတွေ။) (လွယ်လွယ်ပြောရရင် ဟက်ကင်းနဲ့ ပတ်သက်ပြီး လုပ်နည်းက ၂ မျိုးပဲရှိတယ်။ အကြိမ်ကြိမ်တိုက်မလား၊ အပြီးတိုင်တိုက်မလား။ ၂ ခုစလုံးရဲ့နောက်က အီလောထရွန်းနစ်ပုဒ်မနဲ့ငြိတဲ့အတွက် အနည်းဆုံး ၇ နှစ်ကနေ ၁၅ နှစ်ထိထောင်ထဲမှာ နေရမယ်။ ဟက်တော့မယ် ဆိုရင် အဓိကကတော့ အင်တာနက်ကို ၂၄ နာရီ သုံးနိုင်ရမယ်) (ပြေပြေပြစ်ပြစ်လေး ရှင်းပါဦးဗျ။) (ဒီလိုဗျာ…အင်တာနက်လောကမှာ တိုက်နည်းပေါင်းစုံရှိတယ်။ ဟက်နည်းပေါင်းစုံရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလုပ်ကြလဲဆိုတာတော့ မတူဘူး..အားသန်ရာသန်ရာပေါ့။ ) (အဆင်အပြေဆုံးက ဘယ်ဟာဖြစ်မလဲအစ်ကို။) (စိတ်ဝင်စားစရာတွေကတော့ အားလုံးပဲ…သူများဟာကိုလုပ်ရတာ ဆိုတော့ ဖီးလ်ကလည်းအပြည့်ပဲ။ တိုက်နည်းတွေကဗျာ….PC to PC ထိုးဖောက်တာရယ် ၀က်ဘ်ဆိုက်တွေကိုထိုးဖောက်တာရယ် ဆာဗာတွေကိုထိုးဖောက်တာရယ်ပေါ့။) (အင်း… တစ်ခုလောက် ပြောပြပါဦး။) (အင်တာနက်ဆာဗာတွေနဲ့ ဆိုက်တွေကို တိုက်တာကို အရင်ဆုံးရှင်းပြမယ်။) (အလွယ်ဆုံးကတော့DDoS လို့ခေါ်တဲ့  Denial လုပ်တဲ့ တိုက်နည်းပေါ့။ ဒီကောင်က ဆိုက်ကို အကြိမ်များစွာ အလုပ်ပေးပြီး Server ကို ဒေါင်းသွားစေတဲ့နည်းပေါ့။ ဒါကတော့ ကြားဖုးပြီးဖြစ်မှာပါ။ 

လုပ်နည်းကိုင်နည်းကလည်း တော်တော်ကို လွယ်ပါတယ်။) (အင်း.. စိတ်ဝင်စားစရာ ကောင်းလာပြီ။) (Ready Made Tools တွေသုံးပြီး တိုက်မလား။ Command နဲ့တိုက်မလား၊ ကြိုက်တာရွေးနိုင်တယ်။ ) (ကန့်သတ်ချက်က ကိုယ်တစ်ယောက်ထဲ မလုပ်နိုင်ဘူး။ ) (………..com လိုဟာကို တိုက်မယ်ဆိုရင် အနည်းဆုံး ကွန်ပြူတာ ၄ လုံးလိုတယ်။) (ကိုယ်တိုက်ချင်တဲ့ IP ကိုရိုက်ထည့် ပြီးရင်  ကွန်ပြူတာ ၄ လုံးစလုံးကနေ ပြိုင်တူ Ready Made Tools တွေကို Run လိုက်ရုံပဲ။ ၄ နာရီလောက် တီးထည့်လိုက်ရင် အဲဒီ ဆိုက်ကိုထိုင်ထားတဲ့  Server ဒေါင်းတာပဲ) (ဒါကအလွယ်ဆုံးနားလည်အောင်ပြောတာပါ။ ) (တစ်ယောက်တည်း တိုက်လို့ရနိုင်မယ့် နည်းကရော နောက်ပြီး Ready Made Tools တွေကိုရော ဘယ်က ရနိုင်လဲ အစ်ကို။ ) (Tools တွေက ဂူးဂဲမှာ အလွယ်တကူရှာနိုင်တယ်. ဘယ်လိုသုံးမလဲဆိုတာကတော့ Help ဖိုင်တွေမှာ ပါတယ်။ သုံးရတာကလွယ်တယ်။ သို့သော်….) (….com ဆိုက်ကို တိုက်လိုက်လို့ Trace ပြန်လိုက်တဲ့အခါ ကိုယ်ဘယ်လို ရှောင်မလဲဆိုတာ စဉ်းစားထားရမယ်။ ဘယ်ဟာကို တိုက်တိုက်ပေါ့။) (Trace မမိအောင် ကိုယ့်ဘက်ကပြင်ဆင်ထားဖို့လိုတယ်။ ဒါက Tools တွေရဲ့ အားနည်ချက်ပဲ။) (အဲဒါကြောင့် ကျနော်တို့က Tools တွေမသုံးဘူး) (ကျနော်တို့က Zoombie တွေမွေးထားတယ်။ ဒီကောင်တွေက Bot တွေပေါ့။ ဒါကတယောက်ထဲလုပ်လို့ရတဲ့အပိုင်းပေါ့။ ) (ရှင်းပါဦး အစ်ကို အဲဒါ ပိုစိတ်ဝင်စားတယ်) (အဲဒီ Bot တွေကို သုံးပြီး Mirc ကနေတစ်ဆင့် တိုက်တယ်။ MIrc channel တွေမှာ Bot က သူခိုင်းလို့ရမယ့် Victim တွေကို ရှာတယ်။ ဥပမာဗျာ.. ကျနော်က MIRC ထဲကို ၀င်လိုက်ပြီဆိုတာနဲ့ ကျနော့်ရဲ့ Bot က ကျနော့်ကိုဆက်သွယ်လာတယ်။ ကျနော်က bot ကို ခိုင်းလိုက်တယ်။ အဲဒီင်္မှာ Bot က သူခိုင်းလို့ရမယ့် စက်တွေကိုလိုက်ရှာတယ်။ အဲဒီမှာ အနည်းဆုံးစက် ၁၅၀ လောက်ကိုရပြီဆိုရင် Target ကို တိုက်ခိုင်းတာပဲ။ ဒီနည်းက အန္တရာယ်အကင်းဆုံးပဲ။ Bot ဆိုတာ PHP နဲ့ရေးထားတဲ့ အကောင်ပဲ။ အဲဒီကောင်ထဲမှာ ကျနော့် IP ထည့်ပေးထားတယ်။ ပြီးရင် ကျနော့်ရဲ့ MIRC channel ပေးထားတယ်။ ကျနော် အွန်လိုင်းတက်ရင် ဒီကောင်က အလိုလို ဆက်သွယ်တယ်။ Bot တွေကတော့ အွန်လိုင်းမှာ ၀ယ်လို့ရတယ်။ ကိုယ့်ဟာကိုယ်ရေးနိုင်ရင်လည်းရေးပေါ့။ DDOS နည်းကတော့ ကျနော်သိပ်မကြိုက်ဘူး။ ) (ဟုတ်ပြီ။ ဆက်ပါဦး။) (DDOS ကို Anti လုပ်တဲ့ ဆော့ဖ်ဝဲတွေရှိတယ်ဗျာ။ ဒီကောင်က ဘယ်လိုအလုပ်လုပ်လဲဆိုတော့ IP တစ်ခုတည်းကနေ Request လုပ်တဲ့ အကြိမ်အရေအတွက်များလာပြီဆိုရင် Drop လုပ်ပစ်တယ်။ DDOS ဆိုတာက ပထမဆုံး Target ကို Request လုပ်တယ်။ Target က response ပြန်ပေးတယ်။ ၁ မိနစ်အတွင်းမှာ အကြိမ် ပေါင်း ရာနဲ့ချီပြီး အဲဒီလိုလုပ်နေကြတာပေါ့။) (သာမန်ဆိုက်တစ်ခုဆိုရင်တော့ အလုပ်ဖြစ်တယ်။) (Anti ထည့်ထားကောင်ကျတော့ သူသတ်မှတ်ထားတဲ့ အကြိမ်ထက်များလာရင် ဒါ DDoS ဆိုပြီး Drop လုပ်ပစ်တာ။) (DDOS မှာလည်း PING DOWN, Thunder Flood, IP Config ဆိုပြီး မတူတာလေးတွေရှိတယ်။) (ကိုယ်က တိုက်တော့မယ်ဆိုရင် Target ကို အမျိုးမျိုးလိုက်စမ်းရတယ်ဗျာ..ဘာအားနည်းချက်ရှိလဲဆိုပြီးတော့ပေါ့။ အချိန်ယူရတယ်။ ) (ဟုတ်ကဲ့ အစ်ကို။ တော်တော်လည်း သိလိုက်ရပါတယ်။ သိချင်တဲ့ သူတွေကိုလည်း ကျွန်တော် မျှဝေပေးလိုက်ဦးမယ် အစ်ကို။)
credit to internet.

