Jul 15, 2012

Facebook scans chats and posts for criminal activity


Facebook's monitoring software focuses on conversations between members who have a loose relationship on the social network.
by (cnet.com)
 
Facebook logo
Facebook has added sleuthing to its array of data-mining capabilities, scanning your posts and chats for criminal activity. If the social-networking giant detects suspicious behavior, it flags the content and determines if further steps, such as informing the police, are required.
The new tidbit about the company's monitoring system comes from aReuters interview with Facebook Chief Security Officer Joe Sullivan. Here's the lead-in to the Reuters story:
A man in his early 30s was chatting about sex with a 13-year-old South Florida girl and planned to meet her after middle-school classes the next day. Facebook's extensive but little-discussed technology for scanning postings and chats for criminal activity automatically flagged the conversation for employees, who read it and quickly called police. Officers took control of the teenager's computer and arrested the man the next day.
Facebook's software focuses on conversations between members who have a loose relationship on the social network. For example, if two users aren't friends, only recently became friends, have no mutual friends, interact with each other very little, have a significant age difference, and/or are located far from each other, the tool pays particular attention.
The scanning program looks for certain phrases found in previously obtained chat records from criminals, including sexual predators (because of the Reuters story, we know of at least one alleged child predator who is being brought before the courts as a direct result of Facebook's chat scanning). The relationship analysis and phrase material have to add up before a Facebook employee actually looks at communications and makes the final decision of whether to ping the authorities.
"We've never wanted to set up an environment where we have employees looking at private communications, so it's really important that we use technology that has a very low false-positive rate," Sullivan told Reuters. While details of the tool are still scarce, it's a well-known fact that Facebook cooperates with the police, since, like any company, it has to abide by the law. In fact, just a few months ago, Facebook complied with a police subpoena by sending over62 pages of photos, Wall posts, messages, contacts, and past activity on the site for a murder suspect.
For more information about Facebook's stance on working with the police, I checked out these two pages: Law Enforcement and Third-Party Matters, as well as Information for Law Enforcement Authorities. It's worth noting that neither of these documents discusses the aforementioned tool (a quick search for the words "monitor" and "scan" bring up nothing).
Facebook likely wants to avoid discussing the existence of the monitoring technology in order to avoid further privacy concerns. Many users don't like the idea of having their conversations reviewed, even if it's done by software and rarely by Facebook employees.

Jul 8, 2012

အင်တာနက် မင်းသမီး မဖြစ်စေဖို့



တယ်လီဖုန်းမှာ ကင်မရာ ပါတတ်တယ် ဆိုတာလည်း သိထားဖို့ လိုတယ်

အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေး ဆိုတဲ့ Mg Mandalay’s facebook ရဲ့ ရေးသားတင်ပြချက်ကို  ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင် နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာကို တွေ့ရပါတယ်။ အင်တာနက် နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာကိုလဲ မြင်နေရ ပြန်ပါတယ်။

ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ spyware, mailware, virus စတာတွေကို မပြောလိုပါဘူး။ ကျွန်တော့ မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ်မှာ စေတနာ ကြီးမားစွာနဲ့ ဝေငှ (share) အလုပ်ခံနေရတဲ့ ကိစ္စပါ။ ဒါကို ဒီအတိုင်း ထိုင်ကြည့် နေ လို့တော့ မဖြစ်တော့ ဘူးထင်ပါတယ်။

နာမည်ကြီးချင်လို့၊ လူသိများချင်လို့ (ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာဆိုရင်တော့ လုပ်ပါ။ ကျွန်တော်တို့လဲ ကြည့်ရှု အားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာကို   ချောင်းရိုက်ခံ ရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ် လပ်လပ် နေတာကို မှတ်တမ်းတင် ခံရတာတို့ကတော့ မဖြစ်သင့်ပါ။

အဆိုးဝါးဆုံး ကတော့ ကိုယ့်ချစ်သူကို ယုံမှတ်လို့ ပုံ အပ်မိကာမှပဲ ကျောချမှ ဓါးပြမှန်း သိရတဲ့ကိစ္စပါ။ ကိုယ့်ချစ်သူကကို ဖော်ကောင်လုပ်ပြီး အင်တာနက်ပေါ် တင်ပေးတာပါ။ ဒီကိစ္စကို အမျိုးသမီးများ ကျပ်ကျပ် သတိထား စေချင်တယ်။ တချို့ ဆို ဒီကိစ္စကြောင့် အလုပ် အကိုင်ထိခိုက်၊ ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲအောင် ဖြစ်ရပါတယ်။

ဒါတွေရဲ့ အရင်းခံကတော့ မသိနားမလည်မှု၊ နည်းပညာ မကျွမ်းကျင်မှု ကြောင့်ဆိုတာ တွေ့နေရပါတယ်။ အမျိုးကောင်း သမီးများ အနေနဲ့ ဒီလို အဖြစ်မျိုးတွေက ရှောင်လွဲနှိုင်အောင် နည်းလမ်းကောင်းလေးတွေ  ပေးချင်တယ်။ ကျွန်တော်က ကွန်ပျူတာ သင်တန်းဆရာ တစ်ယောက်ပါ။

ပြီးတော့ ပညာရှင်အဆင့် ဓါတ်ပုံ၊ ဗီဒီယို ၇ိုက်ကူးသူ တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်ပေးတဲ့ နည်းလမ်းတွေက အမတို့ ညီမတို့ အရှက်နဲ့ သိက္ခာကို တတ်နိုင်သလောက် ကာကွယ်ပေး နှိုင်မယ်လို့လဲ ထင်ပါတယ်။

* ၁။ ဘယ်သူ့ကိုမျှ မယုံပါနဲ့ ဘယ်လောက်ပဲ ချစ်ချစ် ၊ ဘယ်လောက်ပဲ ရင်းနှီးနှီး လွပ်လွပ် လပ်လပ် နေတာ ကို မှတ် တမ်းတင် မခံပါနဲ့ ။ သူကိုယ်တိုင်က စိတ်ချရသော်လဲ သူ့ကိုယ်တိုင် မသိလိုက်ပဲ သူဆီကကိုယ့် ဓါတ်ပုံကို သူများခိုး သွားတာမျိုး ခံရတတ်ပါတယ်။

* ၂။ ကိုယ်ကိုယ်တိုင်လဲ မှတ်တမ်း မတင်ပါနဲ့ကိုယ့် ကိုယ်လုံး ဘယ်လောက် လှသလဲ သိချင်ရင် မှန်ထဲမှာပဲ စိတ်တိုင်းကျ ကြည့်ပါခင်ဗျာ။ ဓါတ်ပုံရိုက် မကြည့်ပါနဲ့။ အဲဒါလဲ အွန်လိုင်း မင်းသမီးဖြစ်ဖို့ လမ်းစပါ။

* ၃။ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်ပစ်လိုက်ပြီ (delete) ဆိုတိုင်းလဲ စိတ်မချပါနဲ့ ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်လိုက်ပြီ ဆိုတိုင်းလဲ စိတ်ချရတာ မဟုတ်ပါ။ အစွမ်းထက်သော recovery software  မြောက်များစွာ ရှိနေပါတယ်။

အဲဒီ့ဆော့ဝဲ တွေဟာ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ် လောက်က ဖျက်ထားတဲ့ ဓါတ်ပုံ ဗီဒီယို တွေကို အလွယ်တကူ ပြန်လည် ရှာပေး နိုင်ပါတယ်။

ကွန်ပျူတာပြင် ဆရာတိုင်း လိုလို လုပ်တတ်ပါတယ်။ ကိုယ့်ကင်မရာနဲ့ စိတ်ကြိုက် ရိုက်ကြည့်တယ်။ ပြီးတော့ ဖျက်ပစ် လိုက် တယ် ဆိုပေမယ့် သာမန် ကျွမ်းကျင်သူ တစ်ယောက်ဟာ ဒါတွေကို အလွယ်တကူ ပြန်လည် ရယူ နိုင်တာကို လုံးဝ မမေ့ ပါနဲ့။

* ၄။ အင်တာနက်ဆိုင်မှာ ကိုယ့်ကွန်ပျူတာနဲ့ သုံးရင်လဲ သတိထားပါ။ အင်တာနက်ဆိုင်မှာ ကိုယ့် လက်ပ်တော့ပ် နဲ့သုံးရင် ကိုယ့်လက်ပ်တော့ပ်ထဲက အချက်အလက်ကို အင်တာနက်ဆိုင်က အလွယ်တကူ ၀င်ရောက်ကြည့်ရှု ကော်ပီကူးထားနိုင်တယ်ဆိုတာ သိထားပါ။

