Sep 17, 2012

စတိဗ်ဂျော့နှင့် ပက်သက်၍ လူသိနည်းသော အချက် ၁၀ချက်





Innovation မှာ တူမတူအောင် စွမ်းဆောင်နိုင်ခဲ့မှုကြောင့် စတိဗ်ဂျော့ဆို မသိသူ မရှိလောက်အောင် အောင်မြင်ကျော်ကြားခဲ့ပါတယ်။ Apple Inc ကို တည်ထောင်ခဲ့တဲ့ စတိဗ်ဂျော့ရဲ့  လူသိနည်းတဲ့အချက်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ စတိဗ်ဂျော့ဟာ သက်သက်လွတ်စားသုံးသူ ဖြစ်ပါတယ်။ ပြီးတော့ သစ်သီး သစ်ဥ ကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။ သူအကြိုက်ဆုံး အသီးကတော့ ပန်းသီး ဖြစ်ပြီး၊ ကုမ္မဏီကိုလည်း Apple လို့ပဲ အမည်ပေးခဲ့ပါတယ်။



၂။ စတိဗ်ဂျော့ဟာ ၂၀၁၀ ခုနှစ်က ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲမှာ အဆင့် ၁၃၆ ရှိခဲ့ပါတယ်။ အဲဒီအချိန်က အမေရိကန်ဒေါ်လာ ၅.၅ ဘီလျံကြွယ်ဝပါတယ်။ အဓိကဝင်ငွေကို ဒစ်စနေးမှ ရရှိခြင်း ဖြစ်ပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄၈ သန်း ဝင်ငွေ ရှိပါတယ်။ ကွယ်လွန်ခါနီး အချိန်က စတိဗ်ဂျော့ရဲ့ ပိုင်ဆိုင်မှုဟာ ၈ ဘီလျံ ရှိတယ်လို့ သိရပါတယ်။

၃။ စတိဗ်ဂျော့ ရဲ့ လစာကို သိရင် အင်မတန် အံ့သြဖို့ ကောင်းသွားပါလိမ့်မယ်။ Apple ကပေးတဲ့ သူ့ရဲ့  Annual Salary ဟာ ၁ ဒေါ်လာပဲ ရှိပါတယ်။ သူ့ ရဲ့ အဓိက ဝင်ငွေက သူပိုင်သော Disney မှ ဖြစ်ပြီး ဒစ်စနေးမှ ရှယ်ယာများနဲ့ ရပ်တည်နေသူ ဖြစ်ပါတယ်။

၎။ စတိဗ်ဂျော့ဟာ ကျောင်းထွက်ခဲ့သူ ဖြစ်ပါတယ်။ Reed ကောလိပ်မှာ semester တစ်ခုသာ ဖြေဆိုခဲ့ပြီး ကျောင်းထွက်ခဲ့ပါတယ်။

၅။ စတိဗ်ဂျော့ရဲ့ တကယ့် ဝါသနာအစစ်က နည်းပညာဘက်မှာ မဟုတ်ခဲ့ပါဘူး။ သူတကယ် ဝါသနာပါတဲ့ အရာက စာလုံးပန်းချီ ဖြစ်ပါတယ်။ စာလုံးကို ပုံစံလှလှရေးပြီးယင်းစာရွက်များကို စုတတ်တဲ့အကျင့် သူ့မှာ ရှိပါတယ်။

၆။ HP ကွန်ပျူတာ ကုမ္မဏီနဲ့ ပထမဆုံး နည်းပညာအစည်းအဝေးတတ်တုန်း က စတိဗ်ဂျော့ဟာ အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ အသက်ငယ်ငယ်နဲ့ နည်းပညာလောက ထဲကို ဝင်ရောက်လာသူ ဖြစ်ပါတယ်။

၇။ ဂျော့ဟာ မွေးစားသား ဖြစ်ပါတယ်။ သူ့ကို အမှန်တကယ် မွေးဖွားခဲ့တဲ့ မိဘတို့က စွန့်ပစ်ခဲ့လို့ အခြား မိဘများက ပြန်လည် မွေးစားခဲ့ခြင်း ဖြစ်ပါတယ်။

၈။ ဂျော့ဟာ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ပါတယ်။ မူလက ခရစ်ယာန်ဘာသာကို ကိုးကွယ်ပေးမယ့် ကောလိပ်ကျောင်းက ထွက်ပြီးနောက် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ခဲ့ပါတယ်။  ဇင် မဟာယနဘာသာ ဖြစ်ပြီး ထေရ၀ါဒ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံကို လည်ပတ်ပြီး ဖြစ်ပေါ်လာတဲ့ သူရဲ့ ဆန္ဒဖြစ်ပါတယ်။ တစ်သက်လုံး ဘုန်းကြီးဝတ်သွားဖို့တောင် စိတ်ကူးထားသူလို့ ဆိုကြပါတယ်။