Oct 4, 2012

နာမည်ကြီး Black Hat Hacker (၅) ယောက်

[Image: adjTr5od.jpg]

နည်းပညာလောကမှာ ထင်ရှားကျော်ကြားတဲ့သူတွေ အများကြီးရှိပါတယ်။ တစ်ချို့က နာမည်ကောင်းနဲ့   ကျော်ကြားသလိုတစ်ချို့ကြတော့လည်း နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ Hacker ဆိုတာကို အဓိပ္ပါယ်ဖွင့်ကြတာတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ လွယ်လွယ်ပြောရရင် Hacker ဆိုတာ နည်းပညာကို ရူးရူးမူးမူးလေ့လာတဲ့ သူတစ်ယောက်ပါပဲ။ တစ်ခုခုကို အတွင်းကျကျ ထိုးထွင်းသိ့မြင်လာအောင် တစိုက်မက်မက် အရူးအမူးလေ့လာတဲ့ လူမျိုးတွေပါ။ Hacker တွေက သူတို့ကို သူတို့တော့ ငါက Hacker တစ်ယောက်ပါလို့   အော် ကျယ်အော်ကျယ် မလုပ်ပါဘူး။ သူတို့အတွက် အကျိုးမမြတ်မရရှိနိုင်တဲ့ အလုပ်တစ်ခုကို အချိန်ကုန်ခံပြီးမလုပ်ပါဘူး။

အခု ကမ္ဘာပေါ်မှာ နာမည်ကြီး Black Hat Hacker တွေထဲကထိပ်တန်း Hacker (၅) ယောက်ကို ဗဟုသုတ အဖြစ်ဖေါ်ပြပေးလိုက်ပါတယ်။

(၁) Gary Mckinnon


[Image: acl1z38S.jpg]

Gary Mckinnon ကို 1966 ခုနှစ် February 10 ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ယခု အသက် 46 နှစ်အရွယ်ရှိနေတဲ့ Mckinon ဟာအမေရိကန် နိုင်ငံရဲ့ အကြီးမားဆုံး စစ်တပ်မတော်က Computer တွေကိုအချိန်တိုင်းအလွတ်မပေးခဲ့တဲ့BlackHackerတစ်ယောက်အဖြစ် ကြေငြာခဲ့ခြင်း ခံခဲ့ရပါတယ်။ Gary Mckinnon ဟာ NASA နဲ့ Pentagon ရဲ့ Security System တွေကို
အကြီးမားဆုံး ချိန်းခြောက် နိုင်ခဲ့တဲ့သူတစ်ယောက်ပါ။ NASA နဲ့ Pentagon ကလဲ သူ့ကို အကြီးမားဆုံး Balck Hackerတစ်ယောက်အဖြစ် သက်မှတ်ခဲ့ပါတယ်။ နောက်ဆုံး သူ့ရဲ့ နာမည်ကိုတော့ Hacker’s Community တစ်ခုကနေ ရရှိခဲ့ပါတယ်။
Mckinnonဟာတစ်ချိန်းတည်းမှာComputer ပေါင်း97လုံးကိုတရားမ၀င် နှောက်ယှက်ဖျက်စီးခဲ့ပါတယ်။ စီးပွားရေးရှု့ထောင့်ကကြည့်မယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာ $700,000 ကို ဆုံးရှုံး နစ်နာ စေခဲ့ပါတယ်။


(၂) Robert Tappan Morris

[Image: adibg1QX.jpg]

သူကတော့ ပထမဆုံးသော Internet Worm ကို ရေးသားသူတစ်ယောက်ပါ။ မော်ရစ် ဟာ Cornell မှာ ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီ ကျောင်းမှာပဲ သူဟာ ပထမဆုံးသော Internet Worm အတွက် Codes ရေးသားခဲ့တာပါ။အဲဒီတုန်းက သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အင်တာနက် ကမ္ဘာဟာ ဘယ်လောက်တောင် ကြီးမား ကျယ်ပြန့်လဲဆိုတာကို သိ့ချင်တဲ့ဆန္ဒတစ်ခုတည်းနဲ့ အဲဒီWormကိုရေးသားခဲ့တယ်လို့ဆိုပါတယ်။ မော်ရစ် ရေးသားဖြန့်ချီလိုက်တဲ့ Internet Worm ဟာInternet Speed ကို နှေးကွေးစေခဲ့ပြီး System ကိုလည်း မတည်မငြိမ် ဖြစ်စေခဲ့ပါတယ်။ Computer အလုံးရေဘယ်လောက်ထိ ပြန့်နှံ့သွားသလဲ ဆိုတာကို တိတိကျကျ မသိ့ခဲ့ပေမဲ့ ပညာရှင်တွေရဲ့ ခန့်မှန်းမှု အရတော့ System 6000ပတ်ဝန်းကျင်လောက်ကို  ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။ မော်ရစ် ဟာ 3 နှစ် အကျဉ်းချခံထားခြင်း ခံခဲ့ရပြီး အမေရိကန် ဒေါ်လာ $10,500 ဒဏ်ရိုက်ခံခဲ့ရပါတယ်။ အခုအချိန်မှာတော့ သူဟာ Massachusetts institute of technology, computer science နဲ့artificial intelligence laboratory တို့မှာ Professor တစ်ယောက်ဖြစ်နေပါပြီ။ မော်ရစ်ဟာ 1986 ခုနှစ် Computer လိမ်လည် လှည့်ဖျားမှုနဲ့ မတရားပြုမှု လုပ်ဆောင်မှုများရဲ့ အောက်မှာ ပထမဆုံးတရားစွဲခံခဲ့ရတဲ့သူ တစ်ယောက်ဖြစ်ခဲ့ပါတယ်။

(၃) Kevin David Mitnick

[Image: abmVeBhh.jpg]

သူကတော့ Computer Security အတိုင်ပင်ခံ ပုဂ္ဂိုလ်တစ်ယောက်နဲ့ စာရေးဆရာ တစ်ယောက်ပါ။ ဒါပေမဲ့ သူဟာ ပြဿနာ အမြောက်အများအတွက် စွပ်စွဲခံခဲ့ရတဲ့ Hacker တစ်ယောက် ဖြစ်ခဲ့ပါတယ်။ အာဏာပိုင်တွေဝုန်းဒိုင်းကြဲခေါင်းခြောက်ပြီးလိုက်ဖမ်းခဲ့ရတာပေါ့။ တရားရေးရာဌာနက သူ့ ကို " အမေရိကန်သမိုင်းတွင်ကွန်ပျူတာပြစ်မူ့ ဖြင့်အလိုအပ်ဆုံးလူ"အဖြစ်ထုတ်ပြန်ခဲ့ရတဲ့အထိပါ။ Kevin ဟာ နည်းပညာရဲ့ ထိပ်တန်းဝင် ကုမ္မဏီတွေ ဖြစ်တဲ့ Nokia, Motorola, Fujitsu Siemens နဲ့ sun Microsystems တို့လို ကုမ္မဏီမျိုးတွေကို ကြေက်လန့်စေခဲ့တဲ့ သူတစ်ယောက်ပါ။ Kevin ဟာ DEC System ရဲ့ SourceCode တွေကိုကြည့်ရှုဖို့အတွက် Los Angeles bus transfer system ကို Hack ခဲ့သူတစ်ယောက်ပါ။ Computer သင်ကြားရေးအဖွဲ့အစည်းတစ်ခုရဲ့ IBM minicomputers တွေကိုလဲ Full Administration ပြုလုပ်နိုင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

