Jul 29, 2010

ဒူဘိုင်းရှိ မြန်မာများ Passport သက်တမ်းတိုးရန် အခက်အခဲရှိ

အရှေ့ အလယ်ပိုင်း ဒေသရှိ ဒူဘိုင်း နိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အလုပ်သမားများ အတွက် နိုင်ငံကူး လက်မှတ် (Passport) သက်တမ်း တိုးရန် အခက်အခဲ တွေ့နေသဖြင့် အရင်ရောက်ရှိပြီးသူများက အီးမေးလ် မှတဆင့် လမ်းညွှန်မှုများ ရှိလာကြောင်း သိရှိရသည်။

“ဒူဘိုင်းမှာ သံရုံးမရှိတော့ Passport သက်တမ်း တိုးမယ် ဆိုရင် အီဂျစ် ကိုပို့၊ မပို့ရင် ဆော်ဒီကို ပို့ရတယ်၊ အဲဒီ လိုမျိုး ကျတော့ အလုပ်က နည်းနည်း ရှုပ်သွားတယ်၊ သက်တမ်း တိုးရမှာက တမျိုး၊ အခွန် ဆောင်ဖို့ အတွက်က တမျိုး အလုပ် ရှုပ်ရတယ်”ဟု ဒူဘိုင်း နိုင်ငံတွင် အလုပ် လုပ်နေသော မြန်မာ နိုင်ငံသား တဦးက ပြောသည်။

၎င်းကပင် ဆက်လက်၍ အီဂျစ် နိုင်ငံရှိ မြန်မာ သံရုံးတွင် Passport သက်တမ်း တိုးရန် အဆင်ပြေ သော်လည်း အခွန်ဆောင်ရန် အတွက် သတိထားရန် လိုအပ်ကြောင်း ဆက်လက် ပြောဆိုသည်။

“အမေရိကန် ဘဏ်တွေနဲ့ ချိတ်ထားတဲ့ ဘဏ်ကနေ ဆောင်မယ် ဆိုရင် ပိုက်ဆံ မရောက် တော့ဘူး၊ အခွန် ဆောင်ဖို့ အတွက်ကို အစိမ်း (အမေရိကန် ဒေါ်လာ) ၅၀၀၊ ၆၀၀ လောက် ပေးရတော့ ကြားထဲမှာ ပျောက်သွားရင် ပြဿနာ ရှိတယ်၊ ဆော်ဒီကို ကျတော့ ပိုက်ဆံလွှဲ ရတာ အဆင်ပြေတယ်၊ ဒါပေမယ့် သံရုံးက အလုပ်မလုပ်ဘူး၊ အခုဆိုရင် သူတို့တွေ အလုပ်မလုပ်တာ တလလောက် ရှိပြီ” ဟု ၎င်းက ဆိုသည်။

Passport သက်တမ်းတိုးခြင်းကို အီဂျစ်နိုင်ငံရှိ မြန်မာသံရုံးသို့ ကိုယ်တိုင်မသွားကြဘဲ စာတိုက်မှ တဆင့်သာ ပို့ဆောင်၍ သက်တမ်းတိုးကြောင်း ဒူဘိုင်းနိုင်ငံရှိ ဟိုတယ်တခုတွင် အလုပ်လုပ်နေသူတဦးကပြောသည်။

၎င်းက “ဒီကမြန်မာတွေ အားလုံးလိုလိုက သံရုံးကို ကိုယ်တိုင် မသွားကြဘူး၊ စာတိုက်ကနေပို့ကြတယ်၊ အဲဒီလိုပို့ရင်တော့ စာအုပ်မှန်း မသိအောင် ထုပ်ပိုးပြီး ပို့ကြတယ်၊ စက္ကူနဲ့ အရင်ဆုံးပတ်တယ်၊ ပြီးမှ စာအိတ် ထဲ ထည့်တယ်၊ တချို့တွေ က လေးငါးခြောက်ယောက်စုပြီး ပါဆယ်ထုပ်နဲ့ ပို့ကြတယ်”ဟု ပြောသည်။

အီဂျစ်နိုင်ငံရှိ မြန်မာသံရုံးမှလည်း သက်တမ်းတိုးရန်အတွက် Passport များ ပို့မည် ဆိုပါက ပစ္စည်းပို့ဆောင်ပေးသည့် ကုမ္ပဏီတခုဖြစ်သော DHL ကုမ္ပဏီကို အသုံးမပြုရန် မြန်မာများကို မှာကြားထားကြောင်းလည်း သိရှိရသည်။

“စာအုပ်ပို့တော့မယ်ဆိုရင် DHL နဲ့မပို့ဖို့ သံရုံးကလူတွေကိုယ်တိုင် မှာထားတာမျိုးရှိတယ်၊ အဲဒါနဲ့ ပို့တာက ပစ္စည်းတွေ ပျောက်တယ်လေ”ဟု ဒူဘိုင်းရောက် မြန်မာနိုင်ငံသားတဦးကပြောသည်။

ဒူဘိုင်းတွင် မြန်မာများ ကြုံရလေ့ရှိသော ပြဿနာများမှာ အေးဂျင့်များ၏ မမှန်မကန် ပြုလုပ်မှုများဖြစ်သည်ဟု ဒူဘိုင်းမှ မြန်မာနိုင်ငံသား ဟိုတယ်ဝန်ထမ်းတဦးက ပြောသည်။

“မြန်မာပြည်မှာ စာချုပ်ချုပ်တုန်းကတော့ အေးဂျင့်တွေက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာ လုပ်ရမယ် ဘာညာ ဆိုပြီး စာချုပ်ချုပ်လိုက်တယ်၊ ဒီရောက်လာတော့ shopping mall လိုနေရာမျိုးတွေ ဖြစ်နေတယ်၊ အဲဒီလိုဆိုရင် အလုပ်လုပ် ရတဲ့ သူအတွက် နေစရာ အဆောင်ငှားရတော့မယ်၊ အဲဒီမှာ သူ့အတွက် ပိုက်ဆံက မကျန်တော့ဘူး”ဟု အဆိုပါ ဟိုတယ် ဝန်ထမ်းက ဆိုသည်။

ဒူဘိုင်းတွင် မြန်မာနိုင်ငံသားများ၏ သာရေး၊ နာရေးကိစ္စများကို Myanmar in Dubai နှင့် သာသနာ့ရောင်ခြည် ဟု ခေါ်သည့် အဖွဲ့နှစ်ဖွဲ့တို့မှ အဓိကဆောင်ရွက်နေပြီး မြန်မာတို့၏ အဓိကပွဲတော်ဖြစ်သော သင်္ကြန်ပွဲတော်ကိုလည်း ယင်းအဖွဲ့နှစ်ဖွဲ့တို့မှ ကမကထပြု ကျင်းပကြကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံသားများသည် ဒူဘိုင်းတွင် ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းများတွင် အများဆုံး လုပ်ကိုင် နေကြပြီး မြန်မာနိုင်ငံသားတဦး၏ လစာငွေသည် အနိမ့်ဆုံး ၈၀၀ ဒါဟမ် (Dh) (၂၁၈ ဒေါ်လာ) မှ အမြင့်ဆုံး ၇၀၀၀ ဒါဟမ် (Dh) (၁၉၀၆ ဒေါ်လာ) ခန့် ရရှိသည် ဟုလည်း သိရှိရသည်။

ဒူဘိုင်းနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်လိုမှုများသည် ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ တဖြည်းဖြည်း ကျဆင်းလာ သောကြောင့် ရန်ကုန်မြို့တွင်းရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အချို့သည်လည်း အဆိုပါ နိုင်ငံသို့ အလုပ် သမား ပို့ဆောင်ပေးမှုကို ရပ်နား ထားရကြောင်း ပြည်တွင်း ဂျာနယ်တစောင်က ဖော်ပြထားသည်။

ဒူဘိုင်းနိုင်ငံတွင် လက်ရှိအလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများမှာ ၂၀၀၀ မှ ၃၀၀၀ ကြား ရှိကြောင်းနှင့် အခြား နိုင်ငံသားများဖြစ်သော နီပေါနှင့် ဖိလစ်ပိုင် နိုင်ငံသားများလည်း ဒူဘိုင်းတွင် အလုပ်လုပ်ကိုင်နေကြကြောင်း သိရှိရသည်။

မှတ်ချက်။ ။www.irrawaddy.orgမှ ဖော်ပြသည်။

Jul 27, 2010

ကြိုးနီ စနစ် ဟူသည်

ကျွန်တော့်အား မိတ်ဆွေတစ်ဦးက မေးခဲ့သည်မှာ ကြာပါပြီ။ သို့သော် ကျွန်တော်သည် မိတ်ဆွေ၏အမေးကို မဖြေခဲ့ရသေး။ သာမန်အားဖြင့် သူ့အမေးကို သူနားလည်အောင် ကျွန်တော်ဖြေနိုင်ချင်မှ ဖြေနိုင်ပေမည်။ သို့ကြောင့်လည်း ဥပမာတစ်ခုလောက် ပြနိုင်ရန် ကျွန်တော်စောင့်နေခြင်း ဖြစ်သည်။ သူ့အမေးမှာ“မင်းတို့ ပြောပြောနေတဲ့ ကြိုးနီစနစ်ဆိုတာ ဘာလဲကွ”ဟူ၍ ဖြစ်၏။

မနေ့ကတော့ သူ့ကို ဥပမာပေးရန် အဖြစ်အပျက်တစ်ခုကို တွေ့လာခဲ့သည်။ အစိုးရဌာနနှစ်ခုမှ ရုံးနှစ်ရုံးသည် အဆောက်အဦကြီး တစ်ခုထဲတွင် ပူးတွဲရုံးဖွင့်ထား၏။ထိုရုံးနှစ်ခုအနက်မှ တစ်ခုသောရုံးတွင် ခွေးတစ်ကောင် မွေးထား၏။ တစ်နေ့သောအခါ
ထိုခွေးသည် ကပ်လျက်ရုံး၏ အခန်းတွင်းသို့ သွား၍ နောက်ဖေးယိုခဲ့၏။ ဤသို့ပြုလုပ်ခြင်းသည် တစ်ကြိမ်မဟုတ် ကြိမ်ဖန်များလာသောအခါ နောက်ဖေးယိုခံရသောရုံးက ခွေးမွေးထားသောရုံးသို့ “လူကြီးမင်းတို့ရုံးမှ မွေးထားသောခွေးသည် ကျွန်တော်တို့၏ ဧည့်ခန်းနှင့်…”ဟူသော စာကို ပို့လိုက်၏။

ယင်းစာသည် ခွေးမွေးထားသောရုံး၏ စာလက်ခံရာဌာနမှ “အဆင့်ဆင့် ဆက်လက်တင်ပြသည်၊ ဆက်လက်တင်ပြပါသည်” ဟူသော မှတ်ချက် ဆယ်ခုလောက်ဖြင့် နောက်ဆုံး ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်ထံသို့ ရောက်သွား၏။ ထိုပုဂ္ဂိုလ်က “ယင်းကိစ္စ ဟုတ်၊ မဟုတ် စုံစမ်းတင်ပြပါ” ဟူသော မှတ်ချက်တွင် “အရေးယူဆောင်ရွက်ရန်၊ အရေးယူဆောင်ရွက်ရန်” ဟူသော ထပ်ဆင့် မှတ်ချက်များနှင့်အတူ အောက်သို့ ပြန်ကျလာ၏။

ထိုအခါ ယင်းကိစ္စကို ဟုတ်၊ မဟုတ် စုံစမ်းရေးအတွက် ရုံးအုပ်အဆင့်ရှိသူများက အဖွဲ့ဖွဲ့ကာ တစ်ပတ်ကျော်မျှ စုံစမ်းပြီး “စာ အမှတ် မည်မျှဖြင့် တစ်ဖက်ရုံးမှ ပေးပို့သောကိစ္စသည် မှန်ကန်ပါသည်“ဟူ၍ တစ်ဆင့်ပြီးတစ်ဆင့် တာဝန်ရှိပုဂ္ဂိုလ်ဆီသို့ ရောက် သွားပြန်၏။ ထိုအခါ ယင်းပုဂ္ဂိုလ်က “ယင်းကိစ္စ မှန်ကန်လျှင် မည်သို့ဆောင်ရွက်ရမည်ကို နည်းလမ်းများ စုံစမ်းတင်ပြပါ ” ဟူသော မှတ်ချက်ဖြင့် အောက်သို့ ပြန်ချပေးလိုက်ပြန်၏။ အောက်သို့ ကျလာသောအခါ ရုံးအုပ်နှင့်အဖွဲ့သည် မည်ကဲ့သို့ ဖြေရှင်းရမည်ကို အချိန်ယူ၍ ဆွေးနွေးတိုင်ပင်ကာ နောက်ဆုံး၌ ရုံးအုပ်နှင့်အဖွဲ့က လူကြီးမင်း၏ မှတ်ချက်အမိန့်အရ
နည်းလမ်းများကို ရှာဖွေရာ အောက်ပါနည်းလမ်းများကို တွေ့ရှိပါသဖြင့် တင်ပြအပ်ပါသည်ဟု ဆိုကာ အောက်ဖော်ပြပါ နည်းလေးနည်းကို တင်ပြခဲ့သည်။
(က) ယင်းခွေးကို သတ်ပစ်ခြင်း၊
(ခ) ယင်းခွေးကို အဝေးသို့ပို့ခြင်း၊
(ဂ) ခွေးဝင်သော အပေါက်ကို လုံးဝပိတ်ထားခြင်း၊
(ဃ) ခွေးမ၀င်ရန် စာကပ်ထားခြင်း။

ထိုအခါ တာဝန်ရှိပုဂ္ဂိုလ်က အောက်မှတင်ပြသော နည်းလေးနည်းကို အောက်ပါအတိုင်း မှတ်ချက်ရေးကာ အဆင့်ဆင့် ပြန်ချပေးလိုက်၏။

(က)နည်းမှာ ကျွန်ုပ်သည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်၍ မရွေးချယ်နိုင်။ (ခ)နည်းမှာ ယင်းခွေးတွင် သားသမီးငယ်များ ရှိနေသည်ဟု သိရ၍ (က)နည်းတူ မရွေးချယ်နိုင်။ (ဂ)နည်းမှာ ရုံးနှစ်ရုံး၏ ဆက်သွယ်ရေးကိစ္စများကို ထိခိုက်စေသောကြောင့် ယင်းနည်းကိုရွေးချယ်ရန် ကျွန်ုပ်ငြင်းဆို၏။ (ဃ)နည်းမှာမူ မည်သူကိုမှလည်း မထိခိုက်သောကြောင့် ယင်းနည်းကို ကျွန်ုပ်ကိုယ်တိုင် ရွေးချယ်လိုက်သည်။

အထက်ပါမှတ်ချက်ဖြင့် စာသည် ရုံးထုံးစံအတိုင်း အဆင့်ဆင့်ကျလာပြီး အောက်ပိုင်းမှ စာတစ်စောင် ပြန်၍တက်လာပြန်၏။ ယင်းစာမှာ “လူကြီးမင်းရွေးချယ်သော (ဃ)နည်းကို အသုံးပြုရေးအတွက် ခွေးမ၀င်ရဟူသော စ…” ဟူ၍ ဖြစ်၏။
ထိုအခါ အထက်လူကြီးက “သင့်လျော်သော ပန်းချီဆရာနာမည်များ တင်ပြပါ”ဟု မှတ်ချက်ဖြင့် ပြန်ကျလာ၏။
အောက်ပိုင်းမှ တဖန် ပန်းချီဆရာလေးဦး၏ အမည်များကို ယင်းတို့၏ အရည်အချင်း၊ အရည်အသွေးများနှင့်အတူ တင်ပြရာ အထက်မှ “ဖော်ပြပါ အရည်အချင်းများအရဆိုမူ ကျွန်ုပ်တို့သည် နံပါတ် (၂)ပန်းချီဆရာကို ရွေးသည်”ဟူသော မှတ်ချက်ဖြင့် ပြန်ကျလာ၏။

ရုံးအုပ်နှင့်အဖွဲ့သည် ရုံးထုံးစံအတိုင်း နံပါတ်(၂) ပန်းချီဆရာဖြင့် ခွေးမ၀င်ရဟူသော စာတန်းကိုရေးဆွဲကာ ရုံးနှစ်ရုံး၏ အ၀င်အထွက် တံခါးဝတွင် ချိတ်ဆွဲထားလိုက်၏။

သို့သော် မကြာမီ တစ်ဖက်ရုံးမှနေ၍ လွန်ခဲ့သော (၁၂)လက စာအမှတ် ဘယ်လာက် ဘယ်လောက်ဖြင့် “လူကြီးမင်းတို့ရုံးမှ
ခွေးတစ်ကောင် ၀င်ရောက်နောက်ဖေးယိုနေ၍ အရေးယူဆောင…” ဟူသောစာသည် အတွင်းရေးဟူသောထိပ်စည်းနှင့် အတူ ရောက်လာပြန်၏။

ထိုစာသည် ထုံးစံအတိုင်း စာလက်ခံရာဌာနမှတဆင့် အထက်လူကြီးဆီသို့ တင်ပြရာ အထက်လူကြီးက “မိမိသည် ဤကိစ္စကို အသေအချာ အရေးယူဆောင်ရွက်ပါလျက် ယခုကဲ့သို့ အဘယ်ကြောင့် ဆက်လက်ဖြစ်နေရသည်ကို ချက်ချင်းစုံစမ်းတင်ပြပါ” ဟူ၍ မှတ်ချက်ဖြင့် အောက်သို့ပြန်ချလိုက်၏။ ထိုအခါ ရုံးအုပ်သည် အဖွဲ့တစ်ခု ချက်ချင်းထပ်ဖွဲ့ကာ အဘယ်ကြောင့် ယင်းခွေးသည် ဆက်လက်နောက်ဖေးယိုမြဲသည်ကို အရေးတယူ စုံစမ်းကြပြီးနောက် အောက်ပါအတိုင်း အဆင့်ဆင့် တင်ပြလိုက်ပြန်၏။

စာအမှတ် မည်မျှဖြင့် “လူကြီးမင်း၏ချက်ချင်းအရေးယူဆောင်ရွက်ရန် မှတ်ချက်အမိန့်အရ ကျွန်တော်မ…”

အထက်ပါ စုံစမ်းတင်ပြချက်စာသည် တစ်ဆင့်ပြီးတစ်ဆင့် ရုံးထုံးစံအတိုင်း အထက်သို့ တက်လျက်ရှိနေ၏။ ယင်းတင်ပြချက် အပေါ် အထက်လူကြီးက မည်သို့ မှတ်ချက်ရေးဦးမည်ကို မသိရသေး။ သို့သော် တစ်ခုသေချာသည်ကတော့ ယင်းခွေးသည် အခြားဟိုဖက်ရုံး၏ ဧည့်ခန်းတွင် နောက်ဖေးယိုမြဲ ယိုနေဦးမည်ကတော့ သေချာနေပေသတည်း။

ချစ်စံဝင်း
(၉-၈-၁၉၆၉)

Believe it or not

1 သမ္မတ ကြီးလင်ကွန်းကို လုပ်ကြံခဲ့တဲ့ သူကတော့ ဂျွန်ဝိုက်စ်ဘုသ်ဖြစ်ပြီး သူဟာ 1839 ခုနှစ်မှာ မွေးဖွားသူဖြစ်ပါတယ်၊၊ သမ္မတကနေဒီကိုလုပ်ကြံခဲ့သူ ဟာဗေး အော့ဝေါ့ဒ်မှာ 1939 ခုနှစ် မှာမွေးဖွားသူဖြစ်ပါတယ်၊၊

2 သမ္မတကြီးလင်ကွန်းဟာ (Ford) ဖို့သ် အမျိုးသားပြဇာတ်ရုံမှာလုပ်ကြံခြင်းခံခဲ့ရပြီး၊ သမ္မတ ကနေဒီကတော့ (Ford) ဖို့သ်ဆိုသူထုတ်လုပ်ခဲ့တဲ့ ကားထဲမှာလုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ့ကားနာမည်ကလဲ လင်ကွန်းလို့ ခေါ်ပါတယ်။

3 သမ္မတလင်ကွန်းကို လုပ်ကြံခဲ့သူ Booth ဟာ ပြဇာတ်ရုံမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးကုန်တိုက်တစ်ခုထဲကနေ ဖမ်းဆီးမိခဲ့ပါတယ်၊၊ သမ္မတ ကနေဒီကိုလုပ်ကြံသူ Oswald ကတော့ ကုန်တိုက်တစ်ခုကနေ ထွက်ပြေးသွားခဲ့ပြီး
ပြဇာတ်ရုံထဲကနေ ပြန်လည်ဖမ်းမိခဲ့ပြန်ပါတယ်၊၊

4 သမ္မတလင်ကွန်းဟာ လုပ်ကြံခြင်းမခံရမီ တစ်ပတ်အလိုမှာ Maryland ပြည်နယ်(Monroe) မွန်ရိုးရပ်ကွက်မှာ ရှိနေ ခဲ့ပါတယ်၊၊ သမ္မတ ကနေဒီကတော့ လုပ်ကြံမခံရမီ တစ်ပတ်အလိုမှာ ကမ္ဘောကျော်မင်းသမီး Marilyn Monroe မာရီလင်မွန်ရိုးနဲ့ အတူရှိနေခဲ့ပြန်ပါတယ်၊၊

5 သမ္မတနှစ်ယောက်ကို လုပ်ကြံခဲ့တဲ့ Booth နဲ့ Oswald တို့ဟာ သူတို့ကို တရားရုံးမှ ပြစ်ဒဏ် မချမှတ်ရသေးခင်မှာပဲ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြန်ပါတယ်၊၊

6 ပျမ်းမျှအားဖြင့် လေးနှစ်အရွယ် ကလေးတစ်ယောက်ဟာ တနေ့ကို မေးခွန်းပေါင်း 437ခုထိ မေးမြန်းနိုင်ပါတယ်၊၊

7 နောက်ပြန်လှည့်ကြည့်စရာမလိုဘဲ နောက်ကိုပြန်မြင်နိုင်တဲ့ သတ္တ၀ါနှစ်မျိုးကတော့ ယုန်နဲ့ ကြက်တူရွေး တို့ပဲ ဖြစ်ပါတယ်၊

8 ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးရဲ့ ခြေထောက်နှစ်ချောင်းမှာ ခြေချောင်း ခြောက်ချောင်းစီ ရှိပါတယ်၊၊

9 ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးရဲ့ အလေးချိန်ဟာ 5,940 billion billion metric tons[SIZE=-1] ဖြစ်ပါတယ်ခင်ဗျာ

10 သင့်ရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ သင်ဟာ အစားအသောက်အလေးချိန်ပေါင်း 60,000 pounds စားသောက်နိုင်ပါတယ်၊၊အဲ့ဒီ အလေးချိန်ဟာ ဆင်ခြောက်ကောင်ရဲ့ အလေးချိန်နဲ့လည်းညီမျှပါတယ်

11 လင်းနို့တွေဟာ ဂူထဲကထွက်တိုင်း ဘယ်ဘက်ကိုပဲ ကွေ့သွားတက်ပါတယ်၊၊

12 အမျိုးသားတွေရဲ့ ရှပ်အင်္ကျိတွေမှာ ကြယ်သီးက ညာဘက်မှာ ရှိပြီး အမျိုးသမီးဝတ်ရှပ်အင်္ကျိ တွေမှာတော့ ကြယ်သီးက ဘယ်ဘက်မှာ ရှိပါတယ်

13 တိုင်တန်းနစ်သဘောင်္တည်ဆောက်ရာတွင် 7 million dollars ကုန်ကြခဲ့ပြီး တိုင်တန်းနစ်ရုပ်ရှင် ရိုက်ကူးမှုအတွက်မှာမှု 200 million dollars သုံးစွဲခဲ့ရပါတယ်

14 နေ့စဉ်တိုင်းနေ့စဉ်တိုင်းတွင် ကလေးငယ်ပေါင်း 400,000 မွေးဖွားနေပြီး လူဦးရေပေါင်း 140,000 ခန့်သေဆုံး နေလျှက်ရှိကာ စုံတွဲ သန်းပေါင်း 200 ကတော့ making love လုပ်ကြပါတယ်တဲ့ခင်ဗျာ

15 ကမ္ဘာ့လူဦးရေ တစ်ဝက်ကျော် သည် တယ်လီဖုန်းခေါ်ဆိုခြင်း သို့မဟုတ် လက်ခံပြောဆိုဖူးခြင်း မရှိပေ၊၊

မှတ်ချက်။ ။ fwd:emailမှ ဖော်ပြသည်။

သင်သိလား.. ?

