The Atlantic Ocean Road is a 8.3-kilometer (5.2 mi) long part of County Road 64 which stretches an archipelago in Eide and Averøy in Møre og Romsdal, Norway. Located at the northern part of the coastal area of Hustadvika, it connects the villages of Kårvåg on Averøy with Vevang in Eide on the Romsdal peninsula on the mainland. The road is one alternative connecting the towns of Kristiansund and Molde, via the Atlantic Ocean Tunnel. The inland connection between those two cities is the Krifast bridge/tunnel system.
Construction work on the Atlantic Ocean Road started on 1 August 1983, with the opening taking place on 7 July 1989. During this period there were no less than 12 hurricane-like storms in the area. The road is built on several small islands and skerries, and is spanned by eight bridges and several landfills/viaducts.
This road has an open sea view which is not so common for roads along the Norwegian coast, since there are archipelagos that obscures this view. Here the distance between the islands is so small that a road could be built across the archipelago. In addition there are fjords and mountains inside the road. The spectacular road quickly became a popular tourist attraction to the extent that caution must be shown when driving it, as both the local population and visitors frequently use the road to go fishing for cod and other saltwater fish directly from the roadside.
Jan 28, 2011
Dec 30, 2010
မှတ်သားစရာများ
အားလုံးကို ဖတ်ကြည့်သွားပါက မှတ်သားစရာ တစ်စုံတစ်ရာ ရနိုင်ကောင်းပါသည်။
၁။ လူတွေကို သူတို့ မျှော်လင့်ထားတာထက်ပိုပြီး ရွှင်လန်းတက်ကြွစွာ ပေးကမ်းလိုက်ပါ။
၂။ သင်နှင့်လေပေးဖြောင့်သူကို လက်ထပ်ပါ။ သင်အိုမင်းလာသောအခါ သူတို့၏စကားပြောကျွမ်းကျင်မှုသည် တခြားအရာများကဲ့သို့ ပင် အရေးပါလာပါလိမ့်မည်။
၃။ ကြားသမျှမယုံ၊ ရှိသမျှမသုံး၊ အိပ်ချင်သလောက်မအိပ်ပါနှင့်။
၎။ “မင်းကိုချစ်တယ် ”ဟု ပြောကြားသည့်အခါ တကယ်အလေးအနက်ပြောပါ။
၅။ “ကျွန်တော်စိတ်မကောင်းပါဘူး” ဟု ပြောကြားသည့်အခါ ထိုသူ၏မျက်လုံးကို ကြည့်ပြီးမှပြောပါ။
၆။ အနည်းဆုံးခြောက်လစေ့စပ်ထားပြီးမှ လက်ထပ်ပါ။
၇။ မြင်မြင်ချင်း ချစ်တတ်တာကို ယုံပါ။
၈။ တစ်စုံတစ်ယောက်၏ မျှော်လင့်ချက်အိပ်မက်များကို ဘယ်သောအခါမှ ပြက်ရယ်မပြုပါနှင့်။ မျှော်လင့်ချက်အိပ်မက်များ မရှိသူသည် အများကြီးမအောင်မြင်နိုင်။