(၄) Jonathan James mes

[Image: adxizntZ.jpg]

Jonathan James mesကတော့ ငယ်ငယ်ကတည်းက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ လူတစ်ယောက်ပါ။ အင်တာဗျူးတစ်ခု မှာသူပြောတာကကျွန်တော်က ၀န်းကျင်ကိုကြည့်တယ်။ ကစားရမှာကိုကြည့်တယ် တစ်ခုခုဟာ ကျွန်တော့်ကိုစိန်ခေါ်နေသလိုဖြစ်နေရင် ကျွန်တော်ကအစဆွဲထုတ် လိုက်တော့တာပဲ" တဲ့။သူ 16 နှစ်သားအရွယ် 1999 ခုနှစ်မှာ comrade ဆိုတဲ့ နာမည်ကို အသုံးပြုခဲ့ပြီး department of defense ရဲ့ Server ကို တိုက်ခိုက်ဖျက်စီးခဲ့တဲ့Hacker တစ်ယောက်ဖြစ်ပါတယ်။သူဟာ NSA အဖွဲ့အစည်းကိုလဲ   နှောက်ယှက်ခဲ့သူ တစ်ယောက်ပါ။ NASA ရဲ့Programတွေကို သူတက်ထားတဲ့ C နဲ့ပဲ Code တွေကို Download လုပ်ယူခဲ့တာပါတဲ့။ဂျိမ်းစ်ကအမှု့ ရင်ဆိုင်နေတုန်း ပြောသွားတဲ့စကားကတော့ "ခင်ဗျားတို့ Code ကြီးကတုန်းလွန်းပါတယ်ဗျာ ဘယ်က 1.7သန်းတန်မှာလဲ" တဲ့လေ။ နောက်ပိုင်းမှာတော့ သူ့ကို Stealing softwares of NASA နဲ့ DoD တို့က ကြောက်စရာ ကောင်းတဲ့ Hackerတစ်ယောက်အဖြစ် သက်မှတ်ခြင်း ခံခဲ့ရတဲ့ သူတစ်ယောက်ပါ။

(၅) Adrian Lamo

[Image: ablVOXDR.jpg]

သူကတော့ သူ့ ကိုယ်သူ ခြေသလုံးအိမ်တိုင်ဟက်ကာ ပါတဲ့။ အင်တာနက်မှာဆိုရင် Kinko ဆိုပြီးနာမည်ဝှက်သုံးပါတယ်။သူဝင်မွှေသွားတဲ့ Company တွေထဲမှာ Yahoo! ။ Bank of America ။ Citigroup ၊ Cingular တွေပါပါတယ်။ အဲဒီ Company တွေက White hat တွေငှားပြီးတော့  ထမ်းသိမ်းစောင့်ရှောက်ထားတာတောင် ၀င်မွှေသွားနိုင်တဲ့သူ့ရဲ့ အစွမ်းကတော့မသေးလှပါဘူး။ ထုံးစံအတိုင်းနောက်ဆုံးမှာအဖမ်းခံရပြီးတော့ အခုဆိုရင် ဆုရဂျာနယ်လစ်တစ်ယောက် အနေနဲ့ ဟောပြောပွဲတွေ လိုက်ပြောရင်း ဘ၀ကိုအဓိပ္ပါယ်ရှိရှိရပ်တည်နေပါတော့တယ်။

မြန်မာနိုင်ငံက ရှားပါးပုံလေးတွေ

၁၉ ရာစုနှောင်းပိုင်းမှ ရန်ကုန်မြို့ရှိ ဆူးလေဘုရား၊ရွှေတိဂုံဘုရား၊ မဟာဗန္ဓုလပန်းခြံနှင့်မြို့တော်ခန်းမတို့ကို မြင်ရပုံ( ဤဓာတ်ပုံကို ၃၄လမ်း အောက်လမ်း ယခု အမေရိကန် သံရုံးဘေးလမ်းရှိ အဆောက်အဦးတခုပေါ်မှရိုက်ကူးထားခြင်းဖြစ်နိုင်သည်)

[Image: abiWzvsP.jpg]


၁၉ ရာစုနှောင်းပိုင်းတွင် ရိုက်ကူးထားသော မော်လမြိုင်မြို့အနီးမှ ရေတံခွန်တခု —


[Image: abzeg9RF.jpg]


၁၉ ရာစုနှောင်းပိုင်းမှ ရန်ကုန်မြို့ (ဆူးလေဘုရားလမ်းအောက်လမ်း ရှိ ဘဏ်လမ်း ရှိ အဆောက်အဦးတခုပေါ်မှရိုက်ထားခြင်းဖြစ်နိုင်ပါသည်)


[Image: adwemwLW.jpg]



၁၉ရာစု နှောင်းပိုင်း ရန်ကုန်မြို့တော်ခန်းမ၊မဟာဗန္ဓုလပန်းခြံနှင့် ဧမာနွေလ ဘုရားကျောင်း(ဆူးလေဘုရားဝင်းပေါ်မှရိုက်ထားတာဖြစ်နိုင်ပြီး ဒီပုံအရဆိုရင်ဖြင့် လက်ရှိ ဧမာနွေလ ဘုရားကျောင်းဟာ ဗုံးဒဏ်ခံပြီးမှ ပြန်ဆောက်ထားသည့်လက်ရာဖြစ်နိုင်သည်။

[Image: actOc3Xb.jpg]


၁၉ရာစု နှောင်းပိုင်း ရန်ကုန်မြို့မှ ပန်းခြံတခု

[Image: adiYg1pW.jpg]


၁၉ရာစု နှောင်းပိုင်း ရန်ကုန်မြို့မှ မဟာဗန္ဓုလ ပန်းခြံလမ်းထောင့်ရှိ ဧမာနွေလ ခရစ်ယာန် ချာ့ခ်ျကျောင်း

[Image: abqnuYno.jpg]



၁၉ရာစု နှောင်းပိုင်း ရန်ကုန်မြို့မှ အသုဘ အခမ်းအနားတခု(ဘုန်းကြီးပျံ ဖြစ်နိုင်ပါသည်)

[Image: adqnCryM.jpg]


၁၉ရာစု နှောင်းပိုင်းမှ ကျိုက်ထီးရိုးဘုရား

[Image: abqgEpHJ.jpg]


၁၉၀၀ ပြည့်နှစ်မှ ရန်ကုန်မြို့ကမ်းနားလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ စာရင်းစစ်ချုပ်ရုံးကြီး(ယခု အနောက်ပိုင်းခရိုင်တရားရုံး) ဘေးမှာ အကောက်ခွန်ရုံးကြီးတောင်မပါသေးဘူးပဲ။

[Image: adeG5dUJ.jpg]


ကုန်းဘောင်ခေတ် နန်းစဉ်ရတနာများ တွင်ပါဝင်သော သီပေါမင်း အသုံးပြုခဲ့သည့် ရွှေသား အတိ ကရဝိတ် ရုပ် ကွမ်းအစ်။ ဗစ်တိုးရီးယားနဲ့ အယ်လ်ဘတ် ပြတိုက်မှာ ပြသထားလျှက်ရှိသည်။

[Image: adnWf7sF.jpg]



