Dec 30, 2010

မှတ်သားစရာများ

အားလုံးကို ဖတ်ကြည့်သွားပါက မှတ်သားစရာ တစ်စုံတစ်ရာ ရနိုင်ကောင်းပါသည်။

၁။ လူတွေကို သူတို့ မျှော်လင့်ထားတာထက်ပိုပြီး ရွှင်လန်းတက်ကြွစွာ ပေးကမ်းလိုက်ပါ။

၂။ သင်နှင့်လေပေးဖြောင့်သူကို လက်ထပ်ပါ။ သင်အိုမင်းလာသောအခါ သူတို့၏စကားပြောကျွမ်းကျင်မှုသည် တခြားအရာများကဲ့သို့ ပင် အရေးပါလာပါလိမ့်မည်။

၃။ ကြားသမျှမယုံ၊ ရှိသမျှမသုံး၊ အိပ်ချင်သလောက်မအိပ်ပါနှင့်။

၎။ “မင်းကိုချစ်တယ် ”ဟု ပြောကြားသည့်အခါ တကယ်အလေးအနက်ပြောပါ။

၅။ “ကျွန်တော်စိတ်မကောင်းပါဘူး” ဟု ပြောကြားသည့်အခါ ထိုသူ၏မျက်လုံးကို ကြည့်ပြီးမှပြောပါ။

၆။ အနည်းဆုံးခြောက်လစေ့စပ်ထားပြီးမှ လက်ထပ်ပါ။

၇။ မြင်မြင်ချင်း ချစ်တတ်တာကို ယုံပါ။

၈။ တစ်စုံတစ်ယောက်၏ မျှော်လင့်ချက်အိပ်မက်များကို ဘယ်သောအခါမှ ပြက်ရယ်မပြုပါနှင့်။ မျှော်လင့်ချက်အိပ်မက်များ မရှိသူသည် အများကြီးမအောင်မြင်နိုင်။

၉။ နက်နက်ရှိုင်းရှိုင်းနှင့် ပြင်းပြင်းပြပြ ချစ်မြတ်နိုးပါ။ သင် စိတ်ထိခိုက်နာကျင် ( အသည်းကွဲ) နိုင်သော်လည်း အချစ်သည် ဘ၀မှာပိုပြီး ပြည့်စုံစွာနေနိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

၁၀။ သဘောထားကွဲလွဲမှုများတွင် တရားသဖြင့် ငြင်းခုံပါ။ ဆဲရေးတိုင်းထွာခြင်း မပြုပါနှင့်။

၁၁။ လူတွေကို သူတို့ ၏ ဆွေမျိုးအသိုင်းအ၀ိုင်းကို ကြည့်ပြီး အကဲမဖြတ်ပါနှင့်။

၁၂။ ဖြည်းဖြည်းပြောပါ။ သို့ သော် လျှင်မြန်စွာ စဉ်းစားပါ။

၁၃။ သင်မဖြေချင်သည့်မေးခွန်းကို တစ်ယောက်ယောက်က မေးလာသည့်အခါ ပြုံးပြီးမေးလိုက်ပါ။ “ခင်ဗျား ဘာဖြစ်လို့ သိချင်တာလဲ” လို့ ။

၁၄။ ထူးကဲသော ချစ်ခြင်းနှင့် ကြီးမားသော အောင်မြင်မှုများမှာ နက်ရှိုင်းသောစွန့် စားမှု ပါဝင်နေသည်ကို သတိရပါ။

၁၅။ သင်ဆုံးရှုံးရချိန်တွင် သင်ခန်းစာယူပါ။

၁၆။ အနည်းငယ်သဘောထားကွဲလွဲမှုကြောင့် ကြီးမားသောခင်မင်ရင်းနှီးမှုကို မထိခိုက်ပါစေနှင့်။

၁၇။ အမှားလုပ်မိကြောင်းသိသိချင်း ပြင်ဆင်ဖို့ ကြိုးစားပါ။

၁၈။ တယ်လီဖုန်းကောက်ကိုင်ချိန်မှာ ပြုံးနေပါ။ ဖုန်းခေါ်သူက သင့်အပြုံးကို သင့်အသံထဲမှာ ကြားရပါလိမ့်မယ်။

၁၉။ တစ်ချို့ အချိန်တွေမှာ တစ်ကိုယ်တည်းနေပါ။

( Oct., 2008 ,,Global English Magazine

အောင်မြင်သော အိုင်တီပရော်ဖက်ရှင်နယ် တစ်ယောက်ဖြစ်လာဖို့ နည်းလမ်းများ

ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော အိုင်တီပညာရှင်တစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့ ပထမဦးဆုံးမှန်ကန်တဲ့ အိုင်တီခေတ်အလုပ်အကိုင် အခွင့်အလမ်းတွေအနေနဲ့ လမ်းကြောင်းတွေ ရွေးချယ်ဖို့ လိုပါတယ်။
အိုင်တီအလုပ်အကိုင်တွေအနေနဲ့ Professional Level, Mangement Level နဲ့ Executive Level ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။ အများစုကတော့ အခြေခံအဆင့်ဖြစ်တဲ့ Professional Level အဆင့် အလုပ်အတွေ့အကြုံ အရည်အချင်းနဲ့ ကျွမ်းကျင်မှု လက်မှတ်တွေ အဆင့်ဆင့်ရရှိလာပြီဆိုမှ အထက်အဆင့်တွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
Technical Level မှာ
Programmer/Software Developer
Systems Analyst/Analyst Programmer
Web Developer/Multimedia Specialist
Database Administrator
Network Technician/Network Administrator
Systems Technician/System Administrator
Instructor/Lecture စသဖြင့် သက်ဆိုင်ရာ ကျွမ်းကျင်မှုအလိုက် လုပ်ငန်းတာဝန်တွေ ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီလိုပဲ Management Level မှာ ကြည့်ရင်လည်း
IS Manager
IT Manager
EDP Manager
Project Manager
Systems Manager
Network System Manager
Training Manager ဆိုတဲ့ လုပ်ငန်းရပ်အသီးသီးမှာ တာဝန်ခံမန်နေဂျာများအဖြစ် တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

Executive Level လို့ ခေါ်တဲ့ အမှုဆောင်အရာရှိအဆင့်များမှာတော့
Vice President (IT)
Vice President(Information Service)
Chief Information Officer-CIO
Chief Technical Officer-CTO
Chief Security Officer-CSO
Technical Director
IT/IS Director
IT Project Director စတဲ့ ရာထူးတာဝန်တွေကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

အဆင့်မြင့်ရာထူးများဖြစ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာနှင့် အမှုဆောင်အရာရှိ အဆင့်ရာထူးများကို မထမ်းဆောင်မီ Technical အဆင့်မှာ သက်ဆိုင်ရာ ကျွမ်းကျင်မှု လမ်းကြောင်းတစ်ခုခုကို ရွေးချယ်ပြီးမှ အဆင့်မြင့်ရာထူးတာဝန်များကို ထမ်းဆောင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Software Development Line မှာ Junior programmer, Senior Programmer, System Analyst, Project Manager စသဖြင့် တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းရမှာ ဖြစ်ပါတယ်။ Network Professional Line အနေနဲ့ဆိုရင် Network Technician, Network Engineer, Network System Manager, CTO (Network and Security) စသဖြင့် ရာထူးအဆင့်ဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ဘယ်ကျွမ်းကျင်မှု လမ်းကြောင်းကိုပဲ ရွေးချယ်ရွေးချယ် Industry ready လို့ ခေါ်တဲ့ လုပ်ငန်းခွင်အသင့် ၀င်ရောက်နိုင်ဖို့ကိုတော့ ဦးစားပေးစဉ်းစားရမှာ ဖြစ်ပြီး အလုပ်အတွေ့အကြုံ ကျွမ်းကျင်မှုများအပြင် အိုင်တီနဲ့သက်ဆိုင်တဲ့ အရည်အချင်း အသိအမှတ်ပြု လက်မှတ်တွေကို ရရှိနိုင်ဖို့ ကြိုးစားဖို့လိုပါတယ်။ ဒါမှ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လုပ်ငန်းအဖွဲ့အစည်းကြီးတွေမှာ ထိုက်တန်တဲ့ ရာထူးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အိုင်တီဆိုင်ရာ အရည်အချင်းအသိအမှတ်ပြု လက်မှတ်တွေကတော့ သက်ဆိုင်ရာ Level အသီးသီးအလိုက် မိမိရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ရယူလေ့လာရမှာ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ လက်မှတ်တွေထဲမှာ ဒီပလိုမာနဲ့ ဒီဂရီလက်မှတ်တွေကတော့ Academic Oriented ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလက်မှတ်တွေရဖို့ ပြည်တွင်းပြည်ပ ပညာရေးအဖွဲ့အစည်းတစ်ခုခုမှာ အနည်းဆုံး (၁) နှစ်ခန့် လေ့လာသင်ယူရမှာ ဖြစ်ပြီး Certificate Level ကတော့ ၃ လ ဒါမှမဟုတ် ၆ လ စသဖြင့်ပေါ့လေ လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။
အဲဒီအပြင် Academic Orienrted မဖြစ်တဲ့ အိုင်တီစာမေးပွဲတွေကိုလည်း ဖြေဆိုနိုင်ပါတယ်။ ဘာတွေလည်းဆိုတာတော့ သိကြမယ်ထင်ပါတယ်။ မပြောတော့ဘူးနော်။
အခုပြည်တွင်းမှာဆိုရင် National Exam တွေဖြစ်တဲ့ MCPA နဲ့ ITPEC တွေကို ဖြေဆိုနိုင်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲတွေအနေနဲ့ဆိုရင် On Line ကနေ တိုက်ရိုက်ဖြေဆိုနိုင်တဲ့ Microsoft, CISCO နဲ့ Sun Java Exam တွေကိုလည်း အသိအမှတ်ပြု စာစစ်ဌာနတွေမှာ ဖြေဆိုနိုင်ကြပြီ ဖြစ်ပါတယ်။ လုပ်ခလစာမြင့်မားတဲ့ အဖွဲ့အစည်းကြီးတွေမှာ အိုင်တီပညာရှင်အဆင့်နဲ့ ၀င်ရောက်လုပ်ကိုင်ဖို့အတွက်ဆိုရင်တော့ ခုနပြောထားတဲ့ အချက်တွေနဲ့ ကိုက်ညီပြီး ပြီးပြည့်စုံမှုရှိနေရပါမယ်။

အခြားအရေးကြီးတဲ့အချက်တွေကတော့…
(1) Membership of Professional Bodies
ကွန်ပျူတာပညာရှင်အသင်းကဲ့သို့ အဖွဲ့အစည်းတွေမှာ အသင်းဝင်လျှောက်ထားခြင်း
(2) Office Procedure/HR Regulations
ရုံးလုပ်ငန်းအဖွဲ့အစည်းအသီးသီးရဲ့ လုပ်ထုံးလုပ်နည်းတွေကို နားလည်အောင် လေ့လာထားခြင်း
(3) Knowledge of Business
စီးပွားရေးလုပ်ငန်းအသီးသီး၏ သဘောတရားများကို နားလည်အောင် လေ့လာထားခြင်း
(4) Communication Skill
လူမှုဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် ဘာသာစကားကျွမ်းကျင်စွာ တတ်မြောက်ထားခြင်း
(5) Social Networking
မိမိဘ၀တိုးတက်ရာကို လမ်းညွှန်ပေးနိုင်မည့် မိတ်ဆွေအပေါင်းအသင်းများ ရှာဖွေဆက်သွယ်ထားခြင်း
(6) Global Outlook
မိမိဒေသတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံတကာဗဟုသုတများ သိသင့်သည်များ ကြိုတင်လေ့လာထားခြင်း
(7) Role Model
မိမိဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို ဦးဆောင်လမ်းပြပေးနိုင်မည့် စံပြုထိုက်သူတစ်ဦးဦး သတ်မှတ်ထားခြင်း (ဥပမာ – ဘီဂိတ်လ်၊ အိုဘားမား)
(8) Efforts
ကြီးမားသော ဇွဲလုံ့လ၀ိရိယဖြင့် ကြိုးစားအားထုတ်ခြင်း
(9) Ethic
ပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နိုင်မယ့် ကောင်းမွန်သော ကျင့်ဝတ်သိက္ခာများရှိခြင်းတို့ကို ပိုင်နိုင်ရရှိနေမယ်ဆိုရင် အောင်မြင်တဲ့ အိုင်တီပရော်ဖက်ရှင်တစ်ယောက် ဖြစ်လာမှာ အမှန်အကန်လို့ ပြောကြားခဲ့သူကတော့ MCF ရဲ့ ၁၀ နှစ်မြောက်ပွဲမှာ ဦးငြိမ်းဦး(အတွင်းရေးမှူး-မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း) က ပြောကြားတာ ဖြစ်ပြီး လူသားတိုင်း အိုင်တီပညာရှင်များ ဖြေစေဖို့ ပြန်လည်ကောက်နုတ်တင်ပြရခြင်း ဖြစ်ပါတယ်။

နောက် ကျွန်မရဲ့အမြင်ကတော့ ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝတဲ့အိုင်တီပညာရှင်တစ်ဦး ဖြစ်လာနိုင်ဖို့က မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ နောက်တစ်ချက်က အရည်အချင်းအသိအမှတ်ပြုလက်မှတ်တွေ၊ အလုပ်အတွေ့အကြုံတွေအပြင် အဓိက တစ်ချက်က ငွေကြေးတတ်နိုင်ထောက်ပံ့မှု၊ နောက် အချိန်ပေးနိုင်မှု ဒါတွေ ပြည့်စုံနေမှသာ ပညာရှင်တစ်ယောက်။ ဖြစ်လာနိုင်မယ်လို့ ကျွန်မ ထင်မြင်မိပါတယ်။

ဒီလိုမျိုး ဟောပြောချက်တွေကို ကျွန်မ သွားရောက်နားထောင်ဖြစ်ခဲ့ပေမယ့် ခုချိန်ထိ ဘာမှဖြစ်မလာသေးတာကို စိတ်မကောင်းဖြစ်မိပါတယ်။ ဒါတောင် ဟောပြောတဲ့ပွဲတိုင်း မတက်ရောက်နိုင်တာကိုလည်း အားမလိုအားမရ ဖြစ်မိပါတယ်။ နောက်တစ်ချက်က ဟောပြောပွဲတွေမှာ ၀င်ကြေးဆိုတာ မကောက်ခံတဲ့အတွက်လည်း ကျွန်မတို့လို ငွေကြေးမပြည့်စုံတဲ့သူတွေအတွက် ကျေးဇူးအထူးတင်ထိုက်ကြောင်း ပြောပါရစေရှင်……

မှတ်ချက်။ ။manawphyulay မှ ပြန်လည်ဖော်ပြသည်။

To Do List ပြုလုပ်ထားခြင်းရဲ့ အကျိုးကျေးဇူး

စနစ်ကျတဲ့ သူတိုင်း ကိုယ်လုပ်ရမည့် မည့်သည့် အလုပ်အတွက်မဆို ကြိုတင် စာရင်းလုပ်တတ်ကြပြီး စူပါမားကတ်မှာ ဘာဝယ်မယ် ကအစ ရေးမှတ်ထားတတ် ကြပါတယ်။ အများစုကတော့ မိမိတို့ရဲ့ ရေရှည် ရည်မှန်ချက်ပန်းတိုင်တွေ မျက်ခြည် မပြတ်ကြဖို့၊ နေ့စဉ်ဘ၀ ဖြတ်သန်းမှုတွေကို သေချာစိစစ်ကြဖို့နဲ့ ကိုယ်ရေးမှတ်တမ်း အကျဉ်းလေးတွေ ဖန်တီးကြဖို့ စာရင်းပြုစုကြပါတယ်။ လုပ်ရမည့် စာရင်းတွေကို ရေးမှတ်တာဟာ သင့်လုပ်ဆောင်စရာတွေကို ပြီးမြောက်စေရုံသာမက သင့်စိတ်ကိုလည်း ပိုမိုပျော်ရွှင် စေနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ ရှိတဲ့သူတော်တော် များများကတော့ နေ့စဉ် To Do List ကို ပြုစုထားလေ့ ရှိပါတယ်။ To Do List ပြုလုပ်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

၁။ထိန်းချုပ်မှုရှိစေနိုင်ပါတယ်

စာရင်းပြုလုပ်တာဟာ လုပ်စရာ ဘာတစ်ခုမှ မပြီးရင်တောင် ရည်မှန်ချက်တွေကို ရောက်အောင် ကူညီပေးနိုင်တယ်လို့ ဆိုထားပါတယ်။သင့်စာရင်းထဲက လုပ်စရာတစ်ခုကို ခြစ်ပစ်လိုက်နိုင်တာဟာ သင့်တိုးတက်မှုကို ဖော်ပြနေတဲ့အတွက် စိတ်ကျေနပ် အားရစေပြီး အားအင်သစ်တွေ ပေးစွမ်းနိုင်ပါတယ်။

၂။သင့်မှတ်ဥာဏ်အားကို တက်စေနိုင်ပါတယ်

အလုပ်လုပ်နေတဲ့ သင့်မှတ်ဥာဏ်က တစ်ချိန်တည်းမှာ လုပ်စရာ ခုနစ်ခုကနေ ကိုးခုထိပဲ မှတ်နိုင်စွမ်းရှိပါတယ်လို့ Lyubomirsky ကပြောထားပါတယ်။ အဲဒီတော့ သင်လုပ်ရမယ့်အရာတွေအားလုံးကို မှတ်မိဖို့ကြိုးစားမယ်ဆိုရင် သင့်စွမ်းအင်တွေအားလုံးကို အသုံးချလိုက်သလို ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သင် စာရင်းလုပ်လိုက်မယ် ဆိုရင်တော့ သင့်အလုပ်တွေကို ခွဲခြမ်းစိတ်ဖြာဖို့၊ဦးစားပေးအရာတွေ သတ်မှတ်ဖို့ ၊ သူများကိုတာဝန်ခွဲဝေပေးဖို့ ၊ဒါမှမဟုတ်တချို့အလုပ်တွေကိုဖျက်ရင်တောင် ဖျက်ပစ်လိုက်ဖို့ စွမ်းအင်တွေ ကျန်ရှိနိုင်ပါတယ်။ ဒါ့အပြင် သင်လုပ်ရမည့်အရာ သေးသေးမွှားမွှား လေးတွေကိုတောင် မေ့မှာမဟုတ်တော့ပါဘူး။

၃။ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စေပါတယ်

ဆုံးဖြတ်ချက် ချရမယ့်အခါ ချီတုံချတုံ ဖြစ်နေမယ်ဆိုရင်တော့ ဦးနှောက်ကို အလုပ်စပေးလိုက်ပါတယ်။ ဘယ်လောက်ပဲ ယုတ္တိမရှိတာ ဖြစ်ပါစေ၊ စိတ်ထဲပေါ်လာသမျှ အကုန်ရေးချလိုက်ပါ။ ဒီလိုစည်းဘောင်မရှိဘဲ စာရင်းချရေးလိုက်တဲ့အတွက် သင်ဘယ်လိုမှ တွေးမိမှာ မဟုတ်တဲ့အဖြေတွေ၊ ဆိုလိုရင်းတွေကို ရှာတွေ့ကောင်း ရှာတွေ့နိုင်မှာ ဖြစ်တယ်လို့ Cagen က ဆိုထားပါတယ်။ စာရွက်ပေါ်မှာ ချရေးပြီး ပြသာနာဖြေရှင်းနည်း စဉ်းစားတာဟာ သင့်ပြသာနာတွေကို ကောင်းကောင်း ကိုင်တွယ်စေ နိုင်ပါတယ်။

၎။စိတ်ဆင်းရဲစရာအချိန်တွေကို တွန်းလှန်ပစ်စေနိုင်ပါတယ်

သင် ပထမဆုံး လူတစ်ယောက်ကို ချစ်မိတဲ့နေ့၊ ဒါမှမဟုတ် သင့်ခွေးပေါက်စလေးကို ၀ယ်တဲ့နေ့တွေလို အပျော်ဆုံး အချိန်တွေကို စာရင်းလုပ်ထားပါ။ ပြီးရင် မျက်လုံးတွေ မှိတ်ထားပြီး အဲဒီနေ့တွေက ခံစားခဲ့ရတာတွေကို ပြန်ခံစားကြည့်ပါ။ လေ့လာချက် တစ်ရပ်အရ တစ်ရက်နှစ်ခါ ဆယ်မိနစ်လောက် ဒီလိုလုပ်တဲ့အခါ တစ်ပတ်ကြာပြီးတဲ့နောက်မှာ ပိုပျော်ရွှင်လာတယ်လို့ သိရပါတယ်။ အရင်ပုံရိပ်တွေကို လက်ရှိဖြစ်ပျက် နေသလို ခံစားနိုင်လေလေ အကျိုးကျေးဇူး ပိုများလေလေပါပဲ။

၅။စိတ်တက်ကြွစေနိုင်ပါတယ်

ပြီးမြောက်သွားတဲ့ စာရင်းတွေကို အပတ်စဉ် စုဆောင်းတတ်သူတွေဟာ မစုဆောင်းတဲ့ သူတွေထက် တစ်ပတ်ကို မိနစ်ရှစ်ဆယ်လောက် လေ့ကျင့်ခန်း ပိုလုပ်ကြတယ်လို့ သိရပါတယ်။ အကြောင်းကတော့ သူတို့ဟာနေ့စဉ်ဘ၀နဲ့ ပတ်သက်ရင် ပိုပြီး တက်ကြွတတ်ကြတယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်က လေ့လာချက် တစ်ရပ်အရ သိရပါတယ်။

၆။ဟန်ချက် ညီစေနိုင်ပါတယ်

သင့်ဦးစားပေး အရာတွေကို မျက်ခြည်ပြတ်လာပြီဆိုတဲ့အခါ ဘာဖြစ်ရင်တော့ ငါ့ဘ၀ပြည့်စုံပြီဆိုတဲ့ စာရင်းလေး ပြုစုလိုက်ပါ။ ဒီလိုစာရင်းလုပ်ပြီး မိသားစုနဲ့ အချိန်ပိုဖြုန်းတာလို သင့်ကိုပျော်ရွှင်မှုတွေ အချိန်ကြာကြာ ပေးစွမ်းနိုင်တဲ့ ဦးစားပေးအရာတွေ သတ်မှတ်ခြင်းအားဖြင့် သင့်စွမ်းအင်တွေကို ဘယ်မှာ ပိုအသုံးချရမယ်ဆိုတာ ကွက်ကွက်ကွင်းကွင်း သိမြင်စေနိုင်ပါတယ်။

၇။နေ့ရက်စဉ်တိုင်း ပျော်ရွှင်စေနိုင်ပါတယ်

သင့်ကို ပျော်ရွှင်စေမဲ့အရာ အခုတစ်ရာကို စာရင်းပြုစုလိုက်ပါ။ စာအုပ်ကောင်း တစ်အုပ် ဖတ်ရှုနေတာကစပြီး ၀ိုင်ကောင်းထွက်တဲ့ နိုင်ငံတွေကို လျှောက်လည်ရတာ အဆုံး ရေးမှတ်ထားပါ။ ပြီိးရင် တစ်ပတ်ကို တစ်ခု ပြီးမြောက်အောင် လုပ်ဆောင်ပြီး ပျော်ရွှင်မှုတွေကို ခံစားနိုင်ပါတယ်။


