Oct 4, 2012
နာမည်ကြီး Black Hat Hacker (၅) ယောက်
နည်းပညာလောကမှာ ထင်ရှားကျော်ကြားတဲ့သူတွေ အများကြီးရှိပါတယ်။ တစ်ချို့က နာမည်ကောင်းနဲ့ ကျော်ကြားသလိုတစ်ချို့ကြတော့လည်း နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ Hacker ဆိုတာကို အဓိပ္ပါယ်ဖွင့်ကြတာတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ လွယ်လွယ်ပြောရရင် Hacker ဆိုတာ နည်းပညာကို ရူးရူးမူးမူးလေ့လာတဲ့ သူတစ်ယောက်ပါပဲ။ တစ်ခုခုကို အတွင်းကျကျ ထိုးထွင်းသိ့မြင်လာအောင် တစိုက်မက်မက် အရူးအမူးလေ့လာတဲ့ လူမျိုးတွေပါ။ Hacker တွေက သူတို့ကို သူတို့တော့ ငါက Hacker တစ်ယောက်ပါလို့ အော် ကျယ်အော်ကျယ် မလုပ်ပါဘူး။ သူတို့အတွက် အကျိုးမမြတ်မရရှိနိုင်တဲ့ အလုပ်တစ်ခုကို အချိန်ကုန်ခံပြီးမလုပ်ပါဘူး။
အခု ကမ္ဘာပေါ်မှာ နာမည်ကြီး Black Hat Hacker တွေထဲကထိပ်တန်း Hacker (၅) ယောက်ကို ဗဟုသုတ အဖြစ်ဖေါ်ပြပေးလိုက်ပါတယ်။
(၁) Gary Mckinnon
Gary Mckinnon ကို 1966 ခုနှစ် February 10 ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ယခု အသက် 46 နှစ်အရွယ်ရှိနေတဲ့ Mckinon ဟာအမေရိကန် နိုင်ငံရဲ့ အကြီးမားဆုံး စစ်တပ်မတော်က Computer တွေကိုအချိန်တိုင်းအလွတ်မပေးခဲ့တဲ့BlackHackerတစ်ယောက်အဖြစ် ကြေငြာခဲ့ခြင်း ခံခဲ့ရပါတယ်။ Gary Mckinnon ဟာ NASA နဲ့ Pentagon ရဲ့ Security System တွေကို
အကြီးမားဆုံး ချိန်းခြောက် နိုင်ခဲ့တဲ့သူတစ်ယောက်ပါ။ NASA နဲ့ Pentagon ကလဲ သူ့ကို အကြီးမားဆုံး Balck Hackerတစ်ယောက်အဖြစ် သက်မှတ်ခဲ့ပါတယ်။ နောက်ဆုံး သူ့ရဲ့ နာမည်ကိုတော့ Hacker’s Community တစ်ခုကနေ ရရှိခဲ့ပါတယ်။
Mckinnonဟာတစ်ချိန်းတည်းမှာComputer ပေါင်း97လုံးကိုတရားမ၀င် နှောက်ယှက်ဖျက်စီးခဲ့ပါတယ်။ စီးပွားရေးရှု့ထောင့်ကကြည့်မယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာ $700,000 ကို ဆုံးရှုံး နစ်နာ စေခဲ့ပါတယ်။
(၂) Robert Tappan Morris
သူကတော့ ပထမဆုံးသော Internet Worm ကို ရေးသားသူတစ်ယောက်ပါ။ မော်ရစ် ဟာ Cornell မှာ ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီ ကျောင်းမှာပဲ သူဟာ ပထမဆုံးသော Internet Worm အတွက် Codes ရေးသားခဲ့တာပါ။အဲဒီတုန်းက သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အင်တာနက် ကမ္ဘာဟာ ဘယ်လောက်တောင် ကြီးမား ကျယ်ပြန့်လဲဆိုတာကို သိ့ချင်တဲ့ဆန္ဒတစ်ခုတည်းနဲ့ အဲဒီWormကိုရေးသားခဲ့တယ်လို့ဆိုပါတယ်။ မော်ရစ် ရေးသားဖြန့်ချီလိုက်တဲ့ Internet Worm ဟာInternet Speed ကို နှေးကွေးစေခဲ့ပြီး System ကိုလည်း မတည်မငြိမ် ဖြစ်စေခဲ့ပါတယ်။ Computer အလုံးရေဘယ်လောက်ထိ ပြန့်နှံ့သွားသလဲ ဆိုတာကို တိတိကျကျ မသိ့ခဲ့ပေမဲ့ ပညာရှင်တွေရဲ့ ခန့်မှန်းမှု အရတော့ System 6000ပတ်ဝန်းကျင်လောက်ကို ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။ မော်ရစ် ဟာ 3 နှစ် အကျဉ်းချခံထားခြင်း