၉။ နက်နက်ရှိုင်းရှိုင်းနှင့် ပြင်းပြင်းပြပြ ချစ်မြတ်နိုးပါ။ သင် စိတ်ထိခိုက်နာကျင် ( အသည်းကွဲ) နိုင်သော်လည်း အချစ်သည် ဘ၀မှာပိုပြီး ပြည့်စုံစွာနေနိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
၁၀။ သဘောထားကွဲလွဲမှုများတွင် တရားသဖြင့် ငြင်းခုံပါ။ ဆဲရေးတိုင်းထွာခြင်း မပြုပါနှင့်။
၁၁။ လူတွေကို သူတို့ ၏ ဆွေမျိုးအသိုင်းအ၀ိုင်းကို ကြည့်ပြီး အကဲမဖြတ်ပါနှင့်။
၁၂။ ဖြည်းဖြည်းပြောပါ။ သို့ သော် လျှင်မြန်စွာ စဉ်းစားပါ။
၁၃။ သင်မဖြေချင်သည့်မေးခွန်းကို တစ်ယောက်ယောက်က မေးလာသည့်အခါ ပြုံးပြီးမေးလိုက်ပါ။ “ခင်ဗျား ဘာဖြစ်လို့ သိချင်တာလဲ” လို့ ။
၁၄။ ထူးကဲသော ချစ်ခြင်းနှင့် ကြီးမားသော အောင်မြင်မှုများမှာ နက်ရှိုင်းသောစွန့် စားမှု ပါဝင်နေသည်ကို သတိရပါ။
၁၅။ သင်ဆုံးရှုံးရချိန်တွင် သင်ခန်းစာယူပါ။
၁၆။ အနည်းငယ်သဘောထားကွဲလွဲမှုကြောင့် ကြီးမားသောခင်မင်ရင်းနှီးမှုကို မထိခိုက်ပါစေနှင့်။
၁၇။ အမှားလုပ်မိကြောင်းသိသိချင်း ပြင်ဆင်ဖို့ ကြိုးစားပါ။
၁၈။ တယ်လီဖုန်းကောက်ကိုင်ချိန်မှာ ပြုံးနေပါ။ ဖုန်းခေါ်သူက သင့်အပြုံးကို သင့်အသံထဲမှာ ကြားရပါလိမ့်မယ်။
၁၉။ တစ်ချို့ အချိန်တွေမှာ တစ်ကိုယ်တည်းနေပါ။
( Oct., 2008 ,,Global English Magazine

အောင်မြင်သော အိုင်တီပရော်ဖက်ရှင်နယ် တစ်ယောက်ဖြစ်လာဖို့ နည်းလမ်းများ
ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော အိုင်တီပညာရှင်တစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့ ပထမဦးဆုံးမှန်ကန်တဲ့ အိုင်တီခေတ်အလုပ်အကိုင် အခွင့်အလမ်းတွေအနေနဲ့ လမ်းကြောင်းတွေ ရွေးချယ်ဖို့ လိုပါတယ်။
အိုင်တီအလုပ်အကိုင်တွေအနေနဲ့ Professional Level, Mangement Level နဲ့ Executive Level ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။ အများစုကတော့ အခြေခံအဆင့်ဖြစ်တဲ့ Professional Level အဆင့် အလုပ်အတွေ့အကြုံ အရည်အချင်းနဲ့ ကျွမ်းကျင်မှု လက်မှတ်တွေ အဆင့်ဆင့်ရရှိလာပြီဆိုမှ အထက်အဆင့်တွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
Technical Level မှာ
Programmer/Software Developer
Systems Analyst/Analyst Programmer
Web Developer/Multimedia Specialist
Database Administrator
Network Technician/Network Administrator
Systems Technician/System Administrator
Instructor/Lecture စသဖြင့် သက်ဆိုင်ရာ ကျွမ်းကျင်မှုအလိုက် လုပ်ငန်းတာဝန်တွေ ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
အဲဒီလိုပဲ Management Level မှာ ကြည့်ရင်လည်း
IS Manager
IT Manager
EDP Manager
Project Manager
Systems Manager