အင်တာနက် ဆိုင်တွေမှာ ဆိုင်မှာ ရှိတဲ့ ကွန်ပျူတာတွေကို ကောင်တာက အလွယ်တကူ ထိမ်းချုပ်   နိုင်အောင် network စနစ် တစ်မျိုး ချိတ်ဆက် ထားတတ်ပါတယ်။ ကိုယ်က အဲဒီဆိုင်မှာ အင်တာနက် သုံးတယ်ဆိုရင် ကိုယ်ကလဲ အဲဒီစနစ်ထဲ ကို အလိုလို ရောက်သွားပါတယ်။ ဒါဆိုရင် အင်တာနက် ဆိုင်ကောင်တာကနေ ကိုယ့်ကွန်ပျူတာကို နက်ဝါ့ခ် ကနေ ၀င် ရောက် ကြည့်ရှု နိုင်ပါတယ်။ ဒါကြောင့် အင်တာနက် ဆိုင်မှာသုံးမယ့် ကိုယ့်လက်ပ်တော့ပ်မှာ အရေးကြီးတဲ့ ကိုယ့်ပုံတွေ ထည့် မထားပါနဲ့။

* ၅။ နည်းပညာကို အထင်မသေးပါနဲ့ ကိုယ့်လက်ပ်တော့ပ်ထဲမှာ ပုံတွေထည့် မထားပါနဲ့၊ မလုံခြုံပါဘူး ဆိုတော့ နည်းနည်း နားလည်တဲ့ ကိုကို၊ မမတွေက share ပေးမထားရင် ရပါတယ်လို့ ဆိုကြတယ်၊ ဟုတ်ကဲ့ နည်းပညာ ကို အထင်မသေး ပါနဲ့ ခင်ဗျား ၊ ကိုယ့်ထက် ပိုတော်တဲ့ ဆရာကြီးတွေ ရှိနေသေးတယ် ဆိုတာလဲ မေ့မထားပါနဲ့။

cracker တို့ hacker တို့ဆိုတာ အလကား ပေးထားတဲ့ နာမည်တွေ မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည် ကပြောမယုံ ကြုံဖူးမှ သိလောက်အောင် မြင့်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က စိတ်ချရအောင် သတိရှိတာ အကောင်းဆုံးပါ။

* ၆။ အင်တာနက်မှာ တွေ့တဲ့သူကို မယုံပါနဲ့ အင်တာနက်က တော်ကီ ကိုကိုတို့ကပဲ အပြောကောင်း သလား၊ အွန်လိုင်း မမ တွေကပဲ အညှာလွယ်သလားမသိပါ။

vzo chat လို ဟာမျိုးနဲ့ ချွတ်ပြ၊ လှန်ပြတဲ့ မမတွေ ၊ ညီမတွေ ရဲ့ပုံများ အင်တာနက် ပေါ်မှာ   တွေ့နေရပါတယ်။ (ကျွန်တော် အသုံး ရိုင်းသွားရင် ခွင့်လွှတ်ပါ) ၀မ်းနည်း စရာကောင်း တာက ပါးကွက်ကျားနဲ့ ထမီနဲ့ ဗမာမလို့ ထင်းခနဲ သိသာတဲ့ ပုံ တွေပါ အများကြီး ပါလာတာပါ။

ကြေးစား တွေပါလို့ ပြောရအောင်လဲ အိမ်မှာ ကိုယ်ပိုင် အင်တာနက် လိုင်းနဲ့ ကိုယ်ပိုင် ကွန်ပျူတာနဲ့ သုံးနိုင်တဲ့ အဆင့်က ကြေးစား မဟုတ်နိုင်ပါ။ ဖြစ်နိုင်ခြေ ရှိတာက အွန်လိုင်း ကိုကိုကလဲ အပြောကောင်း၊ ညီမလေး တို့ကလဲ သဒ္ဒါလွန် တယ် ထင် ပါတယ်။

မယုံကြပါနဲ့ ညီမလေးတို့ရယ်။ ကိုယ့်ကို တကယ်ချစ်တဲ့ သူဆိုတာ နှစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာ မှားချင် မှားမယ်၊ အဲဒီလို ဗြောင်ကြီးတော့ မတောင်းဆိုပါဘူး။ အဲ ….. ကိုယ့်သိက္ခာကို ရင်းရဲတယ် ဆိုရင်တော့ လုပ်ပေါ့။ (VZO က အရုပ် တွေ အသံတွေ မှတ်ထားလို့ ရတယ် ဆိုတာလဲ သတိရပါ။)

၇။ခိုးအရိုက် ခံရခြင်းမှ ကာကွယ်ဖို့ဆိုရင် ကိုယ်မရင်းနှီး မကျွမ်းဝင်တဲ့ နေရာမှာ (ဟော်တယ်၊ တည်းခိုခန်း၊ ပန်းခြံ) စတဲ့ နေရာတွေမှာ လွပ်လွပ် လပ်လပ် မနေပါနဲ့။ သတိရှိပါ။ ကင်မရာတွေ အကြောက်ဆုံး၊ အားနည်း ချက် တစ်ခုကတော့ အမှောင်ပါ။ ဘယ်လောက် ကောင်းတဲ့ ကင်မရာမဆို အလင်းရောင် အားနည်းသော နေ ရာမှာ အဆင် မပြေနိုင်ပါ။

ဒါကြောင့် စိတ်မချရသော နေရာများတွင် လွပ်လွပ် လပ်လပ် ( ဥပမာ အ၀တ်အစား လဲတာ) နေရတော့ မယ် ဆိုရင် လုံးဝ မှောင်သွား အောင်လုပ်ပါ။ ဒါဆို ကင်မရာတွေ မတတ်နိုင်တော့ပါ။ အမှောင်ထဲမှာ ရိုက်နိုင် တယ် ဆိုတဲ့ (Night Shot) ဆို တဲ့ ကင်မရာ တွေတောင် အနဲဆုံး အနီရောင် ရောင်စဉ်လေး လင်းမှ အလုပ် ဖြစ် တာပါ။

* ၈။ spy camera တွေကို တတ်နိုင်သမျှ ရှာပါ အခုခေတ်မှာ သုံးသောင်း လောက်ဆို spy camera တစ်လုံး ရနိုင်ပါတယ်။ ဒါကြောင့် စိတ်မချရတဲ့ နေရာတွေမှာဆို spy camera တတ်ထားမထား တတ်နိုင် သလောက် ရှာပါ။ ဒါ ကိုကိုတွေ၊ ဦးဦး တွေ အတွက်လဲ အရေးကြီးပါတယ်။

တော်ကြာ ကိုယ်တောင် မသိပဲ နာမည်ကြီး အွန်လိုင်း မင်းသား ဖြစ်သွား နိုင်ပါတယ်။ များသော အားဖြင့် ကင်မရာတွေကို မြင်ကွင်း ကျယ်ကျယ် ရအောင် ဒေါင့်တွေမှာ တတ်ထား တတ်ပါတယ်။ သေသေ ချာချာ ရှာပါ။ အခန်း အပြင်မှာ တတ် ထားပြီး မတ်စေ့ လောက်အခန်းကို ဖောက်ထား တာမျိုးလဲ လုပ်တတ် ကြပါတယ်။ မသင်္ကာဖွယ်ရာ အပေါက်တွေကို ဒေါင့် တွေ မျက်နှာ ကျက်တွေမှာ သေချာရှာပါ။

ဘာမှမတွေ့ဘူးဆိုပြီးလဲ စိတ်ချမနေပါနဲ့၊ လိုအပ်ရင် အမှောင်ကို အကာ အကွယ် ယူပါ။ အဲ super market တွေက အ၀တ် လဲခန်းတွေမှာလဲ ရှိတတ်တယ်နော်၊ လုံခြုံရေး အတွက် တတ်ရတာပါ ဆိုပဲ။