(1) ကျွန်တော်တို့ အားလုံး နှာချေတဲ့အခါမှာ မျက်လုံးဖွင့်ပြီး ဘယ်လိုမှ ချေလို့မရပါဘူးခင်ဗျာ

(2) လင်းပိုင်တွေဟာ အိပ်တဲ့အခါမှာ မျက်လုံးတစ်ဖက်ဖွင့်ပြီး အိပ်ကျပါတယ်

(3) နှစ်စဉ်တိုင်းမှာ မြွေကိုက်ခံရလို့ သေဆုံးတဲ့လူအရေအတွက်ထက် ပျားတုပ်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်က ပိုများပါတယ်

(4) ညာသန်လူတွေဟာ ဘယ်သန်လူတွေထက် ပျမ်းမျှအားဖြင့် ကိုးနှစ်ပိုအသက်ရှည်ကြပါတယ်

(5) ကျွန်တော်တို့အားလုံး *Queen Elizabeth I *ကို မသိရင်တောင် ကြားဖူးကြမှာပါ။ ဘုရင်မကြီးဟာ လိုအပ်သည် ဖြစ်စေ မလိုအပ်သည်ဖြစ်စေ သုံးလမှာ တစ်ကြိမ်သာ ရေချိုးပါတယ်တယ်။

(6) နာဇီခေါင်းဆောင်ဟစ်တလာဟာ သက်သတ်လွတ်စားသူဖြစ်ပြီး သူ့မှာ Testis (ဝှေးစေ့)တစ်လုံးသာ ရှိပါတယ်

(7) ပိုလာ ၀က်ဝံတွေဟာ ပင်ဂွင်းငှက် 86 ကောင်ကို တစ်ထိုင်တည်း စားနိုင်ပါတယ်

(8) ဂေါက်သီးတစ်လုံးရဲ့ မျက်နှာပြင်ပေါ်မှာ အစက်အပြောက်( အချိုင့်)ပေါင်း 336 ရှိပါတယ်

(9) သင် နှာချေတဲ့အခါမှာ ပါးစပ်နှင့်နှာခေါင်းအား ပိတ်ဆို့မှု မဖြစ်စေရန် ဂရုစိုက်ပါ။အဘယ်ကြောင့်ဆိုသော် သင့်မျက်လုံးများ ကွဲထွက်သွားနိုင်သောကြောင့်ဖြစ်သည်

(10) ပိုးဟပ်တစ်ကောင်အား ခေါင်းဖြတ်လိုက်မည်ဆိုပါက ဆယ့်ငါးရက်တိုင် ဆက်လက်အသက်ရှင်နေနိုင်ပါသည်၊၊ ထိုသို့ သေဆုံးသွားခြင်းမှာလည်း ဆယ့်ငါးရက်တိုင် အစာမစားရသောကြောင့်သာဖြစ်ပါသည်

(11) ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး ဘေးချင်းယှဉ်ပြီးတန်းစီလိုက်ရင် ကမ္ဘာကို အပတ် 60ပတ်မိမှာ ဖြစ်ပါတယ်

(12) လူ့ခန္ဓာကိုယ်မှာ အသန်မာဆုံးသော ကြွက်သားကတော့ လျှာ ဖြစ်ပါတယ်

(13) ရေဘ၀ဲ တွေမှာ နှလုံးသား သုံးခု ပါရှိပါတယ်

(14) နေ ကနေ ကမ္ဘာကို အလင်းတန်းကျရောက်ရန်အချိန် 8 မိနစ် လိုအပ်ပါတယ်။ အဲဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ သင်ဟာ နေ၀င်သွားတာကိုမြင်လိုက်ရတဲ့ အချိန်မှာလွန်ခဲ့တဲ့ 8 မိနစ်ကတည်းက နေ၀င်ပြီးသွားပါပြီ

(15) လူတွေစားသုံးနေကြတဲ့ အစားအစာတွေထဲမှာ တစ်ခုထဲသောမပုပ်မသိုးနိုင်တဲ့ အစားအစာကတော့ ပျားရည်ဖြစ်ပါတယ်၊၊

(16) အင်္ဂလိပ်စကားလုံးတွေထဲမှာ သရ(vowels)မပါဘဲ အရှည်ဆုံးသော စကားလုံးမှာ twyndylly ngs ဖြစ်ပြီး အမွှာစုံတွဲများ လို့အဓိပွါယ်ရပါတယ်

(17) ၀က်တွေဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းတည်ဆောက်ပုံအရ ကောင်းကင်ကို မော့ကြည့်ဖို့ မဖြစ်နိုင်ပါဘူး၊၊

(18) မေလ မှာမွေးတဲ့ကလေးတွေဟာ အခြားလမှာမွေးတဲ့ ကလေးတွေထက် ပျမ်းမျှအားဖြင့် 200 grams ပိုလေးပါတယ်

(19) အက်စ်ကီးမိုးလူမျိုးတွေမှာ ဆီးနှင်း(snow)လို့အဓိပွါယ်ရတဲ့ စကားလုံးပေါင်း တစ်ရာကျော်ရှိပြီး (hello)ဟလို ဟူသောနှုတ်ခွန်းဆက်စကားလုံး မရှိပေ၊၊

(20) ကမ္ဘာပေါ်တွင်ရှိသောလူဦးရေကို အယောက်တစ်ရာထိ အချိုးကျစွာချုံ့လိုက်မည်ဆိုပါက အာရှတိုက်မှ 57 ယောက်၊ ဥရောပတိုက်မှ 21 ယောက်၊ အမေရိကတိုက်မှ 14 ယောက် နှင့် အာဖရိကတိုက်မှ 8 ယောက် စီရှိမှာဖြစ်ပါတယ်၊၊ထိုအထဲမှ တစ်ယောက်တည်းကသာလျှင် ကွန်ပြူတာတစ်စုံကိုပိုင်ဆိုင်မှာဖြစ်ပါတယ်၊၊

(21) ကျွန်တော်တို့ရဲ့ မျက်လုံးအရွယ်အစားဟာ မွေးသည်မှ သေသည်ထိ တရွယ်တည်းဖြစ်ပြီး ၊ နှာခေါင်းနှင့် နားရွက်မှာမူ ကြီးထွားမှုနုန်းရပ်တန့်သွားခြင်းမရှိပေ

(22) အကယ်၍သင်သည် မိုးကြိုးပစ်ခံရပါက အပူချိန် 28000 ဒီဂရီ စင်တီဂရိတ်ဖြင့် လောင်ကျွမ်းခံရမည်ဖြစ်ပြီး ထိုအပူချိန် မှာ နေမျက်နှာပြင်ထက်ပိုမိုသော အပူချိန်ဖြစ်သည်

(23) ကမ္ဘာပေါ်ရှိ ငှက်များအားလုံးထဲမှ အပြာရောင်ကို မြင်နိုင်သောတစ်ခုတည်းသောငှက်မှာ ဇီးကွက်ဖြစ်သည်

(24) ပုံမှန်အားဖြင့် တနေ့တာအတောအတွင်း အမျိုးသားများသည် စကားလုံး 2000 ကျော် ပြောပြီးချိန်တွင် အမျိုးသမီးများ မှာ စကားလုံးပေါင်း 7000ကျော်ပြောပြီးဖြစ်ပေသည်၊၊

(25) ပျားကောင်များသည် ပျားရည် တစ်ပေါင် ရရှိရန် ပန်းပွင့်ပေါင်း 2000 ကျော် ဖြတ်သန်းနားရောက်ရပြီး ခရီးမိုင်ပေါင်း 55000 ကျော် ပျံသန်းရပေသည်၊၊

(26) ခုန်ပေါက်ခြင်း(jumping) မပြုလုပ်နိုင်တဲ့ တစ်ခုတည်းသော နို့တိုက်သတ္တ၀ါကတော့ ဆင်ဖြစ်ပါတယ်

(27) ဂေါက်ရိုက်ကစားခြင်းကို လွန်ခဲ့သောနှစ်ပေါင်းများစွာက စကော့တလန်ပြည်မှစတင် တီထွင်ခဲ့တယ်လို့ ဆိုပါတယ်၊၊ သူတို့ဟာ အဲ့ဒီ ကစားနည်းကို ” Gentlemen Only..Ladies Forbidden ” လို့ သတ်မှတ်ထားရာကနေ အင်္ဂလိပ်တွေက GOLF ဆိုပြီး စတင်ကစားကြတာ ဖြစ်ပါတယ်၊၊

(28) ခြဘုရင်မတစ်ကောင်ဟာ နှစ်ပေါင်း ငါးဆယ်တိုင်အသက်ရှင်နေနိုင်ပြီး နေ့စဉ်ခြကောင်ရေ သုံးသောင်းထိ မွေးဖွားပေးနိုင်ပါတယ်၊၊

(29) သင်နှင့်အတူ မွေးနေ့တစ်နေ့တည်း ကျရောက်နေသူပေါင်းမှာ 10,000,000 (ဆယ်သန်း)ဖြစ်ပါတယ်

(30) ပိုးဟပ်များ လုံးဝမစားသော တစ်ခုတည်းသောအစားအစာမှာ သခွားသီး ဖြစ်ပါတယ်။

(31) သမ္ဓတကြီးလင်ကွန်းဟာ အထက်လွှတ်တော်အမတ် အဖြစ်1846 ခုနှစ်မှာရွေးချယ်ခြင်း ခံရပါတယ်၊၊
သမ္ဓတကနေဒီကတော့ အထက်လွှတ်တော်အမတ် အဖြစ် 1946 ခုနှစ်မှာရွေးချယ်ခံ ရပါတယ်၊၊

(32) သမ္ဓတကြီးလင်ကွန်းဟာ 1860 ခုနှစ်မှာသမ္ဓတအဖြစ်ရွေးချယ်ခံရပြီး သမ္ဓတကနေဒီကတော့1960 ခုနှစ်မှာ သမ္ဓတဖြစ်လာခဲ့ပြန်ပါတယ်၊၊

(33) သမ္ဓတကြီးလင်ကွန်းရဲ့ အတွင်းရေးမှူးနာမည်ဟာ ကနေဒီ ဖြစ်ပြီး သမ္ဓတကနေဒီရဲ့ အတွင်းရေးမှူးနာမည်ဟာလည်း လင်ကွန်းဖြစ်နေပြန်ပါတယ်

(34) သူတို့နှစ်ဦးစလုံးသမ္ဓတအဖြစ်အိမ်ဖြူတော်ကို ပြောင်းရွှေ့အပြီးမှာတော့ရင်သွေးတစ်ဦးစီ ဆုံးပါးသွားခဲ့ရပြန်ပါတယ်
သမ္ဓတနှစ်ဦးစလုံးဟာ သောကြာနေ့မှာ လုပ်ကြံခံရပြီး ၊ နှစ်ဦးစလုံး ဦးခေါင်းကိုပဲ ကျည်ဆန်ထိမှန် သေဆုံးခဲ့ရပါတယ်၊၊

(35) သမ္ဓတနှစ်ဦးစလုံးဟာ တောင်ပိုင်းသားတွေဖြစ်တဲ့ ဂျွန်ဆင်ကြောင့်ပဲ အောင်မြင်ခဲ့ရပြီး တောင်ပိုင်းသားတွေကပဲ ပစ်ခတ်လုပ်ကြံခြင်းကိုခံခဲ့ရပါတယ်။ သမ္ဓတကြီးလင်ကွန်းကို နိုင်ငံရေးလောကမှာအောင်မြင်စေခဲ့တဲ့ အန်ဒရုးဂျွန်ဆင်ဟာ
1808 ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး သမ္ဓတကနေဒီကို အောင်မြင်စေခဲ့တဲ့ လန်ဒန်ဂျွန်ဆင်ကတော့1908 ခုနှစ်မှာ မွေးဖွားသူဖြစ်ပါတယ်၊၊

မှတ်ချက်။ ။ fwd:emailမှ ဖော်ပြသည်။

စိတ်တို၊ ဒေါသဖြစ်ဖို့ …..လိုချင်လို့လား လိုချင်ရင်ဝယ်ပေးမယ်လေ……….

အိမ်ပြန်တဲ့ဘတ်စ်ကား ဂိတ်ခဏထိုးရပ်တာနဲ့ ခရီးသည်တွေ တပြုံကြီးတိုးတက်လာခဲ့တယ်။ ကျွန်မဘေးမှာလာရပ်တဲ့ ရုံးဆင်းစစုံတွဲတစ်တွဲက ကျွန်မအကြည့်ကို ဖမ်းစားထားခဲ့တယ်။ လူများတာကြောင့် ကောင်လေးက သူ့လက်မောင်းနဲ့
ကောင်မလေးလက်ကို မကြာခဏချိတ်နေခဲ့တယ်။ ပြီးတော့ အသံတိုးလေးနဲ့ “ပင်ပန်းခဲ့ပြီလား? ခဏနေကျရင် ဘာစားချင်လဲ?”လို့ မေးနေခဲ့တယ်။

ကောင်လေးအပြောကို ကောင်မလေးက စိတ်မရှည်သလိုနဲ့“စိတ်ရှုပ်လိုက်တာ၊ ဘာစားမယ်ဆိုတာ အရင်ဆုံးဖြတ်မထားဘူးလား! ခင့်ကိုပဲ အမြဲမေးနေတော့တာပဲ”လို့ ပြန်ဖြေတယ်။

ကောင်လေးက အပြစ်ရှိသူတစ်ယောက်လို ခေါင်းလေးငုံ့ပြီး ကျွန်မစိတ်ထဲမှာ အစဉ်မှတ်မိနေစေမယ့် စကားတစ်ခွန်းကို ပြောခဲ့တယ်။

“ခင်ကို အမြဲမေးရတာက ခင်ကြိုက်တာကို မောင်လိုက်စားမလို့ပါ။ ပြီးတော့ ခင်ကျေနပ်သွားတဲ့အပြုံးကို မောင်မြင်ချင်လို့၊ နောက်ပြီး အလုပ်မှာ အဆင်မပြေခဲ့တာတွေ ခင်ခဏမေ့ထားနိုင်ဖို့ပါ။ အလုပ်ထဲထိ ခင်ကိုလိုက်ကူညီဖို့ မောင်မစွမ်းနိုင်ခဲ့လို့ မောင် အခုလို ပြောမိတာပါ”

ကောင်လေးစကားကိုကြားတော့ ကောင်မလေးက ရှက်ရွံ့ရွံ့နဲ့ “ဆောရီး…”လို့ ပြန်တောင်းပန်တယ်။

“ကိစ္စမရှိပါဘူး.. ခင်စိတ်ချမ်းသာရင် တော်ပါပြီ” ဆိုပြီး ကောင်လေးက ကောင်မလေးနဖူးကို ငုံ့နမ်းလိုက်တယ်။

ကျွန်မဆင်းမယ့် ကားဂိတ်ရောက်တော့ ကားပေါ်ကမဆင်းခင် သူတို့နှစ်ယောက်ကို ကျွန်မပြန်လှည့်ကြည့်မိတယ်။ ကောင်လေးက သူချစ်တဲ့ကောင်မလေးကို ကာကွယ်စောင့်ရှောက်ထားတုန်းပဲ။

ဒီလိုမြင်ကွင်းသာ မတွေ့ခဲ့မိရင်၊ ဒီလိုစကားသာ မကြားခဲ့မိရင် ကျွန်မလည်း ဒီနေ့အလုပ်မှာကြုံခဲ့တဲ့ရတဲ့ စိတ်ရှုပ်စရာတွေနဲ့ အိမ်ပြန်ရောက်ရင် ကိုယ်ချစ်တဲ့သူကို မျက်နှာရှစ်ခေါက်ချိုးနဲ့ စူပုပ်ပြတော့မယ်။ ကိုယ့်ခံစားချက်ကိုသာသိပြီး ကိုယ်အလိုမကျ တဲ့မျက်နှာကို ဘုမသိဘမသိ ရင်ဆိုင်ရမယ့် တစ်ဘက်သားရဲ့ခံစားချက်ကို ကျွန်မလျစ်လျူရှူမိတော့မယ်။ ပြီးတော့မရည်ရွယ်ဘဲ ကိုယ်နဲ့အရင်းနှီးလူကို စိတ်ထိခိုက်စေတော့မယ်။

ဒါကြောင့် အိမ်ထဲမဝင်ခင် “ဘတ်စ်ကားပေါ်က ကောင်မလေးလို ကိုယ့်စိတ်ရှုပ်စရာတာတွေကို တစ်ဘက်သားအပေါ်
စုပုံချရက်သလား?”လို့ ကျွန်မကိုယ်ကျွန်မ မေးမိတယ်။ အလုပ်မှာအဆင်မပြေခဲ့တာတွေ၊တစ်ခြားလူနဲ့ မကျေနပ်ခဲ့တာတွေကို ကိုယ်ချစ်တဲ့သူတွေအပေါ်ပုံချပြီး ကျွန်မတို့ရဲ့ဆက်ဆံရေးကို မဆိုးဝါးစေချင်ခဲ့ပါဘူး။

ဒီလို ကိုယ့်ခံစားချက်ကို ကိုယ်ဖမ်းချုပ်မထားနိုင်ချိန်မှာ ဒီလိုအမေးမျိုးကို ကျွန်မတို့ သတိရသင့်တယ်။ ဒါဟာလည်း စိတ်ရှုပ်စရာအခြေအနေမှာ အပြုံးတစ်ခုတိုးစေတဲ့ နည်းဖြစ်တယ်။

နေ့စဉ်လူ့ဘဝမှာ ကျွန်မတို့ရဲ့ လိုအင်တွေကများခဲ့တယ်။ ရယူတာနဲ့ ဆုံးရှုံးတာကို ကျွန်မတို့အရမ်း ဂရုစိုက်ခဲ့ကြတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ခံစားချက်က နိမ့်လိုက်မြင့်လိုက်နဲ့ ကျွန်မတို့ မပျော်ရွှင်ခဲ့ကြဘူး။

“စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ တွေ့ဆုံခဲ့ကြတာမဟုတ်ဘူး”"
“စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ အလုပ်လုပ်နေတာမဟုတ်ဘူး”
“စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ စာသင်နေတာမဟုတ်ဘူး”
“စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ သူငယ်ချင်း မိတ်ဆွေထားတာမဟုတ်ဘူး”
“စိတ်တို၊ ဒေါသဖြစ်ဖို့ လင်နဲ့မယားအဖြစ် ကျွန်မတို့ ပေါင်းသင်းခဲ့တာမဟုတ်ဘူး”
“စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ ကလေးမွေးခဲ့ကြတာမဟုတ်ဘူး”

စိတ်တို၊ ဒေါသထွက်ချိန်မှာ ကျွန်မတို့ဒီလို တွေးတောနိုင်ခဲ့ကြရင် ကျွန်မတို့ရဲ့စိတ်ညစ်စရာ ခံစားချက်တွေကို ကျွန်မတို့ တနည်းနည်းနဲ့ ဖြေသိမ့်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မှတ်ချက်။ ။ fwd:email မှဖော်ပြသည်။

ကြက်နှင့် ကြက်ဥ ဘယ်သူအရင်လဲ

ကြက်ဥနှင့်ကြက် ဘယ်သူက အရင်စဖြစ်သလဲဆိုသည့် ပုစ္ဆာအတွက်အဖြေကို ဗြိတိန်မှ သိပ္ပံပညာရှင်များက ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ ရှက်ဖီးနှင့် ၀ါးလ်ဝစ်ခ်တက္ကသိုလ်မှ ပညာရှင်များသည် စူပါကွန်ပျူတာသုံးပြီး တိရစ္ဆာန် များက ဥခွံကို ဖန်တီးပုံကို မူလက ရှာဖွေလော့လာခဲ့ရာမှ အမှတ်မထင် ယင်းအယူအဆကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကြက်ဥက စဖြစ်သလားလို့ အရင်က သံသယ ရှိခဲ့ကြပါတယ်။ဒါပေမဲ့ ကြက်က စဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိပ္ပံနည်းကျ သက်သေပြနိုင်ပါပြီ”ဟု ရှက်ဖီးလ်တက္ကသိုလ်မှ ဒေါက်တာကောလင်းဖရီးမင်းန်က ဗြိတိသျှသတင်းစာ တစ်စောင်ဖြစ်သော မက်ထရိုသို့ ပြောကြားခဲ့သည်။

သုတေသန ပညာရှင်များသည် HECToR ဟု အမည်ရသည့် စူပါကွန်ပျူတာဖြင့် ယခင်ကတည်းက အခြားပညာရှင်များတွေ့ရှိ ထားသည့် ဥဖန်တီးပေးနိုင်သော ပရိုတိန်းတစ်မျိုးကို ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ကြခြင်းဖြစ်သည်။ ကြက်များက ဥ ဖန်တီးရန် လိုအပ်သော ဓာတ်သတ္တိများကို လေ့လာပြီးနောက် ယင်းဓာတ်သတ္တိများကို မည်သို့ပေါင်းစပ်လျှင် ဥဖြစ်လာမည်ဆိုခြင်းကို စူပါကွန်ပျူတာဖြင့် တွက်ချက်ခဲ့ကြသည်။

ကြက်မက ဥချရန် တစ်ရက်သာ အချိန်ကြာသော်လည်း ကွန်ပျူတာဖြင့် ယင်းဓာတ်ပစ္စည်းတို့ ပေါင်းစည်းပြီး ဥဖြစ်လာနိုင်ပုံကို လေ့လာခဲ့မှုမှာမူ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။ ယင်းလေ့လာမှုအရ ကြက်အတွင်းရှိ ပရိုတိန်းဓာတ်တစ်မျိုး၏ ဥခွံလွှာများ တည်ဆောက်ပုံကို နားလည်ခဲ့ရသည်ဟု ဆိုသည်။

ယခု တွေ့ရှိမှုအရ ဥခွံ တည်ဆောက်နိုင်သည့် ပရိုတိန်းမျိုးမရှိလျှင် ယင်းသို့သော ဥမျိုးများဖြစ်လာရန် မဖြစ်နိုင်ကြောင်း ကောက်ချက်ဆွဲခဲ့ကြသည်။ ယင်းပရိုတိန်းကိုလည်း ကြက်တို့၏ မမျိုးဥအိမ်တွင်းတွင်သာ တွေ့နိုင်ရာ ကြက်မရှိဘဲ ဥ ဖြစ်မလာနိုင်ကြောင်း သုံးသပ်ခဲ့ကြခြင်း ဖြစ်သည်။

သို့ဆိုလျှင် ယင်းကြက်များ မည်သည့်နေရာမှ လာသည်ဆိုခြင်းမှာ မေးခွန်းထုတ်စရာ ရှိနေဆဲဖြစ်ပြီး ဥဖြင့်မွေးသော သတ္တ၀ါ တို့၏အစမှာလည်း မေးခွန်းထုတ်စရာ ရှိနေဆဲဖြစ်သည်။မျက်မှောက်ခေတ် မြင်တွေ့နေရသော တိရစ္ဆာန်များနှင့် မတူသော ဘိုးဘေးတိရစ္ဆာန်များသည် ဒိုင်နိုဆောခေတ်က ဥခွံဖြင့်မွေးသည့် သတ္တ၀ါများ ဖြစ်လာခဲ့ကြသည်ဟူသော အယူအဆများလည်း ရှိနေသည်။

ယခု လေ့လာမှုမှာ မူလကတည်းက ကြက်ဥနှင့်ကြက် ဘယ်ကစသည်ဆိုခြင်းကို လေ့လာခဲ့ခြင်းမဟုတ်ဘဲ လူသားတို့ပင် စက်ပစ္စည်းများ၊ နည်းပညာများဖြင့် မဖန်တီးနိုင်သော တိရစ္ဆာန်တို့၏ ဥတည်ဆောက်ပုံကို လေ့လာခဲ့ခြင်းဖြစ်သောကြောင့် ကြက်တို့၏ ဥတည်ဆောက်ပုံမှတစ်ဆင့် အလွန်သေးငယ်သော ခရစ္စတယ်ပုံဆောင်ခဲများဖြင့် ပစ္စည်းများဖန်တီးခြင်း၊ ယင်းတို့ကို ဖျက်ဆီးခြင်းတို့ကို ဆက်လက်လေ့လာနိုင်ရန်သာ အဓိက ရည်ရွယ်ထားသည်ဟု ပညာရှင်များကဆိုသည်။

သင့် ဘက်က စပြီးသေချာပါစေနော်

” သေချာမှု ” တဲ့
အဲဒီသေချာမှုကို လူတွေအားလုံးလိုချင်ကြတယ် ။

တစ်ခုခု လုပ်မယ်ဆို ကိုယ်လုပ်မယ့် ကိစ္စကို သေချာလား၊ မသေချာလား အရင်စူးစမ်းကြလေ့ ရှိပါတယ်။

ဒီသေချာမှုဆိုတဲ့ စကားလေးကို ချစ်သူများရဲ့ ရှု့ထောင့်လေးက တင်ပြဆွေးနွေးပါရစေ ။

သမီးရည်းစားတွေ ပြတ်ကြ၊ ကွဲကြတယ်၊ ဒါဟာသဘာဝတစ်ခုပါပဲ မဆန်းပါဘူးလို့ ပြောလေ့ ရှိပါတယ် ။

မဆန်းပါဘူး ဟုတ်ပါတယ်။ ဆန်းတာတစ်ခုက လူ့ စိတ်တွေပါ ။

အများအားဖြင့် ယောက်ျားလေးတွေပါ။ ကိုယ်ရစရာရှိရင်တော့ သေချာရဲ့လား၊ အလိမ်ခံရမှာလား၊ နစ်နာမှာလား သေချာစူးစမ်း လေ့ရှိပေမယ့် အချစ်ရေးကိစ္စမှာတော့ သုံးသပ်ခြင်းကင်းလေ့ ရှိပါတယ်။

တစ်ခါက ရွာတစ်ရွာမှာ ဘိန်းစားတစ်ယောက်ရှိသတဲ့။ ရွာထဲမှာ ဘိန်းရှုလို့ မရလို့ သူဟာ ရွာပြင်က ဇရပ်မှာ ထွက်ပြီး ဘိန်းရှုလေ့ ရှိပါတယ်။ တစ်နေ့ ရွာက သူကြီး တစ်ခြားရွာတွေက အခွန်ကောက်ပြီး မြင်းစီးပြန်လာတာ အဲဒီဇရပ်နားက ဖြတ်တာကို ဘိန်းစားက မြင်တော့"ဗျို့...သူကြီး၊ သူကြီးလက်ထဲက ပိုက်ဆံထုပ်ကြီး ကျုပ်ကို ပေးခဲ့ပါလား"လို့ လှမ်းပြီး အော်ပြောလိုက်တယ်။ သူကြီးက "မင်းကို ငါက ဘာလို့ ပေးရမှာလဲ"ဆိုပြီး ပြန်ပြောပြီး ရွာထဲ ၀င်သွားတော့တယ် ။

ဘိန်းစားက ဘာပြန်ပြောလဲ ဆိုတော့မပေးလည်းနေပေါ့ပါးစပ်ပဲ စိုက်ရတာ ဆိုပြီး ပြန်မှိန်းနေလိုက်ရောတဲ့။
…………………………………………………………………………………………..

ကျွန်တော်တို့ ယောက်ျားလေးတွေထဲက တစ်ချို့ဟာ propose လုပ်တာကို “ဘာခက်တာမှတ်လို့ ပါးစပ်ပဲစိုက်ရတာ မရလည်း အ၇င်းပဲပေါ့ “ဆိုပြီး ပေါ့ပေါ့လေးပြောတတ်ကြတယ် ။

တကယ်တမ်းတော့ မိန်းကလေးတွေက ရွေးခွင့်ပဲ ရှိတာလေ။ လာပြီး ကမ်းလှမ်းတဲ့လူတွေထဲပဲ ရွေးခွင့်ရှိတာ။ အစဉ်အလာတွေ
ယဉ်ကျေးမှုတွေရဲ့ ကြားမှာနေ နေရပါတယ်ဆိုတဲ့ သူမတို့ရဲ့ဘ၀က ပျိုမျစ်ချိန် ခဏလေးပါ ။

ကိုယ်က တကယ်ချစ်တယ် မသေချာပဲတွဲရင်၊ ဒါမှမဟုတ် ချစ်တယ်လို့ ထင်ရုံလေးနဲ့တွဲခဲ့ရင်၊ သူတို့မှာ နစ်နာမှုတွေဆုံးရှုံးမှုတွေ အများကြီးပါပဲ။ ကိုယ်တကယ်မချစ်တဲ့သူကို ရေရှည် အနွံတာခံဖို့ မလွယ်ပါဘူး။ ကြာရင် ပြဿနာတွေ ဖြစ်ပြီး ကွဲကြတာပါပဲ။
ဒါက လက်ရှိ သမီးရည်းစားအများစုမှာဖြစ်နေတဲ့ ပြဿနာပါ ။

သမီးရည်းစား၂ယောက် ကွဲတဲ့အခါ(၁) မိန်းကလေးတစ်ယောက်ရဲ့ နုနယ်ပျိုမြစ်တဲ့အချိန်တွေ အလဟာဿဖြစ်ကုန်ပါတယ်။
(မိန်းကလေးတစ်ယောက်ဟာ ယျေဘူယျအားဖြင့် အသက် 25 နှစ်ကျော်တဲ့ အခါ နုနယ်မှု၊ လှပမှုတွေ ဆုတ်ယုတ် ကျဆင်း လာတတ်ပါတယ်။ ယောက်ျားလေးများကတော့ အသက် လေးဆယ်အထိ ဖြတ်လတ်သန်မာနေနိုင်ပါတယ်။ )

(၂) ရည်းစားနောက်တစ်ယောက်ထားမိရင်တောင် ပတ်ဝန်းကျင်မှာ ရည်းစားများတယ် နာမည်ပျက်ရပါတယ်။

နောက်တစ်ခုက ကိုယ်က တကယ်မချစ်ပဲ တွဲနေတဲ့ အခါ၊ သူ့ကို တကယ်ချစ်နိင်၊ ဂရုစိုက်နိုင်တဲ့ သူတစ်ယောက်ယောက်နဲ့ လွဲသွားနိင်ပါတယ်။ ဒါဟာ သူ့ ဘ၀ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို အနိင်ကျင့်တာနဲ့ အတူတူပါပဲ။

ကိုယ့်မှာလည်း အမတွေ ၊ ညီမတွေ ရှိနိင်ပါတယ်။ ကိုယ့်ညီမတွေ အမတွေကို အဲဒီလိုလာပြီး လုပ်ခဲ့မယ်ဆိုရင် ကြိုက်မှာ မဟုတ်ဘူးဆိုတာ ၉၉ရာခိုင်းနှုန်းသေချာပါတယ်။ သူစိတ်ဆင်းရဲ့သလို ကိုယ်လည်း စိတ်ချမ်းသာနိင်မှာမဟုတ်ပါဘူး။

အဲဒီတော့ ယောက်ျားလေးများ ရည်းစားစကားပြောမယ်ဆို အရင်ဆုံး စဉ်းစားစေချင်ပါတယ်။ သေချာပြီလားလို့ ……..