လန်ဒန်မြို့ ဗစ်တိုးရီးယားနဲ့ အယ်လ်ဘတ် ပြတိုက်မှာ ပြသထားသော ကုန်းဘောင်ခေတ် နန်းစဉ်ရတနာများထဲမှ ပတ္တမြားဘီး (ပါတော်မူပြီးနောက် ဘုရင်မကြီးကို ဆက်သလိုက်သည့်နန်းစဉ်ရတနာများထဲတွင် တခုအပါအဝင်ဖြစ်သည်။။မြင်နေကျ မြန်မာဟန်ပန်အတိုင်းဖြစ်သည်။ ထို ၂ ဘက်လှ သစ်သားဘီးလေးသည် ရွှေကို အပေါ်က ကပ်ထားသည်။ ပတ္တမြား နှင့် မြ ကို စီမြုပ်ပြီးအလှဆင်ထားသည်။ ဘီး၊ ဆီ( ခေါင်းလိမ်းဆီ/အလှဆီ)၊ ရေမွှေး၊ သနပ်ခါး နှင့် ဆံစု စတာတွေ ပါတတ်တဲ့ နန်းတွင်း အမျိုးသမီး တစ်ဦးရဲ့ အလှပြင်သေတ္တာ ထဲမှ တစ်ခု အပါဝင်ပါသည်။ အဖိုးတန် ရတနာ ပစ္စည်းများ နှင့် အလှဆင်ထားသော ထိုခေါင်းဘီးသည် ကုန်းဘောင် မင်းဆက် ( ၁၇၂၅-၁၈၈၅ ) မိဘုရား နှင့် မင်းမျိုးမင်းနွယ် တွေသာ သုံးနိုင်တဲ့ တော်ဝင် ပစ္စည်း တစ်ခုဖြစ်သည်။)

[Image: adeI4yg0.jpg]

၁၉၆၀ခုနှစ် ဂျူလိုင်လ၂၀ ရက်နေ့ အိန္ဒိယ နိုင်ငံဝန်ကြီးချုပ် ဂျဝါဟာလာ နေရူးနှင့်အတူတွေ့ရသော အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ခင်ကြည်

[Image: acvkXVLC.jpg]

၁၉၆၀ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့။ အိန္ဒိယ နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဝန်ကြီးချုပ်ဦးနုနှင့်ဇနီးအားအိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ခင်ကြည်တို့နှင့်အတူတွေ့ရစဉ်။

[Image: abeP4poX.jpg]

[Image: acuxfRIY.jpg]

[Image: adk645fT.jpg]

[Image: adgnltGF.jpg]

[Image: acp31jFk.jpg]

[Image: acdEuUuM.jpg]

[Image: adndcXuV.jpg]

[Image: acsQER6A.jpg]

[Image: addXuCqd.jpg]

[Image: acw5WmVO.jpg]

[Image: adnV5t6z.jpg]

[Image: acrcv5DR.jpg]

[Image: adcjVGhQ.jpg]
ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

[Image: adup8rD2.jpg]


ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါ

အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။

(1) အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်။

ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝမပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ ကိုက်လန်တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။

(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေတာ၊ ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(3) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ်။

ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။
အရိုးကျန်းမာရေးကို ကောင်းစေတဲ့အပြင် သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။

(4) ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးပါတယ်။

ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက်တို့လို အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။
ဒီအင်တီအောက်ဆီးဒင့်တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(5) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

ကိုက်လန်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ်။

ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေတဲ့ အစွမ်းရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေနိုင်ပါတယ်။

(7) အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

ကိုက်လန်မှာ ဗီတာမင်အေ များစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်။

ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်၊ ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ ရေဓာတ်ပြည့်ဝမှုတို့ကို အားပေးထောက်ပံ့နိုင်စွမ်း ရှိပါတယ်။


(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ်။

ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာကယ်လ်စီယမ် ပိုမို ပါဝင်တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်းပျော့ပျောင်းအောင်ကူညီနိုင်ပါတယ်။


(10) ကိုယ်တွင်းအဆိပ်တွေကို ကင်းစင်စေပါတယ်။

ကိုက်လန်ကို အဆိပ်ဖယ်ရှားပေးနိုင်တဲ့ အစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့
ဆာလဖာတို့ အပြည့်အဝ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်းရှိ အဆိပ်တွေကို ကင်းစင်စေပြီး
အသည်းကို ကျန်းမာစေပါတယ်။

Sep 17, 2012

ဘီလ်ဂိတ်နှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့




မိုက်ခရီုဆော့ဖ် ကုမ္မဏီပိုင်ရှင်- ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲမှာ အမြဲရှိနေတဲ့ ဘီလ်ဂိတ်ကိုတော့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။ အောက်တိုဘာ လ ၂၈ ရက်၊ ၁၉၅၅ခုနှစ်ဖွား ဝါရှင်တန်၊ Seattle မြို့သား ဖြစ်ပါတယ်။ လူသိနည်းသေးတဲ့ သူ့ရဲ့အကြောင်းအရာအချို့ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ ဘီလ်ဂိတ်ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (SAT) ရမှတ်ဟာ ၁၅၉၀ ရှိပါတယ်။ အမှတ်ပြည့်ဟာ ၁၆၀၀ ဖြစ်တဲ့အတွက် သူ့ရဲ့ အိုင်ကျူအဆင့်ဟာ ၁၇၀ မှာရှိပါတယ်။ သိုပေ့မယ့် တက္ကသိုလ်ပညာတစ်ဝက်တစ်ပျက်နဲ့ မိုက်ခရိုဆော့ဖ်ကုမ္မဏီတည်ထောင်ဖို့အတွက် ကျောင်းထွက် ခဲ့ပါတယ်။

၂။ ဘီလ်ဂိတ်ဟာ အသက် ၃၀ အရွယ်မှာ ဘီလျံနာတစ်ဦးဖြစ်လာမယ်လို့ သူ့ရဲ့ဆရာမကို ပြောကြားခဲ့ဖူး ပါတယ်။ အသက် ၃၁ နှစ်အရွယ်ကျတော့ တကယ် ဘီလျံနာတစ်ဦး ဖြစ်လာပါတယ်။

၃။ အသက် ၁၇ နှစ်မှာ သူ့ရဲ့ ပထမဆုံး ကွန်ပျူတာပရိုဂရမ် time tabling system ရေးဆွဲပြီး အမေရိကန်ဒေါ်လာ ၄၂၀၀ နဲ့ရောင်းချ ကာ ကျောင်းတက်ဖို့ စရိတ်အဖြစ် အသုံးပြုခဲ့ပါတယ်။

၎။ ဟားဗာတ် တက္ကသိုလ်မှာ ကျောင်းတက်စဉ် Altair BASIC အမည်ရ အခြေခံ Programming Language ပူးပေါင်းရေးဆွဲပြီး သူ့ရဲ့ ပထမဆုံး မိုက်ခရိုဆော့ဖ်ကုမ္မဏီထုတ်ကုန် ဖြစ်လာခဲ့ပါတယ်။

၅။ ၁၉၈၇ ခုနှစက Manhattan မှာပြုလုပ်တဲ့ Microsoft သတင်းစာရှင်းလင်းပွဲတစ်ခုမှာ Melinda French ကို စတင် တွေ့ရှိခဲ့ပြီး ၁၉၉၄ ခုနှစ် New Year နေ့မှာ လက်ထက်ခဲ့ပါတယ်။

၆။ ၂၀၀၂ ခုနှစ်က စစ်တမ်းအရ ဟောင်ကောင်နဲ့တရုတ်ပြည်မှာ တရုတ် တော်လှန်ရေး ကွန်မြူနစ်ခေါင်းဆောင် Mao Tse-tungin ထက် ဘီလ်ဂိတ်ကို ဆယ်ကျော်သက်များ ပိုမိုလေးစားအားကျ ကြပါတယ်။

၇။ ၂၀၀၇ခုနှစ် စစ်တမ်းအရ ဘီလ်ဂိတ်ရဲ့ တစ်စက္ကန့်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၅၀ ရှိပြီး တစ်ရက်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၊ တစ်နှစ်ကို ၇.၈ ဘီလျံ ရှိပါတယ်။

၈။ ဘီလ်ဂိတ်အတွက် အမေရိကန်ဒေါ်လာ ၁ ထောင်တန် ချက်လက်မှတ်ကျသွားရင် ပြန်ကောက်စရာမလိုဘူး လို့ တင်စားကြပါတယ်။ ဘာလို့လဲဆို ပြန်ကောက်ရန် ကြာချိန် ၄ စက္ကန့်အတွင်းမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ က သူ့အလိုလိုပြည့်ပြီးသား ဖြစ်ပါတယ်။
---
Ref: cybernetnews.