၉။ ဂျော့ဟာDyslexia ရောဂါသည် တစ်ဦးဖြစ်ပါတယ်။ ယင်းရောဂါဟာ အာရုံစူးစိုက်မှု အားနည်းသော ရောဂါ ဖြစ်ပါတယ်။ Dyslexia မှာ အကြား အားနည်းခြင်း၊ စကားပြော အားနည်းခြင်း၊ အမြင်အားနည်းခြင်းတို့ ဖြစ်ပြီး ဂျော့ကတော့ စာဖတ်ရာမှာ အားနည်းသူ ဖြစ်ပါတယ်။ ဒီလိုရောဂါရှိတဲ့ သူများက အတွေးအမြင်ဆန်းသစ်မှုမှာ အားသာချက်ရှိတယ်လို့ ဆိုကြပြီး အိုင်းစတိုင်းဟာလည်း Dyslexia ရောဂါသည် တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

၁၀။ ဂျော့မှာ အဆီးရီးယား သွေးတစ်ဝက် ပါပါတယ်။ သူ့ရဲ့ ဖခင်ဟာ အဆီး၇ီးယား လူမျိုးဖြစ်ပြီး မူဆလင်ဘာသာကိုးကွယ်သူများ ဖြစ်တယ်လို့ သိရပါတယ်။ မိခင်ကတော့ အမေ၇ိကန် လူဖြူဖြစ်ပါတယ်။
-----

 Ref: gizmocrazed.com
အောင်ခမ်း (TSJ Tech Team)
မူရင်း စာအား ဝင်ရောက်ဖတ်ရှုနိုင်ရန် -http://www.gizmocrazed.com/2011/10/top-10-facts-steve-jobs/

အမေရိကန်သမ္မတအိုဘားမား၏လုံခြုံရေးအဆင့်မြင့်ကား Cadillac One





အမေရိကန်သမ္ပတအဖြစ်ရွေးချယ်တင်မြောက်ခံရပြီးနောက်ဘာရက်အိုဘားမားရဲ့လုံခြုံရေးအတွက်အိမ်ဖြူတော်မှငွေကြေးအမြောက်အများအသုံးပြုခဲ့ပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်းအမေရိကန်သမ္မတတစ်ဦးအတွက်ထောက်ပံ့ပေးထားတဲ့ကားကတော့ဂျိမ်းစဘွန်းကားထက်တောင်သာတယ်လို့ဂုဏ်တင်ပြောဆိုကြပါတယ်။



ဆီတိုင်ကီ
ကျည်မဖောက်၊ရေမြှုပ်ဖြင့်အလွှာထပ်ထားပြီး၊တိုက်ရိုက်ခိုက်မှုနှင့်ဖောက်ခွဲမှုဒဏ်ကိုခံနိုင်ရည်ရှိပါတယ်။

ကားနောက်ဖုံး
အောက်စီဂျင်သက်ကယ်ဗုးနဲ့၊မီးငြိမ်းသက်ရေးစနစ်တို့ပါဝင်ပါတယ်။

အတွင်းခန်း
လူလေးဦးထိုင်အတွင်းခန်းဖြစ်ပြီး၊သမ္မတထိုင်ဆိုဖာခုံကိုလိုသလိုရွှေ့ပြောင်းနိုင်။ဆိုဖာခုံတွင်ဂြိုလ်တုဖုန်းတပ်ဆင်ထား၊ပြီးဒုတိယသမ္မနှင့်ပင်တဂွန်စစ်ဌာနချုပ်သို့ဆက်သွယ်ရန်တိုက်ရိုက်ဖုန်းလိုင်းတစ်ခုပါရှိ။

တံခါးပေါက်
ရှစ်လက်မထူသောကျည်ကာတံခါး၊နှင့်လေယာဉ်ဘိုးအင်း၇၅၇တွင်အသုံးပြုသောသတ္တုအမျိုးအစား

ယာဉ်မောင်း
အမေရိကန်လျှို့ဝှက်အေဂျင်စီမှအထူးလေ့ကျင့်သင်ကြားပေးထားသောယာဉ်မောင်း

ကားရှေ့မှန်
အားပြင်းသေနတ်ကျည်ဆန်များမထိုးဖောက်နိုင်၊အရေးကြီးစကားပြောရန်သုံးလက်မခန့်သာဖွင့်နိုင်။

ယာဉ်မောင်းရှေ့ခန်း
Dashboard တွင်ဆက်သွယ်ရေးဌာနချိတ်ဆက်မှုနှင့်ဂျီပီအက်စ်လမ်းကြောင်း ရှာဖွေရေးစနစ်တို့ပါဝင်

ကာကွယ်ရေးပစ္စည်းများ
ညဖက်မြင်ကင်မရာ၊ပစ်စတိုသေနတ်၊မျက်ရည်ယိုဗုံး၊သမ္မတအတွက်အရေးပေါ်အသက်ကယ်သွေးအိတ်၊

ကားအောက်ခြေ
ဗုံးပေါက်ကွဲမှုဒဏ်ကိုခံနိုင်သောအဆင့်မြင့်စတီးတပ်ဆင်ထား။

တာယာ
စတီးကွင်းအောက်ခြေခံ၊ကျည်နှင့်သံဆူးများမဖောက်နိုင်သော Kevlar ဓာတုဖြင့်ပြုလုပ်ထားသော  Run-flat တာယာအမျိုးအစား။