မှတ်ချက်။ ။notebookofayarwaddy.multiply.com မှ ပြန်လည်ဖော်ပြသည်။

ဂုဏ်သိက္ခာ ရှိသူ ဖြစ်လိုလျှင်

လူတစ်ဦးဆီဧ။် ဂုဏ်သတင်းကောင်း ရရှိရေးတွင် ကိုယ်ကျင့်သီလ ကောင်းမွန်ခြင်းသည် အခြေခံလိုအပ်ချက် ဖြစ်ဧ။်။ ကိုယ်ကျင့်သီလတွင် ရိုးသားဖြောင့်မတ်မှု၊ တရားမျှတမှုနှင့် ဂုဏ်သိက္ခာတို့သည် ကိုယ်ကျင့်သီလကို ဖော်ပြချက်ဖြစ်သည်။
သီလ-သမာဓိ-ပညာ နှင့်ပြည့်စုံသော လူတစ်ယောက် သို့မဟုတ် ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်မြောက်ရေး အတွက် အောက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါလိမ့်မည်။
(၁) ကိုယ်ကျင့်တရား ဆိုင်ရာ သတ္တိမွေးမြူပါ။
ကိုယ်ကျင့်တရားနှင့် သက်ဆိုင်သော သတ္တိရှိသူမှန်လျှင် အမှန်တရားဘက်မှ ရပ်တည်ရန် သတ္တိရှိပါလိမ့်မည်။ တစ်စုံတစ်ရာ အကျိုးကို မျှော်ကိုး၍ လည်းကောင်း တစ်စုံ တစ်ယောက်ကို ငဲ့ကွက်၍ လည်းကောင်း ပြဿနာကို ရှောင်လွှဲလိမ့်မည် မဟုတ်ပါ။ မိမိမှားပါကလည်း အမှားကို ၀န်ခံရဲပါလိမ့်မည်။ မိမိမှာ ကိုယ့်ကျင့်တရား ဆိုင်ရာ သတ္တိသာ ရှိပါစေ၊ အားလုံးက သင့်ကို လေးစားကြပါလိမ့်မည်။ အကယ်စင်စစ် ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိသည် ရိုးသားဖြောင့်မတ်မှု၏ အခြေခံလည်း ဖြစ်ပေသေးသည်။
(၂) အမှန်တရားဘက်မှ အမြဲရပ်ပါ။ ရိုးသားဖြောင့်မတ်မှုကို အပြည့်အ၀ကျင့်သုံးပါ။
ရိုးသား ဖြောင့်မတ်မှု မရှိသူကို မည်သူကမျှ စိတ်ချလိမ့်မည် မဟုတ်ပါ။ သင့်၏ ၀န်ထမ်းများနှင့် လုပ်ဖော်ကိုင်ဖက်များ အပေါ် ပြဿနာမှန်ကို ဖုံးကွယ်ခြင်း၊ အချက်အလက်များကို လိမ်ညာဖော်ပြခြင်း ပြုပါက သင်သာလျှင် ဂုဏ်သိက္ခာ ကျဆင်း၍ ယုံကြည်မှု ကင်းမဲ့သွားပါလိမ့်မည်။ အများ၏ ယုံကြည်စိတ်ချမှုကို ရရှိရန် မလွယ်ကူပါ။ ရေရှည် ဆောက်တည် ယူရပါလိမ့်မည်။ ယုံကြည်စိတ်ချမှု ပျောက်ကွယ် သွားဖို့ကတော့ လွယ်လှသည်။ ပြန်လည်ရယူ ကြိုးစားဖို့ကြတော့ မလွယ်တော့ပါ။ မည်သည့် အသေးဖွဲ ကိစ္စလေးများမှအစ မုသားမဆို မိပါစေနှင့် ။ လူတွေကို ချီးကျူးစရာရှိလျှင် ချီးကျူးလိုက်ပါ။ ဘာမှ ချီးကျူးစရာမရှိလျှင် မပြောပါနှင့်။ လူတစ်ဦး တစ်ယောက်၏ ဂုဏ်သိက္ခာ ထိပါး နစ်နာသွားစေမည့် စကားမျိုးဆိုလျှင်လည်း ပြောသင့် မပြောသင့် စဉ်းစား ချင့်ချိန်သင့်ပါသည်။
(၃) ကိုယ်ကျင့်တရားနှင့် ပတ်သက်လာလျှင် မှန်သည်ဟု ယုံကြည်သည့် ဘက်မှ ရပ်တည်ပါ။
သင်၏ ကိုယ်ကျင့်သီလဆိုင်ရာ မှတ်ကျောက်ကို ဘယ်တော့မှ မပွန်းပဲ့ပါစေနှင့်။ သင့်၏ အခြေခံရပ်တည်ချက်ကို ဘယ်တော့မှ ရောင်းမစားပါနှင့်။ သင်၏ယုံကြည်မှုကို ဘယ်တော့မှ အလွဲသုံးစားမလုပ်ပါနှင့် သင့်၏ ခံယူချက်အပေါ် သတ္တိရှိပါ။ ပြဿနာ အခက်အခဲများနှင့် ရင်ဆိုင်ရ၍ ဆုံးဖြတ်ချက်ချရန် ခက်ခဲသော အကျဥ်းထဲ အကျပ်ထဲတွင် သင်၏ ပြုမူလှုပ်ရှားမှု ကာယအိနြေ္ဒသည် အဖွဲ့အစည်း တစ်ခုလုံး၏ လမ်းညွှန်သဖွယ် ဖြစ်ပါစေ။
(၄) ပြောသလိုလုပ်
သင်၏ အပြုမူတိုင်းသည် သင်၏ လုပ်ငန်းဆိုင်ရာ စိတ်သဘောထားနှင့် သူတစ်ပါး သတ်မှတ်ထားသော အရည်အသွေး စံချိန်ကို ရောင်ပြန် ဟပ်ပါစေ။ မိမိအဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းကို သင်လိုက်နာဖို့လိုသည်။ အကယ်၍ သင်၏ ၀န်ထမ်းများအပေါ် သင်ပြောသည့်အတိုင်း လုပ်ကိုင်ရန် တာဝန် ပေးအပ်သည်ဆိုပါက သင်ကိုယ်တိုင်လည်း အပြောတခြား အလုပ်တခြား မဖြစ်ဖို့တော့ လိုပါလိမ့်မည်။ သူတို့အနေဖြင့် သင်ပြောသလိုမလုပ် သင်လုပ်သလိုသာ လိုက်လုပ်လျှင် လိုက်လုပ်မည် ။ သို့မဟုတ်ပါကလည်း သူတို့သဘောနှင့် သူတို့ ထင်သလို လုပ်ကြပါလိမ့်မည်။ ထို့ကြောင့် အပြောနှင့် အလုပ် ညီမျှပါစေ။ ပြောလျှင် ပြောသည့်အတိုင်း လုပ်ပါ။
(၅)သင်၏ ရာထူးနှင့် အဆင့်အတန်းကို အခွင့်ကောင်းယူ၍ အလွှဲသုံးစား မပြုလုပ်နှင့်
သင်၏ မန်နေဂျာ အခွင့်အာဏာကို သင်၏ ကိုယ်ရေးကိုယ်တာ တစ်စုံတစ်ရာအတွက် အခွင့်အရေးယူ အလွဲသုံးမိပါက သင်၏ ရာထူးတွင် ဂုဏ်သိက္ခာ ထိခိုက်ပါလိမ့်မည်။
ဥပမာ – ကုမ္ပဏီ၏ ငွေကြေးသော်လည်းကောင်း၊ အချိန်သော်လည်းကောင်း၊ ပစ္စည်းသော်လည်းကောင်း အလွှဲသုံးစားပြု၍ သုံးစွဲတာမျိုး မပြုလုပ်သင့်ပါ။ အသေးအဖွဲမှစ၍ ကြီးထွား လာတတ်ပါသည်။ ဥပဒေ ချိုးဖောက်မှု ရာထူးခန့်ရာတွင် ဆွေမျိုးကို ဦးစားပေးခန့်မှု၊ ငွေစာရင်းလိမ်ပြမှု၊ မလိုအပ်သော အသုံးစရိတ်များ တောင်းဆိုမှု၊ လိမ်လည်မှု၊ သစ္စာမဲ့မှု၊ ရုံးသုံးပစ္စည်းများ ခိုးယူမှုတို့ အကျုံးဝင်သည်။
(၆)သင်လုပ်မပေးနိုင်လျှင် ကတိမပေးပါနှင့်
သင်ဂတိအတိုင်း လုပ်မပေးနိုင်ကြောင်း သိထားလျှင် အစကတည်းက တိမပေးပါနှင့်။ သင်၏ နှုတ်ထွက်စကားလို သင်ကောင်းရပါမည်။ သင့်စကားကလည်း သင်၏ ကတိစာချုပ်လို ကောင်းရမည်ပင် ဖြစ်သည်။
(၇)အမှားကို ထောက်ပြလျှင် ၀န်ခံရဲပါစေ
မှားပါသည်ဟု ၀န်ခံသူကို ဝေဖန်ဖို့ လွန်စွာခက်ပါသည်။ မိမိက အပြစ်ကျူးလွန်မိသည့်အခါ ထောက်ပြဝေဖန်သူကို စောဒက မတက်ပါနှင့်။ ဥပဒေစည်းကမ်းကို သင်ချိုးဖောက်မိပါက ပွင့်ပွင့်လင်းလင်း ၀န်ခံလိုက်ပါ။ အပြစ်မဲ့သူကို ဓားစာခံ ရှာမနေပါနှင့်။ ဘာကြောင့် မှားယွင်းခဲ့မိသည်ကို ပြန်လည်သုံးသပ် အဖြေရှာပါ။ ဘယ်တော့မှ ဆင်ခြေပေး၍ ရှောင်လွှဲလီဆယ်ဖို့ မကြိုးစားပါနှင့်တစ်ကြိမ်တစ်ခါ လိမ်မိရုံမျှဖြင့် တစ်သက်လုံး သင်္ကာမကင်း သံသယ အ၀င်ခံ နေရတတ်ပါသည်။
(၈)ဘာကြောင့်ကိုယ်ကျင့်သီလအရေးကြီးကြောင်း သဘောပေါက်နားလည်ပါ
ခေါင်းဆောင်မှု နေရာ ယူထားသူအတွက် ကိုယ်ကျင့်သီလ ဖြောင့်မတ် ကောင်းမွန်ရေးသည် မည်မျှ အရေးပါကြောင်း နားလည်ထားရန် လိုအပ်ပါသည်။ ကိုယ်ကျင့်သီလ ဆိုသည်မှာ-
-ယုံကြည် စိတ်ချမှုကို တည်ဆောက်ပေးသည်
လူများစုက သင်သည်ရာထူး အရှိန်အ၀ါကို အသုံးပြု၍ ကိုယ်ကျိုးရှာသူ မဟုတ်ကြောင်း သိမြင်လာသည်နှင့် မိမိအပေါ် လူများစု၏ စိတ်ချယုံကြည်မှု၊ သစ္စာရှိမှုကို အပြည့်အ၀ အားတက်သရော ရရှိပါလိမ့်မည်။
-တစ်ပါးသူအပေါ် သြဇာ ညောင်းစေသည်
အီမာဆန်က “ကြီးမားတဲ့ အသင်းအဖွဲ့တိုင်းသည် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ အရိပ်အာဝါသကို ခိုလှုံကြရခြင်း ဖြစ်သည်။ အဆိုပါပုဂ္ဂိုလ်၏ အကျင့်စရိုက်သည် အဖွဲ့အစည်း၏ အကျင့်စရိုက်ကို ပြဠာန်းပေးသည်”ဟု ဖြော်ပခဲ့သည်။
-စစ်မှန်သော သင်၏ ဂုဏ်သတင်းကောင်းကို ဆောင်ယူသင်းပျံ့စေသည်
လူတစ်ချို့သည် အတွင်းအဇ္ဈတ္တ သဏ္ဍာန်ထက် အပေါ်ယံဗဟိဒ္ဒသဏ္ဍာန်ကို လိုသည်ထက်ပို၍ ဂရုစိုက်မွမ်းမံလေ့ ရှိကြသည်။
“အပေါ်ယံမှာ ကြွားလုံးထုတ်၊ ကတိပေး၊ ၀ါဒဖြန့်တာတွေ များများလုပ်၊ တကယ်လုပ်သည်က နည်းနည်း၊ အကျင့်သီလကတော့ ဘယ်ခါမှ စိတ်မပျက်” ဆိုသည့် မတ်စ်မက်ကောလေး၏ေ၇းသားချက်ကိုတော့ မေ့လျော့နေကြသည်က များသည်။
-မြင့်မားသော စံချိန်ကို ဖန်တီးသည်
သင်၏ ကိုယ်ကျင့်သီလက လုပ်ငန်းခွင်မှ လူအများကြားတွင် သင့်ကို စံနမူနာဖြစ်စေသည်။ သင်၏ လှုပ်ရှား လုပ်ဆောင်မှု တစ်ခုတည်းဖြင့်သာ ၀န်ထမ်းများကို သင့်မျှော်မှန်းသည့် အတိုင်း မြင့်မားသည့် စံချိန်သို့ ရောက်ရှိအောင် စည်းရုံး လုပ်ဆောင်ပေးနိုင်သည်။ လူတို့၏ သဘာဝကပင် အတုမြင် အတတ်သင်တတ်သည့် သဘောရှိသည်။
- သင်၏ ကိုယ်ပိုင်ရပ်တည်မှုကို ဖြည့်စွမ်းကူညီသည်။
သင်ကိုယ်တိုင်က မိမိကိုယ်မိမိ ယုံကြည်မှု ပိုမို ရရှိလာစေသည်။
-ကြော်ငြာ စရာမလိုပါ
သင်၏ ပြုမူဆောင်ရွက်သမျှသည် သင်၏ ကိုယ်ကျင့်တရားကို အရောင်တင်ပေးနေပြီ ဖြစ်၍ လူတိုင်းကသင့်ကို သိရှိလာကြပြီးဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် နှစ်ဦးနှစ်ဖက် စေ့စပ်ဖြေရှင်းရန် အပေးအယူ၊ အလျှော့အတင်းလုပ်ဖို့ သွေးဆောင်ခံရပါက လူ့ဂုဏ်သိက္ခာ၊ တာဝန်သိမှု၊ ကိုယ်ကျင့်တရားများဖြင့် ကျားကန်တည့်မတ်ပါ။ သည်နည်းဖြင့် သင်ကိုယ်တိုင်ကို လည်းကောင်း၊ သင်၏ မိသားစုကို လည်းကောင်း၊ သင်၏ လုပ်ဖော်ကိုင်ဖက်များနှင့် သင်၏ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကိုပါ မြှင့်တင်နိုင်လိမ့် မည် ဖြစ်ပေသည်။

မှတ်ချက်။ ။notebookofayarwaddy.multiply.comမှ ပြန်လည်ဖော်ပြသည်။

ခေါင်းဆောင်တွေအတွက် C ဆယ်လုံး

လူတစ်ဦးချင်းစီက မိမိကိုယ်မိမိ အရာရာမှာ အောင်မြင်စေဖို့ စီမန်ခန့်ခွဲ လုပ်ဆောင်ရာမှာ မိမိကိုယ်တိုင်က မိမိအတွက် ခေါင်းဆောင် ဖြစ်ပါတယ်။ အဖွဲ့အစည်း တွေမှာ ခေါင်းဆောင်က တစ်ဦးတည်းပဲ ရှိပေမဲ့ လူတိုင်းက မိမိတို့တစ်ဦးချင်း တာဝန်ယူ ဆောင်ရွက်ကြရတဲ့ လုပ်ငန်းတွေ အတွက် မိမိက ခေါင်းဆောင်ပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်မှု သဘောတရား တွေကို လူတစ်ဦးချင်း သိရှိဖို့ လိုအပ်သလို လိုက်နာကျင့်သုံးဖို့လည်း လိုအပ်တာဖြစ်ပါတယ်။ ခေါင်းဆောင် လုပ်မယ့် သူတွေ သိထားသင့်တဲ့ C ဆယ်လုံးကို ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။

(၁)သိလိုစိတ် ပြင်းပြမှု(Curiosity)

ခေါင်းဆောင် တစ်ယောက်အနေနဲ့ မိမိလုပ်ငန်း အဖွဲ့အစည်းအတွက် အကျိုးရှိစေနိုင်မဲ့ အရာမှန်သမျှကို သိလိုစိတ် ပြင်းပြမှု ရှိတာကို ပြရမယ်။ သူ့ရဲ့ လုပ်ငန်း အ၀န်းအ၀ိုင်း အတွင်းမှာရှိနေတဲ့ ဟုတ်ပါ့၊မှန်ပါ့ ပြောနေတဲ့ အုပ်စုရဲ့ အပြင်ဘက်က လူတွေ ပြောတာကို နားထောင်ရမယ်။ ကမ္ဘာကြီးက ကြီးမားပြီး ရှုပ်ထွေးတဲ့ နေ၇ာတစ်ခု ဖြစ်နေတဲ့အတွက် အကျိုး ရှိစေမယ့် စာအုပ် စာတမ်းတွေကို သိလိုစိတ် ပြင်းပြတဲ့စိတ်နဲ့ ဖတ်ရမယ်။ နိုင်ငံတကာရဲ့အညွှန်းစာသားအရ Leaders are Listerners လို့ ခေါ်ကြတယ်။

အကယ်၍ ခေါင်းဆောင်တစ်ဦး အနေနဲ့ သူနေထိုင်နေရတဲ့ အေးချမ်းတဲ့ နေရာရဲ့ပြင်ပကို မတူညီတဲ့ အတွေးတွေ နားထောင်နိုင်ဖို့ လျှောက်လှမ်း သွားလာပြီး ထဲထဲဝင်ဝင် မရှိရင် လန်းလန်းဆန်းဆန်း မရှိဘဲ ကြီးထွားနေရတာနဲ့ တူနေမှာ ဖြစ်တယ်လို့ ဆိုတယ်။ အဲဒီ ခေါင်းဆောင်က လူအများရဲ့ ယုံကြည်မှု မရခဲ့ရင် သူလုပ်ဆောင်မှုတွေ မှန်တယ် ဆိုတာကို သူကိုယ်တိုင် သိနိုင်မှာ မဟုတ်တော့ဘူးလို့ ဆိုတယ်။ လူတွေ ပြောတာကို နားထောင်နိုင်ဖို့ အရည်အချင်း မရှိတာက စိတ်ကြီးဝင်မှု ပုံစံတစ်ခု ဖြစ်တယ်။ ဒါက အရာရာ သူသိတယ် ဆိုတဲ့ အတ္တစိတ် (Ego)ကနေ စိတ်ကြီးဝင်မှု (Arrogance)ဖြစ်ပြီး ဘာကိုမှ ဂရုမစိုက်တော့တာမျိုး ဖြစ်သွားတယ်။ အဲဒီလိုဖြစ်တဲ့ ခေါင်းဆောင်တွေရဲ့ နောက်ဆုံး ရောက်ရှိမဲ့ နေရာက ဆုံးရှုံးမှု (failure)ပဲ ဖြစ်တယ်လို့ ဆိုတယ်။

(၂)ဆန်းသစ်မှု(Creativity)

ခေါင်းဆောင်က မိမိဒုံရင်း နေရာကနေထွက်ပြီး မတူညီဘဲ ကွဲပြားမှုတစ်ခုခု ဘာတွေ ရှိနေတယ်ဆိုတာကို ကြိုးစားရှာဖွေလိုစိတ် ရှိရမှာဖြစ်တယ်။ မိမိနေရာ ပြင်ပကိုထွက်ပြီး တွေးတောမှုတွေ ရှိရမယ်။ ခေါင်းဆောင်မှု ဆိုတာက ပြောင်းလဲမှုကို စီမံခန့်ခွဲတာဖြစ်လို့ သင်က ကုမ္ပဏီ တစ်ခုခုကို ဦးဆောင်နေရတာ ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေရတာ ဖြစ်စေ ပြောင်လဲမှုတွေ အားလုံးကို စီမံခန့်ခွဲနိုင်ရမယ်။ အရာရာက ပြောင်းလဲနေတာ ဖြစ်လို့ ဆန်းသစ်တဲ့ ရှာဖွေမှုတွေရှိရမယ်။ ရှိနေတဲ့ အခြေအနေ ကနေ တိုးတက်အောင်လုပ်ရမယ်။

(၃)ဆက်သွယ်ဆောင်ရွက်မှု(Communication)

ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဆက်သွယ် ဆောင်ရွက်မှု ကောင်းသူတစ်ဦးလည်း ဖြစ်ရမယ်။ ပါးစပ်ကနေ ပြောနေရုံ သက်သက် မဟုတ်ဘဲ တကယ့် အစစ်အမှန်ကို ရင်ဆိုင်ပြီး အမှန်ပြောဆိုတာကို ဆိုလိုတာဖြစ်တယ်။ ဆက်သွယ် ဆောင်ရွက်မှုကို အမှန်ပြောဆိုတာနဲ့ အစပြုရမယ်။ နာကြည်း ဖွယ်ရာတွေနဲ့ ကြုံတွေ့နေရတဲ့ အခါမှာသော်မှ အမှန်ကို ပြောဆိုရမှာ ဖြစ်တယ်။ ဒါကြောင့် ခေါင်းဆောင်တွေက ဆက်သွယ် ဆောင်ရွက်မှု ကောင်းတွေ (Leaders are good communicators) လို့လည်း ဆိုကြတာ ဖြစ်တယ်။

(၄)အကျင့်စာရိတ္တကောင်းမွန်သူ(Character)

ခေါင်းဆောင် တစ်ယောက်က အကျင့်စာရိတ္တ ကောင်းသူ ဖြစ်ရမယ်။ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားပြီး မှန်တာကို လုပ်ရဲရမယ်။ တကယ်လို့ လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တကို စမ်းသပ်ချင်ရင် သူ့ကို အာဏာပေးကြည့် လိုက်ပါလို့ အီဗရာဟင်လင်ကွန်းက ဆိုခဲ့တယ်။

(၅)သတ္တိရှိမှု(Courage)

ခေါင်းဆောင်မှာ သတ္တိရှိရမယ်၊ ကြောက်ရွံ့ နေသူတွေ အကြားမှာ ထောင်ထောင်ထောင်ထောင် သွားပြတာက သတ္တိရှိတာ မဟုတ်ဘူး။ ကြမ်းကြမ်း တမ်းတမ်း ပြောတာကလည်း သတ္တိရှိတာ မဟုတ်ဘူး။ သတ္တိရှိတယ် ဆိုတာက စေ့စပ် စကားဝိုင်းမှာထိုင်ပြီး ကတိက၀တ် ထားရှိစကား ပြောဆိုနိုင်မှု ဖြစ်တယ်လို့ဆိုတယ်။

(၆)အပြစ်ဖြစ်ရင် ခံယူရဲတဲ့သတ္တိရှိမှု(Conviction)

ခေါင်းဆောင် တစ်ယောက်ဖြစ်ဖို့ အပြစ်ဖြစ်ရင် အဲဒီအပြစ်အတွက် ခံယူရဲတဲ့ သတ္တိ၇ှိရမယ်။ အလုပ်တစ်ခုကို အောင်မြင်ပြီးမြောက်သည်အထိ ပြီစီးအောင် လုပ်လိုစိတ် ရှိရမယ်။ အလုပ်လုပ်တဲ့ သူတိုင်း အမှားတွေ လုပ်မိကြတာ ဖြစ်တယ်။ အမှားနဲ့ ကင်းသူက အလုပ်မလုပ်သူ ဖြစ်တယ်လို့ဆိုတယ်။ အမှားကို အမှားအတိုင်း မထားဘဲ အမှန်ဖြစ်အောင် ရဲရဲဝံ့ဝံ့ ရင်ဆိုင် ဖြေရှင်းတတ်သူ ဖြစ်တယ်။

(၇)လူအများ၏ ချစ်ခင်လေးစားနိုင်မှု(Charisma)

လူအများရဲ့ ချစ်ခင်လေးစားနိုင်စေမှုက လူတွေကို သင့်နောက်ကနေ လိုက်အောင် ပြုလုပ်နိုင်တဲ့ အရည်အသွေး ဖြစ်တယ်။ လူတွေကို စိတ်အားထက်သန်မှု ရှိစေတဲ့ အရည်အချင်း ဖြစ်တယ်။ လူတွေက သူ့ကို ယုံကြည်တဲ့အတွက် သူ့နောက်ကနေ လိုက်ကြတာ ဖြစ်တယ်။

(၈)ကျွမ်းကျင်လိမ္မာမှု(Competent)

ခေါင်းဆောင် တစ်ယောက်မှာ ကျွမ်းကျင် လိမ္မာမှုရှိရမယ်။ မိမိလုပ်နေတဲ့လုပ်ငန်းတွေနဲ့ ဆက်စပ်တာတွေ အားလုံးကို သိနေရမယ်။ ပိုအရေးကြီးတာက သင်ကိုယ်တိုင်ရဲ့ ၀န်းကျင်မှာရှိနေတဲ့ သူတွေကလည်း သူတို့ ဘာတွေ လုပ်နေတာလည်းဆိုတာ သိနေတဲ့ လူတွေ ဖြစ်ဖို့လိုတယ်။ ခေါင်းဆောင်က ပြသာနာ ဖြေရှင်းနိုင်သူတစ်ဦး ဖြစ်ဖို့ လိုတယ်။

(၉)လက်တွေ့ကျကျ တွေးတတ်မှု(Common Sense)

အကယ်၍ သင့်မှာ လက်တွေ့ကျကျ တွေးတောတတ်မှု မရှိရင် ခေါင်းဆောင်တစ်ယောက် မဖြစ်နိုင်ဘူးလို့ဆိုတယ်။ ခေါင်းဆောင်က ခိုင်မာတဲ့ စိတ်ဓာတ် ရှိရမယ်။ ကြီးမားတဲ့ အပြုံးပိုင်ရှင် တစ်ယောက် ဖြစ်ရမယ်။ ဆုတ်စရာရှိရင် ညင်ညင်သာသာ ဆုတ်တတ်ရမယ်။ လုပ်စရာရှိရင် မြန်မြန်ထက်ထက် လုပ်တတ်ရမယ်။ အကယ်၍ သင်က လူသားဆန်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ သင့်ရဲ့ ကြောင်းကျိုး ခိုင်လုံစေမှုနဲ့ လက်တွေ့ကျကျ တွေးတတ်မှု လိုအပ်တယ်။

(၁၀)အကျဉ်းအကျပ်ထဲကနေ ဖောက်ထွက်နိုင်မှု(Crisis)

ခေါင်းဆောင်မှုဆိုတာ အကျဉ်းအကျပ် ကာလအတွင်းမှာ ပုံသွင်း ခံရသူနဲ့ လမ်းထွင်နိုင်သူ ဖြစ်တယ်။ ခုံပေါ်မှာ ခြေထောက်တင်ပြီး စာတွေ့တွေ ပြောရတာက လွယ်ကူပေမဲ့ လက်တွေ့မှာ ဖြစ်လာတဲ့ အခက်အခဲတွေ ၊ အကျဉ်းအကျပ် ဖြစ်မှုတွေကနေ အောင်မြင်အောင် လမ်းထွင်နိုင်သူ ဖြစ်မှသာ ခေါင်းဆောင် တစ်ယောက် ဖြစ်လာနိုင်တယ်။

Note: notebookofayarwaddy.multiply.com မှ ပြန်လည်မျှဝေပါသည်။

Dec 14, 2010

ဟားဗတ်တက္ကသိုလ်

အင်္ဂလန်နိုင်ငံသား John Harvard (1607-1638)ဟာ (၁၆၃၇)ခုနှစ်မှာ အမေရိကားကို ပြောင်းရွေ့ခဲ့တယ်။ အင်္ဂလန်နိုင်ငံ Cambridge Universityက ကျောင်းပြီးခဲ့တဲ့သူဟာ သူပြောင်းရွေ့ခဲ့တဲ့ Charlestownမြို့က ဘုရားကျောင်းမှာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်ချင်ခဲ့တယ်။ ဒါပေမယ့် သူသက်ဆိုးမရှည်ခဲ့ဘူး။ ပြောင်းရွေ့ပြီး တစ်နှစ်အကြာ (၁၆၃၈)ခုနှစ်မှာ အဆုတ်ရောဂါနဲ့ သူကွယ်လွန်သွားခဲ့တယ်။

အိမ်ထောင်ကျတာ သိပ်မကြာသေးတဲ့သူ့မှာ သားသမီးလဲ မရှိခဲ့ပါဘူး။ မသေခင်မှာ သူ့ပိုင်ဆိုင်မှုတစ်ဝက်ဖြစ်တဲ့ (ပေါင်၇၈ဝ)ခန့်နဲ့ စုဆောင်းထားတဲ့ စာအုပ်ပေါင်း(၄ဝဝ)ခန့်ကို မြစ်တစ်ဘက်ကမ်းက အသစ်ဆောက်လုပ်ပြီးစ ကျောင်းတစ်ကျောင်းကို သူလှူလိုက်တယ်။ အဲဒီအလှူဟာ အဲဒီခေတ်တုန်းက ကျောင်းအတွက် အကြီးမားဆုံးအလှူ ဖြစ်ခဲ့တယ်။ ကျောင်းအုပ်ကြီးက အလှူရှင်ဟားဗတ်ကို ကျေးဇူးတင်တဲ့အနေနဲ့ အသစ်ဆောက်လုပ်ပြီးစ ကျောင်းကို ဟားဗတ်လို့ အမည်ပေးလိုက်တယ်။ အဲဒီကျောင်းဟာ ဒီကနေ့ခေတ်မှာတော့ ဟားဗတ်တက္ကသိုလ်ဆိုပြီး နာမည်ကြီးခဲ့ပါတယ်။

(၁၈၈၄)ခုနှစ်မှာ ပန်းပုဆရာ Daniel Franciscus က ဟားဗတ်ရုပ်တုထုဖို့ ပြင်ဆင်ခဲ့တယ်။ ဒါပေမယ့် နှစ်တွေကြာခဲ့တဲ့အပြင် ဟားဗတ်ရဲ့ပုံတူတွေလည်း ချန်မထားခဲ့တာကြောင့် Danielဟာ ကျောင်းထဲက ချောမောခန့်ညားတဲ့ ယောက်ျားသားသုံးယောက်ကို ရှာပြီး မော်ဒယ်ထိုင်ခိုင်းခဲ့တယ်။ အဲဒီယောက်ျားသုံးယောက်ပေါင်းရဲ့ ရုပ်တုဟာ ဟားဗတ်ရုပ်တုဖြစ်လာခဲ့တယ်။ ရုပ်တုမှာ ကျောင်းကိုတည်ထောင်သူ ဂျွန်ဟားဗတ်နဲ့ ကျောင်းတည်ထောင်တဲ့နှစ် (၁၆၃ဂ)ဆိုပြီး ရေးထားတယ်။ တကယ်တော့ ဒါဟာ မှားယွင်းနေပါတယ်။ ဟားဗတ်က အဲဒီကျောင်းရဲ့ အလှူရှင်တစ်ဦးပဲဖြစ်တယ်။ နောက်ပြီး ကျောင်းကို (၁၆၃၆)ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ ရုပ်တုကလည်း ဟားဗတ်ကိုယ်တိုင် မဟုတ်ပါဘူး။ ယောက်ျားသုံးယောက်ပေါင်းရဲ့ ရုပ်တုဖြစ်တယ်။

ဒါပေမယ့် ဟားဗတ်တက္ကသိုလ်ဝင်းထဲမှာ ဟားဗတ်အထိမ်းအမှတ် ရုပ်တုကို တည်ထားခဲ့ပါတယ်။ အဲဒီနေရာဟာ ဒီကနေ့ခေတ်မှာ ကျောင်းဝင်းထဲက အထင်ရှားဆုံးနေရာဖြစ်ခဲ့တယ်။ ရုပ်တုထဲက ဟားဗတ်ရဲ့ဘယ်ခြေထောက်ကို ပွတ်သပ်ပေးရင် အသိဉာဏ် ပိုကြွယ်စေတယ်လို့ ဆိုရိုးရှိခဲ့ကြတယ်။ ဒါကြောင့် ရုပ်တုထဲမှာ ဟားဗတ်ရဲ့ဘယ်ခြေက တစ်ခြားနေရာထက် ပိုပြောင်လက်လို့ နေခဲ့ပါတယ်။

Ref : http://baike.baidu.com/view/1501003.htm

copy from နိုင်းနိုင်းစနေ....

