Sep 17, 2012

Android ဖုန်းတွင် အသုံးပြုသော လျှို့ ဝှက်ကုဒ်များ





Android OS အသုံးပြုတဲ့ မိုဘိုင်းဖုန်းများအတွက် လျှို့ ဝှက်ကုဒ်များ ဖြစ်ပါတယ်။

1. Testsလုပ်ရန် ကုဒ်များ

*#*#0588#*#* – Proximity sensor test

*#*#2664#*#* – Touch screen test

*#*#2663#*#* – Touch screen version

*#*#0*#*#* – LCD test

*#*#0673#*#* သို့မဟုတ် *#*#0289#*#* – Melody test

*#*#0842#*#* – Device test (Vibration test and BackLight test)

*#*#3264#*#* – RAM version

*#*#0283#*#* – Packet Loopback

*#*#232331#*#*   - Bluetooth test

*#*#232337#*#   - Bluetooth device address ကိုပြခြင်း

*#*#232338#*#*  –WiFi MAC address ကိုပြန်ချင်း

*#*#1472365#*#* - GPS test

*#*#1575#*#*  - အခြား GPS test


2. Obtaining Firmware information

*#*#1234#*#* – PDA and Phone

*#*#1111#*#* – FTA SW Version

*#*#2222#*#* – FTA HW Version

*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number

*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate



3. Backup လုပ်ရန် ကုဒ်များ

*#*#273283*255*663282*#*#*    - ဖိုင်လ်များကို Backup လုပ်ရန် Menu တစ်ခုပေါ်လာမည်။


4. Service mode

*#*#197328640#*#*  - you can change settings or run tests in service mode



5.  End Call / Power button ပြောင်းလဲခြင်း

*#*#7594#*#*  


6. Reset လုပ်ခြင်း

*2767*3855#   – Factroy setting သို့ ပြန်လည် Rest လုပ်ပေးသည်။ ထို့ကြောင့် ယင်းကုဒ်ကို အသုံးပြုလျှင် file များ၊ setting များ ပြတ်ကုန်ပါမည်။
 used to reset your phone to factory settings. Be careful with it though, this option will remove files, setting etc

*#*#7780#*#*  - Factory Data reset လုပ်ခြင်း ဖြစ်သည့်အတွက် ဖုန်းထဲတွင် သိမ်းဆည်းထားသော Google Account setting များ၊ Downloa လုပ်ထားသော Application များ၊ system နှင့် application data နှင့် Setting များကို ဖျက်ဆီးလိုက်သည်။ 

7. ဖုန်း၏ information ကြည့်ရှုရန်

*#*#4636#*#*- battery information, battery history, phone information, usage statistics

အထက်ပါ ကုဒ်အားလုံးကို Android ဖုန်းတစ်လုံးတည်းတွင် အားလုံး အသုံးပြုနိုင်သည်ဟု မဆိုပါ။ Android မော်ဒယ်အလိုက် အသုံးပြုနိုင်သည့် ကုဒ်အနည်းအများ၊ အသုံးပြုပုံ အသုံးပြုနည်း အနည်းငယ် ကွာခြားနိုင်သေးသည်။ 

မိုဘိုင်း ဟန်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ



ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်

ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့-

skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား  ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin  (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။




ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်

မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။
အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း
အသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။


မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်

မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။


မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်

ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ  static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက်  လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။


မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ

မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။


ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။

အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်  မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။
---
အောင်ခမ်း 