* ၉။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အွန်လိုင်း မင်းသား မင်းသမီး ဖြစ်သွားပြီ ဆိုရင် ရောရှက်ပြီး ငြိမ်မနေပါနဲ့၊ သိပ်မပျံ့သေးမှီ တားဆီးပါ။ Sex ၀က်ဆိုက် တော်တော် များများ ဟာ User က တောင်းဆိုလို့ ရှိရင် အချက် အလက်တွေ ဖျက်ပေး ပါ တယ်။ ကိုယ့် ပုံ ပါနေတာ သေချာရင် အဲဒီ ၀က်ဆိုက်ကို အကြောင်း ကြားပြီး ဖျက်ခိုင်းပါ။ အဲဒီလို အကြောင်း ကြားလို့ ဖျက်ပေးတာ သုံးခါ လေးခါတွေ့ ဖူးပါတယ်။

* ၁၀။ ကိုယ်ချင်းစာပါ။ တွေ့ဖူးပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး တွဲရိုက်ထားတဲ့ ပုံတွေမှာ အမျိုးသား ကိုယ်တိုင်က တင် တာ ဆိုတော့ သူုမျက်နှာတော့ သူဖျက်ထား တာတွေ့ဖူးတယ်။ ဒါ ကိုယ်ချင်း မစာတာပါ။

မလုပ်ပါနဲ့ဗျာ သူတို့က ကျွန်တော်တို့ ထက်ပိုရှက် တတ်တာပေါ့။ ကိုတောင် ရှက်တတ် သေးရင် သူများ အရှက်ကွဲ အကျိုး နည်း ဖြစ်အောင် မလုပ်သင့်ပါဘူး။

ဒါ စေတနာ ဗလဗွနဲ့ မျှဝေတတ်တဲ့ ကိုယ်ချင်း မစာတဲ့ အမျိုးသားတွေ အတွက်ပါ။ ခိုးလဲ မရိုက် ကြပါနဲ့။ ကိုယ့်ကို ချစ်လို့ အလိုလိုက်ထားတဲ့ သူကိုလဲ မျက်နှာလွဲ ခဲပစ် မလုပ်သင့်ပါ။ ဇာတ်လမ်း အသစ်တင်ချင် တယ်ဆိုရင် လဲ ကြေးစား အဆင့် ထဲ မှာ အရိုက်ခံတဲ့ သူတွေ ရှိပါတယ်။ သူတို့နဲ့ လှုပ်ရှားပေါ့။ နောက်ဆုံးအဆင့် မျက်နှာလေး ဖျက်ပေးတာပဲ ဖြစ်ဖြစ်တော့ မဖြစ်မနေ လုပ်ပေးကြပါ။

အင်တာနက်ဆိုတာဟာ လူ့ အကျိုးသယ်ပိုးဖို့ ပေါ်ပေါက်လာတာပါ။ ဒါကို အကျိုးမရှိတဲ့ နေရာမှာ သူများ အကျိုး ထိခိုက် အောင် မလုပ်ကြပါနဲ့။ အမျိုးကောင်း သမီးများကို ညှာတာဖို့ ပြောတာပါ။

လက်ခုပ်သံများနဲ့ကိုယ်ဝင်ကြည့်တယ့်ပွဲတစ်ပွဲ




အချိန်က အနက်တစ်ရောင်တည်းကို မြင်နေရလောက်အောင် မှောင်နေတာလဲ မဟုတ်။ ဒါပေမယ့် ညီရင်းအစ်ကိုတွေတောင် ခွန်းကြီးခွန်းငယ် ပြောဟယ် ဆိုဟယ်၊ အော်ဟယ် ဟစ်ဟယ် ဖြစ်နေကြ တာကို ထောက်ပြီး ညီအစ်ကို မသိတသိ အချိန်ပဲလို့ စိတ်ထဲမှာ မှတ်ထားလိုက်တယ်။ နေက ၀င်သွား တာလား… ထွက် မလာသေးတာလား … အလင်းရောင်က အမှောင်ဘက်ဆီ ကူးနေတာလား… အလင်းဘက်ဆီ ရွေ့နေတာလား…။ သေချာတာကတော့ ဘာဆိုဘာမှ မရေရာသေးဘူးဆိုတာပဲ…။ ပွဲခင်းထဲမှာ လူမစုံသေးပေမယ့် ပွဲကတော့ စတော့မယ်…။ ၀န်းကျင်ရဲ့ မှုန်မှိုင်းရီဝေမှုနဲ့အတူ လူတိုင်းရဲ့ မျက်နှာတွေပေါ်မှာလဲ မအီမလည် ခံစားမှုတစ်ခုက တွဲခိုလို့…။ နောက်ကျတော့ ဇာတ်ရုံ ရဲ့ နောက်နား မှာပဲ နေရာလို့ မဆိုသာတဲ့ နေရာတစ်ခုကို ရတယ်။ ခြေနှစ်ချောင်း ချရရုံ… ဇာတ်စင်ကို လှမ်းမြင်နေ ရရုံ…။ မြင်နေရတယ် ဆိုပေမယ့် အလှမ်းနည်းနည်းဝေးသလို ဇာတ်စင်နဲ့ ကိုယ်နဲ့ကြားက လူအတိပြီးတဲ့ အဆီးအတားကလဲ နည်းနည်းကြီးတယ်။ ဘာမှ မတတ်နိုင်ခြင်းတွေကို ခဏတာ ကြိတ်မှိတ်မြိုချပြီး ဘာမှန်းမသိလိုက်မှာစိုးတဲ့ စိတ်နဲ့ ကိုယ် ဇာတ်စင်ကို အားစိုက်ပြီး ကြည့်နေမိတယ်။ 

အပြင်အဆင် အခြယ်အသတွေက အစိမ်းရောင် နည်းနည်းကဲပေမယ့် အေးချမ်းငြိမ်သက်တဲ့ စိမ်းလန်းတောအုပ်တစ် ခုနဲ့တော့ တူမနေဘူး…။ ရာသီဥတုကြောင့်ပဲ လူတွေ ပူနေတာလား… လူတွေကြောင့်ပဲ ရာသီဥတုက ပူနေရတာလား ဆိုတာကလဲ မကွဲပြားဘူး…။ ဇာတ်စင်ပတ်ပတ်လည်မှာ ရှိတဲ့ အဲယားကွန်းတွေက လေအေးတွေကို တဟူးဟူး မှုတ်ထုတ်ပေးနေကြတာ အငွေ့တထောင်းထောင်း ထလို့…။ လူတွေက ပူလောင်နေကြပေမယ့် အဲယားကွန်းတွေရဲ့ အကူအညီနဲ့ အိုက်စပ်နေကြပုံတော့ မရဘူး…။ 

“………………………………………………………………………” 

“ဖြောင်း…..ဖြောင်း…..ဖြောင်း…..ဖြောင်း…..ဖြောင်း…..ဖြောင်း……….” 

ဘာပြောလိုက်မှန်း မသိတဲ့ စကားတစ်ခွန်းကို လက်ခုပ်သံတွေက လွှမ်းသွားတယ်။ လက်ခုပ်မတီးမိတဲ့ ကိုယ့်ကို ဘေးနားကလူက ဘုရှိုးလှမ်းရှိုးတယ်။ သူ့အကြည့်ကို သိသိကြီးနဲ့ မသိချင်ယောင် ဆောင်နေလိုက် ရတယ်။ စင်နောက်ကနေ ခေါင်းပေါင်းတလူလူ ပေါင်းပြီး ပုဆိုးစလေး မ,ကာ.. မ,ကာနဲ့ ထွက်လာတဲ့သူရဲ့ ဟန်ပန်အမူအရာကို ကြည့်ပြီး ဒါ မင်းသားပဲလို့ မှန်းလိုက်တယ်။ အဲဒီတော့မှ ခုနက မင်းသားနာမည် ကြော်ငြာလို့ လက်ခုပ်ဝိုင်းတီးကြမှန်း ကိုယ် သဘောပေါက်တော့တယ်။ 

“ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်အပေါင်းတို့… မင်္ဂလာအပေါင်းနဲ့ ခညောင်းကြစေဖို့ ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သကြောင်းပါ ခင်ဗျား…” 