Network System Manager
Training Manager ဆိုတဲ့ လုပ်ငန်းရပ်အသီးသီးမှာ တာဝန်ခံမန်နေဂျာများအဖြစ် တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
Executive Level လို့ ခေါ်တဲ့ အမှုဆောင်အရာရှိအဆင့်များမှာတော့
Vice President (IT)
Vice President(Information Service)
Chief Information Officer-CIO
Chief Technical Officer-CTO
Chief Security Officer-CSO
Technical Director
IT/IS Director
IT Project Director စတဲ့ ရာထူးတာဝန်တွေကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
အဆင့်မြင့်ရာထူးများဖြစ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာနှင့် အမှုဆောင်အရာရှိ အဆင့်ရာထူးများကို မထမ်းဆောင်မီ Technical အဆင့်မှာ သက်ဆိုင်ရာ ကျွမ်းကျင်မှု လမ်းကြောင်းတစ်ခုခုကို ရွေးချယ်ပြီးမှ အဆင့်မြင့်ရာထူးတာဝန်များကို ထမ်းဆောင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Software Development Line မှာ Junior programmer, Senior Programmer, System Analyst, Project Manager စသဖြင့် တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းရမှာ ဖြစ်ပါတယ်။ Network Professional Line အနေနဲ့ဆိုရင် Network Technician, Network Engineer, Network System Manager, CTO (Network and Security) စသဖြင့် ရာထူးအဆင့်ဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
ဘယ်ကျွမ်းကျင်မှု လမ်းကြောင်းကိုပဲ ရွေးချယ်ရွေးချယ် Industry ready လို့ ခေါ်တဲ့ လုပ်ငန်းခွင်အသင့် ၀င်ရောက်နိုင်ဖို့ကိုတော့ ဦးစားပေးစဉ်းစားရမှာ ဖြစ်ပြီး အလုပ်အတွေ့အကြုံ ကျွမ်းကျင်မှုများအပြင် အိုင်တီနဲ့သက်ဆိုင်တဲ့ အရည်အချင်း အသိအမှတ်ပြု လက်မှတ်တွေကို ရရှိနိုင်ဖို့ ကြိုးစားဖို့လိုပါတယ်။ ဒါမှ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လုပ်ငန်းအဖွဲ့အစည်းကြီးတွေမှာ ထိုက်တန်တဲ့ ရာထူးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အိုင်တီဆိုင်ရာ အရည်အချင်းအသိအမှတ်ပြု လက်မှတ်တွေကတော့ သက်ဆိုင်ရာ Level အသီးသီးအလိုက် မိမိရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ရယူလေ့လာရမှာ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ လက်မှတ်တွေထဲမှာ ဒီပလိုမာနဲ့ ဒီဂရီလက်မှတ်တွေကတော့ Academic Oriented ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလက်မှတ်တွေရဖို့ ပြည်တွင်းပြည်ပ ပညာရေးအဖွဲ့အစည်းတစ်ခုခုမှာ အနည်းဆုံး (၁) နှစ်ခန့် လေ့လာသင်ယူရမှာ ဖြစ်ပြီး Certificate Level ကတော့ ၃ လ ဒါမှမဟုတ် ၆ လ စသဖြင့်ပေါ့လေ လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။