Laptop အသုံးပြုသူများ သတိထားရန် ဆိုးကျိုးများ



ကျိုးချည်း ရေးသားတင်ဆက်နေလို့ ဘယ်အရာမှ မကောင်းပါဘူးလို့ Techspace မှ စာရေးသူက ရေးသားတင်ဆက်နေခြင်း မဟုတ်ရပါ။ ဘယ်အရာပဲ ဖြစ်ဖြစ် အကောင်းနှင့် အဆိုးများက ဒွန်တွဲနေစမြဲ ဖြစ်ပါတယ်။ ဒီတော့ နည်းပညာပစ္စည်းများရဲ့ ကောင်းတဲ့ အကျိုးကျေးဇူး တွေကတော့ လူတော်တော်များများ သိကြပြီး ဆိုးကျိုးဖြစ်လာနိုင်တဲ့ အချက်လေးတွေလည်း သိရှိရန် လိုအပ်ပါတယ်။ ဆိုးကျိုးဆိုလို့ တမင်ချဲ့ ထွင် ဆိုးစေခြင်း မဟုတ်ပဲ တကယ်ပဲ ဆေးပညာရှင်များက သေချာလေ့လာပြီး ပြောဆိုလာတဲ့ ဆိုကျိုးများ ဖြစ်ပါတယ်။ ဒီတစ်ခါ အသိပေးစရာက Laptop အသုံးပြုခြင်းမှ ရရှိတဲ့ ဆိုးကျိုး ဖြစ်ပါတယ်။

လပ်(ပ်)တော့ (Laptop)

အသုံးပြုသူများဟာ ပြည်ပမှာတင်မကပဲ ပြည်တွင်းမှာပါ Laptop အသုံးပြုသူ အရေအတွက် များပြားနေပါပြီ။ သယ်သွားသယ်လာလွယ် ကူခြင်းကြောင့်လည်း နေရာတကာမှာ Laptop user များကို တွေ့မြင်နေရပါပြီ။ Laptop အသုံးပြုပြီဆိုရင် ဖြစ်နိုင်တဲ့ ဆိုးကျိုးများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Pain in the Neck

လည်ပင်းနာကျင်ကိုက်ခဲတာကတော့  Laptop အသုံးပြုသူတိုင်း လက်တွေ့ခံစားနေရတာမို့ သိပ်ရှင်းပြန်ရန် မလိုပါလို့ ယူဆပါတယ်။ Laptop မှာ မျက်နှာပြင်နဲ့ ကီးဘုတ်က တစ်ဆက်တည်းဖြစ်ပြီး အရမ်းနီးကပ်ပါတယ်။ ဒါကြောင့် သာမန် PC တွေလိုမဟုတ်ပဲ လည်ပင်းလှုပ်ရှားမှု ဒီဂရီများပါတယ်။ အကျိုးဆက်ကတော့ လည်ပင် ကြွက်သားနဲ့ အကြောများ ကိုက်ခဲခြင်း ဖြစ်ပါတယ်။

Shoulder Cramp

ပုခုံး ကြွက်တက်ခြင်း လို့ခေါ်တဲ့ Shoulder Cramp က ခရီးသွားတိုင်း၊ အပြင်ထွက်တိုင်း Laptop အမြဲ သယ်ဆောင်သူများ ဖြစ်တတ်ပါတယ်။ လပ်တော့ရဲ့ မျက်နှာပြင် သေးငယ်မှုကြောင့် အာရုံစိုက်ကြည့်ရှုရန် ပုခုံး နှစ်ဖက် ကြွက်သားများ အလိုလို ကျုံ့ သွားကြပါတယ်။ ဒါကို တော်တော်များမျာ သတိမထားမိကြပါဘူး။ အာရုံကြောက အလိုအလျောက် အလုပ်လုပ် သွားခြင်း ဖြစ်ပါတယ်။ မျက်နှာပြင်ကျဉ်းကျဉ်းထဲက အရာတွေ ကို မြင်နိုင်အောင် မျက်စိက အာရုံစိုက်ရင်း ပုခုံးနှစ်ဖက် ကြွက်သားနဲ့ အကြောတွေ အလိုလို ရှေ့ တိုးနောက်ဆုပ် လုပ်နေကြပါတယ်။ တစ်ရက်ကို ၄၊ ၅ နာရီမက Laptop အသုံးပြုသူဆိုရင် ပုခုံးခဏခဏ တွန့်နေရမှုကြောင့် ကြွက်သားများ Compressed ဖြစ်မှုကြောင့် ပုခုံးကြွက်တတ်တတ်ပါ တယ်။ ပြီးတော့ လူအတော်များများဟာ Laptop အသုံးပြုနေချိန်မှာ ရှိရမယ့် ကိုယ်ဟန်အနေအထားကို မေ့နေကြပါတယ်။ ဒီအချက်ကြောင့်လည်း ပုခုံးဟာ တော်တော်ဒဏ်ခံရတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