စကားလုံးတွေက ပီသရုံတင်မက အသံလေးကလဲ ချိုလို့ မြလို့…။ အသံလေး ချိုမြရုံ မကသေးဘူး… လက်အုပ်ကလေးချီပြီး ပရိသတ်ကို ကွေးညွတ်ဂါရ၀ ပြုနေပုံကလဲ တကယ့်ကို ခခယယ…။ ပရိသတ်ကြီးရဲ့ နှလုံးသည်းပွတ်တွေ တစ်ချီတည်းနဲ့ ကြွေဆင်းသွားမလား မှတ်ရရဲ့…။ နည်းနည်း စိတ်ဝင်စားသွားတာနဲ့ ကိုယ် လူအုပ်ကြီးထဲကို ရသလောက် ရသလောက်နဲ့ နည်းနည်း နည်းနည်းဆီ တိုးသွားရင်း ဇာတ်စင်နားရောက်အောင် ကြိုးစားနေမိတယ်။ မင်းသားလေးက တစ်ခွန်းပြောလိုက်… လက်ခုပ်သံတွေ စီကနဲ ညံသွားလိုက်… ဟိုနားဒီနားက လက်ခေါက်မှုတ်သံတွေ ရွှီးကနဲ ရွှီးကနဲ ထွက်လာလိုက်နဲ့… ကိုယ် ခန္ဓာကိုယ်တစ်ခုလုံးပါ မကဘူး… နားထဲမှာပါ ပူစပ်ပူလောင် ဖြစ်လာတယ်…။ ကိုယ် တတိတိ တိုးနေပေမယ့်လဲ ဇာတ်စင်နဲ့က ဝေးသထက် ဝေးနေတုန်း…။ 


အဲဒီအချိန်မှာပဲ ပွဲကျနေတဲ့ ပရိသတ်ကို ဇာတ်မင်းသားက သီချင်းတစ်ပုဒ် စဆိုပြီး ထိန်းလိုက်တယ်။ သီချင်းသံ စထွက်လာချိန်မှာ သြဘာပေးသံတွေ ဝေါကနဲ တစ်ချက် ဆူညံသွားပေမယ့် ခဏနေတော့ အားလုံး ငြိမ်ကျသွားတယ်။ ဆူဝေပေါက်ကွဲထွက်လာတဲ့ ပတ်မကြီးသံက ခန့်ညားနေပြီးသား သီချင်းသံကို ပိုပြီး ခမ်းနားသွားစေတယ်။ မင်းသားရဲ့ ပီပြင်ကြည်မြတဲ့ အသံကလဲ မြူးကြွကြွ ဟန်ပန်အနုအလှတွေနဲ့ ပေါင်းလိုက်တဲ့အခါ တကယ့်ကို ပန်းလေးတစ်ပွင့် သီချင်းလေး တဆိုဆိုနဲ့ ပွင့်အာလာသလိုတောင် ထင်ရရဲ့…။ သီချင်းတစ်ပုဒ်ဆိုလိုက်… ပြီးတော့… ခြေ၊ လက်၊ ခန္ဓာရဲ့ အချိုးအဆစ်တွေကို ကွေးညွတ်ဆစ်ချိုးပြီး ရွှင်မြူးကခုန်လိုက်နဲ့…။ ပရိသတ်ခမျာ… ပင့်သက်တွေ တဖြာဖြာနဲ့ အနုအရွ အလှတို့ရဲ့ ဖမ်းစားမှုမှာ စီးမျောပျော်ရွှင်နေကြပုံများ အတိုင်အဖောက်ကို ညီလို့…။ ဆိုလိုက်၊ ကလိုက်၊ ကလိုက်၊ ဆိုလိုက်၊ စကားလေးတွေ ပြောလိုက်၊ ပရိသတ် လက်ခုပ်သံ တနေဲ့ဖြာင်းဖြောင်းကို ငြိမ်သက်ခံယူလိုက်နဲ့… လူရွှင်တော်မပါဘဲမင်းသား တစ်ယောက် တည်းနဲ့ ထိန်းထားလိုက်တာ အချိန်တွေသာ ကြာသွားတယ်… မင်းသားကတော့ မောတယ် ပန်းတယ်လို့ မရှိ…။ ကိုယ်လဲ လူအုပ်ကြီးကြားထဲ တိုးသထက် တိုးလာရင်း ဇာတ်စင်နဲ့ နီးသထက် နီးလာတယ်… ဒါမှမဟုတ် နီးသထက် နီးလာတယ်လို့ ထင်ရတယ်။ ဆိုတဲ့သီချင်းရဲ့ စာသားလေးတွေက ကောင်းလိုက်တာ…။ လက်ချောင်းလေးတွေ ဆစ်ချိုးကပြသွားတာကလဲ လှလိုက်တာ…။ ကိရိယာ အကူမပါဘဲ လွှားကနဲ လွှားကနဲ ခုန်ပေါက်ဂျွမ်းထိုး သွားတာကလဲ ပေါ့ပါးသွက်လက်လွန်းလိုက်တာ…။ ဒါမှ တို့မင်းသားကွ… ဒါမှ တို့မင်းသားကွ ဆိုတဲ့ ချီးမွမ်းမြှောက်ပင့်သံတွေ များစွာက ပရိသတ်တွေကြားမှာ တီးတိုး တီးတိုးနဲ့ သောသောညံနေတော့တယ်။ အားလုံး ၀ိုင်းချီးမွမ်းရလောက်အောင်ပဲ မင်းသားက တော်လွန်းပါတယ်။ ဒါကို ကိုယ်လဲ မျက်မြင် မြင်နေရတာပဲလေ…။ ဒါပေမယ့် ဇာတ်စင်နဲ့ နည်းနည်းတော့ လှမ်းနေသေးတယ်။ ဒီလောက်တော်တဲ့ မင်းသားကို ကိုယ် အနီးကပ်တော့ သေသေချာချာ ကြည့်ချင်သေးတယ်။ အဲဒီအတွေးနဲ့ ရှေ့မှာကာနေတဲ့ လူအုပ်ကြပ်ကြပ်ထဲကို ကိုယ် အားနည်းနည်းစိုက်ပြီး တိုးဝင်လိုက်တယ်။ သိပ်မတိုးလိုက်ရဘူး… ကိုယ့်ရဲ့ရှေ့မှာ စီတန်းပြီး ပိတ်ထားတဲ့ သံဆူးကြိုးတန်းတွေနဲ့ ဆုံလိုက်ရတယ်။ ဒီနေရာမှာ ပရိသတ်ရဲ့နေရာက ဆုံးနေပြီ။ ဒါပေမယ့် ဇာတ်စင်နဲ့က လှမ်းမြဲလှမ်းနေတုန်း….။ ပရိသတ်နဲ့ ဇာတ်စင်ကြီးနဲ့ကြားမှာ ဟင်းလင်းပြင်တစ်ခုက ပြောင်စပ်စပ်နဲ့ ခြားမြဲခြားနေတုန်း…။ ကိုယ် သံဆူးကြိုးတွေ ကို ကျော်ဖြတ်ပြီး အတင်းဝင်မယ်လုပ်တော့ ဇာတ်ပွဲစီစဉ်သူတွေ ကိုယ့်ကို လာတားတယ်…။ ဒီနေရာ ကနေပဲ ကြည့်ခွင့်ရှိတယ် တဲ့…။ မင်းသားက ဘယ်နှစ်ပုဒ်မြောက်မှန်း မသိတဲ့ သီချင်းနောက်တစ်ပုဒ်ကို ထပ်ဆိုနေပြီ…။ ပြီးတော့ မမောနိုင် မပမ်းနိုင် ထပ်မံ ကခုန်နေပြန်ပြီ…။ ကိုယ့်မှာသာ ချွေးသံ တရွှဲရွှဲနဲ့ ရှေ့ဆက်တိုးခွင့် မရတော့လို့ စိတ်အလိုမကျ ဖြစ်နေရတယ်။ မတတ်နိုင်ခြင်းတွေကို ထပ်မံမြိုချလိုက်ရပြန်တယ်။ ကိုယ့်ဘေးပတ်ပတ်လည်က ပရိသတ်ထဲကို ကြည့်တော့လဲ အေးရာအေးကြောင်းနဲ့ မင်းသားရဲ့ ခြေအကြွ၊ လက်အလှ၊ ပုဆိုးအမတွေကို ရင်သပ်ရှုမော ကြည့်မ၀ ငေးမ၀ ဖြစ်နေကြသူတွေက ခပ်များများ ဖြစ်နေတယ်။ မင်းသား ကတာ လှပါတယ်၊ မင်းသား ဆိုတာ ကောင်းပါတယ်၊ မင်းသား ပြောနေတဲ့ စကားတွေကလဲ ပရိသတ်အကြိုက်တွေပါပဲ…။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ ဇာတ်ခုံရဲ့ အခင်းအကျင်းနဲ့ ပတ်သက်ပြီး ဘ၀င်မကျ ဖြစ်နေမိတယ်…။ ဘာလုပ်ရရင် ကောင်းမလဲ…။ နောက်ဆုံး ဘယ်လိုမှ ကြံရာမရတော့မှပဲ ကိုယ့်အိပ်ကပ်ထဲက မျက်မှန်အသစ်ကလေးကို သတိရတော့တယ်…။ လိုလိုမယ်မယ် ပါဝါသွားတိုးထားတဲ့ မျက်မှန်လေးပေါ့…။ ကမ္ဘာမှာ ပါဝါအမာ၊ ပါဝါအပျော့တွေအပြင် စမတ်ပါဝါဆိုတာပါ ထပ်ပေါ်လာနေပြီဆိုတော့ ကိုယ်ကလဲ ကိုယ့်ရဲ့မျက်မှန်လေးကို ခေတ်နဲ့အမီ ပါဝါတွေ လိုက်တိုးထားရတာလေ…။ ကိုယ် အဲဒီမျက်မှန်လေးကို ထုတ်တပ်လိုက်တယ်…။ကိုယ့်ရှေ့မှာအကွာအဝေးတစ်ခုက သိသိသာသာ ခြား ထားသေးပေမယ့် မြင်နေရတဲ့ မြင်ကွင်းက အရင်ကထက် ပိုပြီး ပြတ်သားသွားတယ်…။ 