ယုံကြည်ချက် မီးအိမ်ကို ထွန်းညှိပါ

၁၅ရာစုတုန်းက ကိုလံဘတ်ဟာ Hispaniolaကျွန်းကို တိုက်ခိုက်အောင်မြင်ပြီး စပိန်ကို ပြန်လာခဲ့တယ်။ ကျွန်းကနေခွာပြီး သိပ်မကြာခင်မှာပဲ ရာသီဥတုအပြောင်းအလဲကြောင့် ကိုလံဘတ်တို့လူတစ်စု လေပြင်းမုန်တိုင်းနဲ့ တိုးခဲ့ကြတယ်။ ကောင်းကင်တစ်ခုလုံး မည်းမှောင်ပြီး လျှပ်စီးလျှပ်ပန်းတွေနဲ့ လှိုင်းတံပိုးရိုက်ဒဏ်ကို သူတို့အလူးအလဲ ခံခဲ့ကြရတယ်။ ဒါဟာ ကိုလံဘတ်ရဲ့ ပင်လယ်ခရီးတစ်လျှောက်မှာ တွေ့ကြုံရတဲ့ အပြင်းထန်ဆုံး မုန်တိုင်းဖြစ်တယ်။ လေပြင်းမုန်တိုင်းဒဏ်ကြောင့် လှေတချို့ ပင်လယ်ရေအောက် နစ်မြှုပ်ခဲ့ကြတယ်။

လှေသူကြီးက စိုးရိမ်ချောက်ချားစွာနဲ့ ကိုလံဘတ်ကို "မြေပြင်ပေါ် ငါတို့လုံးဝ ခြေချခွင့်ရတော့မှာ မဟုတ်ဘူး"လို့ဆိုတယ်။

ကိုလံဘတ်က သက်ပြင်းတစ်ချက်ချပြီး "ငါတို့ ပျောက်ဆုံးပျက်ဆီးသွားလို့ရတယ်။ ဒါပေမယ့် ငါတို့ရဲ့ အရေးကြီးတဲ့မှတ်တမ်းတွေကို နောက်လူတွေအတွက် ငါတို့ချန်ထားခဲ့ရမယ်"လို့ဆိုတယ်။ အဲဒီနောက် ကိုလံဘတ်ဟာ မုန်တိုင်းဒဏ်ကြောင့် ပြောင်းဆန်ခတ်နေတဲ့ လှေဝမ်းထဲမှာ အရေးကြီးတဲ့မှတ်တမ်းတချို့ကို စာရွက်ပေါ် ချရေးနေခဲ့တယ်။ အဲဒီနောက် အဲဒီစာရွက်ကိုလိတ်ပြီး ပုလင်းထဲထည့် အဖုံးလုံအောင်ပိတ်ပြီး ပင်လယ်ထဲ မျောချလိုက်တယ်။

"ဒီမှတ်တမ်းတွေ တစ်နေ့နေ့မှာ စပိန်ကမ်းခြေဘက် မျောသွားမယ်ဆိုတာကို ငါယုံကြည်တယ်" လို့ ကိုလံဘတ်ဟာ ယတိပြတ်ပြောခဲ့တယ်။

"လုံးဝ မဖြစ်နိုင်ဘူး! ငါးဗိုက်ထဲရောက်ရင်ရောက် မရောက်ရင် လှိုင်းပုတ်လို့ ပျက်ဆီးကုန်လိမ့်မယ် ဒါမှမဟုတ် ပင်လယ်အောက် နစ်မြှုပ်သွားလိမ့်မယ်"လို့ လှေသူကြီးက ပြောတယ်။

"တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်၊ ရာစုတစ်ခုဖြစ်ရင်လည်းဖြစ်မယ်။ ဒီပုလင်းဟာ စပိန်ကမ်းခြေဘက် ရောက်ကိုရောက်သွားလိမ့်မယ်လို့ ငါယုံတယ်။ ဘုရားသခင်က ငါတို့ရဲ့ဘဝကို ချယ်လှယ်နိုင်ပေမယ့် ဘဝရဲ့ကြံ့ကြံ့ခံတဲ့ ယုံကြည်မှုကိုတော့ လုံးဝမချယ်လှယ်နိုင်ပါဘူး" ကိုလံဘတ်က ခိုင်ခိုင်မာမာပြောတယ်။

ကံကောင်းစွာနဲ့ လူအများဟာ မုန်တိုင်းဒဏ်က လွတ်မြောက်လာခဲ့ကြတယ်။ စပိန်ကို ပြန်ရောက်ပြီးနောက် ကိုလံဘတ်နဲ့ လှေသူကြီးတို့ဟာ လူလွတ်ပြီး ကမ်းခြေတွေမှာ ပုလင်းကို လိုက်ရှာစေခဲ့ကြတယ်။ ဒါပေမယ့် ဘယ်လိုရှာရှာ မတွေ့ခဲ့ပါဘူး။ လောကကြီးထဲကနေ ကိုလံဘတ်ထွက်သွားတဲ့အထိ ပုလင်းကို လူတွေရှာမတွေ့ခဲ့ကြဘူး။

၁၈၅၆ခုနှစ် အဲဒီမုန်တိုင်းဒဏ်ကို ကိုလံဘတ်ခံရပြီး (၃)ရာစုနှစ်အကြာမှာ ပုလင်းလေးဟာ ဒီရေနဲ့အတူ စပိန်ရဲ့Biscayကမ်းခြေဆီ ရောက်လာခဲ့ပါတယ်။ ယုံကြည်မှုဆိုတာ လူ့ဘဝရဲ့ မီးပြတိုက်၊ ယုံကြည်ချက်ရှိရင် ဘာမဆိုဖြစ်နိုင်တဲ့အကြောင်း စာလေးက သက်သေထူနေပါတယ်။

Martin Luther King က "ဒီလောကကြီးမှာ ယုံကြည်ချက်နဲ့ မားမားရပ်တည်နိုင်သူက ဘယ်တော့မှ ဘယ်သူကြောင့် မလဲကျနိုင်ဘူး" လို့ ဆိုခဲ့ပါတယ်။

ယုံကြည်ချက်ဆိုတာ အောင်မြင်သူတွေရဲ့ ရင်ဘတ်ထဲက ဘယ်တော့မှ မလဲတဲ့အလံဖြစ်တယ်။
ယုံကြည်ချက်ရှိရင် ထူးဆန်းအံ့သြစရာတွေက ပေါ်လာစမြဲဖြစ်တယ်။
ယုံကြည်ချက်ဆိုတာ စိတ်ဓာတ်ကို ထောက်ခံပေးတဲ့ အိမ်ခေါင်တိုင်ဖြစ်တယ်။
ယုံကြည်ချက်မရှိရင် စိတ်ဓာတ်တစ်ခုလုံး လဲပြိုနိုင်တယ်။
ယုံကြည်ချက်ဆိုတာ ခွန်အားရဲ့ရေသောက်မြစ်၊ အောင်မြင်ခြင်းရဲ့ လှေကားထစ်ဖြစ်တယ်။
လူတိုင်းလူတိုင်း ယုံကြည်မှုကို ပိုင်ဆိုင်နိုင်ပါတယ်။
ယုံကြည်မှုကို လက်ကိုင်ထားပြီး ဘဝကို ထူးဆန်းအံ့သြမှုတွေနဲ့ ဖန်ဆင်းနိုင်ပါတယ်။


မူရင်းရေးသားသူ-- Hu Bao Lin

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Oct 26, 2010

အပြုံးတစ်ခုရဲ့ နောက်ကွယ်

Copied it from the www.missgreenlady.com

ကျွန်တော်အထက်တန်းကျောင်း စတက်ချိန်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုကို ခုချိန်ထိ မှတ်မှတ်ထင်ထင် သတိရနေခဲ့မိပါတယ်… အဲဒီနေ့က ကျောင်းဆင်းလို့ အိမ်အပြန်မှာ ကျွန်တော်နဲ့ မလှမ်းမကမ်း ကျွန်တော့်ရှေ့နားမှာ တစ်ယောက်တည်း လျှောက်နေတဲ့ အတန်းထဲက ကျောင်းသားတစ်ယောက်ကို တွေ့လိုက်ရပါတယ်.. သူ့ကြည့်ရတာ လက်နှစ်ဖက်လုံး ပြည့်အောင် စာအုပ်တွေ ပွေ့ပိုက်လို့ ထားတာကြောင့် ရှိသမျှ ကျောင်းစာအုပ်တွေအားလုံး အိမ်ကို ပြန်သယ်ယူလာပုံရတယ်... သူ့ကိုကြည့်ပြီး ကျွန်တော်တွေးလိုက်မိပါတယ်.. “ဘာကြောင့်များ ဒီနေ့လို သောကြာနေ့မျိုးမှာ စာအုပ်တွေ အားလုံး အိမ်ကို သယ်ပြီး ပြန်ရတာပါလိမ့် .. ဒီကောင်ဟာ ကပ်သီးကပ်သပ် ကောင်စားမျိုးဘဲ ထင်ပါတယ်.. ကျွန်တော့်မှာတော့ ဒီပိတ်ရက်မှာ သွားလာ လည်ပတ်ဖို့ စဉ်းစား စီစဉ်ထားတာတွေက အများကြီးပါဘဲ.. လျှောက်လည်မယ်.. ဘောလုံးကန်မယ်.. သူငယ်ချင်းတွေနဲ့ ဂိမ်းကစားမယ်.. မုန့်ဆိုင်တွေမှာ မုန့်လိုက်စားကြမယ်.. အိုး.. လုပ်စရာတွေမှ အများကြီးပါဘဲ…. ဒီပိတ်ရက်မှာ သူ့လို စာအုပ်ကြီးတွေ အိမ်ပြန်သယ်ပြီး ကိုယ့်ဒုက္ခ ကိုယ်ရှာဖို့ အစီအစဉ်ကို မရှိပါဘူး.. ” စဉ်းစားမိရင်း ကျွန်တော့်ပုခုံးကို အသာတွန့်လိုက်ပြီး လမ်းဆက်လျှောက် လာခဲ့လိုက်ပါတယ်။

အဲဒီလိုလျှောက်လာနေရင်း ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်အရပ်ကနေ ကလေးတစ်အုပ်ဟာ ပြေးပြေးလွှားလွှား ဆော့ကစားလာနေကြတာ တွေ့လိုက်ရပါတယ်.. ကလေးတွေဟာ ကျွန်တော့်ရှေ့ကနေ လျှောက်နေတဲ့ သူ့ကို အရှိန်နဲ့ ၀င်တိုက်မိလိုက်ပြီး သူ့လက်ထဲက စာအုပ်တစ်ပွေ့တစ်ပိုက်ကြီးဟာ မြေပြင်ပေါ်ကို ပြုတ်ကျကုန်ပါတယ်.. သူကိုယ်တိုင်လည်း ဖင်ထိုင်ရက် လဲကျသွားပြီး သူတပ်ထားတဲ့ မျက်မှန်ဟာ သူနဲ့ ခပ်လှမ်းလှမ်း ၁၀ပေ လောက်အကွာကို လွှင့်ထွက်သွားပါတော့တယ်.. သူ့မျက်နှာဟာ ရှုံ့မဲ့နေပြီး ကြည့်ရတာ အတော် နာကျင်သွားပုံရပါတယ်.. ပြီးတော့ လွှင့်ကျသွားတဲ့ သူ့မျက်မှန်ကို မြေပြင်ပေါ်မှာ စမ်းစမ်း စမ်းစမ်းနဲ့ လိုက်ရှာနေတာ ကျွန်တော်တွေ့လိုက်ရပါတယ်.. ဒီကောင်ဟာ မျက်မှန်မပါရင် ဘာကိုမှ သဲသဲကွဲကွဲ မြင်နိုင်ဟန် မတူပါဘူး… တစ်ချက်တစ်ချက် မော့လာတဲ့ သူ့မျက်နှာကြောင့် သူ့မျက်ဝန်းမှာလည်း မျက်ရည်စ တစ်ချို့ကို တွေ့လိုက်မိပါတယ်. သူ့ကိုကြည့်ပြီး ကျွန်တော် တော်တော်ကို စိတ်မကောင်းဖြစ်သွားတာကြောင့် သူ့အနားကို အမြန်တိုးကပ်သွားကာ မျက်မှန်ကို ကောက်ယူလိုက်ပြီး နှစ်သိမ့်တဲ့အပြုံးလေးတစ်ခုနဲ့ “ကလေးတွေက ဒီလိုပါဘဲ.. သူတို့မှာ ဆော့ဖို့စိတ်ကလွဲလို့ ဘာမှ မရှိကြဘူး ” လို့ပြောရင်း သူ့ကို လှမ်းပေးလိုက်ပါတယ်.. “အိုး ကျေးဇူးဘဲ” သူကလည်း ပြန်ပြုံးပြလိုက်ပြီး ကျွန်တော့်ကို ကျေးဇူး စကား ဆိုပါတယ်။

သူထနိုင်အောင် ကျွန်တော် သူ့ကို ဆွဲထူပေးလိုက်ပြီး သူ့စာအုပ်တွေကိုလဲ ကူကောက်ပေးကာ သူဘယ်မှာနေတယ်ဆိုတာ စကား စ မေးလိုက်ပါတယ်.. သူပြန်ဖြေတဲ့ သူ့နေရပ်လိပ်စာဟာ ကျွန်တော့်အိမ်နဲ့ နီးနီးလေးဆိုတာ ကျွန်တော်သိလိုက်ရပေမဲ့ သူ့ကို အရင်က တစ်ခါမှ ကျွန်တော် မတွေ့ခဲ့ဖူးပါဘူး.. ဒါကြောင့် ကျွန်တော်က “အရင်က ဘာလို့ မတွေ့ဖူးကြတာလဲ” လို့ မေးလိုက်တော့ သူဟာ နံမည်ကြီး ဘော်ဒါတစ်ခုမှာ ကျောင်းအိပ်ကျောင်းစား နေခဲ့ရတာ ဖြစ်ကြောင်း ကျွန်တော်တို့ တက်နေတဲ့ ဒီကျောင်းကို အခုမှ ရောက်တာတာဖြစ်ကြောင်း ပြန်ရှင်းပြပါတယ်.. ကျွန်တော်ကတော့ ကျွန်တော့်ဘ၀မှာ သူပြောတဲ့ ဘော်ဒါဆိုတဲ့ ကျောင်းအိပ်ကျောင်းစား ကျောင်းသားဘ၀မျိုး ဘယ်တုန်းကမှ မနေခဲ့ဖူးပါဘူး.. ပြီးတော့ သူ့နံမည်က ကာလ်း ဖြစ်ကြောင်းကိုလည်း ကျွန်တော် သိလိုက်ရပါတယ်။

အိမ်ကိုလျှောက်လာတဲ့ လမ်းတစ်လျှောက်လုံး ကျွန်တော်တို့ စကားတွေ ပြောလာကြရင်း ကာလ်းရဲ့ စာအုပ်တစ်ချို့ကို ကူပြီး ကိုင်ပေးလာခဲ့ပါတယ်. ခုတော့လည်း ပြုံးပြုံးရွှင်ရွှင် စကားတပြောပြောနဲ့ ကာလ်းဟာ လူရည်သန့် လူငယ်လေးတစ်ယောက် ဖြစ်နေပြန်ပါပြီ။ ကျွန်တော်က ကာလ်းကို “ဘောလုံးကစားဖို့ ၀ါသနာပါသလား” လို့မေးတော့ သူက “ပါတယ်” လို့ပြန်ဖြေပါတယ်.. ဒီတော့ သူ့ကို မနက်ဖန် ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကစားမဲ့ ဘောလုံးပွဲမှာ ပါဝင်ကစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်.. ကျွန်တော့်အိမ်ရှေ့ရောက်တော့လည်း အိမ်ထဲကို ၀င်ထိုင်ဖို့ သူ့ကို ဖိတ်ခေါ်လိုက်ပြီး ကျွန်တော့်ဆီမှာရှိနေတဲ့ ဂိမ်းတစ်ချို့ကို သူနဲ့အတူတူ ကစားကြပါတယ်.. ညပိုင်းလောက်မှာမှ အိမ်မှာဘဲ မေမေကျွေးတဲ့ ညနေစာကို စားပြီး သူပြန်သွားခဲ့ပါတယ်.. နောက်နေ့ ပိတ်ရက်၂ရက်လုံးလုံး ကာလ်းဟာ ကျွန်တော့်ဆီရောက်လာပြီး ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ကစားကြရင်း အချိန်ကုန်သွားခဲ့ပါတယ်.. သူ့ကိုလည်း ကျွန်တော်အပါအ၀င် ကျွန်တော့သူငယ်ချင်းတွေက ခင်မင်ကြသလို သူကလည်း ပျော်ရွှင်နေတာကို တွေ့ရပါတယ်။

နောက်တနင်္လာနေ့မနက်ရောက်တော့ ကာလ်းဟာ သောကြာနေ့တုန်းက ကျောင်းကနေအပြန် သယ်သွားတဲ့ စာအုပ်အပုံကြီးကို ပွေ့ပိုက်ပြီး ကျောင်းသွားဖို့ လျှောက်လာပါတယ်.. သူ့ကိုတွေ့တော့ ကျွန်တော်က ရပ်စောင့်နေလိုက်ပြီး “မင်း ဒီပုံစံအတိုင်းသာ စာအုပ်တွေ နေ့တိုင်း သယ်မယ်ဆိုရင် မင်းလက်မောင်း ကြွက်သားတွေ ပိုကြီးလာတော့မှာ သေချာတယ်” လို့ ကျွန်တော်သူ့ကို နောက်လိုက်ပါတော့တယ်. သူက ရယ်မောလိုက်ပြီး ကျွန်တော့်ကို သူ့လက်ထဲက စာအုပ်တစ်ချို့ လှမ်းပေးလိုက်ပါတယ်. အဲဒီအချိန်ကစလို့ ကာလ်းနဲ့ ကျွန်တော်ဟာ သိပ်ကို ခင်မင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြပါတယ်.. အထက်တန်းတက်နေတဲ့ ကာလတစ်လျှောက်လုံးမှာလည်း သူနဲ့ကျွန်တော်ဟာ အခင်ဆုံးသူတွေအဖြစ် တောက်လျှောက်တွဲလာခဲ့ကြပါတယ်.. သေချာပေါင်းကြည့်လေ ကာလ်းမှာ သူငယ်ချင်းကောင်း တစ်ယောက်ရဲ့ အကျင့်စရိုက်မျိုး ရှိလေ ဆိုတာ ကျွန်တော်သိခဲ့ရပါတယ်.. သူဟာ သူငယ်ချင်းတွေအပေါ် သိပ်ကို စိတ်ရှည်သီးခံတတ်ပြီး စိတ်ကောင်းလဲရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

အထက်တန်းကျောင်းမှာ ၄နှစ်တိတိ ကားလ်းနဲ့ ကျွန်တော် ငယ်ပေါင်းကြီးဖော်တွေလို ချစ်ခင်ရင်းနှီးစွာ ပေါင်းဖြစ်ကြပါတယ်.. အထက်တန်း နောက်ဆုံးနှစ်မှာတော့ တက္ကသိုလ်တက်ဖို့ စဉ်းစားကြတဲ့အခါ ကျွန်တော်က Georgetown ကို သွားဖို့ စဉ်းစားပြီး သူကတော့ ဆရာဝန်လုပ်ဖို့အတွက် Duke တက္ကသိုလ်ကို တက်မယ်လို့ ပြောပါတယ်.. ဒါပေမဲ့ ဘယ်လိုဘဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့၂ယောက်ကြား ဘာတွေဘဲခြားနေနေ အခင်ဆုံး သူငယ်ချင်းတွေအဖြစ် ဆက်ပြီး ရှိနေကြမှာပါ။ အဲဒီအထက်တန်း နောက်ဆုံးနှစ်မှာ ကာလ်းဟာ ဂရိတ်ကောင်းကောင်းနဲ့ အောင်မြင်တဲ့အပြင် တစ်ကျောင်းလုံးမှာ အမှတ်အများဆုံးသူ တစ်ယောက်လဲ ဖြစ်တာကြောင့် အထက်တန်းအောင်မြင်တဲ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲသဘင်မှာ စကားပြောဆိုဖို့ ရွေးချယ်ခြင်းခံရပါတယ်.. သူရဲ့ အောင်မြင်မှုအတွက် ကျွန်တော်လည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။

အခုတော့ ဒီနေ့ကျင်းပတဲ့ ဂုဏ်ပြုပွဲနေ့မှာ စင်ပေါ်စကားတက်ပြောရမဲ့ ကားလ်ဟာ အထူး ကြည်လင်ရွှင်ပျနေတဲ့ ပုံစံရှိပြီး သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နဲ့ လူငယ်တစ်ယောက်ရဲ့ ဟန်ပန်ကို သေသေချာချာ တွေ့မြင်ရပါတယ်.. လွန်ခဲ့တဲ့ ၄နှစ်လောက်က စာအုပ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျွန်တော်စတွေ့ခဲ့တဲ့ ပုံဏ္ဍာန်နဲ့ ကွာခြားချင်တိုင်း ကွားခြားလို့ နေပါပြီ။ မျက်မှန်တပ်ဆင်ထားပြီး အ၀တ်အစားကို သပ်သပ်ရပ်ရပ် ကျကျနန ၀တ်ဆင်ထားတတ်တဲ့ သူ့ပုံက လူရည်မွန် လူရည်သန့် ပုံစံအပြည့်နဲ့မို့ ကျွန်တော်ကတောင် ပြန်ပြီး မနာလိုရလောက်အောင် မိန်းခလေးတိုင်း စိတ်ကူးယဉ်ချင်စရာ ဖြစ်လို့နေပါတယ်.. တွေ့ကာစနေ့က ကပ်သီးကပ်သပ် လူတစ်ယောက်လို့ ထင်ခံခဲ့ရဖူးတဲ့ ကာလ်းတစ်ယောက်ဟာ ခုကျတော့ ကျွန်တော်တို့ကပြန်ပြီး အားကျငေးမောနေရတဲ့ သူတစ်ယောက် ဖြစ်လို့နေပါပြီ။ ဒါပေမဲ့ စင်ပေါ်တက်ပြီး စကားပြောဖို့တော့ အနည်းငယ် တုန်လှုပ်နေဟန်ရှိတဲ့ သူ့မျက်နှာပေးကြောင့် ကျွန်တော်က သူ့ကြောကို ပုတ်လိုက်ပြီး “သူငယ်ချင်း.. အားတင်းထား.. မင်းဟာ သူများတကာထက် တော်တဲ့သူဆိုတာ မမေ့နဲ့.. အေးဆေး ဟုတ်ပြီလား။” လို့ ပြောပြီး အားပေးလိုက်တော့ ကျွန်တော့်ကို ပထမဆုံး စတွေ့စ နေ့က သူပြုံးပြခဲ့ဖူးတဲ့ ကျေးဇူးတင်အပြုံးလေးကို ပြန်ပြုံးပြလိုက်ပြီး “ကျေးဇူးဘဲ သူငယ်ချင်း” လို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။

သူစင်ပေါ်မှာ စကားပြောရမဲ့အလှည့် ရောက်တော့ တည်တည်ငြိမ်ငြိမ် ဖြစ်နေခဲ့ပါပြီ။ အေးဆေးစွာဘဲ စင်ပေါ်ကိုလျှောက်သွားခဲ့ပြီး မိုက်ကရိုဖုန်းအရှေ့မှာ ရပ်လိုက်ကာ လည်ချောင်းကို တစ်ချက်ရှင်းလိုက်ရင်း စကားစပြောပါတော့တယ်.. သူပြောတဲ့ စကားတွေက “ ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ အထက်တန်းအောင် မြင်ပြီးဆုံးတဲ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲနေ့ ဖြစ်ပါတယ်.. ဒီနေ့မှာ ကျောင်းတက်တဲ့ ကာလတစ်လျှောက်လုံး ကျွန်တော်တို့ကို ကူညီခဲ့ကြသူများကို ကျေးဇူးတင်စကား ဆိုရမဲ့နေ့လည်း ဖြစ်ပါတယ်.. ကျွန်တော်တို့ကို ယခုဒီအခြေအနေအထိ ရောက်အောင် ကူညီပေးခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ မိဘတွေ၊ ဆရာတွေ၊ မွေးချင်း ညီအစ်ကို မောင်နှမတွေ။ နည်းပြတွေ နောက်… အထူးသဖြင့် အတူတူ ကျောင်းတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေကို ကျးဇူးတင်စကား အထူးဆိုချင်ပါတယ်... ပြီးတော့လဲ ကျွန်တော်ဒီနေ့ ဒီနေရာကနေ သူငယ်ချင်းဆိုတာ တစ်စုံတစ်ယောက်အတွက် တန်ဖိုးမဖြစ်နိုင်သော လက်ဆောင်တစ်ခု ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ခုကိုလည်း ပြောပြချင်ပါသေးတယ်.. ”