ဈေးနှုန်း
ဗြိတိန်ပေါင်တစ်သန်းနှင့်အထက်

အရှည်။    ။ ၁၈ပေ
အမြင့်  ။    ။ ၅ ပေ၁၀လက်မ
အလေးချိန်။    ။ ၈ တန်
အင်ဂျင်။    ။ ၆.၅လီတာ၊ဒီဇယ်
အမြင့်ဆုံးပြေးနှုန်း။    ။ တစ်နာရီမိုင်၆၀
ဆီစားနှုန်း။    ။ 8mpg
ထိုင်ခုံ ။        ။ ၇  ဦး      

လက်ရှိအချိန်ကမ္ဘာလုံခြုံရေးအဆင့်အမြင့်ဆုံးလို့သတ်မှတ်ထားတဲ့အမေရိကန်သမ္မတအိုဘားမားသုံးကားကို၂၀၀၉ခုနှစ်ကလူစိတ်ဝင်စားမှုများပြားခဲ့ပါတယ်။နှစ်တွေပြောင်းလဲလာတာနဲ့အမျှနည်းပညာပေါင်းစပ်မှုပိုမိုမြင့်တင်ထားပြီးယခင်ကဖော်ပြထားတာထက်လျှို့ဝှက်နည်းပညာတွေပါဝင်နေအုံးမယ်လို့နည်းပညာရှင်များကဆိုပါတယ်။

Ref :officeusa
Aung Kham ( TSJ tech Team)

Facebook အကောင့် ခိုးနည်း နှင့် ကာကွယ်နည်း





 



ကျွန်တော် မောင်အောင်ခမ်းက ဟက်ကာတစ်ယောက်မဟုတ်ပေမယ့် Facebook အကောင့်တစ်ခုကို အောင်အောင်မြင်မြင် ဟက်ခဲ့ပါတယ်။ ဘာ ဟက်ကာ ဆော့ဖ်ဝဲမှ မသုံးပါဘူး။ အဲဒီအကောင့်က ကိုယ့်စိတ်ကြိုက်လိုသလို သုံးလို့ရတဲ့ အဆင့်ထိ ရောက်သွားပါပြီ။ တကယ်ပြောတာပါ။ သို့ပေမယ့် စမ်းသပ်ရန် ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာ ဖြစ်ပြီး သူငယ်ချင်း အရင်းခေါက်ခေါက်ကို တောင်းပန်ကာ အကောင့်ပြန်ပေးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ သူစိတ်ဆိုး နေလောက်ပါပြီ။ ဒီတော့ သိထားသူများလည်း သတိထားနိုင်ရန် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ 

ပြီးတော့ ဒီစာ မျှဝေတဲ့ ရည်ရွယ်ချက်က အကောင့် ခိုးစေဖို့မဟုတ်ပါဘူး။ ဗဟုသုအနေနဲ့လည်းကောင်း၊ ကာကွယ်နိုင်ရန်လည်းကောင်း၊ အကောင့် ခိုးသူများ ဘယ်လိုနည်းလမ်းတစ်ခု အသုံးပြုနေပါသေးတယ်ဆိုတာကို လည်းကောင်း သိစေလို လို့ ဖြစ်ပါတယ်။ အများသူငှာ ထိခိုက်အောင် မလုပ်ဖို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်။ ဒီတော့ ဆောင်းပါးကို အောက်မှာစတင်ပါပြီ။

တကယ် လက်တစ်လုံးကြားကနေ လုပ်သွားတာ ဖြစ်ပါတယ်။ တကယ်လွယ်ကူတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီတော့ အကောင့်ခိုးနည်းနဲ့ အကောင့် အခိုးခံရခြင်းမှ ကာကွယ်ကွယ်နည်းဆိုပြီး နှစ်ပိုင်းတင်ပေးပါမယ်။ တစ်ပိုင်း တင်ရင်လည်း တကယ် ကွိုင်တက်မယ့် အခြေအနေဖြစ်ပါတယ်။ မိမိအကောင့်များ အခိုးမခံရအောင် ဖတ်ရှုစေလိုပါတယ်။

Facebook အကောင့် ခိုးခြင်း

အကယ်၍ အကောင့်ခိုးလို့မအောင်မြင်ရင်တောင် ယင်းအကောင့် ကြိမ်းသေ Lock ကျမယ့် နည်းပါ အင်မတန် ကြောက်စရာ ကောင်းပါတယ်။ ဘာမှ လုပ်စရာမလိုပါဘူး။ ကျွန်တော်လုပ်သွားတဲ့ အဆင့်လေးတွေပဲ ပြောပြပါမယ်။

၁။ Facebook – Browser ထဲကို ကျွန်တော်အရင်ဝင်လိုက်ပါတယ်။

၂။ ဘာမှ မလုပ်ပဲ လျှို့ ဝှက်ကုဒ်နံပါတ် မေ့ပါသည် ဆိုတဲ့ Forget Password ကိုနှိပ်လိုက်ပါတယ်။