ခံခဲ့ရပြီး အမေရိကန် ဒေါ်လာ $10,500 ဒဏ်ရိုက်ခံခဲ့ရပါတယ်။ အခုအချိန်မှာတော့ သူဟာ Massachusetts institute of technology, computer science နဲ့artificial intelligence laboratory တို့မှာ Professor တစ်ယောက်ဖြစ်နေပါပြီ။ မော်ရစ်ဟာ 1986 ခုနှစ် Computer လိမ်လည် လှည့်ဖျားမှုနဲ့ မတရားပြုမှု လုပ်ဆောင်မှုများရဲ့ အောက်မှာ ပထမဆုံးတရားစွဲခံခဲ့ရတဲ့သူ တစ်ယောက်ဖြစ်ခဲ့ပါတယ်။
(၃) Kevin David Mitnick
သူကတော့ Computer Security အတိုင်ပင်ခံ ပုဂ္ဂိုလ်တစ်ယောက်နဲ့ စာရေးဆရာ တစ်ယောက်ပါ။ ဒါပေမဲ့ သူဟာ ပြဿနာ အမြောက်အများအတွက် စွပ်စွဲခံခဲ့ရတဲ့ Hacker တစ်ယောက် ဖြစ်ခဲ့ပါတယ်။ အာဏာပိုင်တွေဝုန်းဒိုင်းကြဲခေါင်းခြောက်ပြီးလိုက်ဖမ်းခဲ့ရတာပေါ့။ တရားရေးရာဌာနက သူ့ ကို " အမေရိကန်သမိုင်းတွင်ကွန်ပျူတာပြစ်မူ့ ဖြင့်အလိုအပ်ဆုံးလူ"အဖြစ်ထုတ်ပြန်ခဲ့ရတဲ့အထိပါ။ Kevin ဟာ နည်းပညာရဲ့ ထိပ်တန်းဝင် ကုမ္မဏီတွေ ဖြစ်တဲ့ Nokia, Motorola, Fujitsu Siemens နဲ့ sun Microsystems တို့လို ကုမ္မဏီမျိုးတွေကို ကြေက်လန့်စေခဲ့တဲ့ သူတစ်ယောက်ပါ။ Kevin ဟာ DEC System ရဲ့ SourceCode တွေကိုကြည့်ရှုဖို့အတွက် Los Angeles bus transfer system ကို Hack ခဲ့သူတစ်ယောက်ပါ။ Computer သင်ကြားရေးအဖွဲ့အစည်းတစ်ခုရဲ့ IBM minicomputers တွေကိုလဲ Full Administration ပြုလုပ်နိုင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။
(၄) Jonathan James mes
Jonathan James mesကတော့ ငယ်ငယ်ကတည်းက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ လူတစ်ယောက်ပါ။ အင်တာဗျူးတစ်ခု မှာသူပြောတာကကျွန်တော်က ၀န်းကျင်ကိုကြည့်တယ်။ ကစားရမှာကိုကြည့်တယ် တစ်ခုခုဟာ ကျွန်တော့်ကိုစိန်ခေါ်နေသလိုဖြစ်နေရင် ကျွန်တော်ကအစဆွဲထုတ် လိုက်တော့တာပဲ" တဲ့။သူ 16 နှစ်သားအရွယ် 1999 ခုနှစ်မှာ comrade ဆိုတဲ့ နာမည်ကို အသုံးပြုခဲ့ပြီး department of defense ရဲ့ Server ကို တိုက်ခိုက်ဖျက်စီးခဲ့တဲ့Hacker တစ်ယောက်ဖြစ်ပါတယ်။သူဟာ NSA အဖွဲ့အစည်းကိုလဲ နှောက်ယှက်ခဲ့သူ တစ်ယောက်ပါ။ NASA ရဲ့Programတွေကို သူတက်ထားတဲ့ C နဲ့ပဲ Code တွေကို Download လုပ်ယူခဲ့တာပါတဲ့။ဂျိမ်းစ်ကအမှု့ ရင်ဆိုင်နေတုန်း ပြောသွားတဲ့စကားကတော့ "ခင်ဗျားတို့ Code ကြီးကတုန်းလွန်းပါတယ်ဗျာ ဘယ်က 1.7သန်းတန်မှာလဲ" တဲ့လေ။ နောက်ပိုင်းမှာတော့ သူ့ကို Stealing softwares of NASA နဲ့ DoD တို့က ကြောက်စရာ ကောင်းတဲ့ Hackerတစ်ယောက်အဖြစ် သက်မှတ်ခြင်း ခံခဲ့ရတဲ့ သူတစ်ယောက်ပါ။
(၅) Adrian Lamo
သူကတော့ သူ့ ကိုယ်သူ ခြေသလုံးအိမ်တိုင်ဟက်ကာ ပါတဲ့။ အင်တာနက်မှာဆိုရင် Kinko ဆိုပြီးနာမည်ဝှက်သုံးပါတယ်။သူဝင်မွှေသွားတဲ့ Company တွေထဲမှာ Yahoo! ။ Bank of America ။ Citigroup ၊ Cingular တွေပါပါတယ်။ အဲဒီ Company တွေက White hat တွေငှားပြီးတော့ ထမ်းသိမ်းစောင့်ရှောက်ထားတာတောင် ၀င်မွှေသွားနိုင်တဲ့သူ့ရဲ့ အစွမ်းကတော့မသေးလှပါဘူး။ ထုံးစံအတိုင်းနောက်ဆုံးမှာအဖမ်းခံရပြီးတော့ အခုဆိုရင် ဆုရဂျာနယ်လစ်တစ်ယောက် အနေနဲ့ ဟောပြောပွဲတွေ လိုက်ပြောရင်း ဘ၀ကိုအဓိပ္ပါယ်ရှိရှိရပ်တည်နေပါတော့တယ်။