အဲဒီလို စကားအစချီပြီး ကျွန်တော်ရဲ့ သူငယ်ချင်း ကာလ်းဟာ ဇာတ်လမ်းလေးတစ်ခုကို အစပျိုးတော့တာပါဘဲ.. သူပြောနေတဲ့ အကြောင်းအရာတွေကို မယုံနိုင်ခြင်းများစွာနဲ့ ကျွန်တော်ဟာ မျက်လုံး အပြူးသား၊ ပါးစပ်အဟောင်းသားနဲ့ နားထောင်နေမိပါတယ်.. ကာလ်းပြောပြနေတဲ့ အကြောင်းအရာဟာ သူနဲ့ ကျွန်တော် ပထမဦးဆုံး စတွေ့တဲ့ ရက်အကြောင်းကို ပြောပြနေတာ ဖြစ်ပါတယ်.. သူဟာ သူ့အမေနဲ့ အကြီးအကျယ် စကားများတာကြောင့် အဲဒီ အပတ်ကျောင်းပိတ်ရက်မှာ သူ့ကိုယ်သူ သတ်သေတော့မယ်လို့ ဆုံဖြတ်လိုက်ပြီး ကျောင်းက သူရဲ့ လော်ကာကို သန့်ရှင်းရေးလုပ်ပါတယ်.. တစ်ခြားသူတွေအတွက် သူ့ပစ္စည်းတွေက အနှောက်အယှက် မဖြစ်စေချင်တာကြောင့် အဲဒီထဲမှာ ထည့်ထားတဲ့ သူပိုင်ပစ္စည်းနဲ့ စာအုပ်တွေအားလုံးကို အိမ်အပြန်မှာ သယ်ယူလာခဲ့တယ်လို့ ဆိုပါတယ်.. ဒါကြောင့် သူနဲ့ ပထမဆုံး စတွေ့တဲ့နေ့က စာအုပ်တွေတနင့်တပိုးနဲ့ မနိုင်မနင်း ရှိနေခဲ့တဲ့ သူ့ပုံစံကို ကျွန်တော် ပြန်သတိရလိုက်မိပါတယ်။

ကာလ်းဟာ စင်ပေါ်ကနေ ကျွန်တော့်ကို ပြုံးပြလိုက်ပြီး စကားဆက်ပြောနေခဲ့ပါတယ်.. “တကယ့်ကို ကျေးဇူးတင်စရာပါဘဲ.. ကျွန်တော်ဟာ အလွန်တရာ ကံကောင်းလှစွာဘဲ သူငယ်ချင်းတစ်ယောက်ရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပါတယ်.. အဲဒီနေ့ ကျောင်းကအပြန် စာအုပ်တွေ မနိုင်မနင်းနဲ့ ကျွန်တော့်ကို အပြုံးလေးတစ်ခုနဲ့ ရောက်လာပြီး လာကူညီတဲ့ ကျွန်တော့်သူငယ်ချင်း ဖြစ်လာမဲ့သူဟာ ဟောဟိုမှာ ထိုင်နေတဲ့ ဒယ်နီရယ်ပါ..” သူက ကျွန်တော့ကို လက်ညိုးညွှန်လိုက်ပါတယ်.. ပြီးတော့ ဆက်ပြောတာက “ ကျွန်တော့်ကို ပြုံးပြလိုက်တဲ့ သူ့အပြုံးဟာ ကျွန်တော့်ရင်ထဲအထိ ရောက်သွားခဲ့ပြီးနောက် သူနဲ့တွေ့ပြီး သူငယ်ချင်းဖြစ်သွားတဲ့ ကျွန်တော်ဟာ ခင်မင်စရာကောင်းတဲ့ သူ့ကြောင့် ကိုယ့်ကိုယ်ကို သတ်သေမဲ့အစီအစဉ် ပျက်သွားခဲ့ရပါတယ်.. အဲဒီနောက်မှာတော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ကျောင်းသားဘ၀ကို သူနဲ့အတူတူ ဖြတ်သန်းကုန်ဆုံးလာရင်း ဒီနေ့မှာ ကျွန်တော်ဟာ အခု အခြေအနေကို ရောက်လာခဲ့ရတာ ဖြစ်ပါတယ်.. မမျှော်လင့်တဲ့ အဲဒီနေ့က သူ့ရဲ့ အပြုံးနဲ့အတူ အကူအညီလေးတစ်ခုဟာ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်.. ဒါကြောင့်လည်း သူငယ်ချင်းဆိုတာ တစ်စုံတစ်ယောက်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လေးတစ်ခုလည်း ဖြစ်နိုင်ကြောင်းပြောကြားရင်း ကျွန်တော့်သူငယ်ချင်း ဒယ်နီရယ်ကို ကျေးဇူးအထူး တင်ပါတယ်လို့ ပြောပါရစေခင်ဗျာ… ” လို့ စကားကို ဆုံးအောင်ပြောသွားခဲ့ပါတယ်။

ကားလ်ရဲ့ စကားအဆုံးမှာ ကားလ်ရဲ့ အဖေနဲ့အမေဟာ ထိုင်ရာက ထလာပြီး ကျွန်တော့်ကို ကျေးဇူးတင်စကား လာရောက်ပြောကြားပါတယ်. ကာလ်းအမေရဲ့ မျက်ဝန်းမှာတော့ မျက်ရည်စ တစ်ချို့နဲ့ပါ။ ကျောင်းသားတွေ အားလုံးကလည်း ကျွန်တော့်ကို ဂုဏ်ယူတဲ့အပြုံးတွေနဲ့ လှိုက်လှဲစွာပြုံးပြလို့ လက်ခုပ်သြဘာ ပေးနေခဲ့ကြပါတယ်.. အိုး လူတစ်ယောက်ရဲ့ ဘာမှ မပြောပလောက်တဲ့ အပြုအမူလေး တစ်ခုဟာလည်း တစ်ခြားသူတစ်ယောက်အတွက် အကြီးမားဆုံး ပြောင်းလဲမှုကို ပေးနိုင်တယ်ဆိုကာ ကျွန်တော် ကောင်းကောင်းကြီး သဘောပေါက်လိုက်ပါပြီ။ မရည်ရွယ်ပါဘဲနဲ့ ကျွန်တော်တို့တွေရဲ့ လုပ်ရပ်၊ အပြုအမူ အသေးအမွှားလေး တစ်ခုခုဟာ တစ်ခြားသူအတွက် ကောင်းကျိုးကိုဖြစ်စေ၊ ဆိုးကျိုးကိုဖြစ်စေ ကြီးကြီးမားမား ပြောင်းလဲစေနိုင်တယ် ဆိုလို့ရှိရင် သူတစ်ပါး ထိခိုက် နစ်နာစေနိုင်မယ်လို့ ထင်ရတဲ့ အပြုအမူ၊ အပြောအဆိုမျိုးကို ဘယ်လောက်သေးငယ်တဲ့ ကိစ္စဘဲဖြစ်ဖြစ် မပြောဖြစ်၊ မလုပ်ဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်းကြပြီး ကောင်းကျိုးဖြစ်နိုင်မဲ့ စကားတွေ၊ အပြုအမူတွေကိုသာ ပြောဆို ပြုမူသင့်ကြတယ် မဟုတ်ပါလား.. မမျှော်လင့်ဘဲ အကူအညီလိုအပ်နေတဲ့ သူတွေကို တွေ့တဲ့အခါမှာလည်း ဘယ်လောက်ပင်သေးငယ်တဲ့ အကူအညီဖြစ်ပါစေ ပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသင့်ပါတယ်နော်။ ကိုယ်ပေးလိုက်ရတာ ဘယ်လောက်မှမဟုတ်ပေမဲ့ တစ်ဘက်လူအတွက်တော့ တန်ဖိုးမဖြတ်နိုင်အောင် ပြောင်းလဲသွားတာမျိုးလဲ ဖြစ်နေနိုင်ပါသေးတယ်..

John Deru ရဲ့ One small gesture can change a person's life ကို ဆီလျှော်အောင် ဘာသာပြန်ရေးဖွဲ့ပါသည်။

www.missgreenlady.com

Oct 15, 2010

“After you”

ရှက်ရှက်နဲ့ ၀န်ခံပါရစေ။

ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကိုသွားမယ့်လေယာဉ်ကို ကျွန်တော် စောင့်နေ ခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကို ဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခု ရှိတယ်။ အဲဒီ့တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲ့ဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက်ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်း ဆက်ဖို့ စောင့်နေတဲ့သူ လေး ငါးယောက်လောက်ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကိုမပြီးနိုင်ဘူး။ မိနစ် ၂၀လောက်ကြာမှ နောက်တစ်ယောက်အလှည့် ရောက်တော့တယ်။ အဲ့ဒီ တစ်ယောက်ကလည်း ဖုန်းပြောလိုက်တာ အကြာကြီးပဲ။

ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲ့ဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြော နေတဲ့လူတွေကိုကြည့်ပြီး “အားနာမှုမရှိလိုက်ကြတာ”လို့ ခံစားရတယ်။

ဒီလိုနဲ့ မန္တလေးကိုသွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ”က ကြေညာပါတယ်။ မန္တလေးကို သွားမယ့်ခရီးသည်တွေ အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကို သွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲ့ဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီး ခရီးသည် တွေ သယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့လေယာဉ်ဆီကို ကျွန်တော် ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနားအပေါက်က ကျွန်တော် တို့တက်ရတယ်။ ဒီလိုပါပဲ… လေယာဉ်ပေါ်ကို တိုးဝှေ့ပြီးတက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ ကိုယ်ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ် ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။

ဖြစ်ချင်တော့ ကျွန်တော့်ဘေးကထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကိုဖတ်နေတယ်။ လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက်အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကိုတွန်းပြီး အစား အသောက် လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ရတယ်။ ဖော့ဘူးလေးနဲ့ အသားညှပ် ပေါင်မုန့်တစ်လုံးစီ လိုက်ပြီးဝေတယ်။

ကျွန်တော့်ရဲ့ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက်လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီးတစ်တန်း၊ တစ်ခုံပြီးတစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ်ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက် တယ်။ တကယ်တော့ အဲ့ဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှယူရမှာ။ ဒါပေမယ် ကျွန်တော်က အရင် လက်ကိုလှမ်းလိုက်တယ်။ အဲ့ဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။

“After you”...အဲ့ဒီစကားကိုကြားကြားချင်း ကျွန်တော် နားမလည်ပါဘူး။ အစာစားရင်း ကျွန်တော်စဉ်းစားမိတယ်။ “After you” တဲ့။

After ဆိုတာ… ပြီးနောက်။ you ဆိုတာ… သင်၊ မင်း၊ နင်၊ ရှင်။

ဒီတော့… “After you” ဆိုတာ “မင်းပြီးမှ”လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး”ပါတယ်။ “မင်းအရင်လုပ်”ပါ။ ဒီလို သဘောဆောင်တဲ့ အင်္ဂလိပ်ခေတ်ပေါ် စကားတစ်ခုပါ။

ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။ ကျွန်တော်ဟာ “After me” သမားပဲ။

ကျွန်တော်ဟာ မီးရထားလက်မှတ်တန်းစီရင်လည်း ငါရဖို့…။ ဘတ်(စ်)ကားစီးရင်လည်း ငါအရင်တက်ဖို့။ ငါ အရင်နေရာရဖို့။ ကားမောင်းရင်လည်း လမ်းဆုံမှာ ငါ အရင်ကူးဖို့။ ငါ အရင်ဖြတ်ဖို့။ လမ်းကူးရင်လည်း ငါ အရင် ဟိုဘက်ရောက်ဖို့…။ အလုပ်လျှောက်ရင်လည်း ငါ အလုပ်အရင်ရဖို့…။ ငါအဆင်ပြေဖို့…။

“After me”….

“After me”….

“After me”….

ငါပြီးမှ မင်း…။ ငါအရင်…။ ငါ့ကို ဦးစားပေး။

တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။

ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့စကားဟာ မှတ်သားလောက်ပါတယ်။

“After you” ဆိုတဲ့ စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစား ဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ… မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေ ကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့ တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်းသဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်းသဘောတွေ ပါဝင်နေတယ်။

အဖေက ၀င်ပြောတယ်။

“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ်မရောက်ခြင်းရဲ့ အမှတ်သင်္ကေတဟာ “After me” ပဲ။ “ အသက်တွေကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေကြီးလေလေ တပ်မက်မှုတွေများလေလေ” ဆိုရင် ဒါဟာ တော်တော်ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီးရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေနည်းလာပြီး “After you” သမားတွေများလာရင်တော့ အရမ်းပျော်စရာကောင်းမှာပဲနော်။

သူကလည်း ကိုယ့်အပေါ် “After you”။

ကိုယ်ကလည်း သူ့အပေါ် “After you”။

မိဘကလည်း သားသမီးအပေါ် “After you”

သားသမီးကလည်း မိဘအပေါ် “After you”

လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”

လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”

ဆရာကလည်း တပည့်အပေါ် “After you”

တပည့်ကလည်း ဆရာ့အပေါ် “After you”

အပြန်အလှန် “After you” ဆိုတဲ့….

ဝန်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။

ရွှေမန္တလေးဂျာနယ်

အမှတ်စဉ် (၂၇၁)၊ ၂၁.၇.၂၀၀၈

လင်းလွန်းခင် စာပေမှ စာမူခွင့်ပြုချက်အမှတ် ၄၀၀၉၅၄၀၈၀၉ ဖြင့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလထုတ် ဦးဘုန်း (ဓာတု – မန္တလေး)ရဲ့ တွင်း (အတွေးစာ စကား) (စာ ၇၉ – ၈၂) မှ ကူးယူဖော်ပြပါသည်။

10 principles for Peace of Mind..

1. Do Not Interfere In Others' Business Unless Asked.

Most of us create our own problems by interfering too oftenin others' affairs.
We do so because somehow we have convinced ourselves that our way is the best
way, our logic is the perfect logic and those who do not conform to our
thinking must be criticized and steered to the right direction, our direction.
This thinking denies the existence of individuality and consequently the
existence of God.. God has created each one of us in a unique way. No two human
beings can think or act in exactly the same way. All men or women act the way
they do because God within them prompts them that way. Mind your own business
and you will keep your peace.


2. Forgive And Forget:

This is the most powerful aid to peace of mind. We often develop ill feelings
inside our heart for the person who insults us or harms us. We nurture
grievances. This in turn results in loss of sleep, development of stomach
ulcers, and high blood pressure. This insult or injury was done once, but
nourishing of grievance goes on forever by constantly remembering it. Get over
this bad habit. Life is too short to waste in such trifles. Forgive,20Forget,
and march on. Love flourishes in giving and forgiving.

3. Do Not Crave For Recognition:

This world is full of selfish people. They seldom praise anybody without
selfish motives. They may praise you today because you are in power, but no
sooner than you are powerless, they will forget your achievement and will start
finding faults in you. Why do you wish to kill yourse lf in striving for their
recognition? Their recognition is not worth the aggravation. Do your duties
ethically and sincerely


4. Do Not Be Jealous:

We all have experienced how jealousy can disturb our peace of mind. You know that you work harder than your colleagues in the office, but sometimes they get promotions; you do not. You started a business several years ago, but you are not as successful as your neighbor whose business is only one year old. There are several examples like these in everyday life. Should you be jealous? No. Remember everybody's life is shaped by his/her destiny,which has now become his/her reality. If you are destined to be rich,nothing in the world can stop you. If you are not so destined, no one can help you either.
Nothing will be gained by blaming others for your misfortune. Jealousy will not
get you anywhere; it will only take away your peace of mind.


5. Change Yourself According To The Environment:

If you try to change the environment single-handedly, the chances are you will
fail. Instead, change yourself to suit your environment. As you do this, even the environment, which has been unfriendly to you, will mysteriously change and seem congenial and harmonious.

6. Endure What Cannot Be Cured:

This is the best way to turn a disadvantage into anadvantage. Every day we face numerous inconveniences,ailments, irritations, and accidents that are beyond ourcontrol. If we cannot control them or change them,we must learn to put up with these things. We must learn to endure them cheerfully. Believe in yourself and you will gain in terms of patience, inner strength and will power.


7. Do Not Bite Off More Than You Can Chew:

This maxim needs to be remembered constantly. We often tend to take more
responsibilities than we are capable of carrying out. This is done to satisfy
our ego. Know your limitations. . Why take on additional loads that may create
more worries? You cannot gain peace of mind by expanding your external
activities. Reduce your material engagements and spend time in prayer,
introspection and meditation. This will reduce those thoughts in your mind that
makeyou restless. Uncluttered mind will produce greater peace of mind.


8. Meditate Regularly:

Meditation calms the mind and gets rid of disturbing thoughts. This is the
highest state of peace of mind. Try and experience it yourself. If you meditate
earnestly for half an hour everyday, your mind willtend to become peaceful during the remaining twenty-three and half-hours. Your mind will not be easily disturbed as it was before. You would benefit by gradually increasing the period of daily meditation. You may think that this will interfere with your daily work. On the contrary, this will increase your efficiency and you will be able to produce better results in less time.


9. Never Leave The Mind Vacant:

An empty mind is the devil's workshop. All evil actions start in the vacant
mind. Keep your mind occupied in something positive, something worthwhile.
Actively follow a hobby. Do something that holds your interest. You must decide
what you value more: money or peace of mind.

Your hobby, like social work or religious work, may not always earn you more money, but you will have a sense of fulfillment and achievement. Even when you are resting physically, occupy yourself in healthy reading or mental chanting of God's name.

10. Do Not Procrastinate And Never Regret:

Do not waste time in protracted wondering " Should Ior shouldn't I?" Days, weeks, months, and years maybe wasted in that futile mental debating. You can never plan enough because you can never anticipate all future happenings. Value your time and do the things that need to be done. It does not matter if you fail the first time. You can learn from your mistakes and succeed the next time. Sitting back andworrying will lead to nothing. Learn from your mistakes, but do not brood over
the past. DO NOT REGRET. Whatever happened was destined to happen only that
way. Why cry over spilt milk?

Sep 29, 2010

The Top Ten Management Mistakes

#1 Mistake:

Failure to give adequate praise, thanks, recognition or appreciation to the team

Solution – You can build a team but you cannot buy one. Go to courses, plan surprises, have a bonus system, give constant thanks, praise – more than you think you ever need to know you cannot do it without them; take a pill and just do it!

Do It - it will pay you back 10 fold-happier team, less turnover/stress

#2 Mistake:

Failure to hire the “right” people

Solution – Create a place for a great person, have the team do interviewing and hiring,

be patient and wait - no desperate hiring allowed ,know personality traits and how to use them, use testing (IQ and/or personality), know how very expensive it is to hire wrong,

accept responsibility for doing wrong and fix it ASAP

#3 Mistake :

Keeping the “wrong” people on board too long

Solution – Decide early and move forward; do them a favor, terminate earlier rather than later, have a reality check, help them to leave and be happier free up their future,

know that energy suckers must go, learn from your mistakes, memorize this sentence:

“I don’t know how we are ever going to get along without you, but starting tomorrow, we are certainly going to try.”

#4 Mistake:

Failure to provide the team with goals, personal accountability, performance evaluations and feedback.

Solution – Do annual performance evaluations, train yourself first, and then train the team, have productive and regular effective staff meetings, involve the team in the practice goal setting process and hire someone to help you do this, reward great performance.

#5 Mistake:

Failure to delegate, think you can or should do it all

Solution – Hire the right people in the first place walk your talk, be specific with training and requests develop more trust, support them in front of others, reward great performance and praise them, train and then empower the team to do more

#6 Mistake:

Failure to establish an organized, effective Internal/External marketing plan

Solution – Have a marketing committee, meet regularly to discuss, plan and implement, go to meetings, and ask others so you learn more, hire others (consultants) to help you, develop the plan and then stick to it!, promote or perish!, turn your team loose.

#7 Mistake:

Failure to be the LEADER of the team

Solution - Pay attention to the practice goals, numbers and pulse, set a good example in all areas, read, go to courses, get a coach or mentor and ask others for feedback on how you are doing

#8 Mistake:

A poor or negative attitude/moodiness exhibited by the Manager

Solution - know that ego, arrogance get you nowhere, set a good example, admit your weaknesses to yourself and your team, ask your team for help, assistance, coaching, hire others to help you get better – you’ll be glad you did, read, take courses and be more grateful.

#9 Mistake:

Avoiding conflict or confronting of the team

Solution - Learn conflict resolution skills, talk openly about all things, be firm yet still be kind, do people a favor by being honest and real.

#10 Mistake:

Failure to hold regular, effective team meetings

Solution - Learn how to do it well, set the time and stick to it !, follow written agenda, stay on focus and on time, have complete notes taken and distributed, rotate the facilitator, don’t think you have to lead them yourself !

Sep 8, 2010

မကောင်းသော အားနာခြင်းမျိုးများ

(၁) စိတ်ထဲ၌ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုး

စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုးသည် မကောင်းသော အားနာခြင်းမျိုးဖြစ်သည်။ အောက်ပါ ဥပမာများကို ကြည့်ပါ။

(က) လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ၀ိုင်းထိုင်၍ နေ့လည်စာ စားချိန်တွင် မျက်နှာချင်းဆိုင် ထိုင်စားနေသူတဦး၏ မေးစေ့တွင် ထမင်းလုံးကပ်နေသည်။ သင်ကပြောရမှာကို အားနာနေသည်။ သင်ပြောလိုက်လျှင် ထိုသူ ရှက်သွားမှာကိုလည်း စိုးရိမ်နေသည်။ သို့သော် ထိုထမင်းစေ့ ကပ်နေခြင်းကို မြင်နေရသူတိုင်း၏စိတ်တွင် ကသိကအောက်နှင့် မသက်သာ။ ဤကိစ္စမျိုးတွင် အားနာနေ၍ မပြောခြင်းသည်မကောင်း။ ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းဖြင့်အားလုံးပြေလည်သွားနိုင်သည်။

(ခ) တစုံတယောက်က သင့်ထံမှ ပိုက်ဆံချေးငှားသည်။ တကယ်တော့ သင်က မချေးချင်။ သို့သော် ငြင်းရမှာ အားနာ၍ ချေးလိုက်သည်။ (ပြီးတော့ သင်က ငွေပြန်တောင်းရမှာကိုလည်း အားနာနေဦးမည် ဖြစ်သည်။) ထိုနေ့မှစ၍ ငွေပြန်မရမချင်း သင်မပျော်တော့။

ဤနေရာတွင်လည်း အားနာခြင်းသည် သင်၏ပကတိစိတ်အရင်းခံကို ကွယ်ဝှက်၍ မပြတ်မသား ဆုံးဖြတ်ခြင်း အားနာခြင်းမျိုး ဖြစ်သည်။

ဤနေရာတွင် စကားစပ်လျဉ်း၍ အတွေ့အကြုံတခုကို ပြန်လည်ဖောက်သည်ချချင်ပါသည်။

တနေ့တွင် မိတ်ဆွေတယောက်အား စင်ကာပူလေဆိပ်သို့ လိုက်ပို့ရာတွင် မြန်မာလူမျိုးတဦး၏ ငြီးတွားသံကို အောက်ပါအတိုင်း ကြားခဲ့ရပါသည်။

“စိတ်ညစ်တယ်ဗျာ။ သူ့အိမ်က လမ်းကြုံ ထည့်ပေးလိုက်လို့ တလမ်းလုံး လက်မောင်ပြုတ်မတတ် ဆွဲလာရတယ်”

ထိုစကားကို ကြားရသည့်အချိန်မှစ၍ အိမ်ပြန်ရောက်သည်အထိ ကျမ..မှာ တွေးမိတိုင်း အူယားလှသဖြင့် အသံထွက်၍ မရယ်မိအောင် အောင့်ထားရ၏။

လူကြုံပေးသူကလည်း အားမနာပ ထည့်ပေးပြီး၊ သယ်သူကလည်း အားအနာလွန်ကာ သယ်လာခဲ့ပြီးမှ ကွယ်ရာတွင် စကားတင်းဆို ငြီးတွားနေခြင်း ဖြစ်သည်။

(၂) ကိုယ်ရသင့်ရထိုက်သည်ကို တောင်းဆိုရမှာ အားနာခြင်းမျိုး

ဤသည်မှာ မြန်မာအများစုတွင် ဖြစ်တတ်သော အားနာမှုမျိုး ဖြစ်သည်။ အကြွေးပြန်တောင်းရမည်ကို တွန့်ဆုတ်နေကြသည်။ မိမိ၏ အားလပ်ရက်ခွင့်ကို ယူရန်တွန့်ဆုတ်နေကြသည်။
ကျူတန်းစီရာ၌ မိမိရှေ့တွင် ကြားဖြတ်၍ တန်းစီသူကိုမလုပ်ရန်ပြောဖို့ ၀န်လေးကြသည်။မိမိနှင့် ချိန်းဆိုထားသောအချိန်တွင် တိကျစွာ ရောက်မလာသူအား ထောက်ပြသတိပေးရန် တွန့်ဆုတ် အားနာနေတတ်ကြသည်။

ဤအားနားခြင်းသည် လောဘနည်းခြင်းကြောင့်လည်းမဟုတ်၊ခန္တီပါရမီနှင့်ပြည့်ဝနေခြင်းကြောင့်လည်းမဟုတ်။ မြန်မာ့ယဉ်ကျေးမှုဟုကား လုံးလုံးမျှပင်မဆိုသင့်။
ဤအားနာခြင်းမျိုးသည် လူပုဂ္ဂိုလ်တဦးချင်း၏ ကိုယ်ရည်ကိုယ်သွေးနှင့်သာ ဆိုင်ပေသည်။ တခြားအကြောင်းကြောင့် မဟုတ်ဘဲမိမိရသင့်ရထိုက်သည်ကို မသိလောက်အောင် ထူံ၍ အ၍ န၍သာ ဖြစ်နိုင်ပေသည်။
မိမိတွင် ထိုသို့သော အားနာမှုမျိုးရှိက သတိထား၍ ချေဖျက်သင့်သည်ဟု ထင်ပါသည်။