“မြို့မေတ္တာ ခံယူမယ့် သားပါမို့ … မိဘများက ချစ်အားပိုတယ်…..”

သီချင်းသံ ပီပီသသကို နားနဲ့ဆတ်ဆတ် ကြားနေရပေမယ့် မျက်စိရှေ့မှာ မြင်နေရတဲ့ မင်းသားရဲ့ ပါးစပ်က တုတ်တုတ်မှ မလှုပ်တာ မြင်လိုက်ရတယ်…။ အမြင်အာရုံကို ဒီထက်ပို စူးစိုက်ပြီး ဇာတ်စင်ရဲ့ ဟိုဟိုဒီဒီ မျက်စိကစားကြည့်တော့ ဇာတ်စင်ရဲ့ အနောက်ဘက် ထောင့်တစ်နေရာမှာ မဲမဲအရာတစ်ခု ကို မြင်လိုက် ရတယ်။ ကက်ဆက်နဲ့ ဆောင်းဘောက်စ်…။ သြော်.. သီချင်းဖွင့်ထားတာပဲ…။ တစ်ခုခုကို တဖြည်းဖြည်း နားလည်လာသလို ရှိတာနဲ့ ကိုယ့်ရဲ့အကြည့်တွေကို မင်းသားဆီ ပြန်ပို့လိုက်တယ်။ မင်းသားကတော့ ပရိသတ် သေချာမမြင်ရတဲ့ အကွာအဝေးမှာ ပြေးလွှားခုန်ပေါက် ကပြ အသုံးတော်ခံနေတုန်း…။

“ဟာ………..” 

မသေချာမှာစိုးလို့ မျက်မှန်ကို ချွတ်ပြီး အင်္ကျီစနဲ့ သေသေချာချာ သုတ်လိုက်တယ်။ ပြီးမှ ပြန်တပ်ပြီး နောက်ထပ်တစ်ခါ ထပ်ကြည့်လိုက်တယ်။ ကိုယ့်ရဲ့ အမြင်အာရုံက မလွဲပါဘူး…။ လွဲနေတာက မင်းသားပါ…။ မင်းသားရဲ့ ခြေ၊ လက်၊ ခေါင်း၊ ခါးနဲ့ ကိုယ် နေရာအစုံကို ချိတ်ဆွဲလှုပ်ရှားပေးနေတဲ့ ကြိုးမျှင်စလေးတွေကို ပြတ်ပြတ်ထင်ထင်ပဲ မြင်လိုက်ရတယ်။ အံ့သြသွားခဲ့သင့်ပေမယ့် ကိုယ် အံ့အားမသင့်ခဲ့ဘူး…။ မင်းသားက ကကြိုးကို အဆုံးသတ်တော့မယ်။ ဆိုင်းသံက ပိုပြီး မြိုင်ဆိုင်လာတယ်။ ကကြိုးကကွက်တွေကလဲ ရင်သပ်ရှုမောဖွယ် မြန်ဆန်သွက်လက် လာတယ်။ ကိုယ့်အတွက်တော့ ကြိုးတွေပါ မြင်နေရတဲ့အတွက် ရယ်စရာကြီး ဖြစ်နေတယ်။ ပတ်မကြီးရဲ့ ၀ုန်းကနဲ အချသံနဲ့အတူ မင်းသားက ဖြုတ်ကနဲ ပုံကျသွားပြီး ကကြိုးကို အဆုံးသတ်လိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင်… ကိုယ်ရှိရာဘက်ကို မျက်နှာလှည့်လို့…။ အဲဒါကြောင့်လဲ ကိုယ်က အသေအချာ ကို မြင်လိုက်ရတယ်။ မင်းသားရဲ့ အသက်မဲ့တဲ့ မျက်နှာအသေ…။ 

“ဝေး ….. ရွှီး ….. ဖြောင်း ….. ဖြောင်း ….. ဖြောင်း …..”

“ဟေး… ဒါမှ တို့မင်းသားကွ…..” 

“နောက်တစ်ပုဒ် ကပါဦး… နောက်တစ်ပုဒ်… နောက်တစ်ပုဒ်…” 

ဆူညံပွက်လောရိုက်နေတဲ့ အော်သံတွေကို ထားခဲ့ပြီး ကိုယ် ဇာတ်ရုံထဲကနေ လှည့်ပြန်ခဲ့တယ်။ ဘာအတွက်မှန်း မသိတဲ့ လက်ခုပ်သံတွေက ကိုယ့်နားထဲကနေ ပြန်လျှံထွက်ကျလာတယ်။ ဒီဇာတ်ပွဲကို သွားကြည့်မိခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် နင့်နင့်သီးသီးကို ပြန်အားနာနေမိတယ်။ မင်းသားရဲ့အနုအရွ၊ အလှအပတွေမှာ မိန်းမူးပြီး ကိုယ် လက်ခုပ်များ တီးမိခဲ့သေးလား…။ ကိုယ်ကိုယ်တိုင်လဲ ဝေခွဲမရ ဖြစ်နေတယ်။ အခြားသူတွေ အားလုံးကိုပါ ပြောပြချင်ပေမယ့် မပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်းကို ကိုယ်တစ်ယောက်တည်း ကြားရရုံ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောဖြစ်ခဲ့တယ်။

“ကိုယ်အားပေးမယ့် မင်းသားဟာ ရုပ်သေးရုပ် မဖြစ်ဖို့တော့ လိုမယ်… နို့မို့ဆို လက်ခုပ်သံတွေ နှမြောဖို့ ကောင်းပါတယ်…” လို့….။ 

credit to:ကိုနေဘုန်းလတ် 
(သူရဲ့အတွေးခေါ်တွေကိုကြိုက်လို့မျှဝေလိုက်ပါတယ်)

ဒါမှ တို့မြန်မာ....