ကြက်တူေ၇ွးစကား သင်သလို လက်တဲ့ စမ်းရမယ့်အလုပ်မျိုးနဲ့ သူတပါးအကျိုးယုတ်စေတဲ့ အလုပ်မျိုးကို ယဉ်ကျေးတဲ့ မြန်မာအမျိုးသားများ လုပ်လေ့မရှိပါဘူး။ ဆင်ချင်ကြပါလို့ တိုက်တွန်းပါရစေ ။

မိန်းကလေးများဘက်ကရော တကယ်မချစ်ပဲ acceptမလုပ်ကြဖို့ ပြောချင်ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ဘက်က တစ်ခဏတာ အမှတ်တမဲ့တစ်ခုဟာ တစ်ဘက်မှာ တစ်ဘ၀စာ အမှတ်တရဒဏ်ရာတစ်ခုဖြစ်သွားနိုင်လို့ပါ။

အပြင်ပန်းက ဒဏ်ရာရတာကို ဥပဒေအရအရေးယူနိုင်ပေမယ့် နှလုံးသားထဲထိ နက်နက်ရှိုင်းရှိုင်းရသွားနိုင်တဲ့ နာကျင်မှု စိတ်ဒဏ်ရာအတွက် ကာကွယ်ပေးနိင်မယ့် ဥပဒေမရှိတာမို့ သူ့နေရာမှာ ငါသာဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး ထည့် ထားပေးဖို့ တောင်းဆိုလိုက်ပါရစေ ။

တစ်ချို့ အွန်လိုင်းပေါ်မှာမို့ အပျော်ပါတဲ့။ အဲဒီအပျော်ဆိုတာလေးက စကားကိုလွယ်လွယ်ပြောတတ်တဲ့၊ စကားမတည်တတ်တဲ့ အကျင့်လေး မသိစိတ်ထဲစွဲသွားပြီး ကိုယ့်ကို လေးစားမှုလျော့ကျသွားနိုင်ပါတယ်။
” ကိုယ့် စကားကိုယ်လေးစားကြပါလို့“…..

ဒါကြောင့် ” သင့်ဘက်က စပြီးသေချာပါစေနော်”။
………………………………………………………………………..
သူငယ်ချင်းများအားလုံး အစစအရာရာ အဆင်ပြေကြပါစေ။ မေတ္တာစစ် မေတ္တာမှန်ဆိုတာ ပြီးပြည့်စုံတဲ့လူကို ချစ်တာမဟုတ်ပါဘူး။
မပြည့်စုံတဲ့သူကို ပြည့်ပြည့်၀၀ ချစ်တာပါ။

မှတ်ချက်၊ ။fwd:အီးမေးလ်မှ ဖော်ပြသည်။

Jul 21, 2010

Ideal Marriage(စံပြုထိုက်တဲ့အိမ်ထောင်ရေး)

ဆရာသမားတစ်ယောက်ကပြောဖူးတာပေါ့ . ..
Ideal Marriage ဆိုတဲ့ စံပြုလောက်တဲ့ အိမ်ထောင်ရေးမျိုးရချင်ရင်တဲ့..သူပြောတဲ့ စံငါးခုနဲ့ ကိုက်ရွေးတဲ့
သူပြောတာက . ..
1- loving each other
2- mature brain
3- proper income
4- good health and
5- acceptable both sides

1.loving each other
ဒါကတော့ရှင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးခြင်း ၊ အပြန်အလှန်လေးစား နားလည်မှုပေးခြင်းတို့ ရှိမှသာ ပျော်ရွင်စရာကောင်းတဲ့ အိမ်ထောင်ရေးမျိုးကို ရမှာပါ။

2.mature brain
ကိုယ်အိမ်ထောင်ဘက်က အတွေးအခေါ် ရင့်ကျက်တဲ့သူမျိုးဖြစ်မှသာ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု ကူညီမှုတွေ ပေးနိုင်မှာပါ။ စိတ်ဓာတ်မရင့်ကျက်တဲ့သူတစ်ယောက်ဟာ ဘာကိုမဆို အလေးအနက်မတွေးတတ် ၊ ပြသနာတွေကိုလည်း မှန်ကန်တဲ့ နည်းလမ်းနဲ့ မဖြေရှင်းတတ်တဲ့ အပြင် အရာရာမှာလိုက်ပြီး သ၀န်တိုစွပ်စွဲချက်တွေနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေမှာမို့ ကိုယ့်ဘ၀အတွက်လက်တွဲဖော်မရဘဲ trouble maker သာ ဖြစ်နေမှာ သေချာပါတယ်။ ဒါကြောင့်
လက်တွဲဖော်ရှာတော့မယ်ဆိုရင် သူဟာ စိတ်ဓာတ်ရင့်ကျက်တဲ့သူ ဟုတ်ရဲ့လား ဆိုတာအလေးအနက်ထား အချိန်ယူ စဉ်းစား သင့်ပါတယ်။ ချစ်သူဘ၀မှာတော့ သ၀န်တိုတာလေးကပဲ ချစ်စရာ၊ အိမ်ထောင်လည်းကျရော သဘောထားသေးသိမ်တယ် ဆိုတဲ့ ခေါင်းစဉ်အောက် အလိုလိုရောက်သွားတတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း မညာမိစေဖို့ သတိထားရင်း အမှန်အတိုင်း ချစ်သူကို လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။

3. proper income
သင့်တင့်လျောက်တတ်တဲ့ဝင်ငွေ မရှိဘဲနဲ့ အိမ်ထောင်ပြုဖို့ မစဉ်းစားသင့်ပါဘူး။ တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ ၊ ထမင်းရည်ပဲ
လျက်ရလျက်ရ ဆိုတာတွေက တကယ်တော့ လက်တွေ့ကျကျဘ၀ကို စဉ်းစားဆုံးဖြတ်မယ့်သူတွေအတွက်တော့ ရယ်စရာ ဟာသ တစ်ခုပါဘဲ။
သိုးဆောင်းစကားပုံ တစ်ခုအရ ဆိုရင်တော့ မီးဖိုချောင်မှာ ပေါင်မုန့် မရှိတဲ့အခါ အချစ်ဟာ ပြတင်းပေါက်က ထွက်ပြေးမှာပါ။
ဒါကြောင့် ကိုယ့်အဆင့်အတန်း ၊ ကိုယ့်အခြေအနေ နဲ့ လိုက်ဖက်တဲ့ ၀င်ငွေမျိုး ချစ်သူက ရှာပေးနိုင်ရဲ့လားဆိုတာလည်း စဉ်းစားစရာပါပဲ။

4. good health
ပိုက်ဆံလည်းချမ်းသာပါရဲ့ ပညာတွေလည်းတတ်ပါရဲ့ သိပ်လည်းချစ်ကြပါရဲ့။ ဒါပေမယ့် ချစ်သူက ရှူနာရှိုက်ကုန်းလေးဆို ဘယ်ဖြစ်မလဲ။ ဒါကြောင့် ရောဂါသည်လေးမရွေးမိအောင်လည်း သတိထားရမှာပေါ့၊

5. acceptable both sides
လူကြီးမိဘတွေက အမြဲတမ်းမှန်နေတာ မဟုတ်ပေမယ့် ကိုယ့်ထက်ပိုပြီး အတွေ့အကြုံ ရ့င့်ကျက်တာတော့ ငြင်းလို့မရပါဘူး။ တကယ်လို့ လူကြီးတွေက လက်မခံနိုင်ဘူးဆိုရင် ဇွတ်ရှေ့မတိုးဘဲ ဘာကြောင့် သဘောမတူနိုင်သလဲဆိုတာခေါင်းအေးအေးနဲ့ စဉ်းစားဖို့လိုပါလိမ့်မယ်။ နှစ်ဖက်မိဘသဘောကျတယ်ဆိုရင်တော့ OK ပေါ့။

No one is perfect တဲ့ ။ ideal marriage ရဖို့အတွက် အထက်က အချက်အားလုံးနဲ့ ကိုက်ညီရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် အားလုံးပြည့်စုံဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ နည်းနည်း အလျော့အတင်းလေး ရှိရမှာပေါ့နော်။
ဒါဖြင့် တို့တွေ ငယ်ငယ်က စာမေးပွဲဖြေသလိုမျိုး အမှတ်ပေး ကြည့်ရအောင် အမှတ်ပြည့်က တစ်ရာဆိုရင် အချက်ငါးချက် ဆိုတော့ တစ်ခုကို နှစ်ဆယ်မှတ်စီပေါ့
တစ်ခုဆို 20 (အမှတ် တစ်ရာမှာ 20 ဆိုရင် စာမေးပွဲကျပြီပေါ့)
နှစ်ခုဆို 40 (အင်း . . . အောင်မှတ်ရယုံလေးဆိုတော့ သိပ်မကောင်းသေးဘူးနော်)
သုံးခုဆို 60 ( သိပ်တော့မဆိုးဘူးနော် .. ငယ်ငယ်က ဆရာတွေ ပြောသလို ဆိုရင်တော့ ဆက်လက်ကြိုးစားပါပေါ့)
လေးခုဆို 80 (ဂုဏ်ထူးထွက်နေပြီ ဆိုတော့ သင့်တော်တဲ့သူလို့ပြောလို့ရတာပေါ့)
ငါးခုလုံး ဆိုရင်တော့ အမေ့ကိုသာ တစ်ခါတည်းပြောလိုက်ပေတော့။

မှတ်ချက်။ ။fwd:email မှပြန်လည်ဖော်ပြသည်။

ကျေးဇူးတင်စကား တစ်ခွန်းတော့ပြောပါ

အပန်းဖြေစခန်းက ပြန်လာတဲ့ ကားတစ်စီးဟာ လမ်းတစ်နေရာ ရွံ့အိုင်မှာ ရပ်သွားခဲ့တယ်။ ကားပေါ်က သားသားနားနား ဝတ်ဆင်ထားတဲ့ လူတစ်ဦးက ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး “ကျွန်တော့်ကားအောက်ထဲဝင်ပြီး ဘယ်သူ ဝက်အူကျပ် ပေးနိုင် မလဲလို့” အော်ဟစ် အကူအညီတောင်း လိုက်တယ်။ကားရဲ့ ဆီတိုင်ကီက ဝက်အူတစ်ချောင်း ချောင်နေပြီး ဆီတွေယိုနေခဲ့လို့
ရပ်သွားတာဖြစ်တယ်။ ဓာတ်ဆီဆိုင်နဲ့ လည်း အတန်ငယ် အလှမ်းဝေးနေတာကြောင့် ကားပိုင်ရှင်ရဲ့စိတ်ဟာ အိုးဖုံးပူပေါ်က ပုရွက်ဆိတ်တွေလိုပဲ လှုပ်ရှားနေခဲ့တယ်။

ကားပိုင်ရှင်ဘေးက လှလှပပပြင်ထားတဲ့ အမျိုးသမီးတစ်ဦးက “ဆုငွေရှိရင် ကူတဲ့လူ ပေါ်လာလိမ့်မယ်” လို့ပြောတော့ ကားပိုင်ရှင်ဟာ တန်ဖိုးကြီးငွေစက္ကူတစ်ရွက်ကို အလျှင် အမြန်ထုတ်ပြီး“ဝက်အူကျပ်ပေးတဲ့လူ ဒီပိုက်ဆံနဲ့ ထိုက်မယ်” လို့ ပြောလိုက်တယ်။

ဝိုင်းကြည့်နေတဲ့ လူတွေထဲက လူငယ်တစ်ဦး တစ်ချက်လှုပ်သွားတယ်။ ဒါပေမယ့်ဘေးလူတစ်ယောက်က “ပိုက်ဆံရှိသူတွေရဲ့ စကားကို မယုံနဲ့” ဆိုပြီးလှမ်းဆွဲလိုက်တယ်။အဲဒီအချိန်မှာ ကလေးငယ်တစ်Uီးက ထွက်လာပြီး“ကျွန်တော် ကူမယ်” လို့ပြော လိုက်တယ်။ကလေးငယ်က ကားအောက်ထဲဝင်ပြီး ဝက်အူကို ကျပ်ပေးလိုက်တယ်။ တစ်မိနစ်တောင် မကြာတဲ့အချိန်နဲ့ ကား အောက်က ထွက်ပြီး ကားပိုင်ရှင်ကို မျှော်လင့်ချက်မျက်လုံးနဲ့ ကြည့်နေခဲ့တယ်။ ကားပိုင်ရှင်က ကလေးငယ်ကို အခုနားက
ငွေကိုလှမ်းပေးမယ်အလုပ်မှာ အမျိုးသမီးက -
“ဒီငွေကို ပေးမလို့လား? အကြွေတစ်ချို့ ပဲပေးလိုက်ပါ” လို့ ဝင်ဟန့်တယ်။ကားပိုင်ရှင်က အမျိုးသမီးဆီက ငွေအကြွေကို ယူပြီး ကလေးကိုလှမ်းပေးလိုက်တယ်။
ကလေးက မယူဘဲ ခေါင်းခါပြတယ်။ ဝိုင်းကြည့်နေတဲ့ လူအုပ်ကြားက ဝေဖန်သံတစ်ချို့ထွက်လာတော့ ကားပိုင်ရှင်က အကြွေ တစ်ချို့ ထပ်ပေါင်းပြီး ကလေးကို ကမ်းပေး ပြန်တယ်။ ကလေးငယ်က ခေါင်းခါပြန်တော့ စိတ်ဆိုးပြီး “ဘာလဲ? မင်းက နည်းသေးတယ်လို့ ထင်လား? နည်းတယ်ထင်ရင် လုံးဝမပေးတော့ဘူးနော်” လို့ အော်လိုက်တယ်။

“နည်းတယ်ထင်လို့ မဟုတ်ပါဘူး။ ကျွန်တော့်ဆရာမက ပြောပါတယ်။ လူတွေကို ကူညီတာအကျိုးအမြတ် ရဖို့အတွက် မဟုတ် ပါဘူး”လို့ ကလေးငယ်က ပြန်ပြောတော့“ဒါဆို မင်းဘာဖြစ်လို့ မသွားသေးတာလဲ?” ကားပိုင်ရှင်က စိတ်ပျက်လက်ပျက်
မေးပြန်တယ်။
“ခင်ဗျားဆီက ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းကို ကျွန်တော်စောင့်နေတာပါ”လို့ ကလေးက ပြန်ပြော လိုက်တယ်။

လူအချင်းချင်းကြားက အပြန်အလှန်နားလည်မှုဟာ တော်တော်လေး ကြောက်ဖို့ကောင်းမှန်း ဒီပုံပြင်က ပြောသွားခဲ့ပါတယ်။ တူညီတဲ့ အဖြစ်အပျက်တစ်ခုမှာ ကာယာကံရှင်ဖက်က ကြည့်ရင်တစ်မျိုး၊ တစ်ခြားလူဖက်က ကြည့်ရင်တစ်မျိုး စတဲ့ အမြင် မတူတာတွေ ရှိတတ်ကြတယ်။ ဘာသာစကားက လူတွေကြားမှာရှိတဲ့ လွဲမှားတဲ့ နားလည်မှုကိုအဆက်အသွယ်လုပ်ပေးခဲ့တယ်။ ဒါပေမယ့် ဘာသာစကားက လူတွေရဲ့အကြားအထင်အမြင်လွဲမှားမှုကို တကယ်ဖြေရှင်းပေးနိုင်သလား? ဘာသာစကားနဲ့ လူတွေကြားမှာ မရှိသင့်တဲ့ အမှားတွေကို ကာကွယ်နိုင်ဖို့ လူတိုင်းမျှော်လင့်ခဲ့ကြသလား?
VN:R_U [1.9.3_1094]

မှတ်ချက်၊ ။ fwd:eamilမှပြန်လည်ဖော်ပြသည်။

အတူတူမအိပ်သင့်တဲ့အရာ ၅မျိုးအကြောင်း

မိတ်ဆွေများအတွက် ဗဟုသုတရစေဖို့ အတူတူမအိပ်သင့်တဲ့အရာ ၅မျိုးအကြောင်းကို မျှဝေလိုက်ပါတယ်… ရှောင်ကြဉ်နိုင်ကြမယ်လို့မျှော်လင့်လျှက်

1. DON’T SLEEP WITH WATCH

Watches can emit a certain level of radioactivity.Though small, but if you wear your watch to bed for a long time, it might have adverse effects on your health.

၁. နာရီဝတ်ပြီးမအိပ်ပါနဲ့..

နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်…နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာ အိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်ပါတယ်တဲ့….ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီး အိပ်ကြပါ..

2. DON’T SLEEP WITH BRA

Scientists in America have discovered those that wear bras for more than 12 hours have a higher risk of getting breast cancer. So go to bed without it.

၂. အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့

အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်းသိရပါတယ်…ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော့ Pls sleep without bra,ok?

3. DON’T SLEEP WITH PHONE

Putting the phone beside your bed or anywhere near you is not encouraged.Though some of us will use phones as alarm clocks,but please put the phone as far as possible.
Scientists have proved that electrical items including mobile phone and television sets emit magnetic waves when used.
These waves can cause disruptions to our nervous system.Therefore if you need to put your mobile phone near you, switch it off first.

၃. ဖုန်းနဲ့အတူတူမအိပ်ပါနဲ့

မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို အားမပေးပါဘူး..တစ်ချို့က ဖုန်းကို နိုးစက်အနေ နဲ့ အသုံးပြုတတ်ကြပါတယ်….အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာ ထားသင့်ပါတယ်…… ပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်းအပါအ၀င် တယ်လီဗေးရှင်းစက်များဟာ အသုံးပြုနေတဲ့အခါမှာ သံလိုက်လှိုင်းများ ကိုထုတ်လွှင့်နေကြကြောင်း သက်သေပြခဲ့ကြပါတယ်..အဲဒီသံလိုက်လှိုင်းများဟာ ကျွန်မတိုရဲ့ အာရုံကြောအဖွဲ့အစည်းကို အနှောက်အယှက်ပေးစေနိုင်ပါတယ်..ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားအိပ်မယ်ဆိုရင်တောင် ဖုန်းကို ပိတ်ထားသင့် ပါတယ်…..

4. DON’T SLEEP WITH MAKE UP

People who sleep with make up might have skin problems in the long run.
Sleeping with make up will cause the skin to have difficulty in breathing and problem in perspiring. You will also need a much longer time to go into deep sleep.

၎.မိပ်ကပ်လိမ်းပြီးမအိပ်ပါနဲ့..

ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူများဟာ ရေရှည်မှာ အရေပြားကို ဆိုးကျိုး ဖြစ်စေနိုင် ပါတယ်…မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့်အရေပြားပေါ်ရှိချွေးပေါက်များကို ပိတ်ဆို့စေပြီး ၀က်ခြံတင်းတိပ် အစရှိတဲ့ အရေပြားပြသာနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်….အိပ်ချိန်ကိုပြည့်ပြည့်၀၀နဲ့နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်…ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ…

Lastly…..

5. DON’T SLEEP WITH OTHERS’ WIFE / HUSBAND

You may never wake up again.

၅. သူတစ်ပါးရဲ့ယောင်္ကျား မိန်းများနဲ့အတူတူမအိပ်ပါနဲ့

နောက်ဆုံးတစ်ခုအတူတူမအိပ်သင့်တဲ့အရာကတော့ သူတစ်ပါးရဲ့ကာမပိုင်ရှိပြီးသူ လင်သား..သူတစ်ပါးရဲ့မိန်းမ များနဲ့အတူတူ မအိပ်စက်သင့်ပါဘူးတဲ့…ဘယ်သောခါမှပြန်လည်နိုးထမှာမဟုတ်တော့လို့ပါ….

မှတ်ချက်၊ ။fwd: emailမှ ပြန်လည်ဖော်ပြသည်။

Jul 18, 2010

အမေ မသိသေးသော အကြောင်းများ

မဂ္ဂဇင်း ကာတွန်းတစ်ခုထဲမှာ ဒီလိုဖတ်ဖူးပါတယ်။ မိန်းမနှစ်ယောက် ဈေးက အပြန်လမ်းမှာတွေ့တော့ တစ်ယောက်က နောက်တစ်ယောက်ကို ပြောနေတာ။

‘ကျွန်မအမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်နေတာလေ။ သားကလည်း နိုင်ငံခြားမှာပဲ။ သမီးကတော့ အဲဒီမှာပဲ ကျောင်းတက် နေလေရဲ့’
‘ဟင် ဒါဆိုရှင်က ဘာလို့ လိုက်မသွားတာလဲ’
‘အဟင်း.. ကျွန်မကကြွားခြင်လို့ နေခဲ့တာလေ’ တဲ့။

အဲဒီ ကာတွန်းလေးက အမေပြောပြတာပါ။ အမေကတော့ ဟုတ်မှာပေါ့လေ။ ဒါပေမယ့် အမေမသိသေးတာတွေ အများကြီး ရှိပါသေးတယ်။

‘ဟုတ်တယ် နိုင်ငံခြားမှာ လမ်းတွေတအား ကောင်းတာတဲ့။ တစ်မြို့လုံးလည်း သန့်ရှင်းနေတာပဲတဲ့။ လျှပ်စစ်မီးဆိုတာတော့ ပြောစရာကို မရှိဘူးတဲ့’


အမေကတော့ မိတ်ဆွေတွေနဲ့ တွေ့တိုင်း အဲလိုပြောလေရဲ့။ ဒါပေမယ့် အမေပြောပြောနေတဲ့ နိုင်ငံခြားမှာ တစ်အားကောင်းနေ တာတဲ့ ဆိုတာကျွန်တော်ကတော့ လက်မခံဘူးအမေ။ တစ်ကယ်တော့ နိုင်ငံခြားက တစ်အားကောင်းတာ မဟုတ်ဘူးဗျ။ ဒါတွေ က ပုံမှန်ပဲ။ ကတ္တရာလမ်း ချိုင့်ခွက်မရှိတာကို တကားကောင်းတယ်လို့ ပြောလို့ရမလား။ လမ်းဘေးတွေမှာ အမှိုက်မရှိတာရော
တအားကောင်းနေတာလား။ လျှပ်စစ်မီးခလုတ်ဖွင့်လိုက်တိုင်း ရှိနေတာကရော။ Busကားတွေ မြို့ပတ်ရထားတွေ အချိန်မှန်နေ တာကရော အထူး အဆန်းလားပဲလား။

ကျွန်တော်ကတော့ အဲဒါကို အရမ်းကောင်းနေတယ်လို့ မယူဆဘူး အမေ။ ဒါတွေက ပုံမှန်လေ။ တစ်ကယ်တော့ ကျွန်တော်တို့ ဆီက ပုံမမှန်ဖြစ်နေတာ။ အဲဒါကြောင့် နိုင်ငံခြား တစ်အားကောင်းနေတယ်လို့ပြောရင် သိပ်ဘ၀င် မကျဘူး အမေ။နိုင်ငံခြားက ပုံမှန် ကျွန်တော်တို့ဆီက ပုံမမှန်။

သူတို့ဆီမှာ ရုပ်ဝတ္ထုပစ္စည်းတိုးတက်မှုကတော့ ထိပ်ပဲလေ။ ဒါပေမယ့် ကျွန်တော်တော့ ဒီမှာ အရမ်းပျော်နေပြီ။ သူတို့နဲ့တစ်သား ထဲကျနေပြီ။ အင်တာနေရှင်နယ် စတန်းဒက် ဖြစ်နေပြီလို့ အမေထင်ရင်တော့ အမေ မှားသွားပြီ အမေရေ။ ကျွန်တော်ဆိုတဲ့ ကောင်က အမေ့အိမ်ကို ပြန်လာဖို့ပဲ အမြဲတွေးနေတဲ့သူလေ။ မလာနဲ့ ဒီမှာ နေပူ၊ ဖုန်ထူ၊ ခြင်ကိုက်၊ မီးပျက်တယ်လို့တော့ ကျွန်တော့်ကို မပြောပါနဲ့ အမေ။ ကျွန်တော်က အဲယားကွန်းခန်းကိုမုန်းလို့ နေရောင်ခြည်လေး လိုချင်နေတဲ့သူ၊ လေအဝေ့မှာ
ဖုန်နံ့လေးရှူနေရတာကို air fresherထက်ပို ကြိုက်တဲ့သူ၊ အမှောင်ထဲမှာထိုင်ပြီး ယက်တောင်လေးနဲ့ ခြင်ရိုက်ပြီး စကား ပြောရတာကို ပို သဘောကျနေတဲ့သူဆိုတာ အမေမသိပါဘူးလေ။

တစ်ချို့ကတော့ ပြောကြတယ်။ နိုင်ငံခြားမှာက အရည်အချင်းရှိဖို့ပဲ အရည်အချင်းရှိရင် အားလုံးတန်းတူပဲတဲ့။ အခုကမ္ဘာကြီးက Globalization ဖြစ်နေပြီတဲ့။ နေရာဒေသလေးတစ်ခုကို စွဲလမ်းနေလို့ မဖြစ်ဘူးတဲ့။ ရေကြည်ရာမြက်နုရာမှာ တိုးတက် အောင်နေရမှာပဲတဲ့။ တစ်ခုတော့ မေးပါရစေ။ ကမ္ဘာကြီးက တစ်ကယ့်ကို ကမ္ဘာ့ရွာကြီး ဖြစ်နေပြီလား။ လူမျိုးရေး ခွဲခြားမှုတွေ
မရှိတော့ဘူးလား။ ကျွန်တော့်မေးခွန်းကို သေချာဖြေကြည့်ပါ။ အမေရေ..ကျွန်တော်တော့ ကမ္ဘာကြီးက နည်းပညာတစ်ခုက လွဲလို့ ဘယ်နေရာမှ တကယ် Globalizeမဖြစ်သးဘူးလို့ ထင်တယ် အမေ။ ကျွန်တောတို့လို နိုင်ငံက လာတဲ့သူတွေကို
ရုပ်ဝတ္ထုပစ္စည်း တိုးတက်နေတဲ့နိုင်ငံတွေက သူတွေက(လူများစုပါ။ လူအားလုံးကိုမဆိုလိုပါ) ဘယ်လိုမြင်တယ်ဆိုတာ့ အမေမသိသေးပါဘူးဗျာ။ ဒါတွေထားလိုက်ပါတော့။ အသေးစိတ်တွေ ပြောပြနေရင် အမေစိတ်မကောင်းဖြစ်နေမှာ။

တစ်ခါတစ်လေကြတော့ ကိုယ့်ကိုကိုယ် စက်ရုပ်တစ်ခုလိုထင်လာမိတယ်။ အလုပ်လုပ်နေတာ တစ်ကယ်ကို ထမင်းစားဖို့အတွက် လိုဖြစ်နေလို့ပါ အမေ။ အရင်တုန်းက အမေ့အိမ်မှာ နေရင်းအလုပ်လုပ်ရတာကို အဓိပ္ပာယ်လေးတစ်ခုခု ရှိနေသလိုပဲ အမေ။
အခုတော့ ဘာမှ အဓိပ္ပယ် မရှိသလိုပဲ။ ကိုယ့်နိုင်ငံမှာလုပ်တာကမှ ကိုယ့်လူမျိုး ကိုယ့်မွေးရပ်မြေအတွက် ဟုတ်ဟုတ် မဟုတ် ဟုတ် တစ်ခုခုတော့ အကျိုးရှိဦးမယ် အမေ။ ကျွန်တော့်ကို လူမျိုးရေး အမြင်ကျဉ်းတယ်လို့ ပြောရင်းလည်း ကျေကျေနပ်နပ်ကြီး ခံပါမယ်ဗျာ။ အဲလောက် နိုင်ငံနဲ့ လူမျိုးကိုချစ်နေရင် ဘာလို့ထွက်လာသေးလဲကွာကို အပြစ်တင်မစောပါနဲ့။ လူ့ဘ၀မှာ လူတန်းစေ့
လေးတော့ နေချင်တယ်လေ။ အင်း ခက်တာက အခုလိုနေနိုင်စားနိုင်အောင် အမေ့အိမ်ကမှာ နေပြီး ကျွန်တော် မရှာနိုင်ဘူး အမေရေ။ ကျွန်တော်ကပဲ ညံ့လွန်းလို့ပဲလား။ရေကြည်ရာ မြက်နုရာဆိုရင် ကျွန်တော်တို့ဆီမှာ ရေတွေနောက်နေလို့လား။
မြက်တွေကခြောက်နေလို့လား။ ကျွန်တော် မစဉ်းစား တတ်ဘူးအမေရေ။

အမေမသိသေးတာတွေ အများကြီးရှိပါသေးတယ်ဗျာ။

ဥပမာ ဒစ်ဂျစ်တယ် နိုးစက်သံက ဘယ်လောက်မုန်းစရာကောင်းတယ် ဆိုတာ အမေခံစားဖူးမှ သိလိမ့်မယ် အမေ။အမေတို့ ဆီမှာ လူတွေ ဂုဏ်ယူဝင့်ကြွားစွာကိုင်နေတဲ့ ဟန်းဖုန်းဆိုတာ ကျွန်တော့်အတွက်တော့ နွားခလောက် တစ်လုံးနဲ့ ဘာမှမထူး ဆိုတာ အမေ မသိပါဘူး..အမေ။ ဒီမှာ ရုပ်ဝတ္ထုပစ္စည်းအရ အများကြီးကောင်းတယ် ဆိုတာတော့ ကျွန်တော်မငြင်းပါဘူး.. အမေ။ ဒါပေမယ့်ဗျာ စာရေးဆရာတစ်ယောက် ပြောဖူးသလိုပေါ့။

‘ငှက်လှောင်အိမ်ကြီးကိုပဲ ဆေးသုတ်ပြီး အထဲက ငှက်ကလေးကို အစာမကျွေးရင် ဘာအဓိပ္ပာယ်ရှိမှလဲ’ တဲ့။

ဒီမှာတော့ ရွှေပိန်းချလှောင်အိမ်ကြီးတွေထဲက ပိန်လှီနေတဲ့ ငှက်ကလေးတွေ အများကြီးတွေ့ခဲ့ရလို့ အဲလိုတော့မဖြစ်ချင်ဘူး... အမေရေ။

ကျွန်တော်ကတော့ အချိန်တန်ရင် အမေ့အိမ်ကို ပြန်လာနိုင်အောင် ကြိုးစားနေတာ။ အမေရေ။ ငါ့သားက နိုင်ငံခြားမှာ အရမ်းအဆင်ပြေနေတာလို့ မကြွားပါနဲ့တော့ဗျာ။ ငါ့သားက အမေ့အိမ်ကို တအားခင်တွယ်တာလို့ပဲ ကြွားလိုက်စမ်းပါ။

အခြေအနေ တစ်ခုရောက်ရင် ကျွန်တော်ပြန်လာမှာပါအမေ။ ဘာအခြေအနေလဲလို့တော့ မမေးပါနဲ့ အမေ။ အခြေအနေတစ်ခုပေါ့။…....