(၃) မိမိတာဝန်နှင့် အားနာခြင်းကို မခွဲခြားတတ်ခြင်း

လူတို့သည် အဖွဲ့အစည်း၊ အသိုင်းအ၀ိုင်းနှင့် နေထိုင်၍ အလုပ်လုပ်ကိုင်သောအခါ မိမိ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်တို့ကို ဘေးချိတ်၍ မိမိ၏ တာဝန်ကို ကျေပွန်အပ်၏။ သင်၏ အလုပ်ကို ထမ်းဆောင်ရာတွင်အားနာခြင်းကို ဘေးချိတ်ထားရမည်။ သင်သည် ရဲအမှုထမ်းဖြစ်ပါက သင်၏ ဆွေမျိုး၊ မိတ်ဆွေ ရာဇ၀တ်မှု ကျူးလွန်သည်ကို တွေ့လျှင် သင် အားနာ၍မရ၊ ဖမ်းရမည်။

သင်သည် ကျောင်းဆရာဖြစ်က သင့်သူငယ်ချင်း၏သား စာမေးပွဲမဖြေဆိုနိုင်သည်ကို အားနာသည်ဆိုကာ အအောင်ပေး၍ မဖြစ်။ သင်သည် တရားသူကြီးဖြစ်က သင့်မိတ်ဆွေကိုအားနာ၍ အပြစ်လျှော့ပေါ့ခြင်း
လွှတ်ပေးခြင်း မပြုရ။ တာဝန်နှင့် အားနာခြင်းကို အထက်ပါအတိုင်း ခွဲခြားသင့်သည်ဟု ယူဆမိပါသည်။

ယခုအခါ……့ မြန်မာပြည်တွင် နည်းမမှန်သော အားနာမှုများက နေရာအနှံ့ ကြီးစိုးနေရာ ရံဖန်ရံခါ အမှားနှင့် အမှန်ကိုပင် ဝေဖန်ပိုင်းခြားမှု မရှိနိုင်လောက်အောင်အထိ ဖြစ်နေသည်ကိုပင် ကြုံကြရပေသည်။
သင်သည် ဘတ်စ်ကားစပယ်ယာက နည်းမကျ လမ်းမကျ ဟိန်းဟောက်သည်ကိုမျက်နှာအောက်ချ၍ ခံနေပေမည်။ သင်သည် ဈေးတွင် အသားသည်က အလေးခိုးသည်ကို
သိသိနှင့် ပြန်မပြောဝံ့ဘဲ ငုံ့ခံနေမည်။သင်သည် ကျောင်းဆရာဖြစ်ကတိုင်းပညာရေးမှူး၏ သမီးမင်္ဂလာဆောင်အတွက် လက်ဖွဲ့ရန်ဆိုကာ သင့်လစာမှဖြတ်တောက်လိုက်ခြင်းကို ပြန်မပြောဘဲ ငြိမ်ခံနေမည်။
သင်သည် သာသနာရေးအတွက်အကြောင်းပြကာ ဘယ်ကမှန်းမသိ၊ ဖြတ်ပိုင်းနှင့် လာရောက် အလှူခံလျှင် စိတ်မပါဘဲနှင့်လည်း အားနာ၍ ထည့်လိုက်ပေမည်…
…………………….စသည့် စသည့် နည်းမမှန်သော
အားနာမှု့ ကြောင့်……….. မြန်မာ့လူ့အဖွဲ့အစည်းတွင် အကျည်းတန် အရုပ်ဆိုးသော အဖြစ်အပျက်များနှင့် ကြုံတွေ့နေရခြင်း ဆိုလျှင်ပင် လွန်မည်မထင်။

ဤသို့လျှင် မိမိရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းရကောင်းမှန်းမသိ၊ စူးစမ်းရကောင်းမှန်းမသိ၊ မေးမြန်းရကောင်းမှန်းမသိ၊ နည်းမမှန်သော အားနာမှုနှင့် ကြောက်ရွံ့မှုတို့၏ ပိန်းပိတ်မှုအောက်တွင်
နှစ်ကာလရှည်မြင့်စွာ နေထိုင်လာကြရသောအခါ အင်မတန် ဆိုးညစ်သော လူတစုက ဤပျော့ကွက်များကို အသုံးချ၍ မိမိတို့၏ အခွင့်အရေးများကို ထိပါးလာသောအခါ မိမိတို့မှာ တွန်းလှန်နိုင်သော သတ္တိမရှိတော့သော အခြေအနေသို့ ဆိုက်ရောက်သွားတတ်ချေသည်။

ထို့ကြောင့် မြန်မာတို့အနေနှင့် တမျိုးသားလုံးအကျိုးစီးပွားကိုမျှော်တွေးကာ နည်းမှန် လမ်းမှန် အားနာသင့်ကြောင်းတိုက်တွန်းရေးသားလိုက်ပါသည် ။

လက်ထက်လက်စွပ်ကို ဘာလို့လက်သူကြွယ်မှာဝတ်ရတာလဲ။

ကဲ … အားလုံး… လက်နှစ်ဖက်ကို ဘုရားရှိခိုးတဲ့ပုံစံကိုပြုလုပ်လိုက်ပါ(လက်အုပ်ချီတဲ့ပုံစံကို ဆိုလိုတာပါ)… လက်ခလယ်ကိုခေါက်လိုက်ပြီး လက်ခလည်ကိုကြောချင်းထိအောင် ခေါက်ကွေးထားဖို့လိုမယ်နော်…
ကျန်တဲ့လက်ချောင်းများက လက်ထိပ်ချင်းထိနေပါစေ။

ဒီကစားနည်းကို မကစားခင်မှာ လက်ငါးချောင်းက ဘာကိုရည်ညွှန်းတယ်ဆိုတာကို ပြောပြပါမယ်။

1. လက်မထိပ်ကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ… လက်မကိုခွါလို့ ရပါတယ်… လက်မဆိုတာ မိဘကိုဆိုလိုတာပါ… လူတိုင်းမှာ အိုနာသေရမယ်ဆိုတာရှိတယ်…
ဒါကြောင့် ခွါလို့ရတာပါ။

2. နောက်လက်မကိုပြန်ထိလိုက်ပြီး လက်ညှိုးကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ…လက်ညှိုးကတော့ ညီအကိုမောင်နှမ ကိုဆိုလိုတာပါ… သူတို့တွေလည်း သူ့အိမ်ထောင်နဲ့ သူဖြစ်သွားရင် သင့်ကို ခွဲသွားမှာပဲ။

3. နောက်ပြီး လက်ခလယ်ကတော့ ကိုယ်ကိုတိုင်ပဲဖြစ်တယ်… ( ဒါကြောင့်ဘာမှလုပ်စရာမလိုပါဘူး )

4. နောက်လက်ညှိုးနဲ့လက်မတွေကိုပြန်ထိထားပြီး…လက်သန်းလေးကို ထပ်ခွါကြည့်ပါ… ဒါကတော့ သားသမီးတွေပါ… သူတို့လည်း ခွဲခွါကြမှာပါ။

5. ဒါဖြင့် နောက်ဆုံးလက်သူကြွယ်ကို ခွါကြည့်ပါ… ခွါလို့ရလား… ခွါလို့မရဘူးမဟုတ်လား… ဒါဟာ တစ်သက်တာထာဝရလက်တွဲဖော်ပဲဖြစ်တယ်… ဒါကြောင့် လက်ထပ်လက်စွပ်ကို လက်သကြွယ်မှာဝတ်ရခြင်းဖြစ်တယ်။

ဆေးပညာအရ အကြောတွေကအရမ်းကပ်နေလို့ ဆိုပြီး သူငယ်ချင်းတွေ ပြောကြတယ်။
ဒါပေမဲ့ ဒီလို လက်ထက်လက်စွပ်ကို လက်သူကြွယ်မှာ စွပ်ရတယ်ဆိုတာကိုကော ဆေးပညာကသတ်မှတ်ထားတာလား။ ဒါမှမဟုတ်တိုက်ဆိုင်လို့များလား။ ဘာပဲဖြစ်ဖြစ်ပါ….. အချစ်စစ်ဆိုတာ ခွဲလို့မရပါဘူး။

ဟာသတိုလေးပါ.

လင်ယောက်ျား အရောင်းဆိုင်တစ်ဆိုင် နယူးယောက်မြို့ပေါ်မှာ ဖွင့်လှစ်လိုက်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အဲဒီ ဆိုင်ထဲမှာ ကိုယ့်စိတ်ကြိုက် ယောက်ျားမျိုးကို ရွေးပြီး ဝယ်နိုင်ပါတယ်။
စတိုးဆိုင်ရဲ့ အလုပ်လုပ်ပုံကို အဝင်ဝတွေမှာ လမ်းညွှန် ဆိုင်းဘုတ်တွေနဲ့ ရေးပေးထားတယ်။ အဆောက်အဦရဲ့ အဝင်ဝမှာတော့ ရေးထားတာက “သင် တစ်ကြိမ်သာ
လာရောက်ခွင့် ရှိသည်” တဲ့။

စတိုးဆိုင်က အထပ် ခြောက်ထပ် ရှိပါတယ်။ အထပ်မြင့်သွားလေလေ အရောင်းကုန် ယောက်ျားလေးတွေရဲ့ အရည်အသွေးက မြင့်လေလေပေါ့။ ဆုံးဖြတ်ချက် ချပြီးပြီ ဆိုရင်တော့ အထပ် တစ်ထပ်က ယောက်ျား တစ်ယောက်ကို ရွေးချယ် ဝယ်ယူနိုင်သလို မကြိုက်သေးရင်တော့ နောက်တစ်ထပ် တက်ပြီး လေ့လာနိုင်တာပေါ့။ ဒါပေမယ့် အထပ်တစ်ထပ် တက်ပြီး သွားတာနဲ့ အောက်ထပ်က ရောင်းကုန် ယောက်ျားလေးကို
ရွေးပိုင်ခွင့် မရှိတော့ဘူး။ စတိုးဆိုင်ထဲက ပြန်ထွက်မယ် ဆိုမှပဲ အောက်ဆင်းပိုင်ခွင့် ရှိတော့တယ်။ ဒါတွေက ဒီ စတိုးဆိုင်ရဲ့ စည်းမျဉ်း စည်းကမ်းတွေပေါ့။

အမျိုးသမီး တစ်ယောက် ဆိုင်ထဲကို ဝင်လာတယ်။ သူ့အတွက် လိုက်ဖက်ညီမယ့် ခင်ပွန်းလောင်း၊ လင်ယောက်ျား တစ်ယောက် ဝယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။

ပထမထပ်ရဲ့ အဝင်တံခါးမှာ ချိပ်ထားတဲ့ ဆိုင်းဘုတ်ကို ဖတ်ကြည့်လိုက်တယ်။

(၁) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသော အမျိုးသားများ

ဒုတိယထပ်ရဲ့ ဆိုင်းဘုတ်က

(၂) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်သော အမျိုးသားများ

တတိယထပ်ရဲ့ ဆိုင်းဘုတ်က

(၃) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ရုပ်ရည် အထူးသန့်ပြန်သော အမျိုးသားများ

“ဝိုးးးးးး” ဆိုတဲ့ အာမေဋိတ်သံ ထွက်လာပေမယ့် နောက်တစ်ထပ်ကို ဆက်တက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

အမျိုးသမီးဟာ စတုတ္ထထပ်ကို တက်သွားပြီး စတုတ္ထထပ်ရဲ့ ဆိုင်းဘုတ်ကို ဖတ်လိုက်တယ်။

(၄) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ ဝိုင်းကူလုပ်ပေးတတ်သော အမျိုးသားများ

“ဟိုက် ရှားပါး၊ ကြွေစမ်း။ ငါ ခြေထောက်တွေ မခိုင်တော့ပါလား” လို့ ရေရွတ်နေမိတယ်။

နောက်တစ်ထပ်ကို ဆက်တက်ဖို့ပဲ အားသန်နေတယ်။ ဒီထက် ကောင်းတာတွေ အပေါ်ထပ်မှာ ရှိနိုင်တယ်လေ။ ပဉ္စမထပ်ရဲ့ ဆိုင်းဘုတ်က

(၅) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ ဝိုင်းကူလုပ်ပေးတတ်သလို အင်မတန် ချစ်တတ်၊ ကြင်နာတတ်သော အမျိုးသားများ

ဒီထက်ကောင်းတယ်ဆိုတာတောင် ဒီလောက်ကောင်းတော့မယ် မထင်။ သူရဲ့ အာရုံတွေက ဒီအလွှာမှာပဲ တစ်ဝဲဝဲ လည်နေတော့တယ်။ ဒါပေမယ့် သူရဲ့ ခြေလှမ်းတွေက နောက်တစ်ထပ် တက်ဖို့ လှေကားဘက်ကိုပဲ ဆက်ပြီး ချီတက်နေတော့တယ်။ ဆဋ္ဌမထပ်က ရွေးချယ်မှုက ပိုကောင်းနိုင်သေးတာပေါ့။

ဆဋ္ဌမထပ်ရဲ့ ဆိုင်းဘုတ်က

(၆) လွှာ >> သင်ဟာ ဒီအထပ်ကို ရောက်လာတဲ့ (၄၅၈,၇၅၇) ယောက်မြောက် ဧည့်သည်ပါ။ ဒီအလွှာမှာ ဘာ အမျိုးသားမှ မရှိပါဘူး။ မရောင့်ရဲနိုင်တဲ့ အမျိုးသမီးတွေအတွက် အထီးကျန်မှုတွေပဲ ရှိပါတယ်။ လင်ယောက်ျား စတိုးဆိုင်ကိုဈေးဝယ်လာတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်။ ဆိုင်ကနေ ထွက်တော့မယ်ဆိုရင် ပစ္စည်းများ မေ့မကျန်ရစ်အောင် အထူးသတိပြုပေးပါ။ အစစအရာရာ အဆင်ပြေပါစေလို့
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်

Sep 7, 2010

အပျိုကြီး လူပျိုကြီးတို့၏ စရိုက် လက္ခဏာများ

စရိုက်လက္ခဏာများ

၁။ ဘာသာရေး ကိုင်းရှိုင်းတတ်သည်။
၂။ ဇီဇာကြောင်တတ်သည်။
၃။ တိရိစ္ဆာန်ကလေးများကို ချစ်တတ်သည်။
၎။ တူ၊တူမကလေးများကို အချစ်ကြီးတတ်ကြသည်။
၅။ တူ၊တူမကလေးများကို သူတို့လိုနေရန် တိုက်တွန်းတတ်ကြသည်။
၆။ ဆုံးဖြတ်ချက်တစ်ခုခုကျဘို့ အကြာကြီးစောင့်ရတတ်သည်။
ရ။ အမြဲလိုလို ဟိုဟာကောင်းနိုး၊ဒီဟာကောင်း
နိုးရွေးရခက်နေတတ်သည်။
ဂ။ အဖေ၊အမေ ကို သူများထက် ပိုချစ်တတ်သည်။
၉။ ကိုယ့်ကိုကိုယ် လည်း သူများထက်ပိုချစ်တတ်သည်။
၁၀။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုသိဟန် ပြတတ်သည်။
၁၁။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုမိုစိတ်ဝင်စားတတ်သည်။
၁၂။ မိုးလေ၀သလို ခန့်မှန်းရခက်တတ်သည်။
၁၃။ လိုရင်းမရောက်ဘဲ ဝေ့လည်ကြောင်ပတ် ပြောတတ်သည်။
၁၄။ အတိတ်၊နမိတ် ၊တဘောင် တို့ကို ယုံကြည်တတ်သူများဖြစ်သည်။
၁၅။ မရွာသောမိုးကို မျှော်ကိုးတတ်သည်။
၁၆။ နှမြောတွန့်တိုသော်လည်း အလှူဒါန အပေးအကမ်း ရက်ရောတတ်သည်။
၁၇။ စိတ်ထားကောင်းသော်လည်း တဗျစ်တောက်တောက် ပြောတတ်သည်။
၁၈။ လူစိမ်းများကိုအားမကိုးဟန်ပြသော်လည်း ရင်းနှီးသူများကိုအားကိုးလွန်တတ်ကြသည်။
၁၉။ သီချင်း၊၀တ္တု၊ရုပ်ရှင် (အနုပညာ)များကို နင့်နင့်နဲနဲ ခံစားတတ်ကြသည်။
၂၀။ တစ်ခုခုကိုကြိုက်မိလျှင်ဖြစ်စေ၊မကြိုက်လျှင်ဖြစ်စေ ပြောမပြီးတတ်ကြချေ။
၂၁။ အရှက်၊အကြောက် သာမန်ထက်ပိုကြီးတတ်သည်။
၂၂။ ဒိုင်ယာရီလိုစာအုပ်မျိုးကို ရေးဖို့ထက်သိမ်းထားဖို့
စိတ်ဝင်စားသူများဖြစ်တတ်ကြသည်။
၂၃။ အသက် မေးလျှင် (စိတ်တွင်းက) စိတ်ဆိုးနေတတ်ကြသည်။
၂၅။ ဗေဒင်၊လက္ခဏာ၊နတ် တို့ကို သူများထက် စိတ်ဝင်စားတတ်ကြသည်။
၂၆။ အတိတ်အကြောင်းကို လွမ်းမောနေလေ့ရှိသော်လည်း ထုတ်ဖော်ပြလေ့မရှိကြ။
၂ရ။ အစိုးရိမ်ကြီးတတ်၊ပူပင်သောကကြီးတတ်ကြသည်။
၂ဂ။ အပျိုကြီး၊လူပျိုကြီး ဟုအပြောခံရမှာကြောက်တတ်ကြသည်။
၂၉။ သို့ရာတွင် အိမ်ထောင်ရှင်ဟုအထင်ခံရမည်ကို ပိုပြီးကြောက်တတ်ကြသည်။
၃၀။ အိမ်ထောင်ပြုချင်နေသောသူ ဟု အထင်ခံရမည်ကိုကား အကြောက်ဆုံးဖြစ်သည်။
၃၁။ သရဲ ၊တစ္ဆေ ထက် လူ ကို ပိုကြောက်တတ်ကြသည်။
၃၂။ ဆွေမျိုးသားချင်းများကို အိမ်ထောင်ချပေးရန်မှာ သူတို့တာဝန်ဟု ထင်တတ်ကြသည်။
၃၃။ အိပ် လျှင် ကျယ်ကျယ်ပြန့်ပြန့်၊လွတ်လွတ်လပ်လပ် အိပ်ချင်ကြသည်။
၃၄။ စည်းစနစ်ကြီးသူများ ဖြစ်တတ်ကြသည်။
၃၅။ အိမ်ထောင်ထိန်းသိမ်းမှုတာဝန်ကို ချစ်မြတ်နိုးသူများဖြစ်တတ်ကြသည်။
၃၆။ ဖြစ်ကတတ်စမ်း နေလေ့ရှိသူများ မဟုတ်တတ်ကြပါ။
၃ရ။ ဓါတ်ပုံ(အလှပုံ)ရိုက်ရန် ၀န်လေးနေတတ်သူများဖြစ်သည်။
၃၈။ သူတို့အချစ်ကို အဝေးမှcelebrities များအပေါ် ပုံအောထားဟန်ပြုတတ်ကြသည်။
၃၉။ မိမိအားနည်းချက်ဟုတွေးထင်ထားသောအရာများ များပြားနေတတ်သည်။
၄၀။ မိမိအားနည်းချက်ဟုထင်သောအရာများကို ဖုံးဖိရန်ကြိုးစားတတ်ကြသည်။
၄၁။ မိတ်ဆွေအိမ်ထောင်ရှင်များကို အိမ်ထောင်ဝန်ပိနေသူများဟုထင်တတ်ကြသည်။
၄၂။ အစား ကောင်းကောင်းလုပ်စားတတ်ကြသည်။
၄၃။ မိမိစိတ်ခံစားချက်များကို ဖုံးကွယ် ၊ဖိနှိပ်ထားတတ်သူများဖြစ်ကြသည်။
၄၄။ အများအားဖြင့် ဟန်ဆောင်ကောင်းတတ်သည်။
၄၅။ တိတ်တိတ်ကလေးကြေကွဲနေတတ်သူများဖြစ်တတ်သည်။
၄၆။ မင်္ဂလာဆောင်များကို သွားရန်ဝန်လေးတတ်ကြသည်။
၎ရ။ ပြေးကြည့်ဘို့ထက် တွေးကြည့်ဘို့ ပိုအားသန်တတ်ကြသည်။
၎ဂ။ အလုပ်တွင်စိတ်ကိုနှစ်၍ ကြိုးစားတတ်သူများဖြစ်သည်။
၄၉။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအားကြီးတတ်သည်။
၅၀။ ဘ၀တူ လူပျိုကြီး၊အပျိုကြီး စာရင်းကို ပြုစုထားရှိကာ အားတင်းထား တတ်ကြသည်။
၅၁။ ဘ၀ရည်မှန်းချက်ကြီးသူ များဖြစ်တတ်သည်။
၅၂။ ပညာရေးလိုဘကြီးတတ်ကြသည်။
၅၃။ မရေရာသော အကြောင်းပြချက်များ ဆွဲကိုင်ထားတတ်ကြသည်။
၅၄။ ထောက်ထားညှာတာစရာ များစွာ ရှိတတ်ကြသည်။
၅၅။ တစုံတခုတွင် နှစ်မြုတ်ရင်း မေ့ပင်အောက် ရောက်နေတတ်သည်။
၅၆။ ရွေးရင်းရွေးရင်းနှင့် နောက်ထပ်ရွေးစရာကိုထပ်မျှော်နေတတ်ကြသည်။
၅ရ။ မိသားစုအားလုံး၏တာဝန် ကိုယ့်တာဝန်ဟု မှတ်ယူတတ်ကြသည်။
၅၈။ ကိုယ်တိုင်သာမက အားလုံးကအကြိုက်ညီတာမျိုးကို ရှာဖွေတတ်သည်။
၅၉။ တစ်ယောက်ယောက်၏ မပေးရသေးသောမှတ်ချက်ကိုပင် ကြို၍ကြောက်တတ်သည်။
၆၀။ အပြစ်ရှာမြန်တတ်သည်။
၆၁။ တစ်နှင့်တစ်ပေါင်းလျှင် နှစ်ထက်ပိုကြီးနိုင်သည် ဟု လက်မခံလိုကြ။
၆၂။ ခံစားချက်မရှိသူ ဟုအပြောခံရမှာကြောက်တတ်ကြသည်။
၆၃။ ခံစားချက်ရှိသူ ဟုပြောလျှင်လည်း မကြိုက်တတ်ကြ။
၆၄။ ဘယ်တော့စားရမလဲ ဟုမေးလျှင် (စိတ်ထဲက) ကြေနပ် နေတတ်ကြသည်။
၆၅။ ပစ္စည်းများကို တစ်ယောက်ကိုင်အဖြစ်ပဲ သုံးချင်တတ်ကြသည်။
၆၆။ သိပ်ကြိုက်သည့်ပစ္စည်းဆိုရင် ပုံစံတူနှစ်ခုလောက်ဝယ်တတ်ကြသည်။
၆၇။ မည်သည့်အရာကိုမျှ ကိုယ် ကို တိုင်လောက် စိတ်မချချင်တတ်ကြပေ။
၆ဂ။ လူစိမ်းတွေကြားမှာ ခပ်တည်တည်ကြီးနေတတ်ကြသည်။
၆၉။ မိတ်ဆက်ပေးလျှင် ဟက်ဟက်ပက်ပက် မရှိတတ်ကြ။

၇၀။ ပထမဦးဆုံးတွေ့တာဖြစ်လျှင် ဆံပင်အစ၊ခြေသည်းအဆုံး ချက်စ်တတ်ကြသည်။
၇၁။ စားသောက်ဆိုင် တစ်ဆိုင်ရောက်လျှင် ပထမဦးဆုံးရေအိမ်ဝင်တတ်ကြသည်။
၇၂။ လူရှင်းရာနေရာ ရှာ၍ ပုဆိုး၊ထမီ ကိုဖြန့်ပြီး သေသပ်အောင်ပြင်တတ်ကြသည်။
၇၃။ နှုတ်ခမ်းနီ(သို့) ခေါင်းဘီး နေရာတကာ ယူတတ်ကြသည်။
၇၄။ အကျည်းတန်မဟုတ်သော်လည်း မှန်ကြိုက်တတ်ကြသည်။
၇၅။ မည်မျှမှန်ကြည့်ပြီးသည်ဖြစ်စေ အဆင်ပြေရဲ့လား ထပ်မေးတတ်သည်။
၇၆။ နောက်ကျောမလုံတတ်ကြချေ။
၇၇။ ထီ ကို လူမသိအောင် ထိုးတတ်ကြသည်။
၇၈။ ပိုက်ဆံ ကို လူမသိအောင် စုတတ်ကြသည်။
၇၉။ သီချင်းကို လူမကြားအောင် ဆိုတတ်ကြသည်။
၈၀။ သနပ်ခါး(မိတ်ကပ်)၊ပေါင်ဒါ(ခေါင်းလိမ်းဆီ) မရှိမဖြစ်ဆောင်တတ်သည်။
၈၁။ အချော့ကြိုက်တတ်ကြသည်။
၈၂။ စိတ်ကောက်မြန်တတ်ကြသည်။
၈၃။ စိတ်ပြေဘို့ အချိန်တော်တော်ကြာအောင် ယူတတ်ကြသည်။
၈၄။ အားလျှင် ခြေသည်း၊လက်သည်း သ နေတတ်ကြသည်။
၈၅။ စ တာ၊ နောက် တာ ကို အတည်ဟု မှတ်ယူတတ်ကြသည်။
၈၆။ ချစ်သူစုံတွဲယုယုယယနေတာကို မြင်ပြင်းကတ်တတ်ကြသည်။
ဂရ။ လိုတာမရ၍ မဟုတ်ပဲရတာမလို၍ဟူသောလက်သုံးစကားကိုတွင်တွင်သုံးတတ်သည်။
၈၈။ လူပျိုကြီး၊အပျိုကြီးဖြစ်ကြောင်း မကြေညာသော်လည်း သိနေစေချင်ကြသည်။

ကွာရှင်းဟိုတယ်

သူနဲ့သူမ မင်္ဂလာဆောင်တာ (၁၀)နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ လင်မယားနှစ်ယောက်ကြားမှာ ဘာစိတ်လှုပ်ရှားမှုမှ မရှိတော့သလို စိတ်ဝင်စားမှုလည်း မရှိတော့ဘူး။ အချိန်ကြာလေ သူမကို တာဝန်နဲ့ဝတ္တရားအရ သူဆက်ဆံနေရတယ်လို့ သူထင်လာလေဖြစ်တယ်။ သူမအပေါ် သူငြီးငွေ့လာခဲ့တယ်။ အထူးသဖြင့် သူ့အလုပ်မှာ အသစ်ဝင်လာတဲ့ သွက်သွက်လက်လက် ကောင်မလေးတစ်ယောက်ကြောင့် ဖြစ်တယ်။ ကောင်မလေးက သူ့ကို ရှုးသွပ်စေခဲ့တယ်။ ဒါဟာ သူ့ရဲ့ဒုတိယအရွယ် စိတ်လှုပ်ရှားခြင်းလို့ သူထင်ခဲ့တယ်။

အကြိမ်ကြိမ် တွေးတောဆုံးဖြတ်ပြီးနောက် သူမနဲ့ကွာရှင်းဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုခံစားချက်မျိုးက သူမအတွက် ထုံကျင်နေပါပြီ။ တည်တည်ငြိမ်ငြိမ်နဲ့ သူ့ရဲ့တောင်းဆိုချက်ကို သူမခေါင်းညိတ်ခဲ့တယ်။ နှစ်ဦးသား တရားရုံးသွားပြီး ကွာရှင်းခဲ့ကြတယ်။ ကွာရှင်းစာချုပ်ပေါ်မှာ လက်မှတ်ထိုးပြီး ရုံးကနေ သူတို့ထွက်လာကြတယ်။ နှစ်ယောက်စလုံး သူတစ်လမ်း ကိုယ်တစ်လမ်း လွတ်လပ်သူတွေဖြစ်သွားကြပြီ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲမှာ ဟာတာတာခံစားနေရတယ်။ သူမကို သူတစ်ချက်ကြည့်ပြီး….