ဘာကွ... မြန်မာငွေ ပါမလာဘူး။ ဟုတ်လား။ မင်းတို့ဆီက စင်ကာပူဒေါ်လာက ဒီမှာသုံးလို့ ရမယ်ထင်လို့လားကွ။"

လူဝင်မှု အရာရှိ၏ ဟိန်းဟောက်မှုကြောင့် အဆိုပါ စင်ကာပူသား ခေါင်းလေးပုဝင်သွားသည်။ ထို့နောက် မြန်မာစကား မပီကလာ ပီကလာဖြင့် "ကျနော်ရှာဝယ်ပါသေးတယ်။ မရလို့ အမေရိကန် ဒေါ်လာနဲ့ ထိုင်းဘတ်ပဲ ဝယ်လာခဲ့တာပါ။မြန်မာ အကြွေတွေတော့ နည်းနည်း ပါပါတယ်။" ဟုဆိုကာ တဆယ်ကျပ်တန် နှင့် ငါးဆယ်တန် တရွက်စီ ထုတ်ပြသည်။
ဒါနဲ့ မင်းက ဒီပိုက်ဆံလောက်နဲ့ ဘယ်မှာနေမှာတုန်း။ မှန်းစမ်း ဗီဇာလျှောက်တုန်းက ထောက်ခံသူမှာ ကြည့်လိုက်ဦးမယ်။ အော်... မင်းက ဘုန်းကြီးကျောင်းက ထောက်ခံချက်နဲ့ ဘုန်းကြီးကျောင်းမှာနေမှာပေါ့။ အခု မင်းလာတာ အလည်ဗီဇာနဲ့နော်။ အလုပ်လုပ်လို့ မရဘူး။ နားလည်တယ်နော်။ မင်းတို့ စလုံးက ကောင်တွေမပြောချင်ဘူး။ အလည်လာ ဒီမှာနေ။ တောက်တိုမယ်ရ အလုပ်လေးလျှောက်။ အခြေအနေမကောင်းရင် ခဏပြန်ထွက် ပြီးရင်ပြန်ဝင်။ ဒီကြားထဲ အိုဗာစတေးတွေလဲ မနည်းဘူး။ ကဲ.. ကဲ... သွားတော့။

လူဝင်မှု အရာရှိရှေ့မှ စင်ကာပူသား ခေါင်းလေးငုံ့ကာဖြင့် ရိုရိုကျိုးကျိုးလျှောက်သွားသည်။

ကျနော်လဲ ဘေးမှကြည့်နေမိသည်။ အော်.. တော်တော်ခက်တဲ့ စလုံးသားပဲ မအူမလည်နဲ့။ ကျနော်တို့လို နိုင်ငံသားများအတွက်က လွယ်သည်။ ID Card ကိုတင်ပေးလိုက်သည်နှင့် အချက်အလက်များအားလုံး ယူပြီးသားဖြစ်သွားသည်။ ထိုနောက် အလိုအလျောက် Update လုပ်သည့် စက်ထဲ ပတ်စ်ပို့ ထည့်လိုက်လျှင် တံဆိပ်တုံး ထုပြီးသားဖြစ်သွားသည်။ လူနဲ့ စကားပြောစရာမလို။ ဒါကြောင့် နိုင်ငံသားနဲ့ နိုင်ငံခြားသား ခွဲပြီး တန်းစီခိုင်းခြင်းဖြစ်သည်။

အေးလေ... မြန်မာနိုင်ငံထဲ ဝင်လာလို့ ရတယ်ဆိုတာ နည်းတဲ့ အခွင့်အရေးမှမဟုတ်တာ။ အကြံအဖန်တွေကလဲ အများသား မဟုတ်လား။ ဒီတော့လဲ.... ဒီလောက်တော့စစ်ဆေးရမှာပေါ့။ စက်ကတော့ အကြံအဖန်က မစစ်နိုင်ဘူးလေ...

လွန်ခဲ့သော နှစ် (၅၀)ခန့်က...

အိုစမာဘင်လာဒင်ဆိုသော အကြမ်းဖက်သမားကြီးသေပြီးနောက် သူ့အဖွဲ့မှလူများက အမေရိကန်ကိုလက်စားချေမည်ဆိုကာ အီရန်မှ ခိုးလာသော ယူရေနီယမ်များကိုသုံးကာအမေရိကန်ရှိ မြို့ (၁၅)မြို့ကို အဏုမြူဗုံးခွဲလေတော့သည်။ ထိုအထဲတွင် အဏုမြူထိပ်ဖူးများ  သိုလှောင်သော လက်နက်ရုံလဲ ပါသွားရာ နိုင်ငံတခြမ်းပြုတ်ပြုတ်ပြုန်းလေတော့သည်။ ထိုအဖြစ်အပျက်ကြောင့် အီရန်ကို အမေရိကန်က ဟိုက်ဒရိုဂျင်ဗုံးကြဲချရာ အီရန်က လက်လှမ်းမှီရာ အိမ်နီးချင်းနိုင်ငံများတွင် တပ်စွဲထားသော အမေရိကန်များနှင့် အစ္စရေးကို အဏုမြူလက်နက်၊ ဓာတုလက်နက်များဖြင့် ပြန်တိုက်ရာ အရှေ့အလယ်ပိုင်းတခွင်စစ်မြေပြင်ဖြစ်ကာ ပြာပုံအတိဖြစ်တော့သည်။

ထိုနောက်ပိုင်းတွင် အာရပ်နိုင်ငံများတွင် အစွန်းရောက်ဝါဒီများ တက်လာပြီး ထိုသို့ စစ်ဖြစ်ရသည်မှာ ဥရောပကြောင့်ဟု စွပ်စွဲပြီး အီးယူနှင့် နေတိုးကို စစ်ကြေငြာတော့သည်။ ဗြိတိန်နှင့် ရန်စရှိသော အာဂျင်တီးနားက ဘရာဇီးကို စည်းရုံးပြီး အာရပ်နိုင်ငံများဖက်မှ မဟာမိတ်လုပ်သည်။ စစ်တို့၏ ထုံးစံအတိုင်း ပါဝင်သူ နိုင်ငံအားလုံး ပြာပုံသာသာ ဖြစ်ကျန်ခဲ့တော့သည်။

ထိုသို့ စစ်ကြီးပြီးစမှာပင် ငလျင် အလှုပ်များသော အာတိတ်မီးစက်ဝန်း(Arcticring of Fire) တွင် ပြင်းအားအဆင့် ၉ ရှိသော ငလျင်ကြီးလှုပ်ရာဆူနာမီကြောင့် သြစတြေးလျတိုက်နှင့် အာရှ အရှေ့ပိုင်း ကုန်လေသည်။ ဂျပန်ဆိုရင် လှိုင်းလုံးကြီးသည် ကျွန်းအရှေ့မှ အနောက်သို့ တိုင်ဖြတ် သွားလေသည်။ အီရန် စစ်ပွဲနှင့်အတူ နူကလီယား လက်နက်များပြန့်ပွားသွားရာ ချေချင်းညာရှိ ခွဲထွက်ရေး သူပုန်များက ရုရှကိုလည်းကောင်း၊ တိဘက်မှ တရုတ်ကိုလည်းကောင်း၊ ပါကစ္စတန်နှင့် အိန္ဒိယက အချင်းချင်းလည်းကောင်း အသီးသီး တွယ်လိုက်ရာ ကမ္ဘာပေါ်တွင်နိုင်ငံတော်တော်များများ ပြာကျကုန်သည်။ စင်ကာပူဆိုလျှင်လည်းဆူနာမီလှိုင်းလုံးကြီးက တကျွန်းလုံးကို ဖြတ်အုပ်သွားရာ တနိုင်ငံလုံး ဖြူကာပြာကာ ကျသွားသည်။

ထို့နောက်တွင်တော့ အကောင်းပကိကျန်တာဆိုလို့ အာဖရိကတိုက်နှင့် အရှေ့တောင်အာရှနိုင်ငံအနည်း ငယ်ပဲကျန်တော့သည်။ အာဖရိက အနေဖြင့်လဲ အခြေခံအဆောက်အဦးပိုင်းမပြည့်စုံ။ ထိုင်းကလဲ ကမ္ဘောဒီးယားနဲ့ နယ်စပ်ပြဿနာဖြေရှင်းနေရာ စစ်ပွဲဖြစ်သဖြင့် တိုးတက်ရေးကိုအာရုံမစိုက်နိုင်။ ထိုနောက် မြန်မာနိုင်ငံမှာ အင်အားကြီးဖြစ်လာသည်။

ကမ္ဘာစစ်ဖြစ်သဖြင့် အင်တာနက်မပျက်သော်လည်း Google, Facebook Data Centerတို့မှာ စစ်ကြောင့်ပျက်စီးမှု ထဲပါသွားသဖြင့် မြန်မာနိုင်ငံမှ လူငယ်တစ်စုက"ပေါက်ပေါက်ရှာရှာ" ဟူသော အင်တာနက်ရှာဖွေရေးတည်ထောင်ရာ အောင်မြင်သဖြင့်နေ့ချင်းညချင်း ဘီလျံနာဖြစ်သွားသည်။