Twitching and Swelling in the Fingers

Laptop ရဲ့  ကီးဘုတ်က သာမန် PC များရဲ့  ကီးဘုတ်နဲ့မတူပါ ဘူး။ သေးငယ်တဲ့ နေရာထဲမှာ အသုံးပြုလို့ အဆင်ပြေအောင် မဖြစ်ဖြစ်တဲ့နည်း နဲ့ စုစည်းထားတာ ဖြစ်ပါတယ်။ ဒီတော့ လက်ရဲ့ လုပ်ဆောင်ချက်က အခြား ကီးဘုတ်များနဲ့မတူပါဘူး။ လက်ချောင်းများရဲ့ သွားပုံသွားနည်းကလည်း အဝန်းအဝိုင်းငယ်ငယ်လေး ထဲမှာ ဝေ့ပတ်နေပါတယ်။ လက်ကောက်ဝတ် ကလည်း သာမန်အချိန်ထက် ပိုမို ကွေးဆန့် အလုပ်လုပ်နေရပါတယ်။ ဒီမှာ အလေ့အထ မရှိသူက လက်ချောင်းတိုင်းကို အားနဲ့ typing ရိုက်ရင်တော့ အကြောလွဲနိုင်ပါတယ်။

Vision Fatigue

အမြင်အာရုံကတော့ ကြိမ်းသေ ထိမှာ ဖြစ်ပါတယ်။ Laptop မျက်နှာပြင်ကျဉ်း ကျဉ်းလေးကို ကြည့်ရှုဖို့အတွက် ပိုမို အာရုံစိုက်ရပါတယ်။ ပြီးတော့ သာမန် PC တွေထက် အသုံးပြုရာမှာ မျက်နှာ နီးကပ်နေပါတယ်။ ဒီတော့ မျက်စိအာရုံကြောတွေ ပင်ပန်းနွမ်းနယ်ပြီး ဒဏ်ဖြစ်စေပါတယ်။

Spine and Nerves

ကြောရိုးနဲ့ အာရုံကြောထိခိုက်မှုကိုတော့ Laptop ကိုအချိန်ကြာအသုံးပြုသူတွေ ပိုသိရှိနိုင်ပါတယ်။ Laptop ဆိုတာ Lap (ပေါင်)ပေါ်မှာ တင်သုံးတဲ့ ကွန်ပျူတာ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ပေါင်ပေါ်မတင်ပဲ စားပွဲပေါ် တင်သုံးပါတယ်။ ဘယ်လိုပဲ သုံးသုံးပါ။ Laptop အသုံးပြုနေစဉ် အာရုံစူးစိုက်နေရမှုကြောင့် ခန္ဓာကိုယ် ကိုယ်ဟန် အနေအထား သိသိသာသာပြောင်းလဲသွားပါတယ်။ အထူးသဖြင့် ခါးမတ်ဖို့ မေ့တတ်ကြ ပါတယ်။ ခါးမတ်ရင်တော့ လည်ပင်းမတ်ဖို့မေ့ပါတယ်။ လည်ပင်ရော၊ ခါးကော၊ ကျောရိုးကော ပုံမှန် ကိုယ်ဟန် အနေအထား မရှိဘူးဆို ရင်တော့ ကြောရိုးနဲ့ အာရုံကြောကို ထိခိုက်ဖို့က ကြိမ်းသေနေပါပြီ။

The Hot Laps

ဒါကတော့ Laptop ကို ပေါင်ပေါ်တင်အသုံးပြုသူများမှသာ ဖြစ်တတ်ပါတယ်။ Laptop ဘက်ထရီက အပူတွေ ထုတ်လွတ်နေပါတယ်။ မနားမနေအလုပ် လုပ်ရတဲ့ ဘက်ထရီက ထုတ်တဲ့အပူချိန်ဟာ မနည်းပါဘူး။ ဒါကို ဂရုမပြုမိ ပဲ ပေါင်ပေါ်တင်သုံးသူများ အနေနဲ့ အသား ကြိမ်းစပ်ခြင်း၊ အရည်ကြည်ဖူ ထခြင်း တို့ ဖြစ်နိုင်ပါတယ်။

R.S.I. ( Repetitive Strain Injury)