“မိုးတောင်ချုပ်နေပြီ။ ငါတို့ညစာအတူသွားစားရအောင်”

“ကောင်းပြီလေ… “ကွာရှင်းဟိုတယ် (Divorce hotel)” ဆိုတဲ့ စားသောက်ဆိုင်အသစ် ဖွင့်ထားတယ်လို့ ကြားတယ်။ အဲဒီ”ကွာရှင်းဟိုတယ်”က ကွာရှင်းပြတ်စဲပြီးစ ဇနီးမောင်နှံတွေ နောက်ဆုံးတစ်နပ်အတွက် သီးသန့်ဖွင့်ထားတဲ့ ဟိုတယ်ပါတဲ့။ အဲဒီမှာ သွားစားရအောင်” သူ့ကိုတစ်ချက်ကြည့်ပြီး သူမပြောတယ်။

သူခေါင်းညိတ်ပြီး နှစ်ဦးသားနှုတ်ဆိတ်လို့ ဟိုတယ်ထဲ ရှေ့ဆင့်နောက်ဆင့် ၀င်သွားကြတယ်။

“ကောင်းသော ညနေခင်းပါ”

အခန်းထဲထိုင်လိုက်တာနဲ့ ဟိုတယ်ဝန်ထမ်းက ရောက်လာတယ်။

“ဘာများ သုံးဆောင်ကြမလဲရှင်?”

“မင်း မှာကွာ” သူမကို ကြည့်ပြီး သူပြောလိုက်တယ်။

“ကျွန်မ အပြင်သိပ်မထွက်တော့ ဒါတွေကို မသိဘူး။ ရှင်ပဲ မှာပါ” သူမခေါင်းခါပြီး ပြောတယ်။

“ဆောရီး….. ကျွန်မတို့ ကွာရှင်းဟိုတယ်မှာ စည်းကမ်းတစ်ခုရှိတယ်။ ဒီညစာကို မိန်းမဖြစ်သူက ယောက်ျားကြိုက်တတ်တာတွေ မှာပေးရသလို ယောက်ျားဖြစ်သူကလည်း မိန်းမကြိုက်တတ်တာတွေကို မှာပေးရပါတယ်။ ဒါကို “နောက်ဆုံးအမှတ်တရ” လို့ ခေါ်ပါတယ်”

“ကောင်းပြီလေ” ဆံပင်ကို သူမသပ်တင်ပြီး ဟင်းတွေမှာလိုက်တယ်။

“ငါးပေါင်းတစ်ပွဲ၊ မှိုကြော်တစ်ပွဲ၊ မှိုနားရွက်သုပ်တစ်ပွဲ.. ဒီဟင်းတွေအားလုံး ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြု မထည့်နဲ့နော်။ ကျွန်မအမျိုးသား….အော်.. ဒီအမျိုးသားက အဲတာတွေမစားဘူး”

“လူကြီးမင်းကရော ဘာမှမလဲ?” ၀န်ထမ်းက သူ့ကိုကြည့်ပြီး မေးတယ်။

တခဏလောက် သူငေးကြောင်သွားမိတယ်။ လက်ထပ်ပြီး (၁၀)နှစ်မှာ ကိုယ့်မိန်းမဘာကြိုက်တတ်မှန်း သူမသိခဲ့ဘူး။ ပါးစပ်ကြီးဟပြီး သူဘာပြောရမှန်း မသိဖြစ်နေခဲ့တယ်။

“ဒါတွေပဲ လုပ်ပါ။ အဲဒီဟင်းက ကျွန်မတို့နှစ်ယောက်စလုံးကြိုက်တဲ့ ဟင်းပါ” သူ့အဖြစ်ကို သူမက အလျင်အမြန် ၀င်ကယ်တယ်။

ဝန်ထမ်းကောင်မလေးက ရယ်ပြီး “တကယ်တမ်းပြောရရင် ကျွန်မတို့ ကွာရှင်းဟိုတယ်ကို နောက်ဆုံးအကြိမ် ညစာလာစားကြတဲ့ ဇနီးမောင်နှံတွေက ဘာမှ စားချင်စိတ်ရှိကြတော့တာ မဟုတ်ဘူး။ ဒါကြောင့် ဒီ”နောက်ဆုံးအမှတ်တရ” ကို မစားကြတော့ဘဲ ကျွန်မတို့ဟိုတယ်က ကွာရှင်းသူတွေအတွက် အထူးစီမံထားတဲ့အအေးကိုပဲ သောက်ကြရအောင်၊ ကျွန်မတို့ဟိုတယ်ကို ရောက်လာသူတိုင်းက ဒါကို မငြင်းဘဲ မှာကြတယ်”

“အင်း.. ဒါဆိုလည်း အအေးပဲ မှာကြတာပေါ့” သူတို့နှစ်ဦးစလုံး ခေါင်းညိတ်ပြီး ပြောတယ်။

သိပ်မကြာဘူး။ ၀န်ထမ်းကောင်မလေးက အအေးနှစ်ခွက်လာပို့တယ်။ တစ်ခွက်က ရေခဲပါတဲ့ အပြာနုရောင်အရည်ဖြစ်ပြီး တစ်ခွက်က အငွေ့ထောင်းထောင်းထနေတဲ့ အနီရောင်အရည်ဖြစ်တယ်။

“ဒီအအေးတွေကို “မီးတောက်တစ်ဝက်၊ ပင်လယ်ရေတစ်ဝက်” လို့ခေါ်တယ်။ သုံးဆောင်နိုင်ပါပြီ”

ဝန်ထမ်းကောင်မလေးက ပြောပြောဆိုဆို နေရာကခွာတယ်။ အခန်းတစ်ခုလုံး တိတ်ဆိတ်နေတယ်။ နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေကြတယ်။

“တောက်… တောက်.. တောက်”

တံခါးခေါက်သံနဲ့အတူ ၀န်ထမ်းကောင်မလေး ၀င်လာပြန်တယ်။

“လူကြီးမင်း… သူ့ကို ပထမဆုံးအကြိမ် ပန်းစည်းလက်ဆောင်ပေးတဲ့အဖြစ်ကို မှတ်မိသေးလား? အခု အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ။ လင်မယား မဟုတ်တော့လည်း သူငယ်ချင်းမိတ်ဆွေအဖြစ် အသိအမှတ်ပြုလို့ရတယ်။ သူ့ကို နှင်းဆီတစ်ပွင့် လက်ဆောင်ပေးလိုက်ပါဦး”

သူမတစ်ကိုယ်လုံး တုန်လှုပ်သွားမိတယ်။ လွန်ခဲ့တဲ့(၁၀)နှစ်က သူပန်းစည်းပေးတဲ့ ပုံရိပ်တွေကို သူမမြင်ယောင်လာမိတယ်။ အဲဒီတုန်းက ဆွေမရှိ၊ မျိုးမရှိတဲ့ သူစိမ်းမြို့မှာ သူတို့ဘာမှမရှိခဲ့ဘူး။ အရာအားလုံး သုညကစခဲ့ကြတယ်။ နေ့လယ်နေ့ခင်းမှာ နေရာအနှံ့ သူတို့အလုပ်လိုက်ရှာကြတယ်။ ရုန်းကန်ကြတယ်။ ညအခါ ညဈေးမှာ သူမဈေးရောင်းထွက်သလို သူက စားသောက်ဆိုင်မှာ ပန်းကန်ဆေးတယ်။ ညနက်သန်းခေါင်ရောက်မှ ငှားနေတဲ့ ၁၀ပေပတ်လည် အခန်းကျဉ်းထဲ သူတို့ပြန်ခဲ့ကြတယ်။ နေ့ရက်တွေကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ဖြတ်ကျော်ခဲ့ရလည်း သူတို့ပျော်ရွှင်ခဲ့ကြတယ်။

အဲဒီမြို့ကိုရောက်တဲ့ ပထမဆုံးအကြိမ် ချစ်သူများနေ့မှာ သူမအတွက် သူ ပထမဆုံးအကြိမ် နှင်းဆီအနီရဲရဲတစ်ပွင့် လက်ဆောင်ပေးတယ်။ သူမ မျက်ရည်ကျအောင် ပျော်ရွှင်ခဲ့မိတယ်။

(၁၀)နှစ်တိုင်ခဲ့ပါပြီ။ သူတို့ဘ၀ အရာအားလုံး ပြည့်စုံလာချိန် လမ်းခွတစ်နေရာမှာ သူတို့ရောက်နေခဲ့တယ်။ အတိတ်ကအကြောင်းတွေ တွေးရင်း သူမ မျက်ရည်ကျမိတယ်။

“မလိုတော့ပါဘူး…” လက်ကာပြပြီး သူမပြောတယ်။

လွန်ခဲ့တဲ့(၁၀)နှစ်အဖြစ်ကို သူလည်း မြင်ယောင်နေမိတယ်။ သူမအတွက် နှင်းဆီပန်းမပေးမိတာ ၅နှစ်၊ ၆နှစ်ရှိခဲ့မှန်း အခုမှ သူသတိရတယ်။

“လိုတယ်.. ပန်းယူမယ်” လက်ပြပြီး သူပြောတယ်။

ဝန်ထမ်းကောင်မလေးက နှင်းဆီတစ်ပွင့်ကိုယူပြီး နှစ်ပိုင်းခွဲလိုက်တယ်။ ပြီးနောက် ပွင့်ဖတ်တွေကို သူတို့ရဲ့အအေးခွက်ထဲ ပစ်ထည့်လိုက်တယ်။ ပွင့်ဖတ်တွေက အအေးထဲပျော်ဝင်ကုန်တယ်။

“ဒီနှင်းဆီပွင့်က ကျွန်မတို့ ဟိုတယ်က ကောက်ညှင်းနဲ့ အထူးပြုလုပ်ထားတဲ့ နှင်းဆီတွေပါ။ ဒါဟာလည်း လူကြီးမင်းတို့အတွက် တတိယမြောက် စားစရာတစ်ခုပါပဲ။ ဒါကို “ရောင်ပြန်အလှ” လို့ခေါ်တယ်။ လူကြီးမင်းတို့ ဖြေးဖြေးသုံးဆောင်ကြပါ။ လိုအပ်ရင် ကျွန်မကိုခေါ်လိုက်ပါ”

ဝန်ထမ်းကောင်မလေးက ပြောပြောဆိုဆို လှည့်ထွက်သွားတယ်။

“xx…ဟို…. မောင် ……”

သူ့အသံတွေ လည်ချောင်းဝမှာ ပျောက်နေတယ်။ သူမလက်ကို သူဖမ်းဆုပ်လိုက်တယ်။ သူမလက် လှုပ်သွားတယ်။ ဒါပေမယ့် မရုန်းမိဘူး။ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ကြည့်နေကြတယ်။ ဘာမှ မပြောဖြစ်ကြဘူး။

“ဖပ်”

ရုတ်တရက် မီးမှိတ်သွားတယ်။ အခန်းတစ်ခုလုံး မှောင်အတိကျသွားတယ်။ အပြင်က အရေးပေါ်ခေါင်းလောင်းသံ မြည်လာပြီး အခန်းထဲ မီးခိုတွေ လှိမ့်ဝင်လာတယ်။

“ဘာဖြစ်တာလဲ?”

နှစ်ယောက်လုံး အမြန်ထရပ်လိုက်ကြတယ်။

“ဟိုတယ် မီးလောင်နေတယ်ဗျို့။ အားလုံး လုံခြုံရေးလမ်းညွှန်ဘက် အမြန်သွားကြပါ”

အပြင်က အသံကုန်အော်ဟစ်သံကို ကြားလိုက်တယ်။

“မောင်…. ကျွန်မကြောက်တယ်!” သူ့ရင်ခွင်ထဲ သူမတိုးဝင်လိုက်တယ်။

“မကြောက်နဲ့… မောင်ရှိတယ်။ လာ… အပြင်ကို ထိုးထွက်ရအောင်” သူမကို တင်းတင်းပွေ့ပြီး သူပြောတယ်။

အပြင်ကိုရောက်တော့ အပြင်ကမီးရောင်နဲ့လင်းနေတာကို တွေ့လိုက်တယ်။ ဘာမှမဖြစ်ပျက်ခဲ့သလို အရာတိုင်းက သူ့နေရာနဲ့သူရှိနေတယ်။ အဲဒီအချိန်မှာ ၀န်ထမ်းကောင်မလေးရောက်လာပြီး…

“ဆောရီး… လူကြီးမင်းတို့ကို ထိတ်လန့်စေခဲ့ပြီ။ ဟိုတယ်ကြီး မီးမလောင်ပါဘူး။ အခန်းထဲ မီးခိုးတွေကို တမင်လွတ်ခဲ့တာပါ။ ဒါဟာ ကျွန်မတို့ရဲ့ စတုတ္ထမြောက်ဟင်းပါပဲ။ ဒါကို “ရင်ထဲက ရွေးချယ်ခြင်း” လို့ ခေါ်တယ်။ အခန်းထဲ ပြန်ဝင်နိုင်ပါပြီ”

အခန်းထဲ သူတို့ပြန်ဝင်လာခဲ့ကြတယ်။ အခန်းထဲမှာ ပကတိအတိုင်း မီးရောင်နဲ့လင်းနေတယ်။ သူမကို သူဆွဲပွေ့ပြီး…

“ဟန်နီ… ၀န်ထမ်းကောင်မလေး ပြောတာမှန်တယ်။ အခုနားက ဟန်နီနဲ့မောင်ရဲ့ တကယ့်ရင်ထဲက ရွေးချယ်တာတွေဖြစ်တယ်။ တကယ်တော့ မောင်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မခွဲနိုင်ကြဘူး။ မနက်ဖြန် မောင်တို့မင်္ဂလာပြန်ဆောင်ကြရအောင်ကွာ”

“မောင် ဆန္ဒရှိလို့လား?” နုတ်ခမ်းကိုက်ပြီး သူမမေးတယ်။

“ဆန္ဒရှိတာပေါ့။ အခု ဘာမဆို မောင်နားလည်သဘောပေါက်လာပြီ ဟန်နီ။ မောင်တို့ မနက်ဖြန် အစောကြီး မင်္ဂလာဆောင်ရအောင်ကွာ။ ရှင်းမယ်ဟေ့….” ပြောပြောဆိုဆို ၀န်ထမ်းကောင်မလေးကို သူလှမ်းအော်လိုက်တယ်။

ဝန်ထမ်းကောင်မလေးဝင်လာပြီး အနီရောင်ငွေတောင်းခံလွှာကို ကမ်းပေးတယ်။

“လူကြီးမင်းတို့နှစ်ယောက်အတွက် ဒါဟာ ဒီဟိုတယ်ရဲ့နောက်ဆုံးလက်ဆောင်ပါ။ ဒါကို “ထာဝရတောင်းခံလွှာ” လို့ခေါ်တယ်။ နှစ်ယောက်လုံး ထာဝရသိမ်းထားပေးပါ”

စာရွက်ကို သူကြည့်လိုက်တယ်။ သူ့မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျံလာတယ်။

“ဘာဖြစ်တာလဲ?” သူမ စိုးရိမ်တကြီးမေးတယ်။

“ဟန်နီ… မောင်မှားပါတယ်။ မောင်တောင်းပန်ပါတယ် ဟန်နီ” စာရွက်ကို ကမ်းပေးရင်း သူပြောတယ်။

စာရွက်ကို သူမကြည့်လိုက်တယ်။ စာရွက်ပေါ်မှာ ရေးထားတာက…….

နွေးထွေးတဲ့ မိသားစုတစ်စု
ကြိုးစားရုန်းကန်ခဲ့တဲ့ လက်တစ်စုံ
သင့်ပြန်အလာကို ညနက်သန်းခေါင်အထိစောင့်နေတဲ့ မငြိမ်းတဲ့မီးတစ်ပွင့်
ကျန်းမာရေးဂရုစိုက်ပါလို့ ၁၂ ရာသီလုံးမှာတဲ့စကား
အနှိုင်းမဲ့တဲ့ ဂရုစိုက်မှု
ယောက္ခမအတွက် အပြုအစု
ကလေးအတွက် မနက်မိုးချုပ်စောင့်ရှောက်မှု
သင်ကြိုက်တဲ့အစားအစာအတွက် အချက်အပြုတ်
သင့်အတွက် ဆုံးရှုံးလိုက်ရတဲ့ နုပျိုခြင်းတွေ….
ဒါဟာ သင့်ဇနီးမယားပဲဖြစ်တယ်။

“မောင်…. မောင်လည်း ပင်ပန်းပါတယ်။ ဒီနှစ်တွေမှာ မောင်ကို ကျွန်မ လျစ်လျူရှူမိခဲ့တယ်”

လက်ထဲကစာရွက်ကို သူမကမ်းပေးပြီး ပြောတယ်။ စာရွက်ကို သူကြည့်လိုက်တယ်။ စာရွက်ပေါ်မှာ ရေးထားတာက….

ယောက်ျားတစ်ယောက်ရဲ့တာဝန်
ကြီးလေးတဲ့တာဝန်ကို ပုခုံးနှစ်ဘက်နဲ့ ထမ်းထားတယ်
ညနက်သန်းခေါင်မှ ပင်ပင်ပန်းပန်းပြန်လာတယ်
စားဝတ်နေရေးအတွက် နေရာအနှံ့ပြေးလွှားရတယ်
ပြောမထွက်ခဲ့တဲ့ စိတ်ဆင်းရဲခြင်းတွေ
မျက်နှာပေါ်က ရင့်ရော်ခြင်းတွေ
ယောင်းမ၊ ယောက္ခမတွေအတွက် တာဝန်တွေ
ကျရှုံးခြင်း၊ ဆုံးရှုံးခြင်းနဲ့ ရုန်းကန်မှုတွေ
မိသားစုအတွက်၊ သားသမီးအတွက် မေတ္တာတွေ….
ဒါဟာ သင့်ခင်ပွန်းပဲဖြစ်တယ်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး သူတို့ငိုမိကြတယ်။ ငွေရှင်းပြီး ဟိုတယ်မန်နေဂျာကို သူတို့ကျေးဇူးတင် စကားပြောကြတယ်။ အဲဒီနောက် တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး ဟိုတယ်က သူတို့ထွက်ခဲ့ကြတယ်။ ပျော်ရွှင်သွားကြတဲ့ သူတို့နောက်ကျောပုံရိပ်ကိုကြည့်ပြီး ဟိုတယ်မန်နေဂျာ ခေါင်းတဆတ်ဆတ်ညိတ်နေတယ်။

“သိပ်ပျော်စရာကောင်းတာပဲ။ ကျွန်တော်တို့ ကွာရှင်းဟိုတယ်က မိသားစုတစ်စုကို ကယ်တင်လိုက်ပြန်ပြီ”

မူရင်း–google search or http://blog.jxwmw.cn/u/3747/archives/2009/17838.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်

Sep 5, 2010

ကွန်ပျူတာနှင့် အိုင်တီကို ကိုယ်တိုင် လေ့လာရာတွင် အသုံးဝင်မည့် နည်းလမ်းများ

ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ Programmer, Software Developer, Network Engineer, Designer စတဲ့သူတွေ မဟုတ်ခဲ့ရင်တောင် ကွန်ပျူတာနဲ့ မကင်းနိုင်ပါဘူး။ ဒီနေရာမှာ ကျွန်တော့်ကို ကွန်ပျူတာနဲ့ အိုင်တီကို Self Study လုပ်ဖြစ်သွားစေတဲ့ အတွေးလေးတစ်ခုကို ဝေမျှချင်ပါတယ်။

“ ပိုက်ဆံရှိရင် ကွန်ပျူတာ ၀ယ်လို့ရတယ်။ တနည်းအားဖြင့် ပိုက်ဆံရှိရင် ကွန်ပျူတာဆိုတာ ရှိနိုင်တယ်။ ဒါပေမဲ့ ပိုက်ဆံရှိတိုင်း ကွန်ပျူတာ သင်ပေးနိုင်တဲ့သူ မတွေ့နိုင်ဘူး။ မရှိနိုင်ဘူး။ ကွန်ပျူတာ ရှိတိုင်းလည်း ကွန်ပျူတာ သင်ပေးနိုင်တဲ့သူ မတွေ့နိုင်ဘူး။ မရှိနိုင်ဘူး။ ကွန်ပျူတာ ရှိတဲ့နေရာတိုင်းမှာ သင်ပေးနိုင်တဲ့သူ မရှိနိုင်ဘူး။ ကိုယ်လုပ်နိုင်သလောက် လေ့လာရင် လေ့လာသလောက် ကိုယ်ပြန်ရမယ်…”

ဒါဟာ ကျွန်တော့်ရဲ့ ပုဂ္ဂလိက ခံယူချက်ဖြစ်ပြီး အခွင့်သာတိုင်းလည်း အခြားသူများကို ပြောပြခဲ့ပါတယ်။

ကျွန်တော့်ရဲ့ ကွန်ပျူတာကို ထိတွေ့၊ သုံးစွဲ၊ လေ့လာနေဆဲ အတွေ့အကြုံများ၊ လေ့လာနည်းများကို အခြေခံပြီး “ကွန်ပျူတာကို ဘယ်လိုလေ့လာရမလဲ” (How to Learn or Self Study about Computer and IT?) မေးခွန်းကို အခုလို ကိုယ့်ဘာသာကိုယ် ပြန်ဖြေ ကြည့်ပါတယ်။ အောက်မှာ ဖော်ပြထားတာလေးတွေက အတိုချုံးလေးတွေ ဖြစ်ပြီးတော့ အသေးစိပ်ကို နောင်မှာ ဆက်လက် ဝေမျှ သွားမှာပါ။


Self-Studying – ကိုယ်တိုင် လေ့လာခြင်း

ကွန်ပျူတာကို အခြေအနေပေးရင် ပေးသလို၊ အဆင်ပြေရင် ပြေသလို၊ အရူးအမူး လေ့လာပါ။ကွန်ပျူတာ အကြောင်းကို အမြဲတမ်း စိတ်ဝင်စားပါ။ (ချစ်သူရည်းစားကို စိတ်ဝင်စားသလောက် ကွန်ပျူတာကို စိတ်ဝင်စားပါ။ သို့သော် ချစ်သူရည်းစားကို ထည်လဲပြောင်းသလိုတော့ ကွန်ပျူတာကို ထည်လဲ မပြောင်းပါနှင့်။ – အစပိုင်းတွင် Windows, Mac, Linux စသည့် OS တစ်ခုခုကို ရင်းနှီးအောင် သုံးတတ်စေရန် ဆိုလိုပါသည်။)ကွန်ပျူတာ ကိုင်ရသည် ဖြစ်စေ၊ မကိုင်ရသည် ဖြစ်စေ ကွန်ပျူတာနှင့် ပတ်သက်သည်များကို လေ့လာနေပါ။ (အလွန်အရေးကြီးပါသည်။) ကိုယ့်ဘာသာကိုယ် လေ့လာရတာ မလွယ်ပါ။ သို့သော် အလေ့အကျင့်ရသွားလျင်တော့ မခက်တော့ပါ။

IT Social Networking – အိုင်တီ အပေါင်းအသင်း မိတ်ဆွေများ

ကွန်ပျူတာကို မိမိကဲ့သို့ အရူးအမူး စိတ်ဝင်စားသူများနှင့် မိတ်ဆွေဖွဲ့ပါ။ထိုမိတ်ဆွေများနှင့်အတူ မိမိ သိထားသည်များကို ဖောက်သည်ချ ဝေမျှပေးပြီး၊ မသိသေးသည်များကို မေးမြန်းပါ။တစ်ပြိုင်တည်းမှာပင် မိမိအတွက် အသုံးဝင်သည့် နည်းလမ်းများ (Tips and Tricks)၊ လေ့ကျင့်ရေး သင်ခန်းစာများ (Tutorials) နှင့် အသုံးချဆော့ဖ်ဝဲများ (Application Software) ကို မှတ်သားခြင်း၊ စုဆောင်းထားခြင်းများ ပြုလုပ်ပါ။

Having Good Moral – စေတနာကောင်းထားပါ

အခြားသူများကိုလည်း ဖလှယ်ပါ။ ဝေမျှပါ။ (ကိုယ်ရသလို ကိုယ်သိသလို သူများကိုလည်း သိစေချင်၊ ရစေချင်သည့် စေတနာကောင်းသည် လူတိုင်းတွင် မရှိသည့်၊ လူတိုင်း ထားရှိ မွေးမြူသင့်သည့် စိတ်ဓါတ်ကောင်းတစ်ခု ဖြစ်ပြီး၊ ကိုယ်တိုင် လေ့လာသင်ယူမှု (Self study) အတွက် နှင့် ပတ်ဝန်းကျင်အတွက် အလွန်ပင် အထောက်အကူပြုလေသည်။)

Learning by Internet – အင်တာနက်မှ လေ့လာခြင်း

အင်တာနက် သုံးခွင့်ရသည့် နေရာတွင် အင်တာနက်ကို ရအောင်သုံးပါ။ အင်တာနက်သုံးရသည့် အချိန်တွင် မည်သည့် အကြောင်းအရာများကို လေ့လာမည် ရှာဖွေမည်ကို – အင်တာနက် သုံးခွင့် မရသေးသည့် အချိန်များတွင် ကြိုတင် ပြင်ဆင် မှတ်သားထားပါ။ သို့မှသာ အင်တာနက် တကယ် သုံးခွင့်ရသည့် အချိန်တွင် ထိရောက်စွာ၊ အကျိုးရှိရှိ သုံးနိုင်မည်။