မြန်မာနိုင်ငံက ရှားပါးပုံလေးတွေ
၁၉ ရာစုနှောင်းပိုင်းမှ ရန်ကုန်မြို့ရှိ ဆူးလေဘုရား၊ရွှေတိဂုံဘုရား၊
မဟာဗန္ဓုလပန်းခြံနှင့်မြို့တော်ခန်းမတို့ကို မြင်ရပုံ( ဤဓာတ်ပုံကို ၃၄လမ်း
အောက်လမ်း ယခု အမေရိကန် သံရုံးဘေးလမ်းရှိ
အဆောက်အဦးတခုပေါ်မှရိုက်ကူးထားခြင်းဖြစ်နိုင်သည်)
၁၉ ရာစုနှောင်းပိုင်းတွင် ရိုက်ကူးထားသော မော်လမြိုင်မြို့အနီးမှ ရေတံခွန်တခု —
၁၉ ရာစုနှောင်းပိုင်းမှ ရန်ကုန်မြို့ (ဆူးလေဘုရားလမ်းအောက်လမ်း ရှိ ဘဏ်လမ်း ရှိ အဆောက်အဦးတခုပေါ်မှရိုက်ထားခြင်းဖြစ်နိုင်ပါသည်)
၁၉ရာစု နှောင်းပိုင်း ရန်ကုန်မြို့တော်ခန်းမ၊မဟာဗန္ဓုလပန်းခြံနှင့် ဧမာနွေလ ဘုရားကျောင်း(ဆူးလေဘုရားဝင်းပေါ်မှရိုက်ထားတာဖြစ်နိုင်ပြီး ဒီပုံအရဆိုရင်ဖြင့် လက်ရှိ ဧမာနွေလ ဘုရားကျောင်းဟာ ဗုံးဒဏ်ခံပြီးမှ ပြန်ဆောက်ထားသည့်လက်ရာဖြစ်နိုင်သည်။
၁၉ရာစု နှောင်းပိုင်း ရန်ကုန်မြို့မှ ပန်းခြံတခု
၁၉ရာစု နှောင်းပိုင်း ရန်ကုန်မြို့မှ မဟာဗန္ဓုလ ပန်းခြံလမ်းထောင့်ရှိ ဧမာနွေလ ခရစ်ယာန် ချာ့ခ်ျကျောင်း
၁၉ရာစု နှောင်းပိုင်း ရန်ကုန်မြို့မှ အသုဘ အခမ်းအနားတခု(ဘုန်းကြီးပျံ ဖြစ်နိုင်ပါသည်)
၁၉ရာစု နှောင်းပိုင်းမှ ကျိုက်ထီးရိုးဘုရား
၁၉၀၀ ပြည့်နှစ်မှ ရန်ကုန်မြို့ကမ်းနားလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ စာရင်းစစ်ချုပ်ရုံးကြီး(ယခု အနောက်ပိုင်းခရိုင်တရားရုံး) ဘေးမှာ အကောက်ခွန်ရုံးကြီးတောင်မပါသေးဘူးပဲ။
ကုန်းဘောင်ခေတ် နန်းစဉ်ရတနာများ တွင်ပါဝင်သော သီပေါမင်း အသုံးပြုခဲ့သည့် ရွှေသား အတိ ကရဝိတ် ရုပ် ကွမ်းအစ်။ ဗစ်တိုးရီးယားနဲ့ အယ်လ်ဘတ် ပြတိုက်မှာ ပြသထားလျှက်ရှိသည်။
လန်ဒန်မြို့ ဗစ်တိုးရီးယားနဲ့ အယ်လ်ဘတ် ပြတိုက်မှာ ပြသထားသော ကုန်းဘောင်ခေတ် နန်းစဉ်ရတနာများထဲမှ ပတ္တမြားဘီး (ပါတော်မူပြီးနောက် ဘုရင်မကြီးကို ဆက်သလိုက်သည့်နန်းစဉ်ရတနာများထဲတွင် တခုအပါအဝင်ဖြစ်သည်။။မြင်နေကျ မြန်မာဟန်ပန်အတိုင်းဖြစ်သည်။ ထို ၂ ဘက်လှ သစ်သားဘီးလေးသည် ရွှေကို အပေါ်က ကပ်ထားသည်။ ပတ္တမြား နှင့် မြ ကို စီမြုပ်ပြီးအလှဆင်ထားသည်။ ဘီး၊ ဆီ( ခေါင်းလိမ်းဆီ/အလှဆီ)၊ ရေမွှေး၊ သနပ်ခါး နှင့် ဆံစု စတာတွေ ပါတတ်တဲ့ နန်းတွင်း အမျိုးသမီး တစ်ဦးရဲ့ အလှပြင်သေတ္တာ ထဲမှ တစ်ခု အပါဝင်ပါသည်။ အဖိုးတန် ရတနာ ပစ္စည်းများ နှင့် အလှဆင်ထားသော ထိုခေါင်းဘီးသည် ကုန်းဘောင် မင်းဆက် ( ၁၇၂၅-၁၈၈၅ ) မိဘုရား နှင့် မင်းမျိုးမင်းနွယ် တွေသာ သုံးနိုင်တဲ့ တော်ဝင် ပစ္စည်း တစ်ခုဖြစ်သည်။)
၁၉၆၀ခုနှစ် ဂျူလိုင်လ၂၀ ရက်နေ့ အိန္ဒိယ နိုင်ငံဝန်ကြီးချုပ် ဂျဝါဟာလာ နေရူးနှင့်အတူတွေ့ရသော အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ခင်ကြည်
