Jun 30, 2012

လက်မထပ်ခင် သွေးအုပ်စု တည့်-မတည့် သိဖို့အရေးကြီး




• Blood group match for marriage is unnecessary အဲလိုစစ်နေဘို့ မလိုအပ်လှပါ။ ကျန်းမာရေး အယူအဆ နှစ်မျိုးလုံး တွေ့နိုင်ပါတယ်။

အရေးကြီးတယ်ဆိုတာ Rh incompatibility မတူဖြစ်မှာကို တားဘို့အတွက် ဖြစ်တယ်။
မသိဘဲ အိမ်ထောင်ကျလို့ ကိုယ်ဝန်ရတဲ့အခါ ကလေးမှာ Hemolytic disease of the
newborn-HDN ဆိုတာ ဖြစ်နိုင်တယ်။ Erythroblastosis fetalis လို့လဲခေါ်တယ်။
Antigen-antibodies reaction ခေါ်တဲ့ ဓါတ်ပြုမှုကြောင့် ဖြစ်ရတယ်။ Maternal
antibodies မိခင်ရဲ့ (အင်တီဘော်ဒီ) တွေက Placenta အချင်း ကတဆင့် ကလေးဆီ
ကူးလာတယ်။

မိခင်ဟာ Rh negative မဖြစ်ရင် ဘာမှ စိုးရိမ်စရာ မရှိပါ။
Rh -ve ဆိုတဲ့သဘောက သူ့ရဲ့ cells သွေးနီဥတွေ မျက်နှာပြင်မှာ D antigen
ဒါမှမဟုတ် Rh factor မရှိတာ ဖြစ်တယ်။ မိန်းမက RH-ve နဲ့ ယောက်ျားက RH+ve
ဖြစ်နေရင် သူတို့ကနေမွေးမဲ့ကလေးဟာ RH+ve ဖြစ်ဘို့ အခွင့်အလမ်း ၅ဝ%
ရှိနိုင်တယ်။ အဲလို ဖြစ်နေမှ ပြဿနာတက်မယ်။ ကလေးရဲ့သွေးနဲ့ မိခင်သွေးတွေ
အမျိုးမတူကြဘူး။

မွေးလာတဲ့ကလေးမှာ Erythroblastosis fetalis
ရောဂါရမယ်ဆိုရင် Exchange transfusion သွေးလဲတာ လုပ်ရတယ်။ Hemolytic
disease of the newborn မွေးစကလေးမှာ ဒီရောဂါဖြစ်မှာကို Intrauterine
transfusion ဗိုက်ထဲကတည်းက သွေးလဲတာနဲ့ ကုနိုင်သေးတယ်။ Direct antiglobulin
test (DAT, Direct Coomb's test ) စမ်းသပ်နည်းနဲ့ HDN ရှိ-မရှိစစ်ဆေးတယ်။
ဒါ့ကြောင့် လက်မထပ်ခင် သွေးအုပ်စု တည့်-မတည့် သိဘို့ အရေးမကြီးဘူး
ပြောတာဖြစ်တယ်။

Maternal Risks မိခင်မှာ ဘာဖြစ်နိုင်သလဲ


• Rh
negative မိခင်ကနေ Rh positive ကိုယ်ဝန်ကို ဆောင်နိုင်တယ်။ အဲဒီအခြေအနေမှာ
မိခင်ရဲ့ Immune system ရောဂါပြီး စနစ်ကနေ ကလေးရဲ့ Rh positive red blood
cells သွေးနီဥတွေကို ရန်သူလိုသဘောထားလိမ့်မယ်။ ဒါကြောင့် မိခင်ရဲ့သွေးထဲမှာ
ဒါကိုဆန့်ကျင်တဲ့ Antibodies တွေထွက်လာပြီး တိုက်ခိုက်လိမ့်မယ်။
Sensitization ယဉ်ပါးအောင်လုပ်တာလို့ ဆေးစာနဲ့ခေါ်တယ်။
• ပထမကိုယ်ဝန်မှာ
မဆိုးတာများတယ်။ ဒုတိယကလေးဆိုရင် RH+ve ဖြစ်ဘို့ ၂၅-၅ဝ% ရှိတယ်။ ပထမ
ကိုယ်ဝန်ဆောင်တုံးက သွေးထဲမှာ ဖြစ်နေခဲ့ပြီးသား Antibodies တွေဟာ
များနေပြီမို့ ဒုတိကိုယ်ဝန်ဖြစ်နေတဲ့ အထဲက ကလေးကို ဆိုးဆိုးဝါးဝါး
တိုက်ခိုက်တော့မယ်။
• Rh negative မိခင်မှာ Miscarriage
ကိုယ်ဝန်ပျက်တာ၊ Ectopic pregnancy သားအိမ်ပြင်ပသန္ဓေတည်တာ၊ Induced
abortion ကိုယ်ဝန်ဖျက်တာတွေကနေ ကလေးရဲ့သွေးကလဲ အချင်းကတဆင့်
မအေဆီရောက်နိုင်လို့ မအေမှာ Sensitization ဖြစ်မယ်။
• ကိုယ်ဝန်ရင့်ချိန်မှာ Amniocentesis ရေမြွာရည် ဖေါက်ယူ စစ်ဆေးလို့လဲ နဲနဲဖြစ်နိုင်သေးတယ်။