လည်ပင်း၊ ပုခုံး၊ ကြောရိုး၊ အာရုံကြော၊ လက်ချောင်း တို့အပြင် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေနာကျင်မှုဟာ တစ်ကြိမ်တစ်ခါ ဖြစ်ပြီး မပြီးဆုံးပါ ဘူး။ Laptop ကိုအချိန်နာရီအတော်ကြာ ထပ်ခါထပ်ခါ အသုံးပြုနေ သူများအတွက် နာကျင်မှုကို ထပ်ခါထပ်ခါ ပြလုပ်ခြင်းနဲ့တူပါတယ်။ ဒါကြောင် laptop အသုံးမပြုတော့တဲ့ အချိန်မှာတောင် ဒီနာကျင်မှုတွေက ရှိနေတတ်ပြီး အသက်အရွယ်ကြီးလာတဲအချိန်ကျရင် ကြိမ်းသေ ခံစားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် Laptop ကို တစ်ရက် ၄/၅ နာရီအထက် အသုံးပြုသူများ ပိုမို သတိထားရန် လိုအပ်ပါတယ်။ ဒါကြောင့် Laptop အသုံးပြုလျှင် သိသင့်သော ကျန်းမာရေးအချက်အလက်များကို ဆက်လက်မျှဝေလိုပါတယ်။ Site effect နည်းနည်းနဲ့ Laptop တစ်လုံးကောင်းကောင်း အသုံပြုနိုင်ရန် ဆောင်ရန်ရှောင် ရန်များကို အောက်ပါ လခ့်မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ 

Laptop ကို ကျန်းမာရေးညီညွတ်စွာ အသုံးပြုရန် နည်းလမ်း





Laptop အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးကို စာဖတ်သူတို့ သိရှိနားလည်သွားပြီလို့ ယူဆပါတယ်။ ဒါကြောင့် ယင်းဆိုးကျိုးများကို ရှောင်ရှားဖို့အတွက် Laptop ဘယ်လိုအသုံးပြုရမယ်ဆိုတာ အောက်ပါအတိုင်း မျှဝေလိုက်ပါတယ်။

Get a Large Screen

Laptop ဝယ်တော့မယ်ဆိုရင် မျက်နှာပြင်ခပ်ကျယ်ကျယ်ကို ရွေးချယ်ဝယ်ယူရန် လိုအပ်ပါတယ်။ ဒါမှာ အာရုံကြောတို့ရဲ့ စူးစိုက် အလုပ်လုပ်ရမှုကို လျော့နည်းစေပါတယ်။ အကယ်၍ မျက်နှာပြင်ခပ်သေးသေး၊ သယ်သွားသယ်လာအဆင်ပြေတာမျိုးကိုပဲ လိုလားတယ်ဆိုရင်လည်း font size ကြီးကြီး အသုံးပြုရပါမယ်။ ဖန်သားမျက်နှာပြင်ထဲကအရာတွေကို အလွယ်တကူ ကြည့်လို့ မြင်နိုင်အောင် ပြုလုပ်ထားရပါမယ်။ ဥပမာ- စာလုံးတွေကအစ ဆိုက်ကြီးအောင် ပြောင်းလဲထားရမှာ ဖြစ်ပါတယ်။

Use a Separate Mouse

Laptop မှာပါတဲ့ မော့က်စ်က အသုံးပြုလို့အဆင်မပြေပါဘူး။ နေရာအကုန်အကျနည်းအောင် အဆင်ပြေသလို မဖြစ်ဖြစ်အောင် ထည့်ပေးထားတာ ဖြစ်ပါတယ်။ လက်ရဲ့ ရွှေ့လျားမှုက ပုံမှန်မဟုတ်တဲ့အတွက် လက်ကောကဝတ်ကို နာကျင်/အကြောလွဲ စေပါတယ်။ ဒါကြောင့် သီးခြား မောက်စ် တစ်လုံးဝယ်သုံးခြင်းဖြင့် လက်ကောက်ဝတ်နာကျင်မှုကို ရှောင်းရှားနိုင်စေပါတယ်။