၃။ ဒီတော့ Email ဖြည့်မလား၊ User name နဲ့ Friend name ဖြည့်မလားဆိုတာ ပေါ်လာပါတယ်။ ဒါကိုတော့ လူတိုင်းသိမယ်ထင်ပါတယ်။

၎။ ဒီမှာ ကိုယ် ဟက်ချင်တဲ့ အကောင့်ရဲ့  ဂျီတော့ကို ရိုက်ထည့်လိုက်ရုံပါပဲ။ ပြီးတော့ Search လုပ်လိုက်တာနဲ့ အဲဒီအကောင့်ပေါ်လာပါပြီ။

၅။ ဒါသင့်အကောင့်လားလို့ မေးပါတယ်။ ဒီတော့ Yes , This is my account ဆိုတာလေးကို ရွေးချယ်ရပါတယ်။

၆။ ပြီးတော့ Pasword ပြန် rest လုပ်မလားလို့ မေးပါတယ်။ ဘာမှမနှိပ်ပါနဲ့။ လူအတော်တော်များများ သတိမထားမိတဲ့ Option တစ်ခုအဲဒီမှာ စပါပြီ။ ဒီအကောင့်ကို အသုံးမပြုတာ အတော်ကြာပါပြီလို့ ရွေးချယ်ရတဲ့ I have on longer use this account ဆိုတာပဲ ဖြစ်ပါတယ်။

၇။ I have no longer use this account ကို နှိပ်လိုက်ရင်တော့ ထပ်ကျလာမယ့် box က email address ဖြည့်စွက်ခြင်း ဖြစ်ပါတယ်။ နှစ်ခါတိတိဖြည့်ရပါမယ်။ ဒီမှာ သတိထားရမှာက ကိုယ့်ဖြည့်တဲ့ အီးမေးလ်ဟာ Facebook အကောင့် လုံးဝမဖွင့်ရသေးတဲ့ အီးမေးလ်ဖြစ်ဖို့လိုပါတယ်။ ကျွန်တော်တော့ ဂျီတော့ အကောင့် အီးမေးလ်နဲ့ ဝင်လိုက်ပါတယ်။

အဲဒီမှာ တစ်ခုထူးခြားတာက ကိုယ်က အီးမေးလ်ထည့်ပေမယ့် အီးမေးလ်ဆီကို Facebook ကစာမပို့ပါဘူး။ ဒါက သူတားဆီးထားတဲ့ Security layer ဖြစ်ပါတယ်။

၈။ နောက်ထပ် ကျလာတဲ့ Page ကတော့  Google အကောင့်ပြီး အကောင့်ပြန်ယူမလား၊ ထည့်ထားရင်းဆွဲ အီးမေးလ်ဆီကိုပဲ Code ပို့မလားလို့ မေးပါတယ်။ ဒီတော့ရွေးချယ်ရမှာက google အကောင့်သုံးမယ်ဆိုတဲ့ User google account ဆိုတာကို အသုံးပြုရပါတယ်။

၉။ နောက်ထပ်ကျလာတဲ့ Box က New email ဖြည့်ရုံပဲ ဖြစ်ပါတယ်။

၁၀။ နောက်တစ်ဆင့်ကတော့ Security Question ဖြည့်ဖို့ပဲ ဖြစ်ပါတယ်။ ဒီ Layer တစ်ခုပဲ Facebook က ကောင်းကောင်းကာကွယ်ပေးထားပါတယ်။ ဒီမှာ User သာ အသုံးမကျရင်တော့ ဟက်ကာတို့ အောင်ပွဲ ဆင့်မယ့် အဆင့်ဖြစ်ပါတယ်။

၁၁။ ကျွန်တော့သူငယ်ချင်းခံထားတဲ့ Security Question ကအရမ်းလွယ်ပါတယ်။ အမေမွေးတဲ့ နေရပ်ဇာတိတဲ့လေ။ သူ မုံရွာသားမှန်းလည်းသိနေတာပဲ။ မုံရွာကို အင်္ဂလိပ်လို ပေါင်းတာမှားမှာစိုးလို့ သူ့ Wall ကနေ ဝင်ပြီး Copy လုပ်- ပြီးတော့ ကွက်လပ်လေးမှာ paste လုပ်ပေးလိုက်တာ Enter ခေါက်လိုက်တာနဲ့ အကောင့်က ကျွန်တော်ပိုင် ဖြစ်သွားပါလေရော။

၁၂။ အဲဒီမှာ လျှို့ ဝှက်နံပါတ်အသစ် ဖြည့်ခိုင်းပါတယ်။ အဲမှာ ကိုယ်ဖြည့်ချင်တဲ့ လျှို့ ဝှက်နံပါတ် ဖြည့်လိုက်ရင်ပြီးပါပြီ။