Risks to the baby ကလေးအတွက် အန္ကရာယ်တွေ


• မိခင်ရဲ့ ဆန့်ကျင်တဲ့ Antibodies တွေကတိုက်ခိုက်ခံရတော့ သွေးနီဥတွေ
နည်းပါးလို့ (Anemia) သွေးအားနည်းမယ်၊(Jaundice) အသားဝါရောဂါရမယ်၊ (Mental
retardation ) ဦးနှောက်ညံ့မယ်၊ ကြာရင်( Heart failure) နှလုံးရောဂါရမယ်။

သွေးအား အလွန်နည်းတာနဲ့ အသားဝါ အလွန်ဆိုးတာ ခံစားရမယ်။ ဒီ Jaundice
အသားဝါဖြစ်တာက Physiological jaundice ကလေးတိုင်း ဖြစ်တဲ့ အသားဝါထက်
ဆိုးတယ်။
• ဗိုက်ထဲမှာတင် သေနိုင်တယ်။ မွေးပြီး မကြာခင်လဲ သေနိုင်တယ်။ Hemolytic Disease of the Newborn ရောဂါလို့ ခေါ်တယ်။

Rhogam ဆေး နဲ့ ကိုယ်ဝန်


Rh negative pregnancy ကိုယ်ဝန်ဆောင်ကို Rhogam ဆေး IM ထိုးပေးရတယ်။
Anti-D globulin (RhoGAM) ဆေးပေးရင် Rh negative မိခင်လောင်း ၉၉% မှာ
Anti-Rh antibodies တွေ ဖြစ်မလာစေနိုင်ဘူး။ ကိုယ်ဝန် ၂၈ ပါတ်မှာ နဲ့
မွေးပြီး ၇၂ နာရီအတွင်း ပေးတယ်။ ဒီလိုနည်းတွေ ပေါ်လာလို့ ကနေ့ခေတ်မှာ
Erythroblastosis fetalis ရောဂါ နည်းလာနေပြီဖြစ်တယ်။

Rh-ve
ဖြစ်သူအရေအတွက် နည်းပါတယ်။ Rh-ve factor ရှိသူအချင်ချင်း အိမ်ထောင်ပြုတာ
ဘာမှ စိုးရိမ်စရာမရှိပါ။ ABO blood types (A, B, AB, O) အေ-ဘီ-အို
သွေးအုပ်စု မတူသူတွေ လက်ထပ်လို့ ဘာမှမဖြစ်ပါ။ လက်မထပ်ခင်၊ ကလေးမယူခင် HIV
နဲ့ Hepatitis B တွေ စစ်ဆေးတာက ပိုလိုသေးတယ်လို့ ဆိုနိုင်တယ်။

စာရေးသူကိုမသိသောကြောင့် အမည်မဖော်ပြလိုက်ပါ........ 

ကျန်းမာရေးဗဟုသုတအနေနဲ့ တင်ပြလိုက်တာပါ။  နောက်တစ်ခုက ပုံလေးတင်ပေးလိုက်ပါတယ်။ မည့်သို့သောသွေးအုပ်စုတွေက တခြားသွေးအုပ်စုတွေကို အစားသွင်းလို့ရတယ်ဆိုတာရယ်၊ မိခင်သွေးနဲ့ ဖခင်သွေးပေါင်းရင် ကလေးသွေးက ဘာဖြစ်တယ်ဆိုတာကို ပြထားတဲ့ ဇယားလေးပါ။


အားလုံးကိုလေးစားလျက်.....