မိုးတိမ်ညို
ဒီဇင်ဘာ ၂၀၀၉

မှတ်ချက်၊ ၊ fwd:email မှ ဖော်ပြသည်။

Gmail သမိုင်းကြောင်း

Paul Buchheit
အမေရိကန်ကွန်ပျူတာပရိုဂရမ်မာ၊ Friend Feed တည်ထောင်သူ၊
Case Western Reserve တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ Google ၏ လက်ရွေးစင်ပရိုဂရမ်မာများမှ ၂၃ ယောက်မြောက်

2004 March
ကမ္ဘာကျော် New York Times သတင်းစာမှနေ၍ ဧပြီလ ၁ ရက်နေ့တွင် Gmail ကို စတင်လွှင့်ထုတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သိုလှောင်မှုပမာဏ 1 GB အထိပေးမည်ဟု တရားဝင်ဖွင့်ဟခဲ့ရာ မယုံကြည်သူများက ကုမ္ပဏီငယ်တစ်ခု၏ April Fool တစ်ခုမျှသာ ဖြစ်ကြောင်း လက်ခံခဲ့သော်လည်း Spam နည်းပါးခြင်းနှင့် အလွန်အဆင့်အတန်းမြင့်မားသော Ajax နည်းပညာသုံးထားသည့် Gmail ကို Invite မှ တစ်ဆင့် စတင်လက်ခံခဲ့ရပြီးနောက် Gmail ၏ ကမ္ဘာသက်ဝင် လှုပ်ရှားလာခဲ့တော့သည်။

2005 Jan
Hacker များ အလွယ်တကူဖြင့် ထိုးဖောက်ဝင်ရောက်နိုင်သော လုံခြုံရေးဟာကွက်တစ်ခုကို Slash dot တွင် ဖော်ပြခဲ့ရာ အဆိုပါပြဿနာကို အလွယ်တကူဖြင့် ပြန်လည်ပြင်ဆင်ပြီးချိန်တွင် Google ကိုယ်တိုင်သည် သူတို့၏ Serviceကို လူများစွာ စိတ်ဝင်စားကြောင်း ယုံကြည်သွားခဲ့သည်။

2005 Apr
သိုလှောင်မှုပမာဏကို 2 GB အထိ မြှင့်တင်ပေးခဲ့ပြီး စာပို့သောနေရာတွင် Plain Text အဆင့်မှ HTML အဆင့်သို့ တိုးမြှင့်ပေးခြင်း၊ Fontပြောင်းလဲနိုင်ခြင်းအပါအ၀င် Feature အသစ်များကို ထပ်မံပေါင်းထည့်ခဲ့သည်။

2005 May
ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ ဂျပန်၊ ကိုရီးယား အစရှိသော ဘာသာစကားများကိုပါ Gmail တွင် ပေါင်းစပ် ထည့်သွင်း အသုံး ပြုနိုင်စေရန် ပြုလုပ်နိုင်ခဲ့သည်။

2005 Jun
တစ်ကမ္ဘာလုံးတွင် Gmail Account 1.2 သန်းခန့်ရှိလာခဲ့ကြောင်းကို ကမ္ဘာကျော် Popular Science မဂ္ဂဇင်းကြီးမှ Gmail၏ ထုတ်လုပ်မှုမန်နေဂျာကို စစ်တမ်းကောက်ယူပြီး ဖော်ပြပေးခဲ့သည်။ လကုန်ပိုင်းတွင် ဖင်လန်၊ ပိုလန်နှင့် ဆွီဒင် ဘာသာစကားများကို ထပ်မံထည့်သွင်းခဲ့သည်။

2005 July
Gmail အသုံးပြုနေစဉ်တွင် Inbox အတွင်းမှနေ၍ Google Search Engine ကို အသုံးပြုနိုင်သည့် Service ကို ထည့်သွင်းခဲ့ပြီး Gmail ၏ သိုလှောင်မှုပမာဏမှာ 2 GB အကျော်ထိ ရောက်ရှိခဲ့ပြီး တစ်နေ့တွင် 14 MB နှုန်း သိုလှောင်မှု ပမဏာကို တဖြည်းဖြည်းချင်း တိုးမြှင့်ပေးသည့်စနစ်ကို စတင်သုံးစွဲခဲ့သည်။

2005 Aug
အချို့သော Userများကို 100 Invitation ပေးအပ်ခဲ့သည်။ ယုံကြည်စိတ်ချရသော Developer များနှင့် Programmer များကို Invite ပြုလုပ်ခွင့် 1000 အထိ ရရှိခဲ့သည်။ ဂရိ၊ ဟန်ဂေရီ၊ အင်ဒိုးနီးရှား၊ ဗီယက်နမ် စသော ဘာသာစကား ၁၂ မျိုးအထိ ထပ်မံပေါင်းထည့်ခဲ့သည်။

2005 Aug 24
Mobile ဖုန်းများတွင် Text Message ပေးပို့နိုင်ရန်အတွက် Gmail မှတစ်ဆင့် အသုံးပြုနိုင်ရန် စတင်ပြုလုပ်ပေးခဲ့သည်။ အမေရိကန်တွင် Invitation ကုတ်ဖြင့် Gmail Mobile များကို Tex Message များ ပေးပို့နိုင်သည်။ ထိုကဲ့သို့ပေးပို့ခြင်းတွင် Web ပေါ်တွင်သုံးသော Gmail ကဲ့သို့ Spam များကို ရှင်းလင်းသေသပ်စေသည်။ https စနစ်ကို ဂရုတစိုက်သုံးစွဲသည့်အတွက် လုံခြုံရေးပြည့်ဝပြီး လူကြိုက်များလာခဲ့သည်။ အချို့သော ISP Mail များအတွက် စိတ်တိုင်းကျ Customize လုပ်ခွင့်ကို ပေးအပ်ခဲ့သည်။

2005 Sep
ချက်၊ ဟင်ဒီ၊ ထိုင်း၊ တူရကီ စသော ဘာသာစကား ၉ မျိုး ထပ်မံပေါင်းထည့်ခဲ့သည်။

2005 Oct
အင်္ဂလန်တွင် ရှိသော gmail.com ကုမ္ပဏီတစ်ခုနှင့် နာမည်ကိစ္စ စကားပြောဆိုခဲ့ရပြီး Username@gmail.com နေရာ တွင် Username@google.com အဖြစ် အချို့နေရာများတွင် ပြောင်းလဲပစ်ရန် သဘောတူညီခဲ့ရသည်။

2005 Dec
ဆက်သွယ်နိုင်သောအုပ်စုများ (Contact Group)၊ သူငယ်ချင်းများ၊ ၀န်ထမ်းများ (Co-Wokers) စသော Feature အသစ်များကို ထပ်မံပေါင်းထည့်၍ သုံးစွဲသူတစ်ဦးအနေဖြင့် gmail ကို စိတ်တိုင်းကျ ထိန်းသိမ်းကွပ်ကဲ နိုင်စေရန် ပြုလုပ် ပေးခဲ့သည်။

2005 Dec 16
Gmail Mobile အသစ်တစ်ခုထပ်မံထုတ်လွှင့်ခဲ့သည်။ အဆိုပါ http://m.gmail.com သည် Gmail Mobile များ အတွက် အထူးဝက်ဆိုက်ဖြစ်ပြီး Source Forge အဖွဲ့အစည်းမှနေ၍ Gmail Mobile 1.0 ကို Open Sourceအနေ ဖြင့် ရေးသားပေးခဲ့သည်။

006 Jan
Menu bar တွင် Delete button ကို ပေါင်းထည့်ပေးခဲ့သည်။ အဆိုပါ Bottom သည် Gmail စစထွက်ချင်းတွင် မပါ ၀င်ခဲ့၍ သုံးစွဲသူတိုင်းက ဝေဖန်ခဲ့ကြသည်။

2006 Feb
သုံးစွဲသူတိုင်း၏ Chatting စကားပြေဆိုမှုများကို မှတ်သားထားနိုင်ရန် Chat History ကို ပေါင်းထည့်ပေးခဲ့သည်။

2006 Mar
Gmail for your domain ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ Gmail သည် တစ်နှစ်လျှင် ၂၅ ဒေါ်လာဖြင့် ၀ယ်ယူ သုံးစွဲရပြီး အဖွဲ့အစည်းများအတွက် အလွန်ကောင်းမွန်သော ၀န်ဆောင်မှုတစ်ခု ဖြစ်ခဲ့သည်။

2006 Apr
Google Calendar Service ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ကြေညာခဲ့သည်။

2006 Nov
Java Application များဖြင့် အသုံးချနိုင်သော Gmail ကို Mobile ဖုန်းများပေါ်တွင် အလုပ်လုပ်နိုင်စေရန် အထူးသဖြင့် ဓာတ်ပုံများ၊ Document များ၊ Attachment များကို ရရှိစေရန် ဆောင်ရွက်နိုင်ခဲ့သည်။

2007 Jan
Docs & Spread Sheets ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ခဲ့ပြီး အများပြည်သူ register ပြုလုပ်၍ သုံးစွဲနိုင်ရန် Gmailကို Invite ဖြုတ်ပေးခဲ့သည်။

2007 Feb
IMAP Access ကို ပြုလုပ်နိုင်စေရန် စတင်ကြော်ငြာခဲ့ပြီး Gmail Lab ကို မိတ်ဆက်ခဲ့ပါသည်။

2008 Nov
Themes များ ပေါင်းထည့်ခဲ့သည်။

2008 Dec
To do list ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူအနေဖြင့် Task များပေါ်တွင် ပေါင်းထည့်ခြင်း၊ ဖျက်ပစ်ခြင်းများကို ပြုလုပ်နိုင်သည်။

2009 Jan
Google Gear ကို စတင်မိတ်ဆက်ခဲ့သည်။ နောင်တွင် အဆိုပါ Google Gear သည် Gmail ကို Off line Mode ဖြင့် သုံးစွဲစေနိုင်ခဲ့သည်။

2009 Feb
Undo Bottomကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူပေါင်း သန်း ၁၀၀ ခန့်အထိ ရှိလာခဲ့ပြီး Gmail သည် မကြာခဏ service Down သွားလေ့ရှိသည်။

2009 July
Gmail တွင် တစ်ဖက်အသုံးပြုသူ၏ မျက်နှာကိုပါ မြင်တွေ့စေနိုင်သော Video Chatကိုပါ ပေါင်းထည့်ပေးခဲ့သည်။

ယခုအချိန်တွင် သုံးစွဲသူအများအပြား၏ request လုပ်မှုကြောင့် Gmail သည် မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပွားလျက် ရှိသည်။

မြန်မာပြည်ရောက် ဝေါဟာရတချို့ နှင့် ဆင်းသက်ရာမူရင်းနိုင်ငံများ...

လက်ရှိမြန်မာများ သုံးစွဲနေသော ဆင်းသက်ရာမူရင်းနိုင်ငံနှင့် ဝေါဟာရအမည်၊ လူမျိုးစကား

ဘိုကေ အိန္ဒယ၊ပါဠိ = ဗလ+ကေသာ

ရှပ်အကျီင်္ အင်္ဂလိပ် = Shirt+ဟိန်ဒီ = angi

လုံချည် Hindi = Lungi ပါရှန် = Lungi

ဘောင်းဘီ မွန် = ပင်မီ (ရှမ်းစကားဖြစ်ချင်ဖြစ်မည်)

ခြေညှပ်ဖိနပ် မွန် = ခနပ်

ရှူးဖိနပ် အင်္ဂလိပ် = Shoe

ကော်ပြန့် တရုတ် = ပိုပန့်

ဘာလချောင် မလေး = Bala Chanung

အာလူး Hindi = Aloo

ကာဖီ ပြင်သစ် = Cafe

ကော်ဖီ အင်္ဂလိပ် = Coffee

အရက် အာရဗီ = Arak

ဘီယာ အင်္ဂလိပ် = Beer

ဝိုင် အင်္ဂလိပ် = Wine

မီးရထား မြန်မာ = မီး+သက်ကတ = ရထ

ဟိုတယ် အင်္ဂလိပ် = Hotel

ဘန်ဂလို အင်္ဂလိပ် = Bangalow

ဟိုက်စကူး အင်္ဂလိပ် = High School

ပင်လယ် ရှမ်း = (လွင်ပြင်ကျယ်၊ ရေပြင်ကျယ်)

တနသာၤရီ မေလး

ကရမက် မလေး

ဝရမ်း အင်္ဂလိပ် = Warrant

သင်္ကြန်(ရေသဘင်ပွဲ) ပါဠိ = သင်ကန်တ =သက်ကတ=သင်္ကြန်တ

အာရှ ဂျူး = Asia ( အရှေ့ နေထွက်ရာအရပ်)

Jul 15, 2010

သွေးအမျိုးအစား

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို ခန့်မှန်းလို့လည်း ရပါတယ်..

အေသွေးပိုင်ရှင်များအကြောင်း

ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့။ သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့… ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝ များက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင် အေးဆေး တည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့… အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့… တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့… အသစ်အဆန်းတွေကို စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်… အလုပ်တစ်ခုကို လုပ်ပြီဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ… သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ် သူများပါ… နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်… ဒါ့အပြင် ဘယ်လို အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာ ကြောင့် မာဆတ်ဆတ်နိုင်တယ်… ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ် အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်းပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ်မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့လူမျိုးတွေပါတဲ့… ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါးကို ပျော်ရွှင် မှုပေးချင်ကြသူများ ဖြစ်ပါတယ်… တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့… ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့… ဒီသဘာဝလေးကတော့ သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့… ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့… အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့… တစ်ယောက်တည်း သီးသန့် ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်… အထက်လူကြီးရဲ့အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင်မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်… ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှုပိုများတာ ဖြစ်ပါတယ်… စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့… ဒါကြောင့်မို့စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..

အေသွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ .

အေ-အေ (၇၀%)

အေသွေးယောင်္ကျားနဲ့ အေသွေးမိန်းမရဲ့ လိုက်ဖက်ညီ သဘောတွေ့နိုင်တဲ့ ရာခိုင်နှုန်းကတော့ ၇၀% ဖြစ်ပါတယ်။ ပထမဆုံး စတွေ့တဲ့ အခါမှာတော့ တစ်ယောက်နဲ့ တစ်ယောက် သဘော မတွေ့မှုလေးတွေရှိနေတတ်ပါတယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် နားလည်မှု ရသွားပြီဆိုရင်တော့ ခွဲထားလို့ကိုမရလောက်အောင် ရင်းနှီးသွားတတ်ပါတယ်။ အကြိုက်ကလည်း တူသလို သူများတွေအမြင်မှာလည်း အဆင်ပြေတဲ့ အတွဲလို့ မြင်စေပါတယ်။ အကယ်၍ ချစ်ခင်စုံမက်လို့ လက်ထပ်ချင်တာကို မိဘတွေက သဘောမတူတာမျိုး ရှိခဲ့မယ်ဆိုရင် တောထဲ တောင်ထဲက သွားပြီး နှစ်ယောက်ထဲလက်ထပ်ရဲတဲ့ စိတ်ဓါတ်လည်း ရှိကြပါတယ်။ အေသွေးအချင်းချင်းရဲ့ တွေ့ဆုံခြင်းကတော့ စိတ်အချရဆုံးနဲ့နှစ်ဦးခြားမှာ ရှိတဲ့ ချစ်ခြင်းမေတ္တာကိုလည်းကြာရှည် ထိမ်းထားနိုင်ပါတယ်။တစ်ခုပဲ သတိထားစရာ လိုပါတယ်။ တစ်ယောက်ရဲ့ အကြောင်းကို တစ်ယောက်က စပ်စုလွန်းလို့ မကြေနပ်ခမှုလေးတွေ ဖြစ်နိုင်လို့ပါပဲ။ အေးသွေးပိုင်ရှင် မိန်းကလေးတွေကတော့ တစ်ခါ ချစ်ပြီဆိုရင် ဘယ်တော့မှ မပြောင်း လဲတတ်တဲ့ စတိုင်လ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို အေသွေးပိုင်ရှင် အချင်းချင်း ချစ်မိပြီဆိုရင်တော့ သန့်ရှင်းဖြူစင်တဲ့ အချစ်ကို ရမှာ အသေချာပါဘဲ။

အေ-ဘီ (၂၅%)

အေးသွေးနဲ့ ဘီသွေးတွေ့ပြီဆိုရင်တော့ တစ်ဘက်သတ် အချစ်က ပိုများပါတယ်။ အကယ်၍ အေသွေးယောင်္ကျားက ဘီသွေး မိန်းမကို ဇနီးအနေရဲ့ ရထားတယ်ဆိုရင်တော့ အဲဒီ့ ယောင်္ကျားဟာ အမြဲတမ်း စိတ်အပူအပင်မရှိဘဲ နေထိုင်သွားလို့ ရပါတယ်။ အကယ်၍ ယောင်္ကျားက ဘီသွေးဆိုရင်တော့ ဇနီးသည်ကိုချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ဆက်ဆံတတ်ပြီး အားလုံးကို နား လည်ပေးနိုင်ပါတယ်။ အေသွေး ယောင်္ကျားများကို ကြည့်ရင် အမြဲတမ်းလိုလို တွေ့နိုင်တဲ့ အေးစက်တည်ငြိမ်မှု အတွေး နက်နဲတဲ့ ပုံစံတွေက အမြဲတမ်း ပျာယာခတ်နေတတ်တဲ့ ဘီသွေး မိန်းကလေးများရဲ့ စိတ်ကို ညှို့ယူနိုင်ပါတယ်။ ဒါပေမယ့် လိုက်ဖက်ညီမှုကတော့ ၂၅%ပဲ ရှိပါတယ်။

အေ-အို (၉၀%)

အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ ပွင့်လင်းတဲ့ အကျင့်နဲ့အေသွေးပိုင်ရှင်အမျိုးသားများရဲ့ စေ့စပ်သေချာတဲ့ အကျင့်ကို ပေါင်းစပ် လိုက်ရင်တော့ တော်တော်ကို လိုက်ဖက်ညီတဲ့ အတွဲလေးဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် တခါတလေမှာတော့ အိုသွေးများရင့် ပွင့်လင်းမှု၊ တက်ကြွမှုတွေက အေသွေးများရဲ့ အရောင်ကိုဖုံးသွားတတ်တဲ့ အခါလည်း ရှိပါတယ်။ အေသွေးများ ပိုပြီး သဘော ထားကြီးဘို့တော့ လိုပါတယ်။ တခါတလေမှာ အေသွေးပိုင်ရှင်များက အိုသွေးပိုင်ရှင် လက်တွဲဖော်ကို အရမ်းသွက်လက်လွန်း တယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံး အေးစက်နေတာထက်စာရင် ဒီလို အတွဲလေးက ပိုပြီး သင့်တော် ပါတယ်တဲ့။

အေ-အေဘီ (၅၀%)

အမြဲတမ်း အံ့သြစရာတွေနဲ့ ထူးဆန်းစရာတွေနဲ့ ပြည့်နေတတ်တဲ့ အေဘီသွေးပိုင်ရှင်မိန်းကလေးတွေက အေသွေးပိုင်ရှင် ယောင်္ကျားလေးများရဲ့ စိတ်ကို ပိုပြီးလွယ်လွယ်နဲ့ချဉ်းကပ်နိုင်သူများ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ အေဘီသွေးပိုင်ရှင် မိန်းကလေးများရဲ့ အမြင်မှာ အေသွေး ယောင်္ကျားလေးများဟာ ယုံကြည်စရာကောင်းပြီး သဘောကောင်းတယ်လို့ မြင်နေ လို့ပါပဲ။ အေဘီသွေးရဲ့ထူးခြား ဆန်းကြယ်မှုကို အေသွေးပိုင်ရှင်များက နားလည် လက်ခံနိုင်တာကြောင့် အချင်းချင်း ရင်းနှီးမှု ပိုများတတ်ပါတယ်။ တခါတလေမှာတော့ မီးနဲ့ တူတဲ့ အချစ်နဲ့ တွေ့ရတတ်ပါတယ်။ အေဘီသွေးပိုင်ရှင် မိန်းကလေးများက အေးဆေးပြီး ပုံမှန်နေတတ်တဲ့ ယောင်္ကျားများထက် ခေတ်ဆန်ပြီး သတ်သတ်ရပ်ရပ် ထက်ထက်မျက်မျက်ရှိတဲ့ ယောင်္ကျားမျိုးကို ပိုပြီး နှစ်သက်ကြပါတယ်။ ဒါကြောင့်မို့လည်း ဒီလို အချက်တွေကို ပိုင်ဆိုင်ထားတဲ့ အေသွေးပိုင်ရှင်များနဲ့ ပိုပြီး ရင်းနှီးနိုင်တဲ့ အခြေအနေကများတာပါတဲ့။ဒါပေမယ့်လည်း လိုက်ဖက်မှု ရာခိုင်နှုန်းကတော့ ၅၀%ပါ။

ဘီသွေးပိုင်ရှင်များအကြောင်း

ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက်ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့ လှုပ်ရှုားတတ်ပေမယ့် ကျောင်း စတက်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့လိုက်လျောညီထွေအောင် မနေတတ်ဘဲ လေလွင့်နေတတ် ပြန်ပါ သတဲ့… ဒါပေမယ့် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီ ဆိုရင်တော့ အားလုံးထက် ပိုပြီးကြိုးကြိုးစားစားနေတတ်ကြတဲ့ သူများဖြစ်လို့ ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီးကြိုးစားပါ… ကိုယ်သဘောကျတဲ့ အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ် ဖြစ်ပါတယ်… ဒါပေမယ့် ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ့…ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘီသွေးပိုင်ရှင်များဟာ သတ်မှတ် ထားတဲ့ ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး… ကိုယ်နဲ့ သိပ် မခင်လှတဲ့ မိတ်ဆွေတွေနဲ့ အတူရှိတဲ့ အချိန်မှာ တော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်း ဖြစ်ပါတယ်…မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း မနှစ်သက်တတ်ကြပါဘူး… ဘီသွေးပိုင်ရှင်များဟာ ပုံစံခွက်ထဲမှာ ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီး လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့… ဒါပေမယ့် သတိပြုစရာတစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ် တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်က လူတွေကိုဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ…

ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင် သူတပါးကို မှီခိုအားကိုး နေရတာမျိုးကို မနှစ်သက်ကြပါဘူး… ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို ဆောင်ရွက်ချင်ကြပါတယ်… အလုပ်တစ်ခုကိုလုပ်နေ စဉ်မှာတောင် တခြားအလုပ်တစ်ခုကို တပြိုင်တည်းဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်… စည်းမျဉ်းစည်းကမ်းတွေကို သိပ် ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို ခံရ တတ်ပါတယ်… တခါ ဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့…ဒေါသပြေတဲ့ အခါမှ အခြေ အနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့… အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်းကိုယ်လုပ် တဲ့ အမှားအတွက်တောင်းပန်ဘို့ ၀န်မလေးသူများလည်း ဖြစ်ပါတယ်… တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်း သူများ ဖြစ်ကြလို့အထင်အလွဲခံရတာတို့ ရန်ညှိးတို့ မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။

ဘီသွေးပိုင်ရှင်နဲ့ လိုက်ဖက်မယ့်သူ

ဘီ-အေ (၂၀%)
ရှက်တတ်တဲ့ မိန်းကလေးမျိုးတွေကို ဘီသွေးယောင်္ကျားလေးများက နှစ်သက်ကြပါတယ်တဲ့။ ဘီသွေး ယောင်္ကျားလေးများရဲ့ သွက်လက်ဖျတ်လတ်မှုနဲ့ အေသွေးမိန်းကလေးများရဲ့ နူးညံ့မှုကို ပေါင်းစပ်လိုက်ရင်တော့ အရောင်လင်းလက်တဲ့ ချစ်သူတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် နှစ်ယောက်တည်းရှိနေမယ်ဆိုရင်တော့ ပိုပြီး ရင်းနှီးနိုင်ပါတယ်။ ဒါပေမယ့် လိုက်ဖက်မှုကတော့ ၂၀%ပါ။

ဘီ-ဘီ (၆၅%)
ဘီသွေးယောင်္ကျားလေးနဲ့ ဘီသွေးမိန်းကလေး တွေ့ကြပြီ ဆိုရင်တော့ အချင်းချင်းနားလည်မှုရှိပြီး လိုက်ဖက်ပါတယ်တဲ့။ ဒီစုံတွဲ ကတော့ အချင်းချင်း ပျော်ရွှင်တဲ့သူငယ်ချင်းအနေနဲ့ သော်လည်းကောင်း၊ လိုက်ဖက်ညီတဲ့ စုံတွဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချစ်သူအချင်းချင်း မပြောလောက်ဘူးလို့ ထင်နိုင်တဲ့စကားကြမ်းကြမ်းတွေကို ပြောနေတတ်တဲ့ စုံတွဲတွေကို တွေ့ရင် ဘီသွေး စုံတွဲဖြစ်တာက များပါတယ်တဲ့။ ဘေးမှာရှိနေတဲ့ လူတွေက ဒီစုံတွဲကို ကြည့်ပြီး ရန်ဖြစ်တော့မယ်လို့စိုးရိမ်ရလောက်တဲ့ အထိ ပါပဲ။ ဘီသွေးပိုင်ရှင်များက လွတ်လပ်မှုကို နှစ်သက်ပြီး ကိုယ်လုပ်ချင်တာကို လုပ်နေတတ်တဲ့အတွက် ဒီအတွဲအဆင်ပြေဖို့ ကတော့ တော်တော်ခက်ပါတယ်။ ရန်ဖြစ်ရင်းနဲ့ သံယောစဉ်ဖြစ်သွားနိုင်သလို အချင်းချင်း စိတ်ဆင်းရဲမှုတွေပေးပြီးပြီးသွားတတ် တဲ့အခါတွေလည်း ရှိပါတယ်တဲ့။

ဘီ-အို (၈၀%)

