Jun 27, 2012

Myanmar နိုင်ငံသားဖြစ်ရခြင်းအကျိုးကျေးဇူးများ...



မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရခြင်းအတွက်ဂုဏ်ယူလိုက်စမ်းပါ..ရွှေမြန်မာ

၁) စွန့်ဦးတီထွင်သူ အက်ဒီဆင်ကို အမှတ်ရသည့်အနေဖြင့် တစ်နေ့လျှင်(၈)နာရီကြာမျှ လျှပ်စစ်မီးငြိမ်းပြီး ယနေ့ထက်တိုင် ဂုဏ်ပြုရခြင်း

၂) ကမ္ဘာပေါ်တွင် Romantic အဆန်ဆုံးသော (ဖယောင်းတိုင်ထွန်းညစာစားပွဲ) Candle Light Dinner ကိုမြန်မာနိုင်ငံသားများ ကိုယ်တိုင်ကိုယ်ကျ ခံစားနိုင်ခြင်း

၃) Tape ကပ်ပြီးအသုံးပြုသောပိုက်ဆံများကိုနူးညံ့ရိုသေစွာကိုင်တွယ်ခြင်းကိုကြည့်ခြင်း အားဖြင့်  မြန်မာလူမျိုးတို့၏ အကြင်နာတရားကြီးပုံကို သိနိုင်ခြင်း

၎) ပညာရေးကို အားပေးသောမိဘများ ၊ မေးခွန်းအား...ပေးသောဆရာများအားချစ်ခင်ရခြင်း

၅) မိမိပိုင်ဆိုင်ရယူထားသောဘွဲ့နှင့်ကိုက်ညီသော အလုပ်အကိုင်များမှာ  ပြည်ပနိုင်ငံများတွင်သာ ရှိနေတတ်ခြင်း

၆) ပြည်တွင်းအလုပ်အကိုင်များအတွက် ဘွဲ့လက်မှတ်များ တစ်ပိသာခန့်အပြင် အလှတရား အနည်းငယ်ပေါင်းစပ်ထားရန် လိုအပ်ခြင်း

၇) ပလာဇာများတွင်ဈေးဝယ်ထွက်ခြင်းဖြင့် သင်အိမ်တွင်မေ့ကျန်ခဲ့နိုင်သော ပစ္စည်းများကို အ၀င်ဝတွင် စစ်ဆေးနိုင်ခြင်း

၈) ခြောက်လုံးပြူးကိုင်အကြမ်းဖက်သမားများကို လိုင်းကားပေါ်တွင်သာ တွေ့မြင်နိုင်ခြင်း

၉) ဆက်သွယ်မှုဧရိယာပြင်ပ၊ ဖုန်းပိတ် ထား၊ မအားသေးပါရှင်..ဆိုသော Operator ၏ ချစ်စဖွယ်စကား သံလေးကို နံပါတ်တစ်ခုထဲမှ (၃)မျိုး(၃)ခါ ကြားနိုင်ခြင်း

၁၀) အခက်အခဲရှိသော မည်သည့်အမျိုးသမီးကိုမဆို အကူညီပေးတတ်သော အမျိုးကောင်းသား များမွေးဖွား ရာဒေသဖြစ်ခြင်း

၁၁) ကမ္ဘာ့ရုပ်အဆိုးဆုံး အဆိုတော်များ၊ အကောင်းဆုံးဒါရိုက်တာများ မွေးဖွားရာဒေသ လည်း ဖြစ်ခြင်း

၁၂) အဆင့်မြင်ကင်မရာများတပ်ဆင်ထားသည့် ဟိုတယ်များတွင် တည်းခိုနိုင်ခြင်း

၁၃) အမျိုးသားထုတစ်ရပ်လုံးအတွက် အားထားစရာ ၊ အားကိုးစရာ ဘိုးတော်များ ၊ဗေဒင်ဟောခန်းများနှင့် နတ်ကနားများရှိနေခြင်း

၁၄) မြန်မာပြည်ဖွား ကိုရွှေစပယ်ယာများမှာ မာရာဒိုနာကဲ့သို့ ရွှေလက်ပိုင်ရှင်များ ဖြစ်နေခြင်း

၁၅) အရာရာကို အရှူံးပေးတတ် ပြီး သည်းခံတတ်သော ဗီဇကို ဘိုးဘွားများထံမှ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ရခြင်း

၁၆) လိုင်စင်မဲ့ကား ၊လိုင်စင်မဲ့ဆိုင်ကယ် ၊လိုင်စင်မဲ့လောင်းကစား ၊လိုင်စင်မဲ့ အချစ်များအတွက် လိုင်စင်မဲ့ပြုလုပ်နိုင်ခြင်း

၁၇) မြန်မာအမျိုးသားဘောလုံးသင်း၏ ဂုဏ်သတင်းမွှေးပျမှုကြောင့် ၊ နိုင်ငံခြားသားများပင် လာရောက်ကစားလိုကြခြင်း

၁၈)ချောမောလှပပွင့်လင်းသောကောင်မလေးများနှင့်တွေ့ဆုံနိုင်ခွင့်နည်းပါးခြင်း .... 
 
၁၉) အသက်ကြီးသည် အထိ မိဘလုပ်စာ ထိုင်းစားနိုင်ခြင်း ။

၂၀)အချိန်မတန်ခင် အိမ်ထောင်ပြုကြပြီး လုပ်ကိုင်ရှာဖွေမစားသောက်နိုင်ပါက မိဘ အိမ်ပေါ်တို့ သာပြန်လည်တက်လာပြီး ခိုကပ်စားနိုင်ခြင်း ။