Facebook ပျောက်ဆုံးမှုနှင့် အတူ မြန်မာကျူးပစ်၊ မြန်မာဆိုက်ဘာမီဒီယာစသည်တို့ နာမည်ရလာကာ အပြည်ပြည်ဆိုင်ရာသုံး ဖြစ်လာကြသည်။ ယူကျု အစား မြန်မာစုဗူးစသည်ဖြင့် ကမ္ဘာ့ဈေးကွက် လိုအပ်ချက်ကို ဖြည့်ပေးနိုင်သဖြင့် မြန်မာနိုင်ငံတွင် နည်းပညာသူဌေးတွေ ပေါလာသည်။

စီးပွားရေးဘက်ကိုကြည့်ဦးမလား။ တချိန်က ရေနံအများဆုံးထွက်ခဲ့တဲ့နိုင်ငံတွေမှာ စစ်ကြောင့် ရေနံတွင်းတွေ မီးလောင်တာတောင် ကုန်အောင်မငြိမ်းနိုင်သေး။ ပိုပြီးသန့်စင်တဲ့ သဘာဝဓာတ်ငွေ့ကလဲ မြန်မာနိုင်ငံမှာ အလျှံပယ်ထွက်နေသဖြင့် မြန်မာ့စီးပွားရေးမှာ မိုးထိအောင်ထောင်တက်တော့သည်။ ဂျပန်နှင့် တရုတ်မှ ကားထုတ်မည်ဆိုကာ မြန်မာနိုင်ငံတွင် စက်ရုံဆောက်ပြီးကာမှာ နှစ်နိုင်ငံစလုံး ပြာကျသွားဖြင့်ကမ္ဘာ့အကြီးဆုံး ကားစက်ရုံကြီးမှာ မြန်မာနိုင်ငံတွင်သာ တည်ရှိတော့သည်။

အရင်က စက်မှုဇုန်များမှာလဲ ကားစက်ရုံများဖြစ်နေကြပြီ။ ကျွမ်းကျင်လုပ်သားများ လိုအပ်သဖြင့် ဂျပန်မှ အလုပ်လက်မဲ့ဖြစ်နေသော ယခင်စက်ရုံလုပ်သားဟောင်းများမှ ကျွမ်းကျင်သူများကို မြန်မာနိုင်ငံတွင် ပြည်လည်ခေါ်ကာ ခန့်ထားရသည်။ ပထမပိုင်းတွင် ကျွမ်းကျင်လုပ်သားများလာသော်လည်း နောက်ပိုင်း အကြံအဖန်များလာသဖြင့် ဂျပန်နိုင်ငံသားများ၏ ဗီဇာကို တင်းကျပ်ရတော့သည်။ ဒါတောင် မြန်မာနိုင်ငံမှာ အိုဗာစတေးအများစုမှာ ဂျပန်ဖြစ်နိုင်သည်။

ဂျပန်ကို အမှီလိုက်တာက ကိုရီးယား။ ဆူနာမီပြီးတာ့ သံဝေဂတွေရကာတောင်နှင့်မြောက်ပြန်လည်ပေါင်း စည်းခဲ့သော်လည်းနှစ်နိုင်ငံစလုံးပြာဖြစ်နေသဖြင့် ဆင်းရဲတွင်းကမတက်နိုင်ဖြစ်နေရသည်။ ဒါကြောင့် ချမ်းသာသည့် မြန်မာနိုင်ငံထဲလာချင်သည့် ကိုရီးယားတွေများလာသည်။ တချိန်က မြန်မာနိုင်ငံတွင် ကိုရီးယားကားများ ခေတ်စားခဲ့သဖြင့် ကိုရီးယားသား၊ ကိုရီးယားသူ ချောချောလေးတွေဆိုရင် မြန်မာနိုင်ငံတွင် အလုပ်ရလွယ်သည်။ ဧည့်ကြို၊ အရောင်းဝန်ထမ်း စသည့် လူများနှင့် ဆက်ဆံရသော နေရာများတွင် ထိုကဲ့သို့ ချောချောလေးများ ထားလျှင် အဆင်ပြေ တတ်သဖြင့် ဖြစ်သည်။ သို့သော် မြန်မာစကားကို ကျွမ်းကျင်အောင် တတ်မှသာလျှင် အလုပ်ရလွယ်သည်။ ဘာကြောင့်လဲဆိုတော့ အဲဒီလို အလုပ်လိုချင်တဲ့ ဂျပန်သူ၊ ဂျပန်သား ချောချောတွေ၊ ဥရောပသူ ဥရောပသားချောချောတွေကလည်း တန်းစီနေသောကြောင့်ဖြစ်သည်။ထို့ကြောင့်မြန်မာနိုင်ငံတွင် အလုပ်လုပ်လိုသူများမှာ မြန်မာစကားကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ကြားကြရသည်။

ပညာရေးဘက်ကိုကြည့်ဦးမလား။ အထင်ကရ တက္ကသိုလ်မှန်သမျှ ပြာဖြစ်ကုန်ရာ ၁၉၂၀ပြည့်က စဖွင့်ခဲ့သော ရန်ကုန်တက္ကသိုလ်သည်သာ ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံး တက္ကသိုလ်ဖြစ်နေတော့သည်။

အသစ်ပြန်လည်တည်ဆောက်ထားသော အောက်စဖို့၊ ကင်းဘရစ် စသည့်အစဉ်အလာရှိသည့် တက္ကသိုလ်များမှ ထွက်မှသာလျှင် ရန်ကုန်တက္ကသိုလ်တွင်ပညာဆက်လက်သင်ကြားရန်အတွက် အရည်အချင်းစစ် စာမေးပွဲဖြေရန် အသိအမှတ်ပြုသည်။ အစဉ်အလာမရှိသည့် တက္ကသိုလ်များမှဆိုလျှင် ဟားခါးတက္ကသိုလ်၊ မြဝတီတက္ကသိုလ်၊ တာချီလိတ်တက္ကသိုလ်စသည်ဖြင့် နယ်စွန်နယ်ဖျားမှ ကျောင်းများထံတွင် အရည်အချင်းစစ် စာမေးပွဲသွားရောက် ဖြေဆိုကြရသည်။ သို့သော် နိုင်ငံတကာမှ ကျောင်းသားများကတော့ လာတက်ကြသည်။ ရန်ကုန်တက္ကသိုလ်မှ MBA ဘွဲ့ တခုရလျှင်ပင် ဘယ်နိုင်ငံမဆို အလုပ်သွားလျှောက်လျှင် ကုမ္ပဏီ ကြီးကြီးတွင် အနည်းဆုံး မန်နေဂျာရာထူးတော့ ကျိန်းသေရနိုင်သည်မဟုတ်လား။ တချို့ကလည်း ဘွဲ့ရလျှင်မြန်မာနိုင်ငံထဲတွင် အလုပ်ပြန်လျှောက်ကြသည်။ ရသည့် လစာကလည်း ကွာတာကိုး။ မြန်မာတွင်အလုပ်ရပါက မိခင်နိုင်ငံရှိအိမ်ကို ငွေပြန်ပို့နိုင်ပြီး ဖောဖောသီသီ သုံးစွဲနိုင်မည်ဖြစ်သည်။