၁၉၆၀ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့။ အိန္ဒိယ နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဝန်ကြီးချုပ်ဦးနုနှင့်ဇနီးအားအိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ခင်ကြည်တို့နှင့်အတူတွေ့ရစဉ်။

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်
ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါ
အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။
(1) အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်။
ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝမပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ ကိုက်လန်တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။
(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေတာ၊ ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(3) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ်။
ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။
အရိုးကျန်းမာရေးကို ကောင်းစေတဲ့အပြင် သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။
(4) ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးပါတယ်။
ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက်တို့လို အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။
ဒီအင်တီအောက်ဆီးဒင့်တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(5) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။
ကိုက်လန်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။
(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ်။
ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေတဲ့ အစွမ်းရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေနိုင်ပါတယ်။
(7) အမြင်အာရုံကို ကောင်းမွန်စေပါတယ်။
ကိုက်လန်မှာ ဗီတာမင်အေ များစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်။
ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်၊ ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ ရေဓာတ်ပြည့်ဝမှုတို့ကို အားပေးထောက်ပံ့နိုင်စွမ်း ရှိပါတယ်။
(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ်။
ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာကယ်လ်စီယမ် ပိုမို ပါဝင်တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်းပျော့ပျောင်းအောင်ကူညီနိုင်ပါတယ်။
(10) ကိုယ်တွင်းအဆိပ်တွေကို ကင်းစင်စေပါတယ်။
ကိုက်လန်ကို အဆိပ်ဖယ်ရှားပေးနိုင်တဲ့ အစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့
ဆာလဖာတို့ အပြည့်အဝ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်းရှိ အဆိပ်တွေကို ကင်းစင်စေပြီး
အသည်းကို ကျန်းမာစေပါတယ်။

Subscribe to:
Posts (Atom)