တခါတလေတော့ ပြဿနာ အကြီးကြီး ဖြစ်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ ပြဿနာ ဖြေရှင်းမှုလည်း သိပ်မရှိပါဘူး။ ဒါပေမယ့် ဘီသွေးယောင်္ကျားလေးများရဲ့ တက်ကြွမှုနဲ့အိုသွေးမိန်းကလေးများရဲ့ လှုပ်ရှားမှုကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ပါတယ်။ ဒါပေမယ့် အမြဲတမ်း တစ်ခုခုကို စိတ်ပူနေရတတ်ပါတယ်။ ဒီစုံတွဲရဲ့တူညီချက်ကတော့ အမြဲတမ်း ပွဲလမ်းသဘင်ကို သွားဘို့ စိတ်လှုပ်ရှားနေသလိုမျိုး အမြဲတမ်းစိတ်လှုပ်ရှားနေတယ် ဆိုတာပါပဲ။ ဒါကြောင့် ဒီစုံတွဲ တွေ့ကြပြီဆိုရင်တော့ ကမ္ဘာမြေကြီး ပေါ်မှာ ရှိတဲ့ ပူပင်သောကမှန်သမျှကို မေ့ပြီး ပျော်ရွှင်ဖွယ် ကောင်းတဲ့ အခြေအနေကို ဖန်တီးတတ်ကြပါတယ်။ တစ်ယောက်ကများ အကြံတစ်ခုလောက်ပေးလိုက်ပြီဆိုရင် နောက်တစ် ယောက်က လက်ဝါးရိုက် လက်ခံတတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။

ဘီ-အေဘီ (၉၀%)

ဆန့်ကျင်ဘက် အဆုံးစွန် နှစ်ခု တွေ့ကြတာပါပဲ။ အချင်းချင်း လုံးဝကို မတူတဲ့ အတွက် ပတ်ဝန်းကျင်ကလူတွေက အဆင် မပြေလောက်ဘူးလို့ ထင်ကြပေမယ့် တကယ်တော့ အရမ်းကိုအဆင်ပြေပြီး အချင်းချင်း နားလည်တတ်တဲ့ အတွဲလည်း ဖြစ်ပါ တယ်။ အချင်းချင်း ပေါင်းစပ်လုပ်ကိုင်နိုင်တဲ့ စွမ်းရည်လည်း မြင့်မားပြီး သူများတွေအမြင်မှာ ကြက်သီးထလောက်အောင် ကဲကြ သဲကြတဲ့ အတွဲလည်း ဖြစ်ပါတယ်။ မြေအောက်ရထားစီတဲ့အခါမှာပဲ ဖြစ်ဖြစ် ဘတ်စ် စီးတဲ့အခါမှာပဲ ဖြစ်ဖြစ် တပူးကပ်ကပ်နဲ့ နေတဲ့ အတွဲတွေက ဒီလို ဘီ-အေဘီသွေးပိုင်ရှင်များ ဖြစ်တတ်ကြပါတယ်။ ဘီသွေး ယောင်္ကျားလေးများကတော့အေဘီသွေး ပိုင်ရှင် မိန်းကလေးများနဲ့ အတူတူ ရှိတဲ့အခါမှာ အမြဲတမ်းပျော်ရွှင်နေတတ်ပါတယ်။ ကိုယ်ကိုယ်တိုင်က ကြင်ကြင်နာနာနဲ့ မဆက်ဆံတတ်ပေမယ့် ချစ်သူလုပ်တဲ့ မိန်းကလေးကချွဲနွဲ့လိုက်ရင်တော့ ကြင်ကြင်နာနာပြန် ဆက်ဆံတတ်ကြတယ်။အေဘီသွေး ပိုင်ရှင် မိန်းကလေးတွေကတော့ အရမ်း ကြင်နာဖွဲ့နွဲ့ လွန်းတဲ့ ယောင်္ကျားများ၊ မနားမနေ စကားပြောတတ်တဲ့ယောင်္ကျားများကို သိပ်မကြိုက်လှပါဘူး။ ကိုယ်တိုင်ကသာ ယောင်္ကျားလုပ်သူကို စကားအဆက်မပြတ်ပြောချင်တတ်ပေမယ့် တဘက်သားက ပူညံပူညံ လုပ်တာကိုတော့ မကြိုက်ကြပါဘူးတဲ့။ ဒါပေမယ့် ဒီအတွဲက ဖြစ်နိုင်စွမ်း အများဆုံးပါပဲ။

အိုသွေးပိုင်ရှင်များအကြောင်း

စရိုက်သဘာဝက ထူးခြားပါတယ်… အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင်နေတတ်သူများဖြစ်ကြပါ တယ်… အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများဖြစ်ကြပါတယ်… အလုပ်အားလုံးကိုလည်းကိုယ့်အလုပ် လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်… လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထားတတ်ကြပါသတဲ့… အနာဂတ်အတွက် ရည်မှန်းချက်တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါ တယ်တဲ့… အလုပ်တစ်ခုကိုလုပ်ကိုင်နိုင်စွမ်း မြင့်မားသလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့… ရလဒ် ကိုဘဲ ဦးစားပေးသူများလို့လည်းဆိုနိုင်ပါသတဲ့… အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့… ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ဖိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်… ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါ တယ်တဲ့…. ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ယုံကြည် မှုကို လစ်လျှူရှုသလိုဖြစ်နေတတ်ပါတယ်… အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက် လှပါဘူး…
အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်းဖြစ်ပါတယ်… တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့…အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့… လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘော ထားကြီးကြီးနဲ့ ဆက်ဆံတတ်ကြပါသတဲ့… ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုး လည်း ရှိပါတယ်… အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရ တာကို ကြိုက်နှစ်သက်ကြပါသတဲ့…တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲတဘက် သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့… ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါဘယ်တုန်းက လုပ်ခဲ့ လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ…

အိုသွေးပိုင်ရှင်များနဲ့ လိုက်ဖက်မယ့်သူ

အို-အေ (၁၀၀%)

အိုသွေး ယောင်္ကျားလေးများရဲ့ လွတ်လွတ်လပ်လပ် နေတတ်တဲ့ သဘောနဲ့ အေသွေးပိုင်ရှင် မိန်းကလေးများရဲ့ အလေးနက် ထားတတ်တဲ့ အကျင့်တွေကို ပေါင်းစပ်လိုက်ရင်တော့ သဘာဝကျတဲ့ အတွဲကို ဖြစ်စေပါတယ်။ အေသွေးပိုင်ရှင်မိန်းကလေးများ ကတော့ အိုသွေးပိုင်ရှင် ယောင်္ကျားလေးများကို အိုအေစစ်လိုအေးမြစေချင်ကြပါတယ်တဲ့။ အမြဲတမ်း ကံကောင်းမှုကို ဖြစ်စေပါ တယ်တဲ့။မိတ်ဆွေအဆင့်ဆိုရင်တော့ အကျိုးရှိစေမယ့် စကားများကို ဖလှယ်ရင်းနဲ့ ခင်မင်မှုကို ပိုမိုဖြစ်စေပါတယ်။ အချင်းချင်း နောက်ပြောင်ပြောဆိုတဲ့ အခါမှာလည်း အပြန်အလှန် ဖလှယ်နိုင်တာကြောင့် လိုက်ဖက်ညီတဲ့ အတွဲလေးလည်း ဖြစ်နိုင်ပါတယ်တဲ့။

အို-ဘီ (၇၅%)
မိန်းကလေးဘက်က လိုက်ကပ်နေတတ်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်တဲ့။ အမြဲတမ်းဘီသွေးမိန်းကလေးများရဲ့ စိတ်အသွား အလာကိုလည်း မခန့်မှန်းနိုင်လောက်အောင်ပါတဲ့။ စိတ်ကတော့ကြင်ကြင်နာနာ ဆက်ဆံချင်ပေမယ့် လုပ်လိုက်တဲ့ အလုပ်တိုင်း ကတော့ အဆင်မပြေတာချည်းပါပဲ။ ဒါပေမယ့်မိန်းကလေးဘက်ကတော့ သင့်ကို ကောင်းကောင်း ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ယောင်္ကျား တစ်ယောက်လို့ ယုံကြည်နေတတ်ပါတယ်။ ဒီအချက်ကို သတိထားပြီး သူမကို ဆွဲဆောင်ပါတဲ့။ ဒီလိုသာ လုပ်မယ်ဆိုရင်တော့ ပိုပြီးချစ်လာနိုင်ပါတယ်တဲ့။ အချင်းချင်း အလေးထားတာရော ကတိကိုတည်ချင်တဲ့စိတ်ဓါတ်တွေအားလုံးကြောင့် အချင်းချင်း သစ္စာဖောက်တာမျိုး လုံးဝမရှိပါဘူး။ တကယ်တော့ အိုသွေးပိုင်ရှင်ယောင်္ကျားလေးများက ကလေးဆန်ပြီး ချွဲတတ်တဲ့မိန်းကလေး မျိုးကို လိုလားသလိုအိုသွေးမိန်းကလေးများကလည်း ကြင်နာပြီး နွေးထွေးတဲ့ ယောင်္ကျားမျိုးကို လိုလားပါတယ်တဲ့။ ဒီအချက်မှာတော့ နည်းနည်း အဆင်မသင့်တာမျိုးတော့ ရှိတတ်ပါတယ်။

အို-အို (၄၀%)

အချင်းချင်း အရမ်းကို လိုက်ဖက်ညီတယ်လို့ ထင်ရပါတယ်။ သာမန် ယောင်္ကျားလေးနဲ့မိန်းကလေးကြားမှာ မပြောနိုင်လောက် တဲ့ အကြောင်းတွေကိုတောင် ပြောနိုင်လောက်အောင် ရင်းနှီးနိုင်ပါတယ်တဲ့။ အချင်းချင်း ယောင်္ကျားမိန်းမရယ်လို့ မတွေးပဲ သူငယ်ချင်းအနေနဲ့ ဆက်ဆံတတ်ကြပါတယ်။ လမ်းမှာ သူတောင်းစားများ တွေ့ရင် ဒီတိုင်းမသွားနိုင်ပါဘူး။ စိတ်ထားကောင်း တယ်လို့ ဆိုလိုလို့ရပါတယ်။ အိုသွေးအချင်းချင်း အားလုံး အိုကေမှာပဲလို့ ထင်နိုင်ကြပေမယ့် တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။လိုက်ဖက်မှု ရာခိုင်နှုန်းက ၄၀%ပါ။

အို-အေဘီ (၉၅%)

အချင်းချင်း သိပ်အဆင်မပြေဘူးလို့ ထင်ရတဲ့ အတွဲပါ။ တစ်ကိုယ်ကောင်းဆန်တတ်တဲ့ အကျင့်လေးတွေကြောင့် စိတ်အခန့် မသင့်တာလေးတွေ ရှိတတ်ပါတယ်။ ရန်ဖြစ်ရာကနေသံယောစဉ်တွယ်တတ်တဲ့ အတွဲတွေလည်း ရှိနိုင်ပါတယ်။ အချင်းချင်း လက်တွေ့ကျကျ စဉ်းစား ကပ်သပ်နေတတ်တဲ့ အတွက် သူများတွေ အမြင်မှာတော့ နည်းနည်း စိတ်ပင်ပန်းနေရတတ်ပါတယ်။ ဒါပေမယ့် လိုက်ဖက်ညီမယ့် ရာခိုင်နှုန်းကတော့ ၉၅% ပါ။

အေဘီသွေးပိုင်ရှင်များအကြောင်း

အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်… အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး မထူးခြားလှတဲ့ စရိုက် သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့… မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော် မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့… ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို လျင်လျင် မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်… ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေက အေဘီသွေးပိုင်ရှင်များကို စကား နည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်… ဒါပေမယ့် ကြီးပြင်းလာတာနဲ့အမျှ ပတ်ဝန်း ကျင်နဲ့ လိုက်လျောညီထွေအောင် နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့…

အစပိုင်းမှာတော့ အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန် ပင်ပန်း အားလျော့ လွယ်ပါတယ်တဲ့… ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကို နှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့… လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံး သတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်… လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့ ကိုယ့်ရဲ့ ကြားမှာ အတားအဆီး တစ်ခုကို ထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်… ဒါကတော့ သူတပါးအပေါ်မှာ အမှားလုပ်မိ မှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့ အသေးစိတ်လှတဲ့ အတွေများကြောင့်ဘဲ ဖြစ်ပါတယ်… ဒါ့ပြင် အေဘီသွေးပိုင်ရှင် များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့ အကျင့်လည်းမရှိပါဘူးတဲ့… အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း လုပ်ကိုင် နိုင်စွမ်းရှိသူများ ဖြစ်သလို အရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်… အလုပ်တစ်ခု ကို လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့… မိဘဆွေမျိုး သူငယ်ချင်းရယ် ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ လူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်း ဖြစ်ပါတယ်… ဒါပေမယ့် တဘက် မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့် ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေ တတ်ပါတယ်တဲ့… အေဘီသွေးပိုင်ရှင်များက ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံတန်ရုံနဲ့ ဒေါသလည်း မထွက်တတ်ပါဘူးတဲ့… ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်… တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကို အေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့ ခက်ထန်မှုတွေကိုသာ မြင်ရတတ်ပါတယ်…. ဒါတွေအားလုံးကတော့ အေဘီသွေးပိုင်ရှင်များ အကြောင်းသာ ဖြစ်ပါတယ်…

အေဘီ သွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ

အေဘီ-အေ (၆၅%)

ဒီနှစ်ယောက်သာ တွေ့ကြပြီဆိုရင်တော့ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးဟာ ခြောက်ကပ်သွားတော့တာပါပဲ။ စကားတွေအများကြီး လိုအပ်တယ်လို့ ထင်ရပြီး အချင်းချင်း အပြိုင် ခေါင်းမာနေတတ်လို့ စိတ်အခန့်မသင့်မှုလေးတွေလည်း များတတ်ပါတယ်။ အေဘီသွေးပိုင်ရှင် ယောင်္ကျားများရဲ့ ထူးခြားချက်ကို နားမလည် နိုင်တာကြောင့် စိတ်ပင်ပန်းရတဲ့ အတွဲလည်း ဖြစ်ပါတယ်။ မေးတာကတခြား ဖြေတာက တခြား ဖြစ်တဲ့ အခါတွေလည်း များပါတယ်။ ဒီစုံတွဲလေးက ပြီးပြည့်စုံတဲ့ အတွဲလေးလို့ ပြောလို့ မရနိုင်သလို လုံးဝ ပေါင်းစပ်လို့မရဘူးလို့လည်း ပြောလို့ မရပါဘူး။ အေသွေး မိန်းကလေးနဲ့ အေဘီသွေး ယောင်္ကျားလေး တွေကတော့ နှစ်ဦးနှစ်ဘက်လုံးက သေချာပိရိတဲ့အပြင် အချင်းချင်းရဲ့ အားသာချက်လေးတွေကိုလည်း လက်ခံအသိအမှတ်ပြု တတ်ကြတာမို့ အဆင်ပြေတဲ့ အခြေအနေလေးကို ဖန်တီးနိုင်ပါတယ်။ အေသွေးမိန်းကလေးတွေက စိတ်ဝင်စားစရာကောင်းတဲ့ စကား၊ ဟာသလေးတွေ ပြောတတ်တဲ့ ယောင်္ကျားမျိုးကို သဘောကျတတ်ကြပါတယ်။

အေဘီ-ဘီ (၉၀%)

အေဘီသွေးယောင်္ကျားလေးများရဲ့ ပညာရှိရှိပြုမူတတ်တဲ့ အကျင့်လေးတွေက ဘီသွေးမိန်းကလေးများကို ဆွဲဆောင်နိုင်စွမ်း ရှိပါ တယ်။ အေဘီသွေး ယောင်္ကျားလေးများကလည်း ဘီသွေးမိန်းကလေးများရဲ့ စမ်းသပ်လုပ်ကိုင်ချင်စိတ်၊ တက်ကြွဖျတ်လတ်မှုကို နှစ်သက်ကြပါတယ်တဲ့။ ဘီသွေးမိန်းကလေးများကအေဘီသွေးယောင်္ကျားလေးများ ပွင့်ပွင့်လင်းလင်းနဲ့ ချစ်ခွင့်ပန်တဲ့ ပုံစံမျိုးကို သဘောကြသလို ညင်းလည်း မညင်းနိုင်ပါဘူး။ ပွင်းလင်းတဲ့ စတိုင်လ်ကို လိုလားတာဟာ ဘီသွေးတွေရဲ့ စတိုင်လ်မို့ပါ။ ယောင်္ကျားလေးဘက်ကတော့ နည်းနည်း တစ်ကိုယ်ကောင်းဆန်တဲ့ အခါလေးတွေလည်း ရှိတတ်ကြပြီး ရင်ထဲမှာ ခံစားရတဲ့ အတိုင်း ဖော်ပြတတ်ပေမယ့် ဘီသွေးမိန်းကလေးများရဲ့ ခံစားချက်ကို သိုဝှက်တတ်တဲ့ အကျင့်လေးတွေကို နှစ်သက်ကြပါ တယ်တဲ့။

အေဘီ-အို (၃၀%)

အချင်းချင်း လုံးဝ စရိုက်သဘာဝကို ပိုင်ဆိုင်ထားတာတောင်မှ တော်တော် လိုက်ဖက်ညီတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။ ချစ်သူအဖြစ်အနေထက် အစ်ကိုတစ်ယောက်လို ခင်မင်တွယ်တာတာမျိုးက ပိုများပါတယ်။ အေဘီသွေး ယောင်္ကျားလေးများရဲ့ ပွင့်လင်းတဲ့ စရိုက်ဟာ အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ မျက်စိမှာတော့ တော်တော် ဆွဲဆောင်မှုရှိနေတတ်ပါတယ်တဲ့။ အေးစက် ပြီး တရားကျကျ စဉ်းစားတတ်တဲ့ အေဘီသွေးပိုင်ရှင် ယောင်္ကျားလေးများကို အိုသွေးမိန်းကလေးများက တောင့်တင်းခိုင်မာတဲ့ မှီခိုအားထားရာတစ်ခုလို့လည်း ထင်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်ညီမှုကတော့ ၃၀%ပါ။

အေဘီ-အေဘီ (၉၀%)

အချင်းချင်း ကောင်းကောင်းနားလည်နိုင်တဲ့အပြင် တဘက်သားကိုလည်း အလေးအနက်ထားတတ်ကြပါတယ်။ အဆင်ပြေတဲ့ အတွဲလေးတစ်တွဲဖြစ်ပေမယ့် သူများတွေအမြင်မှာတော့ သိပ်ပြီး မထူးခြားလှတဲ့ အတွဲလေး တစ်တွဲပါ။ တပူးကပ်ကပ်နေတတ်တဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။ နှစ်ယောက်စလုံးက စဉ်းစားဥာဏ်ရှိတဲ့အတွက် တဘက်သားရဲ့ စရိုက် သဘာဝတွေအားလုံးကို နားလည်ပေးနိုင်သလို မကြိုက်တဲ့ အပြုအမူကို ရှောင်ကျဉ်ကြပါတယ်။ တခါတလေမှာတော့ အတွေး အခေါ်တွေ မတိုက်ဆိုင်တဲ့အခါလေးတွေလည်းရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှတဲ့ အတွဲဖြစ်တာကြောင့် ပျော်စရာကောင်းတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။

ကဲ… ဒီလောက်ဆိုရင် သွေးပိုင်ရှင်တွေရဲ့ စရိုက်လေးတွေကို သိကြပြီပေါ့နော်။ သူငယ်ချင်းတို့လည်း ကိုယ်ရဲ့သွေးအမျိုးအစားနဲ့ လိုက်ဖက်တဲ့ ဖူးစာရှင်ကို ရွေးချယ်နိုင်ပါစေ။ ဟုတ်သော်ရှိ, မဟုတ်သော်ရှိ အများသူငါ ဖတ်ရှုဖို့ သူငယ်ချင်းတို့ရဲ့ အပေါင်းအသင်းများကို မျှဝေပေးစေချင်ပါတယ်။

fwd:email မှ ကူးယူဖော်ပြပါသည်။

Jul 13, 2010

အပျိုမတွေ မငိုရလေအောင်..

ကလေးမလေးတစ်ယောက် ကျွန်တော့်ဆီ ရောက်လာပြန်တယ်။ လူမှုရေးကိစ္စတွေ စေတနာ့ဝန်ထမ်း နားထောင်ပေး၊ကူတွေးပေး တဲ့အလုပ်ကလေး လုပ်နေတာ တစ်နှစ်ကျော်၊ နှစ်နှစ်နီးခဲ့ပြီဆိုတော့လည်း ကျွန်တော့်ဆီကို ရောက်ရောက် လာသူတွေ မနည်း လှပါဘူး။ ဒါပေမယ့် အများစုကတော့ အိမ်ထောင်ရှင်အမျိုးသမီးတွေသာ ဖြစ်ပါတယ်။ အမျိုးသားတွေထဲကလည်း အခု နောက်ပိုင်းမှာတော့ အမျိုးသမီးအရေအတွက်လောက် မများဦးတောင် တိုးတိုးပြီးရောက်လာနေကြတာ တွေ့ရတော့ ကြည်နူး ရတယ်။

လာကြတဲ့အထဲမှာ အင်မတန်နည်းတာကတော့ အပျိုပေါက်အရွယ် ကလေးမလေးတွေပါ။ သည်တစ်ခေါက်ရောက်လာတဲ့ ကလေးမလေးနဲ့ တွေ့ဖြစ်ချိန်မှာ ကျွန်တော့်အတွက်ရေးစရာကရလို့ သွားပြန်တယ်။ တစ်ဆက်တည်းမှာပဲ ယောက်ျားတွေရဲ့ အချစ်ကိုအကျယ်တဝင့် ရေးပြဖြစ်ခဲ့မိတဲ့အတွက်လည်း ကျေနပ်ကြည်နူးမိသွားရတယ်။(တချို့ယောက်ျားတွေကတော့ ကျွန်တော့်ကို ချီးမွမ်းခြေကျောက်လုပ်ကြတယ်။ ဘာလို့ ဖွင့်ချရတာတုန်းတဲ့ဗျား။)

သည်လိုပါ။ ကလေးမလေးမှာက ချစ်သူ ရှိတယ်။ ကလေးမလေးက အသက် ၁၈နှစ်၊ ဒုတိယနှစ်တက်နေတဲ့ ကျောင်းသူလေး။ အဲဒါ သူ့ချစ်သူက သူ့ကို ဆိတ်ကွယ်ရာသွားဖို့ မရမကခေါ်နေသတဲ့။ ကလေးမလေးကလည်း ငြင်းတယ်။ ကလေးမလေးရဲ့ စကားက ရှင်းပါတယ်။

“သမီး အိမ်ထောင်မပြုချင်သေးဘူးဆရာ၊ သမီးမှာ ရည်မှန်းချက်တွေလည်း ဘာဆိုဘာမှ မပြည့်စုံသေးဘူး။ မိဘတွေကိုလည်း သမီး လုပ်ကျွေးချင်သေးတယ်” သိပ်ကောင်းတဲ့ စကားလေး။

ဒါပေမယ့် သူ့ချစ်သူက ဇွတ်ခေါ်နေတယ်။ မလိုက်ရင် ချစ်သူနဲ့ကွဲချင်ကွဲရလိမ့်မယ်တဲ့။ အဲဒါ ဘာလုပ်ရမလဲလို့ ကျွန်တော့်ကို လာတိုင်ပင်တာတဲ့။

ကျွန်တော် ဘယ်လိုပြောမယ် မှတ်သလဲ။ တစ်ခေါက်တလေတော့ လိုက်သွားပါ သမီးရယ်လို့ ပြောရမှာလား။ ဘယ်ဖြစ်ပါ့မလဲ။

ကျွန်တော့်မှာလည်း သမီးနဲ့။ ကိုယ့်သမီးလေးကိုသာဆို ပြောဖြစ်မယ့် စကားကိုပဲ ပြောရပါတယ်။ “မှန်လိုက်တာ။ သမီး သိပ်မှန်တာပေါ့။ ကိုယ့်ကိုယ်ကိုယ်ကိုကိုယ်ကိုယ်တိုင်က တန်ဖိုးထားမှ ရမှာ။ ကိုယ့်ကိုယ်ကိုယ် ကိုယ်ပဲ ထိန်းသိမ်းနိုင်တာ။ သမီး သိပ်တော်တာပဲ”လို့ ကျွန်တော်ချက်ချင်းပြောဖြစ်ခဲ့တယ်။

ကလေးမလေးက အချီးကျူးခံလိုက်ရလို့ ဝမ်းသာပုံ မပြဘူး။ မျက်လုံးလေး ပေကလပ်၊ပေကလပ်နဲ့၊ ကျွန်တော့်ကို ကြည့်နေ သေးတယ်။

“ဘာလဲ၊ သမီးက သူနဲ့ ကွဲသွားမှာ စိုးလို့လား”လို့ မေးလိုက်တော့ ခေါင်းလေးတဆတ်ဆတ်ညိတ်တယ်။

“ဒါဖြင့် သူ့အလိုကို လိုက်တော့မယ်ပေါ့”လို့ မေးပြန်တော့ ခေါင်းကိုသွက်သွက်ခါတယ်။ “ဒါဆိုလည်း ရှင်းနေတာပဲ သမီးရယ်၊ အလိုမလိုက်လို့ ကွဲချင်လည်း ကွဲပါစေ။ ထိန်းသိမ်းရမှာက သမီးတာဝန်ပဲ”လို့ ပြောလိုက်ရပါတယ်။

အမှန်တော့ သည်ကလေးမလေး အပါအဝင် ဒါမျိုးကိစ္စနဲ့ ကျွန်တော့်ဆီ ရောက်လာသူတွေ လေး-ငါးယောက် မကတော့ပါဘူး။ သည်တစ်ယောက်ပဲ ကိုယ့်ကိုယ်ကိုယ် ကျွန်တော်နဲ့လာတွေ့ချိန်အထိ ထိန်းသိမ်း စောင့်ရှောက်နိုင်တာ တွေ့ရဖူးပါသေးတယ်။ ကျန်တဲ့သူတွေကတော့ ချစ်သူအလိုကျ မလိုက်လျောသင့်တာကို လိုက်လျောမိရာက စိတ်ညစ်ကုန်ရတဲ့သူတွေပါ။

သည်နေရာမှာ ယောက်ျားတွေအကြောင်းကို မိန်းကလေးတွေ သိအောင်ထပ်ပြောပြချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ယောက်ျားထဲကယောက်ျားတစ်ယောက်ဖြစ်တဲ့အတွက် သည်ကိစ္စနဲ့ ပတ်သက်လို့ တစ်စက်မှမကင်းတဲ့အပြင် ရည်းစား သက်စေ့ထားခဲ့ဖူးသူ ဖြစ်တဲ့အတွက်လည်း သည်ကိစ္စနဲ့ပတ်သက်ရင် အပိုင်ပြောလို့ ရမယ်ထင်ပါတယ်။

ကျွန်တော့်အသက် ၁၉နှစ်အရွယ်မှာ ရည်းစားအဖြစ် ပြောင်ပြောင်တင်းတင်း (သူ့ရှေ့ကဟာတွေက ခြေအေးဝမ်းရောင်တွေပါ) စတင်တွဲခဲ့သူမှသည် ၂၀ဝ၁ခုနှစ်နှစ်ဦးမှာ လမ်းခွဲလိုက်တဲ့ (အိမ်ထောင်ရှင်တန်မဲ့နဲ့ ထားခဲ့ဖူးတဲ့)ရည်းစားအထိ ရှိရှိသမျှ ရည်းစားအားလုံးကို ဟုတ်ကဲ့… “ဆိတ်ကွယ်ရာ”ကို ခေါ်သွားဖူးတာချည်းပါပဲ ခင်ဗျား။ [မယုံရင် ၁၉၇၆-၇၇ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်နှစ်လည်မဂ္ဂဇင်းထဲမှာ ကျွန်တော့် ပထမဆုံးရည်းစားအဖြစ်ထားခဲ့ဖူးသူကို ဆိတ်ကွယ်ရာ အခေါ်ကောင်းလို့ ဒုက္ခများတဲ့အကြောင်း ရေးထားတဲ့ ကိုယ်တွေ့ ဝတ္ထုလေးကို ရှာသာ ဖတ်ကြည့်ကြပါ။ ကျွန်တော့်ရဲ့ ခြေရာပြိုးပြောက် လွမ်းပွင့် ကောက်သီ ကိုယ်တိုင်ကြုံဝတ္ထုတိုများ စာအုပ်ထဲမှာ ပါပါတယ်။]