၁၃။ ၂၄ နာရီကြာမှ အကောင့်ကို ပြန်လာဖွင့်ဖို့ပြောပါတယ်။ အဲဒီမှာ အကောင့်က လုံးဝ Lock ကျသွားတာ သေချာပါပြီ။ သူလည်းသုံးနေရင်း တန်းလန်းပိတ်သွားပါတယ်။ ၂၄ နာရီကြာချိန်မှာ ကိုယ်ပြောင်းထားတဲ့ Password နဲ့ ဝင်လိုက်ရုံနဲ့ပဲ အကောင့်က ကိုယ်ပိုင်ဖြစ်သွားပါတယ်။ ၂၄ နာရီတောင်မဟုတ်ပါဘူး။ ၂၃ နာရီ ၅၉ မိနစ်လို့ရေးသားဖော်ပြထားပါတယ်။

ဒုတိယ နည်းလမ်း

နောက်တစ်နည်းရှိပါသေးတယ်။ ဒါက Facebook ပေါ်မှာ သူငယ်ချင်းများထံအကူအညီတောင်းခြင်းဆိုတဲ့ Layer ဖြစ်ပါတယ်။ Security Question အဆင့်မတိုင်ခင်မှာ အဲဒီ အဆင့်ပါရင်ပါတတ်ပါတယ်။ ဒီမှာ အကောင့် သုံးခုဖွင့်ပြီး သူနဲ့ friend လုပ်တယ်ဆိုရင်တော့ ဘယ်အဆင့်မှ သွားစရာမလိုပဲ အကောင့်ကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီ ဒုတိယနည်းလမ်းက ပိုမိုလွယ်ကူတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ကျွန်တော်လည်း  ကလိနေရင်း အဆင့်တိုင်းကို သေချာမှတ်ထားဖို့ မေ့သွားလို့ Step တွေတစ်ခုခု လွဲကောင်းလွဲနေပါလိမ့်မယ်။ သို့ပေမယ့် ဒီအဆင့်တွေကိုပဲ စိတ်ရှည်ရှည်နဲ့လုပ်သွားရင် အကောင့်တစ်ခုဆိုတာ ရဖို့မခဲယဉ်းပါဘူး။

ဒီမှာ ခလုပ်နှိပ်မမှားစရာ အဆင့်တစ်ခု ရှိပါတယ်။ ဒါကတော့ Send code သွားမနှိပ်မိစေဖို့ ဖြစ်ပါတယ်။ Send code ဆိုတာသာ သွားနှိပ်မိရင်တော့ ကိုယ်ဟက်နေတဲ့ လမ်းပျက်ဆီးသွားပါလိမ့်မယ်။ code ကို မူရင်းအကောင့်ပိုင်ရှင်ရဲ့ ဂျီမေးလ်ကို သွားပို့မိပြီဆိုရင်တောင် သူပြန်ဖွင့်ပါလိမ့်မယ်။ ဒီတော့ ဟက်တဲ့ လမ်းက ဆုံးသွားပါတယ်။ သို့ပေမယ့် ၂၄ နာရအတွင်းသာသူ ဂျီတော့ရော၊ Facebook ရောမသုံးဖြစ်ဘူးဆိုရင်တော့ ဒီပြဿနာ ကျော်လွားနိုင်ပါတယ်။

ကာကွယ်နည်း

ဒီမှာ ကိုယ့်အကောင့် အခိုးမခံရအောင် ကာကွယ်ရမှာက ကာယကံရှင်ရဲ့ အပိုင်းဖြစ်ပါတယ်။ ဒီလိုအရမ်းလွယ်ကူတဲ့ ဟက်နည်းလမ်းဟာ အနောက်တိုင်းမှာ အတော်လေးအသုံးများလာတယ်လို့ ဆိုပါတယ်။ ဘာ ဆော့ဖ်ဝဲမှ မလိုပဲ ဟက်သွားတာ ဖြစ်ပါတယ်။
ဒီတော့ ကာကွယ်ရမယ့် သူ အဓိကလုပ်ဆောင်ရမှာ နှစ်ခုရှိပါတယ်။

၁။ မိမိရဲ့  Facebook ဖွင့်ထားတဲ့ အီးမေးလ်ကို လူပေးမသိစေခြင်း။

၂။ Security Question ကို တကယ်လေးလေးနက်နက် ထားခြင်း။

Security Question က ပိုအရေးကြီးပါတယ်။ အချို့ က ပြီးပြီးရောဆိုပြီး  မွေးရပ်ဇာတိ၊ အေးအေး၊ မြမြ၊ အစရှိသဖြင့် အလွယ်တကူတွေထားတော့ ကွိုင်တက်ကုန်ပါတယ်။ Security Question အပိုင်းသာခိုင်ခိုင်လေး လုပ်ထားရင် အကောင့်ခိုးခံရနိုင်ချေနည်းပါတယ်။ ပြီးတော့ ကိုယ့် အီးမေလ်ကို လျှို့ ဝှက်ခြင်းဖြစ်ပါတယ်။ ဒါကတော့ မလွယ်ပါဘူး။ ဘာလို့လဲဆို ကိုယ့်ကို ဟက်မယ့်သူက အီးမေးလ်သိနေတော့။ ယင်းအီးမေးလ်ကို အလွယ်တကူ ဖြည့်ဆွက်ပြီး ဟက်လိုက်တာဖြစ်ပါတယ်။ ဒီတော့ Security Layer ဖြစ်တဲ့ Question ကိုပဲ အားကိုးရတော့မှာ ဖြစ်ပါတယ်။  