အဲဒီအပြင် Academic Orienrted မဖြစ်တဲ့ အိုင်တီစာမေးပွဲတွေကိုလည်း ဖြေဆိုနိုင်ပါတယ်။ ဘာတွေလည်းဆိုတာတော့ သိကြမယ်ထင်ပါတယ်။ မပြောတော့ဘူးနော်။
အခုပြည်တွင်းမှာဆိုရင် National Exam တွေဖြစ်တဲ့ MCPA နဲ့ ITPEC တွေကို ဖြေဆိုနိုင်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲတွေအနေနဲ့ဆိုရင် On Line ကနေ တိုက်ရိုက်ဖြေဆိုနိုင်တဲ့ Microsoft, CISCO နဲ့ Sun Java Exam တွေကိုလည်း အသိအမှတ်ပြု စာစစ်ဌာနတွေမှာ ဖြေဆိုနိုင်ကြပြီ ဖြစ်ပါတယ်။ လုပ်ခလစာမြင့်မားတဲ့ အဖွဲ့အစည်းကြီးတွေမှာ အိုင်တီပညာရှင်အဆင့်နဲ့ ၀င်ရောက်လုပ်ကိုင်ဖို့အတွက်ဆိုရင်တော့ ခုနပြောထားတဲ့ အချက်တွေနဲ့ ကိုက်ညီပြီး ပြီးပြည့်စုံမှုရှိနေရပါမယ်။
အခြားအရေးကြီးတဲ့အချက်တွေကတော့…
(1) Membership of Professional Bodies
ကွန်ပျူတာပညာရှင်အသင်းကဲ့သို့ အဖွဲ့အစည်းတွေမှာ အသင်းဝင်လျှောက်ထားခြင်း
(2) Office Procedure/HR Regulations
ရုံးလုပ်ငန်းအဖွဲ့အစည်းအသီးသီးရဲ့ လုပ်ထုံးလုပ်နည်းတွေကို နားလည်အောင် လေ့လာထားခြင်း
(3) Knowledge of Business
စီးပွားရေးလုပ်ငန်းအသီးသီး၏ သဘောတရားများကို နားလည်အောင် လေ့လာထားခြင်း
(4) Communication Skill
လူမှုဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် ဘာသာစကားကျွမ်းကျင်စွာ တတ်မြောက်ထားခြင်း
(5) Social Networking
မိမိဘ၀တိုးတက်ရာကို လမ်းညွှန်ပေးနိုင်မည့် မိတ်ဆွေအပေါင်းအသင်းများ ရှာဖွေဆက်သွယ်ထားခြင်း
(6) Global Outlook
မိမိဒေသတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံတကာဗဟုသုတများ သိသင့်သည်များ ကြိုတင်လေ့လာထားခြင်း
(7) Role Model
မိမိဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို ဦးဆောင်လမ်းပြပေးနိုင်မည့် စံပြုထိုက်သူတစ်ဦးဦး သတ်မှတ်ထားခြင်း (ဥပမာ – ဘီဂိတ်လ်၊ အိုဘားမား)
(8) Efforts
ကြီးမားသော ဇွဲလုံ့လ၀ိရိယဖြင့် ကြိုးစားအားထုတ်ခြင်း
(9) Ethic
ပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နိုင်မယ့် ကောင်းမွန်သော ကျင့်ဝတ်သိက္ခာများရှိခြင်းတို့ကို ပိုင်နိုင်ရရှိနေမယ်ဆိုရင် အောင်မြင်တဲ့ အိုင်တီပရော်ဖက်ရှင်တစ်ယောက် ဖြစ်လာမှာ အမှန်အကန်လို့ ပြောကြားခဲ့သူကတော့ MCF ရဲ့ ၁၀ နှစ်မြောက်ပွဲမှာ ဦးငြိမ်းဦး(အတွင်းရေးမှူး-မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း) က ပြောကြားတာ ဖြစ်ပြီး လူသားတိုင်း အိုင်တီပညာရှင်များ ဖြေစေဖို့ ပြန်လည်ကောက်နုတ်တင်ပြရခြင်း ဖြစ်ပါတယ်။
