Oct 4, 2012

နာမည်ကြီး Black Hat Hacker (၅) ယောက်

[Image: adjTr5od.jpg]

နည်းပညာလောကမှာ ထင်ရှားကျော်ကြားတဲ့သူတွေ အများကြီးရှိပါတယ်။ တစ်ချို့က နာမည်ကောင်းနဲ့   ကျော်ကြားသလိုတစ်ချို့ကြတော့လည်း နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ Hacker ဆိုတာကို အဓိပ္ပါယ်ဖွင့်ကြတာတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ လွယ်လွယ်ပြောရရင် Hacker ဆိုတာ နည်းပညာကို ရူးရူးမူးမူးလေ့လာတဲ့ သူတစ်ယောက်ပါပဲ။ တစ်ခုခုကို အတွင်းကျကျ ထိုးထွင်းသိ့မြင်လာအောင် တစိုက်မက်မက် အရူးအမူးလေ့လာတဲ့ လူမျိုးတွေပါ။ Hacker တွေက သူတို့ကို သူတို့တော့ ငါက Hacker တစ်ယောက်ပါလို့   အော် ကျယ်အော်ကျယ် မလုပ်ပါဘူး။ သူတို့အတွက် အကျိုးမမြတ်မရရှိနိုင်တဲ့ အလုပ်တစ်ခုကို အချိန်ကုန်ခံပြီးမလုပ်ပါဘူး။

အခု ကမ္ဘာပေါ်မှာ နာမည်ကြီး Black Hat Hacker တွေထဲကထိပ်တန်း Hacker (၅) ယောက်ကို ဗဟုသုတ အဖြစ်ဖေါ်ပြပေးလိုက်ပါတယ်။

(၁) Gary Mckinnon


[Image: acl1z38S.jpg]

Gary Mckinnon ကို 1966 ခုနှစ် February 10 ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ယခု အသက် 46 နှစ်အရွယ်ရှိနေတဲ့ Mckinon ဟာအမေရိကန် နိုင်ငံရဲ့ အကြီးမားဆုံး စစ်တပ်မတော်က Computer တွေကိုအချိန်တိုင်းအလွတ်မပေးခဲ့တဲ့BlackHackerတစ်ယောက်အဖြစ် ကြေငြာခဲ့ခြင်း ခံခဲ့ရပါတယ်။ Gary Mckinnon ဟာ NASA နဲ့ Pentagon ရဲ့ Security System တွေကို
အကြီးမားဆုံး ချိန်းခြောက် နိုင်ခဲ့တဲ့သူတစ်ယောက်ပါ။ NASA နဲ့ Pentagon ကလဲ သူ့ကို အကြီးမားဆုံး Balck Hackerတစ်ယောက်အဖြစ် သက်မှတ်ခဲ့ပါတယ်။ နောက်ဆုံး သူ့ရဲ့ နာမည်ကိုတော့ Hacker’s Community တစ်ခုကနေ ရရှိခဲ့ပါတယ်။
Mckinnonဟာတစ်ချိန်းတည်းမှာComputer ပေါင်း97လုံးကိုတရားမ၀င် နှောက်ယှက်ဖျက်စီးခဲ့ပါတယ်။ စီးပွားရေးရှု့ထောင့်ကကြည့်မယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာ $700,000 ကို ဆုံးရှုံး နစ်နာ စေခဲ့ပါတယ်။


(၂) Robert Tappan Morris

[Image: adibg1QX.jpg]

သူကတော့ ပထမဆုံးသော Internet Worm ကို ရေးသားသူတစ်ယောက်ပါ။ မော်ရစ် ဟာ Cornell မှာ ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီ ကျောင်းမှာပဲ သူဟာ ပထမဆုံးသော Internet Worm အတွက် Codes ရေးသားခဲ့တာပါ။အဲဒီတုန်းက သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အင်တာနက် ကမ္ဘာဟာ ဘယ်လောက်တောင် ကြီးမား ကျယ်ပြန့်လဲဆိုတာကို သိ့ချင်တဲ့ဆန္ဒတစ်ခုတည်းနဲ့ အဲဒီWormကိုရေးသားခဲ့တယ်လို့ဆိုပါတယ်။ မော်ရစ် ရေးသားဖြန့်ချီလိုက်တဲ့ Internet Worm ဟာInternet Speed ကို နှေးကွေးစေခဲ့ပြီး System ကိုလည်း မတည်မငြိမ် ဖြစ်စေခဲ့ပါတယ်။ Computer အလုံးရေဘယ်လောက်ထိ ပြန့်နှံ့သွားသလဲ ဆိုတာကို တိတိကျကျ မသိ့ခဲ့ပေမဲ့ ပညာရှင်တွေရဲ့ ခန့်မှန်းမှု အရတော့ System 6000ပတ်ဝန်းကျင်လောက်ကို  ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။ မော်ရစ် ဟာ 3 နှစ် အကျဉ်းချခံထားခြင်း ခံခဲ့ရပြီး အမေရိကန် ဒေါ်လာ $10,500 ဒဏ်ရိုက်ခံခဲ့ရပါတယ်။ အခုအချိန်မှာတော့ သူဟာ Massachusetts institute of technology, computer science နဲ့artificial intelligence laboratory တို့မှာ Professor တစ်ယောက်ဖြစ်နေပါပြီ။ မော်ရစ်ဟာ 1986 ခုနှစ် Computer လိမ်လည် လှည့်ဖျားမှုနဲ့ မတရားပြုမှု လုပ်ဆောင်မှုများရဲ့ အောက်မှာ ပထမဆုံးတရားစွဲခံခဲ့ရတဲ့သူ တစ်ယောက်ဖြစ်ခဲ့ပါတယ်။