ယူကရိန်းနိုင်ငံမှ ကမ္ဘာ့အလေးဆုံး ဧရာမ လေယာဉ်ပျံ




ကမ္ဘာ့အလေးဆုံး လေယာဉ်ပျံလို့ စံချိန်ချိုးထားနိုင် တဲ့ လေယာဉ်ကတော့ ယူကရိန်းနိုင်ငံမှ Antonov An-225 Mriya  ဖြစ်ပါတယ်။

အတိုကောက်အနေနဲ့ An-225 လို့လည်း အများခေါ်တဲ့ ယင်းလေယာဉ်ဟာ အလေးချိန်အားဖြင့် တန် ၆၄၀ (ပေါင် ၁၄သိန်း ၁သောင်း) အလေးချိန်ရှိပါတယ်။ ယင်းလေယာဉ် ကို ၁၉၈၀နောင်းပိုင်း ဆိုဗီယက်ခေတ်က တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး ၁၉၉၁ နောင်းပိုင်း ဆိုဗီယက်ပြိုကွဲချိန် မှာတော့ ယူကရိန်းပိုင်လေယာဉ်အဖြစ် သို့ ရောက်ရှိသွားပါ တယ်။

တည်ဆောက်တဲ့ရည်ရွယ်ချက်က ဆိုဗီယက်အာကာသ အစီအစဉ်အတွက်ဖြစ်ပါတယ်။ Buran Orbiter အမည်ရ အာကာသ ဒုံးပျံနှင့် ယာဉ်များကို သယ်ဆောင်ဖို့ ရည်ရွယ်ပြီး တည်ဆောက်ထားတဲ့ ဧရာမလေယာဉ်ကြီး ဖြစ်ပါတယ်။ ပထမဆုံး ပျံသန်း နိုင်ချိန်ကတော့ ၁၉၈၈ခုနှစ် ဒီဇင်ဘာလ မှာ ဖြစ်ပါတယ်။

သူတင်ဆောင်နိုင်တဲ့ အများဆုံး ကုန်ချိန်ကတော့ အတွင်းမှာ တင်ရင် ပေါင် ၅သိန်း၅သောင်း၊ ကျော်ပေါ်မှာ တင်ဆောင် မယ်ဆိုရင် ပေါင် ၄သိန်း၎သောင်းဖြစ်ပါ တယ်။ ကျောပေါ် မှာတော့ လေယာဉ်များ၊ ဒုံးပျံများ၊ ရော့ကတ်များ တင်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

လေထဲ အမြန်ဆုံးပျံသန်းနိုင်အားကတော့ တစ်နာရီ မိုင် ၅၃၀ ဖြစ်ပါတယ်။ မြေပြင်မှာ အရှိန်ယူတဲ့ အမြန်ဆုံး Speed ကတော့ တစ်နာရီ မိုင် ၅၀၀ အထိရှိပါတယ်။ အရှည် ၂၅၇.၆ပေ၊ ဘေးတောင်ပံပါ အကျယ် ၂၉၀ပေ ၂လက်မ၊ အမြင့် ၅၉.၃ပေ၊ အထိ အတိုင်းအတာရှိပါတယ်။ အမြင့် ဆုံးမောင်နှင်း ပျံသန်းနိုင်စွမ်းကတော့ ကုန်အပြည့်တင် ချိန် မြေပြင်အထက် ပေ ၁၁၅၀၀ အထိပျံသန်းနိုင် မှာ ဖြစ်ပါတယ်။ လေယာဉ်မှူး ၆ဦး ပါဝင်မောင်းနှင်ရမယ့် ဧရာမ လေယာဉ်ဖြစ်ပါတယ်။ မြေပြင်မှာ ဆင်းသက်ဖို့ အတွက် ဘီး ၃၂ လုံးပါဝင်ပါတယ်။

လေယာဉ်ကို ပျံသန်းစေမယ့် အင်ဂျင်ကတော့ သာမန်လေ ယာဉ်များထဲကလို မဟုတ်တော့ ပဲ လေယာဉ် အင်ဂျင် Power plant အနေနဲ့ တာဘိုပန်ကာစက်ကြီး ၆လုံး တပ်ဆင်ထားပါတယ်။

နှစ်စီးဆောက်ဖို့ ရည်ရွယ်ခဲ့ပြီး ဒုတိယတစ်စီး ကတော့ နှောင့်နှေးနေပါတယ်။ ၁၉၈၈ နောင်းပိုင်း ကတည် ဆောက်ပြီး ဆိုဗီယက်ပြိုကွဲချိန်ကြောင့် တစ်ဝက် တစ်ပျက်နဲ့ စတိုခန်းထဲ သိမ်းဆည်းခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်ရောက်မှ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို ပြန်လည်စတင်ခဲ့ရပါတယ်။ ၂၀၀၆ ခုနှစ်ရောက် ချိန်မှာ ပြီးဖို့ မျော် လင့်ထားပေမယ့် ၂၀၀၉ခုနှစ်ရောက်တာတောင် မပြီးခဲ့ပါ ဘူး။ တန် ၂၅၀ တင်ဆောင်နိုင်လောက်အောင် တည်ဆောက်တိုင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ လိုအပ်တယ်လို့ ဆိုပါတယ်။

အစိုးရဘက်မှ ငွေကြေးထောက်ပံ့မှု မလုံလောက်တဲ့အတွက် တည်ဆောက်မှု နှောင့်နှေးနေတယ်လို့ သိရပါတယ်။ သို့ပေမယ့် သုံးနှစ်အတွင်း ပြီးစီးမယ်လို့ ပြောဆိုထားပြီး ယနေ့ချိန်မှာတော့ ၇၀ ရာခိုင်နှုန်းလောက်ထိ တည်ဆောက်ပြီးစီးပြီလို့ ယုံကြည့်နေကြပါတယ်။

လေယာဉ်တစ်စီးရဲ့တည်ဆောက်မှုကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်း ၃၀၀နဲ့အထက်မှာ ရှိလို့ သိရပါတယ်။ ၂၀၀၁ ခုနှစ်က ကြမ်းပြင် အနည်းငယ်ပြင်ဆင်တာတောင် အမေရိကန်ဒေါ်လာ သန်း ၂၀ ကုန်ကျခဲ့ပါတယ်။

ဒါကြောင့်သူ့ရဲ့ပျံသန်းစရိတ်ကလည်းကြီးမားပါတယ်။ လက်ရှိ ယူကရိန်း Antonov Airlines မှာ ကုန်တင်လေယာဉ် အဖြစ် စီးပွားရှာနေပြီး အမေရိကန်တပ်မတော်အတွက် အရှေ့အလယ်ပိုင်းကို ကုန်တွေ တင်ဆောင်ပေး လျက်ရှိပါ တယ်။ တစ်ခါတစ်ခါ ကုန်သယ်ဆောင်ပေးရန် ကုန်ကျစရိတ်က ယူရိုငွေ ၆သိန်း ၆သောင်းကုန်ကျပါတယ်။ ဒါကြောင့် ကမ္ဘာ့ငှားရမ်းခဈေးအကြီးဆုံးလေယာဉ်လို့လည်း စံချိန်တင်ခဲ့ပါတယ်။

ဓာတ်ပေါင်းဖိုကြီးများ၊ လေယာဉ်ပျံများ၊ တင့်ကားများကို သယ်ဆောင်ပြီးလည်း စံချိန်များချိုးဖူးပါတယ်။ ဒါကြောင့် Antonov An-225 Mriya ဟာ အခြား ဘိုးအင်းလေယာဉ်၊ Cago Aircraft များထက်ကျော်လွန်ကာ ယနေ့အချိန်အထိ ကမ္ဘာ့အလေးဆုံး လေယာဉ်အဖြစ် စံချိန်တင်ထားပါတယ်။

 လက်ရှိတည်ဆောက်နေတဲ့ ဒုတိယတစ်ခုကို ပေါ့ပါးတဲ့ ပစ္စည်းများအသုံးပြုပြီး ကမ္ဘာ့အကြီးဆုံး လေယာဉ်အဖြစ် စံချိန်တင်နိုင်အောင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
---
Ref:www.wikipedia.org.
Photo courtesy of EnglishRussia. All Rights Reserved.