အထက်ဖော်ပြပါ ကာကွယ်နည်းက အထက်ဖော်ပြပါ ခိုးနည်းရန်က ကင်းဝေးရန် ဖြစ်ပါတယ်။ အခြား ခိုးနည်းရန်မှ ကာကွယ်ရန်ကတော့ မိမိတာဝန်သာ ဖြစ်ပါတယ်။

Facebook က လုံခြုံရေးတော်တော်ညံ့ဖျင်းတယ်လို့ အပြောခံရပြီးနောက်ပိုင်း Question ထားတဲ့ ကိစ္စကျတော့ ကာယကံရှင်တာဝန်သာဆိုတာကို သိစေဖို့ ဖြစ်ပါတယ်။ Facebook ကအဲဒီထက်ပိုမကာကွယ်ပေးနိုင်ပါဘူး။ အဲဒီထက်သာ ပိုကာကွယ်ရင် ကိုယ်တိုင်တောင် ဝင်ဖို့ခက်သွားပါမယ်။ သို့ပေမယ့် Sesurity Question ပြီးတော့ နောက်ထပ်တစ်ဆင့်ခံသင့်သေးတယ်လို့ အကြံပေးသူများ ရှိလာပါတယ်။

ဒီတော့ စာရေးသူ မှာကြားချင်တာကတော့ Security Question မြင့်တင်စေဖို့ပဲ ဖြစ်ပါတယ်။ အီးမေးလ်ကတော့ အချင်းချင်းတွေသိနေမှာမို့ မတတ်နိုင်ပါဘူး။ ကိုယ့်ကိုယ်ဟက်မယ့်သူကလည်း လူသိသာ ဟက်နိုင်မယ့် နည်းလမ်းလို့ အနီးစပ်ဆုံး သတ်မှတ်နိုင်ပါတယ်။

အထက်ပါနည်းလမ်းများကို မိတ်ဆွေများထံ မျှဝေပီး သူငယ်ချင်းအချင်းချင်း အကောင့် ပျောက်ရှခြင်းမှ ကင်းဝေးအောင် ဖေမကူညီကြပါရန် ရေးသား တိုက်တွန်းလိုက်ရပါတယ်။

Screen shot ရိုက်ထားသော အကောင့် ခိုးနည်း စာမျက်နှာများကို အောက်ပါ လ့ခ်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။





----
အောင်ခမ်း

မော်တော်ကားများတွင် ပါဝင်သည့် အလိုလျှောက် အရှိန်ထိန်းစနစ်



 အဆင့်မြင့် ဇိမ်ခံကားတွေမှာ များသောအားဖြင့် အလိုလျှောက် မောင်းနှင်တဲ့ စနစ်တွေ ပါဝင်ပါတယ်။ အဆိုပါ စနစ်ကို Cruise Control လို့ ခေါ်ဝေါ်ကြပါတယ်။ ကားရဲ့ အရှိန်ကို လက်နဲ့ အတိုးအလျှော့ လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။


အခြေခံ Cruise Control စနစ်ဟာ ကားကို မောင်းသူစိတ်ကြိုက် အရှိန်နှုန်းတစ်ခုမှာ အမြဲရှိနေအောင် ထိန်းသိန်းပေးထားမှာ ဖြစ်ပါတယ်။ အမြန်လမ်းမတွေမှာ ကားမောင်းတဲ့သူဟာ အချိန်ကြာမြင့်စွာ Lever/Accelerator ကို နင်းထားရရင် ညောင်းညာကိုက်ခဲလာတက်ပါတယ်။ သို့အတွက်ကြောင့် Cruise Control စနစ်တွေကို Highway Driving အတွက် အဆင့်မြင့် ကားတွေမှာ ထည့်သွင်းတပ်ဆင်ပေးထားခြင်း ဖြစ်ပါတယ်။

Cruise Control ကို On ထားမယ်ဆိုပါက ကားမောင်းသူဟာ သက်မှတ် အရှိန်နှုန်းမှာ ကားကို တည်ရှိစေပြီး Steering ကိုသာ ထိန်းချုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အနည်းငယ်သော အရှိန်ကို ပြောင်းလဲလိုပါက Curise Control System တွေမှာ အရှိန်လျှော့၊ အရှိန်တိုးခြင်းကို လက်နဲ့ ပြောင်းလဲလို့ရမှာ ဖြစ်ပါတယ်။ Cruise Control ရဲ့ အရှိန်ထိမ်းချုပ်မှုကို ပြန်ဖျက်လိုပါက Brake သို့မဟုတ် Lever ကို နင်းလိုက်ရင် သူ့ဘာသာသူ ပြုတ်သွားမှာ ဖြစ်ပါတယ်။

