Sep 17, 2012

ဆွီဒင်မှ အိမ်တွင်းဖြစ် နျူကလိယဓာတ်ပေါင်းဖို တည်ဆောက်သူ





ပြီးခဲ့တဲ့ နှစ် သြဂုတ်လဆန်းက သတင်း ဖြစ်ပါတယ်။ အိမ်တွင်းဖြစ် နျူကလိယ တာဘိုင်တည်ဆောက်ပြီး ကမ္ဘာကျော်သွားတဲ့ သာမန်လူတစ်ယေက် ဖြစ် ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီး ဆွီဒင်နိုင်ငံ အနောက်တောင်းပိုင်း Aengelholm မြို့ ငယ်မှာ နေထိုင်တဲ့ Richard Handl အမည်ရ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အိမ်တွင်း မီးဖိုချောင်မှာပဲ ရေဒီယို သတ္တုကြွပစ္စည်း များ ဖြစ်တဲ့ radium, americium နဲ့ uranium များကို ကိုယ်တိုင် ချက်ပြုတ်ပါတယ်။ ပြီးတော့ ရေနွေးငွေ့ တာဘိုင်ကိုလည်း ပြင်ဆင် အသုံးပြုပါတယ်။ လိုအပ်တဲ့ ပစ္စည်းပစ္စယ၊ သတ္တုတို့ကို အမေရိကန်ဒေါ်လာ ၄သောင်း ကျော် အကုန်ကျခံပြီး ဝယ်ယူထားတာ ဖြစ်ပါတယ်။ 

စမ်းသပ်ချက်စတင်ပြီး မေလမှာ အွန်လိုင်း -ဘလောဂ့်တစ်ခုထောင်ပြီး လိုအပ်တဲ့ ပစ္စည်းများကို တင်ဒါသဘောမျိုးနဲ့ Post တင်တောင်းဆိုပါတယ်။ စမ်းသပ်ချက် ဖြစ်စဉ်အားလုံးကိုလည်း အားလုံး မှတ်တမ်းတင် ဖော်ပြပါ တယ်။ အဲဒီအထိ ပြဿနာမတက်သေးပါဘူး။

ဆွီဒင်နျူကလိယ အေဂျင်စီကို အီးမေးလ်ပို့ပြီး သူ့ရဲ့ စမ်းသပ်အောင်မြင်မှု များကို ပြောပြပါတယ်။ ပြီးတော့ သူတို့နဲ့ပူးပေါင်းချင်တယ်လို့ သွားကမ်း လှမ်းမိပါတယ်။

အဲဒီနောက်ပိုင်း ဒေသခံရဲပေါင်းမြောက်များစွာဟာ Richard ရဲ့ အိမ်ကို ဝိုင်းပြီး သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ စစ်ဆေးချက်များအရ Richard ဟာ ဗုံးတီထွင်ရန် မဟုတ်ပဲ လျှပ်စစ်ဓာတ်အားထုတ်ပေးနိုင်မယ့် အက်တောမစ် သတ္တုအဆင့် ရရှိရန် ကြိုးပမ်းနေခြင်း မျှသာ ဖြစ်တယ်လို့ သိရပါတယ်။ သို့ပေမယ့် ထောင်ဒဏ် နှစ်နှစ်အချမှတ်ခံရတယ်လို့ နိုင်ငံတကာ သတင်းများက ဖော်ပြကြပါတယ်။

မီးဖိုချောင်တစ်ခုတည်းမှာပဲ နျူကလိယထုတ်လုပ်ဖို့ကြိုးစားရာ  nuclear fusion အဆင့်အထိ အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် Richard ဟာ ကမ္ဘာကျော်သွားပြီး ကမ္ဘာတစ်လွှား သတင်းမီဒီယာများက အိမ်တွင် နျူကလိယဓာတ်ပေါင်းဖို တည်ဆောက်သူလို့ ရေးသားဖော်ပြ ခဲ့ပါတယ်။

Richard ရဲ့  ကိုယ်ပိုင် Blog ကိုအောက်ပါလခ့်မှာ ဝင်ရောက်ကြည့်ရှုနိုင် ပါတယ်။

http://richardsreactor.blogspot.com/2011/08/110803-international-news.html
note:from http://techspacejournal.blogspot.com