Aung Kham












တိုက်တန်းနစ် ရုပ်ရှင်ရိုက်ကူးမှု မြင်ကွင်း (Behind the scenes)




တိုက်တန်းနစ်ရုပ်ရှင်ရိုက်ကူးမှုကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှ စတူဒီယိုမှာပဲ ပြုလုပ်တာ ဖြစ်ပါတယ်။ ရုပ်ရှင်အတွက် ပုံစံငယ် သင်္ဘောကို ပြန်လည်ပြုလုပ်ထားပါတယ်။


3D အနေနဲ့ ရုံတင်နိုင်ဖို့အတွက် ရက်သတ္တပတ် ၆၀ အချိန်ယူခဲ့ရပါတယ်။ 3D version အနေနဲ့ ပြောင်းလဲဖန်တီးမှုအတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၈ သန်းရှိပါတယ်။

Box office မှာ အမေရိကန်ဒေါ်လာ သန်း ၃၄၀ ကျော်ပြန်လည် ရရှိခဲ့အတွက် အောင်မြင်တဲ့ 3D ရုပ်ရှင်တစ်ခုဖြစ်ခဲ့ပါသေးတယ်။

၁၉၉၇ခုနှစ် ရိုက်ကူးစဉ်ကလည်း သင်္ဘောနှစ်မြှုပ်သော ဇာတ်ဝင်ခန်းများကို Computer Generated Imagery (CGI) နည်းပညာကိုအသုံးပြုထားခြင်း ဖြစ်ပါတယ်။ ကွန်ပျူတာ effect လို့အလွယ်တကူ ခေါ်တဲ့ နည်းပညာဟာ ၁၉၉၀ ကျော်နောင်းပိုင်းကာလများ များစွာ ထွန်းကားလာပြီး တိုက်တန်းနစ်ဟာ နည်းပညာအဆင့်မြင့်ဆုံး ရုပ်ရှင်များထဲမှာ တစ်ကားဖြစ်လာခဲ့ပါတယ်။

Ref:moviclip.
Photo courtesy of movieclip.com. All Rights Reserved.

Android ဖုန်းတွင် အသုံးပြုသော လျှို့ ဝှက်ကုဒ်များ





Android OS အသုံးပြုတဲ့ မိုဘိုင်းဖုန်းများအတွက် လျှို့ ဝှက်ကုဒ်များ ဖြစ်ပါတယ်။

1. Testsလုပ်ရန် ကုဒ်များ

*#*#0588#*#* – Proximity sensor test

*#*#2664#*#* – Touch screen test

*#*#2663#*#* – Touch screen version

*#*#0*#*#* – LCD test

*#*#0673#*#* သို့မဟုတ် *#*#0289#*#* – Melody test

*#*#0842#*#* – Device test (Vibration test and BackLight test)

*#*#3264#*#* – RAM version

*#*#0283#*#* – Packet Loopback

*#*#232331#*#*   - Bluetooth test

*#*#232337#*#   - Bluetooth device address ကိုပြခြင်း

*#*#232338#*#*  –WiFi MAC address ကိုပြန်ချင်း

*#*#1472365#*#* - GPS test

*#*#1575#*#*  - အခြား GPS test


2. Obtaining Firmware information

*#*#1234#*#* – PDA and Phone

*#*#1111#*#* – FTA SW Version

*#*#2222#*#* – FTA HW Version

*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number

*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate



3. Backup လုပ်ရန် ကုဒ်များ

*#*#273283*255*663282*#*#*    - ဖိုင်လ်များကို Backup လုပ်ရန် Menu တစ်ခုပေါ်လာမည်။


4. Service mode

*#*#197328640#*#*  - you can change settings or run tests in service mode



5.  End Call / Power button ပြောင်းလဲခြင်း

*#*#7594#*#*  


6. Reset လုပ်ခြင်း

*2767*3855#   – Factroy setting သို့ ပြန်လည် Rest လုပ်ပေးသည်။ ထို့ကြောင့် ယင်းကုဒ်ကို အသုံးပြုလျှင် file များ၊ setting များ ပြတ်ကုန်ပါမည်။
 used to reset your phone to factory settings. Be careful with it though, this option will remove files, setting etc

*#*#7780#*#*  - Factory Data reset လုပ်ခြင်း ဖြစ်သည့်အတွက် ဖုန်းထဲတွင် သိမ်းဆည်းထားသော Google Account setting များ၊ Downloa လုပ်ထားသော Application များ၊ system နှင့် application data နှင့် Setting များကို ဖျက်ဆီးလိုက်သည်။ 

7. ဖုန်း၏ information ကြည့်ရှုရန်

*#*#4636#*#*- battery information, battery history, phone information, usage statistics

အထက်ပါ ကုဒ်အားလုံးကို Android ဖုန်းတစ်လုံးတည်းတွင် အားလုံး အသုံးပြုနိုင်သည်ဟု မဆိုပါ။ Android မော်ဒယ်အလိုက် အသုံးပြုနိုင်သည့် ကုဒ်အနည်းအများ၊ အသုံးပြုပုံ အသုံးပြုနည်း အနည်းငယ် ကွာခြားနိုင်သေးသည်။ 

မိုဘိုင်း ဟန်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ



ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်

ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့-

skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား  ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin  (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။




ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်

မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။
အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း
အသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။


မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်

မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။


မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်

ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ  static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက်  လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။


မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ

မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။


ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။

အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်  မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။
---
အောင်ခမ်း 

Laptop အသုံးပြုသူများ သတိထားရန် ဆိုးကျိုးများ



ကျိုးချည်း ရေးသားတင်ဆက်နေလို့ ဘယ်အရာမှ မကောင်းပါဘူးလို့ Techspace မှ စာရေးသူက ရေးသားတင်ဆက်နေခြင်း မဟုတ်ရပါ။ ဘယ်အရာပဲ ဖြစ်ဖြစ် အကောင်းနှင့် အဆိုးများက ဒွန်တွဲနေစမြဲ ဖြစ်ပါတယ်။ ဒီတော့ နည်းပညာပစ္စည်းများရဲ့ ကောင်းတဲ့ အကျိုးကျေးဇူး တွေကတော့ လူတော်တော်များများ သိကြပြီး ဆိုးကျိုးဖြစ်လာနိုင်တဲ့ အချက်လေးတွေလည်း သိရှိရန် လိုအပ်ပါတယ်။ ဆိုးကျိုးဆိုလို့ တမင်ချဲ့ ထွင် ဆိုးစေခြင်း မဟုတ်ပဲ တကယ်ပဲ ဆေးပညာရှင်များက သေချာလေ့လာပြီး ပြောဆိုလာတဲ့ ဆိုကျိုးများ ဖြစ်ပါတယ်။ ဒီတစ်ခါ အသိပေးစရာက Laptop အသုံးပြုခြင်းမှ ရရှိတဲ့ ဆိုးကျိုး ဖြစ်ပါတယ်။