တချိန်က နာမည်ကြီးခဲ့တဲ့ Microsoft, Apple ဆိုတာတွေကို မြန်မာနိုင်ငံမှ နည်းပညာသူဌေးများက ဝယ်ယူလိုက်သည်။ အမေရိကန်တွင် ရုံးခွဲအဆင့်လောက်သာ ဖွင့်ထားတော့သည်။ ရေမြင့်လျှင် ကြာတင့်ဆိုသလို မြန်မာနိုင်ငံသားများလည်း မျက်နှာပွင့်တော့သည်။ ကမ္ဘာ့နိုင်ငံတိုင်းသည် မြန်မာပတ်စ်ပို့ကို ဆိုက်ရောက်ဗီဇာပေးထားသည်။ ဘာမှကြိုလျှောက်စရာမလို ရောက်တာနဲ့ immigration ကိုဝင် ပတ်စ်ပို့ ပြလိုက်သည်နှင့် အိုကေ။ ရှိုးမန်းနီး ဘာညာပြစရာမလို၊ နိုင်ငံသားတိုင်းတွင် ပတ်စ်ပို့ နံပါတ်တခုစီအတွက် ဘဏ်အကောင့်ရှိထားပြီသား။ ဘယ်နိုင်ငံ ဘယ်ဘဏ်မှာမဆို ပိုက်ဆံထုတ်လို့ရသည်။ ကမ္ဘာ့ဘဏ်ကလည်း ငွေကြေးယူနစ်ကို ကျပ်ဖြင့်သာ တွက်၍ပြောတော့သည်။ ဘယ်နိုင်ငံသွားသွား ပတ်စ်ပို့ အနီရောင်လေး မြင်လိုက်တာနဲ့ အိုကေ။ မြန်မာနိုင်ငံသားများကလည်း တချိန်က နာမည်ကြီးခဲ့သော အမေရိကန်ကို သွားလည်လေ့ရှိသည်။ စစ်ကြောင့်ပျက်စီးခဲ့သည့် အပျက်အစီးများကို အမှတ်တရသွားကြည့်ကြခြင်းဖြစ်သည်။ အမေရိကန်များသည် ပတ်စ်ပို့ အနီရောင်မြင်လျှင် လန့်လေ့ရှိသည်။ သူတို့စီးပွားရေး လုပ်ငန်းများ၏ သူဌေးတော်တော်များများမှာ မြန်မာနိုင်ငံမှ ဖြစ်ကြသောကြောင့်ဖြစ်သည်။ တော်သေးတာတခုက မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာကို လက်ခံနေသေးတာပင်။ ဒေါ်လာ၊ ပေါင်၊ ယူရိုစသည့် တို့နှင့်အိမ်နီးချင်းထိုင်းနိုင်ငံ ငွေကြေးလောက်သာ မြန်မာက လက်ခံသည်။ ဒါတောင် Currency
Exchange မှာလဲပြီးသုံးရသည်။ တိုက်ရိုက်သုံး၍မရ။ မြန်မာကျပ်ကတော့ ဘယ်နိုင်ငံမဆို လဲ၍လည်းရ၊ တိုက်ရိုက်သုံး၍လည်း ရသည်။

မြန်မာနိုင်ငံသားမျာ မျက်နှာပွင့်သလောက် မြန်မာနိုင်ငံထဲဝင်ချင်သူများအဖို့ အတော်ခက်ခဲသည်။ နိုင်ငံအတွင်းရှိ နိုင်ငံသားတယောက်ကထောက်ခံပေးမှသာလျှင် ဗီဇာရနိုင်သည်။ ဗုဒ္ဓဘာသာဝင်ဖြစ် သူများအဖို့ ဘုန်ကြီးများဆီ အပူကပ်ကာ ဗီဇာရအောင်လျှောက်ပြီး နေလျှင်လည်း ဘုန်းကြီးကျောင်း တွင်နေလေ့ရှိသည်။ သို့သော် သူတို့ အပြောအရ မြန်မာနိုင်ငံရှိ ဘုန်းကြီးကျောင်းများမှာ ဂျပန်၊ အမေရိကန် နှင့်အင်္ဂလန်ရှိ ဟော်တယ်များထက် ပိုသာသည်ဟုဆိုကြသည်။ ဗီဇာက တလခန့်သာရလေ့ရှိရာ ထိုအတောအတွင်း အလုပ်လေးတခုရအောင် လျှောက်ကြရသည်။

ယခင်က ဘုန်းကြီး ကပ္ပိယလုပ်လိုသူများအတွက် ကပ္ပိယဗီဇာပေးသော်လည်း အကြံအဖန်များလာသဖြင့် ထိုဗီဇာထုတ်ပေးခြင်းကို ရပ်နားထားရသည်။ ယခင်က အာဆီယံ နိုင်ငံအဖွဲ့ဝင်များကို ဗီဇာစည်ကမ်း များလျော့ပေါ့ပေးရာ စင်ကာပူ၊ မလေးမှ အကြံအဖန်များဝင်လာခြင်း၊ အိုဗာစတေးများ များလာခြင်း တို့ကြောင့် ပြန်လည်တင်းကျပ်ရသည်။ မလေးကကောင်တွေဆိုပိုဆိုး မြန်မာစကားလဲကောင်းကောင်း မတတ်၊ ရှိုးမန်းနီးလဲ မပါသလောက်၊ လာတော့ တိုးရစ်ဗီဇာ။ ဒါကြောင့် ဟိုတလောက ဂျာနယ်မှာ ဖတ်လိုက်ရတာ လေဆိပ်ကပြန်လွှတ်ရတာ အယောက်၂သောင်းကျော်သွားပြီဆိုပဲ။ ခုနက စလုံးသားလောက် မြန်မာစကားပြောတတ်မှ အလုပ်ရနိုင်သည်။ မဟုတ်လို့ကတော့ လာပြီး ငွေကုန်လူမောတာပဲ အဖတ်တင်မယ်။

အားကစားဘက်ကိုကြည့်ဦးမလား။ လစာအကောင်းဆုံးရသည့် နေရာဆိုလို့ Myanmar National League (MNL) သာရှိသဖြင့် ဘရာဇီး၊ အာဂျင်တီးနား၊ ဂျာမနီစသည်တို့မှ ဘောလုံးသမားအားလုံး လာရောက်ကစားရသည်။

MNL တွင်လာမကစားဖူးလျှင် ကမ္ဘာ့အဆင့် ဘောလုံးသမားဟု မသတ်မှတ်ကြ။ ထိုဘောလုံးသမားများ ကလည်း မြန်မာနိုင်ငံသားဖြစ်လိုကြသဖြင့်အလုအယက်လျှောက်ထားနေကြရာ ကမ္ဘာ့အကောင်း ဆုံးဘောလုံးသမားတိုင်းသည် မြန်မာနိုင်ငံသားများပင်ဖြစ်သည်။ ကမ္ဘာ့ဖလားပွဲကိုလည်း အခြားနိုင်ငံ များတွင် လက်ခံကျင်းပနိုင်လောက်အောင် ပြည့်စုံခြင်း မရှိသဖြင့် မြန်မာနိုင်ငံတွင် လက်ခံကျင်းပ ရသည်မှာ (၃)ကြိမ်ဆက်ရှိပြီး ထို(၃)ကြိမ်စလုံးဗိုလ်စွဲခဲ့သည်။

ဆက်သွယ်ရေးဘက်ကိုကြည့်ဦးမလား။ တနိုင်ငံလုံး wifi အင်တာနက်မမိတဲ့ နေရာမရှိ။ ကျိုက်ထီးရိုးဘုရားမှသည် ပူတာအို ရေခဲတောင်အထိအင်တာနက်ရသည်။ အနှေးဆုံး 12Gbs ကနေ အမြန်ဆုံး 100Gbs အထိရသည်။ ရန်ကုန်တမြို့လုံးမှာ မြေကြီးဆိုလို့ ပန်းခြံထဲ သွားကြည့်မှပဲမြင်ရမယ်။ ကျန်တဲ့နေရာက ကတ္တရာ၊ ကွန်ကရစ်အပြည့်ခင်းထားတာ။ ကော့သောင်းမှ ပူတာအိုအထိ ကျည်ဆန်ရထားဖောက် ထားသည်။ ရန်ကုန်မြို့ထဲတွင် မောင်းသူမဲ့ တက္ကဆီများပြေးဆွဲပေးသည်။ အခြားဘယ်နိုင်ငံမှ မရှိ။

စစ်တွေဖြစ်ပြီးနောက် နူကလီးယားကြောင့်လားမသိ။ ရာသီဥတုကတော့အတော့ကိုပြောင်းလဲလာသည်။ အတော်လဲပူလာသည်။ ခုတောင် အတော်ပူနေသည်။
"ဟေ့ကောင်... ထ... ထ....။ မင်းကလဲ မီးပျက်ပြီးမှောင်ကြီးထဲအိပ်နေတယ်။" သူငယ်ချင်းဖြစ်သူ၏ လှုပ်နိုးမှုကြောင့်နိုးသွားသည်။ အော်... အင်တာနက်က 5MB လောက်ရှိတဲ့ ဖိုင်ကြီး ဒေါင်းလုပ်ဆွဲတာ စောင့်ရင်းအိပ်ပျော်သွားတာ အိပ်မက်တွေတောင်မက်နေတယ်။

အော်... မီးက ပျက်နေတယ်။ တော်ပြီကွာ.... အိပ်တာပဲကောင်းပါတယ်။ အိပ်မက်ပဲ စိတ်ချမ်းသာတယ်......

အားလုံး အိပ်မက်လှလှမက်ပါစေ......