Level to the Eye

Laptop ရဲ့ ဖန်သားမျက်နှာပြင်ကို မျက်လုံးနဲ့ တည့်အောင်ချိန်ပေးရမယ်။ ဘယ်ထောင့်၊ ဘယ် Angle ရှိရမယ်လို့ မတိုက်တွန်းလိုပါဘူး။ အသုံးပြုသူက အလွယ်တကူ လည်ပါင်း၊ ခေါင်း အများကြီး လှုပ်ရှားစရာမလိုပဲ ကြည့်နိုင်မြင်နိုင်တဲ့ Level မှာထားရပါမယ်။

Use a Separate Keyboard

Laptop မှာ ပါဝင်တဲ့ ကီးဘုတ်က Screen နဲ့အရမ်းနီးကပ်ပါတယ်။ ဒီတော့ ဆိုးကျိုးက မျက်လုံး အမြင် အာရုံကို ထိခိုက်စေပါတယ်။ သာမန် PC တစ်လုံးအသုံးပြုသူများထက် ပိုဆိုးပါတယ်။ ဒါကြောင့် Laptop အသုံးပြုသူ အနေနဲ့ သီးခြား extension ကီးဘုတ်တစ်လုံး ဝယ်တတ်ပြီး သုံးစေချင်ပါတယ်။ ဈေးနှုန်းလည်း သိပ်မကြီးပါဘူး။ သို့ပေမယ့် သယ်သွားသယ်လာရအဆင်မပြေဘူး။ သုံးဖို့အဆင်ပြေဘူးဆိုရင်လည်း Screen နဲ့သိပ်မနီးကပ်စေဖို့ အထူးသတိထားရပါမယ်။ လက်ဖျံကို ဆန့်တန်းလို့ရလောက်ထိ ဝေးကွာစေဖို့ တိုက်တွန်းထားပါတယ်။

Take a Break

Laptop အသုံးပြုသူများအနေနဲ့ ၂ နာရီကြာတိုင်း ခဏအနားယူရပါမယ်။ ပြီးတော့ နာရီဝက်ကြာတိုင်း မျက်လုံးကို ဖန်သားပြင်ရဲ့ အပြင်ဘက် ရှုခင်းဖြစ်ဖြစ်၊ ဝေးကွာတဲ့ နေရာတစ်ခုခုကို ကြည့်ရှုရပါမယ်။ ခေတ္တအနားယူပြီး အညောင်းပြေအညာပြေ မိနစ်ပိုင်းထ လမ်းလျှောက်ခြင်းကလည်း ကြွက်သားတွေထုံထိုင်း နာကျင်မှုမှ ကင်းဝေးသည့်အပြင် စိတ်ဖိအားလည်း ကျဆင်းပါတယ်။

Recline Slightly

အထက်ပါအချက်များထဲကအတိုင်း သီးခြား ကီးဘုတ်၊ သီးခြား မောက်စ် အသုံးမပြုနိုင်ဘူး။ အသုံးမပြုချင်ဘူးဆိုရင် နောက်တစ်နည်းနဲ့ ရှောင်ရှားနိုင်ပါတယ်။ ဒါကတော့ ကိုယ်ဟန်အနေအထားမှန်တဲ့ ထိုင်ခုံမှာ ထိုင်၍ အသုံးပြုခြင်း ဖြစ်ပါတယ်။ အာရုံစိုက်နေမှုက သတိထားပြီး ခုံရဲ့ ကိုယ်ဟန်အတိုင်း ထိုင်နိုင်အောင် ကြိုးစားရပါမယ်။ ပြီးတော့ ခါးနဲ့ ကြော ညောင်းလာပြီဆိုရင် မြေပြင်ညီ ကြမ်းပြင်/ ဆိုဖာတို့ မှာ ကျောခင်းပြီး အကြောဆန့်ခြင်း ပြုလုပ်ရန် လိုအပ်ပါတယ်။ ပုံမှန် သုံးနေရင်း ခဏနားတဲ့အခါ ထိုင်နေရင်း အကြောဆန့်တာမျိုးကလည်း အညောင်းသက်သာစေပါတယ်။

အထက်ပါအချက်များအတိုင်း လုပ်ဆောင်သွားရင်တော့ Laptop အသုံးပြုရာမှာဖြစ်နိုင်တဲ့ ဆိုးကျိုးများကို အနည်းနဲ့အများ ကာကွယ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။