Using Search Engines – ရှာဖွေရေး ၀က်ဘ်ဆိုက်များကို သုံးခြင်း

Search Engine များကို သုံးတတ်အောင် လေ့လာပါ။ အင်တာနက်ထဲတွင် လှိုင်းစီးနိုင်ရန် (Internet Surfing)၊ အချိန်တိုအတွင်း လိုရာခရီးအမြန်ရောက်နိုင်ရန်အတွက် Search Engine များသည် တစ်ဦးချင်းစီ၏ အသုံးချနိုင်စွမ်းအပေါ် မူတည်ပြီး (လိပ်တစ်ကောင် ဖြစ်နိုင်သလို) ဒုံးပျံတစ်စင်းကဲ့သို့လည်း လိုရာခရီးသို့ လျင်မြန်စွာရောက်ရှိစေရန် ကူညီပေးနိုင်သည်။

Using Search Keywords Effectively – သော့ချက်စကားလုံးများကို ထိရောက်စွာ သုံးခြင်း Search Keywords များကလည်း အင်တာနက်ထဲမှ လိုရာ သတင်းအချက်အလက်များကို အမြန်ဆုံးရရှိစေရန် များစွာ အထောက်အပံ့ ဖြစ်စေသည်။ သော့ချက်စကားလုံးများကို မှန်ကန်စွာ သုံးတတ်မှ အင်တာနက်တွင် ရှာဖွေမှု မြန်ဆန်မည် ဖြစ်သည်။

Participating at Internet Forums

အင်တာနက် စကားဝိုင်းများ (Internet Forums) မှတဆင့် အခြားသူများ ကြုံနေရသည့် အခက်အခဲများ ပြဿနာများကို ကြိုတင်လေ့လာ သိရှိထားနိုင်သည်။ မိမိတို့၏ ပြဿနာများကို အများသို့ ဝေမျှ အသိပေး အကူအညီတောင်းနိုင်သည်။ ထို့ထက် အဆင့်မြင့်လာပါက ကိုယ်တိုင် ဦးဆောင်ပါဝင် ဆွေးနွေးလာနိုင်မည်။

Wikipedia – အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း

အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း (Wikipedia) ကို အင်တာနက်သုံးသူတိုင်း လက်မလွှတ်သင့်ပါ။ တခါတရံ မသိသေးသည့် အကြောင်းအရာသစ် တစ်ခုကို စတင်လေ့လာရတော့မည့် အခါတွင် ဘယ်ကစလေ့လာရမှန်း မသိ၊ ဘယ်လို ၀က်ဘ်ဆိုက်တွေမှာ သွားကြည့်ရမည်ကို မသိသေးလျင် ၀ီကီပီဒီယ မှာ အရင်သွားကြည့်ပြီးမှ ဆက်လုပ်လို့ အဆင်ပြေသည်များ ကြုံဖူးပါသည်။

Reading by RSS – RSS ဖြင့် စာဖတ်ပါ

သွားချင်သည့်၊ စိတ်ဝင်စားသည့် ၀က်ဘ်ဆိုက်ပေါင်း 30 ရှိပြီး အင်တာနက်သုံးခွင့်ရသည့် အချိန်နှင့်ငွေကြေးအင်အားက တစ်နေ့လျင် တစ်နာရီစာသာ အခွင့်အရေးရသည်ဆိုပါစို့။ ထိုအခြေအနေအတွက် ထိုဝက်ဘ်ဆိုက်ပေါင်း 30 သို့ တစ်ခုချင်းစီ သွားဖတ်နေမည့်အစား ၄င်းဆိုက်များမှ ပေးထားသည့် RSS Feed များကို နှစ်သက်ရာ RSS Reader (Google Reader, Great News Portable RSS Reader, etc) ဖြင့် ဖတ်ရှုခြင်းက အချိန်နှင့်ငွေကြေးကို အထိရောက်ဆုံးကို အသုံးချရာရောက်သည့် အပြင် စိတ်ရောလူရော လွယ်ကူ သက်သာစေသည်။

Learning at Training Schools – သင်တန်းများ တက်ခြင်း

သင်တန်းတက်နိုင်လျင်၊ သင်တန်း တက်ခွင့်ကြုံလျင် သင်တန်းတက်ပါ။ တခါတရံတွင် ကိုယ်တိုင်အကြာကြီး လေ့လာမှ သိရမည့် အရာများကို သင်တန်းများတွင် မိနစ်ပိုင်းလောက်မျှနှင့် သိရှိနားလည်သွားနိုင်သည်။ KMD မှာ Basic Networking တစ်ခု တက်ဖူးပါတယ်… အဲဒါကလည်း အမှန်အတိုင်းပြောရရင်တော့ Cabling ကို သိချင်လို့ပါ။ RJ-45 ခေါင်းနဲ့ Cat-5 ကြိုးတွေ ချိတ်ဆက်တာကို စာဖတ်ကြည့်ရုံနဲ့ မရ လက်တွေ့လည်း
သိမှ ဖြစ်တော့မှာမို့ သွားတက်ဖြစ်တာ။ သင်တန်းတိုင်း မကောင်းနိုင်ပေမဲ့ တက်ဖြစ်တဲ့ သင်တန်းမှန်သမျှမှာ ရသမျှ အရင်းအမြစ်တွေ ကို ထိရောက်အောင် သုံးနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါမှ သင်တန်း တက်ရကျိုး အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းရကျိုးတွေ နပ်မှာပါ။ သင်တန်းမှ သင်ရိုးများ၊ လေ့ကျင့်ခန်းများ၊ နည်းပြ ဆရာ/ဆရာမများ၊ အတူတက်နေသူများဟာ အကောင်းဆုံး အရင်းအမြစ်တွေပါပဲ။

Using OSF (Open Source Free) Softwares

အခမဲ့ရသည့် အပွင့်ဆော့ဖ်ဝဲများကို သုံးပါနိုင်ငံတကာတွင် သွားရောက် အလုပ်လုပ်ရန်၊ သို့မဟုတ် နိုင်ငံခြားသားများနှင့် ယှဉ်တွဲ အလုပ်လုပ်ရန်၊ သို့မဟုတ် လိပ်ပြာသန့်စွာ ၊ ဘေးရန်ကင်းစွာ နေထိုင်နိုင်ရန်အတွက် အလကား ရသည့်ဆော့ဖ်ဝဲမှန်သမျှကို သုံးခြင်းထက်၊ အလကားရသည့် အပွင့်ဆော့ဖ်ဝဲများ (ကျွန်တော်က Open Source Free (OSF) Software များဟု ကိုယ့်ဘာသာ အမည်ပေးထားသည်။) ကို ထိထိရောက်ရောက်

အသုံးချနိုင်စေရန် ကြိုးစားပါ။

ကိုယ်တိုင်လေ့လာရတယ်ဆိုတာ ခရီးကြမ်းတစ်ခုပါ။ မလွယ်ပါဘူး။ လူတိုင်းလည်း ရေရှည် မလျောက်နိုင်ပါဘူး။ ဒါပေမဲ့ လူတိုင်း၊ အထူးသဖြင့် ဘ၀မှာ ပညာကို ချစ်ခင် မြတ်နိုးသူတိုင်း တစ်ခုခုကို ကိုယ်တိုင်လေ့လာကြည့်ဖို့ ကြိုးစားသင့်ကြပါတယ်…။ ရလာတဲ့ မြင်ရတဲ့ အကျိုးဆက်တွေ၊ မမြင်ရတဲ့အကျိုးဆက်တွေကိုတော့ ဘာသာရပ်တစ်ခုခုကို ကိုယ်တိုင်လေ့လာ သင်ယူလေ့ကျင့်ဖူးသူတိုင်း ခံစားနားလည် သိရှိနိုင်မှာပါ…

စာဖတ်နေတဲ့ ချစ်မိတ်ဆွေရော ဘ၀မှာ ဘယ်လို Self Study လုပ်ခဲ့ဖူးလဲ …အများအတွက် ဝေမျှ ဆွေးနွေးသွားစေချင်ပါတယ် ….

PostSubject: အိုင်စီတီ အခွင့်အလမ်းများ Mon Jul 19, 2010 3:10 am
ယနေ့ခေတ် ကျွန်တော်တို့လူငယ်တွေကြားမှာ ကွန်ပျူတာ၊ အိုင်တီ၊ အင်တာနက် ဆိုတဲ့ဝေါဟာရတွေက ပလူပျံအောင်ကြား နေရပါတယ်။ များပြားလှတဲ့ ကွန်ပျူတာသင်တန်း ပေါင်းစုံ လက်မှတ်ပေါင်းစုံ နောက်မှလူငယ်တွေခမျာ ငွေထုပ်ပိုက်ပြီး တကောက်ကောက်လိုက်တက် နေကြရပေမယ့် တကယ်တမ်း သင်တန်းတွေပြီး လက်မှတ်တွေရကြတဲ့အခါ ဘာလုပ်ရမှန်းမသိ ယောင်ချာချာ ဖြစ်နေတတ်ကြပါတယ်။ တစ်ချို့ကတော့ နိုင်ငံခြားထွက် အလုပ်လုပ်ဖြစ်ကြပေမယ့် ICT ဆိုတာပြည်တွင်းမှာ အသုံးချလို့မရတဲ့ ပညာရပ်တစ်ခု လိုဖြစ်နေပါတယ်။

တစ်ကယ်တော့ ကျွန်တော်တို့ လူငယ်တွေ အတွက် ICT နည်းပညာ ကိုအသုံးချပြီး ပြည်တွင်းမှာ တစ်ပိုင်းတစ်နိုင်လုပ်ကိုင်နိုင်တဲ့ SME (Small and MediumSized Enterprise) လုပ်ငန်းလေးတွေ များစွာရှိပါတယ်။ တစ်ချို့လူငယ်တွေက အသက်အရွယ်ငယ်သေးလို့ စီးပွား ရေးလုပ်လို့ဖြစ်ပါ့မလားလို့ စိုးရိမ်ကြတာရှိပါတယ်။ ဒါနဲ့ ပါတ်သတ်လို့ ကမ္ဘာကျော်ဘီလျံနာသူဌေးကြီး ဒေါ်နယ်လ် ထရန့် (Donald Trump) ပြောဖူးတာလေး ရှိပါတယ်။

`ကိုယ်ကငယ်လေးလို့၊ အတွေ့အကြုံနည်း သေးလို့ စီးပွားရှာဖို့ အရည်အချင်းမပြည့်သေးဘူးလို့ ဘယ်တော့မှမတွက်ပါနဲ့။ ကျွန်တော်အကောင်းဆုံး အကြံဉာဏ်တွေထုတ်သုံးခဲ့တုန်းက အသက်နှစ်ဆယ်ပဲရှိသေးတယ်။ဒါ့ကြောင့်ငယ်သေးလို့ဆိုပြီး ကိုယ့်ကိုယ်ကိုယုံကြည် မှုအားမနည်းပါစေနဲ့။ တစ်ခါတစ်လေမှာ လူငယ်တွေဟာ ပိုပြီးထက်မြက်တဲ့ စီးပွားရေးပညာရှင်တွေ ဖြစ်လာတတ်ပါတယ်တဲ့။´

ကဲ…ကျွန်တော်တို့ မြန်မာလူငယ်တွေလဲ ICT ကိုသုံးပြီး ထက်မြက်တဲ့ စီးပွားရေးပညာရှင်တွေ ဖြစ် အောင် ဘာတွေလုပ်နိုင်ကြပါသလဲ။ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်တစ်လမ်းက ဘယ်လိုပါ ၀င်ဆောင်ရွက်နိုင်ကြပါသလဲ။ ကြည့်လိုက်ကြရအောင်။

အခွင့်အလမ်း (၁)

ဒါကတော့ သမားရိုးကျနည်းလမ်းဖြစ်တဲ့ ၀န်ထမ်း အလုပ်ပါ။ လူငယ်တွေအနေနဲ့ ပြည်တွင်းမှာပဲ သင်ကြားလို့ ရတဲ့နိုင်ငံတကာ အသိအမှတ်ပြု ဒီပလိုမာတွေဖြစ်တဲ့ IDCS တို့ IADCS တို့၊ University of Greenwich ကပေးအပ်ချီး မြှင့်တဲ့ BIT ဘွဲ့တို့ကို ရရှိပြီးရင် ဒေသတွင်း အိုင်စီတီဖွံ့ ဖြိုးတဲ့စင်္ကာပူတို့လိုနိုင်ငံမျိုးတွေမှာသွားရောက် အလုပ် လုပ်ကိုင်နိုင်ကြပါတယ်။ များသောအားဖြင့် စင်္ကာပူမှာဆို ရင် Programmer, System Analyst, Network Engineer, Project Manager စတဲ့ရာထူးတွေမှာ မြန်မာတွေလုပ်ကိုင် ကြတာများပြီး လစာကတော့ အမေရိကန်ဒေါ်လာ ၁၅၀၀ လောက်ကနေ ၅၀၀၀လောက် အထိရတတ်ကြပါတယ်။ အဲ့ Project Manager (PM) လို ရာထူးမျိုးဆိုရင်တော့ MBA ဘွဲ့လိုမျိုးပါတွဲရထားရင် အမေရိကန်ဒေါ်လာ တစ်သောင်းလောက်အထိ ရတတ်တယ်လို့ဆိုပါတယ်။ ကိုယ့်မြေပေါ်မှာပဲ ရပ်တည်နေချင်တဲ့သူတွေ၊ နိုင်ငံခြား သွားဖို့ဇာတာမှေးမှိန်နေသေးတဲ့သူတွေအနေနဲ့ကတာ့ ပြည်တွင်းက အိုင်တီစီးပွားရေးလုပ်ငန်း သို့မဟုတ် NGO တွေမှာ ၀င်ရောက်လုပ်ကိုင်နိုင်ပါတယ်။ စစခြင်းမှာတော့ကိုယ့်မျှော်မှန်းထားသလို ၀င်ငွေ၊ အခြေအနေတွေကို ရ နိုင်မှာမဟုတ်ပါ။ ဒါပေမဲ့ တန်းဘိုးဖြတ်လို့မရတဲ့ ငွေပေး ၀ယ်လို့မရတဲ့ အတွေ့အကြုံ(experience) ကိုတော့ ရရှိ မှာဖြစ်ပါတယ်။ အတွေ့အကြုံတွေကို စုဆောင်းပြီး ကိုယ့်လိုအပ်ချက်တွေကို ထပ်ဖြည့်ရင်းနဲ့ ကိုယ်မျှော်မှန်းထားတဲ့ အခြေအနေကို တစ်ထစ်ခြင်းတက်လှမ်း ဖန်တီးနိုင်ပါ တယ်။

ဒီခေတ်မှာ သတိပြုရမဲ့အချက်တစ်ချက်ကတော့ ဘယ် Professional လိုင်းကို လိုက်တဲ့သူပဲ ဖြစ်ဖြစ် တစ် လိုင်းတည်း တစ်မျိုးတည်း ရပ်တည်လို့မရတော့ပါဘူး။ ယနေ့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းအများစုဟာ T Person ပုဂ္ဂိုလ်တွေကို သာလိုလားပြီး အလုပ်ခန့်လေ့ရှိ ကြပါ တယ်။ T Person ပုဂ္ဂိုလ်ဆိုတာက အင်္ဂလိပ်အက္ခရာ T ကို ဇောက်ထိုးထားတဲ့ ပုံစံပါ။ ကျယ်ပြန့်တဲ့အသိပညာ (Wide knowledge) ပေါ်မှာ အခြေခံပြီး ကိုယ့်ရဲ့Professional Skill ကို တည်ဆောက်ယူရတဲ့ သဘောပါ။ ဒါကြောင့် လူငယ်တွေအနေနဲ့လည်း ICT ကို လေ့လာပြီးတဲ့အပြင် MBA တို့လို စီးပွားရေးစီမံခန့်ခွဲမှုလိုင်းတွေကို တွဲဖက်လေ့လာထားခြင်းအားဖြင့် အလုပ်အကိုင်ဈေးကွက် (Labour-Market) မှာ ကိုယ့်ကိုယ်ကိုယ် ဈေးကောင်းကောင်း (Skimming Price)နဲ့ အစွံထုတ်နိုင်ကြမှာ ဖြစ်ပါတယ်။

အခွင့်အလမ်း (၂)

အင်တာနက်ကဖီးတွေကို နေရာအနှံ့တွေ့မြင်လာရ ပါတယ်။ တိုးတက်လာတဲ့ ဆက်သွယ်ရေးရေစီးတွေပေါ် မှာ အရင်က လက်ဖက်ရည်ဆိုင်ပေါ်ကလူငယ်တွေလည်း အင်တာနက်ကဖီးတွေပေါ်ကို ရောက်ကုန်ကြပါ တယ်။ ဒါဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် အပြုသဘောဆောင်တဲ့ တိုးတက်မှုဖြစ်လို့ ကြိုဆိုကြရမှာပါ။ တစ်ချိန်တည်းမှာပဲ ဒီအင်တာနက်ကဖီးလုပ်ငန်း ဟာလည်း ICT ကိုအခြေပြုတဲ့ စီးပွားရေးအခွင့်အလမ်း တစ်ရပ် တစ်ခု အနေနဲ့ဖြစ်ထွန်းလာပါတယ်။ ယေဘုယျ အားဖြင့် အင်တာနက်ကဖီးဆိုင်တစ်ဆိုင်ဖွင့်ဖို့ အခန်းငှားခ၊ ကွန်ပျူတာဝယ်ဖို့ကုန်ကျစရိတ်၊အခန်းပြင်ဆင်စရိတ်၊ အင်တာနက်လိုင်း၊ အလုပ်သမားစရိတ် စုစုပေါင်းသိန်း ၁၅၀ ၀န်းကျင်လောက် ကုန်ကျနိုင်ပါတယ်။ ဒါပေမယ့်အင်တာနက်ကဖီးတစ်ဆိုင်ရဲ့ တစ်နေ့ဝင်ငွေဟာလည်း နေရာကောင်းကောင်း (Strategic Location)၊ ပုံမှန်ဖောက် သည် (Loyal Customer) သာရှိမယ်ဆိုရင် မသေးလှတာမို့

အကျိုးအမြတ်ရှိတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလို့ ဆိုနိုင်ပါ တယ်။ ဒီနေရာမှာ လူငယ်တွေအတွက် ငွေအရင်းအနှီးက အဓိကအခက်အခဲ တစ်ခုဖြစ်ပါတယ်။ဒါပေမယ့် ဥပမာ- ကိုယ်တစ်ယောက်တည်းမနိုင်ရင် သူငယ်ချင်းငါးယောက် လောက်ပေါင်းပြီး တစ်ယောက်ကို သိန်း၃၀စီလောက် ထည့်ပြီးလုပ်ရင်လည်းဖြစ်နိုင်ပါတယ်။ လူများတော့ ၀န်ထမ်းစရိတ်လည်းသက်သာသလို အားလုံးတိုင်တိုင်ပင်ပင်နဲ့ ဆောင်ရွက်လို့ရတာမို့ အောင်မြင်ဖို့ Chance လည်း ပိုများပါတယ်။ ကျွန်တော်တို့ မြန်မာတွေရဲ့ နဂိုဓလေ့ကိုက ပူပေါင်းဆောင်ရွက်မှုအားနည်းတာမို့ အဲ့ဒီ စိတ်ဓာတ်တွေကို ပြုပြင်ပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်ကြခြင်း အားဖြင့် စီးပွားရေးလုပ်ငန်းတွေမှာ ပိုမိုအောင်မြင်နိုင်ကြမယ် လို့ထင်ပါတယ်။

အခွင့်အလမ်း (၃)

နောက် ICT နဲ့ဆက်စပ်နေတဲ့စီးပွားရေး အခွင့်အလမ်းတစ်ခုကတော့ ကွန်ပျူတာပစ္စည်း Hardware ရောင်းဝယ်တဲ့လုပ်ငန်းနဲ့ Service ပေးတဲ့လုပ်ငန်းပါ။ဒီလုပ်ငန်းဟာ ယနေ့အချိန်ထိ မြန်မာနိုင်ငံမှာ ICT နဲ့ပါတ် သက်ပြီးအတွင်ကျယ်ဆုံးနဲ့ အလုပ်အဖြစ်ဆုံးလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ ကွန်ပျူတာ Hardwareရောင်းဝယ်ရေးအတွက် အရင်းအနှီးငွေကြေးပမာဏကတော့ ခုနက အင်တာနက်ကဖီးထက်စာရင် များစွာများပြား နေပေမယ့် ရရှိမယ့်အကျိုးအမြတ်ကလည်း မသေးလှပါဘူး။ပြီးတော့ကုမ္ပဏီကြီးတွေနဲ့ရင်းနှီးမှု၊ယုံကြည်မှုတွေအပေါ်မူတည်ပြီး အကြွေပစ္စည်းချပေးတာမျိုးတွေလည်းရှိတာမို့ ကိုယ့်ရဲ့စီမံခန့်ခွဲမှုပေါ်မူတည်ပြီး ရင်းနှီးငွေပမာဏ (Investment Amount) ကိုလျှော့ချနိုင်ပါတယ်။ ခန့်မှန်းခြေ Hardware နဲ့ Service Center တစ်ခုအတွက် ရင်းနှီးငွေ ကတော့ ကျပ်ငွေသိန်းငါးရာကနေ တစ်ထောင်အတွင်းမှာ ရှိပါတယ်။ ရင်းနှီးငွေအဆင်ပြေတဲ့ လူငယ်တွေအနေနဲ့ အစုစပ်အဖြစ် လုပ်ကိုင်သင့်ကြတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

အခွင့်အလမ်း (၄)

ဒီလုပ်ငန်းမျိုးကိုတော့ တော်တော်များများက သတိ ထားမိကြမှာမဟုတ်ပါဘူး။ အဲ့ဒါကတော့ Website Service နဲ့ Web Ownership လုပ်ငန်းပါ။လက်ရှိအခြေအနေ မှာ ပြည်တွင်း ICT လုပ်ငန်းတွေသိပ်မဖွံ့ဖြိုးလှတာမို့ အကျိုးအမြတ်မရနိုင်သေးပေမယ့် ဒီလုပ်ငန်းကနေ မက်လောက်စရာ Income နဲ့ Profit တွေကို ကျွန်တော်တို့ လှမ်းမြင်နေရပါတယ်။ Web-site business အတွက် ရုံး ခန်းနေရာ (office space) တွေ၊ ရင်းနှီးမြှုပ်နှံမှု(Investm-ent) တွေဘာမှ သိပ်ကြီးကြီးမားမားမလိုပါဘူး။ အင်တာ နက် Service နဲ့ ကွန်ပျူတာတစ်လုံးရှိရင် အချိန်မရွေး နေရာမရွေး Website တစ်ခုကို Operate လုပ်လို့ ရပါတယ်။ အဲ..ဒါပေမယ့် ကျွမ်းကျင်မှု (Skill) နဲ့အကြံဉာဏ် (Idea) တော့လိုအပ်တာပေါ့။ ဥပမာ- ဒီကနေ့ ကမ္ဘာကျော် Google တို့၊ e-Bay တို့ဟာ ဒီလိုနဲ့အစပြုပြီးအောင်မြင်မှု ရခဲ့ကြတာပါ။ ကျွန်တော်တို့မြန်မာလူငယ်တွေအတွက် လည်း တကယ့်ကို ကြီးကြီးမားမား အိပ်မက် Great Dream ကြီးတွေ မက်ချင်တိုင်းမက်နိုင်တဲ့ နယ်ပယ်တစ်ခုပါပဲ။ ဖြစ် နိုင်ရင်အဘက်ဘက်က အားသွန်ခွန်စိုက် ကြိုးစားကြည့် သင့်ကြပါတယ်။ အိပ်မက်ဆိုတာ လူတိုင်းမှာမက်ခွင့်ရှိပါတယ်။

စစခြင်းမှာတော့ လောလောလတ်လတ် ကိုယ့်ပြည် တွင်းမှာ လုပ်လို့ကိုင်လို့အဆင်ပြေ အလုပ်ဖြစ်နိုင်မယ့် လုပ်ငန်းမျိုးလေးတွေကနေ အစပြုလုပ်ကိုင်သင့်ပါတယ်။ ဥပမာ-Online ကနေ လက်ဆောင်ပစ္စည်းတို့ ပါဆယ်တို့ ပို့ပေးတဲ့ Service လိုဟာမျိုးလေးတွေပါ။ Idea ကောင်းရင်ကောင်းသလောက် အကျိုးရှိနိုင်တဲ့ လုပ်ငန်းဖြစ်ပါ တယ်။အားလုံးစဉ်းစားကြည့်ကြဖို့ပါ။

အခွင့်အလမ်း(၅)

နောက် ICT နဲ့ပတ်သက်ပြီး လူတွေသိပ်မမြင်ကြ တဲ့ Hidden Opportunity တစ်ခုကတော့ အလွတ် Professional အဖြစ်ရပ်တည်မှု FreelanceProfessionalismပါ။ ဒါကတော့ ကိုယ်ကျွမ်းကျင်တဲ့နယ်ပယ် WebDesign, Network တစ်ခုခုမှာအလွတ်တမ်းServiceProviderအဖြစ်ရပ်တည်တဲ့သဘောပါ။ရုံးနေ့တိုင်းတက်ရတာတို့၊ စည်းမျဉ်းစည်းကမ်းတွေနဲ့နေရတာတို့ကို မနှစ်သက်တဲ့ လူငယ်တွေအတွက် အထူးသင့်တော်ပါတယ်။ တစ်ခါ တစ်ရံမှာ Designer တစ်ယောက်ဟာ ရုံးတစ်ခုခုမှာ လုပ်နေရင်တစ်လကို လစာငွေတစ်သိန်းဝန်းကျင်လောက် ပဲရနိုင်ပေမယ့် ပြင်ပကအပ်တဲ့ ဒီဇိုင်းတွေကို တကယ် ထူးထူးချွန်ချွန် လုပ်ပေးနိုင်ရင် ပျှမ်းမျှတစ်လကို လေးငါး ခြောက်သိန်းလောက်အထိ ၀င်ငွေရရှိနိုင်တာကို တွေ့ရပါတယ်။ တိုးတက်ပြီးဖြစ်တဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာတော့ ကွန်ပျူတာနဲ့နည်းပညာ အတိုင်ပင်ခံ (ICT Counsultant) တစ်ယောက်ရဲ့တစ်လ၀င်ငွေဟာ ဒေါ်လာသိန်းချီပြီးတော့ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် သင်ကြားရေးကိုဝါသနာပါတဲ့ လူငယ်တွေ အတွက်ကတော့ သက်ဆိုင်ရာနိုင်ငံတကာ အသိအမှတ် ပြု ဘွဲ့၊ ဒီပလိုမာတွေကို ထူးထူးချွန်ချွန်အောင်ပြီးသွားရင် အလွတ်သဘောနဲ့ Guide အဖြစ်သင်ကြားပြသပေးလို့ ရသလို ကွန်ပျူတာသင်တန်းတွေမှာလည်း အချိန်ပိုင်း နည်းပြအဖြစ်ဝင်ရောက်သင်ကြားပေးနိုင်ပါတယ်။ Guide တွေ၊ သင်တန်းနည်းပြဆရာတွေရဲ့ ၀င်ငွေကလည်း တစ် လကို လေး/ငါးသိန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