လပ်(ပ်)တော့ (Laptop)

အသုံးပြုသူများဟာ ပြည်ပမှာတင်မကပဲ ပြည်တွင်းမှာပါ Laptop အသုံးပြုသူ အရေအတွက် များပြားနေပါပြီ။ သယ်သွားသယ်လာလွယ် ကူခြင်းကြောင့်လည်း နေရာတကာမှာ Laptop user များကို တွေ့မြင်နေရပါပြီ။ Laptop အသုံးပြုပြီဆိုရင် ဖြစ်နိုင်တဲ့ ဆိုးကျိုးများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Pain in the Neck

လည်ပင်းနာကျင်ကိုက်ခဲတာကတော့  Laptop အသုံးပြုသူတိုင်း လက်တွေ့ခံစားနေရတာမို့ သိပ်ရှင်းပြန်ရန် မလိုပါလို့ ယူဆပါတယ်။ Laptop မှာ မျက်နှာပြင်နဲ့ ကီးဘုတ်က တစ်ဆက်တည်းဖြစ်ပြီး အရမ်းနီးကပ်ပါတယ်။ ဒါကြောင့် သာမန် PC တွေလိုမဟုတ်ပဲ လည်ပင်းလှုပ်ရှားမှု ဒီဂရီများပါတယ်။ အကျိုးဆက်ကတော့ လည်ပင် ကြွက်သားနဲ့ အကြောများ ကိုက်ခဲခြင်း ဖြစ်ပါတယ်။

Shoulder Cramp

ပုခုံး ကြွက်တက်ခြင်း လို့ခေါ်တဲ့ Shoulder Cramp က ခရီးသွားတိုင်း၊ အပြင်ထွက်တိုင်း Laptop အမြဲ သယ်ဆောင်သူများ ဖြစ်တတ်ပါတယ်။ လပ်တော့ရဲ့ မျက်နှာပြင် သေးငယ်မှုကြောင့် အာရုံစိုက်ကြည့်ရှုရန် ပုခုံး နှစ်ဖက် ကြွက်သားများ အလိုလို ကျုံ့ သွားကြပါတယ်။ ဒါကို တော်တော်များမျာ သတိမထားမိကြပါဘူး။ အာရုံကြောက အလိုအလျောက် အလုပ်လုပ် သွားခြင်း ဖြစ်ပါတယ်။ မျက်နှာပြင်ကျဉ်းကျဉ်းထဲက အရာတွေ ကို မြင်နိုင်အောင် မျက်စိက အာရုံစိုက်ရင်း ပုခုံးနှစ်ဖက် ကြွက်သားနဲ့ အကြောတွေ အလိုလို ရှေ့ တိုးနောက်ဆုပ် လုပ်နေကြပါတယ်။ တစ်ရက်ကို ၄၊ ၅ နာရီမက Laptop အသုံးပြုသူဆိုရင် ပုခုံးခဏခဏ တွန့်နေရမှုကြောင့် ကြွက်သားများ Compressed ဖြစ်မှုကြောင့် ပုခုံးကြွက်တတ်တတ်ပါ တယ်။ ပြီးတော့ လူအတော်များများဟာ Laptop အသုံးပြုနေချိန်မှာ ရှိရမယ့် ကိုယ်ဟန်အနေအထားကို မေ့နေကြပါတယ်။ ဒီအချက်ကြောင့်လည်း ပုခုံးဟာ တော်တော်ဒဏ်ခံရတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

Twitching and Swelling in the Fingers

Laptop ရဲ့  ကီးဘုတ်က သာမန် PC များရဲ့  ကီးဘုတ်နဲ့မတူပါ ဘူး။ သေးငယ်တဲ့ နေရာထဲမှာ အသုံးပြုလို့ အဆင်ပြေအောင် မဖြစ်ဖြစ်တဲ့နည်း နဲ့ စုစည်းထားတာ ဖြစ်ပါတယ်။ ဒီတော့ လက်ရဲ့ လုပ်ဆောင်ချက်က အခြား ကီးဘုတ်များနဲ့မတူပါဘူး။ လက်ချောင်းများရဲ့ သွားပုံသွားနည်းကလည်း အဝန်းအဝိုင်းငယ်ငယ်လေး ထဲမှာ ဝေ့ပတ်နေပါတယ်။ လက်ကောက်ဝတ် ကလည်း သာမန်အချိန်ထက် ပိုမို ကွေးဆန့် အလုပ်လုပ်နေရပါတယ်။ ဒီမှာ အလေ့အထ မရှိသူက လက်ချောင်းတိုင်းကို အားနဲ့ typing ရိုက်ရင်တော့ အကြောလွဲနိုင်ပါတယ်။

Vision Fatigue

အမြင်အာရုံကတော့ ကြိမ်းသေ ထိမှာ ဖြစ်ပါတယ်။ Laptop မျက်နှာပြင်ကျဉ်း ကျဉ်းလေးကို ကြည့်ရှုဖို့အတွက် ပိုမို အာရုံစိုက်ရပါတယ်။ ပြီးတော့ သာမန် PC တွေထက် အသုံးပြုရာမှာ မျက်နှာ နီးကပ်နေပါတယ်။ ဒီတော့ မျက်စိအာရုံကြောတွေ ပင်ပန်းနွမ်းနယ်ပြီး ဒဏ်ဖြစ်စေပါတယ်။

Spine and Nerves

ကြောရိုးနဲ့ အာရုံကြောထိခိုက်မှုကိုတော့ Laptop ကိုအချိန်ကြာအသုံးပြုသူတွေ ပိုသိရှိနိုင်ပါတယ်။ Laptop ဆိုတာ Lap (ပေါင်)ပေါ်မှာ တင်သုံးတဲ့ ကွန်ပျူတာ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ပေါင်ပေါ်မတင်ပဲ စားပွဲပေါ် တင်သုံးပါတယ်။ ဘယ်လိုပဲ သုံးသုံးပါ။ Laptop အသုံးပြုနေစဉ် အာရုံစူးစိုက်နေရမှုကြောင့် ခန္ဓာကိုယ် ကိုယ်ဟန် အနေအထား သိသိသာသာပြောင်းလဲသွားပါတယ်။ အထူးသဖြင့် ခါးမတ်ဖို့ မေ့တတ်ကြ ပါတယ်။ ခါးမတ်ရင်တော့ လည်ပင်းမတ်ဖို့မေ့ပါတယ်။ လည်ပင်ရော၊ ခါးကော၊ ကျောရိုးကော ပုံမှန် ကိုယ်ဟန် အနေအထား မရှိဘူးဆို ရင်တော့ ကြောရိုးနဲ့ အာရုံကြောကို ထိခိုက်ဖို့က ကြိမ်းသေနေပါပြီ။

The Hot Laps

ဒါကတော့ Laptop ကို ပေါင်ပေါ်တင်အသုံးပြုသူများမှသာ ဖြစ်တတ်ပါတယ်။ Laptop ဘက်ထရီက အပူတွေ ထုတ်လွတ်နေပါတယ်။ မနားမနေအလုပ် လုပ်ရတဲ့ ဘက်ထရီက ထုတ်တဲ့အပူချိန်ဟာ မနည်းပါဘူး။ ဒါကို ဂရုမပြုမိ ပဲ ပေါင်ပေါ်တင်သုံးသူများ အနေနဲ့ အသား ကြိမ်းစပ်ခြင်း၊ အရည်ကြည်ဖူ ထခြင်း တို့ ဖြစ်နိုင်ပါတယ်။

R.S.I. ( Repetitive Strain Injury)