(၃) Kevin David Mitnick

[Image: abmVeBhh.jpg]

သူကတော့ Computer Security အတိုင်ပင်ခံ ပုဂ္ဂိုလ်တစ်ယောက်နဲ့ စာရေးဆရာ တစ်ယောက်ပါ။ ဒါပေမဲ့ သူဟာ ပြဿနာ အမြောက်အများအတွက် စွပ်စွဲခံခဲ့ရတဲ့ Hacker တစ်ယောက် ဖြစ်ခဲ့ပါတယ်။ အာဏာပိုင်တွေဝုန်းဒိုင်းကြဲခေါင်းခြောက်ပြီးလိုက်ဖမ်းခဲ့ရတာပေါ့။ တရားရေးရာဌာနက သူ့ ကို " အမေရိကန်သမိုင်းတွင်ကွန်ပျူတာပြစ်မူ့ ဖြင့်အလိုအပ်ဆုံးလူ"အဖြစ်ထုတ်ပြန်ခဲ့ရတဲ့အထိပါ။ Kevin ဟာ နည်းပညာရဲ့ ထိပ်တန်းဝင် ကုမ္မဏီတွေ ဖြစ်တဲ့ Nokia, Motorola, Fujitsu Siemens နဲ့ sun Microsystems တို့လို ကုမ္မဏီမျိုးတွေကို ကြေက်လန့်စေခဲ့တဲ့ သူတစ်ယောက်ပါ။ Kevin ဟာ DEC System ရဲ့ SourceCode တွေကိုကြည့်ရှုဖို့အတွက် Los Angeles bus transfer system ကို Hack ခဲ့သူတစ်ယောက်ပါ။ Computer သင်ကြားရေးအဖွဲ့အစည်းတစ်ခုရဲ့ IBM minicomputers တွေကိုလဲ Full Administration ပြုလုပ်နိုင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

(၄) Jonathan James mes

[Image: adxizntZ.jpg]

Jonathan James mesကတော့ ငယ်ငယ်ကတည်းက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ လူတစ်ယောက်ပါ။ အင်တာဗျူးတစ်ခု မှာသူပြောတာကကျွန်တော်က ၀န်းကျင်ကိုကြည့်တယ်။ ကစားရမှာကိုကြည့်တယ် တစ်ခုခုဟာ ကျွန်တော့်ကိုစိန်ခေါ်နေသလိုဖြစ်နေရင် ကျွန်တော်ကအစဆွဲထုတ် လိုက်တော့တာပဲ" တဲ့။သူ 16 နှစ်သားအရွယ် 1999 ခုနှစ်မှာ comrade ဆိုတဲ့ နာမည်ကို အသုံးပြုခဲ့ပြီး department of defense ရဲ့ Server ကို တိုက်ခိုက်ဖျက်စီးခဲ့တဲ့Hacker တစ်ယောက်ဖြစ်ပါတယ်။သူဟာ NSA အဖွဲ့အစည်းကိုလဲ   နှောက်ယှက်ခဲ့သူ တစ်ယောက်ပါ။ NASA ရဲ့Programတွေကို သူတက်ထားတဲ့ C နဲ့ပဲ Code တွေကို Download လုပ်ယူခဲ့တာပါတဲ့။ဂျိမ်းစ်ကအမှု့ ရင်ဆိုင်နေတုန်း ပြောသွားတဲ့စကားကတော့ "ခင်ဗျားတို့ Code ကြီးကတုန်းလွန်းပါတယ်ဗျာ ဘယ်က 1.7သန်းတန်မှာလဲ" တဲ့လေ။ နောက်ပိုင်းမှာတော့ သူ့ကို Stealing softwares of NASA နဲ့ DoD တို့က ကြောက်စရာ ကောင်းတဲ့ Hackerတစ်ယောက်အဖြစ် သက်မှတ်ခြင်း ခံခဲ့ရတဲ့ သူတစ်ယောက်ပါ။

(၅) Adrian Lamo

[Image: ablVOXDR.jpg]

သူကတော့ သူ့ ကိုယ်သူ ခြေသလုံးအိမ်တိုင်ဟက်ကာ ပါတဲ့။ အင်တာနက်မှာဆိုရင် Kinko ဆိုပြီးနာမည်ဝှက်သုံးပါတယ်။သူဝင်မွှေသွားတဲ့ Company တွေထဲမှာ Yahoo! ။ Bank of America ။ Citigroup ၊ Cingular တွေပါပါတယ်။ အဲဒီ Company တွေက White hat တွေငှားပြီးတော့  ထမ်းသိမ်းစောင့်ရှောက်ထားတာတောင် ၀င်မွှေသွားနိုင်တဲ့သူ့ရဲ့ အစွမ်းကတော့မသေးလှပါဘူး။ ထုံးစံအတိုင်းနောက်ဆုံးမှာအဖမ်းခံရပြီးတော့ အခုဆိုရင် ဆုရဂျာနယ်လစ်တစ်ယောက် အနေနဲ့ ဟောပြောပွဲတွေ လိုက်ပြောရင်း ဘ၀ကိုအဓိပ္ပါယ်ရှိရှိရပ်တည်နေပါတော့တယ်။