Apr 29, 2012

၆ လ အခွန် လျော့ပေါ့ခြင်း

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၇ မိနစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဝန်ကြီးရုံး အမိန့်ကြော်ငြာစာ အမှတ် ၁၅၇/၂ဝ၁၁ ၁၃၇၃ခုနှစ် ဝါခေါင်လပြည့်ကျော် ၄ရက် (၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၈ရက်) ၁။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၄တွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး ၍ ၂ဝ၁၁ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၈/၂ဝ၁၁) မှသဘောတူခွင့်ပြုချက်အရဤ အမိန့်ကြောငြာစာ ကို ထုတ်ပြန်လိုက်သည်။ ၂။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၅- ၆ -၂ဝဝ၆ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁၂၄/၂၀၀၆ ၏ အပိုဒ် ၂၊ အပိုဒ်ခွဲခနှင့် အပိုဒ် ၃တို့တွင် ထုတ်ပြန် ပြဌာန်းချက်များအရ ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်ပနေ နိုင်ငံသားများ က နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာခေါင်းစဉ်မှ ဝင်ငွေ စုစုပေါင်းအပေါ် ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ဝင်ငွေခွန်ကို ၁၀ ရာခိုင်နှုန်းအစား ၂ ရာခိုင်နှုန်းသို့ လျှော့ပေါ့ သတ်မှတ်လိုက်သည်။ ၃။ ဤအမိန့်ကြော်ငြာစာသည် ၂ဝ၁၁ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှ စ၍ ၂ဝ၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်နေ့ထိ (၆) လ အကျိုးသက်ရောက်စေရမည်။ (လှထွန်း) ပြည်ထောင်စုဝန်ကြီး