လည်ပင်း၊ ပုခုံး၊ ကြောရိုး၊ အာရုံကြော၊ လက်ချောင်း တို့အပြင် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေနာကျင်မှုဟာ တစ်ကြိမ်တစ်ခါ ဖြစ်ပြီး မပြီးဆုံးပါ ဘူး။ Laptop ကိုအချိန်နာရီအတော်ကြာ ထပ်ခါထပ်ခါ အသုံးပြုနေ သူများအတွက် နာကျင်မှုကို ထပ်ခါထပ်ခါ ပြလုပ်ခြင်းနဲ့တူပါတယ်။ ဒါကြောင် laptop အသုံးမပြုတော့တဲ့ အချိန်မှာတောင် ဒီနာကျင်မှုတွေက ရှိနေတတ်ပြီး အသက်အရွယ်ကြီးလာတဲအချိန်ကျရင် ကြိမ်းသေ ခံစားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် Laptop ကို တစ်ရက် ၄/၅ နာရီအထက် အသုံးပြုသူများ ပိုမို သတိထားရန် လိုအပ်ပါတယ်။ ဒါကြောင့် Laptop အသုံးပြုလျှင် သိသင့်သော ကျန်းမာရေးအချက်အလက်များကို ဆက်လက်မျှဝေလိုပါတယ်။ Site effect နည်းနည်းနဲ့ Laptop တစ်လုံးကောင်းကောင်း အသုံပြုနိုင်ရန် ဆောင်ရန်ရှောင် ရန်များကို အောက်ပါ လခ့်မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ 

Laptop ကို ကျန်းမာရေးညီညွတ်စွာ အသုံးပြုရန် နည်းလမ်း





Laptop အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးကို စာဖတ်သူတို့ သိရှိနားလည်သွားပြီလို့ ယူဆပါတယ်။ ဒါကြောင့် ယင်းဆိုးကျိုးများကို ရှောင်ရှားဖို့အတွက် Laptop ဘယ်လိုအသုံးပြုရမယ်ဆိုတာ အောက်ပါအတိုင်း မျှဝေလိုက်ပါတယ်။

Get a Large Screen

Laptop ဝယ်တော့မယ်ဆိုရင် မျက်နှာပြင်ခပ်ကျယ်ကျယ်ကို ရွေးချယ်ဝယ်ယူရန် လိုအပ်ပါတယ်။ ဒါမှာ အာရုံကြောတို့ရဲ့ စူးစိုက် အလုပ်လုပ်ရမှုကို လျော့နည်းစေပါတယ်။ အကယ်၍ မျက်နှာပြင်ခပ်သေးသေး၊ သယ်သွားသယ်လာအဆင်ပြေတာမျိုးကိုပဲ လိုလားတယ်ဆိုရင်လည်း font size ကြီးကြီး အသုံးပြုရပါမယ်။ ဖန်သားမျက်နှာပြင်ထဲကအရာတွေကို အလွယ်တကူ ကြည့်လို့ မြင်နိုင်အောင် ပြုလုပ်ထားရပါမယ်။ ဥပမာ- စာလုံးတွေကအစ ဆိုက်ကြီးအောင် ပြောင်းလဲထားရမှာ ဖြစ်ပါတယ်။

Use a Separate Mouse

Laptop မှာပါတဲ့ မော့က်စ်က အသုံးပြုလို့အဆင်မပြေပါဘူး။ နေရာအကုန်အကျနည်းအောင် အဆင်ပြေသလို မဖြစ်ဖြစ်အောင် ထည့်ပေးထားတာ ဖြစ်ပါတယ်။ လက်ရဲ့ ရွှေ့လျားမှုက ပုံမှန်မဟုတ်တဲ့အတွက် လက်ကောကဝတ်ကို နာကျင်/အကြောလွဲ စေပါတယ်။ ဒါကြောင့် သီးခြား မောက်စ် တစ်လုံးဝယ်သုံးခြင်းဖြင့် လက်ကောက်ဝတ်နာကျင်မှုကို ရှောင်းရှားနိုင်စေပါတယ်။

Level to the Eye

Laptop ရဲ့ ဖန်သားမျက်နှာပြင်ကို မျက်လုံးနဲ့ တည့်အောင်ချိန်ပေးရမယ်။ ဘယ်ထောင့်၊ ဘယ် Angle ရှိရမယ်လို့ မတိုက်တွန်းလိုပါဘူး။ အသုံးပြုသူက အလွယ်တကူ လည်ပါင်း၊ ခေါင်း အများကြီး လှုပ်ရှားစရာမလိုပဲ ကြည့်နိုင်မြင်နိုင်တဲ့ Level မှာထားရပါမယ်။

Use a Separate Keyboard

Laptop မှာ ပါဝင်တဲ့ ကီးဘုတ်က Screen နဲ့အရမ်းနီးကပ်ပါတယ်။ ဒီတော့ ဆိုးကျိုးက မျက်လုံး အမြင် အာရုံကို ထိခိုက်စေပါတယ်။ သာမန် PC တစ်လုံးအသုံးပြုသူများထက် ပိုဆိုးပါတယ်။ ဒါကြောင့် Laptop အသုံးပြုသူ အနေနဲ့ သီးခြား extension ကီးဘုတ်တစ်လုံး ဝယ်တတ်ပြီး သုံးစေချင်ပါတယ်။ ဈေးနှုန်းလည်း သိပ်မကြီးပါဘူး။ သို့ပေမယ့် သယ်သွားသယ်လာရအဆင်မပြေဘူး။ သုံးဖို့အဆင်ပြေဘူးဆိုရင်လည်း Screen နဲ့သိပ်မနီးကပ်စေဖို့ အထူးသတိထားရပါမယ်။ လက်ဖျံကို ဆန့်တန်းလို့ရလောက်ထိ ဝေးကွာစေဖို့ တိုက်တွန်းထားပါတယ်။

Take a Break

Laptop အသုံးပြုသူများအနေနဲ့ ၂ နာရီကြာတိုင်း ခဏအနားယူရပါမယ်။ ပြီးတော့ နာရီဝက်ကြာတိုင်း မျက်လုံးကို ဖန်သားပြင်ရဲ့ အပြင်ဘက် ရှုခင်းဖြစ်ဖြစ်၊ ဝေးကွာတဲ့ နေရာတစ်ခုခုကို ကြည့်ရှုရပါမယ်။ ခေတ္တအနားယူပြီး အညောင်းပြေအညာပြေ မိနစ်ပိုင်းထ လမ်းလျှောက်ခြင်းကလည်း ကြွက်သားတွေထုံထိုင်း နာကျင်မှုမှ ကင်းဝေးသည့်အပြင် စိတ်ဖိအားလည်း ကျဆင်းပါတယ်။

Recline Slightly

အထက်ပါအချက်များထဲကအတိုင်း သီးခြား ကီးဘုတ်၊ သီးခြား မောက်စ် အသုံးမပြုနိုင်ဘူး။ အသုံးမပြုချင်ဘူးဆိုရင် နောက်တစ်နည်းနဲ့ ရှောင်ရှားနိုင်ပါတယ်။ ဒါကတော့ ကိုယ်ဟန်အနေအထားမှန်တဲ့ ထိုင်ခုံမှာ ထိုင်၍ အသုံးပြုခြင်း ဖြစ်ပါတယ်။ အာရုံစိုက်နေမှုက သတိထားပြီး ခုံရဲ့ ကိုယ်ဟန်အတိုင်း ထိုင်နိုင်အောင် ကြိုးစားရပါမယ်။ ပြီးတော့ ခါးနဲ့ ကြော ညောင်းလာပြီဆိုရင် မြေပြင်ညီ ကြမ်းပြင်/ ဆိုဖာတို့ မှာ ကျောခင်းပြီး အကြောဆန့်ခြင်း ပြုလုပ်ရန် လိုအပ်ပါတယ်။ ပုံမှန် သုံးနေရင်း ခဏနားတဲ့အခါ ထိုင်နေရင်း အကြောဆန့်တာမျိုးကလည်း အညောင်းသက်သာစေပါတယ်။

အထက်ပါအချက်များအတိုင်း လုပ်ဆောင်သွားရင်တော့ Laptop အသုံးပြုရာမှာဖြစ်နိုင်တဲ့ ဆိုးကျိုးများကို အနည်းနဲ့အများ ကာကွယ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။