၎၊ ၅ နာရီ တသမတ်တည်း မောင်းရမဲ့ အဝေးပြေးလမ်းမကြီးမျိုးတွေမှာ ခြေထောက် ပင်ပန်းမှုကို လျှော့နည်းသက်သာစေရန် Cruise Control System တွေကို အသုံးပြုပြီး မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ သို့ပါသော်လည်း ကားရှုပ်ထွေးမှု မရှိတဲ့၊ ဖြောင့်တန်းတဲ့ အမြန်လမ်းမကြယ်ကြီး မျိုးတွေမှာ အသုံးပြုဖို့ ပိုမို သင့်တော်ပါတယ်။

အခြေခံ Cruise Control စနစ်တစ်ခု ရဲ့ အလုပ်လုပ်ပုံကို ဖော်ပြပေးသွားပါမယ်။

Cruise Control System တွေဟာ များသောအားဖြင့် အချက်ပြမီးစနစ်ကဲ့သို့ Control ထိန်းချုပ်ရန် အတံတစ်ခုအနေနဲ့ ရှိပါတယ်။
အပေါ်အောက် မြှားတွေ၊ သို့မဟုတ် +/- သင်္ကေတများနဲ့ Signal ပြတဲ့ ခလုပ်တစ်ခုအနေနဲ့ Steering အ၀ိုင်း အောက်ပိုင်းမှာ ပါဝင်တက်ပါတယ်။ Set/Cancel/Res စသည့် စာများလည်း ပါဝင်တက်ပါတယ်။

Cruise Control ကို အသုံးပြုဖို့ဆိုရင်
၁။ Cruise On ဆိုတဲ့ ခလုပ်ကို နှိပ်ရမှာ (အခု ပုံမှာဆိုရင် ဒိုင်ခွက်ပုံလေးနဲ့ပြထားပါတယ်) ဖြစ်ပါတယ်။ အဆိုပါ ခလုပ်ကို နှိပ်လိုက်မယ်ဆိုရင် Dash Board ရဲ့ Screen မှာ Cruise ဆိုတဲ့ စာသာမျိုး မီးလင်းပြီး ပေါ်လာမှာ ဖြစ်ပါတယ်။

၂။ မိမိ အလိုရှိတဲ့ အရှိန်နှုန်းတစ်ခုကို ရောက်ပြီဆိုရင် Set လုပ်ရမှာ ဖြစ်ပါတယ်။ ပုံမှာဆိုရင် အောက်ကို ညွန်ပြထားတဲ့အတွက် Control တံကို အောက်ဘက် နှိပ်ပေးရမှာ ဖြစ်ပါတယ်။

၃။ ကားမောင်းသူအနေနဲ့ Lever ကို လွှတ်ပြီး ထားလိုက်မယ်ဆိုရင် Cruise Control System က သူ့ဘာသာသူ သက်မှတ်ထားတဲ့ အရှိန်ရောက်အောင် Lever ကို ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။

၎။ အကယ်လို့သာ ကားမောင်းသူက Brake သို့မဟုတ် Lever ကိုသာ နင်းလိုက်မယ်ဆိုရင် အဆိုပါ Cruise Control System ဟာ ပြုတ်သွားမှာ ဖြစ်ပါတယ်။ အမြန်နှုန်းကို ထိန်းပေးတော့မှာ မဟုတ်ပါဘူး။ ပြန်ပြီး ထိန်းစေချင်တယ်ဆိုရင် ပထမအဆင့်ကဲ့သို့ Set ကို ပြန်နှိပ်ရမှာ ဖြစ်ပါတယ်။

၅။ မိမိအနေနဲ့ သက်မှတ်ထားတဲ့ အရှိန်နှုန်းကို မြှင့်တင်ချင်တယ်ဆိုရင် RES ဆိုတဲ့ ဘက်ကို Control အတံကို ရွှေ့ပေးရမှာ ဖြစ်ပါတယ်။ အရှိန်မြှင့်ဖို့အတွက် Res ကို ဖိထားပေးရမှာ ဖြစ်ပါတယ်။ လိုချင်တဲ့ အရှိန်ရောက်ရင် ပြန်လွှတ်ပေးလိုက်ရင် ရပါပြီ။ မိမိတိုးမြှင့်ထားတဲ့ အရှိန်အတိုင်း ဆက်ပြီး ထိန်းသိမ်းပေးသွားပါလိမ့်မယ်။

၆။ အရှိန်အရမ်းမြန်တယ်လို့ ခံစားရရင် Cancel ကို နှိပ်ပေးလိုက်ရင်ရပါပြီ။ အရှိန်လျှော့ပေးသွားပါလိမ့်မယ်။

Cruise Control System တွေဟာ တစ်ခုနဲ့တစ်ခု ခလုပ်ပုံစံတွေ မတူပေမဲ့ သဘောတရားကတော့ အတူတူပဲ ဖြစ်ပါတယ်။ များသောအားဖြင့် Cruise Control System တွေဟာ ၄၀ ကီလိုမီတာ အထက် အရှိန်ရှိမှပဲ အလုပ်လုပ်တက်ပါတယ်။