ပြောချင်တာက သမီးရည်းစားရယ်လို့ ဖြစ်လာရင် ယောက်ျားတွေဟာ ဘာမှန်းကိုမသိဘူး။ ဆိတ်ကွယ်ရာကိုမှ ခေါ်မသွားရရင် မနေတတ်ကြပါဘူး။ အဲ…လိုက်တဲ့သူက လိုက်လာပြီဆိုရင်လည်း အဲဒီ့ ကိုရွှေယောကျာ်းသားများဟာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတိုးတက်ဖို့လည်း တစ်စက်မှ ဝန်မလေးတတ်ကြပြန်ဘူး။

အဲ… ခေါ်ရာကို မလိုက်ဘူးဆိုရင်လည်း မျက်နှာတော်ညို၊ အလိုမကျဖြစ်ပြီးအမျိုးစုံ ဂျီကျ၊ ဂျစ်တိုက်၊ မောင့်ကို မချစ်လို့လား၊ မယုံလို့လားစသဖြင့် မျက်ရည်ခံထိုး၊ အမျိုးမျိုး ပပ်ချွဲနှပ်ချွဲ လုပ်တတ်တာလည်း အဲဒီ့ကိုရွှေယောက်ျားသားများပါပဲ ခင်ဗျာ။

ဒါဟာ အခုမှမဟုတ်ပါဘူး။ ခေတ်အဆက်ဆက်ကတည်းကပါ။ “လရောင်ကို မကြောင်ဝံ့လို့၊သစ်ပင်အောက်ကို မှောင်ခိုကာရယ်၊ နှစ်ယောက်သား တွေ့ကြရာဝယ်”ဆိုတဲ့ ဟိုးရှေးရှေးကတည်းက ယောကျာ်းနဲ့မိန်းမ သမီးရည်းစားဘဝ ရောက်ကြပြီဆိုတာနဲ့ နှစ်ယောက်ချင်းသာ တွေ့ချင်တဲ့ အာသီသက အဖိုမှာရော အမမှာပါ ရှိတတ်စမြဲပါ။

ဒါပေမယ့် အမျိုးသမီးတွေ ချစ်သူနဲ့ နှစ်ယောက်ချင်း တွေ့ချင်တာကလွတ်လွတ်လပ်လပ် တွတ်ထိုးချင်လို့ပါ။ နွဲ့ချင်၊ မီချင်လို့ပါ။ ဒါပေမယ့်အစ်ကို ကာလသားများကတော့ သူတို့ ချိန်းတဲ့နောက် ကောက်ကောက် ပါအောင်လိုက်လာပြီဆိုကတည်းက သူလည်း ငါလိုပဲ၊ ငွေပင်လယ် လက်ပစ်ကူးချင်စိတ်အပြည့်နဲ့လို့ ထင်ကုန်တတ်ကြပါတယ်။

အဲသလို ထင်ကုန်အောင်လည်း မမတွေဖက်က ချစ်သူကို ချစ်တာလေး တစ်ခုတည်းနဲ့ပဲ မလိုက်လျောသင့်တာတွေ လိုက်လျော ဖြစ်နေတတ်ကြတာကိုး။ အမှန်ကတော့ ယောက်ျားတွေမှာ ရှိတဲ့စိတ်မျိုးနဲ့ တုံ့ပြန်တာထက် ကိုယ့်ချစ်သူ စိတ်ချမ်းသာ စေချင် လို့စုံလုံးကန်းပြီး ဇွတ်မှိတ်ကြတာက အများစုပါ။ သည်မှာတင် မိန်းမတွေများနှာခေါင်းမပါရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ် အပြောခံကုန်ရတော့တာပါပဲ။

အခုခေတ်ကျတော့ ပိုဆိုးပါတယ်။ ဗီဒီယို စက်တွေ ပေါ်လာတဲ့အခါမှာ အိုးမကွာ၊အိမ်မကွာလည်း ကြည့်စရာတွေက ပေါလာ၊ ဗီစီဒီဆိုတဲ့ ဓာတ်ပြားလေးတွေကလည်း ပေါပေါလောလောနဲ့ဆိုတော့ ယောက်ျားလေးတွေမှာ အတုမြင်ဖို့က အရင်ခေတ်ကထက် ပိုလို့ လွယ်လာပါတော့တယ်။ အတတ်သင်ဖို့ကျတော့ ကိုယ်နဲ့ လက်ရှိတွဲနေတဲ့ချစ်သူက ပစ်မှတ်ဖြစ်ကုန်ပြန်တယ်။

ကိုယ့်တုန်းကလည်း ရည်းစားရှိလာရင် ဆိတ်ကွယ်ရာမှာ တွေ့ဖို့ချိန်းခဲ့တာချည်းဖြစ်ပေမယ့် ကိုယ့်နှမ၊ သူ့နှမ၊ ကိုယ့်သမီး၊ သူ့သမီးကျတော့ သတိ မပေးလို့က မဖြစ်တော့ဘူး။ အရွယ်ရောက်နေတဲ့ (၂၀ကျော်) မိန်းကလေးတွေ ကိုယ့်သဘောနဲ့ ကိုယ်လိုက်ချင်လို့ လိုက်သွားမယ်ဆိုလို့ကတော့ သဘောပါပဲ။ ကိုယ့်ကိုယ်ပိုင်လွတ်လပ်ခွင့်မို့ ဘယ်သူကမှ ကန့်ကွက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကိုတော့ မမများ ကိုယ့်ဘာသာ သေချာစဉ်းစားသိရှိထားသင့်ပါတယ်။

ဆိတ်ကွယ်ရာကို လိုက်မိပြီဆိုကတည်းက…

(၁) ကိုယ့်ကို အလိုတူ အလိုပါအဖြစ် ယောက်ျားလေးဘက်က အလိုလို သတ်မှတ်လိုက်ပြီဆိုတာကို နားလည်ထားရပါမယ်။
(၂) လက်ကလေးကိုင်ရုံ၊ နဖူးကလေး နမ်းရုံ၊ ပခုံးကလေး ဖက်ရုံလောက်နဲ့တင်ပီးမှာ မဟုတ်ဘူးဆိုတာကိုလည်း ကြိုတင် တွက်ဆထားရပါမယ်။ သိပ်လျင်တဲ့ယောကျာ်းသားတွေဆိုရင် ဝရုန်းသုန်းကား မဟုတ်ဘဲနဲ့ လက်ကလေးကိုင်ရင်း၊ နဖူးကလေး နမ်းရင်းနဲ့ အချိန်ဆွဲပြီး “ကျုံးသွင်း”တတ်ကြတာမို့ ကိုယ့်ကိုယ်ကိုယ် ဘယ်အချိန်မှာ ငိုက်ခနဲ ညွတ်ကျသွားမှန်း မသိလိုက်ရသူ တွေလည်း ရှိတတ်တယ်။ ဒါတွေကို ကြိုမြင်ထားဖို့လိုတယ်။ ဒါက မလိုက်ခင်ကတည်းက သိနေရမှာပါ။
ဒါကို သိသိကြီးနဲ့ လိုက်ရင်တော့…
(၁) အလိုတူလို့ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်
(၂) မိမိစိတ် မိမိနိုင်နိုင်နင်းနင်းနဲ့ ဘယ်အတိုင်းအတာအထိလိုက်လျောမယ်လို့ ပိုင်းဖြတ်ပြီး ရပ်သင့်တဲ့အချိန် ကျရင် တိခနဲ ရပ်နိုင်စွမ်း ရှိလို့ရင်လည်း ဖြစ်နိုင်ပါတယ်။

သည်နေရာမှာ “ဟင့်အင်း၊ လုံးဝ မလိုက်လျောနိုင်ဘူး”လို့ ပြောတာ (ဝါ)ငြင်းဆန်နိုင်တာဟာ အရည်အချင်းပါ။ အသိဉာဏ် ရှိတာပါ။ ရင့်ကျက်တာပါ။

နမူနာလေးနဲ့ ပြောပါရစေ။ ကလေးဘဝတုန်းက “မိဖြူနဲ့ ငါနဲ့ မခေါ်ဘူးဟ၊ နင်လည်းသူ့ကို မခေါ်နဲ့နော်”လို့ ပြောရင် လိုက်လျောမိတတ်ကြပါတယ်။ အရွယ်လေးရလာတော့ အဲဒါမျိုးလာပြောရင် “ဘာဆိုင်လို့တုန်း၊ နင့်ဘာသာမခေါ်ချင်မခေါ်နဲ့ပေါ့။ နင်မခေါ်တာနဲ့ ငါလည်း မခေါ်ဘဲနေရမယ်ဆိုတာကတော့အဓိပ္ပာယ် မရှိဘူးဟာ”လို့ ပြောဖြစ်နေနိုင်ပါတယ်။ ဒါဟာ ရင့်ကျက်လာမှု၊ အသိဉာဏ်ရှိမှုကို ပြသတာ မဟုတ်ဘူးလား။

အလားတူပဲ၊ မူးယစ်ဆေးဝါးတစ်ခုခုကို စမ်းကြည့်ရအောင်လို့ သူငယ်ချင်းကအဖော်စပ်လာချိန်မှာလည်း “ဟင့်အင်း”လို့ ငြင်းနိုင်တာဟာ အသိဉာဏ်ရှိတာကိုပြတာပါပဲ။ ကလေးဘဝတုန်းက သူများ ပစ္စည်းသော၊ ဘာသော မသိ၊လိုချင်ပြီဟေ့ဆိုရင် တဂွဲဂွဲ အော်ငိုတတ်ကြပေမယ့် အသက်ကလေး ရလာတာနဲ့ အမျှသူများပစ္စည်းကို ပေးသူက ပေးလို့ အလကားရမယ်ဆိုရင် တောင် ချိန်ဆကုန်ကြတာ၊ ပေးကမ်းမှုရဲ့ နောက်ကွယ်က ငါးမျှားချိတ်ကိုပါ တွက်ကုန်ကြတာဟာအသိဉာဏ်ရှိတာ၊ ရင့်ကျက်တာပါ။

ဒါကြောင့် ကိုယ့်ချစ်သူက အဆင့်တွေ ကျော်ဖို့ အားထုတ်တဲ့အခါမှာလည်းကိုယ့်ဘက်က ယတိပြတ် ငြင်းပယ်နိုင်တာဟာ ကိုယ့်မှာ အသိဉာဏ် မနုံ့နဲ့ရာ၊ရင့်ကျက်ခိုင်မာတဲ့ စိတ်ဓာတ်ရှိရာ ရောက်တာမို့ ကိုယ် မလိုက်လျောနိုင်ရင် ပြတ်ပြတ်သားသား ငြင်းပယ်နိုင်ရပါမယ်။ ငြင်းပယ်တတ်ရပါလိမ့်မယ်။

အဲ… အဲသလိုမှ မဟုတ်ဘဲ၊ လိုက်လည်း လိုက်သွားမိတယ်၊ ငြင်းဖို့ကလည်းအားနာတယ်၊ ကိုယ့်ချစ်သူက ကိုယ့်ကို အမျိုးစုံ ဂျီကျ၊ မျက်ရည်ခံထိုးတဲ့ဒဏ်ကို မခံနိုင်တော့လို့လည်းလိုက်လျောမိသွားတယ်ဆိုရင်တော့ ဖြစ်လာနိုင်ချေရှိတဲ့ အကျိုးဆက်တွေက တစ်စက်မှ မကောင်းလှပါဘူး။
(၁) ကိုယ့်ချစ်သူက ကိုယ့်ကို တန်ဖိုးထားတော့မှာ မဟုတ်တော့ပါဘူး။လုံးလုံး တန်ဖိုးမထားတော့တာမျိုးမဟုတ်ရင် တောင် ကိုယ့်ကို အရင်ကလောက်တန်ဖိုးထားတော့မှာ မဟုတ်တာတော့ သေချာပါတယ်။ လွယ်လွယ်နဲ့ရရင်ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လူ မှန်ရင် သိပ်တန်ဖိုးမထားတတ်တာသဘာဝပါ။ ဒါကြောင့် ကိုယ့်ဘက်က လွယ်လွယ် လိုက်လျောမိလို့ ကိုယ့်ဈေးပျက်သွားတာ၊ သူ့ဘက်က တန်ဖိုးမထားတာဟာ စေ့စေ့တွေးရင်ကိုယ့်အပြစ်တွေချည်းပါ။
(၂) တစ်ခါလိုက်လျောမိပြီဆိုတာနဲ့ အခါအခါ အထပ်ထပ်လိုက်လျောရတော့မှာလည်းသိထားဖို့ လိုတယ်။
(၃) သည်အထဲမှာမှ အရေးအကြီးဆုံး အချက်၊ အဓိကအကျဆုံးအချက်ကကိုယ့်ချစ်သူဆိုပေမယ့် ကိုယ်နဲ့ တစ်အိမ်တည်း နေတာမဟုတ်ပါဘူး။ မနက်အိပ်ရာထက ညအိပ်ရာဝင်ချိန်အထိလည်း ကိုယ့်မျက်စိအောက်မှာ ရှိနေသူမဟုတ်ပါဘူး။ ဒါကြောင့်သူ့နောက်ကြောင်း ရာဇဝင်ကို သူပြောသလောက်သာသိထားရတာပါ။ သူဟာ ကိုယ့်ရှေ့မှာ ဘယ်လိုအမျိုးသမီးတွေနဲ့ ယဉ်ပါးခဲ့မှန်းကိုယ် ဘယ်လိုနည်းနဲ့မှ အမှန်အတိုင်း မသိနိုင်ပါဘူး။ သည်အခါမှာ သူ့မှာအိပ်ခ်ျအိုင်ဗှီဆိုတဲ့ ကုရာနတ္ထိရောဂါပိုး ရှိနေမယ်ဆိုရင် ကိုယ့်ကိုပါအလိုလို ကူးစက်လာမယ့် အန္တရာယ်ကြီးက ကျောချမ်းစရာကြီးပါ။ အိပ်ခ်ျအိုင်ဗှီပိုး ရှိသူတွေမှာ ချိုပေါက်နေတာမဟုတ်ဘဲ သူလို ကိုယ်လိုသွားသွားလာလာ၊ ကျန်းကျန်းမာမာမို့ ကိုယ့်ချစ်သူကို အမြင်နဲ့တင်၊ သူ့စကားတစ်မျိုး နဲ့တင် ယုံလို့မရဘူးဆိုတာ သတိချပ်ကြစေလိုပါတယ်။

အစီအစဉ်အတိုင်း အမှတ်စဉ်ထိုးပြီး ပြောနေလို့သာ ဒါက နံပါတ်(၃)ဖြစ်သွားတာပါ။ တကယ်တော့ သည်အချက်ဟာ ထိပ်ဆုံး နံပါတ်တစ်ကသတိထားရမယ့် အချက်ပဲဖြစ်ပါတယ်။

(၄) နောက်ထပ်အန္တရာယ်ကတော့ တခြား လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေလို့ခေါ်တဲ့ ကာလသားရောဂါ အမျိုးမျိုး ကူးစက်လာနိုင်စရာ ရှိတာတွေပါပဲ။ ဒါ့အပြင်ရေယုန်ပေါက်တာလို၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးလိုဟာတွေလည်း ကူးစက်လာနိုင်ပါတယ်။ ဒါတွေကလည်း လူကောင်းပကတိတွေဆီမှာခိုအောင်းနေနိုင်တဲ့ ရောဂါပိုးတွေပါပဲ။
(၅) ရောဂါတွေပြီးတဲ့နောက် တခြားဆိုးရွားတဲ့အကျိုးဆက်ကတော့ ကိုယ်ဝန်ရှိလာနိုင်တာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိလာတဲ့ အခါ မောင်မင်းကြီးသားများက တာဝန်ယူရင် တော်ရဲ့၊ တာဝန်မယူရင် မမများပဲ အကျိုးနည်းရမှာပါ။ တာဝန်ယူတဲ့အခါမှာ လည်း ကဲတုန်းက သူတို့ပဲ ဇွတ်ကဲခဲ့သူ ယောကျာ်းသားများပေမယ့် ကိုယ်ဝန်ကြောင့် ယူလိုက်ရရင် အဲဒီ့မိန်းမအပေါ်မှာ အခြောက်တိုက် ညိုးတတ်တဲ့ ယောက်ျားတွေလည်း မျက်စိနဲ့တပ်အပ် မြင်ဖူးပါတယ်။ ဒါကြောင့်မို့ ကိုယ်ဝန်ကြောင့် ကိုယ့်ကို ယူလိုက်တဲ့ ယောက်ျားဟာ ကိုယ့်အပေါ်မှာ အလိုလို အသာစီး ယူသွားတတ်တယ်။ တာဝန်မယူတဲ့ သူနဲ့တွေ့တဲ့အခါမျိုးကျ တော့ ဘဝပျက်သွားနိုင်တာ အထူးရှင်းနေစရာ မလိုတော့ဘူးထင်ပါတယ်။ ဒါကြောင့် ချစ်သူရည်းစား ထားနေကြတဲ့မိန်းကလေး များအနေနဲ့ ကိုယ့်ချစ်သူကကိုယ့်ကို ဆိတ်ကွယ်ရာကို ခေါ်ရင်၊ ဆိတ်ကွယ်ရာမှာ တွေ့ဖို့ ချိန်းရင်သတိထားကြစေချင်ပါတယ်။

သည်အချက်တွေကို လေးလေးနက်နက် စဉ်းစားဆင်ခြင်ကြစေချင်ပါတယ်။ သည်အတွက် ချစ်သူနဲ့ ကွဲရရင် ဘယ်လိုလုပ်မလဲ လို့ မေးစရာရှိပါတယ်။ ကျွန်တော့်စာအစမှာ ဖော်ပြခဲ့တဲ့ ကလေးမလေးကလည်း ကျွန်တော့်ကိုမေးသွားပါတယ်။ ကျွန်တော် ဖြေလိုက်ပါတယ်။

အဲသလို အလိုမလိုက်လို့ ကွဲသွားမှတော့ ကိုယ့်ချစ်သူဟာ ကိုယ့်ကို တကယ်ချစ်တာမဟုတ်မှန်း၊ ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုယ်လက် နှီးနှောမှုကိုသာ လိုချင်မက်မောမှန်း အလိုလို သက်သေပြလိုက်ရာရောက်ပြီးသားမို့ တကယ်တမ်းမှာ အဲလိုလူမျိုးနဲ့ လွဲသွားတာ ဟာ လွမ်းစရာတစ်စက်မှ မရှိပါဘူး။ နောက်တစ်ချက်က ချစ်သူတစ်ယောက်မရှိတော့ရင် နောက်တစ်ယောက်နဲ့ အစားထိုး လို့ရပါတယ်။ ကိုယ့်ရဲ့ပျက်သွားတဲ့ဘဝအနေအထားကိုတော့ ဘာနဲ့မှ အဖတ်ဆယ်လို့ မရနိုင်ပါဘူး။

ဆိုလိုတာက အပျိုရည်တစ်ခါပျက်ပြီးရင် အပျိုပြန်မဖြစ်နိုင်တော့ပါဘူး။ တစ်ယောက်တည်းကိုပဲချစ်ပြီး တစ်ယောက်တည်းနဲ့ပဲ လက်ထပ်ချင်တယ်ဆိုတဲ့ အူကြောင်ကြောင် အယူအဆတွေကိုလည်း လက်ကိုင် မထားကြစေချင်ဘူး။ လူတွေအများကြီးနဲ့ ပေါင်းပြီးမှ ဘယ်ဟာက သူငယ်ချင်းကောင်း၊ ဘယ်ဟာက သာပေါင်း ညာစား၊ ဘယ်ဟာက အပေါ်ယံလို့ ဆုံးဖြတ်နိုင်တယ်။ ဆွေမျိုးတွေ တစ်လှေကြီးကြားမှာလည်း ဘယ်သူက မိတ်ဆွေကောင်း၊ ဘယ်သူက အရေးဆို အားမကိုးရဘူး၊ ဘယ်သူက ဖက်လှဲတကင်း မနေတတ်ပေမယ့် အရေးကျအားကိုးရတယ်စသဖြင့် နေရင်းနဲ့မှ သိလာရပါတယ်။ သူငယ်ချင်းမိတ်ဆွေပဲဖြစ်ဖြစ်၊ ဆရာသမားပဲဖြစ်ဖြစ်၊ ဆွေမျိုးသားချင်းပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ်၊ လူတွေဖြစ်ကြတာမို့ လူအကြောင်းဟာ ပေါင်းရင်းနဲ့မှ သိလာပြီး ဘယ်သူကဖြင့်ကိုယ်နဲ့ အဆင်ပြေတယ် အစပ်တည့်တယ်၊ ရေရှည်လက်တွဲနိုင်တယ်ဆိုတာကို အများထဲက ရွေးပြီးမှ ဆုံးဖြတ်ယူရတတ်စမြဲပါ။

ချစ်သူရည်းစား၊ အိမ်ထောင်ဖက်ဆိုတာလည်း နတ်ပြည်က လာတဲ့သူတွေမဟုတ်ပါဘူး။ လူထဲက လူတွေချည်းပါပဲ။ အဲဒီ့လူတွေ ထဲက လူတွေကိုမှ တစ်ယောက်ဆိုတစ်ယောက်၊ ပိတောက်ဆိုပိတောက်ဆိုပြီး လက်ထပ်သူနဲ့ ချစ်သူကို တစ်ယောက်တည်း ဖြစ်ချင်တယ်ဆိုတာဟာ ဆင်ခြင်တုံတရားကင်းမဲ့လွန်းရာကျပါတယ်။ မြန်မာလည်း မပီသပါဘူး။ ဘာလို့ဆို၊ ရှေးလူကြီးသူမတွေ ကိုယ်၌က ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်လို့ ဆိုထားခဲ့တဲ့ မြန်မာစကားဟာ အင်မတန် ဓမ္မဓိဋ္ဌာန်ကျတဲ့စကား ဖြစ်နေလို့ပါပဲ။

အဲတော့ အပျိုမတို့အနေနဲ့ မိမိတို့ရဲ့ ချစ်သူရည်းစားက ကိုယ့်ကိုဆိတ်ကွယ်ရာမှာ တွေ့ဖို့ ချိန်းဆိုမယ်၊ ခေါ်သွားမယ်ဆိုရင် သဘောမလွယ်မိမှဒူးနဲ့ မျက်ရည် မသုတ်ရမှာကို တွေးတတ်နေစေချင်လှပါတယ်။

ထပ်ပြောပါရစေ… ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင်သာ ထိန်းသိမ်းနိုင်ကြမှာပါ။ ကိုယ့်အရည်အချင်းကိုလည်း ကိုယ်ကိုယ်တိုင်သာ မြှင့်တင်နိုင်ရိုး ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ဘဝကိုလည်း ကောင်းအောင်၊ ဆိုးအောင်မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်းမှာ ချမှတ် လိုက်တဲ့ ကိုယ့်ဆုံးဖြတ်ချက်ကသာ လုပ်နိုင်ပါတယ်။

ဒါကို စဉ်းစားမိကြမယ်ဆိုရင်… အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ...

မှတ်ချက်။ ။ ဆရာ အတ္တကျော်ရဲ့  စာစုလေးပါ........

2018 World Cup အိမ်ရှင် မြန်မာနိုင်ငံ

2018 Word Cup ကျင်းပခွင့် အား အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံကိုရွှေးချယ်လိုက်ကြောင်း FIFA မှ ဇူလိုင်လ 11 , 2010 ရက်နေ့ က တရားဝင်ထုတ်ပြန်ကြေငြာလိုက်သည်။ 2014 ပြိုင်ပွဲကို တောင်အမေရိကတိုက်မှ ဘရာဇီး နိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။ 2018ခုနှစ်တွင် အာရှတိုက်မှ လက်ခံကျင်းပရမည်ဖြစ်သောကြောင့် အိမ်ရှင်အဖြစ်လျှောက်ထားသော အာဖဂန်နစတန်၊ အီ၇တ်၊ အရှေ့တီမော၊ မြန်မာ၊ မော်ဒိုက်၊ ဘူတန်၊ မြောက်ကိုရီးယား စသည့်နိုင်ငံများထဲမှ အသင့်တော်ဆုံး မြန်မာနိုင်ငံကို မဲအများဆုံးနှင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဆင့်အတန်းမြင့်မားမှု၊ ပြည်တွင်းကလပ်အသင်းများ ကြွှေးမြီဝန်ထုတ်ဝန်ပိုးကင်းရှင်းမှု၊ ပြိုင်ပွဲဝင်အသင်း များနှင့် ပရိတ်သတ်များအတွက်လုံခြုံရေးစိတ်ချရမှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဘောလုံးအခြေခံအဆောက်အအုံများ ကောင်းမွန် ပြည့်စုံမှုတို့ကြောင့် ရွှေးချယ်ရခြင်းဖြစ်ကြောင်း FIFA ပြန်ကြားေ၇းအရာရှိက ထုတ်ဖော်ပြောဆိုခဲ့သည် ။

ဇူလိုင်လ 12 ၇က်နေ့ ၊ ရန်ကုန်မြို့ ၊ Goal Hotelတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ President၊ First Secretaryနှင့် Media Officerတို့ က ပြိုင်ပွဲအစီအစဉ်များနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည် ။

Presidentက“မြန်မာနိုင်ငံရဲ့ လက်ရှိ ဘောလုံးအဆင့်အတန်းမှာ အလွန်မြင့်မားနေပြီဖြစ်ကြောင်း ဘရုနိင်း၊ ဖိလစ်ပိုင်၊ အရှေ့တီမော၊ ဖီဂျီ၊ မော်ဒိုက်၊ နီပေါ၊ ဘူတန်၊ ဆိုမာလီယာ၊ ဂ်ီနီ၊ ဆူဒန် စသည့်နိုင်ငံ အသင်းများထက် သာလွန် နေပြီဖြစ်ကြောင်း၊ ထိုသို့ မြင့်မားစေရန် ပေါ်တူဂီလူမျီုး မောင်ရင်တိုအား နည်းပြချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ထားကြောင်း ၊ ထို့ပြင် Myanmar National Leagueပြိုင်ပွဲဝင် Yadanabon FCမှ အိုင်ဗရီကို့ ကစားသမား ဂနွန်ဆီယန်နှင့် ကမ်ဘူး ၊ Yangon Unitedမှ ဂါနာ ကစားသမား ဟန်ဆန် ၊ ဘမ်ဘာနှင့် ဘတ်ဖိုးဂျီယန်၊ Delta Unitedမှ နိုင်ဂျီးရီးယား လူမျိုး စတန်လေတို့ကို အမည်မဖေါ်လိုသူ မြန်မာမင်းသမီး၊ အဆိုတော်များနှင့် လက်ထပ်စေပြီး နိုင်ငံသားခံယူစေခဲ့ခြင်းကြောင့် ဖြစ်ကြောင်း”..။

ထို့အပြင် “ဥရောပတိုက်ရှိ ကလပ်အသင်းကြီးများဖြစ်သော Manchester United, Liverpool, West ham, Post mouth, AC Milan, Juventus, Roma, Lazio, Parma, Valencia, Depotivo, Barcelona, Real Betis, Altaico, Lyonnis, Bordourex စသည့် ကလပ်အသင်းကြီးများ ကြွှေးမြီဝန်ထုတ်ဝန်ပိုး ပြသာနာများ ရှုပ်ထွေးနေချိန် Yadanabon, Yangon United, Delta United, Nay Pyi Taw FC, Southern Myanmar FC, Zay Yar Shwe Myay FC, Kan Baw Za FC, Magway FC, Zwel Ka Pin United FCစသည့် ပြည်တွင်း ကလပ်အသင်းများ ကြွှေးမြီဝန်ထုတ်ဝန်ပိုး ကင်းရှင်းမှုကို များစွာဂုဏ်ယူမိကြောင်း” ရှင်းလင်းပြောဆို သွားခဲ့သည်။