တကယ်တော့ ဒီကနေ့ခေတ်ဟာ နည်းပညာခေတ် လို့ ဆိုတာနဲ့အညီ ICT နဲ့ဆက်စပ်ပတ်သက်နေတဲ့အခွင့်အလမ်းတွေဟာတခြားလုပ်ငန်းနယ်ပယ်တွေမှာထက် စာရင် များစွာများစွာရှိနေပါတယ်။ အထူးသဖြင့် နိုင်ငံရဲ့ Political Climate တိုးတက်ပြောင်းလဲလာမှု၊ နည်းပညာဖွံ့ ဖြိုးတိုးတက်လာမှု၊ ဆက်သွယ်ရေးပညာ (Communication Network) များ ဖွံ့ဖြိုးတိုးတက်လာမှု၊ လျှပ်စစ်မီးပိုမိုရရှိလာ နိုင်မှုတို့ပေါ်မူတည်ပြီး ပြည်တွင်း ICT လုပ်ငန်းများဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြေတွေ များစွာရှိ နေပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ လက်ရှိအခြေအနေမှာ မိမိတို့မှာရှိတဲ့ Capacity၊ Skill၊ Ability
တွေ ကိုအခြေပြုပြီး ICT လုပ်ငန်းများ အားကောင်း မောင်းသန် ဖွံ့ဖြိုးတိုးတက်လာအောင် ပူးပေါင်းဆောင် ရွက်ကြရမှာ ဖြစ်ပါတယ်။ အရင်းအနှီးမရှိသေးလို့၊ အခြေအနေမပေးသေး လို့၊ အတွေ့အကြုံမရှိသေးလို့ စတဲ့ဆင်ခြေအကြောင်းပြ ချက် အတားအဆီး( barriers)တွေရဲ့တားဆီးမှုကို ခံမနေ ကြဘဲ လိုအပ်တဲ့စွမ်းရည်တွေကို ဖြည့်ဆည်းရင်း အချင်း ချင်း ပူးပေါင်းဆောင်ရွက်ကြကာ မိမိတို့လက်တစ်ကမ်းမှာ ရှိတဲ့ အခွင့်အလမ်း(opportunities)တွေကို ဆုပ်ဖမ်းပြီး ဘ၀ရဲ့ တက်လမ်းတွေကို လျှောက်လမ်းကြပါလို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။

Aug 29, 2010

ဒူဘိုင်းသို့ သွားရောက်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးအပေါ် လိမ်လည်ခေါ်ယူမှုများ နှင့်ကြုံတွေ့၊

ဒူဘိုင်းမှ စားသောက်ဆိုင်ကြီး အချို့သည် မြန်မာနိုင်ငံတွင်း၌ လာရောက်ဖွင့်လှစ်ထားသော သင်တန်းကျောင်းအချို့ကို ကြားခံထားကာ မြန်မာအမျိုးသမီး အလုပ်သမားအား အလုပ်လစာများကို ဖြစ်သလိုပြော၍ လိမ်လည် ခေါ်ယူမှုရှိလာကြောင်း သွားရောက်မိသူအချို့ထံမှ သတင်းရရှိ ပါသည်။

အင်တာဗျူးဖြေရန် မလို၊ အလုပ်မှာ မည်သည့်အလုပ်ဖြစ်သည်၊ လစာနှင့် အပိုကြေးကို မည်သို့ပေးမည်၊ မည်သို့ နေထိုင်စားသောက်ရမည်ဟု ဆိုကာခေါ်ယူခဲ့သော်လည်း လက်တွေ့တွင် ပေးသည့် အလုပ်ကိုသာ လုပ်ကိုင်ရခြင်း၊ စာချုပ်တွင်ပါသည့်အတိုင်း နေထိုင်စားသောက်ရမှု မရှိခြင်းတို့ကို ကြုံတွေ့ရကြောင်း သိရသည်။

အလိမ်ခံရမယ့် အလုပ်ခေါ်ပုံတစ်ခု
အလုပ်စတင် ခေါ်ယူခဲ့သည့်ပုံစံ အပေါ်သွားရောက်ခဲ့သူတစ်ဦးက "ပြည်တွင်းမှာလာဖွင့်တဲ့ Training Center တစ်ခုရှိပါတယ်။ နိုင်ငံခြားသား ဦးစီးပြီးဖွင့်ပါတယ်။ အဲဒီသင်တန်းကျောင်းက အလုပ်သမား တိုက်ရိုက်မပို့ဘူး။ သူက ပြည်တွင်းက လိုင်စင်ရပြီးသား အေဂျင်စီတွေကို ကြားခံထားပြီး ပို့တာလို့ နောက်မှသိရတယ်။ ဥပမာ အဲဒီသင်တန်းကျောင်းက ဒူဘိုင်းမှာ အမျိုးသမီး အလုပ်သမား လိုတယ်ဆိုရင် ပြည်တွင်းက လိုင်စင်ရ အေဂျင်စီတွေကို ခွဲပြီးအပ်လိုက်တယ်။ သူက တစ်ဦးပို့ရင် အမေရိကန်ဒေါ်လာ ၅၅၀ ရတယ်လို့သိရတယ်။ သူ အလုပ်သမားရှာခိုင်းလိုက်တဲ့ ပြည်တွင်း အေဂျင်စီတွေကတော့ သူတို့ဟာ သူတို့ ဒေါ်လာ ၂၅၀ ယူတာရှိတယ်။ ၄၀၀ ယူတာရှိတယ် အမျိုးမျိုးယူကြတယ်။ အဲဒီလို ကြားခံထားပြီး ခေါ်တယ်။ ကျွန်မကတော့ Restaurant မှာ လုပ်ရမယ်ဆိုလို့ အင်တာဗျူးပြီး သွားလိုက်ပါတယ်။ နှစ်ပတ်အတွင်းမှာပဲ ဒူဘိုင်းကိုသွားခွင့်ရတယ်"ဟု ပြောပြခဲ့သည်။

ပေးတဲ့အလုပ်ပဲလုပ် မလုပ်ရင် လျော်ပြီးမှပြန်
သွားရောက်ပြီးနောက် ရရှိသည့် အလုပ်နှင့်ပတ်သက်၍ ၎င်းက "ကျွန်မတစ်ဦးတည်း သွားရမယ်ထင်တာ လေဆိပ်ရောက်မှ မြန်မာ အမျိုးသမီးငါးယောက် ဖြစ်နေတယ်။ အေဂျင်စီတွေ ခွဲအပ်ထားတဲ့ သဘောပေါ့။ ကျွန်မတို့ ငါးယောက် တစ်ဖွဲ့တည်း သွားရတာပေါ့။ ကျွန်မက စာချုပ်ထဲမှာပါတဲ့ Restaurant မှာ မလုပ်ရဘဲ Fast Food ဆိုင်လေးမှာပဲ ပေးတဲ့အလုပ်လုပ်ရတယ်။ သူတို့လည်း အဲဒီလိုပဲ ခေါ်တုန်းကပြောတဲ့ အလုပ်မဟုတ်ဘဲ သူတို့ပေးတဲ့ အ လုပ်လုပ်ရတယ်။ ကျွန်မတို့ကို အခက်အခဲရှိရင် ဆက်သွယ်ဖို့ပေးလိုက်တဲ့ ဒူဘိုင်းဘက်က အေဂျင်စီကတော့ ဘယ်လောက်ပဲ ဆက်သွယ်ဆက်သွယ် လာမတွေ့ဘူး။ အတွေ့မခံဘူး။ ဒီလိုနဲ့ သူ့ကိုစောင့်နေရင်း ကျွန်မနဲ့အတူ တူလာတဲ့ အမျိုးသမီးလေးဦးက အလုပ်ပါမစ်ကျလာတယ်။ အဲဒီမှာ အလုပ်ပါမစ်ကျလာပြီးမှ ပြန်မယ်ဆိုရင် ကျပ် ၁၈ သိန်းလျော်မှ ပြန်လို့ရတယ်လို့ သိရတယ်။ ဒီတော့ အဲဒီလေးယောက်ကတော့ ၁၈ သိန်း မလျော်နိုင်လို့ ပေးတဲ့အလုပ်ပဲ ဆက် လုပ်ပြီး ကျန်ခဲ့တယ်။ ကျွန်မကတော့အိမ်နဲ့ အဆက်အသွယ် ရတဲ့အတွက် အလုပ်အနေအထားနဲ့ နေထိုင်ရပုံတွေကို ပြောပြလို့ အိမ်က ချက်ချင်းပဲ အေဂျင်စီကိုသွားပြောပြီး လေယာဉ်လက်မှတ်ဖိုးသွင်းပြီး ပြန်ခေါ်ခဲ့ လို့ ပြန်ရောက်လာတာပါ။ ထူးခြားတာက ကျွန်မနဲ့အတူသွားခဲ့တဲ့ လေးဦးထဲမှာ တချို့က လုံးဝအင်တာဗျူး စရာမလိုဘဲ သွားရမယ်ဆိုလို့ လိုက်လာတာလို့ ပြောတယ်"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

မလုံခြုံတဲ့နေရာမှာ ထားတယ် . . .
စာချုပ်ပါအတိုင်း နေထိုင်စားသောက်ရမှု မရှိသည့်အပေါ် ၎င်းက "အလုပ်ချိန်က သဘောတူ စာချုပ်ထဲမှာပါတဲ့ အချိန်ထက် ၂ နာရီ ၃ နာရီ ပိုလုပ်ရတယ်။ စရိတ်ငြိမ်းလို့ ပြောပြောထားပေမယ့် ကိုယ့်ဟာကိုယ် ချက်ပြုတ် စားသောက်ရတယ်။ နေစရာကိုတော့ မကောင်းတာလုပ်စားတဲ့ နိုင်ငံစုံက အမျိုးသမီးအများစုနေတဲ့ ရပ်ကွက်မျိုးမှာ နေစရာပေးတယ်။ ဈေးသက်သာလို့ အဲဒီလိုနေရာမှာပဲ ထားတာလို့သိရတယ်။ တချို့က ပြန်လာချင်တယ်ဆိုပေမယ့် သူတို့ အလုပ်လုပ်မယ့် ၀န်ဆောင်ခ ကုန်ကျစရိတ်ကို မြန်မာနိုင်ငံမှာကတည်း က ချေးယူပြီး လာခဲ့ရတာလို့ ပြောတယ်။ ဒီတော့ မလုံခြုံဘူး၊ ဒုက္ခ ရောက်တယ် ဆိုပေမယ့်လည်း သည်းညည်းခံပြီး ဆက်လုပ်ရတာလို့ ပြောတယ်" ဟု ပြောပြခဲ့သည်။
ဒူဘိုင်းမှာရှိတဲ့ဟိုတယ်က ခေါ်တယ်ဆိုရင် အဲဒီဟိုတယ်ရဲ့ ဧရိယာ မန်နေဂျာပဲဖြစ်ဖြစ်၊ တာဝန်ရှိသူပဲဖြစ်ဖြစ် သူကိုယ်တိုင် မြန်မာပြည်အရောက် အင်တာလာဗျူးပြီးမှ ခေါ်လေ့ရှိတယ်။ သူနဲ့ပဲ စာချုပ်ရတယ်။ အဲဒီလိုမဟုတ်ဘူး ဆိုရင်တော့ သတိထားသင့်တယ်။ နောက်လစာကို ကြည့်ပြီးတော့လည်း ခွဲခြားလို့ရ တယ်။ အင်တာဗျူးစရာမလိုဘဲ အလုပ်ရမယ်ဆိုရင်တော့ မလုပ်သင့်ဘူး။ မလာသင့်ဘူး ..

ပြည်တွင်းက လိုင်စင်ရအေဂျင်စီတွေကို ကြားခံထားပြီး အသုံးချ လာတယ် . . .
ပြည်တွင်းရှိ လိုင်စင်ရ အေဂျင်စီများ အသုံးချခံရသည့် ပုံစံမျိုးမဖြစ်စေရန် သတိပြုသင့်သည့်အပေါ် လိမ်လည်ခံရသူနှင့် ဦးလေးတော်စပ်သူ ကလည်း"ကျွန်တော်က ပြန်ခေါ်ပေးပါလို့ အေဂျင်စီကို ပြောတော့မှ အေဂျင်စီက တစ်ဖက်နိုင်ငံက အေဂျင်စီ နဲ့ တိုက်ရိုက်လုပ်တာမဟုတ်ဘဲ ပြည်တွင်းမှာလာဖွင့်တဲ့ သင်တန်းကျောင်း တစ်ခုက ကော်မရှင်စားပေးတာကို လက်ခံလုပ်ပေးမှန်း သိရတယ်။ တကယ်လို့သာ အမှုအခင်းဖြစ်ပြီဆိုရင်တော့ ခံရမှာက သင်တန်းကျောင်း မဟုတ်ဘဲ ကော်မရှင်စားလုပ်မိတဲ့ အေဂျင်စီတွေပဲဆိုတာ ကျွန်တော်တို့ ပြည်တွင်းက လိုင်စင်ရအေဂျင်စီတွေ သတိထားသင့်တယ်။ ကျွန်တော်က သူတို့ချုပ်ထားတဲ့စာချုပ်နဲ့ မကိုက်ညီတဲ့အတွက် ပြန်ခေါ်မယ်။ မရရင် ကျွန်တော် အမှုဖွင့်မယ် ပြောတော့မှ ပြန်ခေါ်ဖို့လုပ်ပေးတာ ဖြစ်တယ်။ ဒါတောင်မှ ကျွန်တော့်တူမက အလုပ်လုပ်ခွင့် ပါမစ်မကျသေးလို့ လေယာဉ်စရိတ်ပေး ပြန်ခေါ်လို့ရတာ။ ကျန်တဲ့သူတွေက ပါမစ်ကျပြီးဖြစ်လို့ စာချုပ်သဘောအရ ကျပ် ၁၈ သိန်းလျော်ရမယ့် ကိန်းဆိုက်လို့မလာနိုင် ဖြစ်သွားပြီပေါ့။ အခုဖြစ်တဲ့ သင်တန်းကျောင်းက ဖွင့်တာသိပ်မကြာသေးဘူးလို့ သိရတယ်"ဟု ပြောကြားခဲ့သည်။

ပုံမှန်အတိုင်းခေါ်တဲ့အလုပ်ပဲ သတိထားရွေးပါ
ထို့အတွက် မြန်မာအမျိုးသမီးများ အနေဖြင့် အလုပ်၊ လစာ၊ အချိန် ပိုကြေး၊ အလုပ်ချိန်များ မှန်မှန်ကန်ကန်ဖြင့် ရရှိနိုင်သည့် အလုပ်ခေါ်ယူမှု မျိုးမဟုတ်သည့် ပုံစံများကို ရှောင်ရှားသင့်ပြီး သွားလာမည်ဆိုပါက ပုံမှန် ခေါ်ယူမှုမျိုးဖြင့်သာ သတိပြုသွားလာရန် လိုသည်ဟု ဒူဘိုင်းရှိ ဟိုတယ်တစ်ခုတွင် လုပ်ကိုင်နေသော မြန်မာအမျိုးသမီးများက ပြောကြားခဲ့သည်။ "ဒူဘိုင်းမှာရှိတဲ့ဟိုတယ်က ခေါ်တယ်ဆိုရင် အဲဒီဟိုတယ်ရဲ့ ဧရိယာ မန်နေဂျာပဲဖြစ်ဖြစ်၊ တာဝန်ရှိသူပဲဖြစ်ဖြစ် သူကိုယ်တိုင် မြန်မာပြည်အရောက် အင်တာလာဗျူးပြီးမှ ခေါ်လေ့ရှိတယ်။ သူနဲ့ပဲ စာချုပ်ရတယ်။ အဲဒီလိုမဟုတ်ဘူး ဆိုရင်တော့ သတိထားသင့်တယ်။ နောက်လစာကို ကြည့်ပြီးတော့လည်း ခွဲခြားလို့ရ တယ်။ အင်တာဗျူးစရာမလိုဘဲ အလုပ်ရမယ်ဆိုရင်တော့ မလုပ်သင့်ဘူး။ မလာသင့်ဘူး။ အဲဒါဆိုရင်တော့ သန့်ရှင်းရေးတို့၊ ပန်းကန်ဆေးတို့ ရတာများလိမ့်မယ်။ ဒူဘိုင်းက ဟိုတယ်တွေ၊ ကုမ္ပဏီတွေက အလုပ်ခေါ်တယ်ဆိုရင် လုံးဝမှတ်ထားရမှာ က အင်္ဂလိပ်စာကျွမ်းကျင်မှ ခေါ်လေ့ရှိတယ်။ ဘာမှမလိုဘူး၊ သွားလို့ ရတယ်လို့ ပြောရင်တော့ စောစောက အလုပ်မျိုးပဲရမယ်။ လစာပေါ်မှာလည်း ဆန်းစစ်နိုင်တယ်။ အခုမှ အလုပ်စလုပ်မယ့်သူဆို ဒူဘိုင်းငွေ ၂၅၀၀ ကနေ ၃၀၀၀ ကြား၊ ၃၅၀၀ ကနေ ၄၀၀၀ ကြား အရည်အချင်း အလိုက် ဒီနှုန်းဝန်းကျင်နဲ့ ခေါ်လေ့ရှိတယ်။ အဲဒါဆိုရင် ဟိုတယ်မှာ အမျိုးသမီးဝန်ထမ်းအလုပ် အမှန်အကန်ပဲ။ ဒီလိုမှမဟုတ်ဘဲ အရမ်းများနေတာပဲ ဖြစ်ဖြစ်၊ နည်းနေတာပဲ ဖြစ်ဖြစ်ကြုံရင်တော့ သတိပြုတာ ကောင်းပါတယ်။ ဒါကဒီမှာ ကုမ္ပဏီ တွေပေးနေကျနှုန်းပါ"ဟု ဒူဘိုင်းရောက် မြန်မာအမျိုးသမီးတစ်ဦးကလည်း ရှင်းပြခဲ့ပါသည်။

"ပုံမှန်အတိုင်းပဲ အင်တာဗျူးပြီး ခေါ်မယ်ဆိုရင်တော့ ဒီမှာအဆင်ပြေ ကြပါတယ်။ ဒါပေမယ့် အင်တာဗျူး စရာမလိုဘူး၊ နောက်တကယ့် အလုပ်ရှင်လွှတ်တဲ့ ကုမ္ပဏီတာဝန်ရှိသူ မဟုတ်ဘဲ တခြားသူတစ်ဦးက ဖြစ်သလို အင်တာလာဗျူးမယ်၊ လစာတွေကို မတန်တဆပေးမယ်ပြောပြီး မက်လုံးပေးတဲ့အရာတွေနဲ့ ခေါ်တဲ့ အလုပ်မျိုးဆိုရင်တော့ သတိထားရမှာပေါ့။ ပုံမှန်အတိုင်း သွားလာလုပ်ကိုင် တဲ့သူကတော့ ပြောတဲ့အလုပ်ရတယ်၊ ပြောတဲ့လစာရပါတယ်"ဟု ဒူဘိုင်းရောက် မြန်မာအမျိုးသမီးတစ်ဦးက လည်း ထပ်မံရှင်းပြခဲ့သည်။

ကြားခံအနေနဲ့ အသုံးချခံရနိုင်တဲ့ ပြည်တွင်းအေဂျင်စီတွေ သတိပြုရမယ့် လူကုန်ကူးမှုဆိုတာ
လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ခေါင်းပုံဖြတ်ခြင်းပြုရန် အလို့ငှာ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်းဖြင့် အနိုင့်ထက်ပြုခြင်း၊ သွေးဆောင် ခေါ်ယူခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း သို့မဟုတ် ဘ၀ရပ်တည်ရန် ခက်ခဲနေသောအခြေအနေကို အလွဲသုံးစားပြုခြင်း၊ တစ်ဦးတစ် ယောက်အပေါ် ချုပ်ကိုင်နိုင်သော သူ၏ သဘောတူညီချက်ရရှိရန် ငွေ ကြေး သို့မဟုတ် အကျိုးအမြတ်ကို ပေးခြင်းသို့မဟုတ် လက်ခံရယူခြင်း၊ ပြုလုပ်ပြီး လူများကို သိမ်းသွင်းစု ဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ၀ယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်း တို့ကို ဆိုကြောင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေအရ သိရသည်။

ခေါင်းပုံဖြတ်ခြင်း ဆိုရာတွင် ပုဂ္ဂိုလ်တစ်ဦးသည် အခြားသူတစ်ဦး တစ်ယောက်အား ပြည့်တန်ဆာပြုခြင်း၊ အခြားတစ်နည်းနည်းဖြင့် ကာမဆိုင်ရာကိစ္စပြုလုပ်ခြင်း၊ အဓမ္မ အလုပ်ခိုင်းစေခြင်း၊ အဓမ္မ၀န်ဆောင် မှုပေးစေခြင်း၊ ကျွန်ပြုခြင်း၊ကျေးကျွန် ကဲ့သို့ ခိုင်းစေခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်းကိုဖြစ်စေ၊ သူတစ်ပါး ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းချခြင်းကို ဖြစ်စေပြုရာမှ ငွေကြေးကိုသော်လည်းကောင်း အကျိုးအမြတ် တစ်စုံတစ်ရာကိုသော်လည်းကောင်း လက်ခံရယူခြင်းသို့မဟုတ် လက်ခံရယူရန် သဘောတူခြင်း ပါဝင်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ သိရသည်။

ထို့ပြင် ပြည့်တန်ဆာပြုခြင်းဆိုသည်မှာ ငွေကြေးအကျိုးအမြတ် သို့မဟုတ် အခြားအဖိုးစားနားတစ်ခုခု အတွက်ကာမစပ်ယှက်ရန် သို့မဟုတ် ကာမရာဂစိတ်ပေါ်ပေါက်ရန် အလို့ငှာပုဂ္ဂိုလ်တစ်ဦးကို အခြားတစ်ဦးက တစ်စုံတစ်ရာပြုလုပ်ခြင်း၊ အသုံးပြုခြင်း၊ ဆက်ဆံခြင်း သို့မဟုတ် အစီအစဉ်ချမှတ် ဆောင်ရွက်ခြင်းကို ဆိုကြောင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပါ ရှင်းလင်းချက် အရ သိရပါသည်။

"အခုက ကြားခံအနေနဲ့ အသုံးချခံရနိုင်တဲ့ အနေအထားဖြစ်လာပြီ။ ပင်ရင်းကို မသိရဘဲ ကြားခံအဆင့်ဆင့်နဲ့ လုပ်လာတာလေ။ ဒီလိုအနေ အထားကနေ တစ်ဖက်က ထပ်ထပ်ပြီး လိမ်မခေါ်ဘူးလို့ မပြောနိုင်ဘူး။ သူတို့ကလည်း ပြဿနာပေါ်ရင် ငါပို့တာမဟုတ်ဘူး လိုင်စင်ရပြီးသား က ပို့တာဆိုတာမျိုးလုပ်မှာပဲ။ ဒီတော့ အေဂျင်စီတွေအနေနဲ့ ကိုယ်တိုက်ရိုက် တာဝန်မခံနိုင်တဲ့ကိစ္စမျိုးတွေကို သတိထားသင့်လာပြီ"ဟု ပြည်ပသို့ မကြာခဏ သွားရောက်လုပ်ကိုင်ဖူးသူ တစ်ဦးကလည်း ပြောကြားခဲ့သည်။

အထက်တန်းရှေ့နေတစ်ဦး က လည်း "လက်ရှိမှာ တရုတ်နဲ့ထိုင်း နိုင်ငံဘက်ကို လူကုန်ကူးခံရတာ အများဆုံးပါပဲ။ တခြားနိုင်ငံတွေဘက်ကိုလည်း မြန်မာလူမျိုးတွေ လူကုန်ကူးခံရတာ လုံးဝမရှိခဲ့ဘူးလို့ အတိအကျပြောဖို့ ခက်ပါတယ်။ လူကုန်ကူးခံရတဲ့လူကိုယ်တိုင်က ကိုယ့်ကို လူကုန်ကူးတယ်ဆိုတာ မသိလို့ သက်ဆိုင်ရာကို မတိုင်ကြားနိုင်ဘဲ သက်ဆိုင်ရာက မသိရတဲ့ဖြစ်ရပ်တွေ လည်းရှိနိုင်ပါတယ်။ အခု ဒူဘိုင်း ကိုလည်း မြန်မာမိန်းကလေးတော် တော်များများက သွားပြီးအလုပ်လုပ်နေကြပါတယ်။ ထပ်သွားဖို့လည်း ကြိုးစားသူတွေ ရှိနေပါတယ်။ ဒါကြောင့် ဒူဘိုင်းမှာ မြန်မာမိန်းကလေးတွေ လူကုန်ကူးခံရတဲ့ ပုံစံမျိုးမဖြစ်ဖို့တော့ သတိပြုရမယ့် အနေအထား ဖြစ်လာပါတယ်။ လူကုန်ကူးမှုမြောက် တယ်မမြောက်တယ် ဆိုတာကတော့ လူကုန်ကူးမှုတား ဆီးကာကွယ်ရေး ဥပဒေမှာပါတဲ့ လူကုန်ကူးမှုအဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ ငြိစွန်းနေမယ်ဆိုရင် လူကုန်ကူးမှု မြောက်တယ်ဆိုတာ သိထားသင့်ပါတယ်"ဟု အကြံပေးခဲ့ပါသည်။

မြန်မာအမျိုးသမီးများဖြစ်စေ အမျိုးသားများဖြစ်စေ မည်သူမဆို ပြည်တွင်း၌ အလုပ်အကိုင် ပေါများခြင်းမရှိသည့်တွက် ပြည်ပထွက်ခွာ လုပ်ကိုင်ရခြင်း၊ ပြည်ပသို့မဖြစ်မနေ သွားရောက်လုပ်ကိုင်ရခြင်း ဖြစ်သည့်အတွက် ပို့ဆောင်ပေးသည့် အေဂျင်စီများအနေဖြင့် ၀န်ဆောင်ခထက်မိမိတို့ လူမျိုးအလုပ်သမားများ မထိခိုက်ရေးကိုလည်း ဦးစားပေးသင့်သည်ဟု သွားရောက်သူများက ဆိုပါသည်။

မှတ်ချက်။ ။ news-eleven မှဖြစ်ပါသည်။