ကားမောင်းသူအတွက် ဘာအကျိုးကျေးဇူးရှိသလဲ ဆိုရင်တော့ အရှိန်ကို ခြေထောက်နဲ့ ထိန်းဖို့မလိုတဲ့အတွက် လမ်းကို ဂရုတစိုက် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ သက်မှတ် အရှိန်နှုန်းထပ်လဲ ပိုမမောင်းမိနိုင်တော့သလို၊ ဝေးလံကြာမြင့်တဲ့ ခရီးလမ်းတွေကိုလဲ သက်သာစွာနဲ့ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံးပေါ် Cruise Control System တွေဟာဆိုရင်ဖြင့် Speed ကို ထိန်းချုပ်နိုင်တဲ့အပြင် ရှေ့ကကားနဲ့ အကွာအဝေး စောင့်ကြည့်ပေးနိုင်ခြင်း၊ မိမိလမ်းကြောင်းမှ သွေဖီမသွားအောင် ထိန်းချုပ်နိုင်ခြင်း၊ ရှေ့မှာ အတားအဆီးရှိရင် အလိုလျှောက် အရှိန်လျှော့ပေးခြင်း အစရှိတဲ့ Intelligence စနစ်တွေ ပါဝင်လာတာ တွေ့ရပါတယ်။ Sensor တွေအားကောင်းလာတာနဲ့ အမျှ Cruise Control စနစ်တွေဟာလဲ ပိုမို ကောင်းမွန်လာကြပါတယ်။ နောက်ပိုင်း ကားတွေမှာ ဆိုရင် Steering မှာ Console ခလုပ်တွေ အနေနဲ့ ပါဝင်လာတက်ပါတယ်။

ကားထုတ်လုပ်သူတွေဟာ ကားမောင်းသူကို သက်သာစေဖို့၊ အနရာယ်ကင်းစေဖို့ နည်းပညာတွေက အထောက်အပံ့ပေးလာကြတာ ဖြစ်ပါတယ်။

Cruise Conrtrol ကို ကားတော်တော်များများမှာ ပါတာတွေ့ရပါတယ်။ သို့ပေမဲ့လဲ ကားမောင်းသူများအနေနဲ့ စမ်းသပ်သုံးစွဲဖို့ မ၀ံ့မရဲဖြစ်တာက တစ်ကြောင်း၊ User Manual တွေမပါတဲ့အတွက် ဘယ်လို အသုံးပြုရမှာ မသိတာကတစ်ကြောင်း၊ Cruise Contorl တစ်ခုဟာ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို မသိတာကတစ်ကြောင်း၊ အမှတ်တမဲ့ မသုံးဖြစ်ကြတာ များပါတယ်။

စာရေးသူအနေနဲ့ များသောအားဖြင့် နေပြည်တော် အမြန်လမ်းမကို ကားမောင်းသွားရမယ် ဆိုရင်တော့ Cruise Control ကို အသုံးပြုလ့ရှိပါတယ်။ သက်မှတ် အမြန်နှုန်း မိုင် ၆၀၊ ကီလို ၁၀၀ သက်မှတ်ပြီး မောင်းသွားမယ်ဆိုရင် မပင်မပန်း၊ မညောင်းမညာဘဲ သက်သာစွာနဲ့ မောင်းသွားနိုင်ပါတယ်။ မိမိ အမြန်နှုန်းကို အမြဲစောင့်ကြည့်နေပြီး ကားကို လက်တစ်ခုတည်းနဲ့ မောင်းရတာ တကယ့်ကို အဆင်ပြေပါတယ်။

တစ်ချို့ ခလုပ်တွေမှာ ပါတဲ့ ACC ဆိုတာ Acceleration အရှိန်မြှင့်ခြင်းဖြစ်ပြီး၊ Coast ဆိုတာကတော့ အရှိန်လျှော့ခြင်း Deceleration ဖရီးရိုက်ခြင်း ဖြစ်ပါတယ်။

အားသာချက်
၁. Suitable for both driving patterns ( automatic or manual စနစ်နှစ်ခုလုံးနဲ့ သင့်တော်ပါတယ်။)
၂. Helps reduce fuel costs (ဆီစားနှုန်းကို လျှော့ချပေးနိုင်ပါတယ်။)
၃. Higher driver concentration (ကားမောင်းသူရဲ့ အာရုံစူးစိုက်မှုကို ပိုရစေပါတယ်။)
၎. safety (လုံခြုံမှုရှိပါတယ်။)
၅. Avoids unintentional over speedings (အမှုမဲ့ အမှတ်မဲ့ အရှိန်မြန်အောင် Lever နင်းမိတာမျိုး ရှောင်ကျင်နိုင်ပါတယ်။)
၆. Reduced front end collisions by 70% if applied on all vehicle (ကားတွေအားလုံးသာ Cruise Control တက်ဆင်ထားမယ်ဆိုရင် ရှေ့ပိုင်း ယာဉ်တိုက်မှု ၇၀% အထိ လျှော့ချ နိုင်ပါလိမ့်မယ်။)

Cruise Control System တစ်ခု အလုပ်လုပ်ပုံ
http://youtu.be/wPlV2-OQqwg

TSJ Tech Team
Reference: Toyota, readerrack, Honda, Audi