နောက် ကျွန်မရဲ့အမြင်ကတော့ ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝတဲ့အိုင်တီပညာရှင်တစ်ဦး ဖြစ်လာနိုင်ဖို့က မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ နောက်တစ်ချက်က အရည်အချင်းအသိအမှတ်ပြုလက်မှတ်တွေ၊ အလုပ်အတွေ့အကြုံတွေအပြင် အဓိက တစ်ချက်က ငွေကြေးတတ်နိုင်ထောက်ပံ့မှု၊ နောက် အချိန်ပေးနိုင်မှု ဒါတွေ ပြည့်စုံနေမှသာ ပညာရှင်တစ်ယောက်။ ဖြစ်လာနိုင်မယ်လို့ ကျွန်မ ထင်မြင်မိပါတယ်။
ဒီလိုမျိုး ဟောပြောချက်တွေကို ကျွန်မ သွားရောက်နားထောင်ဖြစ်ခဲ့ပေမယ့် ခုချိန်ထိ ဘာမှဖြစ်မလာသေးတာကို စိတ်မကောင်းဖြစ်မိပါတယ်။ ဒါတောင် ဟောပြောတဲ့ပွဲတိုင်း မတက်ရောက်နိုင်တာကိုလည်း အားမလိုအားမရ ဖြစ်မိပါတယ်။ နောက်တစ်ချက်က ဟောပြောပွဲတွေမှာ ၀င်ကြေးဆိုတာ မကောက်ခံတဲ့အတွက်လည်း ကျွန်မတို့လို ငွေကြေးမပြည့်စုံတဲ့သူတွေအတွက် ကျေးဇူးအထူးတင်ထိုက်ကြောင်း ပြောပါရစေရှင်……
မှတ်ချက်။ ။manawphyulay မှ ပြန်လည်ဖော်ပြသည်။

To Do List ပြုလုပ်ထားခြင်းရဲ့ အကျိုးကျေးဇူး
စနစ်ကျတဲ့ သူတိုင်း ကိုယ်လုပ်ရမည့် မည့်သည့် အလုပ်အတွက်မဆို ကြိုတင် စာရင်းလုပ်တတ်ကြပြီး စူပါမားကတ်မှာ ဘာဝယ်မယ် ကအစ ရေးမှတ်ထားတတ် ကြပါတယ်။ အများစုကတော့ မိမိတို့ရဲ့ ရေရှည် ရည်မှန်ချက်ပန်းတိုင်တွေ မျက်ခြည် မပြတ်ကြဖို့၊ နေ့စဉ်ဘ၀ ဖြတ်သန်းမှုတွေကို သေချာစိစစ်ကြဖို့နဲ့ ကိုယ်ရေးမှတ်တမ်း အကျဉ်းလေးတွေ ဖန်တီးကြဖို့ စာရင်းပြုစုကြပါတယ်။ လုပ်ရမည့် စာရင်းတွေကို ရေးမှတ်တာဟာ သင့်လုပ်ဆောင်စရာတွေကို ပြီးမြောက်စေရုံသာမက သင့်စိတ်ကိုလည်း ပိုမိုပျော်ရွှင် စေနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ ရှိတဲ့သူတော်တော် များများကတော့ နေ့စဉ် To Do List ကို ပြုစုထားလေ့ ရှိပါတယ်။ To Do List ပြုလုပ်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
၁။ထိန်းချုပ်မှုရှိစေနိုင်ပါတယ်
စာရင်းပြုလုပ်တာဟာ လုပ်စရာ ဘာတစ်ခုမှ မပြီးရင်တောင် ရည်မှန်ချက်တွေကို ရောက်အောင် ကူညီပေးနိုင်တယ်လို့ ဆိုထားပါတယ်။သင့်စာရင်းထဲက လုပ်စရာတစ်ခုကို ခြစ်ပစ်လိုက်နိုင်တာဟာ သင့်တိုးတက်မှုကို ဖော်ပြနေတဲ့အတွက် စိတ်ကျေနပ် အားရစေပြီး အားအင်သစ်တွေ ပေးစွမ်းနိုင်ပါတယ်။
၂။သင့်မှတ်ဥာဏ်အားကို တက်စေနိုင်ပါတယ်
အလုပ်လုပ်နေတဲ့ သင့်မှတ်ဥာဏ်က တစ်ချိန်တည်းမှာ လုပ်စရာ ခုနစ်ခုကနေ ကိုးခုထိပဲ မှတ်နိုင်စွမ်းရှိပါတယ်လို့ Lyubomirsky ကပြောထားပါတယ်။ အဲဒီတော့ သင်လုပ်ရမယ့်အရာတွေအားလုံးကို မှတ်မိဖို့ကြိုးစားမယ်ဆိုရင် သင့်စွမ်းအင်တွေအားလုံးကို အသုံးချလိုက်သလို ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သင် စာရင်းလုပ်လိုက်မယ် ဆိုရင်တော့ သင့်အလုပ်တွေကို ခွဲခြမ်းစိတ်ဖြာဖို့၊ဦးစားပေးအရာတွေ သတ်မှတ်ဖို့ ၊ သူများကိုတာဝန်ခွဲဝေပေးဖို့ ၊ဒါမှမဟုတ်တချို့အလုပ်တွေကိုဖျက်ရင်တောင် ဖျက်ပစ်လိုက်ဖို့ စွမ်းအင်တွေ ကျန်ရှိနိုင်ပါတယ်။ ဒါ့အပြင် သင်လုပ်ရမည့်အရာ သေးသေးမွှားမွှား လေးတွေကိုတောင် မေ့မှာမဟုတ်တော့ပါဘူး။