ထို့ နောက် First Secretaryက “ပြိုင်ပွဲဝင်အသင်းများနှင့် ပရိတ်သတ်များအတွက် လုံခြုံရေးစိတ်ချရစေရန် 100% အာမခံပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာမှ ဘောလုံးလူရမ်းကားများကို အေးအေးသက်သာထိန်းသိမ်းနိုင်ကြောင်းပြောဆိုခဲ့သည်။

ထို့ အပြင် “ကွင်းအတွင်း ပ၇ိတ်သတ် ရမ်းကားမှုများလည်းမရှိကြောင်း၊ MNL ပြိုင်ပွဲများတွင် ကွင်းလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါ အရက်သောက်၊ ကွမ်းစား၊ ဘောလုံးပွဲလောင်းပြီး ဘောလုံးပွဲများကိုအေးအေးဆေးဆေး ကြည့်ရှနိုင်ကြောင်း ၊ ရုပ်သံကြည့် ပရိတ်သတ်များ အငြင်းအခုံများမဖြစ်ပွားစေရန်အတွက်လည်း တိုက်ရိုက်ထုတ်လွှင့်နေချိန် ကွင်းအတွင်း ကစားသမားများ ခိုက်ရန်ဖြစ်ပွားခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းများဖြစ်ပွားပါက မပြသပဲ Score Boardကြီးကိုသာ ရိုက်ပြသည့် စနစ်များလည်း ထားရှိကြောင်း” ပြောဆိုသွားသည်။


ထို့အပြင် ဆက်လက်ပြီး “ပွဲစဉ်များကို အောင်ဆန်ကွင်း၊ YTCကွင်းနှင့်  မနျွှလေးမြို့ ဗထူးကွင်းများတွင် ကျင်းပမည် ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးအတွက် ပြိုင်ပွဲကျင်းပချိန်တွင် ယာဉ်ကြောပိတ်ဆို့မှု ကင်းဝေးစေရန် Bus Carsများ ထားရှိ မည်မဟုတ်ပဲ ခြေလျင်သာသွားကြရမည်ဖြစ်ကြောင်း၊ လာရောက်ကြည့်ရှမည့် နိုင်ငံတကာခေါင်းဆောင်များနှင့် Celebritiesများအတွက်မှူ ဆိုက်ကားနှင့် ဂါလီများ အလုံအလောက်ထားရှိပေးသွားမည်”ဟု အကျယ်တဝင့် ပြောဆို သွားသည်။

ထိုနောက် Media Officerက “ပြိုင်ပွဲ Logoအဖြစ် "ဆင်ဖြူတော် လေးကောင်ဘောလုံးကန်သည့်ပုံ"အား ရွေးချယ် အတည်ပြုပြီးဖြစ်ကြောင်း၊ လာဘ်ကောင် အရုပ်အဖြစ် ခြင်္သေ့ဆောင့်ကြောင့်ထိုင်နေသည့် အရုပ်ကို သတ်မှတ်ထားကြောင်း၊ ဝေဖန်မှုများ မရှိစေရန် ပေါ့ပါးသော Addidas Co.ထုတ် Jabulani, Teamgrist, Roteiroစသည့်ဘောလုံးများ၊ Nike Co.ထုတ် Arrow 90+, Arrow Final 50+ , Arrow Orange 90+ စသည့်ဘောလုံးများ အသုံးပြုမည် မဟုတ်ပဲ မှော်ဘီစက်ရုံထွက် ဘောလုံးများကို အသုံးပြုမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအဖွင့်သီချင်းအဖြစ် နာမည်ကျော် တေးရေး ဆရာ Xခိုင် ရေးသားသီကုံး ကော်ပီကူးချ ထားသော “ဟေးလား ဝါးလား မြန်မာကွ”(waka waka africa မဟုတ်ပါ) သီချင်းကို နာမည်ကျော် လူငယ် Hip Hopနှင့် Pop အဆိုတော်က Sexy Dance, Nature of Wild Sexual Life n Environmental Friendly Performance တို့ဖြင့် သီဆိုဖျော်ဖြေ ကပြ သွားမည်ဖြစ်ကြောင်း၊ လက်မှတ် မရရှိသော နိုင်ငံတကာပရိတ်သတ်များအတွက် ပွဲစဉ်များအားလုံးကို ကြည့်ရှနိင်ရန် Fan Festsများအဖြစ် ရန်ကုန်နှင့် မန္တလေးမြို့များရှိ KTV loungeများ ၊ Beer Stationsများနှင့် လက်ဖက်ရည်ဆိုင်များတွင် ဈေနှုန်း ချိုသာစွာဖြင့် ပြသပေးသွားမည်ဖြစ်ကြောင်း”

ထို့ အပြင် “ပရိတ်သတ်များ တီးမှုတ်အားပေးနိုင်ရန် မြန်မာ့ရိုးရာ ဝါးပုလွေများ၊ ဝါးလက်ခုပ်များ၊ လင်းကွင်းများနှင့် နှဲများ ၊ မိမိနိုင်ငံအသင်းများကို ထိရောက်စွာ အားပေးနိုင်ရန် မြန်မာ့ရိုးရာ လောက်လေးဂွ၊ လောက်စာလုံးနှင့် ဂျင်ကလိများကိုဈေးနှုန်း ချိုသာစွာဖြင့် အများအပြား ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း ”ရှင်းလင်းတင်ပြသွားသည်။

ထိုနောက် Journalistsများ၊ သတင်းစာဆရာများ မေးမြန်းသော ချောင်ပိတ်မေးခွန်းများကို ပါးနပ်စွာဖြေကြားရင်း သတင်းစာရှင်းလင်းပွဲကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည် ၊၊ ။

ရေးသူ ။။ လှိုင်ကို ။(a funny article for the memorial of World Cup 2010 in South Africa).

ဘောင်တွေကို ကျော်ကြည့်

အမေရိကန်တွေ အာကာသထဲ့သွားတော့ကမ္ဘာ့မြေဆွဲအား မရှိတော့တဲ့ ဟင်းလင်းပြင်မှာသူတို့ ဘောပင်တွေက မှင်မထွက် တော့တာတွေ့ရတယ်။ ဒီတော့ ပညာရှင်တွေ နာရီထောင်ပေါင်းများစွာသုတေသနလုပ်၊ ပိုက်ဆံဒေါ်လာသန်းပေါင်းများစွာ
သုံးပြီးချိန်မှာ pump penလို့ခေါ်တဲ့ ဖိအားပေးပြီးသုံးရတဲ့ ဘောလ်ပင်ကိုတီထွင်နိုင်ခဲ့တယ်။ အမေရိကန်ရဲ့ပြိုင်ဖက်ဆိုဗီယက် တွေကအမေရိကန် ဒီပြသာနာဖြစ်နေတာကို သိတယ်။ သူတို့ကတော့ အချိန်နာရီမကုန်ဘဲ ပိုက်ဆံလည်း ဘာမှ မကုန်ဘဲ ဒီပြသာနာကို ဖြေရှင်းလိုက်တယ်။

ဒါကတော့ သူတို့ အာကာသယာဉ်မူး တွေကို ခဲတံတွေပေးပြီး သုံးခိုင်းလိုက်တာပါ။

ဒီပြသာနာကို ပြန်ကြည့်ရင် အမေရိကန်တွေဟာ နည်းပညာရဲ့ ဘောင်ခတ်မူကိုခံရပြီး ဘောင်ထဲက စဉ်းစား အဖြေရှာခဲ့တာ ဖြစ်တယ်။ ဘောလ်ပင်ဟာ အောက်ကိုစိုက်ရေးမှ ကမ္ဘာ့မြေဆွဲအားနဲ့ မှင်ထွက်တယ်ဆိုတဲ့ ယူဆချက်ကို ကိုင်ပြီး မြေဆွဲအားမရှိ ရင် မြေဆွဲအားလို မှင်ကို ထွက်စေဖို့ ဘယ်လိုလုပ်မလဲဆိုတဲ့ သိပ္ပံဆိုင်ရာ ယူဆချက်ဘောင်ထဲက စဉ်းစားခဲ့တာဖြစ်တယ်။

ဆိုဗီယက်တွေကတော့ ဘောလ်ပင် ရေးမရင် ရေးရတာ ဘာရှိလဲလို့ လွတ်လပ်စွာ စဉ်းစားခဲ့တာဖြစ်တယ်။ ဒီတကယ့် ဖြစ်ရပ်မှန် အဖြစ်အပျက်လေးက ဘာကိုပြောနေသလဲဆိုတော့ လူတွေက သိခြင်းတတ်ခြင်းဆိုတဲ့ဘောင်တွေခတ်ခံထားနေရပြီး
အဲဒီဘောင်တွေထဲကနေပဲ စဉ်းစားလုပ်ကိုင်နေကြတယ်ဆိုတာပါပဲ။

နောက်ဖြစ်ရပ်မှန် ဇတ်လမ်းလေးတစ်ခု ပြောပြချင်ပါတယ်။ အီတလီနိုင်ငံ တူရင်မြို့မှာ ကုလသမဂ္ဂ အရာရှိတွေရဲ့ ဦးစီး တက္ကသိုလ် ရှိတယ်။ သိတဲ့အတိုင်း ကုလသမဂ္ဂ အရာရှိဖြစ်တယ်ဆို ကတည်းက နိုင်ငံတကာ ထိပ်သီးတက္ကသိုလ်တွေက
ပါရဂူဘွဲ့တွေ၊ မဟာဘွဲ့တွေရထားတဲ့ တကယ့် ပညာရှင်ကြီးတွေပေါ့။

အဲဒီလူတွေကိုမေးခွန်သုံးခုမေးတယ်။ ဘယ်သူမှ မဖြေနိုင်ဘူး။ ဖြေတဲ့အဖြေတွေကလည်း လက်မခံနိုင်တဲ့ အဖြေတွေ၊ ဒါနဲ့ ကျောင်းအုပ်ကြီးက အဲဒီလူတွေကို ဘေးနားက မူကြိုကျောင်းလေးကို ခေါ်သွားပြီးကလေးတွေကို အဲဒီမေးခွန်း မေးတော့ ကလေး အကုန်နီးပါးက ဖြေနိုင်တာကို တွေ့ရတယ်။ ဘာလို့ဖြေနိုင်သလဲဆိုတော့ ကလေးတွေမှာ ဘာအသိပညာ၊ အတတ် ပညာ ဘောင်တွေမှခတ်ထားခြင်း မခံရသေးလို့ လွတ်လပ်စွာ စဉ်းစားနိုင်ခဲ့တယ်ဆိုတာ တွေ့ရတယ်။

အဲဒီမေးခွန်းတွေကတော့

(၁) ဆင်နဲ့ သစ်ကုလားအုတ်ကို ရေခဲသေတ္တာထဲ ဘယ်လို့ ထည့်မလဲ။
(၂) တောဘုရင် ခြင်္သေ့ ကြီးက တောနေသတ္တ၀ါအားလုံးကို အစည်းဝေးခေါ်တယ်။ ဘယ်သူတွေမလာဘူးလဲ၊ဘာလို့ မလာတာလဲ။
(၃) မိချောင်းတွေပေါတဲ့ချောင်းကို ရေထဲဖြတ်ပြီးဘယ်အချိန်ကူးမလဲဆိုတဲ့မေးခွန်းသုံးခုပါ။

ကဲ…….သင်စဉ်းစားပြီး ဖြေကြည့်ပါ။ ဒါပေမဲ့ ပြောနိုင်တာ တစ်ခုကတော့ သင်လည်း သိမြင်တတ်သိထားတဲ့ ပညာဘောင် တွေထဲကပဲ စဉ်းစားပြီး အဖြေမရနိုင်ဘူး ဆိုတာပါပဲ။

နောက်ဖြစ်ရပ်မှန်တစ်ခု ကတော့ ပေါင်ဒါကုမ္ပဏီတစ်ခုမှာ ဖြစ်တာပါ။ အဲဒီကုမ္ပဏီဟာ မာကတ်တင်း(Marketing) နည်းမျိုးစုံ သုံးပြီးအရောင်းမြင့်တင်ခဲ့ရာမှ အရောင်းက တစ်ရှိန်ထိုး တက်ပြီး တစ်နေရာမှာ အရောင်းတန့်သွားပါတယ်။ ကုမ္ပဏီပိုင်ရှင်က အစည်းဝေးခေါ်ပြီး အရောင်းကို နောက်ထပ်သုံးပုံတစ်ပုံတက်ချင်သေးတယ်။ ဒါပေမဲ့ ကွာလတီလည်း မလျှော့ဘူး၊ ဈေးလည်း မတင်ဘူး၊ ပေါင်ဒါတစ်ဘူးစီမှာထည့်တဲ့ ပေါင်ဒါမူန့် အလေးချိန်လည်း မလျှော့ဘူးလို့ ပြောပါတယ်။ စီနီယာ မာကတ်တင်းတွေ က အကြံတွေ တစ်ခုပြီးတစ်ခုပေးပေမယ့် အသုံးမတည့်ဘူးဖြစ်နေတယ်။ အဲဒီအချိန် နောက်ဆုံးမှာ ကုတ်ကုတ်လေး
ထိုင်နေတဲ့ မာကတ်တင်း ၀န်ထမ်းကလေးက ထပြီး အကြံတစ်ခု ပေးပါတယ်။ ကျန်တဲ့သူတွေက သူပေးတဲ့ အကြံကို ၀ိုင်းရယ်ပင်မယ့် အဲဒီ့ ကုမ္ပဏီဟာ ဒီဝန်ထမ်းအသစ်လေးပေးတဲ့အကြံနဲ့ပဲ အရောင်းသုံးပုံတစ်ပုံတက်သွားတယ်။ သူ ဘာအကြံ ပေးခဲသလဲ? သူပေးတာကတော့ ပေါင်ဒါသုံးသူတွေ ပုံမှန်ထက်အချိန် သုံးပုံးတစ်ပုံစောပြီး ကုန်အောင် လက်ရှိ ပေါင်ဒါဘူးက အပေါက်တွေရဲ့အကျယ်ကို သုံးပုံ တစ်ပုံထပ်ချဲ့ ပေးဖို့ပါ။သင်ရော ဒီလို တွေးမိခဲ့ပါလား?

အမေရိကန်ရဲ့ ပထမဆုံး သမ္မတ ဂျော့ခ်ျဝါရှင်တန် ငယ်စဉ်က သူ့အိမ်က ပန်းသီးပင်ကြီးကို ပုဆိန်နဲ့ ခုတ်လှဲခဲ့ပါတယ်။ အဖေက ဘာလို့ ခုတ်လှဲခဲ့သလဲဆိုပြီး ဆူတော့ ဂျော့ခ်ျဝါရှင်တန် က သူ့အပြစ်ကို ၀န်ခံပါတယ်။ သူ့အဖေကလည်း သူ့ကို မရိုက်ပါဘူး။ ဒီနေရာမှာ ဘာလို့ အဖေက မရိုက်တာလဲဆိုတဲ့ မေးခွန်းကို ကျောင်းတွေ တော်တော်များများမှာ မေးခဲ့ကြပြီး ဆရာတွေကိုသူတို့
တပည့်တွေပေးတဲ့ စံပြအဖြေကတော့ အပြစ်ကို ၀န်ခံလို့ မရိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးတစ်ဦးကတော့ ဂျော့ခ်ျဝါရှင်တန် ၏လက်ထဲမှာ ပုဆိန်ကြီးကိုင်ထားလို့ သူအဖေက သူရိုက်ရင် ထခုတ်မှာစိုးလို့ မရိုက်တာလို့ ဖြေခဲ့ဖူးပါတယ်။ ဒါရော အဖြေမှန်တစ်ခု မဖြစ်နိုင်ဘူးလား။ ဒါပေမဲ့ ပညာတွေ၊ ယဉ်ကျေးမူ ထုံးတမ်း ဓလေ့တွေနဲ့ဘောင်ခတ်ထားတဲ့ ဒီကမ္ဘာမှာ ဒီကလေးရဲ့ အဖြေက မှတ်တမ်း တင်မခံခဲ့ရပါဘူး။

ခုနက မေးခွန်သုံးခုရဲံ အဖြေတွေကို အခု ဖြေပေးပါမယ်။

(၁)အဖြေကတော့
ဆင်ရဲ့ သစ်ကုလားအုတ်ကို ရေခဲသေတ္တာထဲကို ထည့်မယ်ဆိုရင် ရေခဲသေတ္တာရဲ့တံခါးကိုဖွင့်ပြီးမှ ထည့်လိုရမှာ ဖြစ်လို့ ပထမ အဖြေကတော့တံခါးဖွင့်ထည့်ရမယ်ဆိုတာပါပဲ ဖြစ်တယ်။

ရေခဲသေတ္တာဟာ ဘယ်အရွယ်ပဲရှိတယ်ဆိုတာ သိတဲ့သူတွေက ဒီအဖြေကို မပေးခဲ့တာဖြစ်ပါတယ်။ ရေခဲသေတ္တာကို ဒီအကောင်တွေထည့်ဖို့ ကြီးကြီးလုပ်ရင် မရဘူးလား။ ရေခဲသေတ္တာဆိုတာ ဘယ်အရွယ်ထက်မကြီးရဘူးလို့ ကန့်သတ်ထား လို့လား။မထားပါဘူး။ ကိုယ်မြင်ဘူးတဲ့ အတိုင်းအတာကြောင့် ယုတ္တိကျတဲ့အဖြေကို မပေးခဲ့ကြတာပါ။

ဒီတစ်ခုအဖြေရရင် ကျန်တာတွေက လွယ်သွားပါပြီး။

(၂)အဖြေကတော့ ခြင်္သေ့ကြီးခေါ်တဲ့ အစည်းအဝေးပျက်ကွက်တာ ဒီနှစ်ကောင်ပေါ့။ သူတို့ကရေခဲသေတ္တာထဲ အပိတ်ခံထားရတာကိုး။

(၃)နောက်ဆုံးအဖြေကို ဒီအချိန်ဆို သိလောက်ပြီထင်ပါတယ်။ မိချောင်းတွေ အစည်းဝေးတက်နေချိန်မှာ ချောင်းကို ဖြတ်ကူးမှာပေါ့။

တကယ်တော့ ဘောင်တွေ၊ စည်းတွေကိုကျော်ပြီး စဉ်းစားကြည့်ရင် လောကမှာခက်ခဲတယ်ဆိုတဲ့ ပြသာနာတွေရဲ့ အဖြေဟာ ရှင်းရှင်းလေးတွေပါဆိုတာ ဒီဥပမာအရ သိနိုင်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာကြီးမှာ အခုဆိုရင် out of the box
ဆိုတဲ့ စကားခေတ်စားလာပါတယ်။ စည်းမျဉ်းဘောင်ခတ်သတ်မှတ်ချက်တွေ အပြင်ဘက်ကနေတွေးတော ကြံစည်တာ ဖြစ်ပါတယ်။ နောက်နောင် သင့်ဘ၀မှာ ခက်ခဲတဲ့ပြသာနာတွေ ရင်ဆိုင်ရရင် ဘောင်တွေ၊ စည်းတွေ မခတ်ဘဲ လွတ်လွတ် လပ်လပ် စဉ်းစား ကြည့်ပါ။ သင့်အတွက် အကောင်းဆုံးနဲ့ အသင့်လျော်အဖြေက လွယ်လွယ်လေးနဲ့ ရလာပါလိမ့်မယ်။

From fwd mail

Jul 9, 2010

G-talk သုံးရင်း ရေနစ်ခဲ့သူတစ်ဦးအကြောင်း

တစ်နေ့ ကျွန်တော်တို့ ရုံးခန်းကို ကျွန်တော့်သူငယ်ချင်းရဲ့ မိတ်ဆွေ အန်တီတစ်ယောက် ရောက်လာပါတယ်။ သူ့လက်ထဲမှာ
စာရွက်စာတမ်း တထပ်ကြီးကိုပါ ကိုင်ထားပါတယ်။ သူ့မျက်နှာကတော့ သိပ်မကောင်းဘူး ခင်ဗျ။

သူက ကျွန်တော်တို့ကို နှုတ်ဆက်စကားပြောပြီး သူ့လက်ထဲက ပါလာတဲ့ စာရွက်တွေနဲ့ ပတ်သက်တဲ့ အကြောင်းတစ်ခုကို ကျွန်တော်တို့ကို ပြောပြရင်း အကူအညီ တောင်းလာပါတယ်။ သူပြောပြတဲ့ အကြောင်းအရာကို ကျွန်တော်အရင် တင်ပြပါ့မယ်။
အားလုံးသိတဲ့ အတိုင်း ဒီကနေ့ မြန်မာနိုင်ငံမှာ ချက်တင် ယဉ်ကျေးမှုတော်တော်ခေတ်စားလာပါတယ်။ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ချက်တင်ကို သုံးစွဲကြပါတယ်။ အဲဒီအထဲမှာမှ မိန်းကလေး တစ်ယောက်ဟာ အားလုံးနည်းတူ ချက်တင်ကို နေ့စဉ်ဂရုတစိုက် သုံးစွဲပါတယ်။ သူ့ရဲ့ ချက်ဘောက်စ် သူငယ်ချင်းလစ်ထဲမှာ သူငယ်ချင်းပေါင်း မြောက်မြားစွာကို ထည့်ပြီး
စကားပြောလေ့ရှိပါတယ်။ တစ်နေ့မှာ သူဟာ လူတစ်ယောက်နဲ့ ချက်တင်မှာ သူငယ်ချင်းဖြစ်ပါတယ်။ အဲဒီလူက နယ်သာလန် ကလို့ သူ့ကိုယ်သူ ပြောပါတယ်။

ပထမပိုင်းမှာတော့ အဲဒီမိန်းကလေးကို သမရိုးကျ မိတ်ဆက်ပါတယ်။ သူ့အပေါ်မှာ အထင်ကြီးအောင် စကားလှလှတွေကို ပြောပါတယ်။ ဒီလိုနဲ့ တစ်လနီးပါးကြာလာတဲ့ အချိန်မှာ အဲဒီမိန်ကလေးကို လက်ထပ်ခွင့် ဒါရိုက်တောင်းပါတယ်။ မိန်းကလေးက
သူမမှာ ချစ်သူရှိကြောင်း ပြောပါတယ်။ ဒါပေမယ့် အဲဒီလူက သူ့ကိုယူရင် နယ်သာလန်ကို ခေါ်မှာဖြစ်ကြောင်း၊ နိုင်ငံသားလည်း ရမှာဖြစ်ကြောင်း စည်းရုံးပါတယ်။ နောက်ပြီး အဲဒီမိန်းကလေးရဲ့ လက်ရှိချစ်သူကိုလည်း ဖြတ်ဖို့တိုက်တွန်းပါတယ်။ မိန်းကလေးကလည်း ပြောရတော်တော်ခက်ပါတယ်။ အဲဒီလူ တိုက်တွန်းပြီး နောက်နေ့မှာပဲ သူ့ချစ်သူကို ….အဲဒီမိန်းကလေးက ဖြတ်လိုက်ပါတယ်။ တဆက်တည်း အဲဒီလူရဲ့လက်ထပ်ခွင့်တောင်းတာကို လက်ခံလိုက်ပါတယ်။ နယ်သာလန်က တော်တော်
ဆွဲဆောင်မှုရှိပါတယ်။ အထင်ကြီးစရာ စကားတွေနဲ့ ဆွဲဆောင်ရင်း အဲဒီမိန်းကလေးကို အပျိုဟုတ်မဟုတ် မေးပါတယ်။ ကောင်မလေးကလည်း အပျိုဟုတ်ကြောင်း၊ ကျွန်မတို့ မြန်မာပြည်မှာ စုံတွဲတွေဟာ မင်္ဂလာမဆောင်ခင် ကျူးလွန်လေ့ မရှိကြောင်း ပြန်ရှင်းပြပါတယ်။ ဒီလိုနဲ့ အဲဒီလူက မိန်းကလေးကို ထိုင်းကို လာခဲ့ဖို့ ပြောပြီး သူ့မိတ်ဆွေ မိန်းကလေး တစ်ယောက်ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ကို ပေးပါတယ်။ ထိုင်းကို ရောက်ရင် အဲဒီမိတ်ဆွေက လာကြိုပြီး သူ့အိမ်မှာပဲ နေစရိတ်၊ စားစရိတ်ငြိမ်း နေထိုင်နိုင်ကြောင်း ပြောပါတယ်။

အဲဒီနောက်မှာမှ သူက နယ်သာလန်ကို လာဖို့ လေယာဉ်လတ်မှတ်နဲ့ ဗီဇာကြေးပို့ပေးမှာ ဖြစ်ကြောင်း ထပ်ပြောပါတယ်။ အဲဒီ မိန်းကလေးကလည်း အဲဒီလူ ပြောသမျှစကားတွေကို ယုံပြီး ကိုယ့်စရိတ် ကိုယ်စိုက်ထုတ်၊ ထိုင်းကို သွားလိုက်ပါတယ်။ သူသွားလိုက်တဲ့ နေ့က စလို့ အခုတစ်လကျော် ရှိသွားပါပြီ။ အဲဒီမိန်းကလေးရဲ့ သတင်းအစအနမကြားရတော့ပါဘူး။ သူမသွားခင် သူ့မေးလ်အကောင့်ကို သူ့ညီမကို ပေးခဲ့ပါတယ်။ အခုသူ့မေးးလ်ကို ဖွင့်ကြည့်ရင်လည်း အဲဒီလူရဲ့ အကောင့်က မရှိတော့ပါဘူး။ သူတို့လည်း အခုမှ ယူကြုံးမရ ဖြစ်ရပါတယ်။ ဘာမှ လုပ်လို့မရတော့ပါဘူး။

အစမှာ ပြောခဲ့တဲ့ အန်တီကိုင်ထားတဲ့ စာရွက်တွေဆိုတာ အဲဒီမိန်းကလေးနဲ့ နယ်သာလန်က လူ စကားပြောခဲ့တဲ့ Gtalk အစအဆုံး ချက်စာရွက်တွေပါ။ အဲဒီလူရေးသားတဲ့ အင်္ဂလိပ်စာအရေးအသားဟာ မြန်မာနိုင်ငံက မူလတန်းကလေးရဲ့
အရေးအသားလောက်တောင် မရှိပါဘူး။ အဲဒါကိုတောင် အဲဒီမိန်းကလေးက နယ်သာလန်ကလို့ ပြောတာကို ယုံကြည်ခဲ့တယ် ဆိုတာ အံ့သြရပါတယ်။ ကျွန်တော်တို့စုံစမ်းကြည့်ရသလောက် အဲဒီ မိန်းကလေးဟာ ထိုင်းက လူပွဲစားတစ်ယောက်ရဲ့ သွေးဆောင်ရောင်းစားခြင်းကို ခံလိုက်ရတာပါ။ စိတ်မကောင်းစရာပါ။ ကျွန်တော် ဒီပို့စ်ကိုတင်တာဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ချက်တင် မမတွေ စဉ်းစားဆင်ခြင်နိုင်ဖို့ ဖြစ်ပါတယ်။ အားလုံး အလည် မလွန်ကြဖို့ ဆုတောင်း လိုက်ပါတယ်။

အွန်လိုင်းကသူငယ်ချင်းတွေအတွက် ဒီမေးလ်လေးကို ဖတ်စေချင်လို့ ပို့ပေးလိုက်ပါတယ်။ အင်တာနက်အသုံးပြုတာ ခေတ်စား လာတဲ့အလျှောက် အင်တာနက်နဲ့တွဲပြီး Chatting ထိုင်ဖြစ်တတ်ကြတယ်။ နည်းပညာတွေရဲ့ ကောင်းကျိုးကြောင့် လူတွေ အချင်းချင်း ဆက်သွယ်မှုပိုကောင်းလာသလို တစ်ဆက်ထဲမှာပဲ နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း တွဲပါလာတတ်တာမကြာခဏ ပါပဲ။ ဒါကြောင့် အွန်လိုင်းပေါ်မှာ တွေ့တဲ့သူတိုင်းကိုတော့ သူငယ်ချင်းတို့ကို မယုံစေချင်ဘူး။ နောက်ပိုင်းရင်းနှီးသွား ကြရင်တော့ တစ်မျိုးပေါ့။ သတိပြုတဲ့ သူငယ်ချင်းတွေရော၊ သတိမပြုမိကြသေးတဲ့ သူငယ်ချင်းတွေရော ဖတ်စေချင်လို့ Forward
မေးလေးကိုတင်ပေးလိုက်ပါတယ်။