၃။ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စေပါတယ်
ဆုံးဖြတ်ချက် ချရမယ့်အခါ ချီတုံချတုံ ဖြစ်နေမယ်ဆိုရင်တော့ ဦးနှောက်ကို အလုပ်စပေးလိုက်ပါတယ်။ ဘယ်လောက်ပဲ ယုတ္တိမရှိတာ ဖြစ်ပါစေ၊ စိတ်ထဲပေါ်လာသမျှ အကုန်ရေးချလိုက်ပါ။ ဒီလိုစည်းဘောင်မရှိဘဲ စာရင်းချရေးလိုက်တဲ့အတွက် သင်ဘယ်လိုမှ တွေးမိမှာ မဟုတ်တဲ့အဖြေတွေ၊ ဆိုလိုရင်းတွေကို ရှာတွေ့ကောင်း ရှာတွေ့နိုင်မှာ ဖြစ်တယ်လို့ Cagen က ဆိုထားပါတယ်။ စာရွက်ပေါ်မှာ ချရေးပြီး ပြသာနာဖြေရှင်းနည်း စဉ်းစားတာဟာ သင့်ပြသာနာတွေကို ကောင်းကောင်း ကိုင်တွယ်စေ နိုင်ပါတယ်။
၎။စိတ်ဆင်းရဲစရာအချိန်တွေကို တွန်းလှန်ပစ်စေနိုင်ပါတယ်
သင် ပထမဆုံး လူတစ်ယောက်ကို ချစ်မိတဲ့နေ့၊ ဒါမှမဟုတ် သင့်ခွေးပေါက်စလေးကို ၀ယ်တဲ့နေ့တွေလို အပျော်ဆုံး အချိန်တွေကို စာရင်းလုပ်ထားပါ။ ပြီးရင် မျက်လုံးတွေ မှိတ်ထားပြီး အဲဒီနေ့တွေက ခံစားခဲ့ရတာတွေကို ပြန်ခံစားကြည့်ပါ။ လေ့လာချက် တစ်ရပ်အရ တစ်ရက်နှစ်ခါ ဆယ်မိနစ်လောက် ဒီလိုလုပ်တဲ့အခါ တစ်ပတ်ကြာပြီးတဲ့နောက်မှာ ပိုပျော်ရွှင်လာတယ်လို့ သိရပါတယ်။ အရင်ပုံရိပ်တွေကို လက်ရှိဖြစ်ပျက် နေသလို ခံစားနိုင်လေလေ အကျိုးကျေးဇူး ပိုများလေလေပါပဲ။
၅။စိတ်တက်ကြွစေနိုင်ပါတယ်
ပြီးမြောက်သွားတဲ့ စာရင်းတွေကို အပတ်စဉ် စုဆောင်းတတ်သူတွေဟာ မစုဆောင်းတဲ့ သူတွေထက် တစ်ပတ်ကို မိနစ်ရှစ်ဆယ်လောက် လေ့ကျင့်ခန်း ပိုလုပ်ကြတယ်လို့ သိရပါတယ်။ အကြောင်းကတော့ သူတို့ဟာနေ့စဉ်ဘ၀နဲ့ ပတ်သက်ရင် ပိုပြီး တက်ကြွတတ်ကြတယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်က လေ့လာချက် တစ်ရပ်အရ သိရပါတယ်။
၆။ဟန်ချက် ညီစေနိုင်ပါတယ်
သင့်ဦးစားပေး အရာတွေကို မျက်ခြည်ပြတ်လာပြီဆိုတဲ့အခါ ဘာဖြစ်ရင်တော့ ငါ့ဘ၀ပြည့်စုံပြီဆိုတဲ့ စာရင်းလေး ပြုစုလိုက်ပါ။ ဒီလိုစာရင်းလုပ်ပြီး မိသားစုနဲ့ အချိန်ပိုဖြုန်းတာလို သင့်ကိုပျော်ရွှင်မှုတွေ အချိန်ကြာကြာ ပေးစွမ်းနိုင်တဲ့ ဦးစားပေးအရာတွေ သတ်မှတ်ခြင်းအားဖြင့် သင့်စွမ်းအင်တွေကို ဘယ်မှာ ပိုအသုံးချရမယ်ဆိုတာ ကွက်ကွက်ကွင်းကွင်း သိမြင်စေနိုင်ပါတယ်။
၇။နေ့ရက်စဉ်တိုင်း ပျော်ရွှင်စေနိုင်ပါတယ်
သင့်ကို ပျော်ရွှင်စေမဲ့အရာ အခုတစ်ရာကို စာရင်းပြုစုလိုက်ပါ။ စာအုပ်ကောင်း တစ်အုပ် ဖတ်ရှုနေတာကစပြီး ၀ိုင်ကောင်းထွက်တဲ့ နိုင်ငံတွေကို လျှောက်လည်ရတာ အဆုံး ရေးမှတ်ထားပါ။ ပြီိးရင် တစ်ပတ်ကို တစ်ခု ပြီးမြောက်အောင် လုပ်ဆောင်ပြီး ပျော်ရွှင်မှုတွေကို ခံစားနိုင်ပါတယ်။
မှတ်ချက်။ ။notebookofayarwaddy.multiply.com မှ ပြန်လည်ဖော်ပြသည်။

Subscribe to:
Posts (Atom)