Ref: from forwarded mail

Jul 8, 2010

အချစ်ဆုံးကို နားလည်ပေးပါ

ခင်ပွန်း
တစ်ခါတလေမှာ သူဟာ ကလေးဆိုးကြီးနဲ့ တူတတ်တယ်။ ရုံးဝတ်စုံကို ချွတ်ပြီးနောက် သူ့ပုံစံကို တစ်မျိုးပြောင်းခွင့်ပေးလိုက်ပါ။
သွားတိုက်ဆေးဗူးကို လုံအောင်မပိတ်တတ်တဲ့ သူ့ကို ဗွေမယူပါနဲ့။ သွယ်ဝိုက်ပြီး အကြိမ်ကြိမ် သတိပေးမှ ကိုယ့်မွေးနေ့ကို မှတ်မိတတ်တဲ့သူ့ကို ခွင့်လွတ်နားလည်ပေးပါ။တကယ်တော့ သန်မာထွားကြိုင်းတဲ့ သူ့ခန္ဓာအောက်က အသဲနှလုံးတစ်စုံဟာ ကိုယ့်ဆီက ခွင့်လွတ်နားလည်မှု နည်းနည်းနဲ့ ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေပါတယ်။

ဇနီး
သူ့ဆီမှာ ကိုယ်တောင်းဆိုတဲ့အရာတွေက ကိုယ့်မိခင်ဆီ ကိုယ်တောင်းဆိုတဲ့အရာလို သဘာဝကျပါသလား?
တစ်ခြားကဏ္ဍကနေ ပါဝင်ကြည့်ပါ။ တစ်ခါတလေ ကလေးနို့ပုလင်းကို ကိုင်ကြည့်ပါ။ တစ်ခါတလေ မီးဖိုချောင်ဝင်ကြည့်ပါ။
လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားအပြင် ဂရုစိုက်မှု၊ နားလည်မှုနဲ့ ချိုမြိန်တဲ့ စကားတွေ သူ့ကိုနည်းနည်း ပိုပေးလိုက်ပါ။

သားသမီး
သေးငယ်တဲ့ သူ့ရဲ့လက်တွေ နောင်တစ်ချိန်မှာ ဘယ်လိုလက်ဖဝါးကြီးမျိုး ဖြစ်နိုင်မလဲ?
ရီပို့ကတ်ပေါ်က အမှတ်တွေကို သူ့ဆီက ကိုယ်တောင်းဆိုသလို ပတ်ဝန်းကျင်၊ သဘာဝတရားတွေကို သူခံစားတတ်အောင် သင်ပေးပါ။ စိတ်ဓာတ်တွေ သန်မာကြံ့ခိုင်အောင် သင်ပေးသလို နူးညံ့ပျော့ပျောင်းတဲ့ နှသားသားတစ်စုံ ရှိသင့်ကြောင်းလည်း ပြောပြပါ။ သူ ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ လမ်းညွှန်ဆုံးမသူအဖြစ် အဖော်ပြုပေးပါ။

မိဘ
အချိန်မီသေးတဲ့အချိန်မှာ တန်ဖိုးထားပါ။ ကိုယ့်သားသမီးတွေရဲ့ငိုသံက ကိုယ့်မိဘတွေရဲ့ သက်ပြင်းချသံထက် ပိုကြင်နာမှု ရခဲ့ ပါတယ်။ သားသမီးတွေ ကျောင်းလွတ်အချိန်ကို ကိုယ်မမေ့ပေမယ့် ကိုယ်အိမ်ပြန်ချိန်ကို မျှော်နေတတ်တဲ့ မိဘတွေရဲ့ ဂရုစိုက်မှု ကိုတော့ ကိုယ်လျစ်လျူရှုမိတတ်တယ်။ လောဘရမ္မက်ရဲ့ တောင်းဆိုမှုကို ဥစ္စာပစ္စည်းတွေက မဖြည့်တင်းပေးနိုင်ပါဘူး။အရေးကြီး တာက မိဘတွေကို ကိုယ့်ရဲ့အချိန်တွေ နည်းနည်း ပိုပေးဖို့ပါပဲ။

မောင်နှမ
stand by me ကိုယ့်ဖက်မှာပဲ သူရှိနေခဲ့တယ်။ အဖေက အစ်ကို့ကို ပိုအလိုလိုက်တယ်လို့ ထင်ခဲ့တယ်။ အမေက ညီမလေး ကို ပိုချစ်တယ်လို့ ထင်ခဲ့တယ်။ တကယ်တော့ လက်ဖဝါးချင်းပါပဲ၊ သွေးရင်းတွေပါပဲ။ ကိုယ်လိုအပ်ချိန်မှာ သူတို့က ကိုယ်ဖက်မှာ ရှိနေခဲ့ပါတယ်။


ချစ်သူ
အချစ်က တစ်လမ်းသွားမဟုတ်ပါဘူး။ ရောင်ပြန်ဟပ်တတ်ပါတယ်။ ကိုယ်ပေးဆပ်သလောက် ပြန်ရတာပါပဲ။ စိတ်ဆိုးချိန်မှာ သူ(သူမ)ရဲ့ ကောင်းကွက်ကို ရှာကြည့်ပါ။ မကျေနပ်ချိန်မှာ သူ(သူမ)ရဲ့ အနစ်နာခံခဲ့တာကို သတိရပါ။ အေးစက်ချိန်မှာ သူ(သူမ)ရဲ့ နွေးထွေးမှုကို အမှတ်ရပါ။ ပေးဆပ်ခြင်းကို နှစ်ယောက်စလုံးနားလည်ခဲ့ရင် အချစ်က ထာဝရတည်တံ့ ပါတယ်။
နှလုံးသားချင်းထပ်ပြီး နှစ်ယောက်အတူ ချစ်ဖို့ရာ မလွယ်ကူပါဘူး။ လမ်းခွဲတဲ့စကားကို လွယ်လွယ်ကူကူ မပြောလိုက်ပါနဲ့..။

Reference : Forward Email

အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး

အမေရိကန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖတ်ရဖူးတဲ့ပုံပြင်လေးတစ်ပုဒ်ပါ။

တစ်ခါက တက္ကသိုလ်တခုတွင် ကျောင်းဆင်းခါနီး ဆရာက..."ကစားနည်းတခု ကစားရအောင်..ဆရာနဲ့အတူ ဘယ်သူပါဦးမလဲ" ကျောင်းသူတဦး ထရပ်ပြီး စတိတ်စင်ပေါ် တက်လိုက်သည်။

ဆရာက "သင်ပုန်းပေါ်မှာ ကိုယ့်နဲ့အရင်းနှီးဆုံး လူ(၂၀)ဦးရဲ့ နာမည်ကို ရေးလိုက်ပါ။" သူမက ဆရာပြောသည့်အတိုင်း အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်း၊ မိသားစုနာမည်များကို ရေးချလိုက်သည်။

ထို့နောက် ဆရာက "အဲဒီ နာမည်တွေထဲက မရှိလဲဖြစ်တယ်၊ မလိုအပ်ဘူးလို့ ထင်တဲ့နာမည်ကို ဖျက်လိုက်ပါ။"အိမ်နီးချင်း တစ်ယောက်၏ နာမည်ကို သူမ ဖျက်လိုက်သည်။" နောက်တစ်ယောက် ထပ်ဖျက်လိုက်ပါဦး"သူငယ်ချင်းတစ်ယောက်၏ နာမည်ကို ဖျက်လိုက်ပြန်သည်။

ဆရာပြောတိုင်း သူမက တစ်ယောက်ပြီးတစ်ယောက် ဖျက်လိုက်နှင့် နောက်ဆုံးသင်ပုန်းပေါ်တွင် လူသုံးဦးသာ ကျန်ခဲ့သည်။
ထိုသူများမှာ မိဘ၊ လင်ယောက်ျားနှင့် သားသမီးဖြစ်သည်။ကျောင်းသားများ အားလုံး စိတ်ဝင်တစား သင်ပုန်းကိုသာ စူးစိုက် ကြည့်နေကြသည်။ စာသင်ခန်း တစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး ကစားနည်း တစ်ခု ကစားနေတာနှင့်ပင် မတူတော့ပေ။ ဆရာက တည်ငြိမ်သောအသံဖြင့် နာမည်တစ်ခု ထပ်ဖျက်ခိုင်းပြန်သည်။ သူမမှာ အရွေးရခက်သောဟန်ဖြင့် အကြာကြီး စဉ်းစားပြီးမှ မိဘဆိုသည့် နာမည်ကို ကြက်ခြေခတ် ဖျက်ချလိုက်သည်။

"နောက်တယောက် ထပ်ဖျက်လိုက်"ဘေးမှ ဆရာ၏အသံက ထပ်မံ ထွက်လာပြန်သည်။ ဒီတစ်ခါ သူမဖျက်ချဖို့ လက်မြှောက် ရာတွင်ပင် အင်အားကုန်ခမ်း နေဟန်တူသည်။ လက်ကို ဖြေးဖြေးချင်းမြှောက်ပြီး သားသမီးဆိုသည့် နာမည်ကို ဖျက်ချသည်နှင့်
တစ်ပြိုက်နက် စိတ်ထိခိုက်သော အသံဖြင့် ချုံးပွဲချ ငိုကြွေးလေတော့သည်။ ဆရာက သူမအား နှစ်သိမ့်ပြီး....

"ကိုယ့်ရဲ့ အလိုအပ်ဆုံးနဲ့ အရင်းဆုံးလူဟာ မိဘနဲ့ သားသမီး ဖြစ်သင့်ပါတယ်။ မိဘက ကိုယ့်ကို ကြီးပြင်းလာတဲ့အထိကျွေးမွေး စောင့်ရှောက်ခဲ့တယ်။ သားသမီးက ကိုယ့်ဝမ်းနဲ့ လွယ်ပြီး မွေးထားရတဲ့ သူတွေဖြစ်တယ်။ သူတို့က အစား ပြန်မရနိုင်တဲ့လူတွေ ဖြစ်တယ်။ လင်ယောက်ျားက နောက်တစ်ယောက် ထပ်ယူလို့ရပါလျှက်နဲ့ ဘာဖြစ်လို့မဖျက်ဘဲ ချန်ထားခဲ့ရသလဲ" ဟု မေးလေသည်။ ကျောင်းသားများကလည်း သူမ၏ အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။
သူမက..."အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့အမျှ မိဘတွေက ကျွန်မကိုထားပြီးအရင် ထွက်သွားကြလိမ့်မယ်။ သားသမီး တွေကလဲ ကြီးပြင်းလာရင် ကျွန်မကို ခွဲပြီးသွားကြလိမ့်မယ်။ အဲဒီအချိန်မှာ ကျွန်မဘေးမှာ တစ်သက်လုံး ကူညီဖေးမမဲ့ သူဟာ ကျွန်မ ခင်ပွန်းသာ ဖြစ်ပါတော့မယ်။ ဒါကြောင့် သူ့ကို မဖျက်ဘဲ ချန်ထားခဲ့ရခြင်း ဖြစ်တယ်"ဟု တည်ငြိမ်စွာ ပြန်ဖြေလေသည်။

ဘ၀မှာ အလိုအပ်ဆုံးလူဟာ ဘယ်သူဖြစ်နိုင်မလဲ...?
"အသွားမတော် တလှမ်း၊ အစားမတော် တလုတ်"ဆိုသလို "အယူမတော် တသက်"လို့ရော ပြောလို့ ရနိုင်မလား ... ဒါမှမဟုတ်..."အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး ဤသုံးမျိုး ချက်မပိုင်လျှင်နောင်ပြင်ရန် ခက်လိမ့်မည် " ဆိုတဲ့အတိုင်း မြန်မာလူမျိုးတွေအတွက်တော့ ဆရာပြောသလို မကောင်းရင် နောက်တယောက်ပြောင်းလို့ ဖြစ်ပါ့မလား..

ကျွန်မကို မေးခဲ့ရင် ပြန်ဖြေဖို့ တော်တော်ခက်ပါလိမ့်မယ်။ နောက်ဆုံး အဖြေကို ပိုင်ပိုင်နိုင်နိုင်နဲ့ ဖြေခဲ့တဲ့ အဲဒီ ကျောင်းသူက တောင် မိဘနဲ့ သားသမီးကို ဖျက်တဲ့အချိန်မှာ တုန့်ဆိုင်းနေခဲ့သေးတယ်။ ကျွန်မလိုဖြေဖို့ အဖြေတောင် မရှိတဲ့ လူကတော့
အဲနေရာမှာတင် မူးလဲသွားမလား မပြောတတ်ပါဘူး။

*အခုတော့ အဖေ့ဘေးမှာ အမေပဲကျန်ပြီး အမေ့ဘေးမှာ အဖေပဲကျန်နေခဲ့တဲ့**လူတွေကိုမေးရင် ဘာများပြန်ဖြေလိမ့်မလဲ......?
Reference : Forward Email

Jul 6, 2010

အဆိပ်

ရှေးလွန်ခဲ့ပြီးသောအခါက တရုတ်ပြည်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကလေး ဖြစ်ပါသည်။ ဤအဖြစ်မျိုးကို လူသားမှန်လျှင် ကြုံတွေ့ရမည့်သူချည်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူသားတို့၏ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ နှင့် မာနတို့ကား လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲ ချမ်းသာမရွေး အားလုံးအတူတူချည်း ဖြစ်၏။

လီလီအမည်ရှိ မိန်းကလေးသည် အိမ်ထောင်ရက်သားကျပြီး မိဘအိမ်မှခွဲခွာကာ ယောင်နောက်ဆံထုံးပါပြီး ယောက်ျားဖြစ်သူ နေအိမ်သို့ လိုက်ပါခဲ့ရသည်။ ထိုအခါ ချွေးမနှင့်ယောက္ခမတို့ မတည့်မြဲဖြစ်သည့် ကမ္ဘာ့နိယာမတရားအတိုင်း လီလီနှင့် ယောက္ခမ ကြီးမှာ တစ်ဦးနှင့်တစ်ဦး တဇောင်းကြီးနှင့်မျက်ချေး ဖြစ်လာခဲ့သည်။ လီလီနှင့် ယောက္ခမဖြစ်သူမှာ နေပုံထိုင်ပုံနှင့် အတွေး အခေါ် တစ်ဦးနှင့်တစ်ဦး မတူ၊ ကွဲပြားခြားနားသည် ဖြစ်ရကား အမြဲတကျက်ကျက် ဖြစ်လျက်ရှိ၏။ လီလီ့မှာ ယောက္ခမကြီး လုပ်သမျှ ဘာတစ်ခုမှ သဘောမကျနိုင်သလို ယောက္ခမဖြစ်သူကလည်း လီလီ့ကို အပြစ်မရှိ အပြစ်ရှာနေခဲ့တော့သည်။

ဤသို့ဖြင့် ရက်ကို လစား၊ လကိုနှစ်စား။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ လီလီနှင့် ယောက္ခမကြီးတို့၏ တစ်ဦး အပေါ်တစ်ဦး အမုန်းတရားများမှာလည်း ကြီးထွားသည်ထက် ကြီးထွားလာခဲ့သည်။ ဤအခြေအနေကို ပိုဆိုးစေသည်မှာ တရုတ် ရိုးရာ ဓလေ့ထုံးစံအရ လီလီသည် ယောက္ခမဖြစ်သူကို အမြဲ ရှိခိုးဦးတိုက်နေရသည့်ပြင်၊ ယောက္ခမကြီး၏ အလိုဆန္ဒကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လိုက်လျောနေရခြင်း ဖြစ်သည်။ ဇနီးဖြစ်သူနှင့် အမေဖြစ်သူ၏ အမုန်း၊ အာဃာတ တရားများကို ကြည့်ရင်း သနားဖွယ်ကောင်းလှသော ခင်ပွန်းဖြစ်သူမှာ နေ့စဉ်နှင့်အမျှ စိတ်မချမ်းမသာ ဖြစ်နေရလေသည်။ နောက်ဆုံးတစ်နေ့ ယောက္ခမဖြစ်သူ၏ စိတ်ပုပ်၊ စိတ်ယုတ်များကို သည်းမခံနိုင်တော့သည့်အဆုံး လီလီသည် တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်ပြီး သူ့ဖခင်၏ မိတ်ဆွေဖြစ်သူ ဦးလေးဟောင်ထံသို့ သွားရောက်ခဲ့သည်။ ဦးလေးဟောင်မှာ တရုတ်ရိုးရာ ဘယ ဆေးများ ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ တိုင်းရင်းဆေးဆရာကြီးတစ်ဦး ဖြစ်၏။

လီလီက ဦးလေးဟောင်သို့ ဖြစ်ကောင်းကုန်စင် နတ်သံနှော၍ ပြောပြပြီး ဤအခြေအနေဆိုးကြီးမှ လွတ်ကင်းရန်နှင့် ပြဿနာ အ၀၀တို့ ချုပ်ငြိမ်းစေရန် လူကိုသေစေနိုင်သော အဆိပ်အချို့ ရောင်းချပေးပါရန် တောင်းပန်ပြောဆိုသည်။ လီလီပြောသမျှ ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေသော ဦးလေးဟောင်က အနည်းငယ် စဉ်းစားလိုက်ပြီး လီလီ့ကိုစေ့စေ့ကြည့်ကာပြောသည်။

“ကိုင်း၊ ကောင်းပြီ လီလီ။ မင်းကို ငါကူညီမယ်။ ဒါပေမဲ့၊ မင်း ဦးလေးပြောစကားကို နားထောင်ရမယ်။ ဦးလေး ပြောတဲ့ အတိုင်း လိုက်လုပ်ပါ့မယ်လို့ ကတိပေးရမယ်။ ဘယ့်နဲ့လဲ သဘောတူရဲ့လား။”
“ကောင်းပါပြီ ဦးလေးဟောင်၊ ဦးလေးပြောသမျှ ကျွန်မလုပ်ပါ့မယ်။”

လီလီ့ထံမှ ကတိစကားကို ကြားရသောအခါ ဦးလေးဟောင်သည် သူ၏ ဆေးများသိုလှောင်ထားရာ အခန်းငယ်ကလေးအတွင်း သို့ဝင်သွားပြီး ခဏမျှအကြာတွင် ပြန်ထွက်လာကာ ဘယဆေးရွက်များ ထည့်ထားသော အိတ်ငယ်တစ်ခုကို လီလီသို့ လှမ်းပေး လိုက်ရင်း ပြောလိုက်သည်။
“လီလီ၊ မင်း သူ့ကို ချက်ခြင်းသတ်လိုက်လို့ မဖြစ်သေးဘူး။ အကောင်းသား အမွန်သားကြီးက ချက်ခြင်း သေသွားတယ် ဆို ရင် မင်းတို့အကြောင်းသိနေတဲ့ လူတွေက မင်းကို မသင်္ကာ ဖြစ်နေလိမ့်မယ်။ ဒီဆေးရွက်တွေကို မင်း သူ့ကို မှန်မှန်တိုက် သွား ပါ။ ကာလကြာလာတာနဲ့အမျှ ဒါတွေ သူ့ခန္ဓာကိုယ်ထဲစုလာပြီး အဆိပ်တွေ ဖြစ်လာလိမ့်မယ်။နေ့တိုင်းနေ့တိုင်း မင်း သူ့ကို အစားကောင်း အသောက်ကောင်းတွေ ချက်ပြုတ်ကျွေးမွေးပါ။ နောက်ပြီး ဒီဆေးရွက်ထဲက နည်းနည်းစီကို သူစားမဲ့အစာထဲ ထည့်ကျွေးပါ။ ပိုပြီး အရေးကြီးတာက အကယ်၍ သူသေသွားခဲ့ရင် မင်းကို လူတွေ သံသယမဖြစ်အောင် မင်း သူ့ကို ချစ်ချစ် ခင်ခင် ကြင်ကြင်နာနာ ဆက်ဆံပါ။ သူနဲ့ ဘယ်သောအခါမှ ရန်မဖြစ်ပါနဲ့။ သူပြောတဲ့စကားကို နားထောင်ပြီး သူ့စိတ်ကြိုက် လိုက်လုပ်ပေးပါ။ သူ့ကို မင်း အမေနဲ့မခြား ပြုစုပေးပါ။ ငါပြောတဲ့အတိုင်းသာ မင်းလိုက်လုပ်ရင် မင်းရည်ရွယ်ချက်တွေ အောင်မြင်သွားလိမ့်မယ်။”

ဦးလေးဟောင်၏ စကားများကို ကြားရသည့်အခါမှာ လီလီ့မှာ အလွန်ပျော်ရွှင်သွားကာ ဦးလေးဟောင်အား ကျေးဇူးတင်စကား ပြောကြားပြီး ဆေးထုပ်ပိုက်ကာ အိမ်သို့ အပြေးပြန်ခဲ့တော့သည်။ ထို့နောက်တွင်မူ လီလီသည် ယောက္ခမကြီးအား လုပ်ကြံရေး အစီအစဉ်များကို မည်သူမျှ မသိအောင် တစ်ဦးတည်းကြိတ်၍ ရေးဆွဲနေတော့သည်။

ရက်ပေါင်းများစွာ ကုန်လွန်လာခဲ့သည်။ လီလီသည် ဦးလေးဟောင် ပြောစကားများကို ပြန်လည် ကြားယောင်ရင်း သူနှင့် ယောက္ခမကြီးတို့အတွင်း လူများ သံသယမရှိစေရန် မိမိကိုယ်မိမိ အတတ်နိုင်ဆုံး ထိန်းချုပ်ထားသည်။ ယောက္ခမကြီးဖြစ်သူ မည်မျှပင် ဆူဆဲနေသည် ဖြစ်ပါစေ၊ လီလီက အတတ်နိုင်ဆုံး သည်းခံကာ ပြန်မပြောမိအောင် နေခဲ့သည်။ ယောက္ခမကြီး နှစ်သက်သည့် အစားအစာများကို ချက်ပြုတ်ကျွေးမွေးသည်။ ယောက္ခမကြီးနှင့် မည်သည့်အခါမျှ ရန်မဖြစ်အောင် ကြိုးစား ခဲ့သည်။ နောက်ဆုံးတစ်နေ့တွင် လီလီသည် ယောက္ခမကြီးကို မိမိ မွေးသမိခင် အရင်းအခြာနှင့်မခြား သဘောထားကာ ပြုစု လာနိုင်ပြီ ဖြစ်သည်။

ဤသို့နှင့် ခြောက်လတာမျှ ကုန်ဆုံးလွန်မြောက် လာသောအခါ လီလီတို့ အိမ်အတွင်း အရာအားလုံးမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မိမိဒေါသကို မိမိ ထိန်းချုပ်လာနိုင်ပြီး စိတ်ဆိုးခြင်း၊ ရန်လိုမုန်းတီးခြင်းများ မရှိတော့ကြောင်း လီလီသည် မိမိ ကိုယ်မိမိ သတိပြုမိလာသည်။ ထို့ပြင် ထို ခြောက်လအတွင်း လီလီ၏ ပျော့ပြောင်းနူးညံ့လာမှုနှင့်အတူ ယောက္ခမကြီးနှင့် တရံတစ်ဆစ်မျှ ရန်သတ္တရု မပြုတော့ကြောင်း အံ့သြစွာ တွေ့ရှိလိုက်ရသည်။ထိုမျှသာ မကသေး။ လီလီ့အပေါ်ထားရှိသော ယောက္ခမကြီး၏ သဘောထားမှာလည်း လွန်စွာပြောင်းလဲ သွားပြီဖြစ်သည်။ ယခုအခါ ယောက္ခမကြီးမှာ လီလီ့ကို မိမိ၏ သမီးရင်းနှင့်မခြား ချစ်ခင်နေပြီ ဖြစ်သည်။ လူတွေ့တိုင်းလည်း လီလီကဲ့သို့ ချွေးမအလိမ္မာမျိုး သည်ကမ္ဘာပေါ်တွင် မည်သည့် နေရာတွင်မျှ ရှာရနိုင် လိမ့်မည် မဟုတ်ကြောင်း ချီးကျူးမဆုံးနိုင် ဖြစ်နေသည်။

သမီးရင်းနှင့် အမေရင်းပမာ တစ်ဦးနှင့် တစ်ဦးချစ်ကြည်နူးနေသော လီလီနှင့် မိခင်ဖြစ်သူကို ကြည့်ကာ ယောက်ျားဖြစ်သူမှာ ပျော်မဆုံး၊ မော်မဆုံး ဖြစ်နေပေတော့၏။ တစ်နေ့သော် ဦးလေးဟောင်ထံသို့ လီလီ ရောက်လာပြီး အောက်ပါအတိုင်း ပြောသည်။
“ဦးလေးဟောင်၊ ခု ကျွန်မနဲ့ ကျွန်မယောက္ခမကြီးတို့ တစ်ဦးနဲ့တစ်ဦး အမေရင်းနဲ့ သမီးရင်းပမာ အရမ်း ချစ်နေကြပြီ ဖြစ်ပါ တယ်။ ဦးလေးဟောင် ပေးလိုက်တဲ့ ဆေးရွက်တွေကိုလည်း အရင်က ကျွန်မအမေ့ကို မှန်မှန် တိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ခုတော့ ဒါတွေ မလိုတော့ပါဘူး။ ကျွန်မအတွက်နဲ့ အမေ မသေစေရဘူး ဦးလေးဟောင်။ အဲဒီအတွက် အမေ့ကိုတိုက်ဖို့ အဆိပ်ဖြေဆေး လာတောင်းတာပါ။”
ထိုအခါ ခေါင်းကို အသာအယာညိတ်ရင်း ပြုံးလိုက်လျှက် ဦးလေးဟောင်က ပြောသည်။
“လီလီ၊ သမီး။ မင်းကို ဦးလေး ဘယ် အဆိပ်တွေ ပေးပါ့မလဲကွယ်။ ဒီအတွက်နဲ့တော့ ဘာမှ မပူလေနဲ့။ မင်းကို ပေးလိုက် တာတွေဟာ မင်းအမေ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေမဲ့ ဗီတာမင်ဆေးရွက်တွေပဲကွဲ့။ တကယ်တော့ အဆိပ်က မင်း နှလုံးသားထဲမှာ ကိန်းဝပ်နေခဲ့တာ။ ဒါတွေကို ခု မင်းအမေကို ချစ်တဲ့မေတ္တာနဲ့ ဆေးကြောလိုက်နိုင်ခဲ့ပြီးပြီ။ မင်းတို့မိသားစု တစ်သက်လုံး ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြပါစေကွယ်။”

မှန်ကို ကြည့်ဖူးပါသလား မိတ်ဆွေ။ သင် ပြုံးလိုက်သောအခါ မှန်ထဲမှ သင့်အရိပ်သည် သင့်ကို ပြန်ပြုံးပြပြီး သင် လက်သီး လက်မောင်း တန်းလိုက်သောခါ မှန်ထဲမှ သူကလည်း သင့်ကို လက်သီးလက်မောင်း တန်းပြလိမ့်မည် ဖြစ်ပါသည်။

“အခြားသူတစ်ယောက်ကို ချစ်မြတ်နိုးသူသည် အခြားသူ၏မေတ္တာကို ပြန်လည်ရရှိမည် မုချဖြစ်၏” ဟု တရုတ်စကားပုံ ရှိပါသည်။

နှလုံးသားထဲမှ အဆိပ်များကို သုတ်သင်နိုင်သောသူများ ဖြစ်ကြပါစေ။

ဦးအေးငြိမ်းမှ ဘာသာပြန် မျှဝေလိုက်ခြင်း ဖြစ်ပါသည်။